← Chapters

အခန်း (၈၅)

Vol. 10 Ch. 85

အခန်း (၈၅)

Vol. 10 Ch. 85

နန်ယုနှင့် ကျင်းရယ်ထင်းတို့ ကောင်းကင်ဘုံကဲ့သို့မြင့်မားသည့် စားသောက်ဆိုင်တွင် နေ့လယ်စာအတွက်တွေ့ဆုံခဲ့ကြသည်။ သူမ ငါးမိနစ်ခန့် စောရောက်ခဲ့သော်လည်း ကျင်းရယ်ထင်းက သူမထက်ပင် ပိုစောရောက်နေပြီး စောင့်ဆိုင်းနေသည်အား တွေ့လိုက်ရသည်။

စားပွဲထိုးမှ နန်ယုအား လမ်းပြလာသောအခါ သူမ ကျင်းရယ်ထင်းအား သူ၏ထူးခြားပြတ်သားသော ဟန်ပန်ကြောင့်ချက် ချင်းသတိပြုမိလိုက်သည်။ သူ၏ဖြောင့်တန်းသော ကျောရိုးမှာ သူသည် စစ်တပ်အသိုင်းအဝိုင်းမှဖြစ်သည်အား ထင်ရှားစွာ ဖော်ပြနေသည်။

ကျင်းရယ်ထင်း ချက်ချင်းထရပ်ကာ ယဉ်ကျေးစွာ နှုတ်ဆက်လာသည်။

"မင်္ဂလာပါ၊ သခင်မလေးနန်"

ရိုးရိုးသားသားပြောရလျှင် ကျင်းရယ်ထင်းရုပ်ရည်မှာ သဘော ကျစရာကောင်းသည်။ အသားအရေ အနည်းငယ် ညိုသော် လည်း၊ မျက်နှာသွင်ပြင်မှာ ခန့်ညားထင်ရှားပြီး ခက်ထန်အေး ဆေးသော စစ်သားဆန်သည့်အသွင်ရှိသည်။ သို့သော် ၎င်းမှာ နန်ယုအကြိုက် လုံးဝမဟုတ်ပေ။

"မင်္ဂလာပါ၊ မစ္စတာကျင်း"

၎င်းမှာ သူတို့ပထမဆုံး တွေ့ဆုံခြင်းဖြစ်ပြီး ယခင်က တစ်ခါမျှ စကားမပြောဖူးကြပေ။ နန်ယု ကျင်းရယ်ထင်းအကြောင်း သိထားသည်များမှာ အဘိုးနန်နှင့် နန်ကျီတို့ထံမှသာဖြစ်သော ကြောင့် သူမ ဘာပြောရမှန်းမသိ ဖြစ်နေသည်။

နှုတ်ဆက်ပြီးနောက် အဆင်မပြေသည့် တိတ်ဆိတ်မှု ကြီးစိုးနေသည်။ ကံကောင်းထောက်မစွာဖြင့် စားပွဲထိုးတစ်ဦးက ပြုံးပြီး သူတို့ ဘာလိုချင်လဲ မေးသောအခါ အဆင်မပြေမှုမှာ လျော့ပါးသွားသည်။

သူတို့နှစ်ဦး အော်ဒါမှာပြီး စားပွဲထိုး ထွက်သွားပြီးနောက် ကျင်းရယ်ထင်း စကားပြောစရာ ခေါင်းစဉ်တစ်ခုတွေ့သွားပုံရသည်။

"သခင်မလေးနန်၊ ခင်ဗျား ကျွန်တော့်ကို သေချာသိမှာမဟုတ်ပါဘူး၊ ကျွန်တော့်ကိုယ် ကျွန်တော် အရင်မိတ်ဆက်ပါရစေ"

နန်ယု: "အာ၊ ရပါတယ်"

