← Chapters

အခန်း (၈၉)

Vol. 10 Ch. 89

အခန်း (၈၉)

Vol. 10 Ch. 89

နှစ်သစ်ကူး၏ ပထမနေ့ နေ့လယ်ပိုင်းတွင် ဖေးအုပ်စု၏ တရားဝင်အကောင့်မှ သတင်းတစ်ရပ်အား ရုတ်တရက် ထုတ်ပြန်လိုက်သည်။ ၎င်းမှာ တရားဝင် တံဆိပ်ခတ်နှိပ်ထားသော အသိပေးစာတစ်စောင်ဖြစ်ပြီး စာသားများ ရှည်လျားစွာ ရေးသားထားသော်လည်း အနှစ်ချုပ်မှာ ဤသို့ဖြစ်သည်- ဖေးအုပ်စုသည် လက်ပြောင်းသွားပြီ။ ဖေးယီကျန့်သည် ဖေးအုပ်စုနှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီများမှ သူ့ရှယ်ယာများအားလုံးကို နိုင်ငံတော်သို့လှူဒါန်းခဲ့ပြီး၊ ကုမ္ပဏီသည် ယခုအခါ နိုင်ငံတော်၏ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

ယခင်က ဖေးအုပ်စုတွင် အလုပ်လုပ်ခဲ့သော ဖေးမိသားစုဝင်များအတွက်မူ စွမ်းဆောင်ရည်ကောင်းမွန်သူများအား ဆက် လက်ခန့်ထားမည်ဖြစ်ပြီး၊ အားနည်းသူများကိုမူ လျော်ကြေးငွေပေး၍ အလုပ်မှထုတ်ပယ်သွားမည်ဖြစ်သည်။

ဤမမျှော်လင့်သောသတင်းမှာ Flower နိုင်ငံတစ်ခုလုံးကို ချက်ချင်း တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။ "ဖေးအုပ်စု" ဟူသော ရိုးရှင်းသည့် စကားလုံးလေးလုံးအား အလွယ်တကူ မယူဆသင့်ပေ။ ၎င်းတွင် အလွန်များပြားသောအရာများပါဝင်သည်။

ဖေးမိသားစု ရာစုနှစ်ပေါင်းများစွာ မျိုးဆက်အဆက်ဆက် တိုင်အောင် ရှင်သန်ရပ်တည်လာနိုင်ခြင်းမှာ သာမန်မဟုတ်သည့် အရည်အချင်း အချို့ မရှိဘဲ အောင်မြင်နိုင်သည့် ကိစ္စမဟုတ်ချေ။ နိုင်ငံတစ်ဝန်းတွင် ဖေးမိသားစုမှထုတ်လုပ်သော ပစ္စည်းများအား မသုံးစွဲဖူးသူမရှိသလောက်ဖြစ်ပြီး၊ လူအများစုသည် သူတို့၏ကျော်ကြားမှုအား ကြားဖူးနားဝါရှိကြသည်။

ဆယ်စုနှစ်အနည်းငယ်မျှသာ ကြွယ်ဝချမ်းသာခဲ့ကြသော နန်နှင့် ဝူမိသားစုများနှင့် နှိုင်းယှဉ်လျှင် ဖေးမိသားစုမှာ တိုင်းပြည်၏ မြေပေါ်တွင် ပိုမိုကြီးမားသော သြဇာလွှမ်းမိုးမှု အမှတ်အသားအား စွဲစွဲမြဲမြဲ ထားခဲ့သည်။

"အချမ်းသာဆုံး ပုဂ္ဂိုလ်များမှ ဝင်လာ၊ ထွက်သွားနိုင်သော် လည်း ဖေးမိသားစုသည်မူကျန်ရစ်နေသည်" ဟူသော စကားပင်ရှိခဲ့သည်။ ဖေးမိသားစုဆန္ဒရှိပါက မိနစ်ပိုင်းအတွင်း နိုင်ငံ၏အချမ်းသာဆုံးသူ ဖြစ်လာနိုင်သည်ဟုပင် ပြောဆိုကြသည်။ ဖေးမိသားစုတွင် အမှန်တကယ် ငွေကြေးမည်မျှပိုင်ဆိုင်သည်ကို မည်သူမျှ အတိအကျမသိပေ။

လူသိရှင်ကြား စာရင်းသွင်းထားသော ကုမ္ပဏီများနှင့် အိမ်ခြံမြေများမှာ ၎င်းတို့ပိုင်ဆိုင်မှု၏အစိတ်အပိုင်းတစ်ခုမျှသာဖြစ်သည်။ ရာစုနှစ်များစွာ တည်ရှိခဲ့ခြင်းမှ ကျန်ရစ်ခဲ့သော ရှေးဟောင်းပစ္စည်းများ၊ လက်ရေးလှနှင့် ပန်းချီကားများသက်သက်သည်ပင်လျှင် မရေမတွက်နိုင်သော၊ ငြင်းမရသည့် တန်ဖိုးရှိနေသည်။

