← Chapters

ခေါင်းဆောင် ..မစ္စတာလျူ ပြန် ရောက်နေပါပြီ

Vol. 22 Ch. 313

ခေါင်းဆောင် ..မစ္စတာလျူ ပြန် ရောက်နေပါပြီ

Vol. 22 Ch. 313

ရိုးလ်-ရွိုက်စ် ကား ဝင်လာတာနဲ့ တစ်ပြိုင် နက်တည်း အသိုင်းအဝိုင်းတစ်ခုလုံး ဆူ ညံသွားပြီး လူအချို့က ကြည့်ရှုကာ အော်ဟစ်နေကြသည်။

“မစ္စတာလီ..မစ္စတာလီရေ..”

“လောက်လီ.. အမြန်ဆင်းလာပါအုံး..”

လျူယောင် ကားပေါ်မှ ဆင်းပြီးနောက် လူတိုင်းက အလွန်စိတ်အားထက်သန်ပြီး ပျော်ရွှင်နေတာကို တွေ့မြင်ရသဖြင့် ချက်ချင်းပင် ကျုံးဟွာ စီးကရက်ကို ထုတ်ကာ ကျား၊ မ မခွဲခြားဘဲ တစ်ယောက် တစ်ထုပ်စီ ဝေပေးလိုက်သည်။

ကလေးဖြစ်ပါက သကြားလုံးများစွာ ပေးလိုက်သည်။သူ ဒီတစ်ကြိမ် ပြန်လာတဲ့အခါ ကားထဲတွင် ကောင်းမွန်တဲ့ စီးကရက်များ၊ အရက်များနှင့် အဆင့်မြင့် သကြားလုံးများ အလုံအလောက် ယူဆောင်လာခဲ့သည်။

လျူယောင်၏ လက်ထဲက ကျုံးဟွာ နှစ်ထုပ် သုံးထုပ်မှာ လျင်မြန်စွာ ကုန်သွားခဲ့ တာ ကြောင့်ကားထဲမှ နောက်ထပ်အချို့ကို ထပ်ယူလိုက်သည်။

သကြားလုံးရရှိတဲ့ ကလေးများအားလုံး ပျော်ရွှင်စွာ ပြေးလွှားနေကြကာ ကျုံးဟွာကို ရရှိခဲ့တဲ့ အရွယ်ရောက်ပြီးသူများကလည်း စိတ်အားထက်သန်တဲ့ အပြုံးများဖြင့် လျူယောင်ကို ကြည့်နေကြသည်။

“လီကျန်းခိုင်က ဒီလိုကောင်းတဲ့ သားမက် မျိုးကို ရထားလို့ ကံကောင်းတာပဲ ”

“ငါတို့လည်း အခွင့်အရေး ရခဲ့တာပေါ့။ ဒါက ကျုံးဟွာလေ..သူတို့က တကယ် ရက်ရော တာပဲ.. တစ်ယောက်ကို တစ်ထုပ်စီ ပေးခဲ့ တာ..."

အောက်ထပ်တွင် အလွန်ဆူညံနေသည်။ လီကျန်းခိုင်နှင့် ချွင်မန်းလီ တို့က အိမ်တွင် ရှိနေကြပြီး လီချန်လဲ့က လျူယောင်ကို အိမ်ခေါ်လာတာ သိထားကြသည်။

အော်ဟစ်သံတွေကို ကြားတဲ့အခါ နှစ်ယောက်စလုံး အတူတူ ဆင်းလာကြပြီး အရှိန်က အလွန်မြန်သဖြင့် မီးဖိုချောင်တွင် အလုပ်ရှုပ်နေတဲ့ ချွင်မန်းလီက အေပရွန်ကို ပင် ချွတ်ဖို့ အချိန်မရလိုက်ပေ။

သူမရဲ့ မိဘများကို မြင်တဲ့အခါ လီချန်လဲ့က ပျော်ရွှင်စွာ ပြောလိုက်သည်ါ

“အဖေ အမေ..သမီး ပြန်လာပြီ...”

“ကောင်းပြီ..ကောင်းပြီ.. အိမ်ပြန်လာတာ ကောင်းတယ်...”

