အခန်း (၈၆)
Vol. 10 Ch. 86
"အန်တီ၊ အဲဒီလူကို ဘယ်လိုထင်လဲ?"
"သူ့ စိတ်ဓာတ်က တကယ်မကောင်းဘူးဆိုရင်တော့ လုံးဝ လက်မထပ်နဲ့"
"ပြီးတော့ အရေးကြီးတဲ့ အချက်တစ်ခုရှိသေးတယ်၊ အန်တီ! သူက ဖီးနစ်လိုလူမျိုးဖြစ်နေရင်လည်း လက်မထပ်ပါနဲ့!!"
[T/N: ဖီးနစ်လိုလူမျိုး (Phoenix Man) ဆိုသည်မှာ တရုတ်အင်တာနက်ဝေါဟာရဖြစ်သည်။ ဆင်းရဲသော ကျေးလက်ဒေသမှလာပြီး ကိုယ့်အားကိုယ်ကိုးဖြင့် မြို့ပြတွင်အောင်မြင်မှုရရှိခဲ့သူကိုရည်ညွှန်းသည်။ သို့သော် မြို့ပြမှအမျိုးသမီးနှင့် လက်ထပ်သောအခါ သူ့မူလမိသားစုနောက်ခံနှင့်ဆွေမျိုးများ ကြောင့် အိမ်ထောင်ရေးတွင် ပြဿနာများဖြစ်ပွားတတ်သည်ဟု လူသိများသည်။]
ကောင်လေးရေ၊ မင်း ဖီးနစ်လူမျိုးဆိုတာကိုရော တကယ်သိလို့ ပြောနေတာလား ?
ဖေးယွင်ကျင်း ဆက်ပြီး အသေးစိတ်ရှင်းပြတော့မည့် အနေ အထားအားမြင်လိုက်ရသည့် နန်ယုမှာ ချက်ချင်းဆိုသလို သူ့ညာဘက်လက်ကို ဆန့်တန်းလိုက်ပြီး ကောင်လေး၏မျက်နှာအား ခပ်တင်းတင်းညှစ်ဆွဲလိုက်သည်။ ထိုအခါ သူ့အသံမှာ ချက်ချင်းပင် ဘဲကလေးငိုသံကဲ့သို့ ပြောင်းလဲသွားတော့ သည်။
"အန်တီ~ ဝူးးးး... ကယ်ပါဦး..."
"အခု ဒီကိစ္စကို ဘယ်သူမှဆက်မပြောကြနဲ့တော့"
ကျင်းရယ်ထင်း နောက်ဆုံးပြောခဲ့သော စကားအား တွေးလိုက်မိသည့်အခါ နန်ယု ချက်ချင်းခေါင်းကိုက်လာခဲ့သည်။ သူမ အဘိုးနန်အား ထိုသူ့ကို စိတ်မဝင်စားတော့ကြောင်း တိုက်ရိုက်ပြောကြားပြီးပြီဖြစ်သော်လည်း ကျင်းရယ်ထင်း၏ တုံ့ပြန်မှုနှင့် သူ ဘာပြောမည်ကိုမူ မသိရှိရသေးပေ။
သူမ ဤကိစ္စ ရှုပ်ထွေးမှုများမရှိဘဲ အဆုံးသတ်သွားပြီးဆိုး ရွားသော အချစ်ဇာတ်လမ်းတစ်ပုဒ်အဖြစ်သို့ မပြောင်းလဲစေရန်သာ အားကိုးတကြီးမျှော်လင့်နေခဲ့သည်။
"အန်တီ၊ အန်တီက ဘယ်လိုလူမျိုးကို အကြိုက်ဆုံးလဲ ?"
ဖေးယွင်ကျင်း နန်ယု၏ချုပ်ကိုင်မှုအောက်မှ နောက်ဆုံးတွင် လွတ်မြောက်သွားပြီးနောက် သူ့မျက်နှာအားပွတ်သပ်ရင်း ပိုမိုအလေးအနက်ရှိသော အကြောင်းအရာသို့စတင်ပြောင်း လဲလိုက်သည်။
သို့သော် နန်ယုအတွက်မူ ကလေးငယ်တစ်ဦးက လူကြီးတစ်ဦးအား သူတို့နှစ်သက်သော လူမျိုးပုံစံကိုမေးနေသည့်မြင် ကွင်းမှာ အနည်းငယ် ရယ်စရာကောင်းနေသည်။
သို့သော် ဖေးယွင်ကျင်း၏ အလေးအနက်ထား စိုက်ကြည့်နေသော အကြည့်အား မြင်လိုက်ရပြီး သူမကိုယ်တိုင်လည်း ထိုမေးခွန်းမျိုး သူ့အား ယခင်ကမေးခဲ့ဖူးကြောင်း သတိရလိုက်သောအခါ နန်ယုသည်လည်း အလေးအနက်စဉ်းစားလိုက်သည်။
"ရုပ်ရည်ကတော့ အဓိကပဲ၊ ငါ့ရဲ့ အလှအပစံနှုန်းနဲ့ ကိုက်ညီဖို့လိုအပ်တယ်"
"စိတ်အနှောင့်အယှက်မဖြစ်စေဘဲ စိတ်ကို ပျော်ရွှင်အောင် ထားနိုင်တဲ့သူမျိုးဖြစ်သင့်တယ်"
"လိုအပ်တဲ့အခါ ပေါ်လာရမယ်၊ မလိုအပ်တဲ့အခါပျောက်ကွယ်နေရမယ်"
"မင်းက အိမ်ထောင်ဖက် ရှာနေတာလား၊ ဒါမှမဟုတ် ငွေပေးပြီး ထားလို့ရတဲ့ အဖော်ယောက်ျားရှာနေတာလား?"
