← Chapters

အိုလံပစ်ပွဲများ သွားကြည့်ခြင်း

Vol. 22 Ch. 319

အိုလံပစ်ပွဲများ သွားကြည့်ခြင်း

Vol. 22 Ch. 319

လိပ်ကြီးက ထိုအကောင်များကို တွေ့လိုက် ရသည်။

သူတို့အားလုံးက ငါးမီတာမှ ခြောက်မီတာ အထိရှည် ငါးမန်းဖြူများဖြစ်ကြပြီး အနည်းဆုံးကောင်ရေ ၂၀ မှ ၃၀ ပါတဲ့ ငါးအုပ်စုကြီးဖြစ်သည်။ သူတို့က သွေးနံ့ကို ရှာဖွေပြီး လိပ်ကြီးရှိရာကို ကူးခပ် လာကြ သည်။

"အရမ်းကောင်းတယ် "

လိပ်ကြီးက အစာရှာ နေပြီး ခုနက ငါး အ နည်းငယ်ကို စားခဲ့ရ၏။ဒါပေမဲ့ ဒီ ငါးများက သွားကြားထဲတွင် ညှပ်ဖို့ဆိုတာဝေးစွ လုံးဝ မဝသေးချေ။ ဒီ ငါးမန်းဖြူများ အရသာမှာ အတော်ပင်ကောင်းမွန်သည်။ တစ်ကြိမ်လျှင် တစ်ကိုက် စားလိုက်ရုံဖြင့်ပင် အလွယ်တကူ ဗိုက်ပြည့်နိုင်သည်။

ဒါက အိမ်ရှေ့တံခါးဝကို ပို့ဆောင်ပေးတဲ့ အစားအစာနှင့် အတူတူပင်ဖြစ်တာကြောင့် လိပ်ကြီး ပြုံးပြုံးရွှင်ရွှင်ဖြင့် လက်ခံ လိုက် သည်။ လိပ်ကြီးက ငါးမန်းဖြူအုပ်စုဆီ ရေကူးသွားရာ နှစ်ဖက်ကြားရှိ အကွာ အဝေး က ပိုပိုနီးကပ်လာခဲ့သည်။

နောက်ဆုံးတွင် ငါးမန်းဖြူများက ဧရာမ လိပ်ကြီးကို တွေ့သွားကြရာ ငှက်များ၊ တိရစ္ဆာန်ရိုင်းများလိုမျိုး ချက်ချင်းဆိုသလို အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားပြီး အရပ် လေးမျက်နှာကို အသီးသီး ထွက်ပြေးသွားကြသည်။

ထိုမြင်ကွင်းကို တွေ့လိုက်ရတဲ့အခါ လိပ်ကြီးက မထီမဲ့မြင်အမူအရာဖြင့် နှုတ်ခမ်းကို မသိမသာတွန့်လိုက်သည်။ သူ့ရဲ့မျက်နှာတွင် မကျေမနပ်ဖြစ်နေတဲ့ အမူအရာပေါ်နေသည်။

"ဟက် ..ခင်ဗျားတို့က အစာကွင်းဆက်ရဲ့ ထိပ်ဆုံးမှာ မရှိဘူးလား..အခုတော့ ထွက်ပြေးနေကြတာလား "

လိပ်ကြီး ရေရွတ်နေမိသည်။

မဟာဝေလငါးဖြူများက အလွန်လျင်မြန်စွာ ထွက်ပြေးသွားကြပြီး ပြေးနေရင်း သူတို့ရဲ့ စိတ်ထဲကနေ

“အစ်ကိုရေ ကျွန်တော့်ကို မလိုက်ပါနဲ့.. ကျွန်တော့်အသားက မကောင်းပါဘူး..” လို့ တွေးနေကြပေလိမ့်မည်။

သူတို့က ထိပ်တန်းသားကောင်များရဲ့ အသွင်အပြင်လိုမျိုး မရှိတော့ဘဲ ရိုးရိုး လေးအကောင်လေးများလို အလွန် လျင်မြန်စွာ ထွက်ပြေးသွား ခဲ့ကြသည်။

လိပ်ကြီးက သူတို့ထက် အများကြီး ပိုမိုမြန်ဆန်သည်။ နှစ်ချက် သုံးချက်မျှဖြင့် သူတို့ထဲမှတစ်ကောင်ကို ကျော်တက် သွားခဲ့ပြီး ထို အကောင်က ခြောက်မီတာ ခုနစ်မီတာရှည်တဲ့ မဟာဝေလငါးမန်းဖြူ ဖြစ်သည်။ဒီကောင်က မဟာဝေလငါးမန် းဖြူအုပ်စုထဲတွင် အကြီးဆုံးကောင်လည်း ဖြစ်ပေသည်။