ချွင်မန်းလီက ဝမ်းသာအားရ ပြောလိုက် သည်။ သူမ၏ မျက်လုံးထောင့်ရှိ ကျီးကန်း ခြေရာများက ပြေလျော့သွားပြီး လျူယောင် ကို ကျေနပ်စွာ ကြည့်လိုက်သည်။

“ရှောင်လျူ..အပေါ်ထပ်ကို သွားကြရ အောင်..”

လျူယောင်ကလည်း ယောက်က္ခမနှစ်ဦးကို အလျင်အမြန် နှုတ်ဆက်လိုက်သည်။

“ဦးလေး..အန်တီ..မင်္ဂလာပါ”

ပြောနေရင်းဖြင့် သူ ပြင်ဆင်ထားတဲ့ လက်ဆောင်များကို ကားထဲမှ ထုတ်ယူပြီး လက်ထဲတွင် ကိုင်ထားတာက အိတ်ကြီး အိတ်ငယ် အနည်းဆုံး ခုနစ်ထုပ်၊ ရှစ်ထုပ် ရှိပေသည်။

လူတိုင်း၏ မနာလိုတဲ့ အကြည့်များ အောက်တွင် လီချန်လဲ့တို့ မိသားစုက အပေါ်ထပ်ကို တက်လာခဲ့ကြသည်။ တံခါးဖွင့် ဝင်ပြီးနောက် လီကျန်းခိုင်က လျူယောင်အတွက် ဖိနပ်တစ်ရံကို ကိုယ်တိုင်ယူလာပေးသည်။

လျူယောင် ဂုဏ်ယူဝမ်းမြောက်သွားပြီး ချက်ချင်း ပြောလိုက်သည်။

“ဦးလေး..ကျွန်တော် ကိုယ်တိုင် ယူလိုက်မယ် ..ကျွန်တော် ကိုယ်တိုင် လုပ်နိုင်ပါတယ်.."

လျူယောင် ဆိုဖာပေါ်တွင် ထိုင်ပြီးနောက် ပစ္စည်းများကို စားပွဲပေါ်တွင် တင်လိုက်ရာ လီချန်လဲ့က တစ်ထုပ်ချင်းစီ ဖွင့်လိုက်သည်။

“အမေ ..ဒါက အမေအတွက်ပါ..အမေ ကြိုက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်...”

အဲ့ဒါက. ယွမ် ၂၀၀၀၀ မှ ၃၀၀၀၀ တန်ဖိုး ရှိတဲ့ လက်ကိုင်အိတ် တစ်လုံး ဖြစ်ပြီး အ တော်လေးကြီးတဲ့ အိတ်ဖြစ်ကာ အလယ် အလတ်အရွယ်နဲ့ သက်ကြီးရွယ်အိုများ အသုံးပြုရန် အဆင်ပြေပေသည်။

ချွင်မန်းလီက အိတ်ကို ကြည့်လိုက်ရာ အတော်သဘောကျသွားသည်။

“ဒီအိတ်က မဆိုးဘူး..မနက်ဖြန် ဟင်းသီး ဟင်းရွက်ဈေးကို သွားရင် သုံးလို့ရတာပေါ့.. ပစ္စည်းတွေ အများကြီး ထည့်လို့ရတယ်”

ဝမ်းသာအားရ ပြန်ပြောလိုက်သည်။

လီချန်လဲ့က ပြုံးကာ ပြောလိုက်၏။

“အမေ..ဒါက ဟဲမက်စ် တံဆိပ်လေ ယွမ် ၃၀၀၀၀ လောက် တန်တယ်.. အမေ ဟင်းသီးဟင်းရွက်ဝယ်ဖို့ သုံးမှာလား ..”

“ဟယ်..”

ချွင်မန်းလီ အံ့အားသင့်သွားသည်။

“ဒီလောက် စျေးကြီးတာလား.. ရှောင်လျူ.. ငါ့အတွက် ဒီလောက်စျေးကြီးတဲ့ ပစ္စည်းတွေ ဘာလို့ဝယ်လာတာလဲ..” ဟု မေးလိုက်သည်။

“မများပါဘူး အန်တီရဲ့..တကယ်တော့ လဲ့လဲ့က ရွေးထားတာပါ.. အန်တီကြိုက် မကြိုက်ကို ကျွန်တော်လည်း မသိပါဘူး...”

“ကြိုက်တယ်...ကြိုက်တယ်.. ဒါပေမဲ့ စျေးကြီးလွန်းလို့ အပြင်မှာ ထုတ်ဝတ် ဖို့တောင် ရှက်လာပြီ..”

