← Chapters

အခန်း (၁၀၇၂-၁၀၇၄)

Vol. 72 Ch. 1072-1074

အခန်း (၁၀၇၂-၁၀၇၄)

Vol. 72 Ch. 1072-1074

အခန်း (၁၀၇၂) ကံကြမ္မာ အဆုံးအဖြတ်

“မင်း ကောင်လေး ရူးနေလား၊ နေ့တိုင်း အဲဒီ မှော်ဆရာမ လေးနဲ့ ဘာတွေ သွားကစားနေတာလဲ၊ ငါတို့ အတူတူ ဝက်ဂူ ဆင်းကြမယ်လေ” ဝမ်တုန်းကျွင်းက ဖုန်းခေါ်ပြီး အော်ဟစ် လိုက်သည်။

“မင်း တစ်ယောက်တည်း Solo လို့ ရတယ်၊ ဒါမှမဟုတ် တခြားသူနဲ့ အဖွဲ့ဖွဲ့ လိုက်၊ ဝက်ဂူ ဝင်ပေါက်ရဲ့ တည်နေရာကို ငါ မပြောပြထားဘူးလား၊ ဘယ်လို ပြေး ရမယ်ဆိုတာလည်း မင်း သိတယ်၊ သိပ်နက်တဲ့နေရာ မဆင်းနဲ့၊ မင်း အခုထိ အရိုးစု လေးပဲ ခေါ်နိုင်သေးတာ”

“ဟေး၊ မင်း အဲဒီ မှော်ဆရာမလေးကို သဘောကျ နေတာ မဟုတ်လား။ တောင်းပန်ပါတယ်၊ ဒါ အွန်လိုင်း ဂိမ်း၊ အဲဒီ ဘက်က ဒီ ဇာတ်ကောင်ကို ထိန်းချုပ်နေတဲ့သူက ညစ်ပတ်တဲ့ လက်သည်းရှည်ကြီး ဖြစ်နေချင် ဖြစ်နေဦးမှာ။ မင်းက ပစ္စည်း၊ ရွှေ၊ ကျွမ်းကျင်မှု စာအုပ် တွေ ပေးနေတယ်၊ နောက်ပြီး အဆင့်မြှင့်ဖို့ မစ်ရှင် လုပ်ဖို့ပါ ခေါ်သွားတယ်၊ မင်း ဘာရချင်တာလဲ” ဝမ်တုန်းကျွင်းက မကျေနပ်စွာ မေးလိုက်သည်။

“ဂိမ်း ကစားတာက လက်အောက်ခံ ခေါ်ထားရသလိုမျိုး ခံစားချက် တစ်ခု ရှိဖို့ လိုအပ်တယ်လေ။ မင်း ငါ့ဆီ လာပြီး လက်အောက်ခံ လုပ်မယ်ဆိုရင် ငါ သူ့နဲ့ မကစားတော့ဘူး” ဖုန်းယွီက တမင်တကာ ပြောလိုက်သည်။

“မတွေးနဲ့၊ ငါက အခု Area 1 မှာ အဆင့် အမြင့်ဆုံး လူရာကျော် ထဲမှာ ပါတဲ့ ကျွမ်းကျင်သူ၊ကိုယ်ပေါ်က ပစ္စည်းတွေကလည်း ရှားပါး ပစ္စည်း တွေချည်းပဲ၊ မင်းရဲ့ လက်အောက်ခံ လုပ်ရမယ်ဟုတ်လား”

“တစ်ရာ့ တစ်ယောက်မြောက် ဖြစ်တာကို တစ်ရာ့ကျော်ထဲလို့ ပြောတာလား။ ငါ လူခိုင်းပြီး လှည့်စား ပြီး ရအောင် လုပ်ပေးထားတဲ့ လက်ဆောင် ပက်ကေ့ချ် က အလကား ဖြစ်သွားပြီ” ဖုန်းယွီက မထီမဲ့မြင် ပြောလိုက်သည်။ လျှို့ဝှက်ကံကောင်းခြင်း တန်ဖိုးပါတဲ့ ပက်ကေ့ချ် မပါရင် ဝမ်တုန်းကျွင်း ဒီလောက် ရှားပါး ပစ္စည်းတွေ အများကြီး ထုတ်နိုင်ပါ့မလား။

“တစ်ရာ့ တစ်ယောက်မြောက် ဖြစ်လည်း တစ်ရာ့ကျော် ထဲပါပဲ၊ ဘာဖြစ်လဲ။ မင်းကတော့ အဆင့်စာရင်း မှာတောင် မပါသေးဘူး” ဝမ်တုန်းကျွင်းရဲ့ လေသံက အလွန် မာန ကြီးနေသည်။

“တော်ပြီ၊ မင်းကို ဝက်ဂူ လိုက်ပို့ဖို့ တခြားသူ ရှာလိုက်ပါ၊ ငါ Bichon (ဘီချုံ) ဘက် သွားရမယ်”

ဒီ “လိပ်ပြာသစ် ပြန်လည် မွေးဖွားခြင်း” လို့ ခေါ်တဲ့ မှော်ဆရာမလေးကို ဖုန်းယွီ မြင်လိုက်ရတဲ့ အချိန်မှာလည်း ကြောင် သွားခဲ့သည်။ ဒီနာမည်ကို ယခင်ဘဝ မှာ ကျိုးခယ့်ရှင်း သုံးခဲ့တာပဲ၊ တက္ကသိုလ်ကနေ လူမှုအသိုင်းအဝိုင်း ထဲကို ရောက်သွားတာကို အမှတ်တရ အနေနဲ့ သုံးခဲ့တယ်လို့ ပြောခဲ့ဖူးတယ်။

ဟုတ်ပါတယ်၊ ယခင်ဘဝမှာ ဖုန်းယွီက ကမ္ဘာပေါ်မှာ ဒုတိယ အချောဆုံး လို ဆိုးသွမ်းတဲ့ နာမည် မျိုး မသုံးခဲ့ဘူး။

မူလက ဖုန်းယွီက တိုက်ဆိုင်မှုလို့ပဲ ထင်ခဲ့တာ၊ အင်တာနက်ပေါ်မှာ စွမ်းရည်ရှိတဲ့ လူတွေ များတယ်၊ အမျိုးမျိုးသော ထူးဆန်းတဲ့ နာမည် တွေ ထွက်ပေါ်လာတာ။ ဒါပေမဲ့ ဒီ မှော်ဆရာမ လေးက စာရိုက်ပြီး “ရှင် လား” လို့ မေးလိုက်တဲ့ အချိန်မှာ ဖုန်းယွီက ကံကြမ္မာက သူ့ကို နောက်နေတယ်လို့ ခံစားလိုက်ရတယ်။

သမိုင်းရဲ့အရှိန်အဟုန် ကြောင့်လား၊ ဒါမှမဟုတ် သူတို့နှစ်ဦးကြားမှာ ဒီလို အံ့ဩဖွယ် ဆက်နွယ်မှု တကယ်ပဲ ရှိနေတာလား၊ တကယ်ပဲ သူမ ဖြစ်နေတာပဲ။

ဖုန်းယွီ နောက်ပိုင်းမှာ စမ်းသပ် မှု အကြိမ်အနည်းငယ် လုပ်ခဲ့သည်၊ သူတို့နှစ်ဦး စကားပြောတဲ့အခါ စကားပြောပုံ အလေ့အကျင့် ကနေ ဖုန်းယွီ ကျိုးခယ့်ရှင်း ဖြစ်ကြောင်း လုံးဝ အတည်ပြု လိုက်ပြီ။

ကျိုးခယ့်ရှင်း နဲ့ ကစားရတာနဲ့ ဝမ်တုန်းကျွင်းနဲ့ ကစားရတာ၊ အရူးတောင် ဘယ်ဟာကို ရွေးရမလဲ သိတယ်။

ကျိုးခယ့်ရှင်း အွန်လိုင်း ဝင်တဲ့ အချိန် နည်းတယ်၊ စနေ၊ တနင်္ဂနွေ နေ့တိုင်းမှ နှစ်နာရီ၊ သုံးနာရီ လောက်ပဲ ဝင်တယ်၊ ညဘက် အချိန် ရရင်လည်း ဖုန်းယွီကို ကြိုပြော လေ့ရှိတယ်။

