← Chapters

သတင်းပေး

Vol. 44 Ch. 609

သတင်းပေး

Vol. 44 Ch. 609

နှစ်နာရီကြာသော်၊

မသေမျိုးတာအိုအဖွဲ့အစည်း၏ ပထမဆုံးအစည်းအဝေးကြီးကို အောင်အောင်မြင်မြင် အဆုံးသတ်နိုင်လိုက်ကြလေသည်။

အစည်းအဝေးတွင် အဓိကစည်းမျဥ်း၈ခုနှင့် အဓိကလမ်းညွှန်ချက်သုံးခုကို စုစည်းတိုင်ပင် ချမျတ်ခဲ့ကြသည်။ ထိုစည်းမျဥ်းများနှင့် လမ်းညွှန်ချက်များတွင် လက်ရှိဖြေရှင်းဆောင်ရွက်ဖို့ လိုအပ်နေသော အချက်များကို အလေးပေးထားပြီး အလယ်ပိုင်းဒေသရှိ အရှုပ်အထွေး ကမောက်ကမများကို ပြန်လည်စီစဥ်နေရာချကာ အထိန်းအကွပ်မဲ့ရမ်းကားနေသော ရှေးဟောင်းကျင့်ကြံသူတို့ကို စနစ်တကျ ထိန်းသိမ်းဖို့အား ဦးစားပေးထားသည်။

မကြာခင်အချိန်မှာပင်၊

မဟာမိတ်ခေါင်းဆောင်ယဲ့ဦးဆောင်သော မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းသည် စည်းမျဥ်းများအား တရားဝင်ကြေညာချမှတ်တော့လေ၏။

အလယ်ပိုင်းဒေသတစ်ခုလုံး တမုဟုတ်ချင်း အုတ်အော်သောင်းနင်းဖြစ်သွားရသည်။

ခေတ်သစ်ကျင့်ကြံသူများကမူ ပျော်ရွှင်မြူးထူးစွာဖြင့် လက်ခုပ်တီးအားပေးကုန်ကြ၏။

သူတို့အတွက်တော့ သတင်းကောင်းသာ ဖြစ်သည်မဟုတ်လော။

ဒေသများ၏ ၉၀ရာခိုင်နှုန်းကျော်ခန့်မှာ ထိုရှေးဟောင်းကျင့်ကြံသူတို့၏ လက်ဝါးကြီးအုပ် ထိန်းချုပ်မှုမှ ယက်ကန်ယက်ကန် မလွတ်မြောက်နိုင်ရှိပြီး နယ်ခံ ကျင့်ကြံရေးအင်အားစု ကြီးကြီးသေးသေးများမှာလည်း မသေမျိုးအင်အားစုများနှင့် မိသားစုများပါမကျန် အသက်ရှူပေါက်ပင်မရအောင် ပိတ်လှောင်ဖိချခံထားရ၏။ နောက်ခံမရှိသော တစ်ကိုယ်တည်းကျင့်ကြံသူလေးများမှာတော့ ဆိုဖွယ်ပင်မရှိ။

ကျင့်ကြံရေးအရင်းအမြစ်များမှာလည်း အလားတူလက်ဝါးကြီးအုပ်ခံနေရခြင်းကြောင့် ပါရမီရှင် လူငယ်တက်သစ်စလေးများပင် ခြေလှမ်းသစ်စဖို့ အခွင့်အရေးမရခဲ့ပါချေ။ သွေးသစ်လူငယ်လေးများ၏ တိုးတက်မှုကင်းမဲ့ခြင်းသည် ကျင့်ကြံရေးလောကကြီးတစ်ခုလုံး အရွေ့မရှိ ရပ်တန့်နေခြင်းသာ ဖြစ်ပေတော့၏။

အပြင်ပန်းကြည့်လျှင် အင်အားကြီးသူများစွာဖြင့် တိုးတက်နေဟန်ထင်ရသော်ငြား ရေရှည်တွင် ဆုတ်ယုတ်ကျဆင်းမှုများသာ ရှိလာတော့မည်ပင်။

ယခုတော့ မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်း၏ လူသိရှင်ကြား စည်းမျဥ်းကြေညာချမှတ်ခြင်းက ခေတ်သစ်ကျင့်ကြံသူများအတွက်မူ အကူအညီကောင်းတစ်ရပ်သာဖြစ်၏။