ထိုကောင်ကို လိုက်မီပြီးနောက် လိပ်ကြီးက သူ့ပါးစပ်ကို ဖွင့်ကာ မဟာဝေလ ငါးမန်းဖြူ ကို တစ်ကိုက်တည်းနဲ့ ကိုက်ချလိုက်သည်။

လိပ်ကြီးရဲ့ ကြမ်းကြုတ်တဲ့ ဘက်ခြမ်းက အငြင်းပွားဖွယ်ရာမရှိဘဲ ပေါ်လွင်နေသည်။ ဒီလောက်ကြီးမားတဲ့ မဟာဝေလငါးမန်း ဖြူ က အကိုက်အနည်းငယ်ဖြင့်ပင် ကြေမွ သွားခဲ့ပြီး ပတ်ဝန်းကျင်ရှိ ပင်လယ်ရေက အနီရောင်ဖျော့ဖျော့သဏ္ဌာန် ပြောင်းလဲ သွားခဲ့သည်။ အကိုက်အနည်းငယ် ဝါး ပြီးနောက် ထိုဝေလငါးမန်းကြီးက ပြောက် ကွယ်သွားတော့သည်။

“အင်း..ကောင်းတယ်.. အသားအပြည့်ပဲ..”

စားရင်းနဲ့ လိပ်ကြီး ရေရွတ်လိုက်သည်။

မနီးမဝေးတစ်နေရာမှတော့ တခြား မဟာဝေလငါးမန်းဖြူကို တွေ့လိုက်တဲ့အခါ လိပ်ကြီး သူ့နောက်သို့ ထပ်မံလိုက်သွား ခဲ့သည်။ မျက်တောင်တစ်ခတ် အတွင်းတွင် ပင် လိုက်မှီသွားပြီး ရပ်တန့်စွမ်းရည်ကို အသုံးပြုကာ ကိုက်ရန် ပါးစပ်ကို ဖွင့်လိုက် တော့သည်။

မဟာဝေလငါးဖြူ အကောင် ၂၀ ၃၀ ထဲမှ တစ်ဝက်ကျော်က လိပ်ကြီး၏ ဗိုက်ထဲတွင် အဆုံးသတ် သွားကြသည်။

ဝေလငါးဖြူ တစ်ဒါဇင်ကျော်ကို စားပြီး နောက် ဗိုက်တစ်ဝက်ပြည့်သွားတယ်လို့ လိပ် ကြီး ခံစားရသည်။ ယခုအခါ သူက တစ် ကြိမ်လျှင် တန်ချိန် ၂၀၀ ကျော်အထိ အစာ စားနိုင်ပေသည်။

မျက်စိတစ်ဆုံးကြည့်လိုက်တဲ့အခါ မဟာဝေလငါးမန်းဖြူများ မရှိတော့သလို အနည်းငယ်ကြီးတဲ့ ငါးများပင် မရှိတော့ပေ။ သူတို့အားလုံး ထွက်ပြေးသွားကြ ပြီဖြစ် သည်။

လိပ်ကြီးက ပင်လယ်နက်ကြီးဆီ ဆက်လက် ပြီး ရှေ့ကို ဆက်လက်သွားနေခဲ့သည်။ ဒီလို အစားကြိုက်သူတစ်ယောက်အတွက် အစားအစာကသာ ပထမဦးစားပေးဖြစ်၏။

" ဒီ အတ္တလန္တိတ်သမုဒ္ဒရာတွင် ဘယ်လို အရသာရှိတဲ့ အစားအစာများကို ငါ စား ရမလဲ.."

လိပ်ကြီးက ကူးခတ်နေရင်း ပျော်ရွှင်စွာ ရေရွတ်လိုက်သည်။

........

ဟွာဟိုင်းမြို့တွင်...

ယခုအခါ သြဂုတ်လဖြစ်ပြီး နွေရာသီ ကျောင်းပိတ်ရက်က တစ်လကျော်ကြာပြီ ဖြစ်သည်။ လျူယောင်နဲ့ လီချန်လဲ့တို့ ဈေးဝယ်ထွက်လာခဲ့ကြသည်။

လျူယောင် မေးလိုက်၏။

“လဲ့လဲ့... လန်ဒန် အိုလံပစ်ပွဲတော်က မကြာခင် စတော့မယ်.. ကိုယ်နဲ့အတူ သွားကြည့်ရအောင်လား”

လီချန်လဲ့က ချက်ခြင်း သဘောတူ လိုက်သည်။

“ကောင်းတာပေါ့...ကျွန်မ ကြားတာကတော့ ချန်းဟူက ပွဲစဉ်တော်တော်များများမှာ ပါတယ်ဆိုတော့ သွားကြည့်ချင်တယ်...”