[T/N: Gigolo (ငွေယူ အဖော်လုပ်သူ) ဆိုသည်မှာ ချမ်းသာ သော အမျိုးသမီးများထံမှ ငွေကြေး သို့မဟုတ် လက်ဆောင်များလဲလှယ်ယူပြီး သူတို့အား လိုက်လျောညီထွေဖြစ်အောင် အဖော်လုပ်ပေးခြင်း၊ သို့မဟုတ် လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှု ပေးခြင်းတို့ကို လုပ်ဆောင်သောအမျိုးသားကိုရည်ညွှန်းသည်။]
နန်ယု စကားမဆုံးသေးခင်မှာပဲ ဖြတ်လျှောက်သွားတဲ့ နန်ကျီ မနေနိုင်တော့ဘဲ ဝင်ရောက်ပြောဆိုလိုက်သည်။
"ပုံမှန်ဆိုရင် အဲ့ဒီလိုစံနှုန်းတွေနဲ့ ကိုက်ညီတဲ့ယောက်ျားတွေကအဖော်ယောက်ျားတွေပဲလေ!"
"အဖော်ယောက်ျားတွေ ဖြစ်ရင်ကော ဘာဖြစ်လဲ ?"
နန်ယုလည်း ပြတ်သားစွာ ပြန်လည်ချေပလိုက်သည်။
"ငါက တစ်ယောက်ယောက်ကို အဖော်ယောက်ျားအဖြစ်ခန့် ထားနိုင်လောက်အောင် မချမ်းသာဘူးလား?"
နန်ကျီ- .... ဟုတ်ပါတယ်၊ မင်းအတွက်က လုံလောက်တာထက်တောင်ပိုပါတယ်။
ဒါပေမယ့် ညီမလေး၊ မင်း အသက်နှစ်ဆယ့်ငါးနှစ်ပဲ ရှိသေး တာ! ဘာလို့ အသက်ငါးဆယ်၊ ခြောက်ဆယ်အရွယ် ချမ်းသာတဲ့ အမျိုးသမီးတွေလိုမျိုးတွေးနေရတာလဲ ? ချိုမြိန်တဲ့အချစ်ဇာတ်လမ်း ဒါမှမဟုတ် စိတ်ရင်းမှန်နဲ့ အိမ်ထောင်ပြုဖို့ မစဉ်းစားတော့ဘူးလား? ဘာလို့ အဲဒီအဆင့်တွေကို ကျော်ပြီး အဖော်ယောကျာ်းကို စတင်ရှာဖွေနေရတာလဲ?
— ဒါတွေအားလုံးဟာ ဖေးယီကျန့် အပြစ်ပဲ!
သူ နန်ယုအား အရမ်းနာကျင်စေခဲ့တာမို့ သူမ ကိုယ့်ကိုကိုယ် စွန့်လွှတ်လိုက်ပြီ!
နန်ကျီ ဖေးယီကျန့်အားစိတ်ထဲမှ ကျိန်ဆဲလိုက်ပြီးနောက် အတင်းအဓမ္မ နူးညံ့သောအပြုံးတစ်ခုအား ဖန်တီးကာပြုံးလိုက်သည်။
"ယုယု ၊ မင်းက ငယ်ပါသေးတယ်၊ အဖော်ယောက်ျားထားဖို့ကို နောက်ထပ် အနှစ်နှစ်ဆယ်လောက်စောင့်လို့ရပါတယ်၊ အခုလောလောဆယ် ချိုမြိန်တဲ့ အချစ်ဇာတ်လမ်း တစ်ခုကို ဖန်တီးကြည့်ပါလား ?"
