ပီချင်းယွန် အံ့သြ သွားခြင်း
Vol. 22 Ch. 312
လျူယောင့်လက်ထဲမှ စက်တွေ ဘယ်ကရ တာလဲဆိုတာကို တင်းဝိန် အမှန်တကယ်ပင် မတွေးတတ်တော့ပေ။
"အကိုယောင် ..ဒီလူက ပဉ္စလက် အမှန်တ ကယ် ပြနိုင်တာလား .. အမှန်တကယ် ဖန်ဆင်းလိုက်တာလား ဟ.."
တင်းဝိန်ရဲ့ အကြည့်ကို သိတဲ့အခါ လျူ ယောင်က ပြုံးကာ ပြောလိုက်၏။
“ငါ့ကို ဒီလိုမျိုး မကြည့်နဲ့ ..ငါ ကြောက်လာ ပြီ..”
တင်းဝိန် အနည်းငယ် စိတ်လှုပ်ရှားသွားပြီး အသံကျယ်ကျယ် မေးလိုက်သည်။
“အကိုယောင် ခင်ဗျားမှာ ဒီလို စက်လေးလုံး၊ ၅-နာနိုမီတာ စက်နှစ်လုံးနဲ့ ၈-နာနိုမီတာ စက်နှစ်လုံး တကယ်ရှိတာလား..”
လျူယောင် အတည်ပြုကာ ပြန်ပြော လိုက် သည်။
“ဟုတ်တယ်. ငါ့ဆီမှာ.. . စုစုပေါင်း လေးလုံး ရှိတယ်..ငါ အပိုမပြောဘူး..”
“မိုက်တယ်..”
လူတိုင်းက စက်တစ်ခု ရဖို့ကို စိတ်ကူး ယဉ်နေကြပေမယ့် အဲဒါကို ရဖို့ ခက်ခဲတဲ့ အားထုတ်မှု့များစွာ လိုအပ်ပေသည်။ဒါပေမဲ့ အကိုယောင် ဆီမှာတော့ တစ်ပြိုင်နက် တည်း စက်လေးလုံးတောင် ရှိနေသည်။
ဒီအဆင့်မြင့် စက် လေးလုံး ဘယ်လိုရရှိ လာတာကို တင်းဝိန် ဆက်မမေးတော့ဘဲ ချပ်ပြားဖောင်ဒရီလုပ်ငန်းထဲ ဝင်ရောက်ရ န်အတွက် လျူယောင်ရဲ့ စိတ်ကူးများနှင့် စီမံကိန်းအချို့ကို စိတ်အားထက်သန်စွာ မေးမြန်းခဲ့သည်။
နှစ်ယောက်သား မိနစ် ၂၀ မှ ၃၀ ခန့် စ ကားပြောပြီးနောက် တင်းဝိန် ငြိမ်ငြိမ် ထိုင်မနေနိုင်တော့ဘဲ နှုတ်ဆက်ကာ အရင် ပြန်သွားခဲ့သည်။
တင်းဝိန်က စိတ်လှုပ်ရှားမှု့ကို မထိန်းနိုင် တော့ဘဲ သူ့အဖေအား ဒီသတင်းကောင်းကို အမြန် ပြောပြချင်နေသည်။
Universal မှထွက်ခွာပြီးနောက် ကားထဲ ရောက်ရှိကာ တံခါးကိုပိတ်လိုက်တာနဲ့ တင်းဝိန် ဖုန်းကို ထုတ်ကာ သူ့အဖေ၏ နံပါတ်ကို ခေါ်လိုက်သည်။
“အဖေ..ကျွန်တော့်မှာ သတင်းကောင်းတစ်ခု ရှိတယ်”
ဒီအချိန်တွင် ပီချင်းယွန်က အဆင့်မြင့် အရာရှိတစ်ဦးရဲ့ အစီရင်ခံစာကို နား ထော င်နေသည်။ အဓိကအားဖြင့် ချပ်ပြားစာရင်း နဲ့ ချပ်ဖောင်ဒရီအကြောင်း ပဲ ဖြစ်သည်။