လျူယောင် ခဏတာ ပျော်ရွှင်သွားသည်။

ဒီတစ်ကြိမ်တွင် လန်ဒန် အိုလံပစ်ပွဲကြည့်ရန် သွားရခြင်းရဲ့ အဓိကအကြောင်းမှာ ချန်းဟူ ရဲ့ စွမ်းဆောင်ရည်ကို ကြည့်ရှုရန်အတွက်ပဲ ဖြစ်သည်။

ဒီနှစ် အိုလံပစ်ပွဲတော်တွင် ချန်းဟူက အမျိုး သားမီတာ ၁၀၀၊ ၂၀၀၊ ၄၀၀ နှင့် ၁၅၀၀ သာ မက အမျိုးသားအလျားခုန်၊ အမျိုးသား လှံပစ်နှင့် သံလုံးပစ်၊ အမျိုးသား သုံးမျိုး ပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ယှဥ် ပြိုင်မည် ဖြစ်သည်။

စုစုပေါင်း ပွဲစဉ် ၈ ခု ဖြစ်၏ ။

လန်ဒန်အိုလံပစ်မတိုင်မီ ရက်အနည်းငယ် အလိုတွင် နိုင်ငံတော်အားကစားအဖွဲ့က အိုလံပစ်ပွဲတော်အတွက် ထွက်ခွာသွား ကြ ပြီ ဖြစ်သည်။ လျူယောင်က အိုလံပစ်ဖွင့်ပွဲ အခမ်းအနားလက်မှတ်များအပြင် ချန်းဟူ ပါဝင်တဲ့ ပွဲစဉ် ၈ ခုလုံးရဲ့ လက်မှတ်များ ကိုလည်း ဝယ်ယူခဲ့သည်။

လီချန်လဲ့က စိုးရိမ်စွာ မေးလိုက်သည်။

“အစ်ကိုယောင်.. ချန်းဟူက ..သူ့ဘာသာသူ ပွဲစဉ်တွေ အများကြီးပါဝင်ထားတယ်.. နောက်ဆုံးမှာ ရွှေတံဆိပ် ဘယ်နှစ်ခု ရနိုင်မ လဲဆိုတာ ပြောပြပါဦး..”

လျူယောင်က ယုံကြည်မှုရှိရှိဖြင့် ပြန်ဖြေ လိုက်၏။

"ဘာမတော်တဆမှု့မှမရှိဘူးဆိုရင် ရွှေ တံဆိပ် ရှစ်ခုလုံး ရနိုင်တယ်...”

လီချန်လဲ့ အံ့သြသွားသည်။

“အိုး ..ချန်းဟူသာ ရွှေတံဆိပ် ရှစ်ခု တကယ် ရသွားရင်တော့ အားကစားပွဲစဉ်တွေမှာ ကမ္ဘာ့စံချိန်တင်သွားပြီပဲ..”

“ဟုတ်တာပေါ့..သူ့စွမ်းဆောင်ရည်ကို ကြည့် ချင်လာပြီ..”

....

နှစ်ရက်ကြာပြီးနောက်..

လျူယောင်နှင့် လီချန်လဲ့တို့က လေဆိပ်ကို ကားဖြင့် မောင်းသွားခဲ့ကြသည်။ စုစုပေါင်း ကား သုံးစီးရှိပြီး ရှေ့ဆုံးတွင် ကိုယ်ရံတော် လေးဦးပါတဲ့ အော့ဖ်ရုတ် ယာဉ်တစ်စီးပါ ကာ တတိယမြောက်ကားကလည်း ကိုယ် ရံတော်လေးဦးပါတဲ့ အော့ဖ်ရုတ်ယာဉ်ပင် ဖြစ်သည်။

ကားထဲတွင် ထိုင်နေရင်း လီချန်လဲ့က မေး လိုက်သည်။

“အစ်ကိုယောင်.. ကျွန်မတို့ တကယ်ပဲ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ သွားကြမှာလား...”

“အင်း ကိုယ်တို့ရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ် က ခုမှရောက်တာ...အခုမှ ပထမဆုံးအကြိမ် ပျံသန်းတော့မယ့်လေယာဉ်ပဲ...”

