အခန်း (၈၇)
Vol. 10 Ch. 87
USB ဒရိုက်ဗ်ထဲတွင် ပါဝင်သည်မှာ များများစားစား မဟုတ်ပေ။
ဗီဒီယိုဖိုင် တစ်ခုနှင့် TXT စာရွက်စာတမ်း တစ်ခုသာရှိသည်။
နန်ယု စာရွက်စာတမ်းအား အရင်ဆုံး ဖွင့်ကြည့်လိုက်သည်။
"မင်္ဂလာပါ နန်ယု"
"ကျွန်မ အများကြီး မပြောနိုင်တာကို တောင်းပန်ပါတယ် ဒါပေမယ့် ရှင့်ကို ယုံကြည်ပါတယ်၊ ရှင့် စိတ်နှလုံးသားစေရာကို လိုက်နာရင် အရာအားလုံးကိုပြောင်းလဲနိုင်ပါတယ်"
"အဲ့ဒီအချိန်ကျ ကျွန်မ ရှင့်ကို စောင့်နေပါ့မယ်"
ဤကဲ့သို့သော ဝါကျသုံးကြောင်းသာလျှင် လူအများစုအား စိတ်ရှုပ်ထွေးစေမည်ဖြစ်သည်။
နန်ယု ကိုယ်တိုင်ပင်လျှင် ၎င်းတို့အား လုံးဝနားမလည်နိုင်ပေ။
သူ ကံကြမ္မာကို ဆန့်ကျင်တဲ့အကြောင်းပြောနေတာလား?
အဲဒီအချိန်က ဘယ်အချိန်လဲ ?
စိတ်ရှုပ်ထွေးနေသော နန်ယု နောက်ထပ် ဗီဒီယိုဖိုင်အားချက် ချင်း ဖွင့်ကြည့်လိုက်သည်။ ၎င်းမှာကြာမြင့်ခြင်းမရှိစုစုပေါင်း ခုနစ်မိနစ်ကျော်သာရှိသည်။
သို့သော် ၎င်းအား ကြည့်ပြီးနောက် နန်ယု နောက်တစ်ကြိမ် တအံ့တသြဖြစ်သွားခဲ့သည်။
ဗီဒီယိုတွင် လွန်ခဲ့သော နှစ်နှစ်ဆယ်က ပေထန်သခင်ကြီးနှင့် ဖေးမိသားစုအကြီးအကဲတို့ ဖေးယီကျန့်မိဘများ၏ မတော် တဆသေဆုံးမှုအား ပူးပေါင်းကြံစည်နေသည့် မှတ်တမ်းဗီဒီယိုကို ပြသခဲ့သည်။
ပေထန်သခင်ကြီး၏ မျက်နှာမှာည် အများကြီးပိုငယ်နေသော် လည်း သူ့အား ချက်ချင်းမှတ်မိနိုင်သည်။ နန်ယု အခြားဖေးမိသားစု အကြီးအကဲကိုလည်း မြင်ခဲ့ပြီး သူ ယခုတိုင်အသက် ရှင်လျက်ရှိသည်။
နန်ယုသည် နန်ကျီ လွန်ခဲ့သော နှစ်ရက်အတွင်း ပေထန်သခင်ကြီးနှင့်လူသတ်မှုအားဆက်စပ်ပေးမည့် သက်သေ အထောက်အထားအား ဝူရွှယ်ခိုင်ထံမှ ဖော်ထုတ်ရန်ကြိုးစားနေကြောင်း သိထားသော်လည်း တိုးတက်မှုမရှိခဲ့ပေ။
ဝူရွှယ်ခိုင်မှာ သက်သေအထောက်အထား မရှိကြောင်းနှင့် ပေထန်မိသားစုနှင့် ဆက်နွယ်မှုမရှိကြောင်း ပြောဆိုနေခဲ့ပြီး သူ အခြားသူများထံမှသာ ကြားသိရကြောင်း အခိုင်အမာပြောဆိုနေခဲ့သည်။
ဒီမြေခွေးအို...