ကျိုးခယ့်ရှင်း နဲ့ဂိမ်း အတူတူ ကစားနိုင်ဖို့အတွက် ဖုန်းယွီက မူလက အမေရိကန်ဘက်ကို သွားရမဲ့ ခရီးကိုတောင် ရွှေ့ဆိုင်းခဲ့သည်၊ တရုတ်ပြည်မှာပဲ ဂိမ်း ကစားနေသည်၊

ငွေ က ဘယ်တော့မှ မကုန်နိုင်ဘူး၊ အခွင့်အရေး ကောင်း တစ်ခု လွဲချော်သွားရင် နောက်တစ်ကြိမ် ရှိသေးတယ်။ လူကို လွဲချော်သွားရင်တော့ နောက်တစ်ကြိမ် အခွင့်အရေး မရနိုင်တော့ဘူး။

ဒီလိုနဲ့ ဖုန်းယွီသည် ယခင်ဘဝ ရဲ့ ပျော်ရွှင်မှုကို ပြန်လည် တွေ့ရှိခဲ့သလို ခံစားရသည်၊ လူတစ်ယောက် အွန်လိုင်း ဝင်လာမဲ့ အချိန်ကို မျှော်လင့် နေရတဲ့၊ လူတစ်ယောက်နဲ့ ဂိမ်း အတူတူ ကစားရတဲ့ ခံစားချက်မျိုး။ ကျိုးခယ့်ရှင်း မရှိတဲ့ အချိန်မှာ အရင်က အလွန်ပျော်စရာ ကောင်းတယ်လို့ ထင်ခဲ့တဲ့ ဂိမ်းကို ဖုန်းယွီ ကစားရတာ အရသာ မရှိတော့ဘူး။

ကျိုးခယ့်ရှင်းကို အဆင့်မြှင့်ဖို့၊ ပစ္စည်း ရှာဖို့ အမြဲတမ်း ခေါ်ဆောင် နိုင်ဖို့အတွက် ဖုန်းယွီက ပရော်ဖက်ရှင်နယ် ဂိမ်းကစားသမားတစ်ဦးကို ငှားရမ်း ထားသည်၊ သူ့ကို နေ့တိုင်း ညဘက်မှာ ဘီလူး တိုက်ခိုက်ပြီး အဆင့်မြှင့် ခိုင်းသည်၊ သူ့ရဲ့ ဇာတ်ကောင်က အဆင့်၊ ပစ္စည်း စသည်တို့မှာ နောက်ကျ မကျန်ရစ်စေရန် ဖြစ်သည်။

ဟုတ်တယ်၊ ပစ္စည်း တစ်ခုခုမရှိရင် ဝမ်တုန်းကျွင်း ဆီကနေ တောင်းယူလိုက်ရုံပဲ၊ အဲဒီ ကောင်ရဲ့ ဇာတ်ကောင်မှာ ကောင်းတဲ့ ပစ္စည်းတွေ ဂိုဒေါင် ပြည့်အောင် ရှိနေတာ။

ဖုန်းယွီက ဇာတ်ကောင်ကို ထိန်းချုပ်ပြီး Bichon ဘက်ကို ပျံသန်း သွားသည်၊ လုံခြုံရေး ဧရိယာ အစွန်နားမှာ တွန်းထုတ်ခံရ လုနီးပါး ဖြစ်နေသော လိပ်ပြာသစ် ပြန်လည် မွေးဖွားခြင်းကို မြင်လိုက်ရသည်။ ကစားသမား အချို့သည် အွန်လိုင်း ဝင်၊ ထွက် ခြင်းဖြင့် ဇာတ်ကောင်ကို လုံခြုံရေး ဧရိယာ ထဲကနေ တဖြည်းဖြည်း တွန်းထုတ် နိုင်သည်၊ အော်တို ဆော့ထားသူ အများအပြားကို ဒီလို တွန်းထုတ် ခံရပြီး လူ သုံး၊ လေးယောက် ပေါင်းပြီး သတ်၍ ပစ္စည်း လုယူကြသည်။

တချို့လူတွေက ပစ္စည်း လုဖို့ မဟုတ်ဘဲ လူခုတ်ရတာ ရိုးရိုးလေး ပျော် ကြတာ။

လူခုတ်၍ နာမည်အနီရောင် ဖြစ်သွားပြီး မြားပစ်သမား တွေရဲ့ လက်ချက်နဲ့ သေသွားရင် အနီရောင်နာမည်ရွာမှာ ပြန်ရှင် လာကြသည်၊ အဲဒီမှာတောင် လူခုတ် နေကြသည်၊ ဘာလို့လဲဆိုတော့ အနီရောင်နာမည်ရွာ ထဲမှာလည်း လူသတ် ထားသူတွေ အပြည့်အနှက် ရှိနေတာကိုး။

တချို့လူတွေက ဘီလူးနဲ့တိုက်ခိုက်ပြီး အဆင့်မြှင့်ရတာ ကြိုက်ကြသည်၊ တချို့လူတွေကတော့ Player Killing (PK)ကိုသာ နှစ်သက်ကြသည်၊ ဒီအတွက် PK နည်းပညာ၊ ဘယ်လို လှုပ်ရှား ရမလဲ၊ ဘယ်လို ပစ္စည်း မျိုး ဝတ်ဆင်ရမလဲ၊ ပြိုင်ဘက် ရဲ့ ပစ္စည်းကို ဘယ်လို တားဆီး ရမလဲ၊ ဘယ်လို ကျွမ်းကျင်မှု မျိုး သုံးရမလဲ၊ ပြိုင်ဘက် ရဲ့ ကျွမ်းကျင်မှုကို ဘယ်လို တားဆီး ရမလဲ၊ အမြင့်ဆုံး ထုတ်လုပ်မှု (Maximum Output)ကို အာမခံနိုင်ဖို့ ကျွမ်းကျင်မှု ပေါင်းစပ်မှုကို ဘယ်လို ရွေးချယ်ရမလဲ စသည်တို့ကို အထူးလေ့လာကြသည်။

ဖုန်းယွီ ချက်ချင်း စာရိုက်ပြီး ကျိုးခယ့်ရှင်းကို ဟိုဘက်က အဖိုးကြီးကို နှိပ်ပြီး ဒုတိယ မစ်ရှင်ကို လက်ခံဖို့ ပြောသည်၊ ပြီးတော့ လုံခြုံရေး ဧရိယာ အပြင် မထွက်ဖို့ သတိထားပါ၊ ဘေးနားမှာ ပစ္စည်းလုဖို့ စောင့်နေတဲ့သူတွေ ရှိတယ်နော်။

ကျိုးခယ့်ရှင်း သည် ကမ္ဘာပေါ်မှာ ဒုတိယ အချောဆုံး ရောက်လာသည်ကို မြင်သောအခါ ချက်ချင်းပင် ကမ္ဘာပေါ်မှာ ဒုတိယ အချောဆုံး ပြောသည့်အတိုင်း ဇာတ်ကောင်ကို နှစ်လှမ်း အတွင်းသို့ ထိန်းချုပ်ပြီး မစ်ရှင် လက်ခံလိုက်သည်။

သူတို့နှစ်ဦး မစ်ရှင် လက်ခံပြီးနောက် မိုင်းတွင်းသို့ ပြေးသွားကြသည်၊ မစ်ရှင် ညွှန်ကြားချက်အရ သူတို့သည် သတ္တုရိုင်း အများအပြား တူးရမည် ဖြစ်သည်။ ဟုတ်ပါတယ်၊ သတ္တုရိုင်း တူးရင်း ဖုတ်ကောင် တွေကိုလည်း တိုက်ခိုက်နိုင်သေးသည်။

ကျိုးခယ့်ရှင်းက မှော်ဆရာမကို သတ္တုရိုင်း တူးဖို့ ထိန်းချုပ်သည်၊ ဖုန်းယွီ၏ Taoist လည်း သူမနှင့်အတူ တူးနေသည်။ ဘေးတွင် “ကမ္ဘာပေါ်မှာ ဒုတိယ အချောဆုံးရဲ့ ကလေးငယ်”ဟု အမည်ပြထားသော အရိုးစုလေး တစ်ကောင်က Shuraနဲ့ ဆင်တူတဲ့ ပုဆိန် တစ်ချောင်းကိုင်ပြီး လျှောက်သွား နေသည်။

