← Chapters

အဆင့်နှစ် 'စာအုပ်ကူ'၏စွမ်းရည်၊ ဝိညာဉ်သန္ဓေသားအဆင့် ဂူစံအိမ်ပေါ်ပေါက်လာခြင်း။

Vol. 12 Ch. 169

အဆင့်နှစ် 'စာအုပ်ကူ'၏စွမ်းရည်၊ ဝိညာဉ်သန္ဓေသားအဆင့် ဂူစံအိမ်ပေါ်ပေါက်လာခြင်း။

Vol. 12 Ch. 169

ချလပ်..။

ထိုအချိန်တွင်၊ ကျိုးစွေ့သည် တိတ်ဆိတ်သောအခန်းထဲမှ စိတ်ဓာတ်တက်ကြွစွာ ထွက်ခွာလာပြီး သူ၏ စိတ်ခံစားမှုမှာ အလွန်သာယာနေသည်။

မည်သို့ပင်ဖြစ်စေ၊ သူသည် ပထမဆုံး နှလုံးသားမျက်လုံး အသိအမှတ်ပြုခြင်းကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ပြီး ယခုအခါ နောက်တစ်ဆင့်အတွက် ဆက်လက်လုပ်ဆောင်ရန် အသင့်ဖြစ်နေပြီ ဖြစ်၏။

မှန်ပေသည်၊ ဒုတိယမြောက် နှလုံးသားမျက်လုံးကို ဖွဲ့စည်းခြင်းသည် တစ်ညတည်းနှင့် အောင်မြင်နိုင်သောအရာ မဟုတ်ပေ။

ထို့ကြောင့် သူသည် ဇနီးမယားများနှင့်အတူ ပျော်ရွှင်မှုကို မျှဝေခံစားရင်း အောင်ပွဲခံချင်နေသည်။

ထိုအချိန်တွင် ကျိပင်းယွီ၊ မုဇီယန်၊ ရှားကျင်းယန်နှင့် လန်ယွဲ့ရှီတို့သည်လည်း အပြင်ဘက်တွင် လျှို့ဝှက်ကျမ်းများအား လေ့လာနေကြသည်။

အထူးသဖြင့် ကျိပင်းယွီ၊ မုဇီယန်နှင့် ရှားကျင်းယန်တို့ သုံးဦးသည် လန်ယွဲ့ရှီထံမှ အင်မော်တယ်ရှားဂိုဏ်း၏ အမွေအနှစ်အသိပညာများစွာကို ရရှိထားကြသည်။

ယင်းတို့သည် သူတို့ကိုယ်တိုင် ရရှိထားခဲ့သော အမွေအနှစ်များထက် အဆပေါင်းများစွာ သာလွန် ကောင်းမွန်လှသည်။

"အခြေအနေ ဘယ်လိုလဲ.. အဆင်ပြေရဲ့လား.."

ကျိုးစွေ့က လေးနက်စွာ တွေးတောနေသော အမျိုးသမီးလေးဦးကို ကြည့်ရင်း စူးစမ်းစွာ မေးလိုက်သည်။

"ယောက်ျား.. ဒုတိယအဆင့် အဆောင်ပညာရပ်ကို လေ့လာရတာ တကယ်ကိုခက်ခဲလွန်းတယ်.."

"ကျွန်မက ဒုတိယအဆင့် အောက်ခြေအဆင့် အဆောင်ပညာရှင်တစ်ယောက်အနေနဲ့ ဒုတိယအဆင့် အဆာင်တွေကို အလွယ်တကူ သင်ယူနိုင်လိမ့်မယ်လို့ ထင်ခဲ့တာ…"

"ဒါပေမဲ့… ဟူး.. အခုကြည့်ရတာတော့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းသွားပုံရတယ်…"

မုဇီယန်က မျက်နှာငယ်လေးဖြင့် ပြောလိုက်သည်။

"ဒုတိယအဆင့် အစီအရင်တွေရဲ့ ခက်ခဲမှုက ဆယ်ဆမက ပို တိုးလာတယ်…"

