← Chapters

ခရိုင်ဝန်ဝမ် စိတ်ဓာတ်ကျခြင်း

Vol. 22 Ch. 314

ခရိုင်ဝန်ဝမ် စိတ်ဓာတ်ကျခြင်း

Vol. 22 Ch. 314

လျူယောင် စိတ်ထဲကနေ တွေးလိုက် မိ သည်။

“ငါ နေ့လယ်ပိုင်းမှာ ဒေါင်းမင်းရွာကို ပြန် ရမယ်..ငါ့မိဘတွေ အဲဒီမှာ ရှိနေသေး တယ်. ..”

ဒေါင်းမင်းရွာနဲ့ ဟွားဟိုင်မြို့မှာ သိပ်မ ဝေး ပေ။ ကားဖြင့် နှစ်နာရီခွဲခန့် မောင်းရ သည်။ လျူဟုန်ဖူနှင့်ဇနီးသည်တို့မှာ မကြာခဏ ပြန်လာ နေထိုင်ကြသည်။

ဟွာဟိုင်းမြို့တွင် ဗီလာဖြင့် နေလိုပါက ဟွားဟိုင်မြို့တွင် နေနိုင်ပြီး ကျေးလက်ဗီ လာတွင် ပြန်နေလိုပါက ကျေးလက်ဗီလာ တွင် နေထိုင်ကြသည်။အခု သူတို့က အလွန် လွတ်လပ် နေကြသည်။

လီကျန်းခိုင်နဲ့ ခဏကြာအောင် စကားပြော ပြီးနောက် လျူယောင် နှုတ်ဆက်ရန် ထရပ်လိုက်သည်။ လီချန်လဲ့က လျူယောင် ကို အောက်ထပ်ကို လိုက်ပို့ ပေး၏။

“အကိုယောင်..အိမ်ရောက်ရင် ဝီချက်ကနေ စာပို့အုံးနော်.. ဦးလေးနဲ့ အန်တီကိုလည်း ကျွန်မကိုယ်စား နှုတ်ဆက်ပေးပါအုံး...”

လီချန်လဲ့က မှာလိုက်သည်။

လျူယောင်က လီချန်လဲ့ကို ညင်သာစွာ ဆွဲယူပြီး နမ်းလိုက်သည်။ ချက်ချင်းပင် လီချန်လဲ့၏ မျက်နှာက နီရဲသွားသည်။

သူမက ရှက်ရွံ့စွာ ခပ်တိုးတိုးလေး ပြော လိုက်၏။

“အကိုယောင် ရူးနေပြီလား.. ပတ်ဝန်းကျင် မှာ လူတွေ အများကြီးပဲ”

ပတ်ဝန်းကျင်တွင် လူအချို့ တကယ်ပင် ရှိနေသည်။ ဒီလူငယ်နှစ်ဦးရဲ့ အပြုအမူကို မြင်တဲ့အခါ သူတို့ ပြုံးရုံသာ ပြုံးနိုင်ကြ သည်။

ကိုယ်ရံတော်က ကားတံခါးကို ဖွင့်ပေးခဲ့ရာ လျူယောင် ကားထဲ ဝင်ထိုင်လိုက်ပြီး လီချန်လဲ့ကို လက်ပြ နူတ်ဆက်လိုက်သည်။

“လဲ့လဲ့..ကိုယ်.. ဝီချက်ကနေ ဆက်သွယ်လို က်မယ်နော်...”

ကားမှာ တဖြည်းဖြည်း မောင်းထွက် သွား သည်။ ယာဉ်မောင်းရှေ့ခန်းတွင် ထိုင်သူနှ စ်ဦးစလုံးက ဆံပင်တိုများ ဖြစ်ကြသည်။ သူတို့က Universal လုံခြုံရေးဌာနမှ ကိုယ်ရံ တော်များဖြစ်ပေသည်။

ဒီတစ်ကြိမ် ပြန်လာတဲ့အခါ လျူယောင် ကားနှစ်စီး မောင်းလာခဲ့ပြီး ကိုယ်ရံတော် လေးဦးကို ခေါ်ဆောင်လာကာ ခရိုင်ရှိ အကောင်းဆုံး ဟိုတယ်တွင် တည်းခို ခဲ့ကြသည်။ ကားလိုအပ်ပါက လျူယောင် ထံမှ ဖုန်းခေါ်ဆို လိုက်ယုံနဲ့ ချက်ချင်း ရောက်လာကြသည်။