နန်ကျီ လုံလောက်သော မက်လုံးများမရှိဘဲ ဝူရွှယ်ခိုင် သက် သေအထောက်အထား ပေးအပ်ရန်ခက်ခဲလိမ့်မည်ကို သိထားသဖြင့် သူ ဝူရွှယ်ခိုင်အား ကိုင်တွယ်ဖြေရှင်းနေစဉ် သူနှင့်ဖေးယီကျန့်တို့ အခြားနည်းလမ်းများအား ရှာဖွေနေခဲ့ကြသည်။
အချိန်ကုန်လွန်နေပြီး သူတို့ နောက်ကျလေလေ အရာရာပိုဆိုးရွားလေ ဖြစ်လိမ့်မည်။
အန်းနင် မကြာသေးမီက အိမ်ပြောင်းရွှေ့ခြင်းမှလွဲ၍ အိမ်မှ မထွက်ခဲ့ပေ။ သူမ ဤအချိန်တွင် အပြင်ထွက်ခြင်းမှာ အနည်းငယ် အဆင်မပြေကြောင်း သိထားပြီး နန်ကျီနှင့် အခြားသူများအား စိုးရိမ်ပူပန်မှု မပေးလိုသော်လည်း ဤကဲ့သို့ ပုန်းအောင်းနေခြင်းသည်လည်း ရွေးချယ်စရာမဟုတ်ပေ။
သက်သေအထောက်အထား ရုတ်တရက် ရောက်ရှိလာလိမ့် မည်ဟု မည်သူက ထင်မည်နည်း။
နန်ယု ထိုအရာအား သဘောပေါက်သည်နှင့် ပထမဆုံး လုပ် ဆောင်သည်မှာ သတိထားရန် ဗီဒီယိုကို မိတ္တူများစွာ ကူးယူခြင်းဖြစ်သည်။ USB ဒရိုက်ဗ်ကို မည်သူကပေးခဲ့သည်၊ သို့မဟုတ် သူတို့ရည်ရွယ်ချက်များက ဘာလဲဆိုတာကိုမခွဲ ခြားဘဲ အနည်းဆုံး သူမအား ပေးခဲ့သည့်အရာမှာ ယခုအချိန် တွင် အသုံးဝင်နေသည်!
အနာဂတ်အတွက် နန်ယု ထိုစာရွက်စာတမ်းပါ စကားလုံးများ ၏အဓိပ္ပာယ်အား နားမလည်နိုင်သဖြင့် သူမ ၎င်းတို့အား ဘေးဖယ်ထားရန် ဆုံးဖြတ်လိုက်သည်။
အချို့သောအရာများမှာ အချိန်ကာလတစ်ခုတွင် ရှင်းရှင်း လင်းလင်း ဖြစ်လာသည်!
"နန်ကျီ!"
"ဟေး!"
ဖုန်းချိတ်ဆက်သွားပြီး နန်ယု ချက်ချင်း အဓိကအချက်အား ပြောလိုက်သည်။
ဥယျာဉ်ထဲတွင် အန်းနင်နှင့် လမ်းလျှောက်နေသော နန်ကျီ : ...
တစ်စုံတစ်ဦး သူတို့အား အမည်အပြည့်အစုံဖြင့် ခေါ်သော အခါ ၎င်းမှာ သတင်းဆိုးဖြစ်လေ့ရှိသည်။
သို့သော် သူ ဤတစ်ကြိမ်တွင် မှားသွားခဲ့သည်။
ဤတစ်ကြိမ်တွင် ၎င်းမှာ သတင်းကောင်း၊ တကယ် သတင်း ကောင်း ဖြစ်သည်!
"ဘယ်လိုကြင်နာတတ်တဲ့သူက နင့်ကို ဒီ USB ဒရိုက်ဗ်ပေးခဲ့တာလဲ ?"
နန်ကျီ သာမန်ထင်ရသော USB ဒရိုက်ဗ်အား စူးစမ်းစွာကစား နေသည်။ အထဲမှ TXT ဖိုင်ကို နန်ယု ဖျက်လိုက်ပြီး ဗီဒီယိုသာ ကျန်ရှိတော့သည်။
"မသိဘူး"
"ထားလိုက်ပါတော့၊ ဒီအကြောင်း နောက်မှ ပြောကြမယ်။ အရင်ဆုံး ပေထန်မိသားစုက အဲဒီသားရဲအဘိုးအိုကြီးကို ထောင်ထဲထည့်လိုက်ရအောင်!"
နန်ကျီ USB ဒရိုက်ဗ်အား နန်ယုထံ ပြန်ပေးလိုက်သည်။
"ဒါနဲ့၊ ငါ ဒီအကြောင်းကို ဖေးယီကျန့် နဲ့ ပြောဖို့လိုတယ်၊ ငါ..."
