← Chapters

အခန်း (၈၃)

Vol. 10 Ch. 83

အခန်း (၈၃)

Vol. 10 Ch. 83

ခြုံငုံသုံးသပ်ရသော် စူးချန်မှာ သုံးရက်တာနေခဲ့ရခြင်းသည် အမှတ်တရများစွာဖြင့် ပျော်ရွှင်စရာကောင်းသော အချိန်ဖြစ်သည်။ ဖေးယွင်ကျင်း သူ မကြုံဖူးသေးသည့် အသစ်အ ဆန်းအတွေ့အကြုံများစွာအားရရှိခဲ့ပြီး၊ ကျန်ရှိသော မုန့်ဖိုးလေးများကို စုဆောင်း၍ ဦးလေးကျိုး၊ ရှောင်ပိုင်နှင့် အခြားသူများအတွက် လက်ဆောင်များအသည်းအသန်ဝယ်ယူခဲ့သေးသည်။

သူတို့ အိမ်ပြန်ရောက်ချိန်မှာ ညရှစ်နာရီကျော်နေပြီ။ ဖေးယီကျန့် ကားပေါ်မှ နာရီဝက်စောပြီး ဆင်းကာ သူ့နေရာသို့ ပြန်သွားခဲ့သောကြောင့် ဦးလေးကျိုး နန်ယုနှင့်ဖေးယွင်ကျင်းနှစ်ဦးတည်း ကိုသာစောင့်ကြိုခဲ့ရသည်။

"အဖိုးကျိုး!"

ဖေးယွင်ကျင်း အားရဝမ်းသာဖြင့် ဦးလေးကျိုးထံသို့ အရင်ဆုံး ပြေးတက်သွားသည်။

"ကျွန်တော် အဖိုးအတွက် လက်ဆောင် ယူလာတယ်! စူးချန်က တကယ်ကို ပျော်စရာကောင်းတာပဲ! ကျွန်တော့်အန်တီနဲ့ ရုပ်ရှင်ကြည့်တယ်၊ အရသာရှိတဲ့ မုန်လာဥနီ တွေ စားခဲ့ရတယ်......"

ဖေးယွင်ကျင်း သူ့ခရီးသွားအတွေ့အကြုံများကို အားပါးတရ မျှဝေနေစဉ် ဦးလေးကျိုး ခေါင်းညိတ်နားထောင်နေသည်။ ထို့နောက် သူ နန်ယုဘက်လှည့်ကာ လေးစားစွာပြောလိုက်သည်။

"သခင်မလေး၊ သခင်လေးနန်ကျီက စာကြည့်ခန်းမှာ စောင့်နေပါတယ်"

နန်ကျီ ရောက်နေတာလား! ဘာဖြစ်လို့လဲ ?

သူ ဘာကြောင့် ကြိုတင်အကြောင်းမကြားရတာလဲ?

ဖေးယွင်ကျင်းအား ဦးလေးကျိုးထံ အပ်နှံပြီးနောက် နန်ယု ချက်ချင်းပင် စာကြည့်ခန်းဆီသို့ာလှမ်းဝင်သွားသည်။

စာကြည့်ခန်းထဲ သူမ ဝင်လိုက်သောအခါ နန်ကျီ ပြတင်းပေါက်နား မတ်တပ်ရပ်လျက်၊ ရှုခင်းအားငေးမောနေဟန်ရှိသည်။ သူ့နောက်ကျောပြင်မှာ ထူးဆန်းစွာခြောက်ကပ်ပြီး ဝမ်းနည်းနေသယောင် ပေါက်နေသည်။

သို့သော် နန်ကျီ လှည့်လာသည်နှင့် နန်ယု ချက်ချင်း သဘော ပေါက်လိုက်သည်! အရာအားလုံးမှာ ထင်ယောင်ထင်မှားသာ ဖြစ်သည်!