ဘာလုပ်ရမလဲ ? အရမ်း အဆင်မပြေလိုက်တာ၊ ဘာပြောရမှန်း မသိတော့ဘူး။

နန်ယု ဤသို့ ပုံစံခွက်ဝင်ပြီး တင်းမာသော အမျိုးသားများအား ကိုင်တွယ်ရသည်မှာ အမှန်တကယ် ဆိုးရွားသည်။ သူတို့နှင့်စနောက်ပြောဆိုဖို့ကပင် အပြစ်တစ်ခုလိုခံစားရသည်။ အခြားအမျိုးသား အမျိုးအစားမျိုးနှင့်ဆိုလျှင် သူမ ဤမျှဆိုးရွားလိမ့်မည်မဟုတ်ပေ။

ကျင်းရယ်ထင်းလိုလူမျိုးနှင့်ဆိုလျှင် သူမ "ဖြောင့်ဖြောင့်ရပ်! မရယ်နဲ့!" ဟု အော်ဟစ်ခံရတော့မည့်ပုံမျိုး ခံစားနေရသည်။ ထိုင်နေသည့်ဟန်ကိုပင် ဖြောင့်ဖြောင့်ထားရသည်။

ဤသည်မှာ နန်ယု ယခင်ဘဝမှ နည်းပြတစ်ဦးလက်အောက်တွင် လေ့ကျင့်မှုခံယူခဲ့ရခြင်း၏ နောက်ဆက်တွဲ အကျိုးသက် ရောက်မှုဖြစ်သည်။ ထိုနည်းပြမှာ နန်ယုအား အားနည်းသူတစ်ဦးမှ စွမ်းရည်ရှိသော ခေါင်းဆောင်တစ်ဦးအထိ သင်ကြားပေးခဲ့သော်လည်း လေ့ကျင့်မှုမှာ အမှန်တကယ် ရက်စက်ကြမ်း ကြုတ်ပြီး ပြန်အမှတ်ရတိုင်းမျက်ရည်ဝဲရသည်။

ကံမကောင်းစွာဖြင့် ကျင်းရယ်ထင်းနှင့် သူမ နည်းပြတို့တွင် တိကျသော အငွေ့အသက် ရှိနေသည်!

"သခင်မလေး နန်"

ကျင်းရယ်ထင်း မိတ်ဆက်စကားပြောပြီးနောက် နန်ယု အဓိကအချက်အားကောက်ချက်ချလိုက်သည်။ သူ၏ဇနီးအတွက် တစ်ခုတည်းသော လိုအပ်ချက်မှာ လွတ်လပ်မှုနှင့် ကပ်တွယ်မှုကင်းမဲ့ခြင်းသာ။ ကျန်တာ ဘာမှမလိုအပ်ပေ။ သူ့လစာအား လုံးအား လွှဲပေးမည်ဖြစ်ပြီး သူ အလုပ်ချိန်ပြင်ပရှိအချိန်အား လုံးအား မိသားစုအတွက် မြှုပ်နှံမည်ဟုကတိပြုသည်။ သူ ဘလိုင်းဒိတ်အား အလေးအနက်ထားသည်မှာရှင်းနေသည်။

ရိုးရိုးသားသားပြောရလျှင် အသက်သုံးဆယ်ကျော် အရွယ်တွင် ဗိုလ်ချုပ်ကြီးအဆင့်သို့ ရောက်ရန် အဘိုးကျင်း လမ်းခင်းပေးခဲ့သည် ဆိုသော်လည်း ကျင်းရယ်ထင်း ကိုယ်တိုင်မှာထူး ချွန်သူဖြစ်ပြီး အသက်အား စွန့်စားရဲသူဖြစ်ရမည်။ မမျှော်လင့်ထားသော ကိစ္စများမဖြစ်ပါက သူ့အနာဂတ်မှာ အလွန်ကောင်း မွန်မည်မှာ သေချာသည်။

နန်မိသားစုစီးပွားရေးလောကတွင် မြင့်မားသော ရာထူးအား ရယူထားသော်လည်း နိုင်ငံရေးတွင်မူ သြဇာအာဏာနည်းပါးသည်။ နန်ယုနှင့် ကျင်းရယ်ထင်းတို့ လက်ထပ်ခြင်းမှာ စီးပွား ရေးနှင့် နိုင်ငံရေးတို့ ပေါင်းစည်းသောပြီးပြည့်စုံသည့် လက် ထပ်ခြင်းဖြစ်မည်ဖြစ်ပြီး နန်မိသားစုအား များစွာအကျိုးပြုမည်ဖြစ်သည်။