ချင်းယွန် နိုင်ငံတကာကုမ္ပဏီက M နိုင်ငံရဲ့ ပိတ်ဆို့မှု့ ခံရနိုင်ကြောင်း အရင်တည်းက မျှော်လင့်ထားတဲ့အတွက် ချပ်ပြား အမြောက်အမြားကို စုဆောင်းထားခဲ့သည်။ လက်ရှိတွင် စာရင်းများက တဖြည်းဖြည်း လျော့ကျလာခဲ့သည်။
အစီရင်ခံစာကို နားထောင်ပြီးနောက် ပီချင်းယွန်က တိတ်ဆိတ် ညိမ်သက် သွားခဲ့သည်။
ဒါပေမဲ့ သူ ဒီလိုမျိုး ငြိမ်ငြိမ်မနေနိုင်ပေ။ ချင်းယွန် နိုင်ငံတကာကုမ္ပဏီအတွက် ချပ်ပြားအချို့ကို ထုတ်လုပ်ဖို့အတွက် ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုခုကို ရှာဖွေနိုင် သလားဟု စဉ်းစားနေခဲ့သည်။
ထိုအချိန်၌ ဖုန်းခေါ်ဆိုမှု့တစ်ခု ဝင်လာပြီး တင်းဝိန်ရဲ့ ပျော်ရွှင်တဲ့ အသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
ပီချင်းယွန် စိတ်မငြိမ်မသက်ဖြစ်သွားပေမဲ့ သူ့အသံက တည်ငြိမ်နေပြီး သူက ပြင်းထန် တဲ့ လေများနှင့် လှိုင်းများကို ရင်ဆိုင်နေကျ ဖြစ်တာကြောင့် တင်းဝိန်၏ အသံကြားတာ နဲ့တင် ရုတ်တရက် ပျော်ရွှင်သွား မှာ မဟုတ် ပေ။
“တင်းဝိန် ဘာသတင်းကောင်းလဲ..”
တင်းဝိန် ပြောလိုက်သည်။
“အဖေ..အဖေ Universal ကို သိမှာပါ..ဒီ ကုမ္ပဏီ ရဲ့ သူဋေးနဲ့ ကျွန်တော်က ညီအကိုတွေပါ..အရမ်းခင်တဲ့ မိတ်ဆွေပဲ... "
“အခုလေးတင်..ကျွန်တော့်အစ်ကိုက ချပ်ပြားဖောင်ဒရီလုပ်ငန်းထဲ ဝင် တော့ မယ်လို့ ပြောတယ်.. ကျွန်တော့်ကို အံ့အားသင့်စေတာက သူ့မှာ စက် လေးလုံး ရှိတာကိုပဲ.. ၅-နာနိုမီတာစက် နှစ်လုံးနဲ့ ၈-နာနိုမီတာစက် နှစ်လုံး ရှိတယ်တဲ့..”
တင်းဝိန် ဝမ်းသာ အားရပြောလိုက်သည်။
" ဘာ.. "
" စက်လေးလုံးတောင် ရှိနေတာလား.. "
ပီချင်းယွန်၏ တည်ငြိမ်နေတဲ့မျက်နှာက ပြောင်း လဲသွားပြီး သိသာထင်ရှားသော အံ့အားသင့်မှု့ကို ပြသခဲ့သည်။
ဒီလိုသတင်းမျိုးက သူ့ကို စိတ်မသက်မသာ ဖြစ်စေခဲ့သည်။ သူက စိတ်ဓာတ် ခိုင်မာ သူဖြစ် ပေမဲ့ သူ့မျက်စိရှေ့တွင် တောင်တ န်းကြီးများ ပြိုလဲသွားရင်တောင် မျက်နှာ အမူအရာ မပြောင်းဘဲနေနိုင်သူ ဖြစ်သည်။
“တင်းဝိန် ... ဒါ အမှန်လား..”
