ဘလူးဝေးလ် ရောက်လာပြီ
Vol. 22 Ch. 316
ဒုမြို့တော်ဝန်ကျန်းက အကျိုးခံစားခွင့် များစွာကို ပြောကြားခဲ့သည်။
အခမဲ့ မြေကွက်က အခြေခံအကျဆုံးပဲ ဖြစ်၏။ သူ က Universal အတွက် စုစုပေါင်း ဧက ၇၀၀ ကျော်ကို စက်မှု့ဇုန်တွင် အခမဲ့ ပေးမယ်လို့ ကတိပေးခဲ့သည်။
ဒီအခမဲ့ပေးခြင်းတစ်ခုတည်းဖြင့် Universal က ပိုက်ဆံများစွာကို ချွေတာနိုင်ခဲ့သည်။
ဒါ့အပြင် ခရိုင်ဝန်ဝမ်က ကတိပေးခဲ့တဲ့ ၃ နှစ်အခွန်လွတ် အစား ၅ နှစ်အခွန်လွတ်လို မျိုးအခြားအရေးကြီးတဲ့ အကျိုးခံစားခွင့် များစွာလည်း ရှိသေးသည်။
ဒီအကျိုးခံစားခွင့်များကို ကြားတဲ့အခါ လျူယောင် စိတ်ထဲကနေ ပျော်ရွှင်စွာ တွေးလိုက်သည်။
“ဒါက တကယ်ကို အရသာရှိတာပဲ.."
" လူတိုင်းက ဒီလောက် စိတ်ရင်းမှန်နေ ကြတာမို့...Universal ရဲ့ နံပါတ် ၂ စက်ရုံကို ကျင်းဖန်းခရိုင်စက်မှုဇုန်မှာ တည်ဆောက်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်ပါပြီ..."
" ဖြောင်း.. ဖြောင်း..ဖြောင်း..ဖြောင်း.."
လျူယောင်ရဲ့ အသံထွက်ပေါ် လာတာ နဲ့တစ်ပြိုင်နက် အစည်းအဝေးခန်းမထဲတွင် အလွန်အားတက်ဖွယ်ကောင်းတဲ့ လက် ခုပ် သံများ ပေါ်ထွက်လာသည်။
အထူးသဖြင့် ကျင်းဖန်းခရိုင်မှ ခေါင်းဆောင် များဖြစ်တဲ့ ဝမ်ယုံဝမ်မှအစ အောက် ခြေ အထိ သူတို့ရဲ့ မျက်နှာများပေါ်တွင် သိသိ သာသာ စိတ်လှုပ်ရှားမှု့များ ပေါ်နေသည်။
ကျင်းဖန်းခရိုင်အတွက် ဒါက အခြေခံ အုတ် မြစ်ဖြစ်မဲ့ အရေးကြီးတဲ့ အဖြစ် အပျက် တစ်ခု ဖြစ်လာမှာပဲဖြစ်သည်။ ဒါက အလုပ် အကိုင် ထောင်ပေါင်းများစွာ သောင်း ပေါင်းများစွာကို ပေးနိုင်ရုံသာမက GDP ကိုလည်း အလွန်အမင်း လှုံ့ဆော်ပေး လိမ့် မည်။
နံပါတ် ၂ စက်ရုံ ပြီးစီးပြီးနောက်တွင် နှစ်စဉ် ထုတ်လုပ်မှု့တန်ဖိုးက အနည်းဆုံး 10 ဘီလျံ ဖြစ်လာလိမ့်မည်။ဒါပေမဲ့ ယခုအချိန်တွင် ကျင်းဖန်းခရိုင်ရဲ့ စုစုပေါင်း GDP က ၁၀ ဘီလျှံံသာ ကျော်လွန်သေးသည်။
လျူယောင်လည်း စိတ်သက်သာရာရ သွား၏။ နံပါတ် ၂ စက်ရုံကို ကျင်းဖန်း ခရိုင်တွင် တည်ထောင်ခြင်းမှာ မဆိုးပေ။ အနည်းဆုံး ဟွာဟိုင်းမြို့နှင့် သိပ်မဝေးတာ ကြောင့် ကားနဲ့ဆို နှစ်နာရီခွဲသာ မောင်း ရသည်။
ဒီသတင်းက ကျင်းဖန်းခရိုင်တွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
“အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းတယ် ကွာ ..ဒီလို ရင်းနှီးမြှုပ်နှံမှု့ကြီးက အရမ်းကောင်း တာပဲ...”