“ရှင် ဘာလုပ်တာလဲ” ကျိုးခယ့်ရှင်း ရုတ်တရက် စာရိုက်ပြီး မေးလိုက်သည်။

ဒီ မေးခွန်းကို သူမ ကြာပြီ မေးချင်နေတာ၊ ဘာလို့ သူမ အွန်လိုင်း ဝင်တိုင်း သူ အမြဲတမ်း ရှိနေသလို ဖြစ်နေရတာလဲ။ သူ အလုပ်သွားစရာ ဒါမှမဟုတ် ကျောင်းတက်စရာ မလိုဘူးလား။

“စီးပွားရေး လုပ်တာ၊ အချိန်က နည်းနည်း လွတ်လပ်တယ်”

ကျိုးခယ့်ရှင်း အနည်းငယ် ထူးဆန်း သည်၊ ပုံမှန်ဆိုလျှင် သူမ ဒီလို မေးလိုက်ရင် ပြိုင်ဘက်က သူမ ဘာလုပ်တာလဲ ပြန်မေးသင့်တာ မဟုတ်လား။ သူ ဒီကိစ္စကို နည်းနည်းလေးမှ စိတ်မဝင်စား ဘူးလား။

ဒါမှမဟုတ် သူက ဒါကို ဂိမ်း တစ်ခု၊ စိတ်ကူးယဉ် ကမ္ဘာတစ်ခုလို့ပဲ သဘောထားပြီး လက်တွေ့ဘဝကို ဝင်ရောက် စွက်ဖက် ချင်တာ မဟုတ်ဘူးလား။

“ကျွန်မ ကျောင်းသူ ပါ၊ ကျောင်းတက်နေပါတယ်” ကျိုးခယ့်ရှင်းက ကိုယ်တိုင် ပြောလိုက်သည်။

“အော်၊ ဒါကြောင့် ကစားချိန် နည်းတာပေါ့”

ဒီစာကြောင်းကို ရိုက်ပြီးနောက် ဖုန်းယွီ သည် ဇာတ်ကောင်ကို ဆက်လက် ထိန်းချုပ်ပြီး သတ္တုရိုင်း တူးနေသည်၊ စကားပြောချင်စိတ် မရှိသလိုမျိုးပင်။

“ရှင် စကားနည်းတယ် ထင်တယ်” ကျိုးခယ့်ရှင်း က စိတ်ဝင်တစား မေးလိုက်သည်။

“စိတ်ထဲမှာ ကိစ္စ ရှိတယ်၊ ငါ ဂိမ်း ကစားတာက စိတ်သောက ဖြေဖို့ပဲ”

“ရှင်ရဲ့ စီးပွားရေး ပြဿနာ ရှိလို့လား”

“မရှိဘူး၊ စီးပွားရေးက အရမ်းကောင်းတယ်။ ငါ့ရဲ့ အချစ်ရေးမှာ ပြဿနာ ရှိနေတာ” ဖုန်းယွီ က တမင်တကာ ပြောလိုက်သည်။

“အချစ်ရေး? ရှင် ရဲ့ ဇနီး နဲ့လား”

“ငါ အိမ်ထောင် မပြုရသေးဘူး။ ဒါနဲ့ မင်း လူ့ဘဝ အဆက်ဆက်ကို ယုံလား”

ကျိုးခယ့်ရှင်းသည် မောက်စ်ကိုကိုင်ထားသော လက်က ရုတ်တရက် တုန်ခါ သွားသည်။ လူ့ဘဝ အဆက်ဆက်… သူ ဘာလို့ ဒီလို ပြောရတာလဲ။ တကယ်ပဲ သူ လား။

မဖြစ်နိုင် ဘူး၊ သူတို့ ဆုံတွေ့ တာ တိုက်ဆိုင်မှု ပဲ ဖြစ်ရမယ်!

“ကျွန်မ မသိဘူး၊ ရှင် ကျွန်မကို ပြောပြနိုင်မလား။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့လည်း မသိကြဘူး၊ ကျွန်မလည်း တခြားသူကို ပြောမှာ မဟုတ်ပါဘူး”

“ကောင်းပြီ၊ ဒါဆို ငါ မင်းကို ပုံပြင် တစ်ပုဒ် ပြောပြမယ်...”

ဖုန်းယွီ သည် ကျိုးခယ့်ရှင်းကို ပုံပြင် တစ်ပုဒ် ပြောပြလိုက်သည်၊ ပုံပြင် ရဲ့ ယောက်ျား ဇာတ်ကောင်မှာချစ်သူကောင်း တစ်ယောက် ရှိခဲ့သည်၊ ဒါပေမဲ့ တစ်နေ့မှာ သူ ရုတ်တရက် ယခင်ဘဝက ကိစ္စတွေကို ပြန်သတိရ သွားသည်၊ သူ့မှာ ယခင်ဘဝက ဇနီး တစ်ယောက် ရှိခဲ့ကြောင်း သိသွားသည်။

ပြီးတော့ သူသည် မှတ်ဉာဏ်ထဲက လိပ်စာအတိုင်း စာတစ်စောင် ပို့လိုက်သောအခါ တကယ်ပဲ ဒီလို လူ တစ်ယောက် ရှိနေခဲ့သည်!

ကျိုးခယ့်ရှင်း မျက်လုံး ပြူး သွားသည်၊ မဖြစ်နိုင် ဘူး၊ တကယ်ပဲ သူ လား!

ဒီပုံပြင်က သူတို့ရဲ့ ကိစ္စတွေပဲ မဟုတ်လား၊ ဒီလူက တကယ်ပဲ သူ ဖြစ်နေတာပဲ။

ဒါက ကံကြမ္မာ အဆုံးအဖြတ် ပဲလား။

...

******

အခန်း (၁၀၇၃) ကျိုးခယ့်ရှင်း၏ အလုပ်အသစ်

ကျိုးခယ့်ရှင်း ရုတ်တရက် အလုပ်ရှိကြောင်း စာရိုက်ပြောပြီးနောက် မြို့ထဲပြန်၍ အွန်လိုင်းမှ ထွက်သွားသည်။ ဖုန်းယွီ အနည်းငယ် အားငယ် သွားသည်၊ ပုံပြင်က ကောင်းကောင်း မပြောပြနိုင်ခဲ့ဘူးလား။

စိတ်တိုနေသော ဖုန်းယွီသည် ဇာတ်ကောင်ကို ဂိမ်းအကူအား လွှဲပေးလိုက်ပြီး သူကိုယ်တိုင်လည်း အွန်လိုင်းမှ ထွက်လိုက်သည်။

သူ တံခါးအပြင်သို့ ထွက်လာပြီး ကျိုးခယ့်ရှင်း ၏ ကျောင်းဝင်း သို့ တစ်ဖန် ရောက်လာခဲ့သည်၊ ဝင် ချင်သော်လည်း တွန့်ဆုတ် နေခဲ့သည်။

တွေ့ဆုံပြီးနောက် သူ ဘယ်လို ပြောသင့်လဲ။

ကျိုးခယ့်ရှင်းသည် ကိုယ်ပိုင်အမြင်ရှိသော မိန်းကလေး တစ်ဦး ဖြစ်သည်၊ ဖုန်းယွီ ရုတ်တရက် သူမရှေ့တွင် ထပ်မံ ပေါ်လာပါက ဆန့်ကျင်ဘက် ရလဒ် ဖြစ်လာနိုင်သည်။

သို့သော် ဖုန်းယွီ သတိမထားမိသည်မှာ သူ ကျောင်းဝင်းမှ လှည့်ထွက် သွားသော ကျောဘက်ကို မိန်းကလေး တစ်ဦးက မြင်တွေ့ သွားခြင်းပင် ဖြစ်သည်။

“ခယ့်ရှင်း၊ ခယ့်ရှင်း၊ ငါ ခုနက ပြန်လာတုန်းက ဘယ်သူ့ကို မြင်ခဲ့တယ် ထင်လဲ” အခန်းဖော် ရှောင်းဝမ်က စိတ်လှုပ်ရှားစွာ မေးသည်။

