← Chapters

ဓားကပ်ဘေးတောင်ထွတ်၏ဒေါသ

Vol. 38 Ch. 518

ဓားကပ်ဘေးတောင်ထွတ်၏ဒေါသ

Vol. 38 Ch. 518

ဇူယွမ်၏ စကားသံအား ကြားလိုက်ရသည်နှင့်တကွ ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာ ကြောက်ရွ့ံထိတ်လန့်မှုများ မြင့်တက်လာလေတော့သည်။ ၎င်းတို့မှာ လူအင်အားအရ ထက်ဝက်ခန့်မျှ သာလွန်နေပါသော်လည်း ဇူယွမ်၏တည်ရှိမှုကပင် များစွာထိတ်လန့်စေ၏။ ဇူယွမ်မှာ ဓားကပ်ဘေးတောင်ထွတ်မှ တပည့်ခေါင်းဆောင်ပိုင်လီချွီးနှင့်ပင် လက်ရည်အနည်းငယ်သာကွာသူဖြစ်သော ကျုံးယွမ်အား တစ်ချက်တည်းဖြင့် အနိုင်ရရှိခ့ဲလေသည်။ ထို့ကြောင့် ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာ ဇူယွမ်အား မြင်တွေ့နေရရုံနှင့်ပင် ခွန်အားသတ္တိများ ပျောက်ဆုံးနေရပြီ ဖြစ်သည်။

"မြန်မြန်...မြန်မြန်တပ်ဆုတ်ကြ။"

"ရွေးချယ်ခံစီနီယာအကိုတော်တွေနဲ့ တပည့်ခေါင်းဆောင်ကို ဒီအကြောင်း သတင်းပို့မှရမယ်။"

"........"

လူဦးရေတစ်ထောင်မျှသော ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာ လျင်မြန်စွာပင် ပျံသန်းထွက်ပြေးကြတော့၏။

"သူတို့ကို တားထား။" ဇူယ​ွမ်မှာ ဇူထိုက်၊ ကျန်းယန်နှင့် လုယန်းတို့အားကြည့်ရှုကာ အော်ဟစ်လိုက်၏။

ရာနှင့်ချီသော မူလသူတော်စင်တောင်ထွတ်မှ တပည့်များမှာ ချုပ်တည်းထားရသော ဒေါသတရားများအား ဖွင့်ချလိုက်ကြတော့သည်။ ၎င်းတို့သည် မူလသူတော်စင်တောင်ထွတ်၏အင်အားနှင့် ဓားကပ်ဘေးတောင်ထွတ်အား ရန်ပြုနေရခြင်းမှာ ကျောက်ဆောင်တစ်ခုအား ကြက်ဥဖြင့်ပေါက်နေသကဲ့သို့ ခံစားမိပါသော်လည်း အနည်းငယ်မျှပင် မကြောက်ရွံ့ပါချေ။ တပည့်ခေါင်းဆောင်ဖြစ်သူ ဇူယွမ်သာ ရှိနေမည်ဆိုပါက ရူးမိုက်ခြင်းများကိုလည်း အတူတကွ လုပ်ဆောင်ရန် အသင့်ပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သည်းခံခြင်းတွင်လည်း အတိုင်းအတာ ရှိ၏။ မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာ ဓားကပ်ဘေးတောင်ထွတ်၏ အနိုင်ကျင့်နှိပ်စက်မှုများအား များစွာခံစားခဲ့ရပြီးဖြစ်သောကြောင့် ယခုတပည့်ခေါင်းဖြစ်သူ ပြန်လည်ပေါ်ပေါက်လာသောအချိန်တွင် ဆက်လက်၍ သည်းခံနေမည် မဟုတ်တော့ပေ။

မူလသူတော်စင်တောင်ထွတ်မှ တပည့်များမှာ ထွက်ပြေးပျံသန်းသွားကြသော ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များထံလိုက်ပါ၍ စိတ်ရှိလက်ရှိ တိုက်ခိုက်ကြပေတော့သည်။ ကောင်းကင်တစ်ခွင်လုံးမှာ တိုက်ခိုက်မှုများဖြင့် ရှုပ်ထွေးပြည့်နှက်နေ၏။

ဇူယွမ်မှာ အနီးတွင်ရှိနေသော ပျင်းရိနေသည့် ထန်ထန်အား ကြည့်ရှုကာပြောလိုက်သည်။ "မင်းမကူညီပေးဘူးဆိုရင် ငါအစာမကျွေးပဲ အငတ်ထားတော့မှာနော်။"