"ညီမလေး၊"

နန်ကျီ နန်ယုအား ရွှင်လန်းစွာ ပြုံးပြီး နှုတ်ဆက်သည်။

"ပျော်ခဲ့ရဲ့လား?"

နန်ယု ခေါင်းညိတ်ရန် ပြင်ဆင်နေစဉ် နန်ကျီ ချက်ချင်း ဖြတ်ပြောလိုက်သည်။

"အဲ့ဒီ ဖေးယီကျန့် ဆိုတဲ့ကောင်နဲ့အတူ"

စကားသံထဲမှာ တစ်စုံတစ်ယောက်အား အသားကုန်ဆုတ်ဖြဲပစ်လိုသည့် ကြိတ်မနိုင်ခဲမရ ဒေါသများထင်ရှားစွာပါဝင်နေ သည်။

နန်ယု ထိုမေးခွန်းအား လုံးဝလျစ်လျူရှုလိုက်ပြီး ဆိုဖာတွင်ထိုင်ကာ ရေတစ်ခွက်အေးဆေးငှဲ့လိုက်သည်။

"ရုတ်တရက် ရောက်လာတာ ဘာကိစ္စလဲ၊ အရေးကြီးတာကိုပဲ ပြော"

နန်ကျီ စီးပွားရေးကိစ္စ ပိုအရေးကြီးကြောင်းနားလည်သဖြင့် သူပါထိုင်ချပြီး အဓိကအကြောင်းအရာအား ချက်ချင်းစတင်ပြောဆိုလိုက်သည်။ နန်ယု ပေထန်ချင်းယဲ့နှင့် ပြောဆိုခဲ့သည့် စကားများအကြောင်း နန်ကျီအားပြောပြသောအခါ နန်ကျီ ဒေါသအလွန်ထွက်ပြီး ဖန်ခွက်အား တစ်စစီရိုက်ခွဲပစ်လိုက်သည်။

အုတ်ဂူထဲကို ခြေတစ်ဖက်လှမ်းနေပြီဖြစ်တဲ့ ဒီအဘိုးကြီးက အန်းနင်ရဲ့ နှလုံးကို ရဲတင်းစွာတောင်းဆိုရဲသေးတယ်ပေါ့! သူ့သက်တမ်းတိုသွားမှာကိုတောင် မကြောက်ဘူးလား ? အိုး၊ မဟုတ်သေးပါဘူး၊ သေဖို့ပဲရှိတော့တဲ့ ဒီလူကြီးမှာတိုစရာ သက်တမ်းတောင် မရှိတော့ဘူး!"

ငရဲဆိုတာ တကယ်ရှိခဲ့ရင် ပေထန်သခင်ကြီးအား တစ်ဆယ့်ရှစ်ထပ်ငရဲသို့ ပို့ဆောင်မှာ သေချာလွန်းသည်။

"ငါ အသေးစိတ်စစ်ဆေးကြည့်တာ၊ ပေထန်ချင်းယဲ့ ပြောခဲ့တဲ့ အချက်အလက်တွေကမှန်တဲ့ပုံပဲ"

သို့သော် နန်ကျီ ပေထန်ချင်းယဲ့၏စကားအား ချက်ချင်းမယုံ ကြည်နိုင်ပေ။ သူသည် ပေထန်မိသားစုဝင်တစ်ဦး ဖြစ်နေဆဲဖြစ်သဖြင့် ပိုမိုကြီးမားသော လျှို့ဝှက်ကြံစည်မှုများ ရှိနေမည်ကိုစိုးရိမ်ရသည်။ သူတို့၏ယခင် ဗျူဟာများအရ မည်သည့်အရာကိုမဆို လုပ်နိုင်စွမ်းရှိသည်။ ထို့ကြောင့် ကိုယ်တိုင် စုံစမ်းစစ်ဆေးခြင်းကသာ စိတ်ချရမည်။

"အင်း၊ ဒါဆို အခု ကော ဘာလုပ်ဖို့စီစဉ်ထားလဲ?"