“အမှန်ပါပဲ.. သူ့ကို ကျွန်တော် သိသ လောက် တော့ ကျွန်တော့်အစ်ကိုက ဘယ်တော့မှ အပိုမပြောဘူး...”
တင်းဝိန် ပြန်ဖြေလိုက်သည်။
“ကောင်းပြီ.. ဒါက တကယ်ကောင်းတဲ့ သတင်းပဲ”
ပီချင်းယွန် ခန္ဓာကိုယ်ပေါ်မှ ဖိအားများ အများကြီး လျော့ကျသွားတယ်လို့ ခံစားရသည်။
“တင်းဝိန် မင်းရဲ့အစ်ကိုကို အချိန်တန်ရင် ငါ သူ့ကို Universal မှာ လာတွေ့မယ်လို့ ပြောလိုက်ပါ..”
“အဖေ ကိုယ်တိုင်လာဖို့ မလိုပါဘူး.. လုပ်စရာရှိတယ်ဆိုရင် ကျွန်တော့်ကိုပဲ.. ပြောလိုက်ပါ..”
ပီချင်းယွန် ခေါင်းခါကာ ပြောလိုက်၏။
“လာရောက်တွေ့ဆုံဖို့က လိုအပ် တယ်. .သင့်လျော်တဲ့အချိန်ကျရင် ငါ လာခဲ့ မယ်..အဲဒီမတိုင်ခင်မှာ မင်းရဲ့အစ်ကိုနဲ့ ဆက်ဆံရေးကောင်းကို ထိန်းသိမ်း ထားရ မယ်...”
“ဟုတ်ကဲ့.. ကျွန်တော်သိပါပြီ.."
......
အရေးကြီးတဲ့ ကိစ္စတစ်ခုကို လျူယောင် စဉ်းစားနေသည်။
"ငါ စက်ရုံကြီးတစ်ခု တည်ဆောက်ရမလား ဒါမှမဟုတ် စက်ရုံနှစ်ခု တည်ဆောက်ရ မလား ... "
နောက်ဆုံးအချက်ကို လျူယောင် ပို သဘောကျနေသည်။ စက်ရုံနှစ်ခု တည် ဆောက်တာက ပိုကောင်းပုံရပြီး ၅-နာနိုမီတာ စက် နှစ်လုံးဖြင့် နံပါတ် ၁ စက်ရုံကို တည် ဆောက်ကာ ၈-နာနိုမီတာ စက် နှစ်လုံးဖြင့် နံပါတ် ၂ စက်ရုံကို တည်ဆောက် ရန်ဖြစ် သည်။
ဒီနည်းက စက်ရုံတစ်ခုစီအတွက် ၃၀၀ မူခန့် ဧရိယာအကျယ်က လုံလောက်ပြီး ၄၀၀ မူ ဒါမှမဟုတ် ဒီ့ထက်ပိုကြီးတဲ့ ဧရိယာရနိုင်ရင် အကောင်းဆုံးပဲ ဖြစ်သည်။
ဟွားဟိုင်မြို့အနီးတစ်ဝိုက်ရှိ မြို့တစ်မြို့တွင် စက်ရုံတစ်ခု တည်ဆောက်သင့်လား ဆိုတာ လျူယောင် စဉ်းစားခဲ့သည်။
လီချန်လဲ့၏ အသံ မကြားရ မချင်း လျူ ယောင် စိတ်ထဲကနေ အများကြီး တွေး နေခဲ့သည်။
“အကိုယောင်.. ကျွန်မ အဆင်သင့်ဖြစ် ပြီ..သွားလို့ရပြီနော်..”