ဒီအိတ်အပြင် လျူယောင်က သူမအတွက် အခြားပစ္စည်းအချို့ကိုလည်း ဝယ်လာခဲ့ သည်။ ဒါ့အပြင် လီကျိန်းခိုင်အတွက်လည်း ပစ္စည်းအချို့ကို ဝယ်ပေးခဲ့သည်။

ဥပမာအားဖြင့် ယွမ် ၁၀၀၀၀ ကျော်တန် ခါးပတ်၊ ယွမ် ၃၀၀၀၀ ကျော်တန် သားရေဖိနပ်တစ်ရံ၊ ယွမ် ၂၀၀၀၀ ကျော်တန် ဘောင်းဘီတစ်ထည်၊ယွမ် ၁၀၀၀၀ ကျော်တန် လက်တိုရှပ်အင်္ကျီတစ်ထည် စသည်တို့ ဖြစ်သည်။

ထိုပစ္စည်းများစွာကို မြင်တဲ့အခါ လီချန်လဲ့၏ အဖေနဲ့အမေတို့က အလွန်ပျော်ရွှင် နေကြ သည်။ လီချန်လဲ့က ပစ္စည်းများရဲ့ စျေးနှုန်း ကို ထပ်မပြောတော့ပေ။ သူမ၏ အဖေက မေးတဲ့အခါတွင် စျေးနှုန်းရဲ့ ဆယ်ပုံတစ် ပုံကိုသာ ပြောပြခဲ့သည်။

ဥပမာအားဖြင့် လီကျန်းခိုင်က ယွမ် ၃၀၀၀၀ ကျော်တန် သားရေဖိနပ်ကို စီးကြည့်ပြီး အလွန်သက်သောင့်သက်သာရှိတာကြောင့် ထိုဖိနပ်ရဲ့ စျေးနှုန်းကို မေးလိုက်သည်။

"စျေးမကြီးပါဘူး...ဒါက ယွမ်သုံးထောင် ကျော်ပဲ ကုန်ကျပါတယ်... "

လီချန်လဲ့ ပြန်ဖြေလိုက်၏။ ဒါက စျေးနှုန်းရဲ့ ဆယ်ပုံတစ်ပုံသာ ဖြစ်ပေသည်။

လီကျန်းခိုင်က ၃၀၀၀ ကျော်တန် သားရေ ဖိနပ်ကို အထပ်ထပ် ချီးကျူးနေခဲ့သည်။ အဲ့ဒါက ကုန်တိုက်များမှ ရာနှင့်ချီ တန်ဖိုး ရှိတဲ့ သားရေဖိနပ်များထက် ပိုမိုလှပပြီး ပိုမိုသက်သောင့်သက်သာရှိကြောင်း ဝမ်း သာအားရ ပြောခဲ့သည်။

ချွင်မန်းလီက ပစ္စည်းများကို ယူပြီး ဗီရိုထဲ တွင် ထည့်လိုက်သည်။ ပြီးနောက် စိတ် အားထက်သန်စွာ နဲ့ လက်ဖက်ရည်ဖျော်ကာ ပြင်ဆင်ထားတဲ့သစ်သီးများနဲ့ သရေစာမျ ားကို ယူလာခဲ့သည်။

ထို့နောက် သူမက မီးဖိုချောင်ထဲတွင် အလုပ် ရှုပ်နေပြီးညနေခင်းအတွက် ဟင်းလျာများ ပြင်ဆင်နေခဲ့သည်။

လီကျန်းခိုင်က လျူယောင်နဲ့ စကား ပြောနေ ကာ လီချန်လဲ့က လျူယောင် ဘေးတွင် ထိုင်နေသည်။

လျူယောင် အိမ်ကို တစ်ချက် ကြည့် လိုက် ၏။ ဧရိယာက စတုရန်း ၁၂၀ မီတာ ကျော်လောက် ရှိလောက်ပြီး အလှဆင်ထ ားတဲ့ ပုံစံက မဆိုးလှပေ။

........

ကျင်းဖန်းခရိုင်ရုံးတွင်...