“Universal ရဲ့ လုပ်ခလစာက မြင့်တယ်.. အကျိုးခံစားခွင့်တွေလည်း ကောင်းတယ်လို့ ကြားတယ်..Universal ချပ်ပြား စက်ရုံက လည်း အတူတူပဲ ဖြစ်လိမ့်မယ်...”
“ကျွန်တော် ဆုံးဖြတ်လိုက်ပြီ. .အပြင် ထွက် ပြီး အလုပ် မလုပ်တော့ဘူး.. Universal စက်ရုံံထဲ ဝင်ကိုဝင်မယ်... ”
လမ်းတိုင်းနဲ့ လမ်းသွယ်များတွင်သာမက လူတိုင်းရဲ့ဝီချက်အဖွဲ့တွင် ဒီကိစ္စကိုပဲ ပြောနေကြသည်။ ကျင်းဖန်းခရိုင်မှ လူများက နှစ်သစ်ကူးပွဲတော်ကို ကျင်းပ နေပုံရပြီး သူတို့ရဲ့ မျက်နှာများတွင် ပျော်ရွှင်မှု့များ ပြည့်နှက်နေကြသည်။
လျူယောင် ကျင်းဖန်းခရိုင်တွင် နှစ်ည နေခဲ့၏။ လီချန်လဲ့လည်း သူမရဲ့ မိဘများ နှင့် နှစ်ရက်နေပြီးနောက် ဟွားဟိုင်မြို့ကို ပြန်တော့မှာပဲဖြစ်သည်။
ကားနှစ်စီး မောင်းနှင်လျက် ရှိနေသည်။ ရှေ့မှ မာစီဒီး-ဘင့်ဇ် ဘစ်ဂျီက မောင်းပြီး နောက်မှ ရိုးလ်-ရွိုက်စ် က လိုက်ပါလာ ခဲ့သည်။
သူ ရောက်လာတုန်းကနှင့် အနည်းငယ် ကွဲပြားနေသည်။ လျူယောင် ထွက်သွား သောအခါ လူအများအပြား ရှိနေပြီး ခရိုင်ဝန်ဝမ်နဲ့ အခြားသူများက သူ့ကို စိတ်အားထက်သန်စွာ နှုတ်ဆက်လိုက် ပို့ခဲ့ကြသည်။
လျူယောင် ဟွာဟိုင်းမြို့ကို ပြန်ရောက် လာခဲ့သည်။
လျူယောင် ပြန်ရောက်ပြီး ဒုတိယနေ့တွင် ရုံးခန်း ဝင်ထိုင်ကာ မကြာခင်မှာပဲ ကျိုးယ န်က အစီရင်ခံရန် ရောက်လာခဲ့သည်။
“သူဋေး ယင်ဟိုင်းမြို့ရဲ့ မြို့တော်ဝန် ကျောင်း ရောက်နေပါတယ်...သူက ဒီကို အထူးခရီးစဉ်နဲ့ လာရောက် လည်ပတ်တာ ပါ”
" ယင်ဟိုင်းမြို့ကလား ..."
"ဒါက ပြည်နယ်အဆင့် မြို့တစ်မြို့ဖြစ်ပြီး ဟွာဟိုင်းမြို့ကနေဆို ကားဖြင့် လေးနာရီ ခန့် သာ မောင်းရသည်။
လျူယောင်က ဒီမြို့တော်ဝန်ကျောင်း ကိုယ်တိုင်လာရောက်ခြင်းမှာ ကျင်းဖန်း ခရိုင်တွင် ယွမ် ၁၅ ဘီလျံကျော် ရင်းနှီးမြှုပ် နှံရန် စီစဉ်နေတာကို ကြားခဲ့တာကြောင့် ဒီရင်းနှီးမြှုပ်နှံမှု့အတွက် လာရောက်ခြင်း ဖြစ်ကြောင်း ချက်ချင်း နားလည်လိုက် သည်။
အများအားဖြင့် သူတို့က လျူယောင်ကို ယင်ဟိုင်းမြို့တွင် ဒီလို ကြီးမားတဲ့ ပိုက်ဆံကို ရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြသည်။
အခြားတစ်ဖက်က လာရောက်ရခြင်း၏ အကြောင်းအရင်း ကို နားလည်လိုက်တဲ့အခါ လျူယောင် ပြောလိုက်သည်။
“ငါ မရှိဘူး...မင်းက ငါ့ကိုယ်စား လက်ခံပေ းပါ..”