ဗီလာရဲ့ ဝင်ပေါက်တွင် ရိုးလ်-ရွိုက်စ် နဲ့ မာစီဒီး-ဘင့်ဇ် G တို့က အချိန်အတော်ကြာ စောင့်ဆိုင်းနေကြသည်။
လီချန်လဲ့က ကျောင်းပိတ်ထားတာ ဆယ် ရက်ကျော် ရှိနေပြီမို့လို့ မိသားစုက ဖုန်း ဆက်ခေါ်တာကြောင့် အိမ်တွင် နှစ် ရက်ပြန်နေရတော့မည်။ သူမက မိဘများနဲ့ လည်း အချိန်အကြာကြီး မတွေ့ရသေးပေ။
လျူယောင်လည်း သူမနှင့်အတူ ပြန် လိုက်လာပြီး အနာဂတ် ယောက္ခမများကို ထပ်မံတွေ့ဆုံမှာပဲ ဖြစ်၏။
လျူယောင် မတ်တပ်ရပ်ပြီး လက် ဝှေ့ယမ်းကာ ပြန်ဖြေလိုက်သည်။
“ကောင်းပြီ ဒါဆို ကိုယ်တို့ သွားကြစို့...”
ခဏအကြာတွင် မာစီဒီး-ဘင့်ဇ် ဘစ်ဂျီနှင့် ရိုး- ရိူက် ကားများမှာ ဗီလာမှ တစ်စီး ပြီးတစ်စီး ထွက်လာခဲ့ပြီး မိနစ် ၂၀ အကြာတွင် အဝေးပြေးလမ်းမပေါ်သို့ ရောက်ရှိလာခဲ့ကြသည်။
ကားအရှိန်က အတော်လေး မြန်ဆန်လှပြီး နှစ်နာရီခန့်အကြာတွင် အဝေးပြေးလမ်းမမှ ထွက်ခွာကာ ခရိုင်ဘက်ကို ဦးတည်သွား ခဲ့ကြသည်။
အဝေးပြေးလမ်းမမှ ဆင်းလာတဲ့အခါ ပြတင်းပေါက်မှန်မှတစ်ဆင့် ကြီးမား တဲ့စ က်မှုဇုန်ကို လျူယောင် မြင်လိုက် ရသည်။ ဒီနေရာက အမြင်အရ အနည်းဆုံး ၁,၀၀၀ မူရှိကာ မြေကွက်ကို ညှိထားပြီးသား ဖြစ်နေသည်။
ပတ်ပတ်လည်ကို ကြည့်လိုက်တဲ့အခါ အဝါရောင်-အနီရောင် မြေများချည်းသာ ဖြစ်ပြီး အချို့နေရာများတွင် ပေါင်းပင်များ ပေါက်နေသည်။
လျူယောင် စိတ်ထဲကနေ တွေးလိုက်၏။
“ဒါက ခရိုင်ထဲက စက်မှု့ဇုန် နေရာပဲ.. .အရွယ်အစားက မသေးပါဘူး ..ဒါပေမဲ့ နည်းနည်းတော့ လူပြတ်သလို ဖြစ်နေ တယ်..ကုမ္ပဏီတွေလည်း အများကြီး မရှိဘူး”
အခြားကုမ္ပဏီ သုံးလေးခုသာရှိပြီး အတိုင်းအတာက သေးငယ်ပုံရကာ စက်မှု့ဇုန်ရဲ့ ဧရိယာ ၈၀ ရာခိုင်နှုန်းကျော်က လွတ်နေသည်။
လျူယောင်ရဲ့ စိတ်ထဲကနေ အတွေးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
" ငါ ..တကယ်လို့ ချပ်ပြားထုတ်လုပ်ရေး စက်ရုံများထဲမှ တစ်ခုကို ဒီနေရာတွင် ထားလိုက်ရင် ဘယ်လို ဖြစ်လာမလဲ.... "
သူ စိတ်ထဲတွင် စဉ်းစားနေပြီး ဒီစက်မှု့ဇုန် နေရာကို သေချာကြည့်လိုက်သည်။ ဧရိယာက ကြီးမားတာကြောင့် သွားလာ ရေးက ကောင်းလှသည်။နေရာက အဝေး ပြေးလမ်းမရဲ့ ဝင်ပေါက်နဲ့ ကပ်လျက်ရှိပြီး ခရိုင်နဲ့ သုံးလေးကီလိုမီတာသာ ဝေးသည်။
“ဒီနေရာက ကောင်းတယ် ...မဆိုးဘူး..”