သို့သော် နန်ယု အဘိုးနန်နှင့် သူမဖခင်တို့တွင် ထိုသို့သောရည် ရွယ်ချက်များမရှိကြောင်း နန်ယုအား "စွန့်လွှတ်အနစ်နာခံဖို့" တောင်းဆိုခြင်းမရှိကြောင်း သိထားသည်။ အဘိုးနန်မှာ ကျင်းရယ်ထင်း စရိုက်ကြောင့်သာ ဤဆက်ဆံရေးအား စိတ်ဝင်တစားဖြစ်ခဲ့ရခြင်းဖြစ်မည်။

"ကျွန်မ"

နန်ယု ခဏစဉ်းစားပြီး ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။

"တောင်းပန်ပါတယ်၊ ကျွန်မ တကယ်တော့ ပြန်မလက်ထပ်ချင်ပါဘူး၊ ကျွန်မ ဒီကိုလာတာက လူကြီးတွေကိုငြင်းရမှာ ရှက်လို့ပါ"

၎င်းမှာ နန်ယု၏စစ်မှန်သော ခံစားချက်ဖြစ်သည်။ နန်မိဘများ သူမအား မိတ်ဆက်ပေးခဲ့လျှင် သူမ ယခင်ကတည်းကပြောပြီးသားဖြစ်မည်။ သို့သော် အဘိုးနန်နှင့် အဘိုးကျင်းတို့ ပါဝင်နေသောကြောင့် သူမ ကိုယ်တိုင်သွားရောက်ရှင်းပြရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထိုစကားအားကြားသောအခါ ကျင်းရယ်ထင်းလှည့်စားခံရ၍ ဒေါသထွက်ခြင်း လုံးဝမပြခဲ့ဘဲ လေးနက်စွာခေါင်းညိတ်လိုက်သည်။

"ကျွန်တော် နားလည်ပါတယ်၊ ဒါကို ညစာစားပွဲတစ်ခုအနေနဲ့ပဲ သဘောထားပြီး သူငယ်ချင်းဖြစ်ကြရအောင်၊ ကျွန်တော်ပြန်ရောက်ရင် လူကြီးတွေကိုရှင်းပြလိုက်ပါ့မယ်၊ ပြဿနာအားလုံးကို ခင်ဗျားက ကျွန်တော့်ကိုပဲ အပြစ်တင်လိုက်ပါ"

အိုး... ဘုရားရေ၊ အရမ်းလွယ်လွယ်ကူကူ လိုက်လျောပေး တတ်လိုက်တာ

နန်ယု အဘိုး သူမအား လာဖို့ အတင်းအကျပ်တောင်းဆိုရသည့် အကြောင်းရင်းအား ချက်ချင်းသဘောပေါက်လိုက်သည်။ ကျင်းရယ်ထင်းမှာ အိမ်ထောင်ပြုဖို့ သင့်တော်ပြီး နန်ယုစရိုက်အားသည်းခံနိုင်သူဟု အဘိုးထင်ခဲ့ခြင်းပင်။

ကံမကောင်းစွာဖြင့် မကြိုက်လျှင် မကြိုက်ခြင်းပင်။ သင့်တော်ခြင်းမှာ အဓိပ္ပာယ်မရှိပေ။ နန်ယု အရည်အချင်းများအရ သူမ ညှိနှိုင်းဖို့ မလိုအပ်ပေ။ သူမအား ကြိုက်နှစ်သက်ခြင်း သို့ ရိုးရိုးရှင်းရှင်း ဆက်သွယ်နိုင်ခြင်းသာ အရေးအကြီးဆုံးဖြစ် သည်။