ဇူယွမ်၏ ခြိမ်းခြောက်စကားသံအား ကြားလိုက်ရပြီးနောက် ထန်ထန်မှာ ကျယ်လောင်ပြင်းထန်စွာ ဟိန်းဟောက်လိုက်၏။ ထို့နောက် ၎င်းမှာ ဇူယွမ်အား အလိုမကျဟန်ဖြင့် ကြည့်ရှုကာ ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များထံသို့ ခုန်အုပ်ဝင်ရောက်သွားလေသည်။

တိုက်ပွဲဖြစ်ပွားနေသည်မှာ အချိန်အနည်းငယ်မျှသာ ကြာမြင့်သေးပါသော်လည်း ဦးဆောင်မည့်သူမရှိ၍ ဖရိုဖရဲဖြစ်နေသော ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာ တစ်ဦးပြီးတစ်ဦး ကျရှုံးကုန်ကြ၏။

ဤသို့ဖြင့် ခေတ္တမျှသော အချိန်လေးအတွင်းမှာပင် ကိုးဆယ်ရာခိုင်နှုန်းခန့်သော ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များကို ဖမ်းဆီးနိုင်လိုက်သည်။ အနည်းငယ်မျှသော တပည့်များသည်သာ မူလသူတော်စင်တောင်ထွတ်၏ လက်အတွင်းမှ လွတ်မြောက်သွားကြသည်။

ဇူယွမ်မှာ ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များအား ဖမ်းဆီးရန်အတွက် အမိန့်ပေးခဲ့သော်လည်း အနည်းငယ်မျှပင် ဝင်ရောက်ကူညီပေးခြင်း မပြုခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းမှာ မူလသူတော်စင်တောင်ထွတ်မှ တပည့်များ၏ ချုပ်တည်းထားရသော ဒေါသတရားများအား နားလည်သိရှိနေကြောင့်ပင် ဖြစ်၏။ ထို့ကြောင့် ယခုက့ဲသို့ လွတ်လပ်စွာ တိုက်ခိုက်စေလိုက်ခြင်းမှာ ၎င်းတို့၏ စိတ်ဓာတ်ခွန်အားများအား ပြန်လည်ဖြည့်တင်းပေးရန်အတွကိ အကောင်းဆုံးပင် ဖြစ်သည်။

ွကျွန်းငယ်ပေါ်တွင် မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာ ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များအား ဖမ်းဆီးချုပ်နှောင်ထားကြ၏။ မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာ ပြင်းထန်စွာ တိုက်ခိုက်ထားရသည့်အတွက် ဒဏ်ရာဒဏ်ချက်များ ရရှိနေ​ြကပါသော်လည်း အလွန်ပင် စိတ်ကျေနပ်ကာ ပျော်ရွှင်နေကြလေသည်။

ဇူထိုက်၊ ကျန်းယန်နှင့် လုယန်းတို့သုံးဦးမှာ ပျော်ရွှင်ကျေနပ်နေကြသော တပည့်များအားကြည့်ကာ သက်ပြင်းချမိကြသည်။ တပည့်ခေါင်းဆောင်ဟူသော ဖြစ်တည်မှုမှာ တပည့်များအတွက် အမှန်တကယ်ပင် အရေးပါလှပေသည်။ အစောပိုင်း ကာလများအတွင်း ၎င်းတို့သုံးဦးမှာ တပည့်များ အားတက်စေရန်အတွက် များစွာကြိုးစားနေခ့ဲပါသော်လည်း မည်သို့မျှ အလုပ်မဖြစ်ခ့ဲပေ။ ယခုတွင်မူ ဇူယွမ်ရောက်ရှိလာသည်ဟူသော အသိတစ်ချက်နှင့်ပင် စိတ်ဓာတ်ကျဆင်းနေကြသော တပည့်များမှာ ပြန်လည်၍ ရွှင်လန်းတက်ကြွလာကြသည်။

"ဂျူနီယာညီတော်ဇူယွမ် အခုဖမ်းထားတဲ့ ဓားကပ်ဘေးတောင်ထွတ်က တပည့်တွေကို ဘယ်လိုလုပ်ကြမှာလဲ။" ဇူထိုက်မှ မေးလိုက်၏။