လွန်ခဲ့တဲ့လအနည်းငယ်က လျူယောင်က ကုမ္ပဏီအဖွဲ့ကိုသူ့ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စင်း မှာယူရန် ပြောထားခဲ့သည်။

ကျိုးယန်က ဒီကိစ္စကို တာဝန်ယူခဲ့ပြီး ဘိုးရင်း ၇၇၇ လေယာဉ်တစ်စင်းကို မှာယူခဲ့သည်။

ဒါက သာမန်လေယာဉ်များနဲ့ လုံးဝကွဲပြားပြီး လေထဲတွင် ပျံသန်းနေတဲ့ နန်းတော်တစ်ခုပဲ ဖြစ်သည်။ လျူယောင်က လေယာဉ်ရဲ့ ဒီဇိုင်းပုံစံကို မြင်တွေ့ခဲ့ရပေမဲ့ လေယာဉ် ပေါ်ကို အသေးစိတ်ကြည့်ရှုရန် မတက် ရောက်ခဲ့ရပေ။ဒီနေ့တွင် ပထမဆုံးအကြိမ် တွေ့မြင်ရတော့မှာပဲ ဖြစ်သည်။

ကားသုံးစီးက ဟွာဟိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်လာခဲ့ပြီး အထူးလမ်း ကြောင်းတစ်ခုမှတစ်ဆင့် လေဆိပ်အတွင်း ပိုင်းကို တိုက်ရိုက်ဝင်လာကာ လေယာဉ် ထားတဲ့နေရာသို့ ရောက်ရှိသွားသည်။

ဒါကကိုယ်ပိုင်ဂျက်လေယာဉ်ပိုင်ဆိုင်ထားခြင်းရဲ့ အခွင့်ထူးပဲ ဖြစ်သည်။ ဒါ့ကြောင့် စိတ်ရှုပ်စရာကောင်းတဲ့ အဆင့်များကို အများကြီး သက်သာစေပြီး အရာအားလုံး ကို အများကြီး ပိုမိုလွယ်ကူစေခဲ့သည်။

ကားပေါ်မှ မဆင်းမီ လီချန်လဲ့က လေယာဥ် ကွင်းတွင် ရပ်ထားတဲ့ လေယာဉ်ကို တွေ့ လိုက်ရသည်။

“ဝါး ..အရမ်းလှတာပဲ..”

ဒီလေယာဉ်က အမှန်တကယ်ပင် လှပေ သည်။ အပြာနှင့် အဖြူနှစ်ရောင်မှာ အဓိ ကအရောင်များဖြစ်ပြီး မျက်စိပသာဒ ဖြစ်စေသည်။

အထူးခြားဆုံးအချက်မှာ လေယာဉ်ကိုယ် ထည်တွင် Universal ရဲ့ လိုဂိုပါရှိခြင်းပဲ ဖြစ်၏။

လျူယောင် ကားပေါ်မှ ဆင်းလာပြီးနောက် လေယာဉ်ကို တစ်ချက်ကြည့်လိုက်သည်။ လေယာဉ်ကားစင်ပေါ်တွင် စောင့်ဆိုင်းနေတဲ့ လေယာဉ်အမှု့ထမ်းများကိုလည်း ကြည့် လိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက် သည်။

“လာ ..ကိုယ်တို့ လေယာဉ်ပေါ် တက်ကြရ အောင်”

လီချန်လဲ့ရဲ့လက်ကို ဆွဲကာ လျူယောင် ရှေ့မှသွားလိုက်သည်။ သူတို့နောက်တွင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး စုစုပေါင်း ကိုယ်ရံတော်လေးဦးတို့ပါပြီး သူတို့က Universal လုံခြုံရေးဌာနမှ ကိုယ်ရံတော်များဖြစ်ကြသည်။

ဒီတစ်ကြိမ်တွင် လန်ဒန်ကို အိုလံပစ် ပြိုင်ပွဲ ကြည့်ရှု့ဖို့ သွားရာ၌ လျူယောင်က ကိုယ် ရံတော်လေးဦးသာ ခေါ်ဆောင်သွားခဲ့သည်။

အမှန်တကယ်အားဖြင့် လျူယောင်ရဲ့ စွမ်း ရည်ဖြင့် ကိုယ်ရံတော်များ မလိုအပ်ပေ။ ဒီကိုယ်ရံတော်လေးဦးမှာ အစောင့်အရှောင့် ထက် ဝန်ဆောင်မှု့ပေးတဲ့ သဘောဖြစ်သည်။ ကိုယ်ရံတော်အဖြစ် အမှု့ထမ်းခြင်းအပြင် သူတို့က လျူယောင်နှင့် လီချန်လဲ့အတွက် စားသောက်နေထိုင်ရေးဆိုင်ရာ ဝန်ဆောင်မှု့ များကိုပါ ဆောင်ရွက်ပေးရသည်။