ဆွေးနွေးငြင်းခုံမှုများကြားတွင် အမျိုးသားပြတိုက်၏ တရား ဝင်အကောင့်မှ မက်ဆေ့ချ်တစ်ခုတင်ခဲ့သည်။ ၎င်းမှာ အဓိကအားဖြင့် မစ္စတာဖေးယီကျန့်၏လှူဒါန်းမှုအတွက်ကျေးဇူး တင်စကားပြောကြားခြင်းဖြစ်ပြီး၊ နောက်တွင် လှူဒါန်းသည့် ပစ္စည်းများ၏ရှည်လျားသော စာရင်းအား ဖော်ပြထားရာ ဖုန်းမျက်နှာပြင်ဖြင့် အဆုံးထိရစ်ကြည့်ရမည့်ပုံစံဖြစ်သည်။

အင်တာနက်အသုံးပြုသူများ အံ့အားသင့်စွာတုံ့ပြန်ကြသည်။

"အိုး၊ ဘုရားရေ! ဒီစာရင်းထဲက ပစ္စည်းတစ်ခုကတောင် သာမန်လူတစ်ယောက်ကို ဘာမှစိတ်ပူစရာမလိုဘဲ အေးဆေး နေထိုင်စေနိုင်လိမ့်မယ်၊ ဖေးယီကျန့် ရူးများ ရူးသွားတာလား?"

ထို့အပြင် ဤမျှနှင့် မပြီးသေးပါ။ အားလပ်ရက်အတွင်း လူတိုင်းအိမ်တွင် ပျင်းရိနေကြသည်ကို အစိုးရက သိသဖြင့်၊ အကြောင်းအရာပေါင်းများစွာအား တစ်ပြိုင်နက်တည်းရှင်း လင်းကာ သတင်းများ ထပ်ခါတလဲလဲထွက်ပေါ်ခြင်းကို ရှောင်ရှားရန်အတွက် ဒီနေ့ကိုရွေးချယ်ခဲ့သည်လားဟုပင် လူအများ တွေးတောနေကြသည်။

ဖေးမိသားစုဝင်အများစုမှာ အခွန်ရှောင်တိမ်းခြင်းနှင့် အခြားသောပြဿနာများအတွက် စုံစမ်းစစ်ဆေးခံနေရသည်။ လျော်ကြေးငွေ ပြန်လည်ပေးသွင်းနိုင်ပါက အပေးအယူလုပ်ရန် အခွင့်အရေးရှိ ပုံရသော်လည်း၊ မပေးသွင်းနိုင်ပါက ၎င်းတို့အတွက် ထောင်ဒဏ်ကစောင့်ကြိုနေသည်။

[ဖေးအုပ်စုရဲ့ တန်ဖိုးက ဘယ်လောက်လဲ ? အလကားပေးတာလား? ဖေးမိသားစုရဲ့ခေါင်းဆောင်က ဘာလို့ ဒီလိုမျိုး လုပ်ဖို့ စိတ်အားထက်သန်နေရတာလဲ? ကျွန်တော့်ဘဝမှာ ကိုယ့်စည်းစိမ်တစ်ခုလုံးကို လှူဒါန်းတာကိုပထမဆုံးအကြိမ် ကြားဖူးတာပဲ၊ ဒါဆို ဖေးအုပ်စုကပျောက်ကွယ်သွားတော့မှာလား? ဒီနှစ်က အဖြစ်အပျက်တွေ မယုံနိုင်လောက်အောင် များလွန်းတယ်၊ မကြားဖူးတဲ့ သတင်းအတင်းတွေက တစ်ပုဒ်ပြီးတစ်ပုဒ် ထွက်နေတယ်]

အင်တာနက်အသုံးပြုသူများမှာ ဖေးယီကျန့်၏အကြောင်းပြချက်များအား ခွဲခြမ်းစိတ်ဖြာရန် အားထုတ်ခဲ့ကြသော်လည်း နားမလည်နိုင်ခဲ့ကြချေ။

မည်သို့သော လှုံ့ဆော်မှုမျိုးက တစ်စုံတစ်ဦးအား မိသားစု၊ ထရီလီယံဒေါ်လာချီသော စည်းစိမ်အားလုံးဝစွန့်လွှတ်စေပြီး တစ်ကိုယ်တည်း ရပ်တည်ရန် ရွေးချယ်စေနိုင်မည်နည်း။ မည်သို့ပင်ဆိုစေ ဖေးယီကျန့်ကတော့ ရိုးသားစွာပင် အလွန်ချောသည်။

ချစ်သူ၊ မင်းသာ ပိုင်ဆိုင်မှုတွေ ကုန်သွားရင် ဖျော်ဖြေရေးလောကထဲကို ဝင်ရောက်လိုက်စမ်းပါ။ ငါ မင်းကို သေချာ ပေါက် ထောက်ခံအားပေးမယ်!