"မသေမျိုးတာအို မဟာမိတ်ခေါင်းဆောင်ယဲ့ရဲ့ ကြီးစွာသောကြင်နာမှုကို ကျွန်တော်တို့ ထာဝရမမေ့ပါဘူး"

"မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းကသာ ငါတို့အတွက် ရပ်တည်ပေးနေရင် အဲ့ရှေးခေတ်ကအဘိုးကြီးတွေလည်း ဦးချိုးနာခံရမှာပဲ"

"ကျေးဇူးကြီးမားလှပါတယ် မသေမျိုးတာအို မဟာမိတ်ခေါင်းဆောင်ယဲ့"

တာအိုပြည်နယ်များစွာတွင် လူအများမှာ ညအမှောင်ကွယ်ပျောက်၍ အရုဏ်ဦးအလင်းတန်းကို မြင်လိုက်ရသည့်အလား ပျော်ရွှင်လွတ်လပ်ကုန်ကြသည်။

မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းသည် သူတို့အတွက်တော့ နေ့သစ်တစ်ခုတွင် မြင့်တက်လာသည့်နေမင်းအလား အလယ်ပိုင်းဒေသ၏ အမှောင်ထုကို တိုက်ထုတ်ပေးခဲ့ခြင်းပင်။

သို့ပေမဲ့၊

မျိုးနွယ်စုပေါင်းစုံမှ ရှေးဟောင်းကျင့်ကြံသူများမှာ ယနေ့ထိတိုင် လှုပ်ရှားရမ်းကားနေကြဆဲဖြစ်ပြီး မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းအား ဆန့်ကျင်ပုန်ကန်ကြောင်း ပြသနေကြလေသည် ။

ရှေးခေတ်စွမ်းအားရှင်တို့၏ ကျင့်ကြံဆင့်များနှင့်ယှဥ်လျှင် ခေတ်သစ်ကျင့်ကြံသူများမှာ ခုခံအားမရှိလောက်အောင် နိမ့်ပါးနေသည်ပင်။

ထို ရှေးဟောင်းကျင့်ကြံသူများကလည်း ထိုသို့ ယှဥ်ပြိုင်မရနိုင်လောက်အောင် အင်အားနည်းသော ပြိုင်ဘက်များကိုမှ ဖိနင်းချေမှုန်းချင်ကြသည်။ ဤသို့ဖြင့် အဆမတန် အင်အားကြီးမားသော ခံစားချက်ကို ရရှိချင်ကြလေသည်။

ထို့အပြင် နောက်လူငယ်များ လိုက်မီလာမည်စိုးသည့်အတွက် ကျင့်ကြံရေးအရင်းအမြစ်များကိုလည်း တစ်ဦးတည်းသား အပိုင်စီးထားကြကာ အသီးအပွင့်တို့ကို အဆင်သင့်ခူးယူစားသုံးရင်း ပိုင်ဆိုင်မှုများကို မိမိတို့နှင့် ခေ တ်ပြိုင်ကျင့်ကြံသူများထံမှ လုယူမခံရရုံသာ ကာကွယ်စောင့်ကြပ်ဖို့ လိုအပ်လေသည်။

အပြင်လောကမှ မကျေနပ်သံများကိုတော့ လျစ်လျူရှုထားလိုက်ကြရုံသာ။

သို့သော် မျှော်လင့်မထားစွာပင် မသေမျိုးတာအိုအဖွဲ့အစည်းဟူသော အင်အားစုတစ်ရပ်မှာ အခြေစိုက်တည်ထောင်ပြီး မကြာသေးသောအချိန်အတွင်း သူတို့ရှေးဟောင်းကျင့်ကြံသူအုပ်စုကို ပစ်မှတ်ထားလာကြလေသည်။

တင်းကျပ်တိကျသော စည်းမည်းဥပဒေများကို ချမှတ်လာရုံသာမက နယ်ခံအင်အားစုများ ပိုင်ဆိုင်သော ရင်းမြစ်ရတနာသိုက်တို့ကို ပြန်လည်သိမ်းယူလာကြကာ ပြည်သူပြည်သားများကိုလည်း လက်လွယ်စပယ် သတ်ဖြတ်ရမ်းကားမှုမပြုရန် သတိပေးလာသည်။ သတိပေးချက်ကို ကျူးလွန်ပါက အဖွဲ့အစည်းမှ ချမှတ်သောပြစ်ဒဏ်ကို ရင်ဆိုင်ရမည်ဆို၏။