ဒေါင်းမင်းရွာသို့ လျူယောင် ပြန်ရောက် လာခဲ့ သည်။

လျူယောင် ပြန်ရောက်လာတဲ့အခါ ဒေါင်းမင်းရွာ တစ်ရွာလုံး ဆူညံသွားပြီး ဗီလာ ဝင်ပေါက်တွင် စိတ်လှုပ်ရှားမှု့များ ပြည့်နှက်နေခဲ့သည်။

လျူယောင်က လူတိုင်းကို စီးကရက်နှင့် သကြားလုံးများဖြင့် ဧည့်ခံပြီးနောက် ဗီလာထဲဝင်ကာ အပေါ်ထပ်ကို တက်ပြီး ခေတ္တအိပ်စက်လိုက်သည်။

တံခါးပိတ်တာနဲ့ ဗီလာ ဝင်ပေါက်တွင် ဆူညံနေပေမဲ့ အခန်းက အလွန်တိတ် ဆိတ်နေသည်။ သုံးနာရီကျော်ကြာ အိပ်ပြီးမှ လျူယောင် နိုးလာခဲ့သည်။

ကိုယ်လက်ဆန့်ပြီးနောက် သူ့ စိတ်ထဲကနေ တွေးလိုက်မိသည်။

“တကယ်ကို သက်သောင့်သက်သာ ရှိလိုက်တာကွာ..ငါတို့ရဲ့ ဘလူးဝေးလ်က ရော..ဒီအချိန်ဆို..ဘယ်နေရာကို ရောက် နေပြီလဲ မသိဘူး...”

လျူယောင် ဘလူးဝေးလ်သင်္ဘော ကပ္ပတိန် ရမ်ဇီကွမ်းကို ကိုယ်တိုင်ဖုန်းခေါ်ကာ အခြေ အနေကို မေးမြန်းလိုက်သည်။

တစ်ဖက်မှ ကပ္ပတိန်ရမ်ဇီကွမ်း၏ အသံက. အတော်လေး စိတ်လှုပ်ရှားနေတာကို ကြား ရသည်။ သူဋေးက. သူ့ကို ကိုယ်တိုင် ဖုန်းခေါ်တဲ့ အကြိမ်များစွာ သိပ်မရှိခဲ့ပေ။

သူက အခြေအနေကို လျူယောင်ထံ အစီရင် ခံလိုက်သည်။ ဘလူးဝေးလ်က နေ့ရောညပါ ရွက်လွှင့်နေပြီး လက်ရှိတွင် အိန္ဒိယ သမုဒ္ဒရာ တွင် ရွက်လွှင့်နေ၏။နောက်ငါးရက်ခြော က်ရက်အတွင်း အေဒင်ပင်လယ်ကွေ့ကို ရောက်လာတော့မည် ဖြစ်သည်။

တစ်ပတ်အတွင်း ဘလူးဝေးလ်က ဆူးအက် တူးမြောင်းမှတစ်ဆင့် မြေထဲပင်လယ်ထဲကို ဝင်ရောက်နိုင်မယ်လို့ ခန့်မှန်းရသည်။ လက် ရှိတွင် အရာအားလုံးက ပုံမှန်ဖြစ်နေပြီး ဘ လူးဝေးလ်ကလည်း အလွန်ပုံမှန်ဖြစ်ကာ သင်္ဘောပေါ်ရှိ အမှုထမ်းများလည်း အလွန် ပုံမှန်ဖြစ်နေကြသည်။

ကပ္ပတိန်ရမ်ဇီကွမ်းကို ဦးတည်ရာ ရောက် ရှိတဲ့ အခါ တစ်နာရီကြိုတင်ပြီး ဖုန်းဖြင့် အစီရင်ခံရန် လျူယောင် မှာလိုက်သည်။

ကပ္ပတိန်ရမ်ဇီကွမ်းလည်း သေချာပေါက် သဘောတူခဲ့၏။

နေ့လယ် လေးနာရီခန့်တွင် လျူယောင်ရဲ့ ဖုန်းက ထပ် မြည်လာသည်။ဒါက ဝမ်ယုံဝမ် ကိုယ်တိုင် ခေါ်ဆိုတာပဲ ဖြစ်သည်။

“မစ္စတာလျူ..ခင်ဗျား ပြန်ရောက်နေတယ်လို့ ကြားပါတယ်”

“ခရိုင်ဝန်ဝမ် ခင်ဗျား သတင်းရတာ အရမ်း မြန်တာပဲ.. ကျွန်တော် ဒီနေ့ နေ့လယ်ပိုင်းမှာ ပြန်ရောက်ပါတယ်....”