ဖေးယီကျန့် နန်ယုနဲ့ ကွာရှင်းခဲ့တာကရော အစီအစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် ကြိုတင်လုပ်ဆောင်ခဲ့တာလား?

နန်ယုက ကွာရှင်းခွင့်ရတဲ့ လျော်ကြေးများစွာရရှိခဲ့သလား?

ချမ်းသာတဲ့လူတွေဟာ လက်မထပ်ခင်မှာ သဘောတူညီချက်တွေကို သေချာပေါက် လက်မှတ်ထိုးထားကြတာပဲ၊ မင်း အ တွေးလွန်နေတာပါ။

အွန်လိုင်းပေါ်၌ သတင်းအချက်အလက်များ ပေါက်ကွဲနေချိန်တွင် နန်မိသားစု အခြေအနေအား ဆွေးနွေးရန် စုဝေးခဲ့ကြသည်။ နန်ယု မူလက ထိုနေ့လယ်ခင်းတွင် အိမ်ဟောင်းမှ တိုက်ရိုက်ထွက်ခွာရန် စီစဉ်ထားသော်လည်း အဆင်ပြေစေရန်အတွက် လီရီပိုင်၊ ဖေးယီကျန့်နှင့် အခြားသူများအား နန်မိသားစုအိမ်ဟောင်းသို့ လာရောက်စေခဲ့သည်။

ထို့ကြောင့် ယခုအခါ နန်မိသားစု နေ့လယ်စာစားပြီးနောက် စကားပြောဆိုနေကြသည်။ အစပိုင်းတွင် ခေါင်းစဉ်များမှာ ကွဲပြားသော်လည်း ယခုအခါ ဖေးယီကျန့်နှင့် ဖေးမိသားစုကိစ္စမှာ ဗဟိုပြုအဓိကအကြောင်းအရာ ဖြစ်လာသည်။ အဘိုးနန်ပင်လျှင် ဖေးယီကျန့် ဤသို့အဘယ်ကြောင့်လုပ်ဆောင်ခဲ့သည်ကို နားမလည်နိုင်ခဲ့ပေ။

ပါးပါးနန် ဤသို့ ခန့်မှန်းခဲ့သည်။

"ဒါက ဖေးမိသားစုက ဖေးယီကျန့်ရဲ့မိဘတွေကို သတ်လိုက်လို့လား ? သူ ဖေးမိသားစုကို မုန်းလို့လား?"

သို့သော် မားမားနန် ခေါင်းခါလိုက်သည်။

"အဲ့ဒီ ဖေးမိသားစုဝင်တွေကိုထောင်ထဲမပို့ဘဲ ပိုင်ဆိုင်မှုအား လုံးကို လှူဒါန်းတာဘာကြောင့်လဲ?"

ငွေကြေးသည် ခန္ဓာကိုယ်နှင့် မသက်ဆိုင်သော အပြင်က အရာတစ်ခုသာဖြစ်သည်ဟု ပြောဆိုရန် လွယ်ကူသော်လည်း၊ လက်တွေ့ဘဝတွင် ဤကဲ့သို့ စွန့်လွှတ်နိုင်စွမ်းရှိသူမှာ ဤလောကတွင် မည်မျှ ရှိပါသနည်း။

(T/N: "ငွေဆိုတာ ခန္ဓာကိုယ်ပြင်ပက အရာ" ဟူသော စကားစုသည် တရုတ်စကားပုံ ("ရုပ်ဝတ္ထုပစ္စည်းများသည် ကိုယ်ခန္ဓာနှင့် မသက်ဆိုင်ပါ" သို့မဟုတ် "ငွေကြေးသည် အပြင်က အရာများသာဖြစ်သည်") ကိုဘာသာပြန်ထားခြင်း ဖြစ်သည်။ ၎င်းသည် ငွေကြေးနှင့် စည်းစိမ်ဥစ္စာကို အရေးမထားဘဲ အချိန်မရွေး စွန့်လွှတ်နိုင်သည် ဟူသော အဓိပ္ပာယ်ကို ဖော်ညွှန်းသည်။)

အဘိုးနန် ရုတ်တရက် စကားစလိုက်သည်။

"ဖေးမိသားစုက ကလေးက ဘုန်းကြီးဝတ်ဖို့များ စီစဉ်နေတာလား?"

