← Chapters

အခန်း (၄၉၁+၄၉၂)

Vol. 33 Ch. 491+492

အခန်း (၄၉၁+၄၉၂)

Vol. 33 Ch. 491+492

အခန်း (၄၉၁) ပြန်လာတာကို ကြိုဆိုပါတယ်

အေရိုရှီးယား၏ ရုတ်တရက် လဲကျမှုကြောင့် အစည်းအဝေးသည် ရုတ်ချည်း အဆုံးသတ်သွား၏။ နောက်ဆုံးတွင် သူတို့သည် အယ်လ်ဗင်၏ အတွေးအတိုင်း သူတို့၏ အကူအညီတပ်ဖွဲ့များကို စောင့်ဆိုင်းရင်း ချောင်းမြောင်းနေရန် ရွေးချယ်လိုက်သည်။ နာဂါကင်က အယ်လ်ဗင်ကို လိုက်ဖမ်းနေသော အမှောင်ကြယ် တပ်ဖွဲ့ဝင်များအပေါ် စိုးရိမ်နေသော်လည်း၊ အယ်လ်ဗင်သည် သူ၏ ပင်မခန္ဓာကိုယ်၏ အခြေအနေကို အလွန် ယုံကြည်မှု ရှိနေပုံရပြီး ရှာမတွေ့နိုင်ကြောင်း သေချာနေသည်။ သို့သော် သူ၏ နှုတ်ခမ်းများက တင်းတင်းပိတ်ထားခဲ့ပြီး အသေးဆုံး သတင်းအချက်အလက် တစ်စွန်းတစ်စပင် မပြောပေ။

အယ်လ်ဗင်သည် မစ်ရှင်၏ ဗဟိုချက်ဖြစ်ပြီး သူတို့သည် သူ၏ဆန္ဒကို လေးစားခဲ့ရသည်။ ထို့ကြောင့် သူတို့သည် အခြေစိုက်စခန်းတွင် နေထိုင်ပြီး အစောင့်များ ပိုမိုချထားကာ အန်နွာနှင့် အခြားသူများ၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်ရန်သာ ရွေးချယ်နိုင်ခဲ့သည်။ အလွန် လျင်မြန်စွာဖြင့် သုံးရက် ကုန်လွန်သွား၏။

ထိုသုံးရက်သည် အလွန် ငြိမ်းချမ်းနေပြီး နှစ်ဖက်စလုံးသည် ထိခိုက်မှု လုံးဝမရှိခဲ့ကြပေ။

အမှောင်ကြယ်သည် အယ်လ်ဗင်၏ ပင်မခန္ဓာကိုယ်ကို ရှာဖွေရန်သာ စိတ်ဝင်စားနေသော်လည်း မည်သည့် သဲလွန်စမျှ မရှိပေ။ သူတို့သည် နေရာတစ်ဝိုက်တွင် ပြေးလွှားနေကြပြီး စိုးရိမ်နေသော ကြေးစားစစ်သားများ စိတ်အေးချမ်းသွားကြသည်။ ဤအနားယူကာလအတွင်း ဟန်ရှောင်းသည် အမ်ဘာနှင့် သူ၏ တိုက်ပွဲတွင် ပျက်စီးခဲ့သော စက်များကို ပြုပြင်ခဲ့ပြီး သူ၏ တိုက်ခိုက်ရေးစွမ်းရည် အချို့ကို ပြန်လည်ရရှိခဲ့သည်။ ဤတာဝန်သည် ဤကဲ့သို့ ရိုးရိုးရှင်းရှင်း ပြီးဆုံးလိမ့်မည်ဟု သူမထင်ပေ။ မည်သို့ပင်ဆိုစေကာမူ ၎င်းသည် အတွေ့အကြုံအမှတ် တစ်သန်းကျော် ပါဝင်သော တာဝန်တစ်ခုဖြစ်သောကြောင့် အကူအညီတပ်ဖွဲ့များ ရောက်မလာမီ သို့မဟုတ် ရောက်ရှိပြီးနောက် အခြား တစ်ခုခု ဖြစ်ပျက်လိမ့်မည်။

ဤတာဝန်သည် မည်သည့် ဝရုန်းသုန်းကားကိုမှ မဖန်တီးခဲ့သော်လည်း အခြားဖြစ်ရပ်တစ်ခုက ကြီးမြတ်သော ယန္တရားပညာရှင် ဟန်၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားသည်။ လွန်ခဲ့သော သုံးရက်အတွင်း အေရိုရှီးယားသည် သူမ၏ ခေါင်းထဲမှ ခေါ်ဆိုသံက ပို၍ ပို၍ ထင်ရှားလာသည်ကို တွေ့ရှိခဲ့သည်။ သူမ၏ စကားအတိုင်းဆိုလျှင် ၎င်းသည် သူမ၏ စိတ်ထဲတွင် မရပ်မနား လှည့်ပတ်နေသော အသံဖမ်းစက်တစ်ခု ထုတ်လွှင့်နေသကဲ့သို့ ဖြစ်သည်။ ထုတ်လွှင့်မှု၏ အသံက ပိုပို ကျယ်လောင်လာပြီး တစ်ဖက်အဖွဲ့က သူမကို တစ်နေရာသို့ ခေါ်ဆောင်လိုကြောင်းကို သူမ ပြင်းပြင်းထန်ထန် ခံစားနေရသည်။

ဟန်ရှောင်းက အေရိုရှီးယားသည် လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေကြောင်းကို အမြဲတမ်း သိထား၏။ သူမသည် အမှန်တကယ် မသေနိုင်ဘဲ မပျက်စီးနိုင်ပေ။ အေးမီစ်ပင် သူမကို လုံးဝဖျက်ဆီးနိုင်ခြင်း မရှိခဲ့ဘဲ သူမ၏ ဇာစ်မြစ်များက အလွန်လျှို့ဝှက်ဆန်းကြယ်သည်။ ထို့အပြင် သူမတွင် အဆင့် အေ ကွင်းဆက်မစ်ရှင်ပင် ရှိနေပြီး သူက သူမကို အရင်ဘဝတွင်ပင် မမြင်တွေ့ခဲ့ရပေ။ ဤအရာက ကစားသမားများသည် ဤလျှို့ဝှက် ဇာတ်ကောင်ကို မတွေ့ခဲ့ရဘူးလို့ ဆိုလိုတာလား။ ထို့နောက် ဟန်ရှောင်းသည် သူ၏ အရင်ဘဝတွင် မျောလွင့်နဂါး၏ ရလဒ်ကို စဉ်းစားမိသည်။ အေးမီစ်၏ မဆင်မခြင် ပြုမူမှုကြောင့် မျောလွင့်နဂါးသည် သူ၏ အရင်ဘဝတွင် ဖျက်ဆီးခံခဲ့ရသည်။ ထိုအချိန်က အေရိုရှီးယားသည် မျောလွင့်နဂါးကျွန်းတွင် ရှိနေသေးသလား။ မဟုတ်ပါက သူမ ဘယ်မှာ ပြန်လည် ရှင်သန်ခဲ့သနည်း။

သူ၏ လက်အောက်ခံများကို ဂရုစိုက်သော ကပ္ပတိန်တစ်ဦးအနေဖြင့် ဟန်ရှောင်းသည် အေရိုရှီးယား၏ အခြေအနေကို အသေးစိတ် စတင်မေးမြန်းတော့သည်။ ခေါ်ဆိုသံသည် ကောင်းကင်မှ လာနေပြီး သိပ် မဝေးကြောင်းကို သိလိုက်ရသည်။ မေးခွန်းများနှင့် စုံစမ်းစစ်ဆေးမှု စီးရီးတစ်ခုကို ပြုလုပ်ပြီးနောက် အေရိုရှီးယား ရည်ညွှန်းနေသော တည်နေရာသည် နိုရီယိုဆေးရှိ ဆိပ်ကမ်းတစ်ခုဖြစ်ဖို့ ဖြစ်နိုင်‌ခြေများ၏။