"အရင်တုန်းက ကျွန်မလည်း ဒုတိယအဆင့် အစီအရင်ရဲ့ အမွေအနှစ်ကို ရရှိခဲ့ဖူးပေမဲ့ အင်မော်တယ်ရှားဂိုဏ်းက ရတာက ပိုပြီး ပြည့်စုံလွန်းတယ်…"

"တကယ်လို့ သင်ယူချင်တယ်ဆိုရင်တောင်.. နှစ်တစ်ရာကျော်လောက် မလေ့လာဘဲနဲ့ မဖြစ်နိုင်လောက်ဘူး.."

"ဒုတိယအဆင့် အစီအရင်ပညာရှင်တွေ ဘာလို့ ဒီလောက်ရှားပါးလဲဆိုတာ မဆန်းတော့ဘူး… ဒါက အရမ်းကို ခက်ခဲလွန်းတယ်…"

ရှားကျင်းယန်ကလည်း ထပ်တူထပ်မျှ ထောက်ခံလိုက်သည်။

သူတို့ ယခင်က သင်ယူခဲ့ရသည်များမှာ အခြေခံများသာ ဖြစ်ပြီး၊ ဒုတိယအဆင့်သို့ ခြေချမိမှသာ ၎င်း၏ ခက်ခဲမှုကို နားလည်လာကြသည်။

ထို့အပြင် အဆင့်မြင့်လာလေ၊ ခက်ခဲမှုက ဆတိုးကိန်းဖြင့် တိုးလာလေ ဖြစ်သည်။

"ဒီလိုလား.. ဒါဆို ငါ မင်းတို့ကို ကူညီပေးမယ်…"

ကျိုးစွေ့က အနည်းငယ် ပြုံးလိုက်ပြီး၊ လက်ညိုးမှ အလင်းတန်းတစ်ခုကို မုဇီယန်နှင့် ရှားကျင်းယန်တို့ဆီသို့ ညင်သာစွာ ညွှန်ပြလိုက်သည်။

ရွှစ်…။

ဒုတိယအဆင့် အဆောင်များနှင့် အစီအရင်များဆိုင်ရာ အသိပညာအားလုံးသည် ဒီရေလှိုင်းတစ်ခုကဲ့သို့၊ ချက်ချင်းပင် သူမတို့၏ သိစိတ်ပင်လယ်အတွင်းသို့ နက်ရှိုင်းစွာ စိမ့်ဝင်ပေါင်းစည်းသွားသည်။

၎င်းသည် စာအုပ်များထဲမှ စာသားများကို သူတို့၏ ဦးနှောက်ထဲသို့ တိုက်ရိုက် ရိုက်သွင်းပေးလိုက်သကဲ့သို့ပင် ဖြစ်သည်။

ဤသည်ကား အဆင့်နှစ် 'စာအုပ်ကူ'မှ အသစ်မွေးဖွားလာသော စွမ်းရည် 'အသိပညာ လွှဲပြောင်းခြင်း'ပင် ဖြစ်ချေသည်။

၎င်းသည် သူသိမ်းဆည်းထားသမျှ အသိပညာများအား မည်သူ့ကိုမဆို ဖြန့်ဝေပေးနိုင်ပြီး ဘယ်သောအခါမျှ မေ့လျော့သွားစေမည် မဟုတ်ချေ။

ခဏအကြာတွင်၊ မုဇီယန်နှင့် ရှားကျင်းယန်တို့သည် ကျိုးစွေ့ကို မယုံနိုင်စွာဖြင့် မျက်လုံးပြူးကာ စိုက်ကြည့်နေတော့သည်။

"ဘုရားရေ.. ယောက်ျား.. ရှင် ကျွန်မတို့ကို ဘာလုပ်လိုက်တာလဲ…"

"ဟုတ်တယ်.. ကျွန်မ ဒုတိယအဆင့် အဆောင်တွေရဲ့ အသိပညာအားလုံးကို အလွတ်မှတ်မိသွားသလို ခံစားရတယ်…"

"အခုထိ ဒါတွေကို အပြည့်အဝ နားမလည်သေးပေမဲ့ အရင်ကထက် အများကြီး ပိုကောင်းနေပြီ.."