ဇူယွမ်မှာ ဖမ်းဆီးခံထားရသော ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များအား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် တည်ငြိမ်စွာပင် စကားဆိုလိုက်သည်။ "သူတို့ဆီက မူလနဂါးခြင်ဆီတွေယူပြီးရင် သူတို့ရဲ့ တံဆိပ်ပြားတွေကို ချိုးဖြတ်ပြီးတော့ ပြိုင်ပွဲက ထုတ်လိုက်ကြတော့။"

မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနားသို့ ပါဝင်ကြသော တပည့်တိုင်းမှာ တံဆိပ်ပြားတစ်ခုစီ ရရှိကြ၏။ ထိုတံဆိပ်ပြားမှာ ပြင်းထန်လှသော တိုက်ခိုက်မှုများမှ တစ်ကြိမ်ကာကွယ်ပေးနိုင်ပြီး ထိုသို့ကာကွယ်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် မူလရေကန်၏ အပြင်ဖက်သို့ ပို့ဆောင်ခံရမည်ဖြစ်ကာ ပြိုင်ပွဲမှ ထွက်ခွာသွားရပေလိမ့်မည်။

ဇူထိုက်မှာ ဇူယွမ်၏ အမိန့်စကား​ကြောင့် အနည်းငယ် အ့ံအားသင့်သွားရသည်။ အဘယ့်ကြောင့်ဆိုသော် ထိုသို့ပြုလုပ်လိုက်ပါက ဓားကပ်ဘေးတောင်ထွတ်အား ထင်ရှားစွာ ဆန့်ကျင်လိုက်သက့ဲသို့ ဖြစ်သွားပေလိမ့်မည်သာ ဖြစ်၏။

ဇူယွမ်မှာ ဇူထိုက်၏အတွေးကို သိရှိနေသည့်အလား တည်ငြိမ်စွာပင် ပြောလိုက်၏။ "ဓားကပ်ဘေးတောင်ထွတ်က အရင်ရန်စခ့ဲတာပဲလေ။ ကျွန်တော်တို့မှာလည်း ရွေးချယ်စရာမှ မရှိတာ။ အဲ့ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် သူတို့နဲ့ တိုက်ခိုက်ရမယ့်ကိစ္စက ဖြစ်လာမှာပဲ။"

ဇူထိုက်၊ ကျန်းယန်နှင့် လုယန်းတို့သုံးဦးမှာ အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် အံကြိတ်ကာ ခေါင်းညိတ်ပြလိုက်ကြသသည်။ စင်စစ်အားဖြင့်လည်း ဓားကပ်ဘေးတောင်ထွတ်၏ အပြုအမူများမှာ လွန်ကဲနေပြီဖြစ်သောကြောင့် မူလသူတော်စင်တောင်ထွတ်မှာ ပြန်လည်တိုက်ခိုက်ရုံမျှလွဲ၍ ရွေးချယ်စရာ မရှိတော့ချေ။

ဇူထိုက်တို့သုံးဦးမှာ မူလသူတော်စင်တောင်ထွတ်၏ တပည့်များနှင့် အကြည့်ချင်းဖလှယ်ကာ အားတက်သရော ခေါင်းညိတ်လိုက်ကြ၏။ ထို့နောက် ချက်ချင်းဆိုသလိုပင် ပြင်းထန်လှသော ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာ အော်ဟစ်ကျိန်ဆဲနေရင်းဖြင့်ပင် တစ်ဦးပြီးတစ်ဦး မူလရေကန်အပြင်ဖက်သို့ ပို့ဆောင်ခံလိုက်ကြရ၏။

ဇူယွမ်မှာ စိတ်လှုပ်ရှားနေကြသော မူလသူတော်စင်တောင်ထွတ်မှ တပည့်များအားကြည့်ရှုကာ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "အခုဆိုရင် ငါတို့က ဓားကပ်ဘေးတောင်ထွတ်ကို အများကြီး ဆုံးရှုံးနစ်နာအောင် လုပ်လိုက်ကြပြီ။ အဲ့ဒါကြောင့် သူတို့ဖက်ကလည်း အင်တိုက်အားတိုက်နဲ့ ငါတို့ကို တိုက်ခိုက်လာကြလိမ့်မယ်။"