“ဟုတ်ကဲ့ပါ သူဋေး..”
ကျိုးယန်က ပြန်ဖြေလိုက်သည်။
နောက်ရက်အနည်းငယ်အတွင်း အနီးအနားရှိ ခရိုင်များနှင့် မြို့များမှ အရာရှိများ တစ် ယောက်ပြီးတစ်ယောက် လာရောက်လည် ပတ်ခဲ့ကြသည်။ ရည်ရွယ်ချက်က အတူတူပ င်ဖြစ်ပြီး လျူယောင်၏ ရင်းနှီးမြှုပ်နှံမှု့ကို သူတို့ရဲ့ ခရိုင်များတွင် ထားရှိရန် မျှော်လင့် နေ ကြသည်။
Universal ချပ်ပြားစက်ရုံကို ကျင်းဖန်း ခရိုင် နှင့် တရားဝင်စာချုပ် ချုပ်ပြီးမှသာ ထိုခရိုင် များနဲ့မြို့များမှ အရာရှိများ ရပ်တန့် သွားကြ သည်။ စာချုပ်ချုပ် ဆိုပြီး နောက် မျှော်လင့် ချက် သိပ်မရှိတော့ကြောင်း သူတို့သိသွားကြ ပုံရသည်။
Universal ချပ်ပြားထုတ်လုပ်ရေးစက်ရုံကို တရားဝင် တည်ထောင်ခဲ့သည်။ ဟူဂျွန်းရှီက အထွေထွေမန်နေဂျာအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။ ပထမဆုံး ဒုတိယ အထွေထွေမန်နေဂျာက လင်းကျွင်းဖြစ်၏ ။ ဒီလူက လူရှာဖွေရေးကုမ္ပဏီမှ ခန့်ထားတဲ့ ထူးချွန်တဲ့ပညာရှင်ဖြစ်ကာ ချပ်ပြား ထုတ်လုပ်ရေးလုပ်ငန်းတွင် ကျွမ်းကျင်သူလ ည်း ဖြစ်သည်။
မမျှော်လင့်ဘဲ ဟွမ်ကွမ်းက Universal စက်ရုံရဲ့ ဒုတိယအထွေထွေမန်နေဂျာအဖြစ် ရာထူးတိုးမြှင့်ခံရပြီး လင်းကျွင်းပြီးနောက် ဒုတိယနေရာတွင် ရှိနေခဲ့သည်။
တစ်နည်းအားဖြင့် Universal ချပ်ပြား စက်ရုံ၏ ခေါင်းဆောင်များကို နေရာယူ ထားတယ်လို့ ယူဆရလို့ရပြီး စီမံခန့်ခွဲမှု့အ ဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့သည်။
စုစုပေါင်း စက်ရုံကြီးနှစ်ရုံ ရှိ၏။ နံပါတ် ၁ စက်ရုံက ဟွာဟိုင်းမြို့တွင် ဧက ၃၅၀ ကျော် ကျယ်ဝန်းပြီး ရင်းနှီးမြှုပ်နှံမှု့ ၂၀ ဘီလျံ ကျော်ရှိသည်။ နံပါတ် ၂ စက်ရုံက ကျင်းဖန်း ခရိုင်စက်မှု့ဇုန်တွင် တည်ရှိပြီး ဧက ၆၀၀ ကျော် ကျယ်ဝန်းကာ စီစဉ်ထားတဲ့ ရင်းနှီးမြှု ပ်နှံမှု့ ၁၅ ဘီလျံကျော်ရှိပေသည်။
.......
ပင်လယ်ပြင်တွင်...
ဘလူးဝေးလ် ရွက်လွှင့်နေခဲ့သည်။၎င်းက အတ္တလန္တိတ်သမုဒ္ဒရာထဲသို့ အောင်မြင်စွာ ဝင်ရောက်ခဲ့ပြီး သူတို့ဦးတည်ရာကို သိပ်မဝေးတော့ပေ။
ရမ်ဇီကွမ်းက ကပ္ပတိန်အခန်းတွင် ရပ်နေပြီး မှန်မှတစ်ဆင့် အဆုံးမရှိတဲ့ ပင်လယ်ပြင်ကို ကြည့်ကာ စိတ်ထဲကနေ ပြောလိုက်သည်။
“ဟူး ..ရက်ပေါင်း ၂၀ ကြာသွားပြီး ရေမိုင် ၁၀၀၀၀ ကျော် ရွက်လွှင့်ပြီးနောက် နောက် ဆုံးတော့ ငါတို့ ရောက်တော့မှာပဲ...”
