← Chapters

လူ သုံးမျိုး

Vol. 2 Ch. 25

လူ သုံးမျိုး

Vol. 2 Ch. 25

ပင်မတောင်ထိပ် ကို ဖြတ်ကျော်ပြီးနောက် ထန်ထျန်းနဲ့ ကုရှောင်းရွှယ်တို့ ချင်းယွဲ့ဂိုဏ်းရဲ့ အရှေ့တောင်ထိပ် သို့ ရောက်လာခဲ့သည်။

နွေဦးပန်းခြံ ရဲ့ တည်နေရာက အရှေ့တောင်ထိပ် မှာပဲ တည် ရှိသည်။

လမ်းတစ်လျှောက် လာခဲ့ရာမှာ ထန်ထျန်းက ဂုဏ်ထူးဆောင်တပည့် တွေ ပိုများလာတာကို မြင်တွေ့ခဲ့ရပြီး သူနဲ့ လမ်းကြောင်းတူနေတာကြောင့် ရှားပါးရတနာ ပြပွဲ ကို လာရောက်သူတွေ ဖြစ်ရပေ မည်။

နောက်ပိုင်းမှာ ဂုဏ်ထူးဆောင်တပည့် တွေအားလုံးနီးပါးရဲ့ ဘေးမှာ မတူညီတဲ့ တပည့်အများအပြား ပါလာတာကိုလည်း သူ သတိပြုမိခဲ့သည်။

အတွင်းစည်းတပည့် တွေလည်း ရှိသလို အဓိက တပည့် တွေလည်း ရှိနေ သည်။

သေချာတာကတော့ သူတို့အားလုံးက သူတို့ရဲ့ သက်တော် စောင့် တွေ ဖြစ်ကြလိမ့်မည်ပင်။

ထန်ထျန်း ပေါ်လာတာက လူအများစုရဲ့ အာရုံကို သိပ်မဖမ်းစားနိုင်ခဲ့ပေ။ ဘာလို့လဲဆိုတော့ လူအတော်များများက သူ့နာမည်ကိုသာ ကြားဖူးပြီး သူ့ရဲ့ မျက်နှာကို မမြင်ဖူးကြဘူးလေ။

ဒါပေမဲ့ သူ နွေဦးပန်းခြံ ကို မရောက်ခင်လေးမှာပဲ ယပ်တောင်ခေါက်ရင်း လမ်းလျှောက်လာတဲ့ လူငယ်လေးတစ်ယောက်က သူ့ရှေ့ကို ရောက်လာသည်။

" တာအို မိတ်ဆွေ၊ မင်းလည်း တစ်ယောက်တည်းပဲလား"

လူငယ်လေးက မေးသည်။

ထန်ထျန်းက သူ့ကို တစ်ချက်ကြည့်လိုက်သည်။ ဒီလူငယ်လေးကလည်း အဆင့်မြင့် ဂုဏ်ထူးဆောင်တပည့် အဝတ်အစားကို ဝတ်ထားပေမယ့် သူ့ဘေးမှာ သက်တော် စောင့်တစ်ယောက်မှ မရှိပေ။

ထို့နောက် ထန်ထျန်းက သူ့ဘေးက ကုရှောင်းရွှယ်ကို လက်ညှိုးထိုးပြလိုက်သည်။

လူငယ်လေးက "အိုး" ဟု ဆိုပြီး "မင်းမှာ တခြား အဖော်တွေ မရှိဘူးလားလို့ မေး တာပါ" ဟု ပြောသည်။

"ကံကောင်းချင်တော့ ကျွန်တော်လည်း တစ်ယောက်တည်းပဲ။ ကျွန်တော်တို့ အတူတူ သွားကြမလား"

ထန်ထျန်း စကားမပြောနိုင်ဖြစ်သွားသည်။ ဒါက ကုရှောင်းရွှယ်ကို လူတစ်ယောက်အဖြစ် မသတ်မှတ်ဘူးလို့ ခံစားရလေသည် ။

သူက တခြားသူတွေနဲ့ အတူတူသွားချင်သည့် ဆန္ဒမရှိပေ ။ ဒါပေမဲ့ ဒီနေ့ သူ ထွက်လာတဲ့ ရည်ရွယ်ချက်တွေထဲက တစ်ခုက လူတွေနဲ့ စကားပြောပြီး သူ့ကိုယ်သူ "လျှို့ဝှက်ဆန်းကြယ်" မဖြစ်အောင် လုပ်ဖို့ပဲ ဆိုတာ သတိရပြီးနောက် နောက်ဆုံးတော့ ခေါင်းညိတ်လိုက်သည်။