"ငါထင်တယ် အဲဒီကလေးက လောကဓံကိုမြင်သွားတဲ့ ပုံစံမျိုးပဲ! ယုယုက သူ့ကို ကွာရှင်းခဲ့တာ တော်တော်ကံကောင်းသွားတယ်"

နန်ယု ထိုအချိန်တွင် ရုတ်တရက်သတိထားမိလိုက်သည်မှာ ဖေးယီကျန့် သူတို့အတူတူ ခရီးထွက်မည့်သူများထဲတွင် ပါဝင်နေကြောင်းကို အဘိုးဖြစ်သူက မသိသေးခြင်းဖြစ် သည်။ သူမ သူငယ်ချင်းအချို့လာမည်ဟုသာ ပြောပြထားခဲ့သည်။ နောက်မှ ဖေးယီကျန့်အားမြင်သွားသည့်အခါ ရှက်စရာကောင်းမည် မဟုတ်ပါလား ?

"အဘိုး၊ အဲဒါ မဖြစ်နိုင်ပါဘူး"

သူမ ဖေးယီကျန့်၏ ယခင် စိတ်ပျက်အားငယ်နေဟန်မှာ ဟန် ဆောင်ခြင်းသာဖြစ်ကြောင်း သိရှိထားသည်။ ထို့ကြောင့် သူ ဘုန်းကြီးဝတ်ရန် ရည်ရွယ်ချက်ရှိလိမ့်မည်မဟုတ်ပေ။ သူမသည် သူငယ်ချင်းများအပေါ် အမြင်ကောင်းရှိသူဟူသော ပုံရိပ်အား ကယ်တင်ရန်ကြိုးစားလိုက်သည်။

"တကယ်တော့၊ ဖေးယီကျန့်က တော်တော်လေးကောင်းတဲ့သူပါ"

သူမ ဤသို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် နန်ယုမိဘများနှင့် အခြားသူများ၏အကြည့်များမှာ သူမထံ ချက်ချင်းစုပြုံရောက်ရှိလာပြီး၊ သူမ စကားပြောနေစဉ် သူမ အမူအရာအား အကဲခတ် ကြည့်ရှုနေကြသည်။ သူမ ဂရုမစိုက်မိပါက ယခင်ကကဲ့သို့ ပြန်လည်စွဲလမ်းစိတ်ဝင်စားသူ အသွင်သို့ ပြန်ပြောင်းသွားနိုင်သည့် အနေအထားမျိုးဖြစ်နေသည်။

နန်ယု: "..."

သူမ သတိထားလျက် လက်အားမြှောက်ပြလိုက်သည်။

"ဖေးယီကျန့်လည်း ကျွန်မတို့နဲ့ ကျွန်းကိုလိုက်လိမ့်မယ်"

"ယုယု! နင်..."

မားမားနန် စတင်၍ စကားမပြောနိုင်ခင်မှာပင် နန်ယု သူမ ညာလက်အား းမြှောက်ပြီး ကျိန်ဆိုလိုက်သည်။

"သူငယ်ချင်းတွေပါ! တကယ်ကို သူငယ်ချင်းသက်သက်ပါ၊ သမီး ကျိန်ဆိုတယ်၊ ဖေးယီကျန့်အပေါ်မှာ ခင်မင်ရင်းနှီးမှုထက်ကျော်လွန်တဲ့ ခံစားချက် လုံးဝမရှိတော့ပါဘူး!"

နန်ယု၏မိဘများမှာ အကြည့်ချင်း ဖလှယ်ခဲ့ကြသော်လည်း နောက်ဆုံးတွင် တိတ်ဆိတ်နေခြင်းကိုသာ ရွေးချယ်ခဲ့ကြသည်။ သူတို့သမီးမှာ အရွယ်ရောက်နေပြီဖြစ်ပြီး၊ သူမတွင် သူမ၏ ကိုယ်ပိုင်အတွေးအခေါ်များ ရှိနေသောကြောင့် မိဘများအနေဖြင့် ဝင်ရောက်စွက်ဖက်ရန် မတတ်နိုင်တော့ပေ။

နန်ကျီ တစ်ဦးတည်းသာ ခေါင်းငုံ့၍ကောက်ကျစ်သောအပြုံး တစ်ခုအား ဖုံးကွယ်လိုက်သည်။ သူ နန်ယု၏မကြာသေးမီက ကျိန်ဆိုစကားအား တစ်နည်းနည်းဖြင့် မှတ်တမ်းတင်နိုင်ခဲ့ပြီး ၎င်းကို ဖေးယီကျန့်ထံသို့ ချက်ချင်းပို့လိုက်သည်။