ကျိုးခယ့်ရှင်းသည် စိတ်ဓာတ်ကျနေသော်လည်း ပူးပေါင်းပါဝင်ပြီး မေးလိုက်သည်။ “ဘယ်သူလဲ၊ အန်ဒီလျူ များလား”

“အန်ဒီလျူ တော့ မဟုတ်ဘူး၊ ငါ အရင်တစ်ခါက နင့်ကို စိုက်ကြည့်နေတဲ့ ခုံတန်းလျားမှာ ထိုင်နေတဲ့ ခန့်တဲ့ ကောင်လေးကို မြင်ခဲ့တယ်၊ မင်းမှတ်မိလား”

ကျိုးခယ့်ရှင်း ရုတ်တရက် မတ်တပ်ရပ်ပြီး စကားစပ်မိသလို မေးလိုက်သည်၊ “သူ ဘယ်မှာလဲ”

မေးပြီးမှ သူမ နောင်တရသွားသည်၊ ထိုင်ခုံတွင် ပြန်ထိုင်လိုက်သည်၊ သူ ဘယ်မှာ ရှိမှန်း သိတော့ ဘာလုပ်မှာလဲ၊ သူ့ကို သွားတွေ့ရဦးမှာလား။

“တွေ့ချင်လည်း နောက်ကျသွားပြီ။ ငါ ကျောင်း ဂိတ်ကို ဝင်တုန်းက သူ အပြင်ဘက်ကို ထွက်သွားတာကို မြင်လိုက်ရတာ။ နင် မသိပါဘူး၊ ဒီ ခန့်တဲ့ ကောင်လေးရဲ့ မျက်နှာက အရမ်းဝမ်းနည်းနေတယ်၊ Tony Leung လိုပဲ” ရှောင်းဝမ်က ရူးသွပ် နေသော ပုံစံဖြင့် ပြောသည်။

ထွက်သွားပြီ… သူ လာခဲ့ပြီး၊ ပြန်ထွက်သွားပြီ။

ဒီသတင်းကို ကြားသောအခါ ကျိုးခယ့်ရှင်း၏စိတ်နှလုံးသည် ရှုပ်ထွေးနေသည်၊ ပျော်ရွှင်ခြင်း၊ ဆုံးရှုံးခြင်း၊ တွေဝေခြင်း၊ စိတ်ပျက်ခြင်းများ ပါဝင်သည်။ သူ ထွက်သွားတာလည်း ကောင်းပါတယ်၊ နှစ်ဦးသား မတွေ့ကြဘဲ လှပတဲ့ အမှတ်တရ တစ်ခု ထားခဲ့ခြင်းကလည်း နိဂုံး တစ်မျိုး ဖြစ်နိုင်တယ်။

“ခယ့်ရှင်း၊ ခယ့်ရှင်း၊ ဘာဖြစ်တာလဲ။ ငါ ပြောတာ ကြား ရရဲ့လား”

“အာ? နားထောင်နေပါတယ်”

“ဒါဆို သွားရအောင်လေ၊ ဘာလုပ်နေတာလဲ” ရှောင်းဝမ် သည် ကျိုးခယ့်ရှင်းကို ဆွဲခေါ်ပြီး အပြင်သို့ ထွက်သွားသည်။

“ဘယ်ကို သွားမှာလဲ” ကျိုးခယ့်ရှင်း ယခုမှ မေးလိုက်သည်၊ ခုနက သူမ ရှောင်းဝမ် ပြောတာကို ဘယ်နားထောင်နိုင်မှာလဲ။

“ဘယ်အချိန်ရှိပြီလဲ၊ ထမင်းစား သွားရမှာပေါ့!”

နောက်တစ်နေ့တွင် ကျောင်း အတွင်း၌ လက်ကမ်းကြော်ငြာ ဝေနေသူများ ရုတ်တရက် ရောက်လာသည်၊ အလုပ်သင် သတင်းထောက် ခေါ်ယူကြောင်း၊ အလုပ်သင် အတွေ့အကြုံ ရှိသူကို ဦးစားပေးကြောင်း၊ လစာ ကောင်းကောင်း ပေးမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ရှောင်းဝမ် သိသိချင်း ကျိုးခယ့်ရှင်းကို ပြောပြခဲ့သည်၊ သူမ လုပ်စရာ တစ်ခုခု ရှိလျှင် ကျိုးခယ့်ရှင်းကို ပြန်လည်အကောင်းမြင်ပြီး ပျော်ရွှင်လာစေနိုင်သည်ဟု ထင်သည်။

“ရှောင်းဝမ်၊ ဒီ ကုမ္ပဏီက ဘာလဲ၊ ယုံကြည်စိတ်ချ ရလား၊ မြောင်းယွီက အလုပ်သင် လျှောက်ဖို့သွားတော့ ယွမ် နှစ်ရာ အပ်ငွေပေးလိုက်ရတယ်၊ နောက်ပိုင်း ကုမ္ပဏီက ပျောက် သွားတယ်လို့ ငါ ကြားဖူးတယ်” ကျိုးခယ့်ရှင်း သံသယဖြင့် မေးသည်။

ဒီ ကုမ္ပဏီကို သူမ လုံးဝမကြားဖူး ဘူး၊ လိမ်လည်သူများ ဖြစ်နေမလား။

“အာဟောင်း၊ နင် မသိဘူးလား၊ သူတို့ ခေါ်ယူရေး ကြီးကြပ်ရေးမှူးက ငါတို့ ကျောင်းအုပ်ချုပ်ရေးမှူးနဲ့ အတူတူ ရပ်နေတာကို မမြင်ဘူးလား၊ ဒါ့အပြင် ပိုက်ဆံ တောင်းရင်လည်း ငါတို့ မပေးပါဘူး။ ဒီမှာ ရေးထားတာကို ကြည့်ပါ၊ အခက်အခဲ ခံနိုင်ရည် ရှိရမယ်၊ လုပ်ငန်း အပေါ် စိတ်အားထက်သန်မှု ရှိရမယ်၊ အင်တာဗျူး နည်းစနစ်ကို နားလည်ရမယ် အဲဒါတွေက၊ ငါတို့ ဆရာ ပြောတာနဲ့ အတူတူပဲ မဟုတ်လား”

“ဒါပေမဲ့ ငါတို့မှာ အလုပ်သင် အတွေ့အကြုံ မရှိဘူးလေ”

“ငါ မရှိပေမဲ့ နင် ရှိတယ်လေ၊ နင် ဟောင်ကောင် ဆေးပညာ မဂ္ဂဇင်းမှာ အလုပ်သင် လုပ်ဖူးတယ် မဟုတ်လား၊ အဲဒီတုန်းက နေမကောင် လို့ ခွင့်ယူခဲ့တာပဲ ဖြစ်ဖြစ်၊ နင် အလုပ်သင် လုပ်ဖူးတာ မလိမ်ဘူး မဟုတ်လား။ သူတို့ ဘာပဲ လုပ်လုပ်ပေါ့၊ အကယ်၍ အောင်မြင် ရင် ကျောင်းပြီး တဲ့အခါ ဒီ ကုမ္ပဏီမှာပဲ ဆက်လုပ် နိုင်မှာ၊ ဒီမှာ ရေးထားတာ ကြည့်ပါဦး၊ ခရီးထွက်ရင် အစားအသောက်၊ နေရာထိုင်ခင်း အပါအဝင် ထောက်ပံ့ကြေး ပါ ပေးဦးမယ်”

ကျိုးခယ့်ရှင်းလည်း နည်းနည်း စိတ်ပါဝင်စားလာသည်၊ အရေးကြီး တက သူမ ဂိမ်း ဆော့ဖို့ သွားရင် ကမ္ဘာပေါ်မှာ ဒုတိယ အချောဆုံး နဲ့ ပြန်ဆုံ မှာကို ကြောက်သည်။ အလုပ် တစ်ခု ရှာလိုက်ရင် သူ့ကို တွေး ဖို့ အား မရှိတော့ဘဲ သူ့ကို တကယ်ပဲ မေ့ သွားနိုင်မည်ဟု သူမ ယူဆသည်။

“ကောင်းပြီ၊ ဒါဆို သွား စမ်း ကြည့်ရအောင်”

...