"ကျွန်တော့်နာမည်က ဝမ်ကျိယွီ ပါ"

လူငယ်လေးက ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်သည်။

"ငါ့ နာမည်က ထန်ထျန်း"

ထန်ထျန်းက ပြောသည်။

ဒီနာမည်ကို ကြားလိုက်တဲ့အခါ ဝမ်ကျိယွီ ချက်ချင်း အံ့အားသင့်တဲ့ ပုံစံမျိုးနဲ့ "မင်းက ဒီရက်ပိုင်း အရမ်း နာမည်ကြီးနေတဲ့ ထန်ထျန်း၊ သခင်လေးထန်လား" ဟု ပြောသည်။

ထန်ထျန်း: ...

"နာမည်ကြီးနေတယ်"

ဝမ်ကျိယွီက ပြုံး ရင်း "ခရမ်းရောင်ဝါးခြံဝင်း အိမ်မှာ လူမနေတာ ကြာပြီ" ဟု ပြောသည်။

"ပြီးတော့ တာအိုအဆင့် ကျင့်ကြံခန်း ကလည်း ဘယ်သူမဆို သုံးနိုင်တာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းက နှစ်ခန်းတောင် ငှား ပြီး တစ်နှစ်စာ သက်တမ်း ထပ်တိုးလိုက်သေးတယ်"

"ဒီကိစ္စတွေ အားလုံး ပေါင်းလိုက်ရင် နာမည်မကြီးဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ "

ထန်ထျန်း ဘာပြောရမှန်းမသိ ဖြစ်နေပြီး နောက်ဆုံးတော့ "စိတ်ထဲရှိတယ့်အတိုင်း လုပ်လိုက်တာပါ" ဟု တစ်ခွန်းသာ ပြောနိုင်ခဲ့သည်။

ဝမ်ကျိယွီက လက်ခုပ်တီးပြီး "စိတ်ထဲရှိတယ့်အတိုင်း လုပ်လိုက်တာ၊ ကောင်းလိုက်တာ" ဟု ပြောသည်။

"ဒါက ငါတို့ ဂုဏ်ထူးဆောင်တပည့် တွေ လိုက်နာသင့်တဲ့ စည်းမျဉ်းပဲ"

"တစ်ချို့လူတွေလို မဟုတ်ဘူး၊ တစ်နေကုန် စုဝေးပြီး အင်အားပြိုင်ဖို့ ပဲ သိနေကြတယ်။ တစ်ယောက်ချင်းစီက တခြားသူတွေကို အနိုင်ယူဖို့ပဲ လုပ်နေကြတယ်"

"နို့နံ့မစင် သေးတဲ့ ကလေး လေးတွေ လိုပဲကွာ "

ထန်ထျန်းက ရယ်မောရင်း "ဒီလိုကိစ္စတွေလည်း ရှိသေးတာလား"

ဝမ်ကျိယွီက နှုတ်ခမ်းမဲ့ပြီး "မင်းက အပြင်လောကနဲ့ သိပ်ထိတွေ့မှု နည်းတာကိုး၊ ခဏနေရင် သိလာလိမ့်မယ်" ဟု ပြောသည်။

ထို့နောက် သူတို့သုံးဦး နွေဦးပန်းခြံ ဝင်ပေါက်သို့ အတူတူ ရောက်ရှိလာကြသည်။

ဖိတ်စာ ရှိတဲ့အတွက် သူတို့ အောင်မြင်စွာ အထဲကို ဝင်ရောက်လာခဲ့သည်။

ကုရှောင်းရွှယ် ပြောတဲ့အတိုင်းပင်၊ ဒီနေရာမှာ အရောင်အသွေးစုံတဲ့ ပန်းမျိုးစုံ အပြည့်စိုက်ပျိုးထားသည်။

နွေဦးရာသီ ရောက်လာပြီဖြစ်တာကြောင့် ပန်းအမျိုးမျိုးက အပြိုင်အဆိုင် ပွင့်နေကြပြီး ပန်းခြံတစ်ခုလုံး မွှေးပျံ့နေသည်။ မြင်ရသူအဖို့ စိတ်ကို ကြည်နူးစေသည်။

နွေဦးပန်းခြံ ထဲမှာ ခဏလောက် လျှောက်သွားပြီးနောက် ထန်ထျန်းက ဝမ်ကျိယွီ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာ နောက်ဆုံးတော့ နားလည်သွားသည်။