သတ်ဖြတ်အနိုင်ကျင့်ရခြင်းကို အထူးနှစ်သစ်သော ‌ရှေးဟောင်းကျင့်ကြံသူများကမူ စည်းမျဥ်းသစ်များကို မကျေမနပ်ဖြစ်စွာ အတူတကွ ပူးပေါင်းခုခံဖို့ ကြိုးစားလာကြသည်။

"ဟမ့် အလယ်ပိုင်းဒေသဆိုတာ ဒီလောက်ကျယ်ပြောလှတာ၊ ဒါတွေအကုန် သူတို့ဘယ်လို စီမံအုပ်ချုပ်နိုင်မှာတဲ့လဲ။ ငါတော့မယုံပေါင်"

"ကောင်းကင်ကမြင့်လေလေ ဘုရင်နဲ့ဝေးလေလေ ဆိုတဲ့စကားပုံတောင် ရှိသေးမဟုတ်လား။ သူတို့ မဟာမိတ်အဖွဲ့အစည်းကဖြင့် မနေတစ်နေ့ကမှတည်ထောင်ထားပြီး ကျင့်ကြံရေးလောကတစ်ခုလုံးကို လက်ဝါးကြီးအုပ်ချင်နေတာ ကြားလို့တောင်မကောင်းဘူး"

"ဟားဟား မင်းတို့လည်းမနာခံချင်ကြဘူးမလား၊ ငါကတော့ ပြန်ပုန်ကန်ဖို့ပါ စဥ်းစားထားတယ်

...

ရှေးဟောင်းကျင့်ကြံသူတို့၏ ဆန့်ကျင်ပုန်ကန်မှုကို သူတို့မျှော်လင့်ထားခဲ့ပြီးသားပါပင်။

ဤသိုဖြင့် မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်း၏ နာမည်အောက်မှ မသေမျိုးဘုရင်အဆင့် စွမ်းအားရှင်တပ်ဖွဲ့တို့ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာခဲ့ပြီး တာအိုပြည်နယ်များစွာသို့ တရကြမ်းလှည့်လည်စစ်ဆေးကုန်ကြ၏။

ထိုတပ်ဖွဲ့များကို ဟုန်ချန်ယဲ့နှင့်တကွ ကျန်တပည့်ရောင်းရင်းများက အတူဦးဆောင်ကြသည်။

ထိုလှည့်လည်စစ်ဆေးရေးမှာ အပြစ်မဲ့ပြည်သူပြည်သားတို့ကို လက်လွတ်စပယ်သတ်ဖြတ်ကာ စည်းမျဥ်းစည်းကမ်း မစောင့်ထိန်းကြသော ပြန်လည်နိုးထရှင်သန်လာသူတို့အား အထူးသဖြင့် ပစ်မှတ်ထားစောင့်ကြည့်သည်။

ယဲ့ကျွင်းလင်၏ သ‌ဘောထားအရ မျောက်အုပ်ကိုခြောက်လှန့်ဖို့ ကြက်ကိုအရင်သတ်ပြရမည် ဆို၏။

လပိုင်းအတွင်း အလယ်ပိုင်းဒေသတွင် ရှေးဟောင်းကျင့်ကြံသူတို့ သွေးချောင်းစီးနှိမ်နင်းခံကြရသည်။

မသေမျိုးဘုရင်များကြားမှ ထိပ်တိုက်ရင်ဆိုင်ပွဲ ဖြစ်သည်နှင့်အညီ ကောင်းကင်ကိုပြိုဆင်း၊ ကမ္ဘာမြေကို အက်ကွဲကြောင်းထင်ကျန်စေကာ နေနှင့်လကို အလင်းရောင်မှိန်ဖျော့စေသော သူသေကိုယ်သေ တိုက်ပွဲများ ဖြစ်ကြ၏။

