← Chapters

စက်လေးလုံးကို ပြန်သယ် လာပြီ

Vol. 22 Ch. 317

စက်လေးလုံးကို ပြန်သယ် လာပြီ

Vol. 22 Ch. 317

ပင်လယ်ရေပြင်ပေါ်တွင် ဘလူးဝေးလ်က ရွက်လွှင့်နေသည်။

ကပ္ပတိန်ရမ်ဇီကွမ်းက ဂြိုဟ်တု လမ်းညွှန် မှု့ကို ကြည့်ပြီး ဦးတည်ရာ ဧရိယာနဲ့ နီးကပ် လာပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူက မှန်ပြောင်းဖြင့် ပင်လယ်ပြင်ကို ကြည့်လိုက် သည်။

“သူဋေး ပြောထားတာက ပစ္စည်းက.. ကျွန်း မရှိတဲ့နေရာရဲ့ အနောက်တောင်ဘက်က ကမ်းခြေမှာ ရှိတာတဲ့.. အရေးအကြီးဆုံး ကတော့ အဲဒီနေရာကို ရှာဖို့ပဲ...”

သူ စိတ်ထဲကနေ တွေးလိုက်၏။

“လူတိုင်း သေချာရှာကြ.. အဲဒီအမည် မသိတဲ့ကျွန်းမရှိတဲ့နေရာကို အမြန်ဆုံး ရှာကြ..အဲဒီ့နေရာက ငါတို့ သွားရမယ့် နေရာပဲ..”

အင်ဂျင်နီယာချုပ်၊ ပထမဦးစီးအရာရှိ၊ ဒုတိယအင်ဂျင်နီယာ၊ ဒုတိယဦးစီးအရာရှိနှင့် အခြားသူများက တစ်ယောက်ပြီး တစ် ယောက် မှန်ပြောင်းတစ်ခုစီနဲ့ ကြည့်လိုက် ကြသည်။

ကျယ်ပြောလှတဲ့ ပင်လယ်က မျက်စိတစ်ဆုံး ကျယ်ပြန့်နေပြီး ကျွန်းများ လုံးဝမရှိပေ။ ဒီနေရာက နိုင်ငံတကာရေလမ်းနဲ့လည်း အလှမ်းဝေးနေပြီး သင်္ဘောတစ်စီးမှ မရှိပေ။

“ကပ္ပတိန် ..ကျွန်တော် ကျွန်းကို မတွေ့ဘူး နော်..”

“ဟုတ်တယ်.. တစ်ခုမှ အရိပ်အယောင်မ တွေ့ဘူး...အဆုံးမရှိကျယ်ပြန့်နေပြီး ကျွန်း ငယ်လေး လုံးဝမရှိဘူး...”

လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် ပြောနေကြသည်။ ရမ်ဇီကွမ်း ဘာမှမပြောဘဲ မှန်ပြောင်းဖြင့် ပတ်ပတ်လည်ကို ကြည့် လိုက်ပြီးနောက် လက်ဝှေ့ယမ်းပြ လိုက် သည်။

“လာ..ငါတို့ အပေါ်ဆုံးထပ်ကို သွား ကြ မယ်..”

အမြင့်ဆုံးကနေ ရပ်ပြီး အဝေးကို ကြည့်နိုင် ပေသည်။

ကပ္ပတိန်ရမ်ဇီကွမ်း၏ ဦးဆောင်မှု့ အောက် တွင် လူအချို့က ဘလူးဝေးလ် အပေါ်ဆုံး ထပ်ကို တက်သွားကြပြီး မှန်ပြောင်းဖြင့် တစ်ယောက်ပြီးတစ်ယောက် ကြည့်လိုက် ကြသည်။

ရုတ်တရက် ဘလူးဝေးလ်၏ ဒုတိယအ ရာရှိက အော်ပြောလိုက်သည်။

“၁၀ နာရီဘက်ကို ကြည့်ပါဦး အဲ့ဒါ ကျွန်း ငယ်လေးလား”

ဒီစကားကို ကြားတဲ့အခါ လူတိုင်းက ၁၀ နာရီဘက် သို့ လှည့်ကြည့်လိုက်သည်။

ထိုနေရာက အလွန်ဝေးလံတဲ့နေရာတွင် ရှိပြီး ကောင်းစွာမမြင်နိုင်ပေမဲ့ ပင်လယ် ရေမျက်နှာပြင်ပေါ်တွင် အနက်ရောင်အ စက်အပြောက်ငယ်တစ်ခု ရှိနေပုံရသည်။

ကပ္ပတိန်ရမ်ဇီကွမ်း မှန်ပြောင်းဖြင့် နှစ်မိနစ် သုံးမိနစ်ကြာအောင် ဂရုတစိုက် ကြည့်လိုက် ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ဒါက ကျွန်းငယ်လေးဖြစ်လောက်မယ်.. ငါတို့ သွားရမယ့်နေရာ ဟုတ်လောက်မယ်...”

ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“အရှိန်တင်လိုက်.လမ်းကြောင်းပြောင်းပြီး ၁၀ နာရီဘက်ကို အရှိန်အပြည့်နဲ့ ရွက်လွှင့် ကြ...”

ဘလူးဝေးလ်ကို လမ်းကြောင်း ပြောင်း လိုက်ပြီး အင်ဂျင်ကို အမြင့်ဆုံးအထိ တိုးမြှင့် လိုက်ကာ လျင်မြန်စွာ ရွက်လွှင့်လာခဲ့သည်။

၁၀ မိနစ်ကြာပြီးနောက် အကွာအဝေးက ပိုမိုနီးကပ်လာပြီး ပိုမိုရှင်းလင်းစွာ မြင်လာခဲ့သည်။ မှန်ပြောင်းဖြင့်ကြည့်ရင် ဒါက ကျွန်းမရှိတဲ့နေရာတစ်ခုဖြစ်ကြောင်း အခြေခံအားဖြင့် ပြောနိုင်သည်။

ပတ်ပတ်လည်ကို ကြည့်လိုက်တဲ့အခါ ကျယ် ပြောတဲ့ ပင်လယ်ပြင်တွင် အခြား ကျွန်း ငယ်လေးများ မရှိပေ။ ဒါက မလွဲမ သွေ ကျွန်းငယ်လေးဖြစ်ကြောင်း ကပ္ပတိန် ရမ်ဇီကွမ်း သိလိုက်သည်။

“ဟုတ်တယ် ဒါပဲ..”

“ သေချာပေါက် ဒီနေရာပဲ...”

ကျွန်းကို ပိုမိုနီးကပ်လာတဲ့အခါ ကပ္ပတိန် ရမ်ဇီကွမ်း စိတ်သက်သာရာရသွားသည်။ ကွန်တိန်နာလေးလုံးကို ဘလူးဝေးလ် ပေါ်တွင် တင်လိုက်ပါက သူ၏ တာဝန် ထက်ဝက်ကျော်မှာ ပြီးဆုံးသွားပြီပဲ ဖြစ်သည်။

မိနစ်သုံးဆယ် လေးဆယ်ခန့်ကြာပြီးနောက် ဘလူးဝေးလ်က ကျွန်းငယ်လေးနဲ့ နီးကပ် လာခဲ့သည်။

မှန်ပြောင်းမပါဘဲပင် ကမ်းခြေပေါ်ရှိ ကွန်တိ န်နာကြီးလေးလုံးကို မြင်ရသည်။ အဲ့ဒါ တွေကို ပင်လယ်ရေထဲတွင် စိမ်ထားကာ ရေပေါ်နေပုံရသည်။

ဘလူးဝေးလ်းရဲ့ အရှိန်လည်း လျော့ကျလ ာပြီး မီတာရာနှင့်ချီ ရွက်လွှင့်ပြီးနောက် လုံးဝရပ်တန့်သွားသည်။

ရှေ့သို့ ထပ်ပြီး မရွက်လွှင့်နိုင်တော့ပေ။ ဘာ့ကြောင့်လဲဆိုတော့ ဘလူးဝေးလ်၏ တန် ၈၅၀၀ ရေစူးက ဆယ်မီတာကျော်သာ ရှိပြီး လက်ရှိတည်နေရာမှ ရေအနက်က မီတာ ၂၀ ခန့်သာရှိသဖြင့် ထပ် မသွားနိုင် တော့ပေ။ မဟုတ်ရင် ကမ်းတင်တာ ဖြစ်နိုင် ချေရှိသည်။