အရသာမရှိသော နေ့လယ်စာ စားပြီးနောက် ကျင်းရယ်ထင်း နန်ယုအား လိုက်ပို့ရန် ထရပ်သည်။ သူတို့အတူတူ မြေအောက်ကားဂိုဒေါင်သို့ ဓာတ်လှေကားစီးခဲ့ကြသည်။

ဓာတ်လှေကားပေါ် တက်သည်နှင့် နန်ယုအကြည့်မှာ ထောင့်တစ်နေရာရှိ ဘေ့စ်ဘောဦးထုပ်ဆောင်းထားသော အမျိုးသားအပေါ်သို့ရောက်သွားသည်။ သူထံမှ လူ့သွေးနံ့ ပြင်းပြင်းထန် ထန် သူမ ခံစားမိလိုက်သည်။

ထင်ပေါ်မှုမရှိသောအကြည့်ဖြင့် တစ်ချက်ကြည့်ပြီးနောက် နန်ယု ဓာတ်လှေကားဆင်းလာသည်ကိုကြည့်ရင်း ကျင်းရယ်ထင်း ဘေးတွင် ရပ်နေခဲ့သည်။

ဓာတ်လှေကားထဲတွင် လူငါးဦးသာရှိသည်။

ဦးထုပ်ဆောင်းထားသူအပြင် သူငယ်ချင်းကောင်းများဖြစ်ပုံရသော မိန်းကလေးနှစ်ဦးလည်းရှိပြီး နန်ယုနှင့်ကျင်းရယ်ထင်းတို့အား သူတို့ပုန်းကွယ်ထားသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် ထင်ရှားသောအကြည့်များဖြင့် စိုက်ကြည့်နေကြသည်။

သူတို့ ဓာတ်လှေကား နောက်ဘက်တွင်ရပ်နေကြပြီး ဘေ့စ်ဘောဦးထုပ်ဆောင်းထားသူနှင့် အလွန်နီးသည်။ သူတို့ ထိုလူအား သူတို့ရှေ့သို့ အလွယ်တကူဆွဲယူနိုင်သည့် အနေအ ထားတွင် ရှိနေကြသည်။

နန်ယု ကျင်းရယ်ထင်း ရပ်နေရာမှ နေရာရွေ့သွားသည်အားခံစားမိလိုက်ပြီး ဓာတ်လှေကားမှာ ပထမထပ်တွင် ပြန်ပွင့်လာသည်။

ထိုမိန်းကလေးနှစ်ဦးမှာ ထိုအထပ်မှဖြစ်ရမည်ဖြစ်ပြီး သူတို့ နန်ယုအား ကျော်ဖြတ်ကာအပြင်ထွက်ရန် ပြင်ဆင်နေကြသည်။

"မလှုပ်နဲ့!"

"အား!"

"ဘန်း!"

အဖြစ်အပျက်များမှာ တစ်ပြိုင်နက်တည်းဖြစ်ပျက်သွားသည်။

လျှပ်တစ်ပြက်အတွင်း ဘေ့စ်ဘောဦးထုပ်ဆောင်းသူ၏ ညာ ဘက်လက်ဖျံမှ ဓားတစ်ချောင်းထွက်လာသည်။ သူ့ဘယ်ဘက်လက်မှာ မိန်းကလေးနှစ်ဦးထဲမှ တစ်ဦးအားဆွဲဖမ်းရန် ပြင်နေချိန်တွင် ကျင်းရယ်ထင်း သူ့အားကန်ထုတ်လိုက်သည်။

လက်မလျော့ဘဲ ဘေ့စ်ဘောဦးထုပ်ဆောင်းသူ၏ ဓားမြှောင်မှာ ကျင်းရယ်ထင်းအားကို တိုက်ရိုက်ထိုးသွင်းရန်ကြိုးစားသည်။ ထို့နောက် သူ့ဘယ်ဘက်လက်မှာ အိတ်ကပ်ထဲမှ ဓားတစ်ချောင်းထပ်ဆွဲထုတ်လိုက်ရာ သေချာပေါက် ပြင်ဆင်လာခဲ့ပုံရသည်။