“မင်း နာမည် ကျိုးခယ့်ရှင်း လား။ မင်းရဲ့ကိုယ်ရေးမှတ်တမ်း မှာ ရေးထားတာကို ကြည့်ရတာ ဆေးပညာ မဂ္ဂဇင်းမှာ အလုပ်သင် လုပ်ဖူးတယ်၊ မင်းက ဆေးပညာ မသင်ယူခဲ့ဘူး မဟုတ်လား”

“မဟုတ်ပါဘူး၊ ဒါပေမဲ့ သတင်းထောက်က ကျွန်မရဲ့အထူးပြု နဲ့ကိုက်ညီပါတယ်။ အဲဒီတုန်းကလည်း အမှတ်မထင်နဲ့ လျှောက်လိုက်တာ အောင်မြင် သွားတာပါ” ကျိုးခယ့်ရှင်း သည် တောင့်တောင့် ထိုင်ပြီး စနစ်တကျ ပြန်ဖြေသည်။

“အင်း၊ ဒါဆို အဲဒီ မဂ္ဂဇင်း မှာ မင်းရဲ့ အလုပ် အတွေ့အကြုံကို ပြောပြနိုင်မလား”

ကျိုးခယ့်ရှင်း ခဏတွေဝေသွားပြီး ခေါင်းမာစွာ ပြောလိုက်သည်၊ “ကျွန်မ သတင်းတစ်ခုကို အင်တာဗျူးပြီးတဲ့အခါ နေမကောင်း ဖြစ်သွားတယ်၊ ဆောင်းပါး သုံးပုဒ် တင်ခဲ့တယ်၊ ပြီးတော့ နေကောင်း သွားတဲ့အခါ နုတ်ထွက် လိုက်တယ်”

အင်တာဗျူး သူသည် ကြောင်သွားသည်၊ ဒီလိုဆိုရင် မင်းရဲ့ အလုပ် အတွေ့အကြုံ က မရှိတာနဲ့ ဘာမှ မကွာဘူးပဲ။

သို့သော် အထက်လူကြီး၏ မှာကြားချက်ကို စဉ်းစားပြီး ဒီမိန်းကလေးကို ခေါ်ယူ ရမည်ဖြစ်သည်၊ သူ ချီးကျူး လိုက်သည်။ “မင်းရဲ့ ရိုးသားမှုကို ငါသဘောကျ တယ်၊ ကျွန်တော်တို့ သတင်းထောက် လုပ်ငန်းမှာ ရိုးသားမှု က ရှားပါး တဲ့ အရည်အချင်း တစ်ခုပါ။ သတင်းက အမှန်တကယ် အပေါ်မှာ အခြေခံရမယ်၊ လုံးဝ မမှန်တာ တွေ မရေးရ ဘူး၊ လိမ်လည် မှု မလုပ်ရဘူး၊ ဒီအချက်က မင်း ငါ့ကို အလွန် အံ့အားသင့်စေပါတယ်”

ကျိုးခယ့်ရှင်း မျက်လုံး အရောင်တောက် သွားသည်၊ အင်တာဗျူး သူရဲ့ စကားအရဆိုလျှင် သူ့ကို ခေါ်ယူဖို့ စိတ်ကူး ရှိပုံရသည်။

“မင်း နေမကောင်း လို့ နုတ်ထွက်ခဲ့တာ၊ ဒါဆို မင်းရဲ့ ဒီ ရောဂါ က နောက်လာမဲ့ အလုပ်ကို သက်ရောက်မှု ရှိမလား”

“မရှိပါဘူး၊ ရောဂါက လုံးဝ ပျောက်ကင်း သွားပြီ၊ ပြန်ဖြစ် မှာ မဟုတ်ပါဘူး” ကျိုးခယ့်ရှင်းက ခိုင်မာ စွာ ပြောသည်။

“မင်းရဲ့ကိုယ်ရေးမှတ်တမ်းကို ငါ ကြည့်ခဲ့တယ်၊ အလုပ်သင်အဖြစ် လျှောက်ထားတယ်၊ ပြီးတော့ အချိန်ပိုင်း ပဲ လုပ်နိုင်မယ်၊ စနေ၊ တနင်္ဂနွေ နဲ့ ကျောင်းဆင်း ပြီးမှပဲ အင်တာဗျူး ထွက်နိုင်မယ်၊ ဆိုလိုတာက မင်း ခရီး မထွက်နိုင်ဘူး မဟုတ်လား” ဒီအလုပ်သင်က စနေ၊ တနင်္ဂနွေမှပဲ လုပ်နိုင်တယ်၊ ခေါင်းဆောင်က ဘာတွေ စဉ်းစားနေတာလဲ၊ ဒီလိုလူမျိုးကိုပါ ခေါ်ဖို့ လိုအပ်သေးလား၊ ဘာလုပ်နိုင်မှာလဲ။

“လိုအပ်ရင် ခွင့်တောင်း နိုင်ပါတယ်၊ ဒီအချက်ကို ကျောင်း ကလည်း ထောက်ခံ ပါတယ်” ကျောင်း သည် သူတို့၏ လူမှု အလေ့အကျင့် လှုပ်ရှားမှုများကို အလွန် ထောက်ခံ သည်။

“ဒါဆို မင်းရဲ့ လစာ နဲ့ ပတ်သက်ပြီး ဘာ အကြံဥာဏ် ရှိလဲ”

“ဘာ အကြံဥာဏ်မှ မရှိပါဘူး၊ ကျွန်မ လေ့ကျင့်ဖို့ အခွင့်အရေး တစ်ခု ရချင်တာပါ၊ နောက်ပိုင်း ကျောင်းပြီးရင် ဖြစ်နိုင်ရင် ကျွန်တော်တို့ ကုမ္ပဏီ မှာ ဆက်လုပ်ချင်ပါတယ်” ဒီ ပြောပုံပြောနည်းတွေက ဆရာ က သင်ပေးထားတာ၊ ကျိုးခယ့်ရှင်း ၏ ပါးစပ်မှ အလိုလို ထွက်လာသည်။

“ကျွန်တော်တို့ ကုမ္ပဏီက မဂ္ဂဇင်း ထုတ်လုပ်တာ၊ စက္ကူမဂ္ဂဇင်း နဲ့ အီလက်ထရွန်းနစ် မဂ္ဂဇင်း တွေပါ။ မင်း ကွန်ပျူတာ သုံးတတ်လား၊ ဘယ် အဆင့် လောက်လဲ”

“ကျွန်မ ရုံးသုံး ဆော့ဖ်ဝဲလ် လောက်တော့ သင်ယူဖူးတယ်၊ သိပ်ကျွမ်းကျင် မှာတော့ မဟုတ်ပါဘူး” ကျိုးခယ့်ရှင်းက ကြောက်ရွံ့သော လေသံဖြင့် ပြောသည်။

ဟင့်…

အင်တာဗျူးသူသည် စကားမပြောနိုင် ဖြစ်သွားသည်၊ ဒီမိန်းကလေးမှာ ထူးခြားတဲ့ အားသာချက် ဘာမှ မရှိဘူးပဲ။

“ဒါဆို မင်းရဲ့ အင်္ဂလိပ်စာက ဘယ်လိုလဲ၊ အဆင့် ၄ အောင်မြင်တာကို မပြောဘူးနော်၊ အင်္ဂလိပ် စာရွက်စာတမ်း တွေကို ဖတ်နိုင်လား၊ အင်္ဂလိပ်လို တခြားသူနဲ့ ဆက်သွယ် ပြောဆိုနိုင်လား”

“ကျွန်မ အင်္ဂလိပ် သတင်းစာ နဲ့ ဝတ္ထု တွေကို ဖတ် နိုင်ပါတယ်၊ တခြားသူနဲ့လည်း ရိုးရှင်း စွာ ဆက်သွယ် ပြောဆိုနိုင်ပါတယ်၊ ဒါပေမဲ့ အရမ်း နည်းပညာဆန်တဲ့ စကားလုံး တွေကိုတော့ နားမလည်နိုင်ပါဘူး”