ဆိုဖာပေါ်တွင် ထိုင်နေတဲ့ ဝမ်ယုံဝမ်က စီးကရက်တစ်လိပ်ကို ထုတ်ယူကာ မီးညှိပြီး ခပ်ပြင်းပြင်း ရှိုက်လိုက်သည်။

လွန်ခဲ့သည့် မိနစ်ပိုင်းက ကျင်းဖန်းခရိုင် စက်မှု့ဇုန် စီမံခန့်ခွဲရေးကော်မတီ၏ ဒါရိုက်တာ နျူကျစ်ရှင်းက အလုပ်အစီ ရင်ခံစာ ပေးခဲ့သည်။ ခရိုင်ဝန်ဖြစ်တဲ့ ဝမ်ယုံဝမ်က ဖိအားများစွာ ခံစားနေရသည်။

ဒီစက်မှု့ဇုန်က သူ ရာထူးရယူချိန်တွင် စတင်လုပ်ခဲ့ခြင်းဖြစ်ပြီး တစ်နှစ်ကျော် ကြာပြီးနောက် ကုမ္ပဏီနှစ်ခု သုံးခုသာ စက်မှု့ဇုန်ထဲ ဝင်ရောက်လာခဲ့သည်။

အခုလေးတင် နျူကျစ်ရှင်း အစီရင်ခံ ပြောခဲ့တဲ့ စကားများတွင် ဝင်ခွင့်စံနှုန်းကို လျှော့ချသင့် မသင့် အကြံပြုခဲ့သည်။ ခရိုင်တွင် သစ်သားထုတ်လုပ်ရေးစက်ရုံ၊ အသားထုတ်လုပ်ရေးစက်ရုံနှင့် အမှိုက်ပ လတ်စတစ်ထုတ်လုပ်ရေးစက်ရုံများ ရှိပြီး သူတို့အားလုံးက စက်မှု့ဇုန်ထဲ ဝင်ရောက် လိုကြောင်း ပြောကြားခဲ့သည်။

ဝမ်ယုံဝမ်က ထိုကုမ္ပဏီများ ရဲ့အရွယ်အ စားကို လေ့လာခဲ့ပြီး ၎င်းတို့က အများ အားဖြင့် အရွယ်အစားသေးငယ်ပြီး အ သေးစားလုပ်ငန်းများဖြစ်ကြောင်း သိရှိခဲ့ သည်။

ဒီလို သေးငယ်တဲ့ လုပ်ငန်းများကို စက် မှု့ဇုန်ထဲ ဝင်ရောက်ခွင့်ပြုလိုက်ရင် စက်မှု ဇုန်တစ်ခုလုံးရဲ့ စံနှုန်းကို လျှော့ချရာ ရောက် မည်လော။

စံနှုန်းကို မလျှော့ချပါက အပြင်ဘက်မှ ရင်း နှီးမြှုပ်နှံမှု့များကို မရရှိနိုင်ဘဲ စက်မှုဇုန်ရှိ မြေအများစုကို ဒီလိုမျိုး စွန့်ပစ်ထား ရတော့ မည်။

ဒါကကြီးမားတဲ့ ပြဿနာဖြစ်တာကြောင် ခရိုင်ဝန်ဝမ်ယုံဝမ် အလွန် စိတ်သောက ရောက်နေရသည်။ သူ နည်းလမ်းမျိုးစုံ စဉ်းစားနေကာ စီးကရက်သောက်နေရင်း မျက်မှောင်ကြုတ်နေသည်။

" ဒေါက် ဒါက် ဒေါက် "

ထိုအချိန် တံခါးခေါက်သံ ကြားရပြီး သူ့အတွင်းရေးမှူးက တံခါးကို တွန်းဖွင့်ကာ ညင်သာစွာ အစီရင်ခံလိုက်သည်။

“ခေါင်းဆောင် Universal ရဲ့ သူဋေး ခုနကလေးတင်ပဲ..ပြန်ရောက်နေပါပြီ.....”

ဝမ်ယုံဝမ်၏ မျက်လုံးများက အနည်းငယ် တောက်ပလာပြီး သူ့မျက်မှောင် ကြုတ်ထားသော မျက်ခုံးများကလည်း အများကြီး ပြေလျော့သွားသည်။

“တကယ်လား..မစ္စတာလျူက ဒေါင်းမင်းရွာမှာ ရှိနေလား....”

သူ မေးလိုက်၏။

အတွင်းရေးမှူးဟူက အစီရင် ခံလိုက်သည်။

“မရှိပါဘူး... သူ့ရည်းစားအိမ်ဖြစ်တဲ့ တူကျွမ်းအသိုင်းအဝိုင်းမှာပါ ခဗျ..."