ဓာတ်လှေကားမှာ ကျဉ်းကျပ်နေပြီး အနည်းငယ် လှုပ်ရှားရုံဖြင့် မိန်းကလေးသုံးဦးအား အလွယ်တကူ ဒဏ်ရာရစေနိုင်သည်။

ကျင်းရယ်ထင်း ဓားအား လက်ဗလာဖြင့် တားဆီးရန်နှင့် ဘေ့စ်ဘောဦးထုပ်ဆောင်းသူအား အနည်းငယ်မျှသာ ထိခိုက်စေပြီး ဖမ်းဆီးရန် ပြင်ဆင်နေချိန်တွင် နန်ယု ဝင်ရောက်စွက်ဖက်လိုက်သည်။

ဂိုဏ်းများနှင့် ယခင်က ရင်ဆိုင်ခဲ့ရပြီးနောက် နန်ယု သူမကိုယ်ပေါ်တွင် "လက်နက်" အနည်းငယ် ဆောင်ထားတတ်အောင် သင်ယူခဲ့ပြီးဖြစ်သည်။ ၎င်းအား ဤမျှ လျင်မြန်စွာ အသုံးပြုရလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

ငုံးဥအရွယ် ကျောက်စရစ်ခဲတစ်လုံးသည် ဘေ့စ်ဘောဦးထုပ် ဆောင်းထားသူ၏ လက်ကောက်ဝတ်အား ထိမှန်သွားသည်။

ခွပ်ကနဲ အသံဖြင့် ဓားမှာ မြေပြင်သို့ ပြုတ်ကျသွားပြီး အော် ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

ကျင်းရယ်ထင်း အခွင့်အရေးအား ဆုပ်ကိုင်ကာ ထိုလူအား ဖမ်းဆီးပြီး ချုပ်နှောင်လိုက်သည်။

ရှုပ်ထွေးသော လုပ်ဆောင်ချက်များ ဖြစ်ပုံရသော်လည်း အမှန်တကယ်တွင် ဆယ်စက္ကန့်ခန့်သာကြာမြင့်ခဲ့သည်။ ထိုအခါမှသာ မိန်းကလေးနှစ်ဦးမှာ သတိပြန်ဝင်လာကာ ပြင်းထန်စွာအော် ဟစ်လိုက်ကြသည်။

နန်ယုရော ? သူမကမူ ရဲအားဖုန်းခေါ်ရန် သူ့ ဖုန်းအားထုတ်ပြီးသားဖြစ်သည်။

"ဒီနေ့ခေတ်မှာ စိတ်အေးလက်အေး စားသောက်လို့တောင်မရနိုင်တော့ဘူးလား!"

သူမ ကံကြမ္မာထံမှပစ်မှတ်ထားခြင်း ခံနေရသလား ?

ထိုဘေ့စ်ဘောဦးထုပ်ဆောင်းထားသူမှာ မိသားစုခြောက်ဦးအား သတ်ဖြတ်ခဲ့သော ဝရမ်းပြေးဖြစ်နေသည်။ သူသည် နိုင်ငံတစ်ဝှမ်းသို့ထွက်ပြေးနေခဲ့သည်။ သူ မြို့တော်သို့ ထွက်ပြေးလာလိမ့်မည်ဟု မည်သူကတွေးမိမည်နည်း။

အန္တရာယ်အရှိဆုံးနေရာမှာ အလုံခြုံဆုံးနေရာဟု သူတကယ်ထင်နေတာလား ?

မည်သို့ပင်ဆိုစေ ဤလူအား ရဲများမှ ဖမ်းဆီးခေါ်ဆောင်သွားပြီးပြီ။ သူ ကျူးလွန်ခဲ့သောပြစ်မှုများအရ နောက်ဆုံးတွင် သေဒဏ်မှ လွတ်မြောက်မည်မဟုတ်ပေ။

ထို့အပြင် ၎င်းတို့လာခဲ့သည့် ရဲစခန်းမှာ နန်ယု ကားတိုက်မှု ဖြစ်ပွားခဲ့ပြီး ကျောင်းကားအား ရဲရဲဝံ့ဝံ့ ကယ်တင်ခဲ့သည့် ရဲစခန်းနှင့်အတူတူဖြစ်နေသည်။ ၎င်းတို့သည် တည်ကြည်သော်လည်း စကားများသောရဲဦးလေးနှင့် တွေ့ဆုံခဲ့သည်။

"သခင်မလေးနန်၊ ခင်ဗျား..."