နန်ယု ပြတ်သားစွာ မေးလိုက်သည်။

ပေထန်မိသားစုမှာ အန်းနင်သည် နန်ကျီ၏ဇနီးဖြစ်ကြောင်း သေချာပေါက်သိလျက်နှင့် နှလုံးအားလိုချင်နေဆဲဖြစ်သည်။ ၎င်းသည် ရဲတင်းရုံသာမက၊ သူတို့အစီအစဉ်အား အလွန်ဂရုတစိုက် ဆင်ခြင်တွက်ချက်ထားပြီးဖြစ်ရမည်။

သူတို့ အန်းနင်အား မတော်တဆအသွင်ဆောင်ကာ သတ်ဖြတ်နိုင်သည်။ အန်းနင် ကိုယ်အင်္ဂါ အလှူစာချုပ်အား လက်မှတ်ရေးထိုးထားပြီးဖြစ်သောကြောင့် နှလုံးရယူရန် ခက်ခဲမည်မဟုတ်။ နန်ကျီသည်လည်း သူ မည်မျှပင် ရင်ကွဲနာကျရပါစေ အန်းနင်ရွေးချယ်မှုအား လေးစားလိုက်နာလိမ့်မည်။ ၎င်းမှာ ပေထန်အဘိုးအိုအား လှုပ်ရှားဆောင်ရွက်ရန် ကြီးမားသော အခွင့် အရေးလမ်းကြောင်းအား ဖန်တီးပေးလိုက်ခြင်းဖြစ်သည်။

လက်ခံသူမှာ အချက်အလက်အား လျှို့ဝှက်ထားဖို့ ရွေးချယ်နိုင်သည်။ နန်မိသားစုသည်လည်း နှလုံးမည်သည့်နေရာသို့ ရောက်သွားသည်ကို အနှောင့်အယှက်ပေး၍ စုံစမ်းစစ်ဆေးမည်မဟုတ်။ ပေထန်မိသားစုတွင် လုံလောက်သော အချိန်ရရှိခဲ့သည်။ နန်မိသားစုမှာ အန်းနင်နှလုံးကို ပေထန်အဘိုးအိုအား ပေးမည်ဟု ဘယ်လိုများ စိတ်ကူးမိနိုင်မည်နည်း!

သို့သော် ဤအစီအစဉ်မှာ ဖြစ်နိုင်ချေ အမှန်တကယ်ရှိနေသော ကြောင့် နန်ကျီ ပိုဒေါသထွက်နေရသည်!

ပေထန်ချင်းယဲ့သာ ရုတ်တရက် သစ္စာမဖောက်ခဲ့လျှင် အန်းနင် အမှန်တကယ် လှည့်စားခံခဲ့ရလျှင် အခြေအနေမှာ ထိုအတိုင်း ဖြစ်ပျက်ခဲ့နိုင်သည်။ နန်ကျီ နောက်မှ အမှန်တရားအား သိခဲ့ပါက ဒေါသဖြင့် သွေးအန်၍သေရလိမ့်မည်။

"ငါ မကြာသေးခင် တစ်ခုခုသတိထားမိတာရှိတယ်"

"ဖေးယီကျန့်ရဲ့မိဘတွေ ကားမတော်တဆမှုဟာ မတော်တဆမှု သက်သက် မဟုတ်ဘဲ ပေထန်မိသားစုနဲ့ ဆက်စပ်မှုကြီးမားနိုင် ခြေရှိတယ်"

ဖေးယီကျန့်မိဘများ မတော်တဆမှုမှာ လွန်ခဲ့သော နှစ်နှစ်ဆယ်က ဖြစ်ပွားခဲ့သည်။ ထိုစဉ်က ပေထန်ယောင်မှာ မိသားစုခေါင်းဆောင် မဟုတ်သေးသဖြင့် ဤကိစ္စမှာ ပေထန်သခင်ကြီး လက်ချက်သာ ဖြစ်ရမည်။ သို့သော် နန်ကျီတွင် ခိုင်လုံ သော သက်သေအထောက်အထား မရှိသေးပေ။

