၁၅ ဘီလျံကျော် ရင်းနှီးမြှုပ်နှံမှု့
Vol. 22 Ch. 315
လျူယောင် ဘာတွေ တွေးနေလဲဆိုတာကို ခရိုင်ဝန်ဝမ် မသိပေ။ဒီအချိန်တွင် သူက ဖိအားများစွာ ခံစားနေရသည်။ ဒုမြို့တော်ဝန်ကျန်းက ဒီနေရာကို လာနေပြီး ခရိုင်စက်မှု့ဇုန်ကို စစ်ဆေးရန် အထူးခရီးစဉ် ထွက်လာခြင်းပဲ ဖြစ်သည်။
ခရိုင်စက်မှု့ဇုန်ရဲ့ အခြေအနေကို မိတ်ဆက် ပြီးနောက် ဝမ်ယုံဝမ် တောင်းပန်စကား ပြောလိုက်သည်။
“မစ္စတာလျူ..တကယ်ပဲ တောင်းပန်ပါ တယ်ဗျာ.. ဒုမြို့တော်ဝန်ကျန်းက ခရိုင် စက်မှု့ဇုန်ကို စစ်ဆေးဖို့ ရောက်လာတာ ကြောင့် ကျွန်တော် သွားတွေ့ရတော့မယ်...”
“ခရိုင်ဝန်ဝမ် ကျွန်တော်လည်း ခင်ဗျားနဲ့ အတူ စက်မှု့ဇုန်ကို လိုက်ကြည့်လို့ရမလား..."
ဝမ်ယုံဝမ် အံ့အားသင့်သွားသည်။
လျူယောင် ဘာကြောင့် ခရိုင်စက်မှု့ဇုန်ကို ရုတ်တရက် စိတ်ဝင်စားသွားတာလဲ ဆိုတာကို သူ နားမလည်နိုင်ခဲ့ပေ။
" ဒါ ရင်းနှီးမြှုပ်နှံချင်တာ ဖြစ်နိုင်လောက် တယ် မလား ...."
ဒီအတွေး ပေါ်ပေါက်လာတာနဲ့ တစ်ပြိုင်နက် ဝမ်ယုံဝမ် လန့်သွားပြီးနောက် အနည်းငယ် စိတ်လှုပ်ရှားသွားကာ လျူယောင်ကို စိတ်အားထက်သန်စွာ ကြည့်ကာ မေးလိုက် ၏။
“မစ္စတာလျူ.. ခင်ဗျားက ကျွန်တော်တို့ ခရိုင်စက်မှု့ဇုန်ကို စိတ်ဝင်စားနေတာလား...”
“ဟုတ်ပါတယ်..”
လျှို့ဝှက်မထားဘဲ လျူယောင် ပြန်ဖြေ လိုက်သည်။
“ကျွန်တော် .. ယွမ် ၁၅ ဘီလျံကျော် ရင်းနှီး မြှုပ်နှံပြီး ချပ်ပြား ထုတ်လုပ်ရေး စက်ရုံ တစ်ခုကို တည်ဆောက်ဖို့ စီစဉ်ထားပါတယ်.. ငါးရာ ခြောက်ရာမူအထိ စက်မှု့မြေ လိုအပ် တာကြောင် သင့်လျော်တဲ့နေရာကို ရှာနေ တာ ကြာပါပြီ”
လျူယောင် ရှင်းပြလိုက်၏။
" ဘာ .."