ဘိုးရင်း ၇၇၇ လေယာဉ်က ပိုင်ရှင် ရောက် ရှိလာပြီဖြစ်တဲ့အတွက် အသင့် ဖြစ်နေပြီ ဖြစ်သည်။

လေယာဉ်မှူးမှစပြီး အမှု့ထမ်းများအားလုံးက သူတို့ကို နှုတ်ဆက်ရန် လေယာဉ်ကားစင်ရဲ့ တစ်ဖက်တစ်ချက်တွင် တန်းစီ ရပ်နေ ကြ သည်။

“သူဋေး.. မင်္ဂလာပါ!”

“သူဋေး လေယာဉ်ပေါ် တက်ရောက်ဖို့ ဖိတ် ခေါ်ပါတယ်...”

အားလုံးက ရိုသေစွာ နှုတ်ဆက်ခဲ့ကြ၏။ လျူယောင် အနည်းငယ် ခေါင်းညိတ်ပြပြီး လီချန်လဲ့ရဲ့လက်ကို ဆွဲကာ လေယာဉ် ကားစင်မှတစ်ဆင့် တစ်လှမ်းချင်းစီ လေယာဉ်ပေါ် တက်ရောက်ခဲ့သည်။

ဒီလေယာဉ်နဲ့ မနီးမဝေးတွင် ဟွာဟိုင်း အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ စောင့် ဆိုင်းခန်းမတစ်ခုရှိသည်။ ခရီးသည်များ စွာက ထိုနေရာတွင် စောင့်ဆိုင်းနေကြသည်။ စောင့်ဆိုင်းခန်းမရဲ့ မှန်များမှတစ်ဆင့် သူတို့ က ဒီနေရာမှ အခြေအနေကို တွေ့မြင်ရ လေ၏။

ဘိုးရင်း ၇၇၇ လေယာဉ်၏ ရှေ့ကို ကား သုံးစီး တိုက်ရိုက် မောင်းလာကြသည်။ အလယ်ရှိကားမှာ Rolls-Royce ဖြစ်ပြီး လူအချို့ရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်ခဲ့ပြီး ဖြစ်သည်။

“ဟိုမှာ ကြည့်ပါအုံး..သူတို့က လုံခြုံရေး စစ်ဆေးတာနဲ့ လေယာဉ်စောင့်တာတွေ မလုပ်ဘဲ ဘယ်လိုလုပ် လေယာဉ်ဂိတ်ဆီ တိုက်ရိုက်သွားလို့ရတာလဲ”

“ဒါက Rolls-Royce ပဲ.. ဒီလိုကားမျိုးကို စီးနိုင်ပြီး ကိုယ်ရံတော်တွေပါ ခေါ်သွားနိုင်တဲ့ သူက သာမန်လူမဟုတ်လောက်ဘူး”

“အိုး ဒါက ကိုယ်ပိုင်ဂျက်လေယာဉ် ဖြစ်ရမယ်..”

လူတွေက ပိုများလာပြီး စောင့်ဆိုင်းခန်းမ၏ မှန်မှတစ်ဆင့် မနီးမဝေးမှ မြင်ကွင်းကို ကြည့်နေ ကြသည်။ လျူယောင်နှင့် လီချန် လဲ့တို့က ကားပေါ်မှ ဆင်းပြီး လေယာဉ် ကားစင်ပေါ်မှတစ်ဆင့် လေယာဉ်ပေါ်သို့ တစ်လှမ်းချင်းစီ တက်ရောက်နေတာကို တွေ့မြင်တဲ့အခါ လူအများက ဒါ ကိုယ်ပိုင် ဂျက်လေယာဉ်ဖြစ်ရမယ်လို့ ခန့်မှန်းကြ သည်။

ထိုမျှကြီးမားတဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်က လူတိုင်းရဲ့ သာမန်အသိစိတ်ဓာတ်ကို အနည်းငယ်ကျော်လွန်သွားခဲ့သည်။

ကိုယ်ပိုင်ဂျက်လေယာဉ်များက များသော အားဖြင့် Gulfstream စီးရီးများလို သေးငယ် တဲ့ လေယာဉ်များဖြစ်ပေသည်။

ဒီလောက်ကြီးမားတဲ့ ကိုယ်ပိုင်ဂျက် လေ ယာဉ်မျိုးက မည်သည့်နေရာတွင် ရှိနိုင်မည် နည်း။

All Chapters