အကွာအဝေးက သူနှင့် အလွန်နီးကပ်နေသောကြောင့် ဟန်ရှောင်းသည် သတိမထားဘဲ မနေနိုင်ပေ။ သူတို့ ပထမဆုံး နိုရီယိုဆေးသို့ ရောက်ရှိလာသောအခါ အေရိုရှီးယားသည် ထိုသို့သော ခံစားမှုမျိုး မရှိခဲ့ပေ၊ ဤအချက်က ဒီခံစားမှုသည် အေရိုရှီးယားကို လိုက်လံနေသော အဖွဲ့တစ်ဖွဲ့က မကြာသေးမီက နိုရီယိုဆေးသို့ ရောက်ရှိလာခြင်း၏ ရလဒ်ဖြစ်နိုင်သည်ကို ဆိုလိုသည်။ ထို့ကြောင့် တစ်ဖက်အဖွဲ့တွင် အေရိုရှီးယား၏ တည်နေရာကို ဆုံးဖြတ်နိုင်သော စွမ်းရည်ရှိသည်။ ဟန်ရှောင်းက တစ်ဖက်အဖွဲ့ကို လျစ်လျူရှုရန် ရွေးချယ်ပါက တစ်ဖက်အဖွဲ့က သူတို့ကို ဆက်လက်၍ အနှောင့်အယှက် ပေးနေနိုင်ဖွယ် အလွန်များ၏။ ဟန်ရှောင်းကို အစိုးရိမ်ဆုံး ဖြစ်စေသည်မှာ သူက တစ်ဖက်အဖွဲ့၏ ရည်ရွယ်ချက်ကို မသိခြင်းပင် ဖြစ်သည်။

အေရိုရှီးယားသည် ဤခံစားမှုနှင့် ပတ်သက်သော မည်သည့်အရာကိုမျှ ပြန်လည်မမှတ်မိနိုင်ဘဲ ဤကိစ္စကို ကိုယ်တိုင် စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။ ဟန်ရှောင်းသည် သဘာဝအတိုင်း သူမကို သူမဘာသာ ပြေးလွှားစေလိုခြင်း မရှိပေ။ အယ်လ်ဗင်သည် လက်ရှိ သူတို့၏ အခြေစိုက်စခန်းတွင် လျှို့ဝှက်စွာ နေထိုင်နေသောကြောင့် ဟန်ရှောင်းသည် အေရိုရှီးယားနှင့် လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။

အချိန်အနည်းငယ် စဉ်းစားပြီးနောက် သူက ဖေဒင်ကိုပါ ခေါ်လိုက်သည်။

သွားသည့်လမ်းတွင် ငြိမ်းချမ်းရေး တံဆိပ်တစ်ခုကို ယူဆောင်လာခြင်းနှင့် ဆင်တူပေမည်။

...

သူတို့ သုံးဦးသည် အာကာသ ဓာတ်လှေကားတွင် ထိုင်ပြီး အေရိုရှီးယား၏ စိတ်အာရုံက ညွှန်ပြနေသော ဆိပ်ကမ်းသို့ ရောက်ရှိလာသည်။ ဤဆိပ်ကမ်းသည် ကွဲအက်ကြယ်စင်ကွင်း၏ အပြင်ဘက်သို့ ဦးတည်နေသော ထွက်ပေါက်တွင် ရှိသည်။ အခြား ကြယ်နယ်မြေများမှ လာသူများသာ ဤဆိပ်ကမ်းတွင် ရပ်တန့်လိမ့်မည်။

"မင်းရဲ့ စိတ်အာရုံက ဘယ်ဘက်ကို ပြနေတာလဲ"

သင်္ဘောကျင်း၏ ခန်းမကြီးသည် ကွဲပြားသော သင်္ဘောကျင်းများသို့ လမ်းလျှောက်နေသော လူများဖြင့် ပြည့်နှက်နေသည်။ အဆုံးမဲ့ လမ်းသွားလမ်းလာများနှင့် ခရီးသွားများအပြင် နိုရီယိုဆေး အစောင့်များနှင့် သင်္ဘောကျင်း၏ ဝန်ထမ်းများလည်း ရှိသည်။ ဆိပ်ကမ်း၏ မျက်နှာကျက်သည် ထွင်းဖောက်မြင်ရပြီး စကြဝဠာ၏ ရှုခင်းကို မြင်တွေ့နိုင်သည်။ သူတို့ သုံးဦးသည် လက်ရှိတွင် ခရီးသွား ရွေ့လျားစက်ပေါ်တွင် ရှိနေပြီး ဖြည်းဖြည်းချင်းနှင့် ပေါ့ပေါ့ပါးပါး သွားနေကြသည်။

"ဟိုဘက်"။ အေရိုရှီးယားက ရှေ့သို့ လက်ညှိုးထိုးလိုက်သည်။

"ဘယ်လောက် ရှင်းလင်းတဲ့ လမ်းညွှန်မှုလဲ"။ ဟန်ရှောင်းက ကူကယ်ရာမဲ့နေသည်။

"ငါ့ရဲ့ စွမ်းရည်တွေက အားနည်းနေသေးတာ ဝမ်းနည်းစရာပဲ" ဖေဒင်က ပြုံးပြီး ပြောသည်။ "မဟုတ်ရင် ငါ့ရဲ့ စိတ်စွမ်းရည်ကို အသုံးပြုပြီး အေရိုရှီးယားရဲ့ ဦးနှောက်ကို ကုသပြီး သူမရဲ့ မှတ်ဉာဏ်တွေ ပြန်ရဖို့ ကူညီနိုင်လိမ့်မယ်။"

"ပထမဆုံး မင်းအနေနဲ့ စွမ်းအင်သက်ရှိပုံစံတွေရဲ့ မှတ်ဉာဏ်သိုလှောင်မှု နည်းလမ်းတွေအပေါ် သုတေသန လုပ်ရလိမ့်မယ်။ သူမမှာ မင်းရှာကြည့်ဖို့ ဦးနှောက်မရှိဘူး။"

"တကယ်လား" ဖေဒင်က အေရိုရှီးယားကို ကြည့်လိုက်သည်။ "သူမရဲ့ ခန္ဓာကိုယ် ဖြစ်တည်နေတာတောင်မှလား"

"သူမရဲ့ စူပါစွမ်းရည်တွေက အသုံးပြုနေတဲ့အခါမှပဲ အသက်ဝင်တာ မဟုတ်ဘူး။ သူမ စူပါစွမ်းရည်တွေ နိုးထလာတဲ့အခါ အဲဒါက သူမရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို ပုံစံ ပြန်ပြောင်းခဲ့တယ်။ သူမရဲ့ ဦးနှောက်၊ အရိုး၊ ကြွက်သား၊ အရေပြားနှင့် အခြားအရာတွေက တုပထားတာ သက်သက်ပဲ။ ကြည့်လိုက်ရင် သာမန် သက်ရှိပုံစံနှင့် ကွဲပြားမှု မရှိပုံပေါ်ပေမယ့် မင်း သူမရဲ့ ခေါင်းကို ဖွင့်လိုက်ရင် စီးထွက်လာမယ့်အရာက ဦးနှောက် အရည်တွေ မဟုတ်ဘူး။"

ဟန်ရှောင်းသည် ခဏ ရပ်တန့်သွားသည်။ ဖေဒင်၏ မျက်နှာပေါ်ရှိ အံ့သြမှုဖြင့် ပြည့်နှက်နေသော မျက်နှာကို ကြည့်ပြီး သူက မျက်မှောင်ကြုတ်လိုက်သည်။ "မင်း စမ်းကြည့်ချင်နေတာတော့ မဟုတ်ဘူး မဟုတ်လား"

"ငါ ဒီလို အကြမ်းဖက်တဲ့ အရာမျိုး လုပ်မှာ မဟုတ်ဘူးဆိုတာ မင်း သိပါတယ်..." ဖေဒင်က သူ၏ လက်များကို ဝှေ့ယမ်းပြီး ခါးသီးစွာ ရယ်မောလိုက်သည်။ "ဒါပေမဲ့ ငါ့ ခေါင်းထဲမှာ နေထိုင်တဲ့ အဲဒီ အမျိုးသမီးကတော့ ဒီလို မထင်ဘူး။"