သူဋေး၏ ညွှန်ကြားချက်များကို မှတ်မိ သဖြင့် သူက ဘလူးဝေးလ်မှာ တစ်နာရီ ခန့်အတွင်း ဦးတည်ရာ ရောက်ရှိမှာကို အတည်ပြုပြီးနောက် ဂြိုဟ်တုဖုန်းကို ကောက်ကိုင်လိုက်သည်။
“သူဋေး ကျွန်တော်က ‘ဘလူးဝေးလ်’ရဲ့ ကပ္ပတိန် ရင်ဇီကွမ်းပါ...”
ထိုအချိန် ဟွာဟိုင်းမြို့တွင် ညဉ့်နက်နေပြီး လျူယောင်လည်း အိပ်ရာဝင်နေပြီ ဖြစ် သည်။
ရင်ဇီကွမ်းထံမှ ဖုန်းခေါ်သံကို ကြားတာနှင့် လျူယောင်၏ အိပ်ချင်စိတ်အားလုံး ပျောက်သွားခဲ့သည်။ဒီဘလူးဝေးလ်က တည်နေရာကို ရောက်ရှိနေပုံရသည်။
“ကပ္ပတိန်ရမ် ခင်ဗျားတို့ အခု ရောက်တော့ မလား..”
“သူဋေး..ပြောထားတဲ့ နေရာကို ရောက်ဖို့ နောက်ထပ် တစ်နာရီလောက် လိုပါသေး တယ်”
လျူယောင်က ဘလူးဝေးလ် နောက် ဆုံး တော့ ရောက်တော့မှာကို ဝမ်းသာသွားပြီး သတိပေးလိုက်သည်။
“ခင်ဗျားတို့ တည်နေရာကို ရောက်တဲ့အခါ ကျွန်းမရှိတဲ့နေရာကို တွေ့လိမ့်မယ်..ကျွန်းရဲ့ အနောက်တောင်ဘက်မှာ ကမ်းခြေ တစ်ခု ရှိပြီး အဲ့ ကမ်းခြေမှာ ကွန်တိန်နာ ကြီးလေး လုံးရှိတယ်.. ခင်ဗျားတို့ရဲ့ တာဝန်က အဲဒီ ကွန်တိန်နာ လေးလုံးကို မပျက်မစီးဘဲ ပြန်သယ်လာဖို့ပဲ..”
“ဟုတ်ကဲ့ပါ သူဋေး "
ကပ္ပတိန်ရင်ဇီကွမ်းက ယုံကြည်မှု့ အပြည့် ဖြင့် ပြန်ဖြေလိုက်သည်။
“ကျွန်တော်တို့ တာဝန်ကို အောင်မြင်စွာ ပြီးမြောက်အောင် လုပ်ခဲ့ပေးပါ့မယ်”
ရင်ဇီကွမ်းကို စကားအနည်းငယ် ပြောပြီး နောက် လျူယောင် တတိယအမြင်ကို ဖွင့်ကာ လိပ်ကြီးနဲ့ဆက်သွယ်လိုက်သည်။
လိပ်ကြီးက အစာ စားပြီးနောက် အမည်မသိကျွန်းပေါ်တွင် အိပ်ပျော်နေပြီး ထိုကွန်တိန်နာကြီးများကလည်း ဘေးတွင် ရှိနေသည်။
" ငါ့ကောင်ရေ ထပြီး အလုပ်လုပ်တော့..”
လျူယောင် ပြောလိုက်၏။
အိပ်ပျော်နေရာမှ လိပ်ကြီး နိုးလာခဲ့သည်။
“အာ ...သခင် ပြောပါ ကျွန်တော် ဘာလုပ် ပေးရမလဲ...”
လိပ်ကြီး မေးလိုက်၏။
“မင်း..အခု ဒီကွန်တိန်နာလေးလုံးကို ကမ်း စပ်မှာထားလိုက်...နည်းနည်းလေး ပေါ်နေ အောင် လုပ်နိုင်ရင် အကောင်းဆုံးပဲ...”