"ရပြီ၊ ဘာမှထပ်မပြောပါနဲ့တော့၊ ဒါက မတော်တဆ တိုက်ဆိုင်မှုသက်သက်ပါလို့ ကျွန်မ ပြောရင် ရှင်ယုံမလား။?"

နန်ယုလည်း စိတ်ပျက်အားလျော့နေသည်။

ဘလိုင်းဒိတ်ကြောင့် ရဲစခန်းကို ရောက်ရတယ်၊ ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ!

"ဟားဟား"

ရဲအရာရှိ သူ့အားနှစ်သိမ့်သည်။ မည်သို့ပင်ဆိုစေ၊ ဝရမ်းပြေးအား ဖမ်းဆီးရာတွင် ကူညီပေးခဲ့သောကြောင့် နန်ယု အလွန်ကောင်းသော လုပ်ရပ်တစ်ခုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆုံးတွင် ရဲမှာ ထိုသူအား ဖမ်းဆီးနိုင်ရန် သတင်းပေးနိုင်သူအား ယွမ် ၅၀၀,၀၀၀ ဆုကြေးပေးထားသည်။ ၎င်းမှာ နန်ယု သို့မဟုတ် ကျင်းရယ်ထင်း မလိုအပ်သောပမာဏဖြစ်သည်။

နန်ယုနှင့် ရဲအရာရှိတို့ အလွန်ရင်းနှီးနေသည်ကိုမြင်သော ကျင်းရယ်ထင်း သူ့အဘိုးပြောခဲ့သည်အား လျင်မြန်စွာသတိရလိုက်သည်။

သူ ပထမကတည်းက ဘလိုင်းဒိတ်အား စိတ်ဝင်စားခြင်းမရှိခဲ့ပေ။ သူ့အလုပ်သဘောအရ ကျင်းရယ်ထင်း တစ်ကိုယ်တည်းသမားဘဝအတွက်ပင် သူ့ကိုယ် သူ ပြင်ဆင်ထားခဲ့သည်။ သူ့အဘိုးအား မလွန်ဆန်နိုင်သောကြောင့် လိုက်လျောပေးခဲ့ခြင်း ဖြစ်သည်။

သူ နန်ယုအကြောင်း ယခင်ကကြားဖူးသည်။ အဘိုးကျင်းမှာ သူမအား ဉာဏ်ရည်ထက်မြက်သူ၊ ပညာရှိသူ၊ ကြင်နာသူ အဖြစ်ဖော်ပြလေ့ရှိပြီး သူမအား နတ်သမီးတစ်ပါးကဲ့သို့ ချီး ကျူးခဲ့သည်။ ထိုအချိန်က နန်ယု လက်မထပ်သေးပါက ဤဘလိုင်းဒိတ်မှာ ပိုမိုစောလာနိုင်ခဲ့သည်။

လူကိုယ်တိုင်တွေ့ဆုံပြီးနောက် ကျင်းရယ်ထင်း နန်ယုမှာ အမှန်တကယ်ပင် လှပသည်၊ နတ်သမီးတစ်ပါးကဲ့သို့ ဖြစ်သည်ကို ဝန်ခံလိုက်သည်။ နန်မိသားစု၏သမီးအနေအထားနှင့် ပေါင်း စပ်လိုက်သောအခါ သူသည် အမျိုးသားအများစု၏အိပ်မက် လက်တွဲဖော်ဖြစ်သည်။ သို့သော် အသွင်အပြင်နှင့် မိသားစုနောက်ခံတစ်ခုတည်းက ကျင်းရယ်ထင်းအားဆွဲဆောင်ခြင်း မဟုတ်ပေ။