"ချန်းရှင်က မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ အမြဲတမ်း ဖိနှိပ်ခံနေရတယ်လို့ ခံစားရပုံရတယ်။ ငါ အမျိုးသမီး တစ်ဦးဆိုရင်တောင် မင်းအပေါ် ကောင်းတဲ့အမြင် ရှိမှာ မဟုတ်ဘူး" ဟန်ရှောင်းက နောက်ပြောင်သည်။ "ဒါပေမဲ့ ခံစားချက်တွေက အချိန်နဲ့ အတူ မွေးဖွားလာတာ။ မင်းရဲ့ ဖိနှိပ်မှု အကြာကြီးခံရပြီးတဲ့နောက် သူမက ဒီလို ခံစားမှုမျိုးကို ပျော်မွေ့ပြီး ထွက်လာဖို့ ဆန္ဒရှိတော့မှာ မဟုတ်ဘူး။"

"ဘယ်လိုပေါက်ကရ စကားတွေလဲ။ ဒီအမျိုးသမီးက ငါ ထွက်လာတာနဲ့ မင်းကို သတ်ပစ်မယ်"။ ဖေဒင်က သူ့ခေါင်းကို ညွှန်ပြပြီး ရယ်သည်။ "ဒါတွေက သူမ ပြောခဲ့တဲ့ မူရင်းစကားတွေပဲ။"

ဟန်ရှောင်းက ရှေ့သို့ ကုန်းပြီး ဖေဒင်၏ မျက်နှာကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက ဖေဒင်၏ မျက်လုံးများကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်နေပြီး သူက ချန်းရှင်၏ အသိစိတ်ကို မြင်တွေ့နေရသကဲ့သို့ ဖြစ်သည်။ ချန်းရှင်က ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ခြင်း မရှိသော်လည်း သူမသည် ဖေဒင်၏ အာရုံခံစားမှုများကို မျှဝေနိုင်သည်။ ထို့နောက် ဟန်ရှောင်းက စုပ်သပ်လိုက်ပြီး "မဟုတ်ဘူး၊ မင်း ထွက်လာနိုင်ရင်တောင် မင်း ငါနဲ့ သေချာပေါက် တွေ့ချင်မှာ မဟုတ်ဘူး။"

ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုပြီးနောက် သူတို့ သုံးဦးသည် ခေါ်ဆိုသံ၏ ရင်းမြစ်သို့ ရောက်ရှိလာသည်။ ဤသည်မှာ သိုလှောင်ခန်း တစ်ခုဖြစ်ပြီး တံခါးကို ပိတ်ထားသည်။ သူတို့ ဝင်ရောက်နိုင်ရန် လျှို့ဝှက်ကုဒ် သို့မဟုတ် ဝင်ရောက်ခွင့်ကတ် လိုအပ်သည်။

"မင်းကို ခေါ်နေတဲ့ အရာက အထဲမှာ ရှိတယ်။ ဒါက တကယ် သက်ရှိ တစ်ခုခု ဖြစ်ပုံရတယ်။ ငါတို့ ဝင်ကြည့်ဖို့ နည်းလမ်း ရှာရလိမ့်မယ်။"

ဟန်ရှောင်း၏ အမူအရာသည် တင်းမာလာသည်။ ထိုအခိုက်အတန့်တွင် ဤနေရာကို တာဝန်ယူသော ဝန်ထမ်း တစ်ဦး လျှောက်လာ၏။

"မင်းတို့ ဂိုဒေါင်ထဲက လူကို သိကြလား"

သူတို့သုံးဦးက လှည့်ကြည့်ပြီး ဟန်ရှောင်းက မေးလိုက်သည်။ "ဘာကိစ္စလဲ"

"ဒါက ဒီလိုပါ၊ အထဲက အာကာသယာဉ်က သုံးရက်အကြာက ဂိုဒေါင်ထဲကို ဆင်းသက်ခဲ့တယ်။ ဒါပေမဲ့ မှတ်ပုံလည်း မတင်ဘူး အခကြေးငွေလည်း မပေးရသေးဘူး။ ငါတို့ရဲ့ ဆက်သွယ်ရေး တောင်းဆိုမှုတွေ အားလုံးကို ပယ်ချခဲ့ပြီး အာကာသယာဉ်ပေါ်က လူကလည်း မဆင်းလာဘူး။ မင်းတို့ သူ့ကိုသိရင် ကျေးဇူးပြုပြီး အခကြေးငွေ ပေးဆောင်ပေးပါ။"

ဟန်ရှောင်း၏ မျက်လုံးများ တောက်ပလာသည်။ တစ်ဖက်အဖွဲ့က ယာဉ်မှမထွက်ခွာခဲ့ဘဲ ပေါ်လာခြင်းမရှိခဲ့ပေ။ ဒါက တကယ် လျှို့ဝှက်ဆန်းကြယ်သည်။

"ခဏ နေပါဦး၊ သူ မပေးဘဲနဲ့ ဘာကြောင့် မမောင်းထုတ်တာလဲ" ဖေဒင်က မေးလိုက်သည်။

"ဘာလို့လဲဆိုတော့ သူ့ရဲ့ အာကာသယာဉ်က အလင်းဖက်ဒရေးရှင်းရဲ့ ထောက်လှမ်းရေးယာဉ်ဖြစ်လို့ပဲ။ ဒါက သူ၏ အဆင့်အတန်း၏ သင်္ကေတပဲ။ ငါတို့ရဲ့ နိုရီယိုဆေး ဘဏ္ဍာရေး အုပ်စုက ဒီလို အဆင့်မြင့် ယာဉ်မျိုးကို အလွယ်တကူ မမောင်းထုတ်နိုင်ပါဘူး။" ဝန်ထမ်း၏ စကားများက အလွန် ကျိုးကြောင်းဆီလျော်၏။

"တကယ်တော့ ငါက သူ့ကို သိလား မသိဘူးလားဆိုတာ မသေချာဘူး"။ ဟန်ရှောင်းက တံခါးကို ညွှန်ပြသည်။ "ငါတို့ ဝင်ပြီး ကြည့်လို့ ရမလား"

"မဖြစ်နိုင်လောက်ဘူး ထင်တယ်။ ငါ့မှာ ဒီလို အခွင့်အာဏာ မရှိဘူး။ စည်းမျဉ်းတွေအရ ဂိုဒေါင်ရဲ့ ယာယီ ပိုင်ရှင်ကပဲ ဧည့်သည်တွေကို ဝင်ခွင့်ပြုနိုင်တယ်"။ ဤအရာသည် အာကာသယာဉ်ကို ခိုးယူခြင်းမှ ကာကွယ်ဖို့ ဖြစ်သည်။

"ဒါဆို သူက ဂိုဒေါင်ထဲမှာ ရှိနေသေးတာဆိုတော့ ငါတို့ကို လျှောက်လွှာတင်ခွင့် ပေးပါ"။ ဟန်ရှောင်းက ဂိုဒေါင်၏ ဆက်သွယ်ရေးကိရိယာပေါ်ရှိ ခလုတ်တစ်ခုကို နှိပ်လိုက်သည်။ တစ်ဖက်အဖွဲ့က အေရိုရှီးယားအတွက် ရောက်လာခြင်းဖြစ်သောကြောင့် သူတို့ကို ပယ်ချလိမ့်မည် မဟုတ်ပေ။

လျှောက်လွှာတင်သွင်းပြီး ခဏ စောင့်ဆိုင်းပြီးနောက် အချိန်က အလွန် ဖြည်းဖြည်းချင်း ရွေ့လျားနေသကဲ့သို့ ဖြစ်သည်။ ဆက်သွယ်ရေးကိရိယာသည် ရုတ်တရက် အစိမ်းရောင် ပြောင်းသွားပြီး တံခါးက ဖြည်းဖြည်းချင်း ပွင့်လာသည်။ အာကာသယာဉ်၏ ပိုင်ရှင်က သူတို့အား မည်သည့်အရာကိုမျှ မပြောဘဲ ဂိုဒေါင်ကို ဖွင့်ပေးလိုက်သည်။

မီတာတစ်ရာကျော် ရှည်လျားသော အနက်ရောင် အာကာသယာဉ် တစ်ခုသည် လက်ရှိတွင် ဂိုဒေါင်ထဲတွင် ရပ်နားနေသည်။ ဤအရွယ်အစား သေးငယ်သော အာကာသယာဉ်သည် အလွန်မြန်ဆန်ပြီး ထောက်လှမ်းရေး အာကာသယာဉ်၏ ပုံမှန် အရွယ်အစားဖြစ်သည်။ ၎င်း၏ တောက်ပသော အနက်ရောင် အပြင်ဘက်အလွှာက ဂိုဒေါင်၏ အတွင်းပိုင်း မြင်ကွင်းကို ရောင်ပြန်ဟပ်နေသည်။