နန်ယု ဘာမှမပြောနိုင်ခင်မှာပဲ နန်ကျီ အလားအလာရှိသော ကိုယ်စားလှယ်လောင်းတွေအား စိတ်အားထက်သန်စွာ စတင်ရှာဖွေနေပြီဖြစ်သည်။
"ငါ လုကျယ်နဲ့ နင့်ကို တကယ်လိုက်ဖက်တယ်လို့ထင်တယ်၊ ဒါပေမယ့် နင် တကယ်မကြိုက်ဘူးဆိုရင် ငါ တခြားသူကို ထပ်စဉ်းစားကြည့်လိုက်မယ်"
"လီယွမ်မိုကရော ဘယ်လိုလဲ? ရှောင်ကျင်းက သူ့ညီနဲ့ သူ ငယ်ချင်းကောင်းတွေပဲ၊ သူလည်း ကောင်းတဲ့သူတစ်ယောက်ပဲလေ"
"မရဘူး၊ မရဘူး! အဲဒါဆို ရှောင်ပိုင်က ကျနော့်ထက်မျိုး ဆက်တစ်ဆက် ပိုကြီးသွားလိမ့်မယ်"
နန်ယု နောက်တစ်ကြိမ် စကားဖြတ်ပြောခံလိုက်ရပြီး ယခုတစ်ကြိမ်တွင် ဖေးယွင်ကျင်း ပထမဆုံးကန့်ကွက်သူ ဖြစ်လာခဲ့သည်။
လီရီပိုင်အစ်ကိုနဲ့ အန်တီတို့ လက်ထပ်ပေါင်းဖက်ခဲ့မယ်ဆိုရင် သူ့ သူငယ်ချင်းများထက် မျိုးဆက်တစ်ဆက်ပိုပြီးနိမ့်ကျသွားလိမ့်မည်။ အဲဒါတော့ ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး!
နန်ယု- "...ကောတို့ တကယ်ပဲ လုပ်စရာဘာမှမရှိဘူးဆိုရင် တံခါးအပြင်မှာထွက်ပြီး ပုရွက်ဆိတ်တွေထိုင်ရေနေကြပါလား"
သူမ လီယွမ်မိုထက် ဖေးယီကျန့်အားရွေးချယ်ခဲ့သင့်သည်။ အဘယ်ကြောင့်ဆိုသော် အနည်းဆုံး ဖေးယီကျန့်မျက်နှာမှာ သူမ အလှအပစံနှုန်းနှင့်ကိုက်ညီနေသောကြောင့် ဖြစ်သည်။
လူများအား ကျောခိုင်းပြီး အတင်းပြောတာမျိုး မလုပ်သင့်ဘူး ဆိုသည့် စကားမှာမှန်ကန်သည်။ မောင်နှမနှစ်ယောက် လီယွမ်မိုအကြောင်း ပြောဆိုနေကြဆဲမှာပင် ဦးလေးကျိုးဝင်ရောက်လာပြီး လီယွမ်မိုနှင့် သူ့မိဘများ လီရီပိုင်အား ဂရုစိုက်ပေးသည့်အတွက် နန်ယုကို ကျေးဇူးတင်စကားပြောရန်လာရောက်လည်ပတ်လိုကြောင်း ပြောခဲ့သည်။
နန်ကျီမျက်စပစ်ပြခြင်းအား လျစ်လျူရှုကာ နန်ယု ဖေးယွင်ကျင်းကိုခေါ်ပြီး ဧည့်ခန်းဆီသို့ထွက်လာခဲ့သည်။ ၎င်းမှာ လီမိဘများနှင့် နန်ယုတို့ ပထမဆုံးတွေ့ဆုံခြင်းဖြစ်သည်။
လီသခင်ကြီးမှာ Flower နိုင်ငံမှဖြစ်ပြီး လီသခင်မမှာ မူရင်း မော့စ်လူမျိုးဖြစ်သော်လည်း Flower နိုင်ငံဘာသာစကားကိုလည်း ကျွမ်းကျင်စွာ ပြောဆိုနိုင်သည်။
လီဇနီးမောင်နှံနှစ်ဦးစလုံးမှာ အသက်ငါးဆယ်ကျော် ရှိနေသင့်သော်လည်း အလွန်ကောင်းမွန်စွာ ထိန်းသိမ်းထားသည်။ သူတို့အမူအရာများမှာ နုပျိုလန်းဆန်းသော အသွင်အားဖော် ပြနေသည်။
နန်ယုအား မြင်လိုက်သည်နှင့် သူတို့ မယုံကြည်နိုင်လောက်အောင် စိတ်အားထက်သန်မှုကို ပြသကြသည်။ ၎င်းမှာ ပေါ့တီးပေါ့ပျက် ချော့မော့မှုမျိုးမဟုတ်ဘဲ လှပသည့်အမျိုးသမီးတစ်ဦးအား အမှန်တကယ် လေးစားကြည်ညိုသည့် စိတ်သက်သက်သာဖြစ်သည်။ သူတို့မျက်လုံးများအတွင်းရှိ အရောင်တောက်တောက်မှာ လုံးဝ လွဲမှားနိုင်စရာမရှိချေ။
နန်ယု ဤကဲ့သို့ ချီးကျူးဂုဏ်ပြုခံရသော အခြေအနေမျိုးနှင့် ကျင့်သားရပြီးဖြစ်သည်။
လီသခင်မ နန်ယုလက်အား ဆွဲယူရန် ကြိုးစားလိုက်သည်၊ သို့သော် လီယွမ်မို ရက်ရက်စက်စက် တားဆီးလိုက်သည်။
"စကားပြောရုံပဲ၊ လက်နဲ့ မထိနဲ့!"