နန်ကျီ ပေထန်မိသားစုမှ အန်းနင်အား တိုက်ခိုက်သည်အထိ ငြိမ်သက်စွာ စောင့်ဆိုင်းနေ၍မဖြစ်။ သူ အရင်တိုက်ခိုက်ရမည်။ ပေထန်သခင်ကြီး သေဆုံးသွားသည်နှင့် အရာအားလုံး ပိုမို လွယ်ကူသွားမည်။

"ကော၊ ငါ ဝူမိသားစုက ကောင်မလေးကိုကယ်ခဲ့တာ မှတ်မိလား?"

နန်ယု ရုတ်တရက် အခြားကိစ္စအား စတင်ပြောဆိုလိုက်သော် လည်း နန်ကျီ သူမ ဤအချိန်တွင် အရေးမပါသည့် ကိစ္စအား ပြောဆိုမည်မဟုတ်ကြောင်း သိသည်။

"မှတ်မိတာပေါ့၊ ဝူမိသားစုက မင်းကို ကျေးဇူးတင်လွန်းလို့ မင်းနားမှာ အမြဲလာနေကြတာလေ"

ဝူမိသားစု နန်ယုနှင့် နီးစပ်လိုခြင်းအား နန်ကျီ နားလည်သည်။ ဝူမိသားစုခေါင်းဆောင် ဝူရွှယ်ခိုင်မှာ စီးပွားရေး ကျွမ်းကျင်မှုမရှိ၊ ရှေးရိုးစွဲ ဖြစ်သောကြောင့် သူတို့၏ စီးပွားရေးမှာ တိုးတက် မှုနှေးကွေးနေခဲ့သည်။ နန်မိသားစု တိုးတက်မှုအား အသုံးချကာ နန်ယုနှင့် ပူးပေါင်းလုပ်ကိုင်ရန် မျှော်လင့်နေကြပေလိမ့် မည်။

"ဝူမိသားစုက ကျေးဇူးတင်စကားပြောဖို့ လာတုန်းက ဝူရွှယ်ခိုင်က စာရွက်တစ်ရွက်ပေးခဲ့တယ်၊ ဖေးယီကျန့်ရဲ့ မိဘတွေ ကားမတော်တဆမှုဟာ မတော်တဆမှုမဟုတ်ဘူးလို့ အဲဒီမှာ ရေးထားခဲ့တာ"

နန်ယု ထိုစာရွက်ကိုဆုတ်ဖြဲပြီး အိမ်သာထဲသို့ ရေဆွဲချခဲ့သည်။ သူမ ဖေးယီကျန့်ကိုလည်း ပြောပြခဲ့ပြီး သူ ဘာတွေ စုံစမ်းတွေ့ရှိခဲ့လဲ သိချင်သည်။ ယခင်က ဖေးမိသားစု၏အခြားအဖွဲ့ဝင်များနှင့် ဆက်စပ်သည်ဟု ယူဆခဲ့သော်လည်း ယခုအခါ ပေထန်မိသားစုနှင့် ဖေးမိသားစုမှ အချို့အဖွဲ့ဝင်များ ပူးပေါင်းကြံစည်ခြင်း ဖြစ်နိုင်ကြောင်းတွေ့ရှိရသည်။

"ဘယ်လို!"