ဝမ်ယုံဝမ် အံ့အားသင့်သွားသည်။
ခရိုင်ဝန်ဖြစ်တဲ့အတွက် သူက စိတ်ဓာတ် အတော်လေး ခိုင်မာသူ ဖြစ်သည်။ဒါပေမဲ့ ဒီသတင်းကို ကြားတဲ့အခါ သူ တုန်လှုပ်ပြီး ငြိမ်သက်နေခဲ့သည်။
သုံးစက္ကန့် ငါးစက္ကန့်ကြာပြီးနောက် သတိ ပြန်ဝင်လာကာ သူ့မျက်နှာပေါ်တွင် အံ့အား သင့်တဲ့ အကြည့်များ ပေါ်လာခဲ့သည်။
"အို ဘုရားသခင် "
ယွမ် ၁၅ ဘီလျံ ရင်းနှီးမြှုပ်နှံမှု့က ကျင်းဖန်း ခရိုင်တွင် မကြုံစဖူး ဖြစ်ပြီး သမိုင်း တစ်လျှောက် အကြီးမားဆုံး ရင်းနှီးမြှုပ် နှံမှု့ပင် ယွမ် ၁ ဘီလျံပင် မကျော်ခဲ့ပေ။
"ကောင်းလိုက်တာ.၁၅ ဘီလျံ တိုက်ရိုက် ရင်းနှင်းမြုပ်နှံမူ့ပဲ..."
"မဟုတ်ဘူး..၁၅ ဘီလျံကျော်ပဲ..."
ဝမ်ယုံဝမ် အမှန်တကယ်ပင် မငြိမ်မသက် ဖြစ်နေပြီး စိတ်အားထက်သန်စွာ ပြောလို က်သည်။
“မစ္စတာလျူ..ကျွန်တော် ခင်ဗျားကို ခရိုင်စက်မှု့ဇုန်ကို လိုက်ပို့ပြီး ကောင်း ကောင်းပြပေးပါ့မယ်...”
ဝမ်ယုံဝမ်နဲ့လျူယောင်တို့ လူအုပ်စုကြီးက ခရိုင်အစိုးရရုံး၏ အဆောက်အအုံမှ ထွက်ခွာလာခဲ့ပြီးနောက်သတင်းများက တစ်ပြိုင်နက်တည်း ပျံ့နှံ့သွားသည်။
“ဘုရားရေ..မစ္စတာလျူက ယွမ် ၁၅ ဘီလျံ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားတယ်တဲ့..”
“ဒီလို ရင်းနှီးမြှုပ်နှံမှုကြီးက မကြုံစဖူးပါပဲ ကွာ..”
“ဒီရင်းနှီးမြှုပ်နှံမှု့သာ ကျွန်တော်တို့ခရိုင်မှာ ရှိရင် ကျွန်တော်တို့ ခရိုင်ရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှု့က သေချာပေါက် ကမ္ဘာကြီးကို လှုပ်ခတ်စေမှာပဲ... "
လျူယောင်က ယဉ်ကျေးစွာ ဖိတ်ခေါ်လိုက် သည်။
“ခရိုင်ဝန်ဝမ်.. ကျွန်တော့်ကားထဲကို ဝင်ပါဦး ကျွန်တော်တို့ စက်မှု့ဇုန်အခြေအနေကို ဆွေးနွေးကြရအောင်..”
ဝမ်ယုံဝမ် ဝမ်းမြောက်ဝမ်းသာ သဘောတူ လိုက်ကာ ရယ်မောရင်း ပြောလိုက်သည်။
“ဟားဟား ကျွန်တော်..ဒီလိုကောင်းတဲ့ ကားထဲမှာ တစ်ခါမှ မစီးဖူးပါဘူး.. ဒီနေ့ တော့ မစ္စတာလျူရဲ့ ဂုဏ် နဲ့ စီးရတာပေါ့”
လျူယောင်နဲ့ ဝမ်ယုံဝမ်တို့က ရိုးလ်-ရွိုက်စ်ကားထဲသို့ ဝင်ရောက်ကြပြီး ကျန်လူများ တစ်ယောက်ပြီးတစ်ယောက် အခြားကားထဲ ဝင်ရောက်ခဲ့ကြသည်။ ကားအချို့ပါဝင်တဲ့ ယာဉ်တန်း ထွက်ခွာ လာပြီး ခရိုင်စက်မှုဇုန်သို့ ဦးတည်သွား ခဲ့သည်။
ကားရဲ့ နောက်ခန်းတွင် လျူယောင်နှင့်အတူ ထိုင်နေတဲ့ ဝမ်ယုံဝမ်က ဒီအရာအားလုံးဟာ အိပ်မက်တစ်ခုနှင့်တူတယ်လို့ ခံစားနေ ရသည်။
“မစ္စတာလျူ.. ခင်ဗျားရဲ့ ရင်းနှီးမြှုပ်နှံမှု့က ကျွန်တော်တို့ စက်မှု့ဇုန်ထဲမှာပဲ ရှိရပါ မယ်..ကျွန်တော်တို့ဘက်က အကောင်းဆုံး ကူညီမှု့ကို ပေးနိုင်ပါတယ်.. မြေကွက်ကို အခမဲ့ပေးမယ် သုံးနှစ်အတွင်း အခွန်လွတ် ပေးပါ့မယ်..”