လျူယောင် ပြန်ဖြေလိုက်၏။

ဝမ်ယုံဝမ်က စိတ်အားထက်သန်စွာ မေး လိုက်သည်။

“မစ္စတာလျူ.. ကျွန်တော် လာရောက် လည် ပတ်ဖို့ အဆင်ပြေမလား..."

လျူယောင်က ပြုံးပြီး ပြန်ဖြေလိုက်သည်။

“လာလည်ပတ်ဖို့ဆိုတာက သိပ်ယဉ်ကျေး ရာ ရောက်ပါတယ်...ဒါဆို မနက်ဖြန် မနက်ပို င်းမှာ ကျွန်တော် အချိန်ရပါတယ်..ကျွန်တော် ခင်ဗျားနဲ့အတူ လာထိုင်ပါ့မယ်...”

ဒီစကားကို ကြားတဲ့အခါ ခရိုင်ဝန်ဝမ်ယုံဝမ် အလွန်ဝမ်းသာသွားပြီး ချက်ချင်း ပြော လိုက်သည်။

“မစ္စတာလျူ..ဒါဆိုရင် မနက်ဖြန် မနက်ပိုင်းမှာ ခင်ဗျား ရောက်လာတာကို ကျွန်တော် စောင့်နေပါ့မယ်...”

“ပြဿနာမရှိပါဘူး..မနက်ဖန် မနက် ၉ နာရီလောက်မှာ ခင်ဗျားကို လာနှောင့်ယှက် ပါ့မယ်...”

“မစ္စတာလျူ... ရပါတယ်ဗျာ..ဒါဆို ..မနက် ဖန် တွေ့ပါ့မယ်...”

“အင်း မနက်ဖန် တွေ့မယ်...”

ဖုန်းချပြီးနောက် လျူယောင် စိတ်ထဲကနေ တွေးလိုက်မိသည်။

“ဒီခရိုင်ဝန်ဝမ်က တကယ်ကို လူအဖွဲ့အ စည်းစိတ်ဓာတ် အပြည့်နဲ့ပါပဲ... ငါ့ ပြန်လာ တိုင်း အမြဲတမ်း စိတ်အားထက်သန် နေတာ ပဲ...”

နောက်တစ်နေ့တွင်...

လျူယောင်က ရိုးလ်-ရွိုက်စ်ကားဖြင့် ခရိုင် အစိုးရရဲ့ ဂိတ်ပေါက်သို့ ဝင်ရောက် လာခဲ့သည်။ ရုံးခန်းအဆောက်အအုံရဲ့ ဂိတ်ပေါက်တွင် ဝမ်ယုံဝမ်နှင့် အခြားလူ အချို့က သူ့ကို ကြိုဆိုရန် အဆင်သင့် ရှိနေကြသည်။

လျူယောင် ကားပေါ်မှ ဆင်းလာတာကို မြင်တဲ့အခါ ဝမ်ယုံဝမ်က သူ့ကို စိတ်အား ထက်သန်စွာ နှုတ်ဆက်ပြီး ညာလက်ကို တက်ကြွစွာ ဆန့်လိုက်သည်။

“မစ္စတာလျူ ကြိုဆိုပါတယ်.. ကြိုဆိုပါ တယ်ဗျာ..”