နန်: ကြားလား ? ယုယု မင်းကို အပြင်ခေါ်သွားဖို့ဆန္ဒရှိရုံနဲ့ အတွေးမလွန်နဲ့

ဖေးယီကျန့် ဖုန်းအားကိုင်ထားပုံရပြီး လျင်မြန်စွာပြန်ဖြေလာခဲ့သည်။

ဖေး: အခုလောလောဆယ်အတွက်ပဲ

"အခုလောလောဆယ်အတွက်ပဲ" ဆိုသည်မှာ ဘာကိုဆိုလိုပါသနည်း။ ထိုစကားကြောင့် နန်ကျီ တုန်လှုပ်သွားပြီးနောက် နန်ယုစကားများထဲမှ "ကျွန်မက အခု..." ဟူသော စကားစုအား ချက်ချင်းသတိရလိုက်သည်။

(မှတ်ချက်- နန်ယု၏ စကားထဲမှ "I'm now..." ("ကျွန်မက အခု...") ဟူသော စကားစုသည် ယခင် ကျိန်ဆိုခဲ့သည့် "ကျွန်မမှာ ဖေးယီကျန့်အတွက် ခင်မင်မှုထက် ကျော်လွန်တဲ့ ခံစားချက်လုံးဝမရှိတော့ပါဘူး" ဆိုသည့် စကား၏ ရှေ့ပိုင်းကိုရည်ညွှန်းနေဖွယ်ရှိပြီး၊ ဖေးယီကျန့်က နောင်တစ်ချိန်တွင် ခံစားချက်ပြန်ရှိလာနိုင်သည်ဟု လှည့်ကွက်ဆင်ကာကစားနေခြင်းကို နန်ကျီ သဘောပေါက်သွားတာပါ။)

ချီး! သူနဲ့ စကားလုံးလှည့်ကွက်များ ကစားနေတာလား ?

သူ ပြစ်တင်ဝေဖန်မှု အများအပြား စတင်ပြောတော့မည့်အချိန်တွင် အိမ်အကူပေါ်လာသည်။ လီရီပိုင်နှင့် လီယွမ်မိုတို့ နန်အိမ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

"ရှောင်ပိုင်၊ မင်းကို အရမ်းသတိရနေတာ~"

"ရှောင်ကျင်း~ ရီရန်ကော~"

လီရီပိုင် ယနေ့ ပွဲလမ်းသဘင်နှင့် လိုက်ဖက်သော ဝတ်စုံဝတ် ဆင်ထားသောကြောင့် ပထမတစ်ချက်ကြည့်လိုက်လျှင် မီးပုံးနီလေးတစ်လုံးလိုဖြစ်နေသည်။ သူသည် အဘိုးနန်နှင့် အခြားသက်ကြီးရွယ်အိုများအား နာခံစွာနှုတ်ဆက်ပုံမှာ ချစ်စရာကောင်းသလောက် ရယ်စရာလည်း ကောင်းသည်။

သက်ကြီးရွယ်အိုများ၏မျက်လုံးများမှ ရယ်မောပျော်ရွှင်မှုဖြင့် တောက်ပလာပြီး ချက်ချင်းပင်အနီရောင်စာအိတ်များကို ထုတ်ကာ ငြင်းဆန်ချိန်ပင်မရလိုက်ဘဲ လီရီပိုင် အိတ်ကပ်ထဲသို့ထိုးထည့်လိုက်ကြသည်။ ကလေးတစ်ယောက်အတွက်တော့ တရုတ်နှစ်သစ်ကူးဆိုသည်မှာ ရုတ်တရက် ချမ်းသာကြွယ်ဝသွားသည့်အချိန်ပင်။

အထူးသဖြင့် ဖေးယွန်ကျင်းအတွက်မူ ငွေအများကြီးအား ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ သူ လွန်ခဲ့သည့်လ အနည်းငယ်ကမှ ကြိုးစားအလုပ်လုပ်၍ ယွမ်ထောင်ပေါင်းများစွာ စုဆောင်းနိုင်ခဲ့ပြီး၊ ထိုငွေများလည်း ကုန်ခါနီးနေပြီ ဖြစ်သည်။ သို့သော် နန်မိသားစု ဆွေမျိုးများထံမှ ရရှိသည့် မည်သည့်အနီရောင်စာအိတ် တစ်ခုမဆို ဤလများအတွင်း သူလုပ်ခဲ့သည့် အလုပ်ကြိုးစားမှုအား အစားထိုးနိုင်ပြီး၊ ထိုကဲ့သို့ စာအိတ်မျိုး တစ်ခုမကရှိနေခြင်းဖြစ်သည်။