လမ်းတစ်လျှောက်မှာ ဂုဏ်ထူးဆောင်တပည့် များစွာ စုဝေးပြီး အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေကို ဆွေးနွေးနေတာကို သူ မြင်တွေ့ခဲ့ရသည်။

"ငါ့ အိမ်ပြတင်းပေါက် လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကွဲသွားလို့ ရေကြေးမုံ မှန် ကို ဝယ်လိုက်တာ စိတ်ဝိညာဉ်ကျောက် ရှစ်သောင်း တောင် ကုန်သွားတယ်။ အာ၊ တကယ့်ကို ဈေးကြီးလိုက်တာကွာ"

တစ်ယောက်က ခေါင်းခါပြီး သက်ပြင်းချသည်။

နောက်တစ်ယောက်က ချက်ချင်း ဆက်ပြောသည်။ "ဟုတ်တယ်၊ အခု ဘာကြောင့်မှန်းမသိ ဈေးနှုန်းတွေ ရုတ်တရက် ဒီလောက် တက်လာတယ်။ ငါ မနေ့က သာမန် ရွှေချည်မျှင် ကျောက်စိမ်းခုံ ကို ဝယ်တာ တစ်သိန်းသုံးသောင်း ကုန်သွားတယ်"

......

ထန်ထျန်း အံ့အားသင့်သွားသည်။ မင်းတို့ တကယ် ဈေးနှုန်းကိုပဲ ငြီးတွားနေကြတာလား

နောက်ထပ် လူအုပ်စုတစ်စုရဲ့ စကားပြောဆိုမှုက သူ့ကို ထပ်မံ အံ့ဩစေခဲ့သည်။

"ဂိုဏ်းတူအစ်ကို၊ မင်း မနေ့က ကျန်းလျှို့ ခန်းမ မှာ ညစာစားရင်း အရက်မူးပြီး စားသောက်ဆိုင်တစ်ခုလုံးရဲ့ စာရင်းကို ရှင်းလိုက်တယ်လို့ ကြားတယ်နော်"

တစ်ယောက်က ပြောသည်။

နောက်တစ်ယောက်က ခေါင်းမော့ပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။ "အရက်မူးတာ မဟုတ်ပါဘူးကွာ၊ စိတ်ပါလက်ပါ ဖြစ်သွားလို့ပါ။ တစ်သန်းကျော် လောက်က ပါးပါးလေးပဲ ၊ အားလုံး ပျော်ရွှင်ဖို့ပဲလေကွာ "

မေးသူက မျက်လုံးမှေးလိုက်ပြီး "ဒီလိုလား၊ ဒါဆို ဘာလို့ မင်း နောက်ဆုံး အကြွေး စာရင်းမှာပဲ ချန်ထားခဲ့တယ်လို့ ငါ ကြားတာလဲ"

နောက်တစ်ယောက်က မျက်နှာ ရဲတက်လာပြီး အသံကျယ်ကျယ်နဲ့ ပြောသည်။ "မင်း ဘယ်လိုလုပ်ပြီး ငါ့ကို အကြောင်းမရှိအကြောင်းရှာ စွပ်စွဲတာလဲကွ"

"ငါက ..."

.........

ထန်ထျန်း ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။ ဒီလူတွေက ဘာတွေလဲကွာ

ဒါပေမဲ့ သူ နောက်ထပ် တွေ့ခဲ့တဲ့ တတိယမြောက် လူအုပ်စုက ပိုပြီးပင် အဓိပ္ပာယ်မရှိပေ။

"ဟေ့၊ ဂိုဏ်းတူအစ်မ၊ နင် ပွေ့ထားတဲ့ ဒီကြောင်ကလေးလေးက အရမ်း ချစ်စရာကောင်းတာပဲ။ ဘယ်လို မြင့်မြတ် တဲ့ သွေးကြော လဲဟင်"

"အိုး၊ သာမန်ပါပဲ၊ ပန်းနတ်သမီး ရဲ့ သွေး နည်းနည်းပဲ ပါတာ။ နင့် ပခုံးပေါ်က ဒီ စိမ်းပြာရောင်ငှက် က ဘာသွေးကြော လဲ"

"နတ်စာကလေး ရဲ့ သွေးကြောလေ ၊ နင့်ကြောင် လောက်တော့ မမြင့်မြတ်ပါဘူး"

"မဟုတ်ပါဘူး၊ နင်ငှက် က ပိုမြင့်မြတ်တာ"

"မဟုတ်ဘူး၊နင့်ကြောင် က ပိုမြင့်မြတ်တာ"

"နင့်ငှက်က ပိုမြင့်မြတ်တာ"

''နင့်ကြောင် က ပိုမြင့်မြတ်တာ"

.......