နန်ယု တိုက်ခိုက်သည်အား မြင်လိုက်ရသည့်အခါမှသာ သူ့အမြင်ပြောင်းလဲသွားသည်။ ဝရမ်းပြေး၏ ညာဘက်လက် ကောက်ဝတ် ကျိုးသွားသည်အား သူသိလိုက်ရသည်။

ထိုသို့သော အင်အားမှာ နှစ်ပေါင်းများစွာလေ့ကျင့်ထားသော အကောင်းဆုံးစစ်သားများနှင့်ပင် ယှဉ်ပြိုင်နိုင်သည်။ အမျိုး သမီးငယ်တစ်ဦးသည် ထိုသို့သော ကျွမ်းကျင်မှုအဆင့်အား ရရှိရန်အတွက် ခက်ခဲကြမ်းတမ်းသော လေ့ကျင့်မှုများစွာကို ခံယူခဲ့ရမည်ဖြစ်ပြီး အထူးသဖြင့် သူမ မိသားစုနောက်ခံအား ထည့်သွင်းစဉ်းစားလျှင် ထိုသို့သော ဒုက္ခများအားခံနိုင်ရည်ရှိခဲ့ရမည်။ နန်ယုအပေါ် သံယောဇဉ်မဖြစ်လာရန် မဖြစ်နိုင်တော့ပေ။

အဘိုး၏အမြင်မှာ အမှန်တကယ်ထက်မြက်ကြောင်း သူ မချီး ကျူးဘဲ မနေနိုင်ပေ။

"သခင်မလေး နန်"

ရဲစခန်းအဝင်ဝတွင် နန်ယု သူမ ကားဆီသို့ ဦးတည်နေစဉ် ကျင်းရယ်ထင်း ရုတ်တရက်ခေါ်လိုက်သည်။ နန်ယု လှည့်ကြည့်လိုက်သောအခါ ကျင်းရယ်ထင်း ချောင်းဟန့်ကာ သူ့အမူအရာ ဖြောင့်မတ်လိုက်သည်အား မြင်လိုက်ရသည်။

"ဒါက ရုတ်တရက်ဖြစ်နိုင်ပေမယ့် ကျွန်တော့်ကို အခွင့်အရေး ပေးစေချင်ပါတယ်၊ ကျွန်တော် ခင်ဗျားနဲ့အတူ အိမ်ထောင်ပြုဖို့ ရည်ရွယ်တဲ့ ဆက်ဆံရေးမျိုးတည်ဆောက်ချင်ပါတယ်"

နန်ယု: "ဟင်"

ဘာဖြစ်တာလဲ ? ဒီလူရဲ့ သဘောထားက ရဲစခန်းရောက်တာနဲ့ ဘယ်လိုလုပ် လုံးဝပြောင်းလဲသွားနိုင်ရတာလဲ ?

စောနကတင် သူ အလုပ်ကိစ္စလိုမျိုး လုပ်နေခဲ့တာလေ!

နန်ယု မည်သို့ငြင်းဆန်ရမည်အား စဉ်းစားနေချိန်တွင် ကျင်းရယ်ထင်း ဖုန်းရုတ်တရက်မြည်လာသည်။ သူ ဖုန်းဖြေလိုက်ပြီးနောက် မကြာခင်မှာပင် သူ့အမူအရာပြောင်းလဲသွားသည်။

"သခင်မလေးနန်၊ ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော် အရေးပေါ် မစ်ရှင်တစ်ခုရှိလို့ပါ ဒါပေမယ့် ကျွန်တော် နောက်နေတာမဟုတ်ပါဘူး၊ ကျေးဇူးပြုပြီး ဒါကို လေးလေးနက်နက် စဉ်းစားပေးပါ၊ ကျွန်တော် သစ္စာဆိုပါတယ်၊ ခင်ဗျား သဘော တူရင် ကျွန်တော့် အသက်နဲ့လဲပြီး ခင်ဗျားကို ကာကွယ်ပေးပါ့မယ်!"

