ကိတ်မုန့်ကို ချပြခြင်း
Vol. 22 Ch. 318
ဒီလူအုပ်စု ရုံးအဆောက်အအုံထဲ ဝင်လာဖို့ ကို ကျိန့်ကန်း စောင့်ဆိုင်းနေခဲ့သည်။
လမ်းတစ်လျှောက်တွင်ရှိနေတဲ့ လူတချို့၏ စိတ်ထဲတွင် အတွေးများစွာ ပေါ်ပေါက်လာ ခဲ့သည်။
“ကြည့်ပါအုံး ဒီလူတွေက ဘယ်သူတွေ လဲ..”
“တိုးတိုးနေ..တခြားသူတွေ မကြားစေနဲ့.. တစ်ချက်ကြည့်လိုက်တာနဲ့ သူတို့က ရိုးရိုးလူ တွေ မဟုတ်ဘူးဆိုတာ သိသာတယ်..”
“ကျွန်တော် စစ်တပ်မှာ ရှိခဲ့ဖူးတယ်.. သူတို့က စစ်တပ်က လူတွေဖြစ်လိမ့်မယ်လို့ ခံစားရတယ်..ဒါပေမဲ့ ဒီလူတွေက နိုင်ငံခြားသားတွေပဲ လူဖြူရော လူမဲရော ပါတယ်”
ကျိန့်ကန်းရဲ့ အကြားအာရုံ ကအလွန် ကောင်းလှသည်။နောက်ဆုံးမှာ သူ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု့က ပုံမှန်လူများထက် အများကြီး ပိုအားကောင်းနေသည်။ သူ့ရဲ့ ခွန်အား၊ အရှိန်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှု့ တို့က ၈၀၀ မှတ်နဲ့ နီးစပ်ခဲ့သည်။ ဒါက နောက်စရာ မဟုတ်ပေ။
သူ့ပတ်ဝန်းကျင်မှ လူများရဲ့ တီးတိုးသံ များကို ကြားတဲ့အခါ ကျိန့်ကန်း ဂရုမစိုက် ပေ။ သူက လူအုပ်စုကို ဓာတ်လှေကားထဲ ခေါ်သွားပြီး Universal ရှိရာ အထပ်ကို တိုက်ရိုက်သွားခဲ့သည်။
ရုံးခန်းထဲတွင် လျူယောင်က အသင့်စောင့် နေပြီးသား ဖြစ်သည်။
ကျိန့်ကန်းတို့အဖွဲ့ ရောက်လာပြီဆိုတာကို သိတာကြောင့် လျူယောင် မျိုးရိုးဗီဇပြောင်း ဆေးကိုပင် ပြင်ဆင်ထားခဲ့သည်။
" ဒေါက် ဒေါက် ဒေါက် "
တံခါးခေါက်သံကို လျူယောင် ကြားလိုက် ရ၏။ ကျိန့်ကန်းက တံခါးဖွင့်ပြီး ဝင်လာခဲ့ သည်။ သူက အလေးပြုလိုက်ပြီး အသံ ကျယ်ကျယ် ပြောလိုက်သည်။
“သူဋေး ကျိန့်ကန်း အစီရင်ခံပါတယ်”
ကျိန့်ကန်းကို လျူယောင် ကျေနပ်စွာ ကြည့်လိုက်သည်။
“အင်း ..သူ့ရဲ့ စိတ်နေစိတ်ထားတောင် ပြောင်းလဲသွားပြီပဲ.. ”
ယခုအချိန်တွင် ကျိန့်ကန်းက လွန်ခဲ့တဲ့ လအနည်းငယ်က လုံခြုံရေးကိုယ်ရံတော် ထက် ကြေးစားတစ်ယောက်နဲ့ ပိုတူနေသည်။
“သက်သောင့်သက်သာ ထိုင်ပါကွာ ကြေးစားအဖွဲ့ရဲ့ လက်ရှိအခြေအနေကို ပြောပြပါအူံး..”