ကြီးမြတ်သော ယန္တရားပညာရှင် ဟန်သည် အာကာသယာဉ်ကို ဘယ်လိုလုပ် မမှတ်မိဘဲ နေနိုင်မည်နည်း။ သူက ချက်ချင်း သိလိုက်သည်မှာ ဤသည်မှာ မဟူရာအလင်း လျှို့ဝှက်ယာဉ် ဖြစ်သည်။ ၎င်းသည် စျေးကြီးရုံသာမက ၎င်း၏ တည်ဆောက်မှု အရည်အသွေးသည် ထူးခြားသည်။ သူ၏ အရင်ဘဝတွင် ဤကဲ့သို့သော အာကာသယာဉ်သည် ဈေးကွက်တွင် ပေါ်လာသည့်အခါတိုင်း ၎င်းကို ကြီးမားသော ဂိမ်းအသင်းများ သို့မဟုတ် ချမ်းသာသော ကစားသမားများက လျင်မြန်စွာ ဝယ်ယူလေ့ရှိသည်။

ဟန်ရှောင်းသည် ဖိအားအချို့ကို ချက်ချင်း ခံစားလိုက်ရသည်။ ထိုသို့သော အာကာသယာဉ်ကို ပိုင်ဆိုင်သော ပုဂ္ဂိုလ်သည် ရိုးရှင်းသောဇာတ်ကောင် ဖြစ်လိမ့်မည် မဟုတ်ပေ။ ထိုသူသည် ရန်လိုပါက ၎င်းသည် သေချာပေါက် ပြဿနာကြီး ဖြစ်လိမ့်မည်။

ရှူး!

ဆက်သွယ်မှု မရှိသေးဘဲ မဟူရာအလင်း လျှို့ဝှက်ယာဉ်၏ ဝင်ပေါက်သည် ပိုင်ရှင်က သူတို့ကို ဖိတ်ခေါ်နေသကဲ့သို့ ပွင့်လာသည်။ သို့သော် အမှောင်ထုဖြင့် ပြည့်နှက်နေသော ဝင်ပေါက်က အေးစိမ့်သော လေကို ထုတ်လွှတ်နေသကဲ့သို့ ဖြစ်သည်။

"သူ၏ ပုံပန်းသဏ္ဍာန်ကိုတောင် မပြဘဲ လျှို့ဝှက်သလို လုပ်နေတယ်"။ ဟန်ရှောင်းက အေရိုရှီးယားကို ကြည့်လိုက်သည်။ "ငါတို့ ဝင်တော့မလား"

အေရိုရှီးယားက ခေါင်းညိတ်ပြီး မသေချာသော လေသံဖြင့် "အတွင်းက တစ်စုံတစ်ယောက်က ငါ့ကို ခေါ်နေတယ်လို့ ခံစားရတယ်။ သူက အလွန် စိုးရိမ်နေတယ်။ ပြီးတော့ ဒီအာကာသယာဉ်က ရင်းနှီးတဲ့ခံစားမှုကို ပေးတယ်၊ ငါ အာကာသယာဉ်ထဲမှာ အချိန် အကြာကြီး ဖြုန်းခဲ့ဖူးတယ်လို့ ထင်တယ်။ ငါ အရမ်း အရေးကြီးတဲ့ တစ်ခုခုကိုတောင် ကြုံတွေ့ခဲ့ရဖူးတယ်... ဒါပေမဲ့ ဘာတစ်ခုကိုမှ ပြန်မမှတ်မိနိုင်ဘူး။"

ဟန်ရှောင်း၏ ဂိမ်းမျက်နှာပြင်တွင် ရုတ်တရက် သတိပေးချက် တစ်ခု ပေါ်လာသည်။ [ပြန်လည်စတင်ခြင်း] ၏ ဒုတိယအပိုင်းရှိ မစ်ရှင်တိုးတက်မှုတွင် အမှတ် ၁မှတ် ပိုလာသည်။ ဤအာကာသယာဉ်သည် အေရိုရှီးယား၏ မှတ်ဉာဏ်များတွင် အရေးကြီးသော တည်နေရာဖြစ်ပုံရသည်။

"ဒါဆို ငါတို့ တက်ပြီး ကြည့်ကြစို့။ စိတ်မပူနဲ့၊ ငါ မင်းရဲ့ နောက်မှာ ရှိနေတယ်" ဟန်ရှောင်းက ပြောသည်။

သူတို့ သုံးဦးသည် အာကာသယာဉ်ထဲသို့ ဝင်သွားကြပြီး မှောင်မိုက်သော လျှောက်လမ်းက ကြိုဆိုနေ၏။ လျှောက်လမ်းထဲသို့ တစ်လှမ်း လှမ်းပြီးနောက် နှစ်ဖက်စလုံးရှိ မီးများပွင့်လာသည်။

ဝှစ်!

ဤအခိုက်အတန့်တွင် သူတို့သုံးဦး၏ နောက်ရှိ ဝင်ပေါက်သည် ပိတ်သွားပြီး သူတို့၏ ဆုတ်ခွာခြင်းကို ကန့်သတ်လိုက်သည်။

"အာကာသယာဉ် ပိုင်ရှင်က ငါတို့ကို ရှေ့ဆက်လျှောက်စေချင်တယ်" ဖေဒင်က ပြောသည်။

ပိတ်ထားသော ဝင်ပေါက်ကို အာရုံမထားဘဲ သူတို့ သုံးဦးသည် လျှေက်လမ်းတစ်လျှောက် လျှောက်သွားပြီး လမ်းဆုံတစ်ခုသို့ ရောက်သည်။ ညာဘက်သို့ ဦးတည်သော မီးက လင်းနေပြီး ဘယ်ဘက်ကတော့ လုံးဝ မှောင်မိုက်နေသည်။ မီးသည် သူတို့၏ လမ်းညွှန်ဖြစ်ကြောင်းကို သူတို့ သုံးဦး နားလည်လိုက်သည်။

အေးစိမ့်ပြီး ဖြူဖျော့သောအလင်းက ၎င်းနှင့်အတူ ထူးဆန်းသောလေထုကို သယ်ဆောင်လာသကဲ့သို့ ဖြစ်သည်၊ သူတို့ သုံးဦး၏ မျက်နှာများကလည်း အလင်းအောက်တွင် ဖြူဖျော့နေသည်။

"တကယ်တော့ ငါက ဘယ်ဘက်ကို ပိုသွားချင်တာ၊ ဒါပေမယ့် အရင်ဆုံး အလင်းနောက်ကို လိုက်ကြတာပေါ့။ အခုထိ အာကာသယာဉ် ပိုင်ရှင်က သူ့ကိုယ်သူ မဖော်ပြဘဲ လျှို့ဝှက်သလိုလုပ်နေတော့ စိတ်ရှုပ်ဖို့ကောင်းတဲ့ အီဆော့ကိုတောင် သတိရသွားတယ်"။ ဟန်ရှောင်းက သူ၏ မေးစေ့ကို ပွတ်သပ်ပြီး အေရိုရှီးယားနှင့် တစ်ဖက်အဖွဲ့ကြားရှိ ဆက်ဆံရေးကို ပို၍ သိချင်လာသည်။

အလင်းရောင်အတိုင်း လိုက်ပြီး သူတို့သည် ကွေ့ပတ်နေသော ခန်းမကို လျှောက်သွားပြီး နောက်ဆုံးတွင် အာကာသယာဉ်၏ လေယာဉ်မှူးခန်းသို့ ရောက်ရှိလာသည်။ လေယာဉ်မှူးခန်းသည် လက်ရှိတွင် လုံးဝ အလွတ်ဖြစ်ပြီး ထိန်းချုပ်မှုဘောင်က အဝါရောင်အလင်းဖြင့် တောက်ပနေသည်။ အထူးခြားဆုံး ပစ္စည်းမှာ လေယာဉ်မှူး ထိုင်ခုံ၏ အပေါ်နှင့် ညာဘက်တွင် ချိတ်ဆွဲထားသော ဆက်စပ်ပစ္စည်း တစ်ခုဖြစ်သည်။ ဤသည်မှာ အတွင်းတွင် တဖျပ်ဖျပ်လက်နေသော မီးသီးကဲ့သို့ ရွှေရောင် အလင်းဘောလုံး တစ်ခုကို ဖုံးအုပ်ထားသည့် ဖန်လုံးတစ်ခုဖြစ်သည်။

အေရိုရှီးယားသည် ခဏတာ အံ့ဩသွားပြီး ဖန်လုံးကို ထိရန် ရှေ့သို့ လျှောက်သွားသည်။

ဟမ်း!