"ငါ သူ့ကို ပြောထားပြီးပြီ၊ သူ မကြာခင် ရောက်လာလိမ့်မယ်"
နန်ကျီ : "... အရမ်းမြန်တာပဲ"
နန်ယု နန်ကျီစိတ်ထဲမှ စကားအား ချက်ချင်း နားမလည်နိုင်ခဲ့ပေ။ " ပိုမြန်နေရင် မကောင်းဘူးလား?" မဟုတ်ရင် အရာတစ်ခုခုက သူမစိတ်ထဲတွင် အမြဲတမ်းလေးလံနေခြင်းသည် အလွန်မသက်မသာဖြစ်စေသည်။
နန်ကျီ ခေါင်းညိတ်ပြီး ဟုတ်သည်ဟုသာ ပြောနိုင်တော့ သည်။ တစ်ခါတစ်ရံ နန်ယု အတော်လေး ဉာဏ်ကောင်းသော် လည်း အဘယ်ကြောင့် တစ်ခါတစ်ရံ သူမသည် တည့်တိုးမတွေးနိုင်ရသနည်း။
သူက အဲဒါကို ဆိုလိုတာလား?! အား!
သို့သော် ဗီဒီယိုကိစ္စမှာ ယခုအခါပိုအရေးကြီးသည်။ နန်ကျီ ဘာအရေးကြီးသည်ကို သိပြီး ဦးစားပေးလုပ်ဆောင်သည်။ သူ ချက်ချင်း ရှေ့နေအား ဖုန်းခေါ်လိုက်သည်။ သူ ဒီည တစ်ညလုံး နိုးနေရပေလိမ့်မည်။
---
ဇန်နဝါရီ ၂၆ ရက်၊ တရုတ်နှစ်သစ်ကူးအကြိုနေ့ မတိုင်မီ နှစ်ရက်အလို။
ကျောင်းသားများ ကျောင်းပိတ်ရက် ရရှိထားချိန်နှင့် ရွှေ့ ပြောင်းအလုပ်သမားအများစု မိသားစုပြန်လည်ဆုံဆည်းရန် အိမ်အသီးသီးသို့ ပြန်လာကြသည့် ဤနေ့တွင် သတင်းကြီးတစ်ပုဒ်မှာ ရုတ်တရက် ခေတ်စားသော ခေါင်းစဉ်ဖြစ်လာခဲ့သည်။
၎င်းမှာ နှစ်ပေါင်း နှစ်ဆယ်က ဖြစ်ပွားခဲ့သော ယာဉ်မတော် တဆမှုဟောင်း တစ်ခုနှင့် ပတ်သက်နေသည်။
ထိုစဉ်က Flower နိုင်ငံ၏အချမ်းသာဆုံးဇနီးမောင်နှံဖြစ်သည့် ဖေးမိသားစုအား သေဆုံးစေခဲ့သော ကားမတော်တဆမှုမှာ ထိုခေတ်ကာလတွင် အကြီးမားဆုံး သတင်းတစ်ပုဒ် ဖြစ်ခဲ့သောကြောင့် သက်ကြီးရွယ်အိုများမှာ ထိုဖြစ်ရပ်အား မရေ ရာစွာ မှတ်မိနေဆဲဖြစ်နိုင်သည်။ ထိုခေတ်က အချမ်းသာဆုံး ပုဂ္ဂိုလ်များသည် ယနေ့ခေတ် ထိပ်တန်းအချမ်းသာဆုံးများထက် နာမည်ကျော်ကြားမှုမနည်းခဲ့ပေ။
မစ္စတာဖေးသည် ရုပ်မြင်သံကြားတွင် မကြာခဏ ထွက်ပေါ်နေဆဲဖြစ်ပြီး မစ္စစ်ဖေးသည်လည်း အတော်အတန် နာမည်ရသော ပန်းချီဆရာတစ်ဦးဖြစ်သည်။ သို့သော် ၎င်းကို မူလက ရိုးရိုးမတော်တဆမှုအဖြစ် အဆုံးသတ်ခဲ့ပြီး နောက်ဆက်တွဲပြဿနာများသည်လည်း အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်းမှေးမှိန်ပျောက်ကွယ်သွားခဲ့သည်။
နှစ်နှစ်ဆယ်အကြာတွင် ထိုအမှု ပြန်လည်ပေါ်ပေါက်လာလိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။
၎င်းမှာ မတော်တဆမှုမဟုတ်ဘဲ ငွေကြေးအတွက် တမင်ကြံစည်သော လူသတ်မှုဖြစ်နေသည်!
ကြံစည်သူမှာလွန်ခဲ့သည့် တခဏကမှ လူသိရှင်ကြားတောင်း ပန်ခဲ့သော ပေထန်သခင်ကြီးမှလွဲ၍ အခြားသူမဟုတ်ပေ!