ပြီးခဲ့သည့်ညက ကလေးငယ် စိတ်လှုပ်ရှားစွာဖြင့် နန်ယုအခန်းထဲသို့ပြေးဝင်လာပြီး ပိုက်ဆံအနီရောင်များ စုထားသည့် အထပ်လိုက်ကိုတိုက်ရိုက်ထုတ်ပြကာ နန်ယုအား အိပ်ရာဝင်ပုံပြင် ပြောပြပေးရန်တောင်းဆိုခဲ့သည်။

နန်ယု: "....ရှောင်ကျင်းက အရမ်းချမ်းသာတာပဲနော်~"

"ဟုတ်! အန်တီ့ကို နောက်ကစပြီး ကျွန်တော်ပဲ ထောက်ပံ့မယ်!"

ပြီးတော့ ဘာဖြစ်လဲ ? ထိုနောက် နန်ယု ပုံပြင်တစ်ပုဒ်အတွက် ယွမ်တစ်သောင်းဈေးဖြင့် ဖေးယွင်ကျင်း၏အနီရောင်စာအိတ်ထဲမှ တစ်ဝက်နီးပါးအား တစ်နာရီအတွင်းကုန်အောင်ရှင်းလိုက်သည်။

ဒါပေမယ့် အရေးမကြီးပါဘူး၊ သူ့မှာ ကျန်သေးတယ်လေ!

ဖေးယွင်ကျင်း လီယွမ်မိုထံမှ အနီရောင်စာအိတ်အား ပြုံးရယ်လျက် ယူလိုက်သည်။ ထို့နောက် ဖေးယီကျန့် သူ့အား ဘယ်လောက်ပေးမည်လဲဟု စိတ်ကူးထဲမှာ စတင်တွက်ချက်နေသည်။

ဘယ်လောက်ပေးပေး ငါမှာ ပိုက်ဆံရှိနေတယ်လေ~ အန်တီ့ကို နေ့တိုင်း နို့လက်ဖက်ရည်တိုက်နိုင်တယ်၊ တစ်ခါတည်းနဲ့ နှစ်ခွက်သောက်မှာကိုလည်း စိုးရိမ်စရာမလိုတော့ဘူး!

ဖေးယီကျန့် နောက်ထပ် နာရီဝက်ခန့်အကြာမှ ရောက်ရှိလာသည်။ သူသည် နန်မိသားစု အိမ်ဟောင်းနှင့် စိမ်းကားသူ မဟုတ်သလို၊ အိမ်ဟောင်းရှိ လူများကလည်း သူ့အား မစိမ်းသက်ကြပေ။

သို့သော် သူတို့အားလုံး သခင်မလေးနှင့် ကွာရှင်းပြီးနောက် ဖေးယီကျန့် လာရောက်လည်ပတ်ရန် အခွင့်အရေးရှိတော့မည် မဟုတ်ဟု တွေးခဲ့ကြသော်လည်း နောက်ပိုင်းတွင် လူတိုင်း အတူတူကစားရန်ထွက်သွားကြမည်ဟု မည်သူမျှမမျှော်လင့်ခဲ့ကြပေ။

၎င်းမှာ ကွာရှင်းပြီးနောက် သူငယ်ချင်းအဖြစ် ဆက်နေခြင်းရဲ့ လက်တွေ့ ပုံရိပ်များလား ?

"အဘိုးနန်၊ ဦးလေး၊ အန်တီ၊ ပျော်ရွှင်စရာနှစ်သစ်ကူးပါ"

ဖေးယီကျန့် အခြေအနေကို သတိထားပြီး လှုပ်ရှားနေရင်း နူးညံ့သော်လည်း ယဉ်ကျေးသည့် အပြုံးအား မျက်နှာတွင် ဆင်မြန်းထားသည်။ ဤလူမှာ သူ့ပိုင်ဆိုင်မှုအားလုံးကို လှူဒါန်းခဲ့သူဟူသောပုံစံမျိုး လုံးဝပေါ်လွင်ခြင်းမရှိပေ။ သူသည် သူ့နာမည်နှင့်တူသော သာမန်လူတစ်ယောက်သာဖြစ်နေသကဲ့သို့ ထင်ရသည်။

ပါးပါးနန်နှင့် အခြားသူများမှာ သူ့မျက်နှာကို ထောက်ထားပြီး ပြင်းထန်သော စကားမျိုးမပြောနိုင်ကြပေ။ ဖေးယီကျန့်အား အသိအမှတ်ပြု နှုတ်ဆက်ပြီးနောက် လက်ဖက်ရည်ပြင်ဆင်ရန် အိမ်စေများကိုမှာကြားခဲ့ကြကာ နန်ယုနှင့် အန်းနင်တို့ လိုက်နာရန် အချို့သော ညွှန်ကြားချက်များစတင်ပေးခဲ့သည်။