ထန်ထျန်းက နဖူးကို ပွတ်သပ်လိုက်သည်။ ဒါပေမဲ့ ကုရှောင်းရွှယ်နဲ့ ဝမ်ကျိယွီတို့ကတော့ မထူးဆန်းသလိုမျိုးပင်။

"မင်း... သူတို့ရဲ့ စကားပြောပုံ က နည်းနည်း ထူးဆန်းတယ်လို့ မခံစားရဘူးလား"

ထန်ထျန်းက ကုရှောင်းရွှယ်ကို မေးသည်။

ကုရှောင်းရွှယ်က မျက်တောင်ခတ်လိုက်ပြီး "မထူးဆန်းပါဘူး" ဟု ပြောသည်။

"ဂုဏ်ထူးဆောင်တပည့် တွေက အကုန် ဒီလိုပဲလေ"

ထန်ထျန်း: ...

ဒါကလည်း ဂုဏ်ထူးဆောင် ဆိုတဲ့ တံဆိပ်တစ်ခုပဲလား။

ဒါဆို တခြား သာမန်တပည့်တွေက သူ့ကို ကြည့်တဲ့ အကြည့်ကလည်း ဒီလို ရူးသွပ်သူ ကို ကြည့်တဲ့ သဘောထားမျိုး ဖြစ်နေမှာလား

"ထူးဆန်းတာပေါ့"

ဒီအချိန်မှာ ဝမ်ကျိယွီက ပြောလိုက်သည်။

ထန်ထျန်း ချက်ချင်း သက်ပြင်းချလိုက်သည်။ ဂုဏ်ထူးဆောင်တပည့် တွေထဲမှာလည်း ပုံမှန်လူတွေ ရှိသေးတာပဲ။

"ပန်းနတ်သမီး သွေးကြော က ဘာလို့ မြင့်မြတ်မှာလဲ။ အနည်းဆုံး နတ်စာကလေးကမှ အဲ့လို အဆင့်မျိုးမှ ရနိုင်မှာ"

ဝမ်ကျိယွီက အလေးအနက် ပြောသည်။

ထန်ထျန်း စကားမပြောနိုင်ဖြစ်သွားသည်။

ကောင်းလိုက်တာ၊ သူနဲ့ ဂုဏ်ထူးဆောင်တပည့် ဆိုတဲ့ အဆင့်အတန်းကြားမှာ သွား ရမယ့် ခရီးရှည်ကြီး ရှိနေပါသေးတယ်လေ။

ဒီလို အဆင့်အတန်းမျိုးက သာမန်လူတွေ လွယ်လွယ်နဲ့ ရောက်နိုင်တဲ့ အရာ မဟုတ်ပေ။

ထန်ထျန်းရဲ့ အတွေးကို ဖတ်မိသွားပုံရတဲ့ ဝမ်ကျိယွီက ရယ်မောရင်း "ခုနက ငါတို့ တွေ့ခဲ့တဲ့သူတွေက တကယ်တော့ အဆင့်နိမ့်တဲ့သူတွေပါ။ သူတို့က ဒီလို အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေကို လုပ်ဖို့ပဲ ကြိုက်ကြတာလေ" ဟု ပြောသည်။

"တကယ် ချမ်းသာ တဲ့ လူတွေကတော့ ပိုပြီး ပုံမှန်ဖြစ်ကြတယ်"

ထန်ထျန်းက "ဂုဏ်ထူးဆောင်တပည့် တွေကြားမှာလည်း ကွာခြားမှု ရှိတာပဲလား" ဟု မေးသည်။

ဝမ်ကျိယွီက ပြုံး ရင်း "ဟုတ်တယ်" ဟု ပြောသည်။

"ယေဘုယျအားဖြင့် ဂုဏ်ထူးဆောင်တပည့် တွေကို လူသုံးမျိုး ခွဲခြားနိုင်တယ်"

"ပထမတစ်မျိုး ကတော့ ညတွင်း ချင်း ရုတ်တရက် ချမ်းသာလာတဲ့ ကံကြမ္မာ တစ်ခုခု ရခဲ့တဲ့သူတွေ"

"သူတို့ရဲ့ ကိုယ်ပိုင်ခွန်အားက မလုံလောက်ဘူး။ ပုံမှန်နည်းလမ်းတွေနဲ့ သူတို့ လိုချင်တဲ့ အဆင့်အတန်းကို မရနိုင်တဲ့အခါ စိတ်ဝိညာဉ်ကျောက် ကို သုံးပြီး ဝယ်ယူကြတယ်။ ဒါက သူတို့ကိုယ်သူတို့နဲ့ သူတို့ရဲ့ အနာဂတ်သားမြေးတွေအတွက် အတိုင်းအတာတစ်ခုအထိ အာမခံချက် ပေးနိုင်တယ်"