ထိုစကားအားချန်ထားပြီး ကျင်းရယ်ထင်း လျှပ်တပြက်အတွင်းပျောက်ကွယ်သွားသဖြင့် နန်ယု အေးစက်သောလေထဲတွင် စိတ်ရှုပ်ထွေးစွာကျန်ရစ်ခဲ့သည်။

သူ ဘာတွေလုပ်နေတာလဲဟ ?!

သို့သော် ဇာတ်လမ်းမှာ မပြီးသေးချေ။

နန်ကျီနှင့် နန်မိဘများအားလွှတ်လိုက်ပြီး အဘိုးနန်ကိုလည်း သူတို့ မလိုက်ဖက်ကြောင်းပြောပြပြီးနောက် နန်ယု ဖေးယီကျန့်ထံမှ မက်ဆေ့ချ်ရရှိခဲ့သည်။

ဖေး: မင်း ဘလိုင်းဒိတ် သွားခဲ့တာလား?

နန်ယု: ရှင် ဘယ်လိုလို့ သိနေတာလဲ ? မပြောဖူးပါဘူး

ဖေး: နန်ကျီ ပြောပြတာ၊ မင်း ဘယ်လိုခံစားရလဲ ?

ဟုတ်သည်၊ နန်ကျီ စကားများမှာ ဖေးယီကျန့်အား ပြန်လည်သင့်မြတ်ဖို့မစဉ်းစားရန် သတိပေးခြင်းဖြစ်ပြီး နန်ယု ပိုကောင်း သည့် သူနှင့်သာထိုက်တန်သည်ဟု ပြောခဲ့ခြင်းဖြစ်သည်။

— နန်ကျီ၊ အဲ့စကားများတဲ့ကောင်တော့!

နန်ယု နန်ကျီအား စိတ်ထဲမှကျိန်ဆဲပြီးနောက် မကျေမနပ်ဖြင့် စာရိုက်လိုက်သည်။

နန်ယု: ဘယ်ယောက်ျားမှ ယုံကြည်စိတ်ချရတာ မဟုတ်ဘူးဆိုတာ ကျွန်မ တွေ့ခဲ့တယ်၊ ကျွန်မ ပျော်ရွှင်တဲ့ တစ်ကိုယ်တည်း ချမ်းသာတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ဖို့ ဆုံးဖြတ်လိုက်ပြီ၊ အရွယ်ကောင်းတဲ့ လူငယ်လေးတွေကိုတွဲပြီး လက်ထပ်ဖို့မတွေးဘူး!"

ဖေးယီကျန့် အချိန်အကြာကြီးတိတ်ဆိတ်နေခဲ့သည်။ နန်ယု ကိစ္စပြီးဆုံးပြီ ထင်နေချိန်တွင် သူ နောက်ဆုံးမက်ဆေ့ချ်ပို့လိုက်သော်လည်း သူမ နားမလည်ခဲ့ပေ။

ဖေး: တကယ်တော့လေ ကိုယ် မအိုသေးဘူး

နန်ယု "မအိုသေးဘူး" ဟူသော စကားလုံးမှာ တစ်စုံတစ် ယောက်အား စိတ်အနှောင့်အယှက်ဖြစ်စေသည်ဟု ထင်ကာ သူငယ်ချင်းကောင်းတစ်ဦးအနေဖြင့် နှစ်သိမ့်လိုက်သည်။

နန်ယု: ဟုတ်တယ်၊ ရှင်က သေချာပေါက် ဆယ့်ရှစ်နှစ်အရွယ်ပန်းလေးပါပဲ!

ဖုန်းတစ်ဖက်မှ ဖေးယီကျန့်: ...

ထားလိုက်ပါတော့၊ နန်ယုလို အချစ်ရေးကိုနားမလည်တဲ့ မိန်းက လေးမျိုးအတွက် နောက်တစ်ကြိမ်ကျရင် ကိုယ့်ကိုကိုယ် တိုက်ရိုက်ကမ်းလှမ်းခြင်းကသာ အချိန်ကုန်သက်သာပြီးပိုမြန်လိမ့်မည်။

All Chapters