၎င်းတို့သည် လာမည့်ရက်အနည်းငယ်အတွင်းဧည့်သည်များအားဧည့်ခံရန် အိမ်ဟောင်းတွင် ဆက်နေရမည် ဖြစ်သော ကြောင့် အတူတူ လိုက်ပါနိုင်ခြင်းမရှိပေ။ သို့သော် နန်ယုတို့အဖွဲ့ တရုတ်နှစ်သစ်ကူး၏ ခုနစ်ရက်မြောက်နေ့နောက်ပိုင်းအထိပြန်မလာပါက မားမားနန်ကလည်း နှစ်ရက်ခရီးထွက်လာချင်ပါသည်ဟု ပြောခဲ့သည်။

ယခုတစ်ကြိမ်တွင်မူ ကားဖြင့် ကျွန်းကို သွားရောက်၍မရတော့ဘဲ၊ ကိုယ်ပိုင်လေယာဉ်ဖြင့်သာ သွားရမည်ဖြစ်သည်။

ဇာတ်လိုက်နှင့် ဒုတိယဇာတ်လိုက် အမျိုးသားများမှာ လေယာဉ်ပေါ် ရောက်နေပြီ ဖြစ်သော်လည်း နန်ယု ပေါ့ပေါ့ တန်တန် မနေရဲ သဖြင့် လေထီးနှင့် လေယာဉ်မှူးအပါအဝင် လေယာဉ်၏ ဘေးကင်းလုံခြုံရေးအား စေ့စေ့စပ်စပ်စစ်ဆေး ရန် အမိန့်ပေးခဲ့သည်။

နန်ကျီကမူ လေယာဉ်အား တစ်စုံတစ်ယောက် ဖျက်ဆီးထားသည့် သတင်းများ နန်ယု ရရှိထားသည်ဟု ထင်နေခဲ့သည်။ နန်ယု က ကြိုတင်ကာကွယ်မှုသက်သက်သာ ဖြစ်ကြောင်း ရှင်းပြသော်လည်း၊ နန်ကျီ သူ့ဘဝတွင် အရေးအကြီးဆုံးလူများ လေယာဉ်ပေါ် ပါသွားသည် ဖြစ်ရာ စိတ်လှုပ်ရှားစွာဖြင့် နောက်ထပ်သုံးကြိမ် ထပ်မံစစ်ဆေးခဲ့သည်။

ကံကောင်းစွာဖြင့် နှစ်နာရီကြာ ပျံသန်းပြီးနောက် လေယာဉ်သည် ကျွန်းပေါ်တွင် ဘေးကင်းစွာဆင်းသက်နိုင်ခဲ့သည်။

ကျွန်း၏ အိမ်တော်ထိန်းမှာ လူများနှင့်အတူ စောင့်ဆိုင်းနေပြီးသား ဖြစ်သည်။ နန်ယုတို့အဖွဲ့ လေယာဉ်မှ ဆင်းသက် သည်နှင့် ၎င်းတို့အား နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။

"မဒမ်၊ သခင်မလေးတို့ အားလုံးပဲ၊ ကျေးဇူးပြုပြီး ကျွန်တော့်နောက် လိုက်ခဲ့ကြပါ၊ ကျွန်တော်က ဒီကအိမ်တော်ထိန်းပါ၊ အဖိုးလီလို့ ခေါ်လို့ရပါတယ်"

အုန်းပင်မြင့်များ၊ ပင်လယ်လေ၏ငန်ကျိကျိအရသာနှင့် ရံဖန် ရံခါ လွင့်ပျံနေသော ပင်လယ်ငှက်များတို့သည် ချမ်းအေး သောမြို့တော်နှင့် လုံးဝကွဲပြားသည့် မြင်ကွင်းအား ဖန်တီးပေးနေသည်။

ကျွန်းပေါ်ရှိ အပူချိန်မှာ ယခုအချိန်တွင် အသင့်တော်ဆုံး ဖြစ်သောကြောင့် လက်တိုရှပ်အင်္ကျီ တစ်ထည်ဝတ်ရုံဖြင့်ပင် လုံလောက်သည်။ သို့သော် ဆောင်းရာသီမှ နွေရာသီသို့ ရုတ်တရက် ပြောင်းလဲသွားခြင်းမှာ အနည်းငယ် ထူးဆန်းပြီး ထိတ်လန့်စရာ ဖြစ်နိုင်သည်။