သူက ဒီရင်းနှီးမြှုပ်နှံမှု့ကို ထိန်းသိမ်း ထားနိုင်ရန်အစီအမံကောင်း များစွာကို တစ်ဆက်တည်း ပြောလိုက်ပြီး သူ အစွမ်း ကုန် ကြိုးစားရန် အသင့်ဖြစ်နေသည်။
လျူယောင် ပြုံးပြီး ပြောလိုက်၏။
“စက်မှုဇုန်ရဲ့ အခြေအနေတွေ လက်ခံနိုင် သရွေ့တော့ ကျွန်တော့် ရင်းနှီးမြှုပ်နှံမှု့ကို ဒီနေရာမှာ ထားနိုင်ပါတယ်”
လျူယောင်ရဲ့ စကားကို ကြားတဲ့အခါ ဝမ်ယုံဝမ် စိတ်သက်သာရာ ရသွားသည်။ ဒီကိစ္စတွင် ကြီးမားတဲ့ မျှော်လင့်ချက်များ သူ့တွင် ရှိနေသည်။
“မစ္စတာလျူ ခင်ဗျား လုပ်ချင်တာက ချပ်ပြားထုတ်လုပ်တဲ့ လုပ်ငန်းပဲ.. အကြမ်းဖျင်းအားဖြင့် ဘယ်လိုမျိုး ချပ်ပြား လုပ်ငန်းမျိုးလဲ...”
ခရိုင်ဝန်ဝမ် စူးစမ်းကာ မေးမြန်းလိုက်၏။
သူက ၅၀ နာနိုမီတာထက် ပိုတဲ့အ လယ်အလတ်အဆင့်နှင့် အနိမ့်ဆုံးအဆင့် ချပ်ပြား ထုတ်လုပ်မူ့များ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းခဲ့သည်။
“ကျွန်တော်တို့ ချပ်ပြား ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုကို တည်ထောင်နေပါ တယ်.. အဓိကလုပ်ငန်းက ချပ်ပြားထုတ်လုပ်တဲ့ လုပ်ငန်းပါပဲ..ကျွန်တော်တို့က ဟွာဟိုင်း မြို့မှာ နံပါတ် ၁ စက်ရုံကို တည်ဆောက်ဖို့ စီစဉ်ထားပြီး ၅-နာနိုမီတာ ချပ်ပြား ထုတ် လုပ်မှု့ နည်းပညာနဲ့ လုပ်မှာပါ.. ရင်းနှီးမြှုပ် နှံမှုက ၂၀ ဘီလျံကျော် ရှိပြီး စက်ရုံက ဧက ၅၀၀ ခန့် ကျယ်ဝန်းပါ့မယ်..”
