← Chapters

လူယုတ်မာ

Vol. 1 Ch. 68

လူယုတ်မာ

Vol. 1 Ch. 68

“တံဆိပ်ပြား လေးခု ရပြီ ... ဓားပြတိုက်ရတာက တကယ်ကို အကျိုးရှိတာပဲ ...”

ကျောက်တုံး အနီးတွင် ကျန်းရီသည် လူငယ် နှစ်ယောက်ထံမှ ရသော တံဆိပ်ပြားများကို သူရရှိထားသော အနက်ရောင် တံဆိပ်ပြားနှင့် ပေါင်းလိုက်သည်။ အချိန်တို အတွင်းမှာပင် သူ့ထံ၌ တံဆိပ်ပြား လေးခု ရှိလာခဲ့ပြီ ဖြစ်သည်။ သူသည် မြေကမ္ဘာအဆင့် ဒဏ်ရာ ကုသဆေး နှစ်ပုလင်းနှင့် ခရမ်းရောင်ရွှေ တေးလ် အမြောက်အမြားကိုပင် ရထားသေးသည်။ ကျန်းရီသည် စိတ်ထား ကောင်းလွန်းသောကြောင့် လက်နက်များကို မယူလိုက်ခြင်းတော့ မဟုတ်ပေ။ ကံတရား၏ ဓားစိမ်းကို သူ အသုံးပြုနေသည် ဖြစ်ရာ အခြား ဓားနှစ်လက်ကို အတူ သယ်ရသည်မှာ ဝန်လေးသောကြောင့်လည်း ဖြစ်သည်။

“ဟူး ...”

သူသည် ပြေးသွားနေရင်း တစ်ချိန်က ဂျီထင်ယုက သူ့ကိုနိမ့်ကျစွာ နေရန် အကြံပေးခဲ့သည်ကို သတိရသွားပြီး သက်ပြင်းတစ်ချက် ချမိလိုက်သည်။ အကယ်၍ သူသာ မရည်ရွယ်ပဲ လက်ရှိတရားဝင် ကျောင်းသားများ၏ ဂိုဏ်းသား တစ်ယောက်ယောက်ကို စိတ်ခုစေခဲ့ပါလျှင် ပြဿနာတက်တော့မည် ဖြစ်သည်။ သို့သော် တောင်ပေါ်ကို ရောက်ရောက်ချင်းပင် ရည်ရွယ်ချက်ရှိရှိ ရန်စခံရန် တိုက်ပွဲ ဖြစ်ပွားလိမ့်မည်ဟု မည်သူသိမည်နည်း သူ၏ ပုံမှန်စိတ်နှင့်သာ ဆိုလျှင် ထိုသူနှစ်ဦးမှာ တောင်အောက်သို့ တွားသွားဆင်း နေရပေတော့မည်။

လမ်းတွင် ကျန်းရီသည် နောက်ထပ် နတ်ဆိုးသားရဲ တစ်ကောင်နှင့် ရင်ဆိုင်ရပြန်သည်။ ထိုအရာမှာ စပါးအုံး မြွေတစ်ကောင်ပင် ဖြစ်သော်လည်း ရှေ့တစ်ကောင်လောက် ရက်စက်မှု မရှိသည်ကို မြင်ရသည်။ ၁၅မိနစ်ခန့် ကြာပြီးနောက် နောက်ထပ် တံဆိပ်ပြားတစ်ခုကို လွယ်ကူစွာ ရခဲ့လေသည်။

အချိန် အနည်းငယ်ကြာသော် ကျန်းရီသည် ကျောက်ဆောင်များ ကြားမှ ထွက်လာခဲ့ကာ မြေမျက်နှာ သွင်ပြင်မှာလည်း တောအုပ်တစ်ခု ဖြစ်သွားခဲ့လေသည်။ ထို့နောက် ကျန်းရီလည်း လျင်မြန်စွာ ထွက်ပြေး လာခဲ့တော့သည်။