"ဟုတ်တယ်၊မား နန်ကျဲနဲ့ ဝေးဝေးနေ!"
လီရီပိုင်ပင်လျှင် နန်ယုရှေ့တွင် ရပ်နေခဲ့ပြီး သူ့မျက်နှာချင်း ဆိုင်ရှိ မိဘနှစ်ပါးမှာ နတ်ဆိုးတစ်မျိုးမျိုးကဲ့သို့ ထူးဆန်းနေ သည်ဟုထင်ရသည်။
"မင်းတို့မိသားစုက တစ်ခုခုတော့မှားနေပြီ!"
ဤထူးဆန်းပြီး မနှစ်မြို့ဖွယ်ခံစားမှုမှာ သူတို့ထိုင်ချလိုက်သည်နှင့် ပိုမို ပြင်းထန်လာခဲ့သည်။
လီသခင်ကြီး စကားစပြောပြီးနောက် လီသခင်မ ဆက်ပြောလာသည်။ လီသခင်မ စကားပြောပြီးနောက် သူတို့နူးညံ့သော အကြည့်များဖြင့် အပြန်အလှန်ဖလှယ်ကြပြီးနောက် နန်ယုအား တောက်ပသောမျက်လုံးများဖြင့် စိုက်ကြည့်ကြသည်။ နန်ယု ခေါင်းညိတ်ပြုံးပြလိုက်သောအခါ သူတို့ အတည်ပြုချက် ရရှိသည့်အလား အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်သွားပုံရသည်။
ဤသို့သော ထူးခြားသည့် မိသားစုလေထုမျိုးအောက်တွင် လီယွမ်မို တိတ်ဆိတ်၍ မပြောမဆိုတတ်သော စရိုက်အား ရရှိလာခြင်းမှာ အံ့သြစရာမရှိတော့ချေ။
"ဆွေးနွေးစရာ အရေးကြီးကိစ္စမရှိဘူးလား ?"
နောက်ဆုံးတွင် လီယွမ်မို သည်းမခံနိုင်တော့ဘဲ စကားစပြောလိုက်သည်။
သူ့မိဘများ နန်ယုနှင့် ဆွေးနွေးစရာ အရေးကြီးကိစ္စတစ်ခုရှိကြောင်း ကတိပြုခြင်းမရှိခဲ့ပါက သူတို့အား ဤနေရာသို့ ခေါ်ဆောင်လာမည် မဟုတ်ပေ။
ဘာကိစ္စလဲဟု မေးသောအခါ သူတို့ ထုတ်ဖော်ရန် ငြင်းဆန်ခဲ့သဖြင့် လီယွမ်မို သူ့အား လှည့်ဖြားနေသည်ဟု သံသယဖြစ်နေခဲ့သည်။
"အို၊ ဟုတ်သားပဲ"
လီသခင်မ အရေးကြီးသောကိစ္စအား ခုမှ သတိရသွားပုံရပြီး သူ့အိတ်ကပ်ထဲမှ သေတ္တာငယ်လေးတစ်ခုအား အလျင်အ မြန်ဆွဲထုတ်လိုက်သည်။
"သခင်မလေးနန်၊ တစ်စုံတစ်ယောက်က ဒီပစ္စည်းကို ရှင့်ဆီ ပေးခိုင်းလိုက်ပါတယ်"
နန်ယု တုန်လှုပ်အံ့အားသင့်သွားသည်! တစ်စုံတစ်ယောက်က သခင်မလီအား သူမဆီ ပေးဖို့ မှာကြားခဲ့သည်တဲ့လား?
ဒါ အဝေးကနေ ကြိုတင်စီစဉ်ထားတဲ့ ဆက်သွယ်မှု မဟုတ်ဘူးလား? ထို့အပြင်၊ ၎င်းမှာ သူမနှင့် လီသခင်မတို့ ပထမဆုံး တွေ့ဆုံခြင်းသာ ဖြစ်သည်။ သူတို့ ယခင်က တစ်ခါမှ တွေ့ဖူးခြင်းမရှိခဲ့ပေ။
တကယ်ဆိုလျှင် ဤနှစ်ယောက်အား ပေးတာထက် လီယွမ်မိုအား ပေးခိုင်းလိုက်တာက ပိုစိတ်ချရပြီး အသုံးဝင်လိမ့်မည်။
"ဘယ်သူက ရှင်တို့ကို ဒီလိုလုပ်ဖို့ ပြောခဲ့တာလဲ?"