မုဇီယန် အံ့အားသင့်သွားသည်။

ဤမယုံနိုင်စရာ ခံစားချက်ကို သူမ ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်း ဖြစ်သည်။ ၎င်းသည် အသိပညာများကို သူမ၏ဦးနှောက်ထဲသို့ တိုက်ရိုက်ထည့်သွင်းပေးလိုက်ပြီး၊ အားလုံးကို ကြေညက်စေရန် ကူညီပေးလိုက်သကဲ့သို့ ဖြစ်ရာ၊ အလွန်ပင် မယုံနိုင်စရာ ကောင်းလှသည်။

"ကျွန်မရောပဲ.. ဒုတိယအဆင့် အစီအရင်တွေနဲ့ ပတ်သက်တဲ့အသိပညာတွေ အများကြီး ထည့်သွင်းခံလိုက်ရတယ်.."

"ဒါက ကျွန်မ အစီအရင်တွေကို ဆယ်စုနှစ်ပေါင်းများစွာ လေ့လာခဲ့သလိုမျိုးပဲ.."

ရှားကျင်းယန်ကလည်း ထောက်ခံကာ ခေါင်းညိတ်လိုက်သည်။

ထိုအချိန်တွင် ကျိပင်းယွီနှင့် လန်ယွဲ့ရှီတို့သည်လည်း ကျိုးစွေ့ကို အလွန်ရှုပ်ထွေးသော မျက်နှာများဖြင့် ကြည့်နေကြသည်။

"ဟားဟား.. ဒါက ငါပိုင်ဆိုင်ထားတဲ့ လျှို့ဝှက်နည်းစနစ်တစ်ခုပါ.."

"ဒါက ငါ သင်ယူပြီးသား အသိပညာတွေကို တခြားသူတွေဆီ တိုက်ရိုက် လွှဲပြောင်းပေးနိုင်တယ်.."

"ပြီးတော့ အသိပညာက ဦးနှောက်ထဲဝင်သွားတာနဲ့.. တစ်သက်လုံး မေ့ပျောက်သွားမှာ မဟုတ်ဘူး.. ဒါက မင်းတို့ရဲ့ မှတ်သားရမယ့်အချိန်ကို အများကြီး သက်သာစေလိမ့်မယ်…"

"ဒါက မင်းတို့ရဲ့ နားလည်နိုင်စွမ်းကိုတောင် အတိုင်းအတာတစ်ခုအထိ မြှင့်တင်ပေးနိုင်တယ်…"

ကျိုးစွေ့က ရှင်းပြလိုက်သည်။

"ယောက်ျားက အင်မော်တယ်ရှားဂိုဏ်းကနေ အမွေအနှစ် အသိပညာတွေ အများကြီး လိုအပ်တယ်ဆိုတာ ဒါကြောင့်ကိုး.. ယောက်ျားက ဒီလို လျှို့ဝှက်နည်းစနစ်မျိုးကို ကျွမ်းကျင်ထားလို့ပေါ့လေ.."

လန်ယွဲ့ရှီ ရုတ်တရက် နားလည်သွားသည်။

သူမ၏ခင်ပွန်းသည် အဘယ်ကြောင့် ဤမျှလောက် များပြားစွာသင်ယူနေရသည်ကို သူမ အနည်းငယ် သဘောပေါက်သွားသည်။ သူ့တွင် ဤကဲ့သို့သော မယုံနိုင်စရာကောင်းသည် လျှို့ဝှက်နည်းစနစ်တစ်ခုကို ကျွမ်းကျင်ထားသောကြောင့်ပင် ဖြစ်ချေသည်။

"ဒါက အရမ်းအစွမ်းထက်လွန်းတယ်.. ဒါက လျှို့ဝှက်နည်းစနစ်တစ်ခုထက် ပိုတယ်.. ဒါကို နတ်ဘုရားအတတ်လို့ ပြောရင်တောင် လွန်မယ်မထင်ဘူး.."