အင်တာနက်အသုံးပြုသူများမှာ မကြာသေးမီက အဘိုးကြီးအား သနားခဲ့ပုံနှင့် သူ့ဘက်ကနေ ကာကွယ်ပြောဆိုခဲ့ပုံကို ပြန်လည်တွေးမိကြသောအခါ သူတို့မျက်နှာ သူတို့ ပြန်ရိုက်ချင်စိတ်ပေါက်လာကြသည်။
"အပေါ်ယံတန်းကောက်လျှင် အောက်ခြေတန်းလည်း ကောက်သည်" ဆိုသော ရှေးစကားအတိုင်းပင်။
ပေထန်ယောင်လို လူတစ်ယောက်အား မွေးထုတ်ခဲ့သော မစ္စတာပေထန်သည်လည်း လူကောင်းတစ်ဦး မဟုတ်နိုင်ဟု လူအများက ကောက်ချက်ချကြသည်။
၎င်းမှာ အွန်လိုင်းပေါ်တွင် လွှမ်းမိုးနေသော ထင်မြင်ချက်ဖြစ်ခဲ့သည်။
လပေါင်းများစွာ ပြန်လည်ထူထောင်ပြီးနောက် ပေထန်မိသားစုနောက်ဆုံးတွင် တည်ငြိမ်မှုရခဲ့သော်လည်း ယခုကြုံ တွေ့ရသော ဤအကျပ်အတည်းမှာ အဆုံးသတ်ဆီသို့ရောက် တော့မည့် ရှင်းလင်းသောလက္ခဏာ ဖြစ်သည်။ ရဲများ ဖမ်းဝရမ်းဖြင့် အဘိုးကြီး၏အိမ်သို့ ရောက်ရှိလာသောအခါ သူ နှလုံးရောဂါဖောက်ပြီး အရေးပေါ် ကုသမှုအတွက် ဆေးရုံသို့ တင်လိုက်ရသည်။
သူ အသက်ရှင်နိုင်ခဲ့လျှင်တောင် ဖေးယီကျန့်၏ ခိုင်မာစွာ မှတ်တမ်းတင်ထားသော စွပ်စွဲချက်များအား ရင်ဆိုင်ရမည်ဖြစ်သည်။ ပေထန်မိသားစုမှာ အမြဲတမ်း အဘိုးကြီးဦးဆောင်မှုအား လိုက်နာခဲ့သောကြောင့် သူတို့၏အဓိကမှီခိုရာ ပြိုလဲသွားသောအခါ မတည်မငြိမ်ဖြစ်သော စိတ်ထားရှိသူများ အများအပြား ပေါ်ပေါက်လာသည်။
"အခုပဲ ကိုယ့်အတွက် ရနိုင်သလောက် ယူထားဖို့ မကြိုးစားရင် နောက်မှ ဘာမှ ကျန်တော့မှာ မဟုတ်ဘူး" ဟူသော အတွေးများဖြင့် ပေထန်မိသားစု စုဆောင်းထားသည့် ပစ္စည်းတချို့မှာ ရက်အနည်းငယ်အတွင်း ပျောက်ကွယ်သွားသည်။ မည်သူကယူသွားသည် သို့မဟုတ် မည်သည့်နေရာသို့ ရောက် သွားသည်ကို မည်သူမှ မသိချေ။ အိမ်ဟောင်းရှိ တန်ဖိုးရှိ သောအရာများအားလုံးနီးပါး လုယူခံလိုက်ရသည်။
အချို့သော မိသားစုဝင်များမှာ သူတို့မျိုးရိုးအမည်ကိုပင် ပြောင်းလဲရန် စဉ်းစားခဲ့သည်။ ပေထန်မိသားစု၏ဂုဏ်သတင်းမှာ လုံးဝ ပျက်စီးသွားသောကြောင့် ဖြစ်သည်။ ပေထန်မှာ ရှားပါးမျိုးရိုးအမည်ဖြစ်ရာ အနာဂတ်တွင် Flower နိုင်ငံတွင် နေထိုင်လိုပါက မျိုးရိုးအမည်ပြောင်းရန် လိုအပ်သည်၊ မဟုတ်ပါက သေချာပေါက် အထူးအဆန်းကြည့်ခံရပေလိမ့်မည်။
ဖေးမိသားစုအကြီးအကဲလည်း အလားတူ ဖြစ်ခဲ့သည်။ ဖေးရှင်းလင်သည် အကြီးအကဲများမှာ ဖေးမိသားစုအတွက် သစ္စာရှိစွာဆောင်ရွက်ပြီး ကိုယ်ကျိုးမဖက်ဟု အမြဲတမ်းတွေးခဲ့သည်။ သို့သော် ဤကိစ္စ ပေါ်ပေါက်လာသောအခါ ဖေးရှင်းလင်သည် အကြီးအကဲမှာ မိသားစုခေါင်းဆောင်အားသတ် ဖြတ်ရန် ရဲရဲတင်းတင်း လုပ်ခဲ့ခြင်းကြောင့် အကြီးအကျယ် ထိတ်လန့်သွားခဲ့သည်။