“နံပါတ် ၁ စက်ရုံအပြင် ကျွန်တော်တို့က ဟွာဟိုင်းမြို့အနီးတစ်ဝိုက်က မြို့တစ်မြို့မှာ နံပါတ် ၂ စက်ရုံကို တည်ဆောက်ဖို့ စီစဉ် ထားပြီး အဓိကအားဖြင့် ၈-နာနိုမီတာ နည်းပညာနဲ့ လုပ်မှာပါ..စက်ရုံဧရိယာက ဧက ၅၀၀ ကျော် ရှိပါ့မယ်.. စီစဉ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှု့က ၁၅ ဘီလျံ ဖြစ်ပြီး ၁၅ ဘီလျံကျော်လွန်နိုင်ပါတယ်...”
"အိုး ဘုရားသခင်.. "
" ဒါက ၅-နာနိုမီတာနဲ့ ၈-နာနိုမီတာ လုပ်ငန်းစဉ်လေ.. "
ကျင်းဖန်းခရိုင်တွင် ဒီလိုစက်ရုံမျိုးသာ ရှိပါက အလုပ်အကိုင်များစွာကို တိုးမြှင့် ပေးနိုင်ရုံသာမက အခွန်ဘဏ္ဍာ ငွေများ စွာကိုလည်း ရရှိစေပြီး GDP လည်း နှစ်ဆတိုးလာနိုင်သည်။
ဒါ့အပြင် ကျင်းဖန်းခရိုင်ကလည်း နာမည် ကြီးလာမှာ သေချာပေသည်။ ယခုအချိန် တွင် အမည်မသိဖြစ်နေပေမဲ့ ရုတ်တရက် ကမ္ဘာတစ်ဝန်းလုံးတွင် လူသိများလာ တော့ မှာပဲ ဖြစ်သည်။
ဝမ်ယုံဝမ်က ဒီရင်းနှီးမြှုပ်နှံမှု့ကို ဘယ် နည်းလမ်းဖြင့်မဆို ထိန်းသိမ်းထားရမယ်ဘို့ သူ့စိတ်ထဲတွင် တွေးလိုက်သည်။
ခဏအကြာတွင် ယာဉ်တန်းက ခရိုင်စက် မှု့ဇုန်၏ ဂိတ်ပေါက်သို့ ရောက်ရှိလာခဲ့သည်။ စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီမှ အရာ ရှိများက အသင့်ရှိနေကြပြီး လူတိုင်း တစ် ယောက်ပြီးတစ်ယောက် ကားပေါ်မှ ဆင်းလာကြသည်။
ကားပေါ်မှ ဆင်းပြီးနောက် ခရိုင်ဝန်ဝမ် ပြောလိုက်သည်။
“မစ္စတာလျူ..ဒုမြို့တော်ဝန်ကျန်း အခုပဲ ရောက်လာပါပြီ..ကျွန်တော် ဒုမြို့တော် ဝန်ကျန်းကို အရင်သွားကြိုပြီးမှ ခင်ဗျား နဲ့အတူ စက်မှု့ဇုန်ထဲကို ဝင်ရောက် စစ်ဆေး ပေးပါ့မယ်...”