ကျိန့်ကန်း ထိုင်ချလိုက်ပြီး ကြေးစားအဖွဲ့ရဲ့ လက်ရှိအခြေအနေကို လျူယောင်ထံ အစီရင်ခံသည်။ ဥပမာအားဖြင့် အဖွဲ့တွင် လူ ၃၀ နီးပါးအထိ တိုးလာပြီး ရက်အနည်းငယ် အကြာတွင် နောက်ထပ် စစ်ဆင်ရေးတစ်ခု လုပ်ဆောင်ခဲ့သည်။
ကြေးစားအဖွဲ့သားများအားလုံး စေလွှတ်ခံ ရပြီး ရုဒ် လက်နက်ကိုင်တပ်ဖွဲ့များရဲ့ လျှို့ ဝှက်စခန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ရာ အခြားတစ်ဖက်မှ လူ ၃၀၀ ကျော်နဲ့ သူတို့ရဲ့ ခေါင်းဆောင် နံပါတ် ၅ ကို သတ်ပစ်ခဲ့သည်။
အစီရင်ခံပြီးနောက် ကျိန့်ကန်း စိတ်မကောင်း စွာ ဆက်ပြောလိုက်သည်။
“ဆိုးတာက လူငါးယောက် ဒဏ်ရာရ ခဲ့ပါတယ် သူဋေး သူတို့ထဲက နှစ်ယောက်က ပြင်းထန်တဲ့ ဒဏ်ရာတွေ ရခဲ့ပါတယ်...”
ထိုနှစ်ယောက်က မျိုးရိုးဗီဇပြောင်းဆေးကို တစ်ခါမှ မသောက်ဖူးတဲ့ အဖွဲ့ဝင်များ ဖြစ် ကြသည်။ ဒီ စစ်ဆင်ရေးတွင် မျိုးရိုးဗီဇ ပြောင်းဆေးကို သောက်ဖူးသူနှင့် မသောက် ဖူးသူများကြားတွင် ကြီးမားတဲ့ ကွာခြားချက် ရှိကြောင်း သိသာလှသည်။
မျိုးရိုးဗီဇပြောင်းဆေးကို သောက်ဖူးတဲ့ အဖွဲ့ဝင်များက တစ်ဖက်လူ ဆယ်ယောက်ကို တစ်ယောက်တည်း ရင်ဆိုင်နိုင်ပြီး ထိုစစ် သွေးကြွများကို သတ်ဖြတ်ခြင်းက ကြက် များကို သတ်ခြင်းနဲ့တူကြောင်း အခြေခံ အားဖြင့် ထုတ်ဖော်လိုက်သည်။
သူတို့ရဲ့ ခွန်အား တုံ့ပြန်မှု့ အရှိန်၊ ပစ်ခတ်မှု့၊ ခန္ဓာကိုယ်ခွန်အား၊ အန္တရာယ်ကို ကြိုတင်ခ န့်မှန်းနိုင်ခြင်း၊ ကျည်ဆံများကို ရှောင်ရှားနို င်ခြင်း စသည်တို့က မျိုးရိုးဗီဇ ပြောင်းဆေး များ မသောက်ဖူးသူများထက် အများကြီး ပိုကောင်းပေသည်။
မျိုးရိုးဗီဇပြောင်းဆေးကို တစ်ခါမှ မ သောက်ဖူးတဲ့ ထိုအဖွဲ့ဝင်များက အလွန်အ ားကျကြပြီး မျိုးဗီဇဆေးကို ဘယ်တော့ သောက်နိုင်မလဲဟု စိတ်ထဲတွင် တွေးနေ ခဲ့ကြသည်။
ကျိန့်ကန်းက ကောင်းမွန်စွာ လုပ်ဆောင်ပြီး သူ့ရဲ့ သူဋေးအပေါ် သစ္စာရှိသရွေ့ အနာဂတ် တွင် မျိုးရိုးဗီဇဆေးကို သောက်ခွင့်ရမယ်လို့ ပြောခဲ့ကာ သူက ကတိတည်ခဲ့သည်။
မျိုးရိုးဗီဇပြောင်းဆေးကို တစ်ခါမှ မ သောက်ဖူးတဲ့ အဖွဲ့ဝင် ဆယ်ဂဏန်း ကျော် ထဲမှ အထူးချွန်ဆုံး အဖွဲ့ဝင် ခြောက်ဦးကို သူ ရွေးချယ်ခဲ့သည်။ ကျိန့်ကန်းက. သူတို့ကို ကိုယ်တိုင် ဟွားဟိုင်မြို့ကို ခေါ်လာပြီး မျိုးရိုး ဇပြောင်းဆေးကို သောက်ရန် ပြင်ဆင်ထား ခဲ့သည်။
မျိုးရိုးဗီဇပြောင်းဆေးကို တစ်ခါမှ မ သောက်ဖူးတဲ့ ကျန်အဖွဲ့ဝင်များက အားကျ သွားကြပြီး ပိုမိုကောင်းမွန်စွာ လုပ်ဆောင်ရန် လျှို့ဝှက်စွာ ဆုံးဖြတ်ခဲ့ကြပြီး အနာဂတ်တွင် မျိုးရိုးဗီဇပြောင်းဆေးကို သောက်သုံးနိုင်ရန် နှင့် အခြားအဖွဲ့ဝင်များလို အစွမ်းထက်ရန် ကြိုးစားခဲ့ကြသည်။
“သူဋေး စုစုပေါင်း လူ ခြောက်ယောက် ရှိပါတယ်.. သူတို့က အရမ်းကောင်းကောင်း လုပ်ဆောင်ခဲ့ကြပြီး ဧည့်ခန်း နံပါတ် ၁ မှာ ရှိနေပါပြီ..”