သူ ယခု ဖေးယီကျန့်နှင့် မည်သို့မျက်နှာချင်းဆိုင်ဝံ့မည်နည်း။ ဖေးရှင်းလင် တစ်ညတည်းနှင့် အသက်ကြီးသွားသကဲ့သို့ ဖြစ်သွားသည်။ စဉ်းစားပြီးနောက် သူ ဖေးယီကျန့်ထံ ဖုန်းခေါ်ဆိုမှုတစ်ခုပြုလုပ်ခဲ့သည်။ သူတို့နှစ်ဦး ဘာပြောခဲ့သည်ကို မသိရသော်လည်း နောက်တစ်နေ့တွင် ဖေးရှင်းလင် အကြီးအကဲရာထူးမှ နုတ်ထွက်ခဲ့သည်။
သူ့ပိုင်ဆိုင်မှု၏အခြေခံစားဝတ်နေရေးအတွက် အာမခံနိုင်သော အစိတ်အပိုင်းကိုသာ ချန်လှပ်၍ ကျန်အားလုံးကိုနိုင်ငံ တော်သို့ လှူဒါန်းခဲ့သည်။ ထို့နောက် ဖေးရှင်းလင် ဖေးမိသား စုမှပြောင်းရွှေ့ထွက်ခွာကာ သက်ကြီးရွယ်အို စောင့်ရှောက်ရေးရိပ်သာတွင် နေထိုင်ခဲ့သည်။ လောကီ အာရုံများကိုစွန့် လွှတ်လိုက်ပြီး မည်သည့်အရာကိုမျှ ဂရုမစိုက်တော့သည့် သဘောထားဖြင့်ဖြစ်သည်။
ဖေးယီကျန့်နှင့် ဖေးရှင်းလင် မပါဝင်တော့သော ဖေးမိသားစုမှာ မည်သို့သော အခြေအနေမျိုးသို့ ရောက်ရှိနိုင်မည်နည်း။ ဤနှစ်သစ်ကူးတွင် ဖေးမိသားစုနှင့် ပေထန်မိသားစုတို့ ကိစ္စများကြောင့် လူတိုင်းညစာစားပြီး စကားပြောဆိုမှုများအတွက် အကြောင်းအရာသစ်များစွာ ပေါင်းထည့်ပေးခဲ့သည်။
အသက်ခုနစ်ဆယ်၊ ရှစ်ဆယ်အရွယ် အဘိုးအိုများပင်လျှင် ၎င်းအကြောင်းအား စကားဝိုင်းဖွဲ့နိုင်ကြသည်။
ကံကောင်းစွာဖြင့် Flower နိုင်ငံ စီးပွားရေးအခြေအနေမှာ တည်ငြိမ်နေဆဲဖြစ်ပြီး နောက်နှစ်တွင် ပိုမိုကောင်းမွန်လာလိမ့်မည်ဟု ခန့်မှန်းရသည်။
ဆိုရလျှင်၊ ဤအရှုပ်အထွေးများနှင့် ကြီးမားသော ပြောင်းလဲမှုများမှာနန်ယုအတွက် အရေးပါသောကိစ္စများမဟုတ်ခဲ့ချေ။
နန်ကျီ၏ အခြေအနေအား ဥပမာယူကြည့်ပါက သူ မကြာသေးမီက သိသိသာသာ ပိန်ကျသွားသည်ကို တွေ့ရသည်။ ပေထန်၊ ဖေးနှင့် နန်မိသားစုတို့နှင့် သက်ဆိုင်သော လုပ်ငန်းကိစ္စများအားလုံးစုပြုံပြီး ဖိစီးမှုများ ဖြစ်လာခဲ့သည်။ နေ့စဉ် စောစောသွား၍ နောက်ကျမှ ပြန်လာနေရသည့်အတွက် သူ့ခန္ဓာကိုယ်သာ သန်မာမှုမရှိခဲ့ပါလျှင် ယခုထက် စော၍ပင် ဒဏ်မခံနိုင်ဘဲ ပြိုလဲသွားနိုင်ဖွယ်ရှိသည်။
သို့သော် ဘာတတ်နိုင်မည်နည်း။
နန်ကျီ ညဘက်တွင် အန်းနင်လက်ထဲ၌သာ ငိုနိုင်ပြီး သူ့ခက်ခဲမှုများအား ညည်းညူနိုင်ကာ သူ့ဇနီးထံမှအနမ်းအနည်းငယ် ရယူနိုင်ပြီး၊ နောက်တစ်နေ့မနက်တွင် အလုပ်အတွက် ထပ်မံထွက်သွားရသည်။