လျူယောင်၏ စိတ်ထဲတွင် အနည်းငယ် စိတ်အားထက်သန်မှု့ကို ခံစားလိုက်ရသည်။ နံပါတ် ၂ စက်ရုံကို သူ့ဇာတိမြို့တွင် တည် ဆောက်နိုင်မလား လို စဉ်းစားလိုက်သည်။
မိနစ်အနည်းငယ်အကြာတွင် ကားနှစ်စီး ကခရိုင်ထဲ ဝင်ရောက်လာပြီးရှေ့မှ မောင်း လာသောကားက မာစီဒီး-ဘစ်ဂျီဖြစ်ပြီး နောက်မှလိုက်ပါလာတဲ့ ကားမှာ ရိုးလ် -ရွိုက်စ် ဖြစ်ပေသည်။ဒါက လူအများရဲ့ အာရုံကို ချက်ခြင်း ဆွဲဆောင်ခဲ့သည်။
လီချန်လဲ့ ကားထဲတွင် ထိုင်နေပြီး မေးလိုက် သည်။
“အကိုယောင် လူအများကြီးက ကျွန်မတို့က ားကို ကြည့်နေကြတယ်..”
“ဒါက ခရိုင်ငယ်လေးပဲလေ.. ဒီလို ကားကောင်းကောင်းမျိုးကို မြင်ရဖို့ ခက်တယ် အာရုံစိုက်ခံရတာ ပုံမှန်ပါပဲ”
လျူယောင် ပြုံးပြီး ပြန်ဖြေလိုက်၏။
ခဏအကြာတွင် ကားနှစ်စီးက လမ်းခွဲ သွားကြပြီး ဘစ်ဂျီက ခရိုင်ရှိ အကောင်းဆုံး ဟိုတယ်ကို ဦးတည်သွားကာ Roll Royce က လီချန်လဲ့ အိမ်သို့ ဦးတည် မောင်းလာ ခဲ့သည်။
ဒီနေရာက ကွန်ဒိုအသစ်ဖြစ်ပြီး အခြေခံအား ဖြင့် ခရိုင်နံပါတ် ၁ အလယ်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများရဲ့ မိသားစုများအပြင် ခရိုင်ပညာရေးဌာနမှ မိသားစုများလည်း နေထိုင်ကြသည်။
Roll Royce ဝင်ရောက်လာတဲ့အခါ လူအများအပြားရဲ့ အာရုံကို ဆွဲဆောင်ခဲ့ပြီး တံခါးစောင့်ကပင် နှစ်ကြိမ်ကြည့်ကာ စိတ် ထဲကနေ တအံ့တသြ ရေရွတ်လိုက်သည်။
“ဒါ ဘယ်သူ့ကားလဲ အရမ်းမိုက်တာပဲ.. ”
“ဒီလောက် စျေးကြီးတဲ့ကား.. ဒါက ရိုးလ်-ရွိုက်စ်ပဲ... ငါတို့ ဒါရိုက်တာရဲ့ ကားက ဒီ့ထက် အများကြီး နောက်ကျကျန်ရစ်နေ တာပဲ...”
ကားကို လီချန်လဲ့ရဲ့အိမ်အောက်တွင် ရပ် လိုက်ပြီး လျူယောင်နဲ့လီချန်လဲ့တို့ ကား ပေါ်မှ ဆင်းလိုက်တဲ့အခါ တစ်စုံ တစ် ယောက်က အသံကျယ်ကျယ်ဖြင့် အော် ပြောလိုက်သည်။
“ဆရာမလီရေ...ခင်ဗျားရဲ့ သမီးနဲ့ သားမက် ပြန်လာပြီဗျ....”