ဘလူးဝေးလ်ကို ရပ်တန့်ပြီးနောက် သင်္ဘော မှ လှေငယ်လေးနှစ်စီးကို လွှတ်လိုက်ရာ လှေငယ်လေးနှစ်စီးက ကမ်းခြေဘက်သို့ လျင်မြန်စွာ ဦးတည်သွားခဲ့ကြသည်။ လူတိုင်းက ဘလူးဝေးလ်ပေါ်တွင် ရပ်နေပြီး လှေငယ်လေးနှစ်စီးကို ကြည့်နေကြသည်။

လှေငယ်လေးနှစ်စီး ကမ်းခြေကို မကြာမီ ရောက်ရှိလာပြီး လှေပေါ်မှ လူများက ကွန်တိန်နာကို ကြိုးများနဲ့ ချည်နှောင် တော့ သည်။ လှေငယ်လေးတစ်စီးက ကွန်တိန်နာ ကြီးတစ်ခုကို ဆွဲယူလာပြီး ဖြည်းဖြည်းချင်း ရောက်လာခဲ့သည်။

အရှိန်က အရမ်း မမြန်ပေ။တန်ချိန် ဆယ်ဂဏန်းရှိသော ကွန်တိန်နာများကို ဆွဲယူလာတာကြောင့် ဖြစ်သည်။ မိနစ်အနည်းငယ်ကြာပြီးနောက် အဲ့ဒါတွေက ဘလူးဝေးလ်ရဲ့ ဘေးကို ရောက်ရှိလာသည်။

ထို့နောက် လုပ်ရမှာက ရိုးရှင်းသွား၏။ ဘလူးဝေးလ်က နာမည်ကြီးတဲ့ သယ်ယူ ပို့ဆောင်ရေးသင်္ဘောကြီးဖြစ်ပြီး တန်ချိန် ထောင်ပေါင်းများစွာရှိတဲ့ ပစ္စည်းများကို ချပေးနိုင်တာကြောင့် တန်ချိန်ဆယ် ဂဏန်း ရှိတဲ့ ကွန်တိန်နာတစ်ခုက အလွန်လွယ် ကူနေသည်။

ပင်မချိတ်ကို လုံးဝမလိုအပ်ဘဲ အရန်ချိတ်ကို ချပေးလိုက်ရုံဖြင့်ပင် လုံလောက်သည်။ ပထမဆုံး ကွန်တိန်နာကြီးကို ဘလူးဝေးလ် ပေါ်သို့ မ တင်လိုက်သည်။

တတိယ အမြင်မှတစ်ဆင့် အရာအားလုံးကို လျူယောင် ရှင်းရှင်းလင်းလင်း မြင်နေ ရသည်။ လိပ်ကြီးက မီတာရာနှင့်ချီဝေးတဲ့ ပင်လယ်ထဲတွင် ရှိနေသည်။

ပထမဆုံး ကွန်တိန်နာကို ဘလူးဝေးလ် ပေါ်သို့ အောင်မြင်စွာ တင်လိုက်တာကို မြင်ပြီးနောက် လျူယောင် သက်ပြင်းရှည် ကြီး ချလိုက်သည်။

ထို့နောက် ဒုတိယ၊ တတိယ၊ စတုတ္ထ ကွန်တိန်နာများကိုလည်း ဘလူးဝေးလ် ပေါ်ကို ချောချောမွေ့မွေ့ တင်လိုက်သည်။

ကွန်တိန်နာလေးလုံးစလုံး ဘလူးဝေးလ် ပေါ်ကို ရောက်ရှိလာခဲ့သည်။ အမှု့ထမ်းအ များအပြားက စိတ်ဝင်စားကြပြီး ကွန်တိန်န ာကြီးလေးလုံးကို ကြည့်လိုက်ကြသည်။

“ဒါတွေက ဘာတွေလဲ.. ဒီကွန်တိန်နာက ပုံမှန်ကွန်တိန်နာတွေနဲ့ မတူဘူး..အလူမီနီယမ် အလွိုင်းနဲ့ လုပ်ထားပုံပဲ ..”

“ကြည့်ပါဦး..ကွန်တိန်နာတွေမှာ အင်္ဂလိပ်စာ တွေ ရေးထားတယ်...”

အမှုထမ်းအချို့က အင်္ဂလိပ်စာကို နားလည် တာကြောင့် ကွန်တိန်နာပေါ်မှ အင်္ဂလိပ်စ ာများကို ဖတ်ပြီးနောက် သူတို့ အံ့အားသ င့်သွားကြသည်။

“ဘုရားရေ..ဒါက လစ်သိုဂရက်ဖီစက်ပဲ..”