ကျိပင်းယွီက ကျိုးစွေ့ကို လေးစားမြတ်နိုးသောအကြည့်ဖြင့် ကြည့်လိုက်သည်။

အကယ်၍ ကျိုးစွေ့က သူသည် ကမ္ဘာမြေသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးဟု ယခု ပြောလျှင်ပင်၊ သူမ သံသယ လုံးဝ ရှိမည် မဟုတ်ပေ။

"မင်းတို့ နှစ်ယောက်လုံးက တိုက်ခိုက်ရေးမှာ ထူးချွန်ကြပေမယ့်၊ ကျင့်ကြံခြင်း ပညာရပ်တွေမှာတော့ မကျွမ်းကျင်ကြဘူး.."

"ဒီလိုလုပ်ရအောင်.. ငါ မင်းတို့ဆီကို ဓားသိုင်းပညာရဲ့ လျှို့ဝှက်နည်းစနစ်တွေ.. သိုင်းပညာ လျှို့ဝှက်ကျမ်းတွေ.. ပြီးတော့ တိုက်ခိုက်ရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် အများကြီးကို မျှဝေပေးမယ်…"

"မင်းတို့ ဒါတွေကို မကျင့်ကြံရင်တောင်.. ဒီအသိပညာတွေအပေါ် အတိုင်းအတာတစ်ခုအထိ နားလည်မှု ရရှိလာလိမ့်မယ်…"

"ဒါက မင်းတို့ရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကို တိုးမြှင့်ပေးနိုင်မလားဆိုတာ ဘယ်သူသိနိုင်မလဲ…"

ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်ရင်း၊ 'စာအုပ်ကူ'၏ စွမ်းအားကို ဆင့်ခေါ်ကာ ညင်သာစွာ ညွှန်လိုက်သည်။

ချက်ချင်းပင်၊ များပြားလှသော သတင်းအချက်အလက်များက ကျိပင်းယွီနှင့် လန်ယွဲ့ရှီတို့၏ သိစိတ်ပင်လယ် အနက်ပိုင်းထဲသို့ ချက်ချင်း စီးဝင်နစ်မြုပ်သွားသည်။ ၎င်းသည် မရေမတွက်နိုင်သော ပုံရိပ်ယောင်စာအုပ်များက သူတို့၏ဝိညာဉ်များထဲသို့ ပေါင်းစပ်သွားသည့်အလား ထင်ရပေသည်။

သူတို့သည်လည်း ကြီးမားလှသော အသိပညာများက သူတို့၏ စိတ်ထဲတွင် အလိုအလျောက် ပေါ်ပေါက်လာသည်ကို ခံစားလိုက်ရသည်။

"ဒါက…"

ကျိပင်းယွီနှင့် လန်ယွဲ့ရှီတို့ နှစ်ဦးလုံး များစွာ ပျော်ရွှင်သွားသည်။ သူတို့ဘဝတွင် သင်ယူခြင်းသည် ဤမျှပျော်ရွှင်စရာကောင်းသည်ဟု ပထမဆုံးအကြိမ် တွေးမိလိုက်ကြသည်။ စာအုပ်များကို ဖတ်ရန်၊ လေ့လာရန်မလိုဘဲ အသိပညာက သူတို့၏ စိတ်ထဲတွင် သူ့အလိုလို စွဲထွင်သွားကြ၏။

သံသယဖြစ်ဖွယ်မရှိ၊ ဤသည်မှာ 'နတ်ဘုရားကျင့်စဉ်'တစ်ခုသာ ဖြစ်ရပေမည်။ သို့မဟုတ်ပါက၊ ဤကဲ့သို့ မတွေးဝံ့စရ‌ေကိစ္စမျိုး ဖြစ်နိုင်မည် မဟုတ်ပေ။

"တော်ပြီ.. ရေပူစမ်းမှာ ငါနဲ့တူတူ လာစိမ်ကြတော့.."