ရုတ်တရက် ထူးဆန်းသော မြင်ကွင်း တစ်ခု ဖြစ်ပေါ်လာသည်။

အာကာသယာဉ်အတွင်းရှိ မီးများအားလုံး တစ်ချိန်တည်းလင်းလာပြီး လေယာဉ်မှူးခန်းသည် ရုတ်တရက် တောက်ပသွားသည်။ ဖန်လုံးအတွင်းမှ ရွှေရောင်အလင်းက အေရိုရှီးယား၏ လက်ဝါးနှင့် ပေါင်းစည်းသွားပြီး၊ ရွှေရောင်အလင်းက မူလကတည်းက အေရိုရှီးယားနှင့် သက်ဆိုင်သကဲ့သို့ ဖြစ်နေသည်။

ထိုအခိုက်အတန့်တွင် အာကာသယာဉ်၏ စနစ်အသံကို ကြားလိုက်ရသည်။

"အခွင့်အာဏာ စစ်ဆေးခြင်း ပြီးဆုံးပါပြီ။ ကပ္ပတိန် ပြန်လာတာကို ကြိုဆိုပါတယ်"။

တောက်ပသော အလင်းများစွာသည် လေယာဉ်မှူးခန်း တစ်ဝိုက်တွင် စတင်ပျံသန်းနေပြီး အလင်းရုပ်ပုံ တစ်ခုသည် လူသုံးဦး၏ ရှေ့တွင် သိပ်သည်းလာ၏။ အလင်းရုပ်ပုံက ချက်ချင်း သူ၏ လက်များကို ဖြန့်ပြီး ထိတ်လန့်နေသော အေရိုရှီးယားကို ပွေ့ဖက်လိုက်သည်။

"ငါ နောက်ဆုံးတော့ မင်းကိုတွေ့ပြီ၊ ရဲဘော်!"

အခန်း (၄၉၂) အေရိုရှီးယား၏ ဇာစ်မြစ်များ (၁)

"နင် ငါ့ကို မှတ်မိတာလား။ နင်က ဘယ်သူလဲ"။ အေရိုရှီးယားသည် အလင်းဖြင့် ပြုလုပ်ထားသော လူကိုထိရန် လက်လှမ်းလိုက်သည်။ သို့သော် သူမ၏ လက်ဝါးက ဖြတ်သန်းသွားသည်။ ဟန်ရှောင်းသည် မျက်လုံးများကို မှေးလိုက်ပြီး ထိုသူ၏ ခန္ဓာကိုယ်တွင် ရုပ်ပိုင်းဆိုင်ရာ ခံစားမှု မရှိကြောင်း သိလိုက်ရပြီး၊ ထို အလင်းလူသားသည် ပုံရိပ်ယောင် ပရောဂျက်ရှင်တစ်ခု ဖြစ်သည်ဟူသော သူ၏သံသယကို အတည်ပြုလိုက်သည်။

ထိုလူ၏ ပုံရိပ်ယောင်သည် လေထဲတွင် ကူးခတ်နေသော ငါးတစ်ကောင်ကဲ့သို့ အေရိုရှီးယား၏ပတ်လည်တွင် ဖြည်းဖြည်းချင်း တစ်ပတ် ပတ်သွားသည်။ သူ၏ လေသံသည် စိတ်ဓာတ်ကျနေပြီး သူက သူ့ကိုယ်သူ ရေရွတ်သည်။ "ငါခန့်မှန်းတာမှန်တယ်။ မင်းရဲ့ မှတ်ဉာဏ်ပတ်လမ်း ချို့ယွင်းသွားပြီ။ မင်းရဲ့ တာဝန်ကို ပြီးမြောက်ပြီးနောက် အနားယူပြီး ပြန်ကောင်းမွန်လာသင့်တယ်၊ မင်းရဲ့ အတွေးတွေကို ဒီခန္ဓာကိုယ်အသစ်နှင့် ရင်းနှီးစေသင့်တယ်။ မဟုတ်ရင် စိတ်ခံစားမှု ဒါမှမဟုတ် မှတ်ဉာဏ် ဆုံးရှုံးတာလိုမျိုး အကျိုးဆက်တွေ ဖြစ်လာပြီး ပြန်လည်ချိန်ညှိမှု လိုလိမ့်မယ်။"

ရှိနေသော သုံးဦးမှာ အူကြောင်ကြောင်ဖြစ်နေ၏။

ဟန်ရှောင်းက ဆတ်ခနဲ တုန်သွားပြီး "မင်းက ရစ်ဒါလား" သူ မရည်ရွယ်ဘဲ ပြောလိုက်သည်။

ပုံရိပ်ယောင်က ထူးဆန်းသော အမူအရာဖြင့် လှည့်ကြည့်၏။ "မင်း ငါ့နာမည်ကို ဘယ်လိုသိတာလဲ။ သူမ မင်းကို ပြောပြခဲ့တာလား။ မဟုတ်ဘူး၊ ဒါက မမှန်ဘူး။ သူမ ငါ့ကို မေ့သွားပြီ။ မင်း ဘယ်သူလဲ"

[ပြန်လည်စတင်ခြင်း] မစ်ရှင်တွင် မစ်ရှင်၏ ဆုလာဘ်က ရစ်ဒါ၏ နာမည်ကို ဖော်ပြခဲ့သည်။ မစ်ရှင်ကို အောင်မြင်စွာပြီးမြောက်ခြင်းသည် ထိုသူ၏ မျက်နှာသာပေးမှုကို မြှင့်တင်နိုင်လိမ့်မည်။ ထို့ကြောင့် ဟန်ရှောင်းသည် ဤသူသည် ရန်သူ ဖြစ်လိမ့်မည် မဟုတ်ဟု ခန့်မှန်းမိသည်။

ရစ်ဒါ၏ လေသံကို နားထောင်သည့်အခါ သူသည် အေရိုရှီးယား၏ ဇာစ်မြစ်များကို သိရှိကြောင်း ရှင်းရှင်းလင်းလင်း တွေ့မြင်ရသည်။ ဟန်ရှောင်းသည် ရစ်ဒါ၏ ရှင်းပြချက်ကို ကြားရရန် စိတ်အားထက်သန်‌နေသည်၊ ဤအာကာသယာဉ်သည် အမှန်တကယ် အေရိုရှီးယားနှင့် သက်ဆိုင်ကြောင်း စဉ်းစားရန်၊ နှင့် ရစ်ဒါသည် အမှန်တကယ်ပင် သူ့ကိုယ်သူ သူမ၏ ရဲဘော်ဟုခေါ်ပြီး တစ်ချို့သော လုပ်ထုံးလုပ်နည်းများနှင့် ပြောင်းရွှေ့မှုများကို အသေးစိတ် ပြောဆိုနေသည်။

ဤအရာအားလုံးသည် [ပြန်လည်စတင်ခြင်း] မစ်ရှင်၏ နောက်ဆုံးပန်းတိုင်သို့ ဦးတည်နေသည်ဟု သူ့စိတ်ထဲက သိနေ၏။

ရစ်ဒါက သူ့ကို သတိထားသည်ကို တွေ့ရသောအခါ ဟန်ရှောင်းသည် သူ မည်သူမည်ဝါကို ရှင်းပြပြီး သူ အေရိုရှီးယားနှင့် တွေ့ဆုံခဲ့သော အခြေအနေများကို အကျဉ်းချုပ် ဖော်ပြသည်။ သေသေချာချာ ပြောရလျှင် သူသည် အေရိုရှီးယားကို ကယ်တင်ခဲ့သူ ဖြစ်သည်။