လျူယောင် ခေါင်းညိတ်ကာ သဘောတူ လိုက်၏။
“ပြဿနာမရှိပါဘူး.. အလျင်မလိုပါဘူးဗျာ.. "
အခုအချိန်က အတော်လေး စောနေသေးပြီး လျူယောင်တွင်လည်း အခြားလုပ်စရာ မရှိသဖြင့် ဒုမြို့တော်ဝန်ကျန်းကို စောင့်ရ ခြင်းက အရေးမကြီးပေ။
လူတိုင်း ဒုမြို့တော်ဝန်ကျန်းရဲ့ ရောက်ရှိ လာမှု့ကို ကြိုဆိုရန် ဂိတ်ပေါက်တွင် ရပ် နေကြသည်။ လျူယောင်ကတော့ စက်မှုဇုန် ဂိတ်ပေါက်မှ အတွင်းဘက်သို့ ကြည့်နေ သည်။
ဒီ စက်မှု့ဇုန်က ဧရိယာအလွန်ကျယ်ဝန်းပြီး ခရိုင်အဆင့် စက်မှု့ဇုန်နှင့် လုံးဝမတူ ကြောင်း ကို မြင်နိုင်သည်။ အတွင်းပိုင်းတွင် သုံးခုချိ တ်ဆက်ထားပြီး တစ်ခုညှိထားပြီးဖြစ်ကာ စက်မှု့ဇုန်အတွင်းရှိ ကတ္တရာလမ်းများလည်း တည်ဆောက်ပြီးသား ဖြစ်သည်။
တစ်တစ်ခုတည်းသော အားနည်းချက်သာ ရှိသည်။ ရင်းနှီးမြှုပ်နှံမှု့ကို ဆွဲဆောင် တဲ့လုပ်ငန်းက သိပ်မကောင်းလှပေ။ စက်မှုဇုန်ထဲတွင် ကုမ္ပဏီနှစ်ခု သုံးခုသာရှိပြီး မြေရဲ့ သုံးပုံနှစ်ပုံကျော်က အလဟဿ ဖြစ်နေသည်။
“လာပြီပဲ..”
လျူယောင် ရှေ့ကိုကြည့်လိုက်တဲ့အခါ ကားမဲသုံးစီးက စက်မှု့ဇုန်ရဲ့ဂိတ်ပေါက်ဆီ မောင်းလာတာကို တွေ့လိုက်ရသည်။
လူအုပ်စုတစ်စု ကားပေါ်မှ ဆင်းလာပြီး ဝမ်ယုံဝမ် ချက်ချင်းပင် နှုတ်ဆက်ရန် သွားလိုက်သည်။ ပထမဆုံးအနေဖြင့် အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးနဲ့ သူ လက်ဆွဲနှုတ်ဆက်နေသည်။ ထိုလူက ဒုမြို့တော်ဝန်ကျန်း ဖြစ်လောက်မည်။ ထို့နောက် အခြားအရာရှိများနှင့် တစ်ဦးပြီး တစ်ဦး လက်ဆွဲနှုတ်ဆက်ပြန်သည်။
“မြို့တော်ဝန်ကျန်း.. ကျွန်တော် မိတ်ဆက် ပေးပါရစေ...”
“ဒါက Universal ရဲ့ သူဌေး မစ္စတာ လျူယောင်ပါ..မစ္စတာလျူက ကျွန်တော်တို့ ကျင်းဖန်းခရိုင်ကပါပဲ...”
ဒုမြို့တော်ဝန်ကျန်းရဲ့ မျက်လုံးများ တောက် ပလာပြီး တက်ကြွစွာ ရှေ့ကို နှစ်လှမ်း တက် လာကာ သူ့ညာလက်ကို ဆန့်တန်းလိုက် သည်။
“မစ္စတာလျူ..ခင်ဗျားရဲ့ နာမည်ကို အရင်တည်းက ကြားဖူးပါတယ်..ခင်ဗျားနဲ့ တွေ့ချင်နေတာကြာပါပြီ.. ဒါပေမဲ့ အခွင့်အရေး မရခဲ့ဘူး..”
Universal ဆိုတာ ဘီလျံရာနှင့်ချီတဲ့ ကုမ္ပဏီ ကြီးဖြစ်ပြီး ဒုမြို့တော်ဝန်ကျန်းအတွက် လုံးဝကို ထိုက်တန်ပါသည်။
ဒုမြို့တော်ဝန်ကျန်းကို လျူယောင် လက်ဆွဲနှုတ်ဆက်ပြီး အသံကျယ်ကျယ် .ပြောလိုက်သည်။
“မြို့တော်ဝန်ကျန်းက ယဉ်ကျေးလိုက် တာ...”