ဝမ်ယုံဝမ် ဒီအသိုင်းအဝိုင်းကို သိသည်။ ထိုအချိန်က ခရိုင်ပညာရေးဌာနနှင့် ခရိုင်နံပါတ် ၁ အလယ်တန်းကျောင်းတွင် မိသားစုအသိုင်းအဝိုင်းကို တည်ဆောက် ခဲ့ပြီး နေထိုင်သူများက အခြေခံအားဖြင့် ယူနစ် နှစ်ခုမှ ဝန်ထမ်းများရဲ့ မိသားစုများ ဖြစ်ကြသည်။

“မစ္စတာလျူရဲ့ ရည်းစားက...ငါတို့ ကျင်းဖန်းခရိုင်က ဖြစ်နေတာကိုး....”

ဝမ်ယုံဝမ်က စိတ်ထဲကနေ တွေးလိုက်၏။

အတွင်းရေးမှူးဟူက မေးလိုက်သည်။

“ခေါင်းဆောင် သွားချင်ပါသလား..”

ဝမ်ယုံဝမ် ခဏစဉ်းစားပြီးနောက် ခေါင်းခါ ပြီး ပြန်ဖြေလိုက်သည်။

“မစ္စတာလျူက ရည်းစားအိမ်မှာဆိုတော့ ငါတို့ သွားနှောင့်ယှက်ဖို့ မကောင်းဘူး… သင့်လျော်တဲ့အချိန်ကျရင် ငါ ဖုန်းဆက် လိုက်မယ်...”

အတွင်းရေးမှူး ထွက်သွားတာကို ကြည့်ပြီး နောက် ဝမ်ယုံဝမ် အချိန်ကို စစ်ဆေးရန် လက်ကို မြှောက်လိုက်သည်။

"အခုအချိန်က ဖုန်းခေါ်ဖို့ သင့်တော်တဲ့အချိန် မဟုတ်ဘူး..နေ့လယ်ပိုင်းမှ ခေါ်ရအောင်... "

ဝမ်ယုံဝမ် စိတ်ထဲတွင် ဆက်တွေးနေသည်။

“မစ္စတာလျူက အမြဲတမ်း ပို့ဆောင် ရေး လုပ်ငန်းကို လုပ်နေတာ ဆိုးတာပဲ ..စက်မှု့ လုပ်ငန်း လုပ်မယ်ဆိုရင် တကယ် ကောင်း မှာပဲကွာ..သူ ရင်းနှီးမြှုပ်နှံမှု့ သန်းရာ ဂဏန်း လောက်ပဲ လုပ်လိုက်တာနဲ့ ငါတို့ခရိုင်က အခြေအနေ ပြောင်းလဲသွားနိုင်တာကို... ”

“ဒါပေမဲ့ မစ္စတာလျူက ငါတို့အတွက် ရင်းနှီးမြှုပ်နှံမှု့ မယူဆောင်လာနိုင်ပေမယ့် သူ့လိုလူမျိုးနဲ့ ဆက်ဆံရေးကောင်းကို ထိန်းသိမ်းထားဖို့ လိုတယ်...ဘာလို့လဲ ဆိုတော့ သူက ငါတို့ ကျင်းဖန်းခရိုင်ကနေ ထွက်သွားတဲ့ ဂုဏ်ယူစရာလူ တစ်ယောက် မို့လို့ပဲ...”

အနာဂတ် ယောက္ခမနဲ့အတူ လျူယောင် နေ့လယ်စာ စားခဲ့ပြီး အစားအသောက် များက အလွန်များပြားလှသည်။

သမီးနဲ့ အနာဂတ်သားမက် ပြန်လာတာကို ချွင်မန်းလီ သိတာကြောင့် မနက်အစော ကတည်းက ဈေးကို သွားပြီး ဟင်းသီး ဟင်းရွက်များစွာ ဝယ်ထားခဲ့သည်။ မနက် ၉ နာရီကျော်ပြီးနောက် မီးဖိုချောင်တွင် သူမ အလုပ်ရှုပ်နေတော့သည်။

ညစာစားပြီးနောက် လီကျန်းခိုင်နဲ့ လက်ဖက် ရည်သောက်ရင်း လျူယောင် စကားပြော နေခဲ့သည်။

All Chapters