"ဒီရက်ပိုင်း ကျင့်ကြံနေရတာတွေက ငါ့ကို ပင်ပန်းစေတယ်.."

ကျိုးစွေ့က လှမ်းခေါ်လိုက်သည်။

အင်မော်တယ်ရှားတောင်ထိပ်ရှိ အသုံးအဆောင်များသည် အရာရာပြည့်စုံပြီး၊ ရေပူစမ်းများမှာ ၎င်းတို့ထဲမှ တစ်ခုသာ ဖြစ်သည်။

"ကောင်းပါပြီ ယောက်ျား.."

ထိုစကားကို ကြားသောအခါ ကျိပင်းယွီ၊ လန်ယွဲ့ရှီ၊ မုဇီယန်နှင့် ရှားကျင်းယန်တို့၏ မျက်နှာများ ရဲပဒေါင်းခတ်သွားပြီး၊ ဆွဲဆောင်မှုရှိသော မျက်လုံးများမှာ ပိုးသားကဲ့သို့နူးညံ့သွားကာ ကျိုးစွေ့နှင့်အတူ ရေပူစမ်းထဲသို့ ရေချိုးရန် လိုက်ပါသွားကြသည်။

ထုံးစံအတိုင်း၊ ထိုညတွင် သူတို့သည် အားရပါးရ ပျော်ပါးခဲ့ကြပြီး၊ ်ရုဏ်မတက်မချင်း မအိပ်စက်ခဲ့ကြပေ။

…

ရက်အနည်းငယ် ကြာပြီးနောက်။

ကျိုးစွေ့သည် မူလက သူသည် အင်မော်တယ်ရှားဂိုဏ်းတွင် ငြိမ်းချမ်းစွာ ကျင့်ကြံပြီး၊ အခြေတည် အစောပိုင်းအဆင့်မှ အလယ်အလတ်၊ နှောင်းပိုင်းနှင့် ရွှေအမြုတေအဆင့်အထိ တက်လှမ်းနိုင်လိမ့်မည်ဟု ထင်ထားခဲ့သည်။

သို့သော် မကြာမီ၊ ထိတ်လန့်ဖွယ် သတင်းတစ်ခု ရောက်ရှိလာသည်။

အသစ်တွေ့ရှိသော ကြေးနီသတ္တုတွင်းတစ်ခုတွင် ကြီးမားလှသော ဝိညာဉ်သန္ဓေသားအဆင့် ဂူစံအိမ်တစ်ခုကို တူးဖော်တွေ့ရှိခဲ့သည်။

ဤဝိညာဉ်သန္ဓေသားအဆင့် ဂူစံအိမ်သည် မိုင်ဒါဇင်များစွာသော ဧရိယာကို ဖုံးလွှမ်းထားပြီး၊ ကြီးမားသော စတုတ္ထအဆင့် အစီအရင်ကြီးတစ်ခုအဖြစ် ဖြစ်ပေါ်လာသည်။

ဝိညာဉ်သန္ဓေသားအဆင့် ဂူစံအိမ် ပေါ်ထွက်လာသောအခါ၊ မိုင်သုံးထောင်ထိတိုင် အလင်းတန်းများ ပေါ်ထွက်လာပြီး၊ ယင်းက လူတိုင်း၏ အာရုံစိုက်မှုကို ဖမ်းစားလိုက်တော့သည်။

အမျိုးမျိုးသော ရွှေအမြုတေ ဂိုဏ်းများနှင့် ရွှေအမြုတေ မိသားစုများ အားလုံးသည် ဤသတင်းကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတော့သည်။