ထိုတော၏ အဝတွင်ပင် တောဝက်ပုံစံ နတ်ဆိုးသားရဲ တစ်အုပ် ရှိလေသည်။ တစ်ချက် ကြည့်လိုက်ရုံနှင့် အနည်းဆုံး ခုနစ်ကောင်ခန့် မြင်လိုက်ရသည်။ ဤတောဝက်များသည် ကြံ့ခိုင်မှုနှင့် လျင်မြန်မှုများတွင် အားမကောင်းပေ။ သို့သော် ကျန်းရီသည် ထိုအရေအတွက်ကို ရန်သွားမစရဲပေ။ သူတို့၏ နောက်ကျောရှိ ဆူးချွန်များမှာ ကျန်းရီ၏ မှတ်ဉာဏ်ထဲတွင် ထင်ရှားနေပေသည်။

“ငါဘာလုပ်သင့်လဲ ... စွန့်လွှတ် လိုက်ရမလား ... အဲဒီမှာ တံဆိပ်ပြား ရှစ်ခုတောင်ရှိတာ ...”

ကျန်းရီသည် ကျောက်ဆောင်များထဲမှ ပြန်ထွက်လာခဲ့သည်။ အကယ်၍ သူသာ ရှေ့ဆက် တိုးခဲ့ပါလျှင် သူမသေလျှင်တောင် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားမည် ဖြစ်သည်။ ဤကဲ့သို့ နတ်ဆိုးသားရဲ အုပ်လိုက်ကြီးကို တွေ့ပြီးမှ လက်လျှော့ လိုက်ရန်လည်း နှမြောဖွယ် ကောင်းနေပေသည်။

“ငါဒါကို လုပ်မယ် ...”

ကျန်းရီသည် အံကြိတ်ကာ ကျောက်ဆောင်များကို ကျော်ဖြတ်၍ တောတွင်းသို့ ဝင်လိုက်သည်။

“ဘန်း ...”

သူသည် အပင်အိုကြီး တစ်ပင်ပေါ်တွင် လှဲကာ မြေပြင်ပေါ်တွင် အိပ်နေသော တောဝက်တစ်ကောင်ကို ကျောက်တုံးလေးဖြင့် ပစ်လိုက်သည်။ အနားတွင် အခြား ဝက်များလည်း အိပ်နေသည်ဖြစ်ရာ အကုန်လုံး နိုးကြားလာပြီး ရန်သူကို စတင် ရှာဖွေကြလေတော့သည်။

ကျန်းရီသည် ခန္ဓာကိုယ်ကို ကျုံ့ထားပြီး အသက်ရှူသံကို ထိန်းထားခဲ့သည်။ အကယ်၍ သူ့ကိုသာ တောဝက်များ တွေ့သွားပါက ဤအပင်အိုကြီးကို ၎င်းတို့က အမြစ်မှ လှန်ကြတော့မည် ဖြစ်သည်။

သူသည် ခေါင်းကုတ်ကာ အခြေအနေကို တစ်ချက်ကြည့်လိုက်သည်။ တောဝက် သုံးကောင်သည် သတိမထားတော့ပဲ ပြန်ပြီး အိပ်သွားသည်ကို မြင်နေရသည်။ ထို့အပြင် တောဝက် ငါးကောင်ခန့်သည် အနားတွင် လှည့်ပတ် သွားလာနေခဲ့သည်။ သူသည် သက်ပြင်း တစ်ချက်ချကာ နောက်ထပ် ကျောက်တုံးတစ်ခုကို အနောက်ဘက်သို့ ပစ်ထုတ်လိုက်သည်။

“ဘန်း ...”

အနောက်ဘက်မှ သစ်ရွက်လှုပ်သံများ ထွက်လာသည်နှင့် တောဝက် ငါးကောင်သည် အသံကြားရာသို့ ကြည့်ကာ ထိုဘက်သို့ ပြေးဝင် သွားကြလေသည်။

“ရန်သူကို ဖြားယောင်းတာ ကတော့ အောင်မြင်သွားပြီ ... ”

ကျန်းရီ၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ ထိုတောဝက် ငါးကောင် ထွက်သွားသည်ကို စောင့်ပြီး နောက်ထပ် ကျောက်တုံးတစ်တုံးကို အိပ်ပျော်နေသော ဝက်သုံးကောင်ဆီသို့ ပစ်ထည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် သစ်ပင်ပေါ်မှ ခုန်ဆင်းကာ ကျောက်ဆောင် နောက်သို့ ပြေးပုန်းလိုက်သည်။

“ဟူး ... ဟူး ...”