ဤအတောအတွင်း နန်ယုနှင့် ဖေးယွင်ကျင်းတို့ နှစ်သစ်ကူးအား အတူတူ မည်သို့ကုန်ဆုံးရမည်ကို ပျော်ရွှင်စွာ ဆွေးနွေးနေကြပြီဖြစ်သည်။
ဤနှစ်သစ်ကူးမှာ သူတို့အားလုံးအတွက် အတူတကွ ဆင်နွှဲရမည့် ပထမဆုံး နှစ်သစ်ကူးအကြို ဖြစ်သည်။ ယခင်က နှစ်သစ်ကူးအကြိုညများတွင် အန်းနင်၊ အန်းရီရန်နှင့် ဖေးယွင်ကျင်းတို့မှာ အထီးကျန်ခြင်းနှင့်ဆိတ်ငြိမ်ခြင်းများဖြင့်သာ အချိန်ကုန်ခဲ့ရသည်။ သို့သော် ယခုနှစ်တွင်မူ အခြေအနေမှာ လုံးဝ ပြောင်းလဲသွားပြီဖြစ်သည်။
"အရင်နှစ်သစ်ကူးအကြိုနေ့တွေတုန်းက အိမ်ဟောင်းမှာ ညစာအတူစားကြပေမယ့် အဲဒါက အရမ်းပျင်းစရာကောင်းတယ်"
နန်ယု သူမ အတိတ်အား ပြန်ပြောင်းတွေးတောလိုက်သည်။ အဘိုးနန်တွင် ပါးပါးတစ်ဦးတည်းကိုသာ သားသမီးအဖြစ် ရှိခဲ့သော်လည်း၊ အဘိုးတွင် မောင်နှမများ ရှိခဲ့သည်။ ထိုမောင် နှမတစ်ဦးချင်းစီမှ ဆင်းသက်လာသော သားများနှင့်မြေးများလည်း အသီးသီးရှိနေသည်။ ထို့ကြောင့် မျိုးရိုးစဉ်ဆက်အရ ၎င်းတို့အားလုံးသည် ငါးဆက်မြောက်ဆွေမျိုးများ ဖြစ်ကြသည်။
သို့ရာတွင် ထိုဆွေမျိုးများမှာ အဘိုးအား ရံဖန်ရံခါမျှသာ လာရောက်တွေ့ဆုံကြပြီး တရုတ်နှစ်သစ်ကူးကာလအတွင်း၌သာ စုဝေးလေ့ရှိကြသည်။
နှစ်သစ်ကူးအကြိုနေ့မှာ နန်မိသားစု ပင်မအိမ်တော်အတွက် အလုပ်အရှုပ်ဆုံးနေ့ ဖြစ်သည်။
"နှစ်သစ်ကူးအကြိုနေ့ ပြီးတာနဲ့ ဘာမှလုပ်စရာမရှိတော့ဘူး၊ ဒါကြောင့် ကိုယ်ပိုင်အစီအစဉ်တွေ ဆွဲလို့ရပြီ"
ထို့နောက် နန်ယု ဖေးယွင်ကျင်းနှင့် အန်းရီရန်တို့အားလှမ်းကြည့်သည်။
"အပြင်ထွက်ပြီး ပျော်ပျော်ပါးပါး လည်ပတ်ကြမလား"
သို့သော် အန်းရီရန် ခေါင်းခါလိုက်သည်။
"ကျွန်တော် မေမေနဲ့ အတူနေချင်တယ်"
အန်းနင်၏ဗိုက်မှာ ကြီးထွားလာနေပြီ ဖြစ်ပြီး မေလတွင် မွေးဖွားမည့်ရက်မတိုင်မီ သုံးလခန့်သာလိုတော့သဖြင့် ခရီးသွားလာရေးမှာ ပို၍ ခက်ခဲလာသည်။
ထို့ကြောင့် အန်းရီရန်သည်လည်း အချိန်ရတိုင်း အန်းနင်ဘေးနားတွင် ရှိနေစေရန် အထူးဂရုစိုက်သည်။ ထို့အပြင် ဗိုက်ထဲရှိ ကလေးငယ်အတွက် ပုံပြင်များကို ဖတ်ပြပေးနေသည်။ သူသည် တကယ်ပြီးပြည့်စုံသော အစ်ကိုကြီးတစ်ဦးဖြစ်သည်။
ပေထန်မိသားစု ပြဿနာများ မရှိတော့သော်လည်း အန်းနင် သူမ၏ လက်ရှိကိုယ်ဝန်ဆောင် အခြေအနေတွင် အလွန်အ ကျွံအားထုတ်လုပ်ကိုင်၍မရနိုင်ပေ။ ထို့ကြောင့် ကြာရှည် လမ်းလျှောက်ရမည့် လှုပ်ရှားမှုများမှာ လုံးဝမသင့်လျော်တော့ချေ။
"ရှောင်ကျင်းရော ? ရှောင်ပိုင်နဲ့ တခြားလူတွေက ဘာတွေများစီစဉ်ထားလဲ?"