မည်သို့ပင်ဖြစ်စေ၊ ပြီးပြည့်စုံသော ဝိညာဉ်သန္ဓေသားအဆင့် ဂူစံအိမ်တစ်ခုတွင် မည်ကဲ့သို့သော ရတနာများ ရှိနေသည်ကို မည်သူမျှ မသိနိုင်ပေ။ ရွှေအမြုတေ ဆရာသခင်တစ်ဦးပင် ၎င်းကြောင့် သွေးဆောင်ခံရနိုင်သည် မဟုတ်လော။

“ယောက်ျား.. ဒီဝိညာဉ်သန္ဓေသားအဆင့် ဂူစံအိမ်က မရိုးရှင်းဘူး… ဒါက လွန်ခဲ့တဲ့ နှစ်သုံးထောင်က အင်မော်တယ်မြူခိုးကျွန်းကို စိုးမိုးခဲ့တဲ့ 'သွေးအရိပ်ဘိုးဘေး'ပိုင်ဆိုင်ခဲ့တာပဲ…"

လန်ယွဲ့ရှီက လေးနက်စွာ ပြောလိုက်သည်။

သူမသည် ဝိညာဉ်သန္ဓေသားအဆင့် ဂူစံအိမ်ကို စစ်ဆေးခဲ့ပြီး အတွင်းရှိ တားမြစ်အစီအရင်ကို ဂရုတစိုက် လေ့လာခဲ့ရာ၊ ထိုဂူစံအိမ်၏ ဇာစ်မြစ်ကို ချက်ချင်း မှတ်မိသွားသည်။

မည်သို့ပင်ဖြစ်စေ၊ အင်မော်တယ်မြူခိုးကျွန်းတွင် ဝိညာဉ်သန္ဓေသားအဆင့်ကို ရောက်ရှိခဲ့သော ဘိုးဘေးပုဂ္ဂိုလ်များမှာ အလွန်ရှားပါးလှသည်။

သူတို့တစ်ဦးချင်းစီသည် နာမည်ကျော်ကြားပြီး၊ မူပိုင်အမှတ်အသားများ ရှိကြသည်။

"သွေးအရိပ်ဘိုးဘေး.. သူ့မှာ ထူးခြားတာတစ်ခုခု ရှိလို့လား.."

ကျိုးစွေ့က စူးစမ်းစွာ မေးလိုက်သည်။

"အတိုင်းအတာတစ်ခုအထိတော့.. သွေးအရိပ်ဘိုးဘေးက ကျွန်မတို့ အင်မော်တယ်ရှားဂိုဏ်းကျဆင်းရခြင်းရဲ့ တရားခံတွေထဲက တစ်ယောက်ပဲ.."

လန်ယွဲ့ရှီက လက်သီးတင်းတင်းဆုပ်လိုက်သည်။

"လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်လောက်က.. ဒီသွေးအရိပ်ဘိုးဘေးက အင်မော်တယ်မြူခိုးကျွန်းမှာ ထင်တိုင်းကြဲခဲ့ပြီးတော့ မဆင်မခြင် သတ်ဖြတ်ခဲ့တယ်… မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေ သူ့လက်ချက်နဲ့ ရက်ရက်စက်စက် အသတ်ခံခဲ့ရတယ်.. သူ့လက်ထဲ ကျရောက်သွားတဲ့ ဘယ်ကျင့်ကြံသူမဆို ခြောက်ကပ်သွားအောင် သွေးစုပ်ယူခံရပြီး အသတ်ခံခဲ့ရတယ်..”

“ကျွန်မတို့ အင်မော်တယ်ရှားဂိုဏ်းရဲ့ ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးက ဒီမိစ္ဆာကို ကိုယ်တိုင်ဖမ်းဆီးဖို့ ကြိုးစားခဲ့ပေမဲ့.. သွေးအရိပ်ဘိုးဘေးရဲ့ အမြန်နှုန်းက အရမ်းမြန်လွန်းပြီး အကြိမ်တိုင်း လွတ်မြောက်သွားခဲ့တယ်…"

All Chapters