ကျန်းရီ မျှော်လင့် ထားသလိုပင် တောဝက် သုံးကောင်သည် သူ့နောက်ကို လျင်မြန်စွာ လိုက်လာခဲ့သည်။ သူသည် ကျောက်ဆောင်များ အတွင်း ဝင်လိုက်သောအခါ သူ့ကို မှီလာကြလေသည်။

“ဘုန်း ...”

တောဝက် သုံးကောင်မှာ ရထားတွဲများ ကဲ့သို့ သုံးကောင်သား တန်းစီလျက် ဖြစ်သွားကြသည်။ သူတို့ထဲက နှစ်ကောင်သည် အရှိန်မထိန်းသည့် အတွက် အစွယ်များမှာ ကျောက်တုံးများနှင့် တိုက်မိကြသည်။ ထို့ကြောင့် ပဲ့တင်သံများ ထွက်လာကာ ကျောက်တုံးများလည်း အပိုင်းပိုင်း ကွဲသွားခဲ့သည်။ ဝက်နှစ်ကောင်လည်း ကျန်းရီဆီသို့ လွင့်ထွက်လာခဲ့သည်။

လာ ... လာ ... ငါဒီမှာရှိတယ် ...

ကျန်းရီသည် ရန်စသော မျက်လုံးများဖြင့် တောဝက်များကို ကြည့်လိုက်သည်။ သူ့ဆီသို့ လာရန် လက်ဖြင့် အမူအရာပင် လုပ်ပြလိုက်သေးသည်။

“ဟူး ... ဟူး ...”

တောဝက်များမှာ ဒေါသထွက်လာကာ ပြိုင်တူပင် ပြေးလာကြသည်။ အစွယ် ခြောက်ချောင်းသည် ကျန်းရီ ပုန်းနေသော ကျောက်တုံးဆီ တိုးဝင်လာခဲ့သည်။ ဝင်တိုက်မှုကြောင့် ကျောက်တုံးမှာ အပိုင်းပိုင်း ကွဲသွားကာ အနားရှိ မြေကြီးများပင် အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။

သို့သော်လည်း ...

ဖုန်များ ပျောက်သွားသောအခါ ကျန်းရီ၏ ပုံရိပ်သည် နောက်ထပ် ကျောက်တုံးကြီး ရှေ့တွင် ပေါ်လာကာ တောဝက်များက ထပ်မံ ဝင်တိုက်စေရန် ကျောက်တုံးနောက်သို့ ဝင်ပုန်းလိုက်ပြန်သည်။

“ဘုန်း ... ဘုန်း ... ဘုန်း ...”

ကျန်းရီသည် ဆက်တိုက် ဆွပေးကာ တောဝက်များမှာလည်း ထိုကျောက်တုံးများကို အကြိမ်ကြိမ် အပိုင်းအစများ အဖြစ်သို့ ခွဲနေကြလေသည်။ ကျန်းရီသည် သူတို့ကို လုံးဝ မတိုက်ခိုက်ခဲ့ချေ။ ကျောက်တုံးများကိုသာ အသုံးပြု၍ ရှောင်ရှားနေခဲ့သည်။

နာရီဝက်ခန့်ကြာသော် ကျောက်တုံးများလည်း ကုန်ဆုံးလာခဲ့သည်။ နောက်ထပ် ကျောက်တုံး ဒါဇင်အနည်းငယ်သာ ထပ်၍ တိုက်မိပါလျှင် တောဝက်များ သေဆုံးကြတော့မည်။ သူတို့၏ သက်လုံမှာလည်း အတော်ကို ကုန်ဆုံးသွားခဲ့ပြီ ...

“ကူ ... ကူ ...”

အချိန် အနည်းငယ်ကြာသော် တောဝက် သုံးကောင်လည်း အတော်ပင် ဒေါသထွက်လာကာ ဟိန်းလိုက်ကြပြီး သူတို့၏ နတ်ဆိုးအသွင်သို့ ပြောင်းသွားကြသည်။ သူတို့၏ ကျောမှ ဆူးများမှ နေရာပေါင်းစုံသို့ မြားကဲ့သို့ ထွက်သွားကြသည်။

“နောက်ထပ် တံဆိပ်ပြား သုံးခုတော့ ရပြန်ပြီ ...”