နန်ကျီ အလွန်အံ့အားသင့်သွားသည်။

"ဒါဆို ဝူမိသားစုက သေချာပေါက် တစ်ခုခု သိကို သိရမယ်"

"ဟုတ်တယ်၊ ငါလည်း အဲဒီလိုပဲ ထင်တယ်"

နန်ယု ခေါင်းညိတ်သည်။

"အဲဒါကို ကော ဖော်ထုတ်နိုင်မလားဆိုတာပဲ မူတည်တယ်"

"အဲဒါကို စိတ်မပူပါနဲ့"

ထိုးဖောက်ရမည့်နေရာ တွေ့ရှိသောကြောင့် နန်ကျီ ဝမ်းသာအားရ ဖြစ်သွားသည်။

"ဒီကိစ္စကို ငါ့ကို လွှဲထားလိုက်တော့၊ ဝူမိသားစုက မပြောမချင်း ငါ မရ မက လုပ်မယ်!"

"ဒါနဲ့ ဒီအကြောင်းကို ဖေးယီကျန့်နဲ့လည်းပြောကြည့်ရအောင်၊ သူ့မိဘတွေ ကိစ္စဆိုတော့"

နန်ယု ထပ်ဖြည့်ပြောလိုက်သည်။

ဖေးယီကျန့်နှင့် ထပ်တွေ့ရမည်ကို တွေးမိသောအခါ နန်ကျီအပြုံးမှာ ချက်ချင်းဖျော့တော့သွားသည်။ သို့သော် လျှို့ဝှက်ထားရန် လုံးဝ မဖြစ်နိုင်ပေ။

"ကောင်းပြီ! ဖေးယီကျန့်နဲ့ ငါ ကိုယ်တိုင်သွားပြောမယ်၊ နင် လုံးဝဝင်မပါနဲ့!"

ဟောင်းနွမ်းနေသော သူတို့ ခံစားချက်တွေ ပြန်လည်နိုးထလာမည်အား နန်ကျီ စိုးရိမ်သည်။

နန်ယု: "...အင်း"

ဤကိစ္စမျိုးအား စိတ်ရှုပ်စရာကောင်းသည်ဟု ယူဆသော ကြောင့် သူမ ဝင်မပါချင်သေးပေ။

နန်ကျီ ပြန်ပြုံးလိုက်သည်။

"ညီမလေး၊ 'ကောင်းတဲ့သူက ကောင်းကျိုးရ' ဆိုတာ ဒါမျိုးကို ခေါ်တာ မဟုတ်ဘူးလား၊ နင်က ငါ့ရဲ့ကံကြမ္မာကြယ်ပွင့်ပဲ"

နန်ယု မျက်စိလှန်ပြလိုက်သည်။

"တော်ပါတော့၊ ကော အလုပ်ရှုပ်နေမှာဆိုတော့၊ အန်းနင်ကို စိတ်ပူရင် သူနဲ့ ရီရန်ကို ငါ့ဆီ လာနေဖို့အကြံပေးချင်တယ်၊ အိမ်မှာနေရာတွေ အများကြီးရှိတယ်"

နန်ကျီ ခိုးကြောင်ခိုးဝှက် ရယ်လိုက်သည်။

"နင့်ကို ဒုက္ခများစေမှာလား ?"

သူ ထိုအစီအစဉ်အား စဉ်းစားပြီးသားဖြစ်သော်လည်း ထုတ်မပြောရဲခဲ့ချေ။

နန်ယု နန်ကျီ၏ရွံစရာကောင်းသော အပြုံးအားမြင်ကာ ခြေ ထောက်နှင့် ကန်ချင်စိတ်ပေါက်သွားသည်။

"ကော စိတ်မကောင်းဘူးဆိုရင် ပိုက်ဆံများများရှာ၊ ငါ့ဘဝတစ်လျှောက်လုံး ကောကိုပဲ မှီခိုနေတော့မယ်"

"ပြဿနာ လုံးဝမရှိဘူး၊ ဒီဘဝတင် မဟုတ်ဘူး၊ နောက်ဘဝ၊ နောက်ဘဝ၊ နောက်ဘဝအထိကော!"

နန်ယု: "သွားတော့!"