သေတ္တာငယ်ထဲတွင် USB ဒရိုက်ဗ်တစ်ခု ထည့်ထားသည်။ ၎င်းမှာ ရိုးရိုးရှင်းရှင်း ဒီဇိုင်းဖြစ်သောကြောင့် အခြားသော ဒရိုက်ဗ်များနှင့် ခွဲခြားရန်မလွယ်ကူပေ။
နန်ယု၏ သံသယဖြစ်နေသော အကြည့်အားသိရှိသော သခင် မလီမှာသူမသိရှိသည့် အချက်အလက် အားလုံးကို ထုတ်ဖော် ပြောပြလိုက်သည်။
သူမကိုယ်တိုင်ကပင် အခြေအနေအား သေချာမသိခဲ့ချေ။ ယခုနှစ် အစောပိုင်းက ဇနီးမောင်နှံသည် မြောက်ဘက်တွင် ခရီးသွားနေစဉ် နှင်းထုပြိုကျမှုကြောင့် သေလုနီးပါး ဖြစ်ခဲ့ရသည်။ ထိုစဉ်က အမျိုးသမီးငယ်တစ်ဦးမှာ သူတို့အားကယ် တင်ခဲ့သည်။ ဂူထဲပြန်လည်နိုးထလာသောအခါ သူမသည် သူတို့အား ဤ USB ဒရိုက်ဗ်ကိုပေးခဲ့ပြီး တစ်စုံတစ်ဦးအားပေး အပ်ရန် မှာကြားခဲ့သည်။
"အမည်မှာ နန်ပါတဲ့ တစ်စုံတစ်ဦး၊ ရှင်နဲ့ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးရှိလာမယ့် တစ်စုံတစ်ဦးတဲ့"
ထို့နောက်တွင် ထိုအမျိုးသမီးမှာ နှင်းထုများထဲ၌ ရုတ်ခြည်းပျောက်ကွယ်သွားပြီး လီဇနီးမောင်နှံအား ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ နောက်ပိုင်းတွင် ကယ်တင်နိုင်ခဲ့သည်။
သူတို့ USB ဒရိုက်ဗ်အား လက်ထဲတွင် တကယ်မကိုင်ထားခဲ့ပါက ၎င်းသည် သေလုမြောပါးအခြေအနေတွင် မြင်မက်ခဲ့သော စိတ်ကူးယဉ်တစ်ခုဟုထင်မြင်ခဲ့ပေလိမ့်မည်။
သို့သော် ထိုသို့ဖြစ်လင့်ကစား ဇနီးမောင်နှံနှစ်ဦးစလုံး ဤကိစ္စအား သာမန်ထက်ထူးခြားသော လမ်းကြောင်းတစ်ခုအဖြစ်စဉ်းစားခဲ့ကြသည်။
သူတို့ ပတ်ဝန်းကျင်တွင် နန်အမည်ပါသော သူငယ်ချင်းများ မရှိသည့်အပြင် အနာဂတ်တွင်ဖြစ်လာမည့် ဆက်သွယ်မှုအား ထိုအမျိုးသမီးက မည်သို့ကြိုတင်သိခဲ့သနည်း။
ဒါက ကြိုတင်ဟောကိန်းလား ဒါမှမဟုတ် သူက အနာဂတ်ကို မြင်နိုင်စွမ်းရှိတာလား!
အမှန်တကယ် အံ့သြဖွယ်ရာ မဟုတ်ပေဘူးလား ?