သူတို့နှစ်ဦး လက်ချင်းခိုင်မာစွာ ဆုပ်ကိုင်ပြီး ယဉ်ကျေးပျူငှာစွာ နှုတ်ဆက်စကားများ ပြောခဲ့ကြသည်။

ဝမ်ယုံဝမ်ရဲ့ ယဉ်ကျေးတဲ့ ဖိတ်ကြားမှု့ အောက်တွင် နှစ်ယောက်အတူတူ အပေါ် ထပ်ကို တက်လာခဲ့ကြပြီး ဝမ်ယုံဝမ်ရဲ့ ရုံးခန်းထဲသို့ ဝင်လာခဲ့ကြသည်။

လျူယောင် ဆိုဖာပေါ်တွင် ထိုင်လိုက်တာနဲ့ အတွင်းရေးမှူးက ချက်ချင်းပင် လက်ဖက်ရ ည်ကောင်းကို ဖျော်ပြီး ယူလာပေးသည်။

သူတို့နှစ်ဦးသား စကားများစွာ ပြောဖြစ် ကြသည်။

ဝမ်ယုံဝမ်က Universal အခြေအနေ နှင့်ပတ်သတ်ပြီး အလွန် ဂုဏ်ယူနေခဲ့သည်။ Universal က သင်္ဘောကြီး ၁၂ စီးကျော် ထပ်ပေါင်းထည့်ခဲ့ပြီး စုစုပေါင်း သယ်ယူ ပို့ဆောင်ရေး တန်ချိန် ၁၃ သန်းကျော် ရှိ တယ်လို့ ကြားရသောအခါ သူက ဂုဏ်ယူဝ မ်းမြောက်ကြောင်း ဖော်ပြခဲ့သည်။

ဟုတ်ပါတယ် ခရိုင်ဝန်ဝမ် စိတ်ထဲတွင် လည်း အားကျနေခဲ့သည်။

" ဒီ Universal က အချိန်ဘယ်လောက် မှတောင် မကြာသေးဘူး သူတို့ရဲ့ သယ် ယူပို့ဆောင်ရေးစွမ်းရည်ကို နောက်ထပ် တန်ချိန် သုံးသန်းတိုးမြှင့်လိုက်တာ...အရမ်း မိုက်တယ် "

“မစ္စတာလျူက ဒီလို ခိုင်မာတဲ့ ဘဏ္ဍာ ရေးအရင်းအမြစ်တွေ ရှိတာပဲ.. သူက သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို လုပ်နေတာ ဆိုးတာပဲကွာ.. ဒီလူသာ စက်မှု့လုပ်ငန်းကို လုပ်ရင် အရမ်းကောင်းမှာပဲ.. သူ ရင်းနှီး မြှုပ်နှံမှု့ အနည်းငယ်လောက်ပဲ လုပ် လိုက် ရင် ခရိုင်ရဲ့ စက်မှု့ဇုန်ကို ကယ်တင်နိုင်မှာ ပဲ...”

ဝမ်ယုံဝမ် ဒီစကားများကို သူ့စိတ်ထဲတွင်သာ ထားခဲ့သည်။ ပြောလည်း အသုံးမဝင် ကြောင်းကို သူသိပေသည်။မစ္စတာလျူက Universal ရေကြောင်းလုပ်ငန်းကို လုပ်နေ သဖြင့် ကျင်းဖန်းခရိုင်တွင် ရင်းနှီးမြှုပ်နှံရန် မဖြစ်နိုင်ပေ။

ဒီလိုဆိုရင် ဘာမှမပြောတာက ပိုကောင်းပြီး သူ့စိတ်ထဲမှာ ထားတာက ပိုကောင်းပေ သည်။

Universal ရဲ့ လက်ရှိအခြေအနေကို သိရှိပြီးနောက် ဝမ်ယုံဝမ်က ကျင်းဖန်းခရိုင်မှ ဝန်ထမ်းများကိုယ်စား လျူယောင်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ဒီဝန်ထမ်းများက လုပ်ခလစာ မြင့်မားခြင်းနဲ့ အကျိုးခံစားခွင့်များ ကောင်းမွန်ခြင်း သာမ က အိမ်အသစ်များတွင်လည်း နေထိုင်နိုင် ပြီး ဟွာဟိုင်း ဝန်ထမ်းအိမ်ရာတွင် အခြေချ နေထိုင်နိုင်ကြသည်။