"ဒီလိုလူတွေက အများအားဖြင့် လောဘကြီးတတ်ကြပြီး ပိုက်ဆံကို လွယ်လွယ်နဲ့ မဖြုန်းကြဘူး"

"ဒုတိယတစ်မျိုး ကတော့ မိသားစုက ချမ်းသာပေမယ့် ကိုယ်ပိုင်ခွန်အား မလုံလောက်တဲ့သူတွေ။ သူတို့ ဒီလို အဆင့်အတန်းကို ဝယ်ယူခြင်းရဲ့ ရည်ရွယ်ချက်က မိသားစုအတွင်းက အငြင်းပွားမှု တချို့ကို ရှောင်ရှားဖို့နဲ့ ဘဝကို သက်သောင့်သက်သာနဲ့ အေးအေးချမ်းချမ်း ဖြတ်သန်းဖို့ပဲ"

"ဒီလူတွေက အခြေခံအားဖြင့် အပျော်ရှာဖို့ လာကြတာ။ လည်ပတ်တာ၊ ငှက်ပစ် တာတွေကို သူတို့ အဓိက လုပ်ကြတယ်။ ခုနက ငါတို့ တွေ့ခဲ့တဲ့သူတွေကလည်း ဒီအမျိုးအစားထဲမှာ ပါတယ်"

"တတိယတစ်မျိုး ကတော့ ငွေကြေးလည်း ရှိတယ်။ ခွန်အားလည်း ရှိတယ်။ နောက်ခံလည်း ကောင်းတဲ့သူတွေ"

"သူတို့ ဒီအဆင့်အတန်းကို ဝယ်ယူရတဲ့ ရည်ရွယ်ချက် အမျိုးမျိုးရှိတယ်။ ပုံမှန်အားဖြင့် မဆိုး ကြဘူး။ သူတို့က ဂိုဏ်းရဲ့ အတွင်းပိုင်း မှာ ပိုပြီး သက်သောင့်သက်သာ နေထိုင်ချင်ကြတယ်"

ထန်ထျန်း နားထောင်ပြီး အံ့အားသင့်သွားသည်။

ဂုဏ်ထူးဆောင်တပည့် တွေကြားမှာတောင် ဒီလောက် ကွာခြားမှုတွေ ရှိနေတာပဲပေါ့ ။

ဝမ်ကျိယွီ ပြောတာ မှန်တယ်ဆိုရင် ခုနက တွေ့ခဲ့ရတဲ့ အခြေအနေအရ ဒုတိယအမျိုးအစား ဖြစ်တဲ့ အပျော်ရှာသူ တွေက လူအများဆုံး ဖြစ်ရမည်။

"ဒါဆို မင်းကရော "

ထန်ထျန်းက မေးသည်။

ဝမ်ကျိယွီက ခဏတာ ကြောင်သွားပြီးနောက် ယပ်တောင်ကို ဖွင့်ကာ အေးအေးဆေးဆေး ပြောသည်။ "ငါက ဘယ်အမျိုးအစားမှ မဟုတ်ဘူး"

"ဂုဏ်ပုဒ်နဲ့ ချမ်းသာမှုက တိမ်တိုက်တွေလိုပဲ၊ ငါကတော့ ကိုယ့်ဘာသာ အေးဆေး နေချင်တယ်"

ထန်ထျန်း ခေါင်းညိတ်သည်။ "ဒါဆိုရင်..."

"မင်းက သီးခြားလူတစ်ယောက်ပေါ့ "

ဝမ်ကျိယွီရဲ့ ယပ်တောင် ရပ်သွားပြီးနောက် လွတ်လပ်စွာ ပြုံး လိုက်သည်။ "ဟုတ်တယ်၊ ဒီလိုလည်း ပြောလို့ရပါတယ်"

"ဒါဆို ဂိုဏ်းတူအစ်ကိုထန် ကရော"

"မင်း ကိုယ့်ကိုယ်ကိုယ် ဘယ်အမျိုးအစားထဲမှာ ထည့်သွင်းသင့်တယ်လို့ ထင်လဲ"

ထန်ထျန်းက ညင်သာစွာ ပြုံးလိုက်သည်။

"တိုက်ဆိုင်လိုက်တာ"

"ငါလည်း သီးခြားလူတစ်ယောက် ပဲ"

All Chapters