ကျိန့်ကန်း ပြောလိုက်၏။
လျူယောင် လက်ဝှေ့ယမ်းကာ ပြန်ပြော လိုက်သည်။
“လာ. ငါ သူတို့နဲ့ သွားတွေ့မယ်..”
သူတို့နှစ်ယောက် ရုံးခန်းမှ ထွက်လာပြီး ဧည့်ခန်း နံပါတ် ၁ ထဲကို အတူတူ ဝင်လာ ခဲ့သည်။
လျူယောင် ဝင်လာတာကို မြင်တဲ့အခါ အဖွဲ့ဝင်ခြောက်ဦးက အလျင်အမြန် ထရပ်ပြီး တစ်ပြိုင်နက်တည်း အလေးပြု ကာ နူတ်ဆက်လိုက်ကြသည်။
“မဂ်လာပါ သူဋေး..”
သူတို့က အင်္ဂလိပ်စကား မပြောဘဲ ယန်ဘာသာစကားနဲ့ ပြောခဲ့ကြသည်။ သူတို့က
“ဟိုင်း သူဋေး " ဟူတဲ့ စကားကို ယန်ဘာသာနဲ့ ကြိုတင်သင်ယူထားပုံရသည်။
လျူယောင် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး သူတို့ တစ်ဦးချင်းဆီ လက်ဆွဲနှုတ်ဆက် လိုက်သည်။ လက်ဆွဲနှုတ်ဆက်လိုက်တိုင်း အဖွဲ့ဝင်များက အလေးပြုပြီး ကိုယ့်ကိုကိုယ် အတိုချုပ် မိတ်ဆက်ခဲ့ကြသည်။
ဒီလူတွေရဲ့ နာမည်များကို အခြေခံအားဖြင့် လျူယောင် မှတ်မိလိုက်သည်။ကြေးစား အဖွဲ့ဝင် ၆ ဦး၊ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ဖြစ်ကြသည်။
အမျိုးသမီးက လူမည်းဖြစ်ပြီး အရပ် မရှည် ပေမဲ့ ကြည့်ကောင်းပေသည်။
ဒီလူတွေကို လျူယောင် အားပေးစကား ပြောခဲ့ပြီး သူတို့ရဲ့ လုပ်ဆောင်ချက်ကို ချီးကျူးကာ စုစုပေါင်း အပြာရောင် ပုလင်းငယ် ၆ လုံးကို ထုတ်ပေးလိုက်သည်။
သူတို့၏ အမြင်တွင် ဒါကို မျိုးရိုးဗီဇပြောင်း ဆေးဟု စိတ်ကူးထားကြပေမဲ့ အမှန်တကယ် တွင် ထိုအပြာရောင်ပုလင်းငယ်တွင် ဇင့်ဂ လူးကိုနိတ် ပါဝင်ခဲ့သည်။
"တစ်ယောက်တစ်လုံးစီသောက်ပါ..."