ဇနီးမောင်နှံမှာ USB ဒရိုက်ဗ်ထဲ ဘာတွေပါဝင်လဲ ဆိုသည် အား ကြည့်ရှုရန် ကြိုးစားခဲ့ကြသော်လည်း USB ဒရိုက်ဗ်သည် စကားဝှက်ဖြင့် ကာကွယ်ထားသည်။ ၎င်းအား အတင်း အကျပ် ဖြည်လျှင် အကြောင်းအရာများ ပျက်စီးသွားနိုင် သည်။ ထိုအမျိုးသမီးမှာ သူတို့အသက်အား ကယ်တင်ပေးခဲ့သူဖြစ်သောကြောင့် နှစ်ဦးစလုံး သူတို့၏စပ်စုလိုစိတ်အား ထိန်းချုပ်ထားခဲ့သည်။
သူတို့ ထိုကိစ္စအား တစ်နှစ်နီးပါး မေ့လျော့နေခဲ့ကြသည်။ နောက်ဆုံးတစ်ကြိမ် မိသားစုပြန်လည်ဆုံဆည်းချိန်တွင် လီရီပိုင် နန်ယုနှင့် ဖေးယွင်ကျင်း အကြောင်းအား အခါအားလျော် စွာပြောပြသောအခါ ၎င်းမှာ သူတို့အား ထိုကိစ္စကို ချက်ချင်း သတိရစေခဲ့သည်။
"ကျွန်မတို့ ချက်ချင်းလာခဲ့သင့်တာပါ"
သခင်မလီ အနည်းငယ် ရှက်ရွံ့ဟန်ဖြင့် ခေါင်းကုတ်လိုက်သည်။
"ဒါပေမယ့် ကျွန်မတို့ သဲကန္တာရခရီးသွားဖို့ အရင်ကတည်း ကစာရင်းပေးထားပြီးသားမို့၊ ဟားဟား၊ နည်းနည်းတော့ နှောင့်နှေးသွားတာပေါ့နော်"
ထို့နောက် သူတို့ Flower နိုင်ငံသို့ ရောက်သောအခါ နန်ယု ခရီးထွက်သွားကြောင်း ကြားသိခဲ့ရသည်။ နောက်ဆုံးတွင် သူမ ပြန်ရောက်လာကြောင်း ကြားသိရသော်လည်း လီယွမ်မို သူတို့အား အိမ်သို့ ခေါ်လာရန်ငြင်းဆန်ခဲ့သည်။
ထို့ကြောင့် ဤကိစ္စမှာ ယနေ့အထိ ဆွဲဆန့်နေခဲ့ရသည်။
နန်ယု နှင့် အခြားသူများ : ...
မသင်္ကာ ဖြစ်စရာတွေကအများကြီးရှိနေတာမို့၊ ဘယ်အချက် ကနေ စပြီး မေးရမှန်းပင် မသိတော့ချေ!
"အထဲမှာ ဘာတွေပါလဲ?"
လီရီပိုင် သူ့မိဘများ စိတ်မချရကြောင်း သိထားသောကြောင့် ပထမဆုံး သတိပြန်ဝင်လာပြီး မေးမြန်းလိုက်သည်။
သို့သော်လည်း နန်ယု လည်းစကားဝှက်ကိုမသိပေ!
သူမအတွက် USB ဒရိုက်ဗ်အား မည်သူက ထားခဲ့သည်ကိုပင် မသိသလို၊ အဘယ်ကြောင့် ထိုသူ လီဇနီးမောင်နှံအား ပေးခဲ့သည်ကိုလည်း မသိပေ။
၎င်းမှာ ဤမျှ အရေးကြီးသော အရာဖြစ်ပါက လီဇနီးမောင်နှံထက် မည်သူကပို၍ စိတ်ချရမည်နည်း။
နောက်ပြီး....
ထိုအမျိုးသမီးမှာ နန်ယုနှင့် လီယွမ်မိုတို့ နှစ်အစပိုင်းတွင် ခင်မင်ရင်းနှီးမှုရှိလာမည်ကို မည်သို့ ကြိုတင်သိရှိခဲ့သနည်း။
၎င်းမှာ သိပ္ပံနည်းကျ ရှင်းပြနိုင်သော ကိစ္စမဟုတ်သည်မှာ ထင်ရှားသည်။
နောက်ပိုင်းတွင် လီဇနီးမောင်နှံ အသေးစိတ်အချက်အလက်များအား ပြန်လည်အမှတ်ရရန် ကြိုးစားခဲ့ကြသော်လည်း များများစားစား မမှတ်မိနိုင်ခဲ့ကြသဖြင့် နန်ယု USB ဒရိုက်ဗ်အား လက်ခံရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ တစ်စုံတစ်ဦး စကားထပ်မစခင်မှာပင် လီယွမ်မို သူတို့အား အမြန်ထွက်ခွာစေခဲ့သည်။
"ကျွန်မတို့ နန်သခင်မလေးကို ဒုက္ခမပေးပါဘူး"
သခင်မလီ မဲ့ပြုံးပြုံးလိုက်သည်။
"သား၊ မင်းက ကိုယ့်စိတ်ခံစားချက်ကို ဖျက်ဆီးနေတာပဲ!"
"ဟုတ်တယ်၊ ရှောင်မို၊ မင်း ဒီလိုမိန်းကလေးမျိုးနဲ့ဆိုရင် ဘာအခွင့်အရေးမှ ရှိမှာမဟုတ်ဘူး၊ မင်းလိုရုပ်ချောတဲ့သားကို မွေးထုတ်ခဲ့ရတာ ရှက်စရာပဲ!"