ဒီတစ်ကြိမ်တွင် အင်တာဗျူး သူသည် ကျေနပ် စွာ ခေါင်းညိတ်သည်၊ ဒါက တော်တော် ကောင်း သည်ဟု ဆိုနိုင်သည်။ အလုပ်သင် များထဲတွင် ကျိုးခယ့်ရှင်း နှင့် အထူးပြု တူသူများထဲက ဒီလို ပြောရဲ သူ မရှိပေ။ ဒီ မိန်းကလေး က ဒီလို ပြောရဲ တယ်ဆိုရင် တကယ်ပဲ လုပ်နိုင်တာ ဖြစ်ရမည်။

“မင်းမှာ တခြား ထူးခြားတဲ့ အရည်အချင်း ဘာတွေ ရှိဦးမလဲ”

“ကျွန်မ စာရိုက်တာ အလွန်မြန်ပါတယ်၊ ဘောပင် စာရေးနည်းလည်း လေ့ကျင့်ဖူးပါတယ်”

“ဒါဆို ဒီလောက်ပါပဲ၊ မင်း ပြန်သွားပြီး သတင်းကို စောင့်ပါ၊ ဒီက ဖုန်းနံပါတ် က မင်း အဆောင် ဖုန်းနံပါတ် မဟုတ်လား။ ဒီ ပေဂျာ နံပါတ် နဲ့လည်း မင်းကို ရှာ လို့ ရတယ် မဟုတ်လား”

“ဖုန်းနံပါတ်က ကျွန်မ အဆောင် ဖုန်းနံပါတ်ပါ၊ ပေဂျာနံပါတ်က ကျွန်မ အခန်းဖော် ရဲ့ နံပါတ်ပါ၊ နှစ်ခုလုံးနဲ့ ရှာ လို့ ရပါတယ်”

သုံးရက်ကြာပြီးနောက် အခန်းဖော်က ကျိုးခယ့်ရှင်းကို ဖုန်းနံပါတ် တစ်ခုကို ပြန်ခေါ်ခိုင်းသည်၊ ဖုန်းချပြီးနောက် ကျိုးခယ့်ရှင်း ပျော်ရွှင် စွာ ခုန် လိုက်သည်၊ “ငါ အင်တာဗျူး အောင်မြင် သွားပြီ၊ Fengyu Mediaရဲ့ အလုပ်သင် သတင်းထောက် ဖြစ်သွားပြီ”

တစ်ချိန်တည်းမှာပင် ဟူရွှမ့်သည် ဖုန်းယွီ အား အစီရင်ခံနေသည်၊ “သူဌေး၊ သူ မှာထားတဲ့ လူက ကုမ္ပဏီရဲ့ အလုပ်သင် သတင်းထောက် ဖြစ်သွားပါပြီ!”

...

******

အခန်း (၁၀၇၄) ရုံးသုံး ဆော့ဖ်ဝဲလ်များ မရောင်းရတော့ခြင်း

Microsoft၏ အစည်းအဝေးခန်း ငယ်တွင် ဒါရိုက်တာများသည် ၎င်းတို့၏ ပုံမှန် အစည်းအဝေး အတွက် ထပ်မံ ထိုင်နေကြသည်။ သို့သော် ပြီးခဲ့သည့်နှစ်ကထက် ကုလားထိုင် တစ်လုံး လျော့ နေသည်၊ စားပွဲပေါ်တွင်လည်း ပေါလ် အယ်လန်ကို စိတ်ပျက်စေခဲ့သော “Power Drink “ မရှိတော့ပေ။

ဖုန်းယွီကို ဒါရိုက်တာ ဘုတ်အဖွဲ့မှ ထုတ်ပယ် ပြီးနောက် ပေါလ် အယ်လန် သည် အလွန်ပျော်ရွှင်နေခဲ့သည်၊ သူ တရုတ်ပြည် ခရီးစဉ်မှလွဲ၍ တစ်လလုံးလုံး စားချင်စိတ် မရှိခဲ့ဘဲ လမ်းဘေးတွင် ပုရွက်ဆိတ် မြင်သည်နှင့် အော့အန် ချင်သလို ခံစားခဲ့ရသည်။

“ဒီနေ့ အစည်းအဝေးက အဓိကအားဖြင့် ကျွန်တော်တို့ရဲ့ ဆော့ဖ်ဝဲလ် ရောင်းအား ပြဿနာကို ဆွေးနွေးဖို့ပါ။ ဒုတိယ သုံးလပတ် မှာ ကျွန်တော်တို့ရဲ့ ရောင်းအား အနည်းငယ် တိုးလာမယ်လို့ ခန့်မှန်းရပေမဲ့ တိုးတက်မှုနှုန်း က ပြီးခဲ့တဲ့နှစ်ထက် အများကြီး ကျဆင်း သွားတယ်၊ အထူးသဖြင့် ရုံးသုံး ဆော့ဖ်ဝဲလ်...”

ဒါရိုက်တာများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်၊ ဘယ်သူမှ စကားမပြောကြပေ။ ပေါလ် အယ်လန်က သရော်လိုက်သည်၊ “စတိဗ်၊ ကျဆင်းမှု အများဆုံးက အာရှ စျေးကွက် မဟုတ်လား။ မင်း အာရှ ဒေသ ဆိုင်ရာ ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ဘာမှ မပြောသင့်ဘူးလား”

စတိဗ် ဘောလ်မာက ပေါလ် အယ်လန်ကို တစ်ချက် စောင်းငဲ့ ကြည့်လိုက်သည်၊ “ကျွန်တော် ဘာပြောသင့်လို့လဲ။ အရင်တုန်းက ကျွန်တော် ဖုန်း နဲ့ ဆက်လက် ပူးပေါင်းဖို့၊ ဒါမှမဟုတ် Lenovo Groupနဲ့ ပူးပေါင်း ဖို့ အကြံပြုခဲ့တယ်၊ ဒါကို ရုံးသုံး ဆော့ဖ်ဝဲလ်ကို ကျွန်တော်တို့ရဲ့ Operating System (လည်ပတ်မှု စနစ်) ကနေ ခွဲထုတ် ဖို့ အကြံပြုခဲ့တာ မင်းပဲ မဟုတ်လား၊ အခု ရုံးသုံး ဆော့ဖ်ဝဲလ် ရောင်းအား မကောင်းတော့ ရှင် က ကျွန်တော့်ရဲ့ ပြဿနာ လို့ ပြောရမလား”

စတိဗ် ဘောလ်မာသည် ပေါလ် အယ်လန်ကို မျက်စိနောက်နေသည်၊ ဆော့ဖ်ဝဲလ် ရေးသားခြင်း စသည်တို့နှင့် ပတ်သက်လျှင် သူသည် ပေါလ် အယ်လန်ထက် သေချာပေါက် မသာသော်လည်း ကုမ္ပဏီ စီမံခန့်ခွဲမှု နှင့် ပတ်သက်လျှင် ဘီလ် ဂိတ်စ်ကိုယ်တိုင် သူ့၏ အမြင်ကို မေးရသည်၊ အမြဲတမ်း အရှုံး နှင့် ရင်ဆိုင်ရသော ရင်းနှီးမြှုပ်နှံသူ ပေါလ် အယ်လန်ထက် အဆင့် ပေါင်းများစွာ သာလွန်သည်။

“မင်းက အာရှ ဒေသ ဆိုင်ရာ ဥက္ကဋ္ဌ ဖြစ်သလို ကုမ္ပဏီရဲ့ ဒုတိယ ဥက္ကဋ္ဌ လည်း ဖြစ်တယ်၊ ထုတ်ကုန် ရောင်းအားကို မင်း တာဝန်ယူရတာ၊ ရောင်းအား တိုးတက်မှုနှုန်း အကြီးအကျယ် ကျဆင်းသွားတာက မင်းရဲ့ တာဝန် ပျက်ကွက်မှု ပဲ။ အဲဒီတုန်းက ခွဲထုတ် ဖို့ ငါ အကြံပြုခဲ့တာတောင် မင်း တခြား နည်းလမ်း တွေ စဉ်းစားသင့်တယ်၊ မစဉ်းစားခဲ့ရင် မင်းရဲ့ ပြဿနာပဲ” ပေါလ် အယ်လန်က အသံကျယ်စွာ ပြောသည်။