နှစ်ယောက်သား ယဉ်ကျေးစွာ နှုတ်ဆက်ပြီ းနောက် ဝမ်ယုံဝမ်က အစီရင်ခံလိုက်သည်။
“မြို့တော်ဝန်ကျန်း..မစ္စတာလျူက ကျွန်တော်တို့ ခရိုင်စက်မှု့ဇုန်မှာ ၁၅ ဘီလျံကျော် ရင်းနှီးမြှုပ်နှံခဲ့ပြီး ကြီးမားတဲ့ ချစ်ပ်ပြားဖောင်ဒရီစက်ရုံတစ်ခု တည်ဆောက်ဖို့ စိတ်ဝင်စားနေပါတယ်...”
"ဘာ..."
"၁၅ ဘီလျံကျော် ရင်းနှီးမြှုပ်နှံမှု့လား.."
ဒုမြို့တော်ဝန်ကျန်း ပိုမိုစိတ်အား ထက် သန်လာပြီး သူ့ဇာတိမြို့မှ ပြည်သူများ ကိုယ်စား လျူယောင်ရဲ့ ရင်းနှီးမြှုပ်နှံမှု့ကို ကျေးဇူးတင်ကြောင်း အထပ်ထပ် ပြော ကြားခဲ့သည်။
ထို့နောက် လူအုပ်စုက စက်မှုဇုန်ထဲ လျှောက် လှမ်းဝင်ခဲ့ကြသည်။ လျူယောင်နှင့် ဒုမြို့ တော်ဝန်ကျန်းတို့က ဦးဆောင်ပြီး ခရိုင်ဝ န်ဝမ်ပင် အနောက်တွင် အနည်းငယ် ကျန် ရစ်နေကာ လူအုပ်စုကြီးက နောက်ကနေ လိုက်ပါလာခဲ့သည်။
ဝမ်ယုံဝမ်က စက်မှု့ဇုန်ရဲ့ အခြေအနေကို ဒုမြို့တော်ဝန်ကျန်းထံ အစီရင်ခံ နေပုံ ပေါ်ပေမဲ့ အမှန်တကယ်တွင်တော့ သူက စက်မှု့ဇုန်ရဲ့ အခြေအနေကို လျူယောင်ထံ မိတ်ဆက်ပေးနေခြင်းပဲ ဖြစ်သည်။
ဝမ်ယုံဝမ်ရဲ့ မိတ်ဆက်စကားကို နားထောင် ရင်း လျူယောင် စက်မှု့ဇုန် နေရာကို သေချာ စစ်ဆေးခဲ့သည်။
ဥပမာအားဖြင့် စက်မှုဇုန်၏ ဧရိယာ၊ အတိုင်း အတာ၊ ဟာ့ဒ်ဝဲအဆောက်အဦများ၊ သွားလ ာရေးအခြေအနေများ စသည်တို့ဖြစ်သည်။
စစ်ဆေးပြီးနောက် လူအုပ်စုက ခရိုင်အစိုး ရကို ပြန်လာခဲ့ပြီး အစည်းအဝေး ခန်းမကြီး တွင် ထိုင်ခဲ့ကြသည်။
ဒုမြို့တော်ဝန်ကျန်းက ပြောလိုက်သည်။
“မစ္စတာလျူ ကျွန်တော်တို့ ခရိုင်စက်မှု့ဇုန်က မဆိုးပါဘူး..ခင်ဗျားရဲ့ ရင်းနှီးမြှုပ်နှံမှု့ကို ဒီမှာသာ လုပ်မယ်ဆိုရင် ကျွန်တော်တို့က အကျိုးခံစားခွင့်များစွာကို ပေးနိုင်ပါ တယ်...”
လျူယောင် ကျေနပ်စွာ ပြုံးလိုက်၏။ သူ အလိုချင်ဆုံးက အကျိုးခံစားခွင့်များစွာပဲ ဖြစ်သည်။
“ဘယ်လို အကျိုးခံစားခွင့်တွေ ရှိပါသလဲ မြို့တော်ဝန်ကျန်း.....”
လျူယောင် သိလိုစိတ်နဲ့ မေးလိုက်သည်။