[T/N: ရှောင်မို - ငယ်နာမည် သို့မဟုတ် ချစ်စနိုးခေါ်သော နာမည်။ ရှောင် (Xiao) ဆိုသည်မှာ 'ငယ်ရွယ်သော' သို့မဟုတ် 'လေးစားစွာ' ခေါ်ဆိုခြင်း ဖြစ်သည်။]
သခင်ကြီးလီ နောက်ထပ် ထိုးနှက်လိုက်သည်။
"ဒီကြားထဲ မင်းက ဒီလောက် အသက်ကြီးနေပြီ၊ မိန်းကလေးလက်ကိုတောင် တစ်ခါမှ မကိုင်ဖူးသေးဘူး"
သို့သော် လီယွမ်မို ထိုအရာအား ခုခံကာကွယ်နိုင်စွမ်း ရှိနေပြီဖြစ်သည်။ သူ့အမူအရာမှာ မယိမ်းယိုင်ဘဲ မျက်လုံးများက "သွား!" ဟူသော စကားလုံးတစ်လုံးတည်းကိုသာ ဖော်ပြနေသည်။
ကောင်းပြီ၊ ဖခင်နှင့် မိခင်တို့မှာ အကြည့်ချင်းဖလှယ်ကြပြီး သူတို့သားအားကြောက်ရွံ့နေပုံရသည်။ မကျေမနပ်ပြုံးလျက် သူတို့ ထရပ်ကာ ခွင့်တောင်းလိုက်ကြသည်။
လီရီပိုင် ခဏကြာအောင်နေပြီး ဆက်ကစားချင်သော်လည်း၊ သူ့အစ်ကို ထိုသို့ တင်းမာသောအခြေအနေမျိုးတွင် ရှိနေ သည်ကို မြင်သောအခါ သူ အိမ်ပြန်ရောက်သည်နှင့် မိဘများအား ဆူပူမည်မှာ သေချာသည်။ ကောင်လေး သူ့မိဘများ ဆူပူခံရသည်အားကြည့်ရသည်မှာ ပိုပျော်စရာကောင်းသည်ဟု တွေးကာ သူ့မိသားစုနှင့်အတူ ထွက်ခွာရန်ဆုံးဖြတ်လိုက်သည်။
သူတို့ ထွက်သွားပြီးနောက် နန်ယု ဖေးယွင်ကျင်းအား ဦးလေးကျိုးထံ အမြန်ပေးလိုက်ပြီး သူမ အခန်းသို့ အလျင်အမြန် ပြန်သွားခဲ့သည်။ သူမ ကွန်ပျူတာကို ဖွင့်ကာ USB ဒရိုက်ဗ်အား ထည့်လိုက်သည်။ သေချာပါတယ်၊ စကားဝှက်လိုအပ်နေသည်။
ကွန်ပျူတာမျက်နှာပြင် ရှေ့တွင်ထိုင်လျက် နန်ယု မျက်နှာ ပြင်အားစိုက်ကြည့်နေပြီး အတွေးများနေသည်။
နန်ယု USB ဒရိုက်ဗ်အား သူမ ဖုန်းဖြင့် ဓာတ်ပုံရိုက်ပြီးနောက် သဲလွန်စများအတွက် ရှာဖွေခဲ့သည်။ ၎င်းအား လေးနှစ်ခန့်က ကုမ္ပဏီတစ်ခုမှ ထုတ်လုပ်ခဲ့ပြီး အရောင်းအဝယ် ကောင်းခဲ့သည်။ မိတ္တူသန်းပေါင်းများစွာ ရောင်းချခဲ့ရနိုင်သည်။ ၎င်းမှ သဲလွန်စများ ရှာဖွေခြင်းမှာ လုံးဝ မဖြစ်နိုင်ပေ။
သူမ လီဇနီးမောင်နှံ ပြောခဲ့သည့် စကားများအား ပြန်လည် အမှတ်ရလိုက်သည်။
ထိုအမျိုးသမီးမှာ အလွန်ငယ်သည်။
သို့သော် သူမ ထိုအမျိုးသမီး၏ပုံပန်းသဏ္ဍာန်အား ပြန်သတိမရနိုင်တော့ပေ၊ မျက်နှာသွင်ပြင် တစ်ခုမျှ မှတ်မိခြင်းမရှိတော့ချေ။
သူတို့ နိုးလာသောအခါ ဂူထဲတွင် ရှိနေသည်။ အလင်းရောင် မှိန်မှိန်ရှိပြီး မီးသာ ထွန်းညှိထားသည်။ သူတို့၏ရုပ်ပိုင်းဆိုင် ရာမသက်မသာမှုမှာ အခြားအရာများအား အသေးစိတ်လေ့ လာရန် အချိန်မပေးခဲ့ချေ။