“မင်းက ကျွန်တော့်ရဲ့ ရောင်းအား မကောင်းဘူးလို့ ထင်ရင် မင်းကိုယ်တိုင် တာဝန် ယူလိုက်ပါလား။ မင်းတာဝန်ယူခဲ့တုန်းက ရောင်းအားတောင် အနှုတ် လျော့ကျမှု ဖြစ်ခဲ့တာကို ကျွန်တော်မှတ်မိနေသေးတယ် မဟုတ်လား” ဘောလ်မာက မရိုင်းရိုင်း စွာ ပြန်ပြောသည်။

ဖုန်းယွီကို ဒါရိုက်တာ ဘုတ်အဖွဲ့မှ ထုတ်ပယ် ပြီးနောက် ပေါလ် အယ်လန် သည် ပစ်မှတ် ပျောက်နေသလို ဖြစ်နေသည်၊ နောက်ဆုံးတွင် သူသည် ဘောလ်မာကို ထပ်မံပစ်မှတ်ထားခဲ့သည်။ ဘောလ်မာသည်လည်း အပျော့စား မဟုတ်၊ ပေါလ် အယ်လန် လိုချင်သလို အသာတကြည် အညှစ်ခံရမှာ မဟုတ်ပေ။

ဒါ့အပြင် ဘောလ်မာသည် ဘီလ် ဂိတ်စ်က သူ့ကို ထောက်ခံ နေကြောင်း သိသည်။

ဒီအချိန်မှာ ဘီလ် ဂိတ်စ်လည်း အရင်က စိတ်လိုက်မာန်ပါ လုပ်ခဲ့တာကို နောင်တ ရနေသည်၊ Microsoft ရဲ့ တရုတ်ပြည် မှာ ရောင်းချရေး လမ်းကြောင်းတွေ တည်ဆောက် ပြီးမှသာ ဖုန်းယွီနဲ့ ရန် ဖြစ်သင့်ခဲ့သည်။

အခုလို ရုတ်တရက် ဖြစ်သွားတော့ Microsoft က အရှုံး ပေါ်သွားသည်။ ထိုဖုန်းယွီ သည် Microsoft ၏ အကျိုးအမြတ်ကို ဂရုမစိုက်သလိုဟန် လုပ်ပြသည်၊ ဒီအချက်ကို သူ မမျှော်လင့်ခဲ့ပေ။

တကယ်တမ်း အကြောင်းရင်းကို ဘောလ်မာက သူ့ကို ပြောပြခဲ့သည်၊ ၎င်းမှာ Lenovo Group ကြောင့်ပင် ဖြစ်သည်။

Lenovo Group ၏ လုပ်ငန်းခွဲ တစ်ခုဖြစ်သော Lenovo Kingsoft ဆော့ဖ်ဝဲလ် ကုမ္ပဏီသည်လည်း Application Softwareများကို အမြဲတမ်း ထုတ်လုပ်နေသည်၊ ၎င်းတို့ထဲမှ အကောင်းဆုံး ရောင်းအားရှိသော ဆော့ဖ်ဝဲလ်များမှာ ဗိုင်းရပ်စ် နှိမ်နင်းရေး ဆော့ဖ်ဝဲလ် နှင့် ရုံးသုံး ဆော့ဖ်ဝဲလ် ဖြစ်သည်။

Microsoft အတွက် မမျှော်လင့် ဘဲ ဖြစ်သွားသည်မှာ Lenovo Kingsoft က ထုတ်လုပ်သော WPS97 သည် သူတို့၏ OFFICE ဆော့ဖ်ဝဲလ်နှင့် လုံးဝ တွဲဖက် အသုံးပြုနိုင်ခြင်း၊ WIN စနစ်ကိုလည်း ပံ့ပိုး နိုင်ခြင်း၊ ပြီးတော့ စျေးနှုန်းက သူတို့၏ ငါးပုံ တစ်ပုံသာ ရှိခြင်းတို့ ဖြစ်သည်။

ပိုအရေးကြီးသည်မှာ လုပ်ဆောင်ချက်က သူတို့ထက် ပိုများပြီး တရုတ်ဘာသာစကား အသုံးပြုမှုက သူတို့ထက် ပိုကောင်းသည်၊ မျက်နှာပြင် တုံ့ပြန်မှုကလည်း သူတို့ထက် ပိုမို လူကြိုက်များ သည်။

ဒီ ဆော့ဖ်ဝဲလ်သည် Lenovo ၏ ပံ့ပိုးမှုအပြင် ကွန်ပျူတာတွင် တွဲဖက် ရောင်းချခြင်း ကြောင့် သူတို့၏ OFFICE ဆော့ဖ်ဝဲလ်သည် လူမေးမရှိ လုနီးပါး ဖြစ်သွားသည်။

ကောင်းပြီး စျေးပေါ သော ထုတ်ကုန် ရှိနေပါက ဘယ်သူက စျေးကြီ ပြီး မကောင်းသော ထုတ်ကုန်ကို သုံးချင်မည်နည်း။

ဒါ့အပြင် Lenovo Kingsoft ၏ ဆော့ဖ်ဝဲလ် များသည် တစ်ခုနှင့်တစ်ခု တွဲဖက် ရောင်းချ နေသည်၊ ဥပမာ Kingsoft အဘိဓာန်၊ Kingsoft ဗိုင်းရပ်စ် နှိမ်နင်းရေး နှင့် WPS97 ဆော့ဖ်ဝဲလ်တို့ကို အတူတကွ ဝယ်ယူ နိုင်သည်၊ နှစ်ခု ဝယ် တစ်ခု လက်ဆောင် ပေးခြင်းမျိုး ဖြစ်သည်။

တရုတ်လူမျိုး များသာမက အမေရိကန်လူမျိုးများပင် ဒီလိုတွဲဖက် ရောင်းချမှုကို စိတ်ဝင်စားကြသည်။

သူတို့ Microsoft ၏ WIN စနစ်နှင့် OFFICEကို အရင်က တွဲဖက် ရောင်းချခဲ့သလိုပင် ရောင်းအား အလွန် ကောင်းခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် လူများကို အမြတ် ရသလို ခံစားရစေသောကြောင့်ပင် ဖြစ်သည်။

မူလက ဘီလ် ဂိတ်စ် နှင့် ပေါလ် အယ်လန် တို့သည် တူညီသော အမြင် ရှိသည်၊ တရုတ်ပြည်မှာ ခြေကုပ်ရပြီးသားဖြစ်သည်၊ စနစ်ရောင်းအား ပိုကောင်းလာသည်၊ လူများသည် သူတို့၏ WIN စနစ်ကို အသုံးပြု ရင်း အကျင့် ဖြစ်နေပြီ ဖြစ်သောကြောင့် OFFICE လည်း ပြဿနာ မရှိသင့်ဟု ယူဆခဲ့သည်။

သို့သော် သူတို့ လုံးဝ မမျှော်လင့်ခဲ့သည်မှာ ဒီ WPS သည် သူတို့၏ OFFICE ထက် ပိုမို အသုံးဝင် နေသည်၊ စျေးနှုန်းကလည်း အလွန် သက်သာနေသည်၊ ရလဒ်အနေဖြင့် သူတို့၏ OFFICE ဗားရှင်း အသစ်သည် လူမေးမရှိ ဖြစ်သွားခဲ့သည်။

WPSသည် အခမဲ့ အဆင့်မြှင့်တင်မှု ဝန်ဆောင်မှုကိုလည်း ပေးသည်၊ ရောင်းချပြီးနောက် ဝန်ဆောင်မှုလည်း ပိုကောင်းသည်၊ တရုတ်နိုင်ငံရှိ မြို့တိုင်းနီးပါးတွင် Lenovo၏ ရောင်းချပြီးနောက် ဝန်ဆောင်မှု ဌာနများ ရှိသည်၊ မြို့နယ် အများစုတွင်ပင် ရောင်းချပြီးနောက် ဝန်ဆောင်မှု ဌာန များ ရှိနေသည်၊ ဒီ အားကောင်းသော ကွန်ရက်သည် Lenovoကို တရုတ်၏ ခေါင်းဆောင် နေရာတွင် ရပ်တည်စေပြီး အခြားကုန်အမှတ်တံဆိပ် များ ယှဉ်ပြိုင် ရန် ခက်ခဲစေသည်။