တပည့်များမှာ တိတ်ဆိတ်ငြိမ်သက်သွားကြသော်လည်း တိုက်ပွဲဆာလောင်နေသော မျက်ဝန်းများဖြင့် ဇူယ​ွမ်အား ကြည့်ရှုနေကြ၏။

"မင်းတို့တွေ ကြောက်ကြလား။" ဇူယွမ်မှ မေးလိုက်သည်။

တပည့်များမှာ တစ်ဦးကိုတစ်ဦး ကြည့်ရှုလိုက်ကြပြီးနောက် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ "ကျွန်တော်တို့မှာ ဘာမှဆုံးရှုံးစရာ မရှိတော့ပါဘူး။ အဲ့ဒါကြောင့် ဘယ်လောက်ဆိုးတဲ့ အခြေအနေပဲဖြစ်ဖြစ် ရင်ဆိုင်ဖို့ အသင့်ပါပဲ။"

ဇူယွမ်မှာ ကျေနပ်အားရသွားဟန်ဖြင့် ေခါင်းညိတ်ကာ ေပြာလိုက်သည်။

"အဲ့ဒါဆိုရင် ဒီတစ်ခါတော့ ဓားကပ်ဘေးတောင်ထွတ်နဲ့ တကယ်ရင်ဆိုင်ကြတာပေါ့။"

............

ဓားကပ်ဘေးတောင်ထွတ်၏ အခြေချစခန်းရှိရာ ကြီးမားသော ကျွန်းကြီးတစ်ခုပေါ်၌

ထွက်ပြေးလွတ်မြောက်လာသော ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များအား မြင်တွေ့လိုက်ရသောအခခါတွင် ပိုင်လီချွီးမှာ အလွန်အ့ံအားသင့်သွားရလေသည်။ ထို့နောက် ၎င်းမှာ ဒေါသထွက်စွာပင် အော်ဟစ်မေးမြန်းလိုက်၏။ "ဘာတွေဖြစ်လာကြတာလဲ။ ကျုံးယွမ်ကရော ဘယ်မှာလဲ။"

တပည့်တစ်ဦးမှ ကြောက်လန့်တုန်လှုပ်စွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။ "တပည့်ခေါင်းဆောင် စီနီယာအကိုတော်ကျုံးယွမ်က ဇူယွမ်ကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရသွားပါတယ်။ တခြားတပည့်တွေကလည်း မူလသူတော်စင်တောင်ထွတ်ရဲ့ လက်ချက်နဲ့ ပြိုင်ပွဲကနေ ထွက်သွားရတယ်။"

ပိုင်လီချွီးမှာ ဒေါသထွက်စွာဖြင့် အနီးတွင်ရှိနေသော ကျောက်နံရံတစ်ခုအား ထိုးခွဲလိုက်၏။ တပည့်များအား ရုတ်တရက်ဆုံးရှုံးလိုက်ရခြင်းမှာ ဓားကပ်ဘေးတောင်ထွတ်အတွက် ကြီးမားသော ဆုံးရှုံးနစ်နာမှုတစ်ခုပင် ဖြစ်လေသည်။

"ကျုံးယွမ်က ဘာတွေလုပ်လိုက်တာလဲ။ ငါကသူ့ကို မူလသူတော်စင်တောင်ထွတ်ကိုပဲ စောင့်ကြည့်ခိုင်းတာလေ။ ဘယ်သူက တိုက်ခိုက်ခိုင်းလို့လဲ။ အခုတော့ ဘာတွေဖြစ်ကုန်ပြီလဲ။" ပိုင်လီချွီးမှာ ဒေါသတကြီးဖြင့် အော်ဟစ်နေ၏။ "မူလသူတော်စင်တောင်ထွတ်က အင်အားနည်းတယ်ဆိုပေမယ်​​့ သူတို့ဆီမှာ ဇူရှောင်ယို၊ ဟိုမကောင်းဆိုးဝါးလေးနဲ့ ဇူယွမ်တို့ ရှိနေတယ်ကွ။ မဆင်မခြင် လုပ်ချင်ရာသွားလုပ်လို့ မရဘူး။ တပည့်တစ်ထောင်လောက်နဲ့များ ကျုံးယွမ်က မူလသူတော်စင်တောင်ထွတ်ကို ရန်သွားစရဲတယ်ပေါ့။ ငါတောင် စောင့်ကြည့်ရုံပဲ ခုိင်းထားတာကိုလေ။"