ကျန်းရီသည် ကျောက်တုံးကြီး နောက်သို့ ကျွမ်းထိုးကာ ဝင်ပုန်းလိုက်သည်။ နတ်ဆိုးပညာများ ပျောက်ကွယ် သွားပြီးနောက် သွေးများထွက်လာပြီး အားနည်း လာသည်ကို မြင်လိုက်သော် သူပြုံးလိုက်မိသည်။

ယခုမူ သူ့တွင် နတ်ဆိုး တောကောင်များနှင့် ရင်ဆိုင်ရန် အတွေ့အကြုံများ ပိုမို ရလာခဲ့ပြီ ဖြစ်သည်။ သူတို့တွင် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း အဋ္ဌမ အဆင့်ခန့်ရှိသူကို တိုက်ခိုက်နိုင်စွမ်း ရှိသော်လည်း သူတို့သည် တောကောင်မျှသာ ဖြစ်သည်။ အသိဉာဏ်မရှိမှုက သူတို့ကို လွယ်ကူစွာ ဖမ်းမိနိုင်စေခြင်း ဖြစ်သည်။

သူတို့၏ မီးစွမ်းအားမှာမူ ကျန်းရီကို လန့်သွားစေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အဆင့်တစ်သာရှိသော တောကောင်များသာ ဖြစ်သောကြောင့်ပင် ဖြစ်သည်။ အကယ်၍ အဆင့်နှစ် အဆင့်သုံး အဆင့်လေး တောကောင်များသာ နတ်ဆိုးအသွင် ပြောင်းသွားခဲ့သော် မည်သို့ လုပ်မည်နည်း သူတို့၏ စွမ်းအားမှာ မြို့လေးတစ်မြို့လုံးကို ယှဉ်နိုင်လောက်သည်လော

တောဝက် သုံးကောင်ကို သတ်ပြီး တံဆိပ်ပြားများကို ယူပြီးနောက် ကျန်းရီသည် နားမနေဘဲ တောအုပ်အတွင်းသို့ ချက်ချင်း ဝင်သွားခဲ့သည်။ သူသည် ကျန်သော တောဝက်ငါးကောင်ကို သတ်ကာ နောက်ထပ် တံဆိပ်ပြားများကို ယူရန် ပြင်ဆင်လာခဲ့သည်။ ဒါပြီးလျှင် သူ့ထံတွင် တံဆိပ်ပြား စုစုပေါင်း တံဆိပ်ပြား ဆယ့်နှစ်ခု ရပြီ ဖြစ်သည်။

“အာ ...”

သူသည် တောထဲသို့ ရောက်သွားသော်လည်း တောဝက်များကို မတွေ့ခဲ့ချေ။ ထို့ကြောင့် တော၏ အနက်ပိုင်းသို့ ထပ်ဝင်သွားသော် အချိန်အနည်းငယ် ကြာပြီးနောက် ထိုဝက်များကို တွေ့လိုက်ရသည်။

သို့သော် သုံးကောင်မှာ မြေပြင်ပေါ်တွင် လဲကျနေပြီး နောက်ထပ် နှစ်ကောင်မှာ ဒဏ်ရာများဖြင့် ဖြစ်နေသည်။ သူတို့သည် အနက်ရောင် ပဝါနှင့် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသော မိန်းကလေးနှင့် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

“သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း နဝမအဆင့်ပဲ ... ဒီမိန်းကလေးရဲ့ စွမ်းအားက ကျီထင်ယွီကို ယှဉ်လို့ရတယ် ...”