လိပ်ကြီး အလုပ်စတင်လိုက်ပြီး မိနစ်အ နည်းငယ်အတွင်း ပထမဆုံး ကွန်တိန်နာကို အမည်မသိကျွန်းရဲ့ အနောက် တောင်ဘက် က ကမ်းခြေကို ရွှေ့လိုက်သည်။ ကွန်တိန်နာ တစ်ဝက်က ရေထဲတွင် တဖြည်းဖြည်း နစ် မြုပ်နေလိမ့်သည်။
ဒီကွန်တိန်နာလေးလုံးက အလူမီနီယမ် အလွိုင်း များနဲ့ထုပ်ပိုးထားတဲ့ သေတ္တာ များဖြစ်တာကြောင့် အလွန်ကောင်းမွန်စွာ ချိတ်ပိတ်ထားသဖြင့် ရေဝင်ရောက်မှာကို စိုးရိမ်စရာ မလိုပေ။
“ရေထဲကို နည်းနည်း ထပ်ရွှေ့လိုက်ဦး ဟုတ်ပြီ အဲ့လိုပဲ.. "
လျူယောင်ရဲ့ လမ်းညွှန်မှု့ အောက်တွင် လိပ်ကြီး ပထမဆုံး ကွန်တိန်နာကို ရွှေ့ပြီး နေရာချလိုက်သည်။
ကွန်တိန်နာတစ်ဝက်ကျော်က ရေထဲတွင် ရှိနေပြီး ရေတက်လာချိန်တွင် ရမ်ဇီကွမ်း ရောက်လာတဲ့အခါ ကွန်တိန်နာက ပေါ်နေ မှာပဲ ဖြစ်သည်။
တန်ချိန် ဆယ်ဂဏန်းရှိတဲ့ ကွန်တိန်နာ တစ်ခုက ရေပေါ်တွင် ပေါ်နေပါက အခက်အ ခဲများစွာကို သက်သာစေမှာဖြစ်ပြီး ဘလူး ဝေးလ်သင်္ဘောပေါ်ကို တင်ရန် ပိုမိုလွယ် ကူစေမှာပဲ ဖြစ်သည်။
လိပ်ကြီးက ပထမဆုံး ကွန်တိန်နာကို ရွှေ့ပြီး နေရာချထားတဲ့ အတွေ့အကြုံကြောင့် နောက်ထပ် ကွန်တိန်နာသုံးလုံးလည်း ပိုမို ချောမွေ့သွားသည်။ လိပ်ကြီးက နည်းလမ်း ကို သိသွားပြီး အားလုံးကို ကမ်းစပ်တွင် ထားလိုက်၏။ ကွန်တိန်နာတစ်ခုစီကို ရေထဲတွင် စိမ်ထားတာကြောင့် မကြာမီ ပေါ်လာတော့မည်ဖြစ်သည်။
“ဟုတ်ပြီ.. အဆင်ပြေပြီ.. လိပ်ကြီး ပင်လယ် ထဲမှာ သွားပုန်းနေလိုက်.. ‘ဘလူးဝေးလ်’ ရောက်လာပြီး ကွန်တိန်နာလေးလုံးကို သင်္ဘောပေါ် တင်လိုက်တာနဲ့ မင်းရဲ့တာဝန် ပြီးဆုံးပြီ...”
ထိုစကားကို ကြားသောအခါ လိပ်ကြီး စိတ်သက်သာရာရသွားသည်။
ကွန်တိန်နာကြီးလေးလုံးကို ကာကွယ်ရန် အတွက် လိပ်ကြီးက ဒီ အမည်မသိကျွ န်းပေါ်တွင် ရက် ၃၀ နီးပါး နေခဲ့ပြီး သွားတဲ့ အကွာအဝေးကလည်း ကျွန်းမှ ရေမိုင် ၂၀၀ ထက် မကျော်ခဲ့ပေ။
တာဝန်က နောက်ဆုံးတွင် ပြီးဆုံးသွားပြီ ဖြစ်လို့ သူ ပိုမိုဝေးလံတဲ့နေရာကို သွား ရောက်ကာ အပန်းဖြေနိုင်ပြီပဲ ဖြစ်သည်။
ဥပမာအားဖြင့် ဒီကျယ်ပြန့်ပြီး နက်နဲတဲ့ အတ္တလန်တိတ်သမုဒ္ဒရာထဲကို လိပ်ကြီး ကောင်းစွာ မစူးစမ်းမရှာဖွေရသေးပေ။
လျူယောင်၏ ညွှန်ကြားချက်များအတိုင်း လိပ်ကြီး ပင်လယ်ထဲ ဝင်ရောက်သွားပြီး ဘလူးဝေးလ် ရောက်လာတာကို စောင့်ဆိုင်း ရင်းနဲ့ ပင်လယ်အောက်ခြေတွင် ယာယီအိပ် စက်လိုက်သည်။