မျိုးရိုးဗီဇပြောင်းဆေးကို သောက်ရန် အိပ်မက်မက်ကြတဲ့ အဖွဲ့ဝင်ခြောက်ဦးက ထိုဆေးကို ရရှိတဲ့အခါ မငြိမ်မသက်ဖြစ်နေ ခဲ့ကြသည်။
လျူယောင် ခေါင်းညိတ်ကာ ပြောလိုက်၏။
“အခု သောက်လို့ရတယ်.. ခင်ဗျားတို့ ပိုပြီး တော့ သန်မာလာလိမ့်မယ်”
ချီတုံချတုံ မရှိဘဲ ထိုလူ ၆ ဦးက အပြာရော င်ပုလင်းငယ်ကို ဖွင့်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်ကြသည်။
လျူယောင်ကမူ အိမ်မွေးတိရစ္ဆာန်ချပ် ပြားကို ဖွင့်ကာ သူတို့တစ်ဦးစီအား ခွန်အား၊ အရှိန်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှု့တို့တွင် အမှတ် ၁၀၀ စီ ပေးလိုက်သည်။ ဒီနည်းနဲ့ ယခင် အဖွဲ့ဝင်များလို ကြေးစားများထဲမှ ဘုရင်များ ဖြစ်လာကြလိမ့်မည်။
စွမ်းရည် အမှတ်များကို ပေးပြီးနောက် လျူ ယောင် အဝါရောင်ပုလင်းငယ် တစ်လုံးကို ထုတ်ယူပြီး သူတို့အတွက် ကိတ်မုန့်ကြီး တစ်ခုကို ဆွဲထုတ်ပြလိုက် သည်။
သူဋေး အနေဖြင့် အောက်မှ ဝန်ထမ်းများ အတွက် ကိတ်မုန့် ပေးခြင်းက မဖြစ်မနေ လုပ်ရမည့် အရာပဲ ဖြစ်သည်။
အဝါရောင်ပုလင်းငယ်ကို ထုတ်ယူပြီး လျူယောင် ပြောလိုက်၏။
“ ခင်ဗျားတို့က ခုနက ပုံမှန်မျိုးရိုးဗီဇ ပြောင်းဆေးကိုပဲ သောက်ခဲ့ရတာ.. ကျွန် တော့်မှာ အားဖြည့်ဗားရှင်း ရှိတယ်.. ခင်ဗျား တို့ ဆက်ပြီးတော့ ကောင်းကောင်းလုပ် ဆော င်ရင် အနာဂတ်မှာ မျိုးရိုးဗီဇပြောင်းဆေးရဲ့ အားဖြည့်ဗားရှင်းကို သောက်ခွင့်ရနိုင်လိမ့် မယ်လို့ မျှော်လင့်ပါတယ်...”
ပုံမှန်ဗားရှင်းဖြစ်တဲ့ အပြာရောင်ပုလင်းငယ် မျိုးရိုးဗီဇပြောင်းဆေးကပင် အလွန်အစွမ်း ထက်လှသည်။ ဒီဆေးကို သောက်ပြီး နောက်တွင် တိုက်ခိုက်ရေးစွမ်းရည်က များစွာတိုးတက်လာတာကြောင့် သူတို့၏ မျက်လုံးများထဲတွင် လိုချင်တပ်မက်မှု့များ ပေါ်လာခဲ့သည်။
သူတို့တစ်ဦးစီတိုင်းက ပိုမိုကောင်းမွန်စွာ လုပ်ဆောင်ရန်နှင့် အနာဂတ်တွင် မျိုးရိုးဗီဇ ပြောင်းဆေးရဲ့ အားဖြည့်ဗားရှင်းကို သောက် သုံးနိုင်ဖို့အတွက် ကြိုးစားရန် စိတ်ထဲတွင် ဆုံးဖြတ်လိုက်ကြသည်။
မျိုးရိုးဗီဇပြောင်း ပုံမှန်ဗားရှင်းကို သောက် ပြီးနောက် ကျိန့်ကန်းက. သူတို့ကို ခေါ်သွား ခဲ့သည်။
သူတို့ခြောက်ဦးက ဟွာဟိုင်းမြို့တွင် အကြာကြီး နေမှာမဟုတ်ဘဲ အများဆုံး တစ်ရက် နှစ်ရက်အတွင်း ဝံပုလွေကြေးစား လေ့ကျင့်ရေးစခန်းကို လေယာဉ်ဖြင့် ပြန်သွားကြမည်ပဲ ဖြစ်၏။
ကျိန့်ကန်းကတော့ ဟွာဟိုင်းမြို့တွင် အချိန်ပိုကြာကြာ နေအုံးမှာပဲ ဖြစ်သည်။ လျူယောင်က သူ့ကို ၁၅ ရက်ခွင့်ပေးထား ခဲ့သည်။
......