သူတို့နှစ်ယောက်သား ကောင်းမွန်တဲ့ လေထု ဖြင့် စကားပြောနေခဲ့ကြသည်။ထိုအချိန် ဝမ်ယုံဝမ်၏ အတွင်းရေးမှူးက ညင်သာစွာ ဝင်လာပြီး ဝမ်ယုံဝမ်ရဲ့ နားနားတွင် ခပ်တိုး တိုး ပြောလိုက်သည်။

ချက်ချင်းပင် ဝမ်ယုံဝမ်၏ အမူအရာ ပြောင်းလဲသွားသည်။

စက်မှု့လက်မူ့နဲ့ စီးပွားရေးကို တာဝန် ယူထားတဲ့ ဒုမြို့တော်ဝန်ကျန်းက ခရိုင် စက်မှု့ဇုန်ကို စစ်ဆေးရန် လာမယ်လို့ သူ လုံးဝမမျှော်လင့်ခဲ့ပေ။

သူက အဝေးပြေးလမ်းမပေါ်တွင် ရှိနေပြီ ဖြစ်ပြီး နာရီဝက်အတွင်း ဒီနေရာကို ရောက် လာတော့မည်ဖြစ်သည်။

ခရိုင်ဝန်ဝမ် ရုတ်တရက် ဖိအားများစွာ ခံစား လိုက်ရသည်။

ခရိုင်စက်မှု့ဇုန်ကို ဝမ်ယုံဝမ်က စတင်ခဲ့ ခြင်းဖြစ်ပြီး ယခုအခါ အတော်လေး ရှုပ်ထွေးနေသည်။ မြေ ၁,၀၀၀ မူကျော်ကို သုံးပုံတစ်ပုံပင် အသုံးပြုနိုင်ခြင်း မရှိဘဲ အများစုကို ဒီတိုင်း စွန့်ပစ်ထားရသည်။

သူက သူ့ကိုယ်သူ တွေးလိုက်၏။ စံနှုန်းကို လျှော့ချပြီး အသေးစားလုပ်ငန်းများကို စက်မှု့ဇုန်ထဲ ဝင်ရောက်ခွင့် ပေးသင့် ပုံရ သည်။ မဟုတ်ရင် ဒီလိုပဲ ဆက်ရှိနေရင် ဒုမြို့တော်ဝန်ကျန်း ဒေါသထွက်သွား လိမ့် မည်။

"ဟူး ဖိအားတွေ ရှိနေတယ်ကွာ.. "

ခရိုင်ဝန်ဝမ်ယုံဝမ်ဟာ တောင်တစ်လုံးက သူ့ကို ဖိထားတယ်လို့ ခံစားခဲ့ ရ သည်။ ဒုမြို့တော်ဝန်ကျန်းက ခရိုင်စက်မှု့ဇုန်ကို စစ်ဆေးရန် လာတဲ့အခါ သူ အသက်ရှူရတာ နည်းနည်း ခက်ခဲလာသည်။

လျူယောင်က သိပ်မရှင်းပေမယ့် အကြမ်း ဖျင်းကို ကြားလိုက်ရသည်။ဒါက လျူ ယောင်ရဲ့ အကြားအာရုံက အရမ်းကောင်း လို့ပဲ ဖြစ်သည်။

“အမ် ဒုမြို့တော်ဝန်ကျန်းက စက်မှု့ဇုန်ကို စစ်ဆေးဖို့ လာတော့မှာလား..”

“ဒါက ကောင်းတဲ့ကိစ္စပဲလေ.."

လျူယောင် သူ့စိတ်ထဲတွင် ရုတ်တရက် ပျော်ရွှင်သွားသည်။ တကယ်လို့ ဝမ်ယုံဝမ်က လျူယောင် ဆိုလိုသည့် ကောင်းတဲ့ ဆိုတဲ့ စကားကို သိသွားပါက သူ ချက်ချင်း ထွက် ပြေးသွားနိုင်ဖွယ် ရှိသည်။ သူတောင် ဒုမြို့ တော်ဝန်ကျန်းကို ဘယ်လိုရင်ဆိုင် ရမလဲ ဆိုတာ ကို မသိသေးပေ။

“ခရိုင်ဝန်ဝမ် ခရိုင်စက်မှု့ဇုန်မှာ လက်ရှိ အခြေအနေက ဘယ်လိုလဲ...”