ထို့နောက် အဖွဲ့လိုက် ကျွန်းအလယ်ရှိ တစ်ခုတည်းသော ခြောက်ထပ်ဗီလာသို့ ကားဖြင့် ခရီးဆက်ခဲ့ကြသည်။ အိမ်စေများမှာ သူတို့အား သက်ဆိုင်ရာ အခန်းများသို့ လိုက်ပို့ပေးခဲ့သည်။ နန်ယုမှာ ပစ္စည်းပစ္စယနည်းပါးပြီး လေယာဉ်စီးလာ၍ မပင်ပန်းသဖြင့် သူမအခန်းတွင် ခဏမျှသာနေပြီးနောက် ဗီလာပတ်ဝန်းကျင်အား လေ့လာရန် အောက်ထပ်သို့ဆင်းလာခဲ့သည်။

အိမ်တော်ထိန်းလီ လိုက်ပါချင်သော်လည်း နန်ယု တစ် ယောက်တည်းပိုအဆင်ပြေသည်ဟု ခံစားရသဖြင့် ငြင်းပယ်ခဲ့သည်။

"နန်ယုလား?"

နန်ယု သစ်ပင်ပေါ်ရှိ အုန်းသီးများအား မော့ကြည့်နေစဉ် ဖေးယီကျန့် အသံမှာ သူမ နောက်မှထွက်ပေါ်လာသည်။

"အင်း"

နန်ယု နောက်သို့လှည့်မကြည့်ပေ။ သူမ အုန်းသီးတစ်လုံး ခူးပြီး စမ်းသောက်ရမလားဟု စဉ်းစားနေသည်။

ဒါပေမယ့် သစ်ပင်တက်တာကတော့ သိပ်ယဉ်ကျေးတဲ့ ပုံစံမဟုတ်ဘူး။ ပစ်ပေါက်ဖို့ ကျောက်တုံးတစ်တုံးရှာကြည့်ရမလား ?

"မင်း ချစ်သူရှာနေတယ်လို့ ငါ ကြားလိုက်တယ် ?"

"အဟမ်း"

နန်ယု တံတွေးပင် သီးမလိုဖြစ်သွားရသည်။

"ဘယ်က ကြားတာလဲ?"

သူမ မနေ့က ဆွေမျိုးများနှင့် စကားပြောခဲ့ခြင်းအား ချက် ချင်းသတိရလိုက်သည်။ ၎င်းတို့ထံမှ ထိုစကား ပြန့်နှံ့သွားခြင်းဖြစ်နိုင်သည်။

နန်ယု နောက်ဆုံးတွင် သူမအနား ရောက်လာသောဖေးယီကျန့်အား လှည့်ကြည့်လိုက်သည်။

"ဒါ လုံးဝအဓိပ္ပာယ်မရှိတဲ့ စကားတွေပါ၊ မယုံပါနဲ့"

ဖေးယီကျန့် နန်ယု၏အကူအညီမဲ့သော အကြည့်နှင့်ဆုံသွားပြီး ရုတ်တရက်ပြုံးလိုက်သည်။

"ကိုယ် ဘာလုပ်ပေးရမလဲ ? မစ္စနန်က တကယ်ရည်းစားရှာနေတာဆိုရင် ကိုယ့်ကို ဦးစားပေးနိုင်မလားလို့ စဉ်းစားနေတာ"

နန်ယု ဖေးယီကျန့် နောက်နေခြင်းသာဖြစ်သည်ဟု ထင်ပြီး ဆွံ့အသည့် အကြည့်ဖြင့်ကြည့်လိုက်သည်။

"ဒါ လုံးဝ မရယ်ရဘူးနော်"

သူမ ဖေးယီကျန့်နှင့်တွဲလိုက်လျှင် သူမ အသက်တိုသွားမည်ကိုကြောက်နေမိသည်။

မမျှော်လင့်ဘဲ ဖေးယီကျန့် ဖြည်းဖြည်းချင်းရယ်မောခြင်းကို ရပ်လိုက်ပြီး သူ့မျက်လုံးများမှာ ရုတ်တရက် လေးနက်လာသည်။

"ယုယု၊ ကိုယ် နောက်နေတာမဟုတ်ဘူး၊ မင်း တကယ် ရည်း စားရှာချင်တယ်ဆိုရင် ကိုယ့်ကို ဘာလို့ဦးစားမပေးရမှာလဲ?"

"မင်း ကိုယ့်မျက်နှာကို သဘောကျမယ်ထင်တာပဲ ?"

နန်ယု ရုတ်တရက် မည်သို့ဖော်ပြရမည်မှန်း မသိတော့ပေ။

"...ရှင် အတည်ပြောနေတာလား ?"

သူ အိပ်မက်မက်နေတာများလား ? ဖေးယီကျန့်က သူ့ကို ရည်းစားတော်ဖို့ပြောလိုက်တာ တကယ်ကြီးလား ?!

All Chapters