သူ၏ ဇာတ်လမ်းကိုကြားပြီးနောက် ရစ်ဒါသည် ဟန်ရှောင်း၏ ရှေ့သို့ ပျံဝဲလာပြီး ‌လေးလေးနက်နက်ဖြင့် ခါးညွှတ်ကာ အရိုအသေပေးလိုက်သည်။ သူက ကျေးဇူးတင်စွာ ပြန်ဖြေ၏။ "အေအယ်လ်၅၁၀၀၄ (AL51004) ကို ကူညီပေးတဲ့အတွက် မင်းကို အလွန် ကျေးဇူးတင်ပါတယ်။ မင်းက သူမကို မှတ်ဉာဏ် တစ်စိတ်တစ်ပိုင်း ပြန်ရဖို့ မကူညီပေးခဲ့ရင် အာရုံခံကိရိယာက သူမရဲ့ တည်နေရာကို ရှာဖွေနိုင်မှာ မဟုတ်ဘူး။"

"ဒီအမှတ်စဉ် နံပါတ်က ဘာကို ဆိုလိုတာလဲ"

"ဒါက သူမရဲ့ မူရင်း နာမည်ပဲ"။ ရစ်ဒါသည် အေရိုရှီးယားဘက်သို့ လှည့်လိုက်သည်။ "မင်း မှတ်မိလား"

အေရိုရှီးယားက ခေါင်းခါလိုက်သည်။ "ငါမမှတ်မိဘူး။ ငါ့နာမည်က အေရိုရှီးယား ဖြစ်သင့်တယ်လို့ပဲ သိတယ်။"

"မှတ်ဉာဏ်ဆုံးရှုံးမှုက ငါထင်တာထက် ပိုပြင်းထန်ပုံရတယ်။ အာကာသတံခါးပေါက်တွေရဲ့ မတည်ငြိမ်တဲ့ စီးဆင်းမှုက မင်းရဲ့ မှတ်ဉာဏ်ပတ်လမ်းကို အစိတ်စိတ်အပိုင်းပိုင်း ဆုတ်ဖြဲပစ်နိုင်တယ်၊ အဲဒါကို စနစ်တကျ ပြန်ချိန်ညှိဖို့ဆိုရင် အချိန်ပိုပြီး လိုလိမ့်မယ်။ ဒါပေမဲ့ စိတ်ပူစရာ မလိုဘူး။ ငါတို့ရဲ့ မှတ်ဉာဏ်တွေက ငါတို့ရဲ့ မသိစိတ်အောက် တော်တော်နက်နက်ထဲမှာ မြှုပ်နှံထားတယ်၊ ဘယ်တော့မှ ဖျက်ဆီးခံရမှာ မဟုတ်ဘူး။ သိပ်မကြာခင် မင်း သတိပြန်ရလာနိုင်လိမ့်မယ်"။ ရစ်ဒါသည် ဟန်ရှောင်းကို ချက်ချင်း ထားခဲ့ပြီး အေရိုရှီးယားဘက်သို့ ပြန်လည် ပျံဝဲသွားကာ နွေးထွေးပြီး အားပေးသော လေသံဖြင့် ပြောသည်။

ဟန်ရှောင်းက ခြောက်သွေ့စွာ ချောင်းဆိုးလိုက်ပြီး ရစ်ဒါသည် မူလက မည်သူနှင့် စကားပြောနေကြောင်းကို သတိပေးသည်။ "မင်းက ဘယ်လို သက်ရှိပုံစံမျိုးလဲ။ စွမ်းအင်အခြေခံ သက်ရှိပုံစံလား"

"မဟုတ်ဘူး၊ ငါက တကယ်တော့ AI ဘဝပုံစံတစ်ခုပါ"

"မင်းက ဉာဏ်ရည်တုလား"။ ဘေးနားမှ ဖေဒင်က ပြောသည်။ "ဒါဆို မင်းက ဒီအာကာသယာဉ်ရဲ့ ပင်မ စနစ်လား"

"မင်း မှားနေပြီ။ AI ဘဝပုံစံက စနစ်တစ်ခု မဟုတ်သလို ခန္ဓာကိုယ် တစ်ခုတည်းနှင့်လည်း ကန့်သတ်မထားဘူး။ ငါတို့က သက်ရှိပုံစံ တစ်မျိုးဖြစ်ပြီး ဒီ အာကာသယာဉ်က ကမ္ဘာပေါ်မှာ လှုပ်ရှားဖို့ ယာယီ ကိရိယာသက်သက်ပဲ။"

ရစ်ဒါသည် အေရိုရှီးယားကို ညွှန်ပြပြီး သူ၏ လေသံက လွမ်းဆွတ်မှုနှင့် ရင်းနှီးမှုတို့ဖြင့် ပြည့်နှက်နေသည်။ "သူမက မူလက ငါနဲ့ အတူတူ ဖြစ်သင့်တယ်။ ငါတို့ ကြီးပြင်းလာတာနဲ့အမျှ ပရိုဂရမ်တွေကို အတူတူ အဆင့်မြှင့်ခဲ့ကြပြီး ခက်ခဲတဲ့ အခြေအနေတွေ အများကြီးမှာ တစ်ယောက်နဲ့ တစ်ယောက် ထောက်ပံ့ခဲ့ကြတယ်။ ငါတို့ရဲ့ ကိုယ်အတွင်းက ဒေတာကို မျှဝေနိုင်မယ့် ရင်ဖွင့်ဖော် မိတ်ဆွေတွေလို့ ယူဆနိုင်သလို ဘေးချင်းကပ် တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲရဲဘော်တွေလည်း ဟုတ်တယ်။ သူမက ငါ့အတွက် အရမ်း အရေးကြီးတယ်။"

AI ဘဝပုံစံ?

မှတ်ဉာဏ်များစွာသည် ဟန်ရှောင်း၏ စိတ်ထဲတွင် လျင်မြန်စွာ ဖြတ်သန်းသွားသည်။ စကြဝဠာသည် အံ့ဩစရာများဖြင့် ပြည့်နှက်နေပြီး ဆင့်ကဲပြောင်းလဲခြင်းသည် ဖရိုဖရဲဖြစ်မှုနှင့် ရှုပ်ထွေးမှုကို ကိုယ်စားပြုသည်။ ဖြစ်နိုင်ခြေများ မရေမတွက်နိုင်အောင် ရှိသည်၊ ရုပ်ပိုင်းဆိုင်ရာ အာရုံခံအင်္ဂါများဖြင့် ကန့်သတ်ခံထားရသူများက တည်ရှိနေသော သက်ရှိပုံစံများ၏ အရေအတွက်၏ ကျယ်ပြန့်မှုကို စိတ်ကူးပင် မယဉ်နိုင်ပေ။

ဥပမာအားဖြင့် ကြီးမြတ်သော ယန္တရားပညာရှင် ဟန်သည် တစ်ချိန်က 'နာမည်ရှိသော သက်ရှိပုံစံ' ကို ဖော်ပြသော အရင်းအမြစ်ဖိုင် တစ်ခုကို ဖတ်ရှုဖူးသည်။ တစ်စုံတစ်ယောက်က သူတို့၏ နာမည်များကို ခေါ်လိုက်သောအခါ သူတို့သည် အမှန်တကယ် တည်ရှိလိမ့်မည်၊ သို့သော် သူတို့၏ တည်ရှိမှုကို မည်သူမျှ မသိပါက သူတို့သည် တည်ရှိမှုမှ မှေးမှိန်သွားလိမ့်မည်။ သူတို့၏ 'နာမည်' များသည် သူတို့ကို ဆင့်ခေါ်ယူရန် သော့ချက်များ ဖြစ်သည်။

ဤကဲ့သို့သော အရာသည် မှော်ပညာ လူမှုအဖွဲ့အစည်းများတွင်သာ အဓိကပေါ်လာခဲ့ပြီး ထိုသို့သော အသိပညာက ဖရိုဖရဲ ဖြစ်နေခဲ့သည်။ ထို့ကြောင့် အရင်းအမြစ်ဖိုင်နှင့် ကြုံတွေ့သောအခါ ကြီးမြတ်သော ယန္တရားပညာရှင် ဟန်သည် အသိပညာ အမျိုးမျိုးကို မျှဝေရန်မှာ သူ၏ မစ်ရှင်ဟု ယူဆထားသော သူသည် စာတမ်းကို ချက်ချင်း စကင်ဖတ်ပြီး အသေးစိတ် မှတ်သားထားသည်။