ကျန်းရီသည် ချုံပုတ် တစ်ခုနောက်တွင် ပုန်းပြီး ကြည့်လိုက်သော် မိန်းမပျိုတွင် ဓားအနက်ရောင် ဓားရှည်တစ်ချောင်း ရှိသည်ကိုလည်း မြင်လိုက်သည်။ တိုက်ပွဲကို ကြောက်ရွံ့ခြင်း ကင်းမဲ့စွာ ရင်ဆိုင်သွားသည်ကို သိလိုက်ရသောအခါ ကျန်းရီအတော်ပင် အံ့သြသွားခဲ့သည်။ သူမသည် ရီလင်းရွှယ် ကဲ့သို့ လှပသော ခန္ဓာကိုယ်ရှိကာ အနက်ရောင် ပဝါအောက်မှ မျက်လုံး တစ်စုံမှာလည်း အတော်ကို လှပပေသည်။ သူမ၏ လှုပ်ရှားမှုများမှာ ကောင်းမွန်ပြီး အမြန်နှုန်းမှာလည်း အတော်လေး မြန်ဆန်ကာ တောဝက် နှစ်ကောင်ကို မျက်စိတစ်မှိတ် အတွင်းမှာပင် သတ်ပစ်လိုက်နိုင်သည်။

“ကံမကောင်းပါလား ...”

ကျန်းရီသည် မချိတင်ကဲ ဖြစ်သော်လည်း သူမထံမှ တံဆိပ်များကိုလုယူရန် မတွေးခဲ့ချေ။

“ဝှစ်”

ကျန်းရီသည် ထိုနေရာမှ ထွက်သွားတော့မည့် ဆဲဆဲတွင် အပြင်ဘက်မှ အရိပ်ငါးခုသည် ရောက်ရှိလာခဲ့သည်။ သူတို့အားလုံးသည် အနီရောင် လေးများကို ကိုင်ဆောင်ထားကြပြီး အနက်ရောင်ဝတ် မိန်းကလေးကို ကြည့်နေခဲ့ကြသည်။ သူတို့ထဲမှ တစ်ယောက်သည် အေးစက်စွာ ပြောလာခဲ့သည်။

“မိန်းကလေး ... ဒီတံဆိပ်ပြား ငါးခုကို ငါယူသွားမယ် ... မင်းအတွက် ဘာကကောင်းမယ်ဆိုတာ သိရင် နောက်ဆုတ်လိုက်ပါ ... မဟုတ်ရင် ငါတို့ရဲ့ လေးတွေက မျက်စိမပါတဲ့ အတွက် မင်းကို ထိသွားနိုင်တယ် ...”

ချီးပဲ

ကျန်းရီသည် တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။ ကမ္ဘာပေါ်မှာ ဘာလို့ လူတွေကို အနိုင်ကျင့်တဲ့ လူယုတ်မာတွေကပဲ လွှမ်းမိုးနေရတာလဲ ... သို့သော်လည်း သူသည် ဒုက္ခကြားမှ မိန်းမပျိုကို ကယ်တင်ရန် မတွေးခဲ့ချေ။ လူယုတ်မာများထဲမှ နှစ်ယောက်သည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း နဝမအဆင့် ဖြစ်နေသောကြောင့် သူသည် ပုန်း၍သာ နေလိုက်သည်။ ထို့ပြင် ထိုလူများ၏ လက်ထဲမှ လေးများသည် သေစေနိုင်လောက်အောင် စွမ်းအားပြင်းသည်မှာ သေချာသည်။

“သခင်လေး ... သူမကို ဘာလို့ အဓိပ္ပာယ် မရှိတာတွေ ပြောနေတာလဲ ... ဒီလောက်လှတဲ့ ခန္ဓာကိုယ် ... ဘာလို့ သူမကို ခေါ်ပြီး အပျော်မရှာတာလဲ”

နောက်သို့ ဆယ်ပေခန့် ပြေးပြီးသော ကျန်းရီသည် ရပ်တန့်ခဲ့လိုက်သည်။ သူ့မျက်လုံးများသည်လည်း အေးစက်သွားခဲ့သည်။ ဝိညာဉ်သားရဲ သင်တန်းကျောင်း၏ သွေးရှင်းတမ်းတွင် တံဆိပ်ပြားများကို လုယူသည်မှာ ပုံမှန်သာ ဖြစ်သည်။ ယောက်ျားကြီး ငါးယောက်သည် မိန်းကလေး တစ်ယောက်ထံမှ တံဆိပ်ပြားကို လုယူသည်မှာ အဆင်ပြေနေ သေးသော်လည်း သူတို့က အောက်တန်းကျသော အပြုအမူကိုပါ လုပ်ချင်နေကြသည်လား။

***

All Chapters