“ဘာ လစ်သိုဂရက်ဖီစက်လား..”

“၅ နာနိုမီတာ စက်သာမက... ၈ နာနိုမီတာ စက်နှစ်လုံးစီလည်း ပါဝင်နေတာလား..”

“တကယ်လား.. ၅ နာနိုမီတာနှင့် ၈ နာနိုမီတာ စက်တွေက လက်ရှိမှာ အလွန်ခေတ်မီတဲ့ စက်တွေပဲလေ... ”

“ကောင်းလိုက်တာ.. ဒီ. စက်လေးလုံးကိုသာ ငါတို့ ပြန်သယ်လာရင် M နိုင်ငံက ငါတို့ရဲ့ ချပ်ပြားတွေအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ မှုတွေက အကျိုးသက်ရောက်မှု မရှိတော့ ဘူး..ငါတို့က ခေတ်မီတဲ့ ချပ်ပြားတွေကို ထုတ်လုပ်နိုင်ပြီပဲ..”

ကုန်းပတ်ပေါ်တွင် အလွန်ဆူညံနေခဲ့သည်။

အမှုထမ်းအများအပြားက စက်လေးလုံးကို ကြည့်နေကြသည်။ ကပ္ပတိန်ရမ်ဇီကွမ်း ရောက်လာပြီး ခပ်တင်းတင်းပြောလိုက် သည်။

“လူတိုင်း ထွက်သွားကြ.. ကိုယ့်တာဝန်ကို ပြန်လုပ်ကြ..ဒီနေ့ ကိစ္စတွေကို ဘယ်သူမှ မပြောကြနဲ့..မဟုတ်ရင် ကုမ္ပဏီကနေ ထွက်သွားရလိမ့်မယ်...”

ဒါက အလွန်တင်းကျပ်တဲ့ လျှို့ဝှက်အမိန့်ပဲ ဖြစ်၏။

ဒီလိုကောင်းမွန်တဲ့ ကုသမှု့တွေ၊ အကျိုးခံ စားခွင့်တွေ၊ အခမဲ့အိမ်တွေ ပေးတဲ့ Universal ကနေ ဘယ်သူမှ ထွက်သွား ချင်မှာ မဟုတ်ပေ။

လူတိုင်းက သူတို့၏ တာဝန်များကို ပြန်လုပ် ခဲ့ကြပြီး မကြာခင်မှာပဲ ဘလူးဝေးလ်က ကျောက်ဆူးကို ရုတ်သိမ်းပြီး ဒီနေရာမှ ထွက်ခွာလာခဲ့သည်။

ဘလူးဝေးလ် ထွက်ခွာသွားတာကို ကြည့်ပြီး နောက် လျူယောင် လုံးဝ စိတ်သက်သာရာ ရသွားသည်။ အခြေအနေတွေကတော့ တည်ငြိမ်သွားပြီ။ မကြာခင်တွင် စက်လေး လုံးကို ဟွာဟိုင်းမြို့သို့ ပြန်ပို့နိုင်တော့မည်။

“လိပ်ကြီးရေ မင်းရဲ့တာဝန် ပြီးဆုံးပြီ ..မင်း လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ပြီ..”

လိပ်ကြီးက ဝမ်းသာအားရ ပြန်ဖြေလိုက် ၏။

“ဒါဆို သခင်.. ကျွန်တော် အတ္တလန္တိတ် သမုဒ္ဒရာရဲ့ အနက်ပိုင်းမှာ လှုပ်ရှားမှု့အချို့ လုပ်တော့မယ်..”

လျူယောင် သဘောတူလိုက်သည်။

“ပြဿနာမရှိပါဘူး.. မင်း သွားချင်တဲ့ နေရာကို သွားနိုင်တယ်...”