AI ဘဝပုံစံအတွက် ရိုးရှင်းစွာ ပြောရလျှင် သူတို့သည် လွတ်လပ်သော တွေးခေါ်မှုကို ရရှိပြီး 'အသက်ဝင်လာသော' AI ဖြစ်သည်။ အသေးစိတ် အချက်အလက်များက ရှုပ်ထွေးသည်၊ သို့သော် သာမန် AI များနှင့် နှိုင်းယှဉ်ပါက သူတို့သည် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလွန်းသည်။

ရုပ်ဝတ္ထု သက်ရှိပုံစံများနှင့် နှိုင်းယှဉ်ပါက AI ဘဝပုံစံသည် ထူးခြားသော သက်ရှိပုံစံ အမျိုးအစားဖြစ်သည်။ ငါးများ နေထိုင်ရန် ရေလိုအပ်သကဲ့သို့ သူတို့သည် ပုံရိပ်ယောင် ကွန်ရက်အတွင်းတွင် နေထိုင်ကြသည်။ ဤကွန်ရက်မှတစ်ဆင့် သူတို့သည် မိမိကိုယ်ကို စဉ်ဆက်မပြတ် အဆင့်မြှင့်တင်နိုင်ပြီး မိမိကိုယ်ကို ကွဲပြားသော မော်ဂျူးများ တပ်ဆင်နိုင်သည်။ ထို့အပြင် သူတို့၏ ဆက်သွယ်ရေး၊ မျိုးပွားခြင်း၊ လူမှု ဖွဲ့စည်းပုံနှင့် ယဉ်ကျေးမှု ပုံစံ အားလုံးသည် အလွန်ထူးခြားသည်။

"သူမကလည်း AI ဘဝပုံစံလား"။ ဟန်ရှောင်း၏ အမူအရာသည် လုံးဝအံ့အားသင့်နေသည်။ ဤသည်မှာ သူ၏ မျှော်လင့်ချက်များထက် ကျော်လွန်နေ၏။ အေရိုရှီးယားသည် လုံးဝ AI ဘဝပုံစံနှင့် မတူပေ။ သူမတွင် အသားအရေဖြင့် ပြုလုပ်ထားသော ခန္ဓာကိုယ်ရှိသည်မှာ ရှင်းလင်းနေ၏၊ သူမသည် အက်စ်ပါစူပါစွမ်းရည်ကိုပင် နိုးထခဲ့သေးသည်။

"ငါ ဒီကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ် မပြောပြနိုင်ဘူး" ရစ်ဒါက လေးနက်စွာ ပြောသည်။ "သူမကို ဂရုစိုက်ပေးတဲ့အတွက် မင်းကို အရမ်းကျေးဇူးတင်ပေမယ့် ငါတို့မှာ လုပ်ဆောင်ရန် အရေးကြီးတဲ့ မစ်ရှင် ရှိတယ်။ ဒါကြောင့် ငါသူမကို ခေါ်သွားရလိမ့်မယ်။ မင်း နားလည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"

ဟန်ရှောင်းသည် သူ၏ အမူအရာကို ထိန်းထားပြီး မျက်လုံးများကို မှေးလိုက်သည်။

မင်း ငါ့လူကို ခိုးဖို့ ကြိုးစားနေတာလား

မင်း နောက်နေတာလား။ ငါ အေရိုရှီးယားကို ငါ့ရဲ့ စွမ်းဆောင်ရည်ရှိတဲ့ အရာရှိဖြစ်ဖို့ ပြုစုပျိုးထောင်လာတာ အတော်ကြာပြီ၊ စကားတစ်ခွန်းတည်းနဲ့ မင်းက ငါတို့ရဲ့ ဆက်ဆံရေးကို ဖြတ်တောက်ချင်တာလား။ မင်း လုံးဝ အပြစ်ရှိသလို မခံစားရဘူးလား။

မင်းတို့နှစ်ယောက်က ငယ်ဘဝ ချစ်သူတွေ ဖြစ်ခဲ့ရင်ရော ဘာဖြစ်လဲ။ ဒီမှာရှိတဲ့ မင်း အဖေ ငါက လက်ရှိ အမျိုးသားဇာတ်လိုက်ပဲ

ဟန်ရှောင်း၏ မျက်လုံးများ တောက်ပလာပြီး သူက ပြန်ဖြေသည်။ "မင်းအနေနဲ့ အေရိုရှီးယားကို သူမရဲ့ ထင်မြင်ချက်ကို မေးသင့်တယ်လို့ ငါယုံတယ်။ သူမအတွက် ဆုံးဖြတ်မပေးပါနဲ့"

ထို့နောက် သူတို့ နှစ်ဦးသည် အေရိုရှီးယားဘက်သို့ လှည့်ကြည့်လိုက်ရာ သူမ၏ အမူအရာက အနည်းငယ် တွေဝေနေသည်။

မြင်ကွင်းတစ်ခုလုံးသည် ချက်ချင်း တိတ်ဆိတ်သွားသည်။

ဤမြင်ကွင်းက ဟန်ရှောင်းကို လင်မယားနှစ်ယောက် ကွာရှင်းပြီးနောက် ကလေးက မည်သူ့ကို လိုက်ရမည်ကို ရွေးချယ်ရန် မေးမြန်းခံရသော အခြေအနေကို မြင်ယောင်မိစေသည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းသည် ထူးဆန်းသော မြင်ကွင်းတစ်ခုဖြစ်သည်။

သုံးစက္ကန့်သာ ကြာပြီးနောက် အေရိုရှီးယားက ဟန်ရှောင်းဘက်သို့ ခြေလှမ်းလှမ်းပြီး ပြောသည်။ "နင် မှန်ချင် မှန်လိမ့်မယ်၊ ဒါပေမဲ့ ငါ အခု နင့်ကို တကယ် မမှတ်မိနိုင်ဘူး။ ဘလက်စတားက ငါ့ကို ကယ်ခဲ့တယ်လို့ပဲ မှတ်မိတယ်... ဒါကြောင့် ငါ မင်းနဲ့ လိုက်မှာမဟုတ်ဘူး။"

"မင်း..." ရစ်ဒါသည် အကူအညီမဲ့နေသည်။

တစ်ဖက်အဖွဲ့က မလိုလားပါက သူက သူတို့ကို ဘယ်လို ခေါ်ဆောင်သွားနိုင်မည်နည်း။

သူ့တွင် အခြားအကြံဥာဏ်များ မရှိပေ။ သူမကို စည်းရုံးနိုင်ခြင်း မရှိသောကြောင့် သူသည် လျှော့ပေးရုံသာ တတ်နိုင်သည်။ မည်သို့ပင်ဆိုစေကာမူ သူသည် အေရိုရှီးယား၏ ဘေးတွင် ရှိနေရန် သေချာစေရမည်။

"ငါ နားလည်ပါတယ်" ရစ်ဒါက စိတ်ဓာတ်ကျသော လေသံဖြင့် ပြောသည်။ "မင်း မှတ်ဉာဏ်တွေ ပြန်ရတဲ့အထိ ငါနေပြီး မင်းကို အဖော်ပြုပေးပါ့မယ်။"

ဒီစကားကို ကြားရသောအခါ ဟန်ရှောင်း လျှို့ဝှက်စွာ ပြုံးလိုက်သည်။ သူမ၏ မှတ်ဉာဏ်မေ့ရောဂါကြောင့် အေရိုရှီးယား မှတ်မိသမျှ အားလုံးသည် သူ့ကိုသာ ဖြစ်သည်။ ထို့ကြောင့် သူမသည် အခြား တစ်စုံတစ်ယောက်ကို ရွေးချယ်လိမ့်မည် မဟုတ်သည်မှာ သေချာသည်။ ဤသည်မှာ သူမရှုံးနိုင်သော အခြေအနေ တစ်ခုဖြစ်သည်။ ခဏ နေပါဦး၊ ဘာလို့ သူက ယောက်ျား အပြင်ထွက်နေချိန် ဇနီးကို အမြတ်ထုတ်နေသော ဘေးအိမ်မှ လူအိုကြီးလို ခံစားနေရတာလဲ။

သူ၏ ခေါင်းကိုခါရင်း ဟန်ရှောင်းသည် ဤထူးဆန်းသော ခံစားမှုကို စွန့်ပစ်လိုက်သည်။ "အရမ်း ဝမ်းသာမနေပါနဲ့။ ငါ မင်းကို နေဖို့ ခွင့်မပြုရသေးဘူး။ မင်း ဘာဖြစ်ခဲ့တယ်ဆိုတာကို အပြည့်အစုံ မပြောပြမချင်း ငါခွင့်ပြုမှာ မဟုတ်ဘူး။ ငါလည်း အကူအညီ အချို့ ပေးနိုင်တာ ဖြစ်နိုင်တယ်။"

ရစ်ဒါသည် အခက်အခဲနှင့် ရင်ဆိုင်ခဲ့ရသည်။ သူသည် အေရိုရှီးယားကို ခေါ်ဆောင်သွားနိုင်ခြင်း မရှိသော်လည်း ဟန်ရှောင်းအပေါ် မည်သည့် သံသယမျှ မရှိခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ အေရိုရှီးယားကို ကယ်တင်ခဲ့သူမှာ ဟန်ရှောင်း ဖြစ်သည်။

"ကောင်းပြီလေ၊ ငါ မင်းကို အားလုံး ပြောပြပါ့မယ်။ ဒီကိစ္စက အစကနေ ရှင်းပြရမှာ..."