အတ္တလန္တိတ်သမုဒ္ဒရာ အတွင်း...
လိပ်ကြီးက တစ်ဆက်တည်း ရေမိုင် ၂,၀၀၀ ကျော် ကူးခတ်လာခဲ့ပြီး သူ့ရဲ့ လက်ရှိ တည်နေရာက အတ္တလန္တိတ်သမုဒ္ဒရာရဲ့ ရေနက်ပိုင်းနဲ့ စတင်နီးကပ်လာပြီဖြစ်သည်။
ထိုအချိန်တွင် လိပ်ကြီး နည်းနည်းဗိုက် ဆာလာတာကြောင့် ဗိုက်ဖြည့်ရန် အစာကို စတင်ရှာဖွေခဲ့သည်။
သူက ပုံမှန်အရွယ်အစားရှိတဲ့ ငါးများကို ပ ဂရုမစိုက်ပေ။ တန်ချိန် ၇၈၀ ကျော်ရှိတဲ့ လိပ်ကြီးအတွက် ဒီငါးငယ်လေးများက သွားဖုံးကြားတွင်ပင် မလုံလောက်ပေ။
အဝေးတွင် ငါးမန်းဖြူတစ်ကောင် ရှိနေတာ ကြောင့်လိပ်ကြီး လျင်မြန်စွာ ကူးခတ် သွားလိုက်သည်။
ငါးမီတာ ခြောက်မီတာရှည်တဲ့ ငါးမန်းဖြူက ဒီပင်လယ်ဧရိယာတွင် အစာကွင်းဆက်ရဲ့ ထိပ်ဆုံးဟု သတ်မှတ်နိုင်ပေသည်။ ဒါပေမဲ့ လိပ်ကြီးက သူ့ဆီကို အရှိန်အမြင့်ဆုံး ကူးခတ်လာတာကို မြင်တဲ့အခါ ထိတ်လန့်စွာ ထွက်ပြေးသွားခဲ့သည်။
အမြန်ဆုံးပြေးပေမဲ့ ဆိုးရွားတဲ့ အပြေးနူန်း ပဲဖြစ်သည်။
သူ အစွမ်းကုန် ကြိုးစားပေမဲ့ ကံမကောင်း စွာနဲ့ပဲ သူ့ရဲ့အရှိန်က အလွန်နှေးကွေးနေပြီး လိပ်ကြီးနဲ့ ပိုမို နီးကပ်လာခဲ့သည်။
လိပ်ကြီး မျက်စိတစ်မှိတ်အတွင်း ပြေးသွား ပြီး ပါးစပ်ကို ကျယ်ကျယ်ဟကာ ငါးမီတာ ခြောက်မီတာရှည်တဲ့ ငါးမန်းဖြူကို တစ်ကိုက်တည်း စားပစ်လိုက်သည်။
အကိုက်အနည်းငယ် ဝါးပြီးနောက် ငါးမန် းဖြူက လိပ်ကြီး၏ ဗိုက်ထဲ ရောက်ရှိသွား ခဲ့သည်။
ဒီဧရိယာတွင် ငါးမန်းဖြူအများအပြား ရှိနေ ပြီး လိပ်ကြီးက တစ်ကောင်ကို စားလိုက် သည်။ ငါးမန်းဖြူများအပြင် ပင်လယ်ထဲ တွင် ငါးကြီးအချို့လည်း ရှိနေပြီး လိပ်ကြီး က သူတို့ကို မကြောက်ပေ။
လိပ်ကြီးက တန်ချိန်များစွာ ရှိတဲ့ ငါးကြီး များကို ထပ်စားလိုက်ရာ ပင်လယ် ရေထဲ တွင် သွေးနံ့အနည်းငယ် ရှိနေပုံရသည်။
ငါးမန်းဖြူအချို့က သွေးနံ့နောက်ကို လိုက် ပြီး ကူးခတ်လာကြသည်။ လိပ်ကြီးက သူတို့ ကို မြင်နေရပြီး သူတို့ကတော့ ကြီးမား လှ တဲ့ လိပ်ကြီးကို မတွေ့သေးပုံရသည်။