လီဇနီးမောင်နှံမှာ စ်ရက်အကြာတွင် ၎င်းတို့နေအိမ်သို့ပြန် သွားခဲ့ကြသည်။ သူတို့သည် နှစ်ပတ်လည်နေ့မှလွဲ၍ အခြားအားလပ်ရက်များကို ဂရုစိုက်ဟန်မပေါ် သလို၊ နှစ်သစ်ကူးအတွက်လည်း နေမည်ဟု မပြောခဲ့ကြပေ။ ထို့ကြောင့် လီယွမ်မိုနှင့် လီရီပိုင်တို့သည်လည်း အားလပ်ချိန်ရရှိသင့်သည်။
ဖေးယီကျန့် အကြောင်းတွေးမိတော့...
ဖေးမိသားစုမှာ ဒေဝါလီခံလုနီးပါးဖြစ်နေပြီး သူသည်လည်း ဆွေမျိုးပေါက်ဖော် များများစားစား မရှိသောကြောင့် နှစ်သစ်ကူးအတွက် အိမ်ဟောင်းသို့ပြန်သွားနိုင်မည်မဟုတ်ပေ။
အနည်းဆုံး လီယွမ်မိုတွင် လီရီပိုင်ရှိနေသေးသော်လည်း ဖေးယီကျန့်မှာမူ တကယ်ကို တစ်ယောက်တည်းဖြစ်နေခဲ့သည်။
နန်ယု သူငယ်ချင်းကောင်းတစ်ဦးအနေဖြင့် ၎င်းတို့အားလုံးကို အနည်းဆုံးတော့ ကူညီသင့်သည်ဟု ခံစားလိုက်ရသည်။
"ရှောင်ပိုင်လည်း ဘာမှ အစီအစဉ် မဆွဲရသေးဘူးတဲ့၊ ဒါဆို ကျွန်တော်တို့ရော..."
ဖေးယွင်ကျင်းသည်လည်း သူ မလည်ပတ်ရသေးသောနေရာများ ရှိသေးသလားဟု စတင်စဉ်းစားလိုက်သည်။
ဤတစ်နှစ်တာအတွင်း သူ နေရာဒေသ အများအပြားသို့ ခရီးသွားခဲ့ပြီး အတွေ့အကြုံများစွာ ရရှိခဲ့သည်။ ၎င်းမှာ လွန်ခဲ့သောနှစ်က သူ အိပ်မက်ပင် မက်ဖူးခြင်းမရှိသော ဘဝဖြစ်သည်။
"ငါတို့ ကျွန်းကို အားလပ်ရက် ခရီးထွက်ကြရအောင်လား?"
နန်ယု သူမ မိဘများ ဤနှစ်မွေးနေ့အတွက် လက်ဆောင်ပေးခဲ့သော ပုဂ္ဂလိကကျွန်းအား ရုတ်တရက် သတိရလိုက်သည်!
ထိုကျွန်းမှာ အီကွေတာနှင့် နီးသောကြောင့် ပုံမှန်အားဖြင့် အလွန်ပူပြင်းနိုင်သော်လည်း၊ နှစ်သစ်ကူးကာလအတွင်းတွင်မူ အပူချိန်က သင့်လျော်လျက်ရှိသည်။ နွေးထွေးနေပြီး ပျော်ရွှင်စရာများဖြင့် ပြည့်နှက်နေသည်။
ထို့အပြင် ပုဂ္ဂလိကကျွန်း ဖြစ်သောကြောင့် တိတ်ဆိတ်ငြိမ်သက်နေကာ ခရီးသွားဧည့်သည် လူအုပ်ကြီးလည်း မရှိချေ။ ၎င်းမှာ စိတ်အေးလက်အေး အနားယူရန်အတွက် အကောင်းဆုံးနေရာဖြစ်သည်။
"ကောင်းလိုက်တာ! အရမ်းကောင်းတယ်!"