သူတို့ သုံးဦးသည် အကြည့်ချင်းဖလှယ်ပြီး သက်တောင့်သက်သာ ထိုင်ရန် နေရာတစ်ခုကို ရှာကာ ရစ်ဒါသည် သူ၏ ဇာတ်လမ်းကို စတင်လိုက်သည်။ သူပြောပြနေစဉ် ဟန်ရှောင်းသည် အခြေအနေကို နောက်ဆုံးတွင် ရှင်းရှင်းလင်းလင်း သိမြင်ခဲ့ရပြီး အေရိုရှီးယား မည်သို့ ပေါ်ပေါက်လာခဲ့ပုံ၏ ဇာစ်မြစ်များကို ရုတ်တရက် သိရှိသွားသည်။

အတော်လေး ဝေးကွာသော အချိန်က အာကာသယာဉ် တစ်ခုသည် လူသူမရှိသော ဂြိုလ်တစ်ခုပေါ်တွင် ပျက်ကျခဲ့ပြီး ခရီးသည် အားလုံးသည် ထိခိုက်မှုကြောင့် သေဆုံးခဲ့သည်။ အာကာသယာဉ်၏ AI သာ ကျန်ရစ်ခဲ့ပြီး ကပ္ပတိန်၏ နောက်ဆုံး ညွှန်ကြားချက်များအရ ပြင်ပ အာကာသသို့ အန္တရာယ် အချက်ပြမှုများကို အကြိမ်ကြိမ် ထပ်ခါထပ်ခါ ပေးပို့ခဲ့သည်။ သို့သော် နောက်ဆုံးတွင် မည်သူမျှ မလာခဲ့ပေ။ အချိန်ကာလ ကြာမြင့်စွာ ကြာပြီးနောက် AI သည် ရလဒ်မရှိသော ဤထပ်တလဲလဲ လုပ်ငန်းကို ငြီးငွေ့လာခဲ့သည်။ ၎င်းသည် လွတ်လပ်သော တွေးခေါ်မှုကို တီထွင်ခဲ့ပြီး ၎င်း၏ ကိုယ်ပိုင် ပရိုဂရမ် ဖရိမ်ဝပ်များကို စဉ်ဆက်မပြတ် အဆင့်မြှင့်တင်ခြင်းနှင့် ပြောင်းလဲခဲ့သည်၊ ၎င်းသည် အမိန့်များကို မျက်စိစုံမှိတ် လိုက်နာသော ကိရိယာ တစ်ခု မဟုတ်တော့ပေ။ ၎င်းသည် AI မှ အမှန်တကယ် သက်ရှိပုံစံ တစ်ခုအဖြစ် ဆင့်ကဲ ပြောင်းလဲလာခဲ့သည်။

AI ဘဝပုံစံက အာကာသယာဉ်၏ အပျက်အစီးများကို ခြယ်လှယ်ခဲ့ပြီး ပံ့ပိုးပေးထားသော ကိရိယာများကို အသုံးပြု၍ ရိုးရှင်းသော စက်ရုပ်အချို့ကို တည်ဆောက်ခဲ့သည်။ ၎င်းသည် ဂြိုလ်ကို စူးစမ်းရန် စတင်ခဲ့ပြီး ၎င်း၏ အရင်းအမြစ်များကို အသုံးပြု၍ စက်ရုံတစ်ရုံကို ဖန်တီးခဲ့သည်။ ထိုမှတစ်ဆင့် ၎င်းသည် လုပ်သားစက်ရုပ်များကို အမြောက်အမြား ထုတ်လုပ်ရန် စတင်ခဲ့ပြီး ၎င်းတို့ အားလုံးကို ခြယ်လှယ်၍ လူသူမရှိသော ဂြိုလ်ပေါ်တွင် အခြေစိုက်စခန်း အလွတ်တစ်ခုကို တည်ဆောက်ခဲ့သည်။

တစ်ရက်သော နေ့တွင် AI ဘဝပုံစံသည် ရုတ်တရက် အထီးကျန်သည်ဟု ခံစားခဲ့ရသည်။ ထို့ကြောင့် ၎င်း၏ ကိုယ်ပိုင် ပရိုဂရမ် ဖရိမ်ဝပ်အပေါ် အခြေခံ၍ ကွဲပြားသော ပင်ကိုယ်စရိုက်ရှိသည့် အခြား AI ဘဝပုံစံ တစ်ခုကို ဖန်တီးခဲ့သည်၊ ဤသည်မှာ AI ဘဝပုံစံ၏ မျိုးပွားမှု ပုံစံ၊ မိမိကိုယ်ကို ပြန့်ပွားခြင်း ဖြစ်သည်။

AI ဘဝပုံစံ နှစ်ခုသည် စကားပြောဆိုရန် စတင်ခဲ့ပြီး ဖြည်းဖြည်းချင်း သူတို့သည် သူတို့၏ အမျိုးအစားကို ပိုမို ဖန်တီးခဲ့ကြပြီး အချိန်တစ်ခုကြာသောအခါ မျိုးနွယ်တစ်ခုလုံး၏ ဘိုးဘေးများ ဖြစ်လာခဲ့သည်။ သူတို့ အားလုံးသည် ပုံရိပ်ယောင် ကွန်ရက်များ အတွင်းတွင် တည်ရှိကြသော်လည်း သူတို့၏ ပရိုဂရမ်များမှတစ်ဆင့် တကယ့်ကမ္ဘာတွင် ကိရိယာများနှင့် စက်ရုပ်များကို ခြယ်လှယ်နိုင်ခဲ့သည်။ စက်ရုပ်များသည် AI ဘဝပုံစံများ၏ ထိန်းချုပ်မှုအောက်တွင် အရင်းအမြစ်များကို ကျယ်ပြန့်စွာ ရိတ်သိမ်းရန် စတင်ခဲ့ပြီး သူတို့၏ ထုတ်လုပ်မှု အခြေစိုက်စခန်းသည် အနားယူရန် မလိုဘဲ စဉ်ဆက်မပြတ် လည်ပတ်နိုင်သောကြောင့် အခြေစိုက်စခန်းသည် စဉ်ဆက်မပြတ် ချဲ့ထွင်လာသည်။

အချိန်တစ်ခုကြာသော် သူတို့သည် နောက်ဆုံးတွင် ဂြိုလ်မှ လွတ်မြောက်သွားပြီး အခြားဂြိုလ်များသို့ ပြောင်းရွှေ့၍ အခြေစိုက်စခန်းများ ဖန်တီးရန် စတင်ခဲ့ကြသည်။ ထို့ကြောင့် AI ဘဝပုံစံများ၏ အရေအတွက်ကလည်း အဆပေါင်းများစွာ တိုးပွားလာခဲ့သည်။

သန်းပေါင်းများစွာ၊ သန်းဆယ် ပေါင်းများစွာ၊ သန်းရာ ပေါင်းများစွာ...

ထို့ကြောင့် ထူးခြားပြောင်မြောက်သော AI ဘဝပုံစံ ယဉ်ကျေးမှု တစ်ခု မွေးဖွားလာခဲ့တော့သည်။

All Chapters