နန်ယု သူမ မနေ့က ဝူမိသားစုအကြောင်းပြောပြီးနောက် နောက်တစ်နေ့မှာပင် မစ္စစ်ဝူနှင့် ဝူနာနာတို့ ရောက်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ မစ္စစ်ဝူသည် Fashion Week မှ ပြန်လာကာ နန်ယုအတွက် လက်ဆောင်အချို့ ယူလာခဲ့သည်။

ဖေးယွင်ကျင်းကတော့ မူကြိုကျောင်းသို့ သွားနှင့်ပြီ၊ အန်းနင်ကလည်း ညနေ အန်းရီရန် ကျောင်းဆင်းချိန်မှ ပြောင်းလာမည်ဖြစ်သောကြောင့် ဗီလာတွင် နန်ယု တစ်ဦးတည်းသာရှိသည်။

ဝူနာနာလေး နန်ယုကိုတွေ့ရသဖြင်ါ သိသိသာသာ ပျော်ရွှင်နေသည်။ သူမ၏ခြေတိုတိုလေးများဖြင့် လျင်မြန်စွာပြေးကာ နန်ယုလက်ထဲသို့ ခုန်တက်ပြီးဖက်တွယ်လိုက်သည်။

"ကျဲ၊ အရမ်းမွှေးတာပဲ!"

နန်ယုသည် ဝူနာနာ၏နှာခေါင်းကို စနောက်ရင်း ဖွဖွလေးပွတ်သပ်လိုက်သည်။

"ကလေးလေး ဝလာပြန်ပြီလား"

ဝူနာနာသည် တစ်နှစ်ကျော်သာရှိသေးပြီး လျင်မြန်စွာကြီးထွားနေသည့် အရွယ်ဖြစ်သည်။

ရှောင်ကျင်းပြောတာ တကယ်မှန်သည်။ ရုပ်ရည်အားဖြင့် ဝူနာနာသည် စူးရှောင်နွမ်ထက် အမှန်တကယ် ပိုချစ်ဖို့ကောင်းသည်။ သူမသည် နန်ယု တွေ့ဖူးသမျှထဲတွင် ချစ်စရာအကောင်းဆုံးကောင်မလေးဖြစ်သည်။

သူမ၏ ဖြူစင်နူးညံ့သော မျက်နှာနှင့် နို့နံ့သင်းသင်းကြောင့် နန်ယုမှာ မချင့်မရဲဖြစ်ကာ ချစ်ခင်သဖြင့်ကိုက်ချင်စိတ်ပေါက်ရသည်။

"မလေးဘူး၊ နာနာက အရမ်းပေါ့ပါတယ်!"

ကောင်မလေးသည် နန်ယု သူ့ကို ပြန်ချမည်အား စိုးရိမ်သော ကြောင့် ထိုသို့ ပြတ်ပြတ်သားသား ပြန်လည်တုံ့ပြန် လိုက်ခြင်း ဖြစ်သည်။

မစ္စစ်ဝူက ကြည်နူးစွာ ရယ်မောရင်းကြည့်နေသည်။ ဝူနာနာသည် ဒီအရွယ်နှင့်ပင် မာနကြီးပြီး တခြားသူခေါ်လျှင် ဒေါသ ထွက်တတ်သော်လည်း နန်ယုနှင့်မှသာ ဤမျှနူးညံ့ပျော့ပျောင်းသည်။

နန်ယုသည် ဝူရွှယ်ခိုင်၏ကိစ္စများအကြောင်း မစ္စစ်ဝူ သိနိုင်ဖွယ်မရှိသဖြင့် ချက်ချင်းမေးမြန်းခြင်း မပြုတော့ဘဲ နာနာကို ပွေ့ချီကာ သာမန်စကားများပြောဆိုနေခဲ့သည်။

"မြောင်~"