မူလက ကွန်ပျူတာမှာသာ ဒီလို ဖြစ်ခဲ့သည်၊ သို့သော် အခုအခါ ရုံးသုံး ဆော့ဖ်ဝဲလ် မှာပါ ဒီလို ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ဒါ့အပြင် Lenovo Kingsoft သည် ပန်းချီဆွဲ ဆော့ဖ်ဝဲလ်၊ စူပါမားကတ် စနစ်၊ အင်တာနက် ကော်ဖီဆိုင် စနစ်၊ ကုမ္ပဏီ OA စနစ် စသည်တို့ကိုလည်း တီထွင်ခဲ့သည်၊ အားလုံးသည် အလွန် လူကြိုက်များ ကြသည်။

ဒီအရာတွေကို သူတို့ Microsoft လည်း တီထွင် ဖူးသည်၊ သို့သော် အမေရိကန်တွင်ပင် ရောင်းအား မကောင်းခဲ့၊ တရုတ်ပြည်မှာတော့ မပြော လိုတော့ပေ။

ဘောလ်မာ ပြောသလို ဖုန်းယွီ မရှိလျှင် Microsoft သည် တရုတ် စျေးကွက်တွင် ကျရှုံး တော့မှာလား။

ပေါလ် အယ်လန် သည် ဘောလ်မာ နှင့် ဆက်လက် ငြင်းခုံ နေသည်၊ အခြား ဒါရိုက်တာများသည် တိတ်ဆိတ် နေသည်။ မည်သို့ပင်ဆိုစေ ၎င်းတို့ တာဝန်ယူ ရသော နေရာတွင် ပြဿနာ မရှိ၊ ထို့အပြင် ဒီ နှစ်ဦး၏ ကိစ္စတွင်လည်း သူတို့ ဝင်မပါ ချင်ကြပေ၊ ဘီလ် ဂိတ်စ်မှလွဲ၍ Microsoft တွင် ပေါလ် အယ်လန်ကို ဆွဲဆောင်နိုင်သူ မရှိပေ။

“တော်ပြီ၊ ပေါလ်၊ စတိဗ်၊ မင်းတို့ မငြင်းခုံ ကြပါနဲ့တော့။ အခု အရေးအကြီးဆုံး က ကျွန်တော်တို့ရဲ့ တိုးတက်မှုနှုန်းကို ဘယ်လို ပြန်လည်ရရှိ မလဲ၊ စျေးကွက် ဝေစုကို ဘယ်လို ပြန်လည်ရရှိ မလဲဆိုတာပဲ” ဘီလ် ဂိတ်စ်က မျက်မှောင်ကြုတ်ပြီး ပြောသည်။

“ပေါလ်က သူ ကျွန်တော့်ထက် ပိုကောင်းတယ်လို့ ထင်ရင် သူ့ကို လုပ်ခိုင်းလိုက်ပါ၊ သူ ဘာအကြံကောင် တွေ ပေးမလဲ ကျွန်တော် နားထောင်ချင်ပါသေးတယ်။ GBOX ပရောဂျက်ကို စစ်ဆေးဖို့ သွားတောင် ဘာမှ မရဘဲ ပြန်လာခဲ့တဲ့လူက ဟွန်း…” ဘောလ်မာ က သရော်လိုက်သည်။

“ကြော်ငြာ၊ တရုတ်ပြည် မှာ ကြော်ငြာ လုပ်မယ်၊ ဒါက ကျွန်တော်တို့ Microsoft ရဲ့ထုတ်ကုန် ဖြစ်ကြောင်း လူပိုများများ သိပါစေ၊ ဒါက အရည်အသွေးကို ကိုယ်စားပြုတယ်” ပေါလ် အယ်လန် က ပြောသည်။

“မင်းက ပြောရတာ လွယ်တယ်၊ ကြော်ငြာစရိတ်က ဘယ်က ရမှာလဲ။ အာရှ ဒေသ ရဲ့ ကြော်ငြာ ဘတ်ဂျက်မှာ ဒီအပိုင်းမပါဘူး။ ဒါ့အပြင် သူတို့ Lenovo Kingsoft ဆော့ဖ်ဝဲလ် ကုမ္ပဏီက ဆော့ဖ်ဝဲလ် စမ်းသပ်မှု တစ်ခု လုပ်ခဲ့တယ်၊ ကျွန်တော်တို့ရဲ့ OFFICE မှာ ရှိတဲ့ လုပ်ဆောင်ချက်တွေ သူတို့မှာ အားလုံး ရှိတယ်၊ သူတို့မှာ ရှိတဲ့ လုပ်ဆောင်ချက်တွေ ကျွန်တော်တို့မှာ မရှိဘူး၊ စျေးနှုန်း ကလည်း ကျွန်တော်တို့ထက် အများကြီး သက်သာတယ်၊ တခြား လျှော့ဈေး တွေလည်း ရှိသေးတယ်၊ မင်းသာ သုံးစွဲသူဆိုရင် ကျွန်တော်တို့ရဲ့ ထုတ်ကုန်ကို သုံးမှာလား” ဘောလ်မာက စက်ဆုပ် စွာ ပြောသည်။

ဒါကိုလည်း အကြံဥာဏ်လို့ ခေါ်ရမလား။ ကြော်ငြာစရိတ်ကို သုံးမဲ့အစား OFFICEရဲ့ စျေးနှုန်းကို လျှော့ရောင်းရင်တောင် အကျိုးသက်ရောက်မှု အနည်းငယ် ရှိဦးမယ်။

Microsoft၏ ကုန်အမှတ်တံဆိပ်က ကြီးတယ်ဆိုပေမဲ့ တရုတ်ပြည်မှာ Lenovo Kingsoft ကလည်း နာမည်ကြီး ကုန်အမှတ်တံဆိပ်ပဲ။ ဒါ့အပြင် သူတို့ရဲ့ ထုတ်ကုန်ကို အရှေ့ဥရောပကိုလည်း ရောင်းချခဲ့ပြီး ရောင်းအားကလည်း ကောင်းသည်၊ ငါတို့ Microsoft က အရှေ့ဥရောပမှာ စျေးကွက်တောင် သိပ်မရှိဘူး။

ဘီလ် ဂိတ်စ်က အခြားသူများကို ကြည့်လိုက်သည်၊ “မင်းတို့မှာ ကောင်းတဲ့ နည်းလမ်း ဘာများ ရှိသေးလဲ”

လူတိုင်း တိတ်ဆိတ် နေကြသည်၊ ဘောလ်မာက ဖြည်းဖြည်းချင်း ပြောလိုက်သည်၊ “တစ်ခုတည်းသော နည်းလမ်းက ကျွန်တော်တို့ရဲ့ ရုံးသုံး ဆော့ဖ်ဝဲလ်ကို ပိုမိုလျင်မြန်စွာ တီထွင် ဖို့ပဲ၊ ကျွန်တော်တို့ရဲ့ ထုတ်ကုန်ကို သူတို့ထက် ပိုကောင်းအောင် လုပ်မှသာ ယှဉ်ပြိုင်မှု ရှိနိုင်မယ်၊ မဟုတ်ရင် စျေးလျှော့ရောင်းရင်တောင် အသုံးမဝင် ဘူး”

ပေါလ် အယ်လန် စကားမပြောနိုင်တော့ပေ၊ Microsoft ရဲ့ ထုတ်ကုန် က တရုတ်ပြည ရဲ့ ထုတ်ကုန် ထက် မသာ ဘူးဆိုတာကို သူ ဘယ်တော့မှ မတွေး ဖူးခဲ့ဘူး၊ ဘယ်အချိန်ကစပြီး Microsoft က သူ့ရဲ့ အစွမ်းအထက်ဆုံး နေရာမှာ နောက်ကျခဲ့တာလဲ။

...

******

All Chapters