အချိန်အကြောင်းပြောရလျှင် တောင်များပေါ်တွင် ရက်ပေါင်းများစွာ ပိတ်မိနေခဲ့ရသောကြောင့် ထိုအမျိုးသမီးပေါ် လာခဲ့သည့် တိကျသောနေ့အားမသေချာနိုင်သလို၊ နေ့လား ညလားဆိုတာတောင် မသိနိုင်ပေ။ သူတို့ နန်ယုအား ခန့်မှန်း ခြေအတိုင်းအတာသာပေးခဲ့သည်။
ဖေဖော်ဝါရီ ၁၅ ရက်မှ ဖေဖော်ဝါရီ ၁၇ ရက်အတွင်း
ရက်စွဲများကိုကြည့်ပါက ၎င်းတို့သည် သာမန်ရက်များသာ ဖြစ်ပြီး ထူးခြားသောအရာမရှိခဲ့သည်ကိုတွေ့ရမည်။
သို့သော် ၎င်းမှာ နန်ယု တစ်ဦးတည်းသာ သိသောအရာဖြစ် သည်။
ဖေဖော်ဝါရီ ၁၆ရက်တွင် သူမ 'နန်ယု' ဖြစ်လာပြီး ဤကမ္ဘာမှ နိုးထလာခဲ့သည်။
နန်ယု ထိုစဉ်က အရူးအမူး ဖြစ်ခဲ့သော 'နန်ယု' ၊ ဖေးယီကျန့်၏ ထူးခြားမှု၊ ခေါ်ဆိုသော ကံကြမ္မာ နှင့် "မင်းဟာ ငါ့ရဲ့ အလင်းရောင်" ဟူသော စာအုပ်အား တွေးလိုက်သည်။
နောက်ဆုံးတွင် သူမ ဤကမ္ဘာသို့ မရောက်မီ အဖြစ်အပျက်များအား တွေးလိုက်သည်။
နန်ယု သူမ သေဆုံးခဲ့ခြင်း ရှိမရှိ သို့ အခြားကံမကောင်းမှုတစ်ခုခုနှင့် ကြုံတွေ့ခဲ့ခြင်း ရှိ၊ မရှိ မှတ်မိခြင်းမရှိပေ။ ၎င်းမှာ သူမ မျက်လုံးဖွင့်ပြီး ပိတ်လိုက်သည်နှင့် မှောင်မဲသောနေရာတစ်ခုတွင် ရောက်ရှိလာသကဲ့သို့ ဖြစ်သည်။
ထို့နောက် သူမ ပြန်လည်မွေးဖွားရန် ငြင်းဆန်ခဲ့သော နန်ယု ဖြစ်သည့် 'နန်ယု' အား မြင်လိုက်ရသည်။
ထို 'နန်ယု' သည် ဤအခွင့်အရေးအား စွန့်လွှတ်လိုက်တာလား? သူ ရိုးရှင်းစွာ ပျောက်ကွယ်သွားသလား သို့မဟုတ် အခြားအခွင့်အရေးကို ရှာတွေ့ခဲ့သလား?
သူ မသိပေ။
သို့သော် နိုးထလာပြီးနောက် နန်ယု အခြားဝတ္ထုများတွင် ဖော်ပြထားသည့်အတိုင်း 'နန်ယု' ၏ ရောက်ရှိနေခြင်းကို တစ်ခါမျှ မခံစားခဲ့ရဘဲ ခံစားချက်များ ကျန်ရှိနေခြင်းလည်း မရှိခဲ့ပေ။ ဖေးယီကျန့် သို့မဟုတ် နန်မိသားစုဘက်သို့ ဖြစ်စေ နန်ယု ဤခန္ဓာကိုယ်မှာ သန့်ရှင်းနေပြီး အမှတ်ရစရာများသာ ရှိနေသည်ဟု ခံစားခဲ့ရသည်။
ခဏတာ စိုက်ကြည့်ပြီးနောက် နန်ယု ရုတ်တရက် ဖြောင့်မတ်စွာထိုင်လိုက်ပြီး ကီးဘုတ်ပေါ်တွင် နံပါတ်များနှင့်စာလုံးများ ပေါင်းစပ်မှုအား လျင်မြန်စွာရိုက်ထည့်လိုက်သည်။
၎င်းမှာ 'နန်ယု' အမြဲတမ်း အသုံးပြုခဲ့သော အကောင့်စကား ဝှက် ဖြစ်သည်။ ၎င်းသည် ဖေးယီကျန့်၏ အမည်မှစာလုံးများ၊ သူ့မွေးနေ့နှင့် နန်ယု အမည်တို့ကိုပေါင်းစပ်ထားသည်။ အခြားမည်သူမျှ မသိနိုင်သော စကားဝှက်ဖြစ်သည်။
နန်ယု ထိုစကားဝှက်အား မည်သူ့ကိုမျှ မမျှဝေခဲ့ကြောင်းလည်း သူ သေချာခဲ့သည်။
တစ်စက္ကန့်အကြာတွင်
USB ဒရိုက်ဗ်အတွင်းရှိဖိုင်များ၏မျက်နှာပြင်မှာ နန်ယုရှေ့ပေါ်လာသည်။
စကားဝှက်၊ မှန်ကန်ပါသည်။