ဝမ်ယုံဝမ် သူ့စိတ်ထဲကနေ ဝမ်းနည်းစွာ ရေရွတ်လိုက်သည်။

“မစ္စတာလျူ.. ခင်ဗျားက အိုးအဖုံးကို မဖွင့်ဘဲ ဘယ်အိုးကို မြှောက်နေတာလဲ... ဒါက ကျွန်တော့်ရဲ့ အနာဟောင်းကို ဖော်ထုတ်တာပဲ...”

သူက မျက်နှာပေါ်တွင် မကျေနပ်တဲ့ အမူအရာကို မပြသခဲ့ပေ။ လျူယောင်ရဲ့ မေးခွန်းကို ရင်ဆိုင်ရတဲ့အခါ စိတ်အားထက် သန်တဲ့ အသွင်အပြင်ဖြင့်သာ မိတ်ဆက်ပေး လိုက်သည်။

“ကျွန်တော်တို့ ခရိုင်စက်မှု့ဇုန်က ကျင်းဖန်း မြို့သစ်ရဲ့ အရှေ့တောင်ဘက်မှာ ရှိပါတယ်.. ခရိုင်မြို့နဲ့ဆို ၃ ကီလိုမီတာပဲ ဝေးပြီး အနီးဆုံး အဝေးပြေးလမ်းမ ဝင်ပေါက် နဲ့ဆို မီတာ ၅၀၀ ပဲ ဝေးပါတယ်.. ဧရိယာက ၁၂၆၂ မူ ဖြစ်ပြီး မြေအားလုံးက သုံးခုချိတ် ဆက်နေပြီး တစ်ခုညှိထားပြီးပါပြီ”

လျူယောင် ဂရုတစိုက် နားထောင်နေရာ ဒီခရိုင်စက်မှု့ဇုန်နေရာက မဆိုးဘူးလို့ သူ ခံစားရသည်။ ဧရိယာက အလုံအလောက် ကြီးပြီး သွားလာရေးက အဆင်ပြေကာ ခရိုင်မြို့နှင့်လည်း နီးကပ်နေသည်။

အမှန်တကယ်တွင် အားနည်းချက်တစ်ခုသာ ရှိပေသည်။ ကျင်းဖန်းခရိုင်က ခရိုင်ငယ် လေးဖြစ်ပြီး ဟွာဟိုင်းမြို့လို နိုင်ငံတကာ မြို့ကြီးနှင့် နှိုင်းယှဉ်လို့ မရနိုင်ပေ။

ဒါပေမဲ့ ဟွာဟိုင်းမြို့နှင့်လည်း သိပ်မဝေး ပေ။ ကားဖြင့် နှစ်နာရီကျော်သာ ကြာသည်။ ကျင်းဖန်းခရိုင်ကို ဖွံ့ဖြိုးတိုးတက်ရေး ရှု ထောင့်မှ ကြည့်ပါက ဒီမြို့ငယ်လေးရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးက အလားအ လာမှာ ကောင်းမွန်ပေသည်။

ကျင်းဖန်းခရိုင်၏ ဖွံ့ဖြိုးတိုးတက်မှု့အပေါ် လျူယောင် ယုံကြည်မှု့ ရှိနေသည်။ ဒီနေရာက ဟွာဟိုင်းမြို့နှင့် အတော်လေး နီးတာကြောင့် ဖြစ်သည်။

အနာဂတ်တွင် သယ်ယူပို့ဆောင်ရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာပါက ဥပမာအားဖြင့် ပိုမိုအဆင်ပြေတဲ့ အဝေးပြေးလမ်း မတစ်ခု ကို တည်ဆောက်ခြင်း ဒါမှမဟုတ် ကျင်းဖန်း ခရိုင်တွင် အမြန်ရထားဘူတာရုံတစ်ခုကို တည်ထောင်ခြင်း နဲ့မြို့တွင်းရထားလမ်း ချိတ်ဆက်ခြင်း တို့ပဲ ဖြစ်သည်။

လျူယောင် စိတ်ထဲကနေ ဒီလို တွေးနေရင်း သူက Universal ရဲ့ နံပါတ် ၂ စက်ရုံကို ကျင်းဖန်းခရိုင်တွင် တည်ဆောက်ရန် ဆုံးဖြတ်လိုက်သည်။

All Chapters