ရှောင်မီသည် အမြီး လှုပ်ရမ်းရင်း အပြင်မှ ဖြည်းဖြည်းချင်း ဝင်လာသည်။ လီယီပိုင် ဖေးယွင်ကျင်း၏ယုံကြည်မှုကို ဖောက် ဖျက်ခဲ့ပြီ။ သုံးရက်အတွင်း ရှောင်မီသည် ပိုဝလာပြီးဘောလုံးတစ်လုံးနီးပါးဖြစ်နေသည်။

"မြောင်~"

ဝူနာနာမျက်နှာသည် အံ့ဩဝမ်းသာမှုဖြင့် လင်းလက် သွားသော်လည်း နန်ယု ရင်ခွင်မှထွက်ရန် နှစ်ခွဖြစ်နေပုံရသည်။

"ရှောင်မီ၊ ဒီကိုလာခဲ့" နန်ယု လှမ်းခေါ်လိုက်သည်။ ဒီကြောင်က အရမ်း လိမ္မာပြီး ဉာဏ်ကောင်းသည်။ အများစုကို လျစ်လျူရှုတတ်သော်လည်း နန်ယု ခေါ်လျှင် သေချာပေါက်ရောက်လာသည်။

ရှောင်မီသည် ချောမွေ့သောဟန်ပန် ဖြင့် ဆိုဖာပေါ်သို့ ခုန်တက်လာသည်။ နန်ယုသည် ဝူနာနာ၏ လက်ကို ဆွဲယူကာ သူ့အမွေးများကို ပွတ်သပ်စေသည်။

"ထိလို့ရတယ်၊ ဒါပေမယ့် မကုတ်မိစေနဲ့၊ နာတယ်၊ နားလည်လား"

နန်ယု လက်လွှတ်ပေးလိုက်သည်နှင့် ဝူနာနာသည် ချက်ချင်း ခေါင်းညိတ်လိုက်ပြီး ညင်သာစွာ ပွတ်သပ်ကာ နှစ်သက်နေပုံ ရသည်။

နန်ယုသည် မစ္စစ်ဝူကို စိတ်ချစေရန် "ရှောင်မီက အရမ်းယဉ် ကျေးပါတယ်၊ ဘယ်သူ့ကိုမှ မကုတ်ဘူး၊ စိတ်မပူပါနဲ့" ဟု ပြောလိုက်သည်။

ထို့ကြောင့် ဖေးယွင်ကျင်းသည် လီရီပိုင်နှင့်အတူ ကျောင်းမှ ပျော်ရွှင်စွာ ပြန်လာသောအခါ၊ သူတို့ ထူးဆန်းသည့် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်-

ဆိုဖာပေါ်တွင် ရှောင်မီကို ခေါင်းအုံးသဖွယ် ဝူနာနာ၏လက်ထဲ၌ ထည့်ထားပြီး၊ ဝူနာနာကို နန်ယု၏ရင်ခွင်ထဲတွင်ပွေ့ထား သည်။ ဝူနာနာသည် ရှောင်မီကို သူမ မျက်နှာဖြင့်ပင် ပွတ်သပ်နေသည်ကိုလည်း တွေ့ရသည်။

ရှောင်မီအမြီးကလည်း လှုပ်နေပြီး ပျော်ရွှင်နေပုံပေါ်နေသည်!

"ရှောင်မီ!"

"မင်းက သူစိမ်းတွေပွေ့ထားတာကို မကြိုက်ဘူး မဟုတ်လား၊ ဘာလို့ ဒီလောက် မြန်မြန်သစ္စာဖောက်ရတာလဲ!"

ဖေးယွင်ကျင်းသည် ရုတ်တရက် ရင်ထဲနာကျင်သွားသည်။ ၎င်းသည် သူ အခက်အခဲများစွာဖြင့် ပြုစုပျိုးထောင်ထားသော ကလေးကို အခြားသူတစ်ဦးကခေါ်ဆောင်သွားသောကြောင့် ခံစားရသည့် ရင်နင့်စရာဝမ်းနည်းမှုမျိုးဖြစ်သည်။

All Chapters