ဖေးယွင်ကျင်း ဝမ်းသာအားရဖြင့် ချက်ချင်း သဘောတူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ့ဦးလေးနှင့် မိသားစုသည်လည်း ယခင်က ထိုကျွန်း၌ပင် လက်ထပ်ခဲ့ကြပြီး သူကိုယ် တိုင် အလွန်ပျော်ခဲ့ဖူးသည်။ အန်းနင်နှင့် အန်းရီရန်တို့သည်လည်း ဤအစီအစဉ်အား ကောင်းမွန်သောအကြံတစ်ခုအဖြစ် လက်ခံခဲ့ကြသည်။
မြို့တော်ထဲ၌ အမြဲတစေ နေထိုင်နေခြင်းမှာ ပျင်းရိဖွယ်ကောင်းသောကြောင့် အပြင်ထွက်၍ စိတ်အပန်းဖြေရန် ပိုကောင်းမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။ မကြာမီတွင် လီယွမ်မိုနှင့် ဖေးယီကျန့် နှစ်ဦးစလုံးထံ နန်ယု၏ဖိတ်ကြားလွှာရောက် ရှိသွားသည်။
၎င်းတို့သည် လဆန်းနှစ်သစ်ကူး၏ ပထမနေ့ ညနေခင်း၌ စတင်ထွက်ခွာကြမည် ဖြစ်ပြီး၊ ပြန်လာမည့်ရက်အားသတ် မှတ်ထားခြင်း မရှိသောကြောင့် ကြိုက်နှစ်သက်သည့်အခါ ပြန်လာနိုင်သည်ဟု သိရသည်။ ထိုသူနှစ်ဦး၏ တုံ့ပြန်မှုသည်လည်း တစ်ချိန်တည်းနီးပါး ရောက်ရှိလာခဲ့ပြီး သဘောတူကြောင်းနှင့် ကျေးဇူးတင်ကြောင်း ဖော်ပြထားသည်။
ထိုသို့ဖြင့် ကျွန်းခရီးစဉ်ကိစ္စမှာ အပြီးသတ်အောင်မြင်စွာ ပြေလည်သွားခဲ့သည်။ ဖေးယွင်ကျင်း အန်းရီရန်အား ချက် ချင်းခေါ်ယူကာ ခရီးစဉ်အတွက် အသေးစိတ်အစီအစဉ်များအား စတင် ဆွေးနွေးကြသည်။ တစ်ချိန်တည်းမှာပင် ဦးလေးကျိုးသည်လည်း ကျွန်းရှိအစောင့်အား ဖုန်းဆက်ကာ လိုအပ်သည့် ပြင်ဆင်မှုများကို စတင် စီမံခဲ့သည်။
သို့သော် နန်ကျီ တစ်ဦးတည်းသာ ဤခရီးစဉ်အကြောင်းကို ကြားသိရသောအခါ စိတ်ဆိုးဒေါသထွက်ခဲ့ရသည်။
သူသည် နှစ်သစ်ကူး၏ တတိယနှင့် စတုတ္ထနေ့များတွင် စီးပွားရေးမိတ်ဆွေများနှင့် မဖြစ်မနေတွေ့ဆုံရန် ချိန်းဆိုထားရာ၊ ထိုလုပ်ငန်းသဘောတူညီချက်များအား မည်သို့မှရှောင် လွှဲ၍မရနိုင်ပေ။
"ဒါဆို၊ မင်းတို့တွေက ငါ့ကို တစ်ယောက်တည်း ထားခဲ့ပြီး ခရီးထွက်သွားဖို့ နည်းနည်းမှစိတ်မကောင်းမဖြစ်ကြဘူးလား?"
ထိုအခါ နန်ယု၊ အန်းနင်နှင့် အခြားသူများ "ဟုတ်တယ်" ဟု ပြတ်ပြတ်သားသား တညီတညွတ်တည်းပြန်ဖြေလိုက်ကြသည်။
သူတို့ ဘာကြောင့် စိတ်မကောင်းဖြစ်ရမှာလဲ ? သူတို့ ပျော်ရွှင်ကြမည်ဖြစ်ပြီး နန်ကျီကိုလည်း ထိုပျော်ရွှင်မှုတွင် ပါဝင်နိုင်ရန် ကြိုးစားကြမည်။
အန်းရီရန် ရင့်ကျက်သော အမူအရာဖြင့် ထိုနေရာတွင် ထိုင်နေသော နန်ကျီပခုံးအား ညင်သာစွာပုတ်လိုက်သည်။
"ဖေဖေ၊ မေမေ့ဗိုက်ထဲက ကလေးအတွက် နို့မှုန့်ဖိုး ငွေရှာဖို့ ကြိုးစားရဦးမယ်နော်။ ကလေးလို ခေါင်းမာမနေပါနဲ့"
နန်ကျီ : ...
ဒီကမ္ဘာကြီးက အရမ်းရက်စက်လွန်းတယ်၊ အကုန်လုံးဖျက် ဆီးပစ်ချင်စရာပဲ!