တပည့်တစ်ဦးမှ ပြောလိုက်၏။ "ဇူယွမ်နဲ့ဇူရှောင်ယိုကို လုံးဝမတွေ့မိတော့ စီနီယာအကိုတော်ကျုံးယွမ်က သံသယဝင်မိသွားတာပါ။ အဲ့ဒါကြောင့် သူတို့နှစ်ယောက်ကို ရှာဖို့အတွက် မူလသူတော်စင်တောင်ထွတ်ရဲ့ အခြေချစခန်းကို ကျွန်တော်တို့ ကျူးကျော်ခ့ဲကြတယ်။ ဒါပေမယ်​့ အရာအားလုံးက ဟိုကောင်ဇူယွမ်ရဲ့ အကြံအစည်တွေချည်းပဲ ဖြစ်နေတယ်။"

ပိုင်လီချွီး၏ အမူအရာမှာ ခက်ထန်သွားရ၏။

ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာလည်း ထိုသတင်းအား ကြားသိလိုက်ရသောအခါ၌ အလွန်ပင် စိတ်ဆိုးဒေါသထွက်ကုန်ကြတော့သည်။

"ဇူယွမ်က တော်တော်အတင့်ရဲနေပါလား။ ငါတို့တောင်ထွတ်က တပည့်တွေကိုတောင် ရန်စရဲတယ်ပေါ့လေ။"

"ငါတို့ သူတို့ကို သင်ခန်းစာပေးမှ ရတော့မယ်။"

"ဟုတ်တယ်။ သူတို့ရဲ့ လုပ်ရပ်တွေကို ဆက်ပြီးသည်းမခံနိုင်တော့ဘူး။"

"သူတို့အဆင့်လောက်နဲ့များ ငါတို့ကို လာစမ်းရဲတယ်ပေါ့။"

"မူလသူတော်စင်တောင်ထွတ်နဲ့ ဓားကပ်ဘေးတောင်ထွတ်က ဘယ်လောက်တောင် ကွာခြားသလဲဆိုတာ သူတို့ကို ပြသပေးမှ ရတော့မယ်။"

"........."

ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာ အလွန်အမင်း ဒေါသထွက်နေကြပြီပင် ဖြစ်သည်။ ၎င်းတို့မှာ မူလသူတော်စင်တောင်ထွတ်က့ဲသို့သော လူဦးရေတစ်ထောင်မျှပင်မရှိသည့် တောင်ထွတ်ကလေးမှ ဓားကပ်ဘေးတောင်ထွတ်အား ရန်စရဲနေခြင်းကို လက်သင့်မခံနိုင် ဖြစ်နေကြရ၏။

ထွက်ပြေးလွတ်မြောက်လာသည့် တပည့်တစ်ဦးမှ ဆက်လက်ပြောဆိုလိုက်သည်။ "ဇူယွမ်က စကားတစ်ခွန်းလည်း မှာလိုက်သေးတယ်။ မူလသူတော်စင်တောင်ထွတ်က ဓားကပ်ဘေးတောင်ထွတ်ကို စစ်ကြေညာလိုက်တယ်တဲ့။"

ထိုစကားအား ကြားလိုက်ရသောအခါ၌ ပိုင်လီချွီးမှာ ကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက် စကားဆိုလိုက်သည်။ "မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်ဇူယွမ်က တကယ်ကို အကောင်းအဆိုး မသိဘူးပဲ။"

"အစကတော့ သူတို့ကို နည်းနည်းလောက် လွှတ်ထားပေးဦးမလို့်ပဲ။ အခုမှတော့ သက်ညှာမှုမရှိဘူးဆိုပြီး ငါတို့ကို အပြစ်လာမတင်နဲ့တော့။"

ပိုင်လီချွီးမှာ ခက်ထန်နေသော မျက်ဝန်းများဖြင့် တပည့်တစ်ဦးအား ပြောလိုက်၏။

"ဒီအကြောင်းကို ရွေးချယ်ခံစီနီယာအကိုတော်တွေနဲ့ အမဲလိုက်နေကြတဲ့ တပည့်တွေဆီ သတင်းပို့လိုက်ပါ။"

"ငါတို့ မူလသူတော်စင်တောင်ထွတ်ကို ပြိုင်ပွဲကနေ ထုတ်ကြတော့မယ်လို့။"

ပိုင်လီချွီး၏ မျက်ဝန်းများမှာ သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်နေလေတော့သည်။

All Chapters