ဟုန်ချန်ယဲ့တို့ ခေါင်းဆောင်အဖွဲ့မှာ အင်အားအရာတွင် ပြောစရာမလိုလောက်အောင် ပြည့်စုံသန်မာလေရာ ခုခံဆန့်ကျင်မှုအားလုံးကို အတားအဆီးမရှိ ဖြိုဖျက်ချေမှုန်းနိုင်ခဲ့သည်မှာ ဆောင်ဦးလေမှ ရွက်ကြွေတို့ကို တိုက်ခတ်ခြွေချသွားသကဲ့သို့။ ပြန်လည်ခုခံတိုက်ခိုက်ဖို့ ကြိုးစားသော ရှေးဟောင်းကျင့်ကြံသူမှန်သမျှ နေရာတွင် ပွဲချင်းပြီးအသတ်ခံရလေမလား၊ ထောင်သွင်းအကျဥ်းချခံရလေမလား၊ လွတ်မြောက်ရှင်သန်နိုင်စွမ်းတော့ မရှိ။

စစ်ကြောင်းတစ်လျှောက်တွင် နယ်ခံကျင့်ကြံသူတို့က နွေးထွေးတက်ကြွစွာ ကြိုဆိုခဲ့ကြသည်။

အထက်စီးဆန်၍ မာန်မာနထောင်လွှားသော ရှေးဟောင်းစွမ်းအားရှင် အတော်များများမှာ မသေမျိုးမဟာမိတ်တပ်ဖွဲ့၏ စစ်ချီချေမှုန်းရေးများကို မျက်မြင်တွေ့အပြီး ရိုကျိုးသေဝပ်စွာဖြင့် စည်းမျဥ်းစည်းကမ်းများကို လိုက်နာနေထိုင်ရုံသာ တတ်နိုင်တော့၏။

ရွေးချယ်စရာမရှိတော့။

ထိုလူငယ်လေးများကား ကြောက်စရာကောင်းလှသည်ကော။

များစွာသော အရင်းအမြစ် အကျိုးအမြတ်များကို သိမ်းပိုက်ရရှိထားသည့်တိုင် အသုံးမဝင်တော့။ တစ်ဖက်ရန်သူတပ်၏ ခေါင်းဆောင်အဖွဲ့မှာ မယုံနိုင်စရာကောင်းလောက်အောင် အံ့မခန်း အားကြီးနေခဲ့သည်။

ကျင့်ကြံရေးလောကတွင် အင်အားသည်သာ အရာရာပင်။

ဤသို့ဖြင့် မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းသည် ပြန်လည်နိုးထရှင်သန်လာသူ စွမ်းအားရှင်များစွာကို ဦးချိုးနှိမ်နင်းရင်း မိမိတို့၏ မူပိုင်ဂုဏ်သတင်းအား တည်ထောင်ဖြန့်ကျက်နိုင်ခဲ့တော့၏။

အညှာအတာကင်းသော အပြစ်ပေးစနစ်ကြောင့် မတရားသိမ်းယူထားသော အရင်းအမြစ်နယ်မြေများမှာလည်း နဂိုပိုင်ရှင်များထံ ပြန်လည်ရောက်ရှိကုန်ကြသည်။

အလယ်ပိုင်းဒေသမှာ ပြန်လည်စည်းစနစ်ကျနလာခဲ့သည်။

မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်း၏ အင်အားက တိုးသည်ထက်တိုးမြင့်လာခဲ့သည်။

ဧရာမသားရဲဂူကြီးတစ်လုံး၏ အတွင်းဝယ် နတ်ဆိုးလေပြင်းတစ်သုတ် တိုက်ခတ်သွားခဲ့သည်။

ထိုဂူကြီးထဲတွင် စိတ်ဓာတ်ကျနေကြဟန်ရှိသော ရှေးဟောင်းယာအိုမျိုးနွယ်ဝင်တစ်စုရှိကာ ပြန်လည်တိုက်ခိုက်ဖို့ တန်ပြန်အစီအစဥ်များ ဆွေးနွေးနေခဲ့ကြ၏။

သူတို့သည် ယခင်က နေရာတိုင်းတွင် ဆူပူဖျက်ဆီးကာ ရမ်းကားပြုမူခဲ့ကြသော်လည်း မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်း ဝင်ရောက်ဖြေရှင်းလေသောအခါ တစ်စစီပြန့်ကျဲထွက်ပြေးခဲ့ကြရပြီး အချို့ နှေးကွေးလေးလံသူများဆိုလျှင် လမ်းတစ်ဝက်တွင်ပင် အသက်ပျောက်ကျန်ခဲ့ရသည်။

All Chapters