ယာယီအားဖြင့် လုပ်စရာတာဝန်များ မရှိတော့သဖြင့် လိပ်ကြီး လွတ်လွတ် လပ်လပ် လှုပ်ရှားနိုင်ပြီး အတ္တလန္တိတ် သမုဒ္ဒရာရဲ့ ရေနက်ပိုင်းကို သွားရခြင်းမှာ ပြဿနာမရှိပေ။ လိပ်ကြီးက ခုအခါ ၇၈၃ တန်ရှိနေပြီး ယခင်ကနှင့် နှိုင်းယှဉ်လျှင် အများကြီး ကြီးထွားလာခဲ့သည်။

ကိုယ်အလေးချိန်လည်း တိုးလာခဲ့၏။ ဒီအမည်မရှိတဲ့ ကျွန်းကို လိပ်ကြီး ပထမဆုံး ရောက်ရှိစဉ်က ၆၂၁ တန်ကနေ ယခု ၇၈၃ တန်အထိ တိုးလာခဲ့သည်။ ကိုယ်အလေးချိန်တိုးလာခြင်းအပြင် စွမ်းရည်အမျိုးမျိုးလည်း တိုးလာခဲ့သည်။

လျူယောင်က အတ္တလန္တိတ်သမုဒ္ဒရာမှာ ကျယ်ပြန့်ပြီး နက်နဲပေမဲ့ လိပ်ကြီးကို ခြိမ်း ခြောက်နိုင်မဲ့ အရာတစ်ခုမှ ရှိမှာ မဟုတ်ဘူး လို့ ယုံကြည်ပေသည်။

လိပ်ကြီးက ပျော်ရွှင်စွာ ထွက်ခွာသွားပြီး အဝေးကို ဦးတည်ကူးခတ်သွားတော့သည်။ လျူယောင်လည်း တတိယအမြင်ကို ပိတ်လိုက်ကာ ငြိမ်းချမ်းစွာ အိပ်စက်လိုက် သည်။

....

နောက်တစ်နေ့...

လျူယောင် ပျော်ရွှင်စွာနဲ့ Universal ကို ရောက် လာခဲ့သည်။ ကြီးမားပြီး သက် သောင့်သက်သာရှိတဲ့ ကုလားထိုင်တွင် ထိုင်ပြီး စိတ်ထဲကနေ ပြောလိုက်သည်။

“ စက်လေးလုံးကို ပြန်သယ်လာနေပြီ ဘယ်လောက်တောင် အေးဆေးလိုက် လဲကွာ...”

ကားအသေးလေးနှစ်စီးက Universal ရုံးအဆောက်အအုံရဲ့ တံခါးဝကို ရောက် လာခဲ့သည်။ ကားများပေါ်မှ လူခုနစ်ဦး ၊ရှစ်ဦး ခန့် ဆင်းလာကာ ခေါင်းဆောင်က ကျိန့်ကန်းပဲ ဖြစ်သည်။

သူနဲ့အတူ လိုက်ပါလာသူများအားလုံးက နိုင်ငံခြားသားများဖြစ်ပြီး လူဖြူအချို့နဲ့ လူမည်း အချို့ပဲ ဖြစ်သည်။

သေချာကြည့်ရင် ဒီနိုင်ငံခြားသားများက ပုံမှန်လူများနဲ့ မတူပုံရသည်။ တစ်ယောက် စီတိုင်းက လျှို့ဝှက်သတ်ဖြတ်လို စိတ် များကို ထုတ်ဖော်နေခဲ့သည်။ သူတို့အားလုံး က ကျည်ဆန်မိုးများကြားမှ ထွက်လာပုံ ရသည်။

သူတို့အားလုံးဟာ ကြေးစားများထဲမှ ဘုရင်များ ဖြစ်ကြသည်။

ဝံပုလွေကြေးစားအဖွဲ့ရဲ့ လူဦးရေက ထပ်ပြီး ကျယ်ပြန့်လာခဲ့သည်။ သတိထား ရွေးချယ် ခြင်း နိယာမကို လိုက်နာပြီး ကြေးစား ဆယ်ဦးကျော်ကို ခေါ်ယူခဲ့သည်။

လေ့ကျင့်မှုကာလတစ်ခုပြီးနောက်. ကျိန့် ကန်းနဲ့ ဟီချန်းတို့က သူတို့အားလုံး အကြောင်းကို သိခဲ့ကြသည်။ အထူးသဖြင့် ကျိန့်ကန်း ခေါ်ဆောင်လာတဲ့ လူခြောက်ဦး က အထူးကောင်းမွန်စွာ လုပ်ဆောင်ခဲ့ ပေသည်။

လျူယောင်ရဲ့ ခွင့်ပြုချက်နဲ့ ကျိန့်ကန်းက ဒီလူတွေ အားလုံးကို Universal ကုမ္ပဏီကို ခေါ်ဆောင်လာပြီး လျူယောင်နဲ့ တွေ့ဆုံမှာပဲ ဖြစ်သည်။

All Chapters