← Chapters

အခန်း (၉၀)

Vol. 10 Ch. 90

အခန်း (၉၀)

Vol. 10 Ch. 90

"ဖေးယီကျန့်၊ ရှင် တကယ်ပြောတာလား? ရည်းစားဆိုတာ ဘာမှန်းကော ရှင်သိရဲ့လား?"

ဖေးယီကျန့် နောက်ပြောင်နေခြင်းမဟုတ်ကြောင်း နန်ယု သိလိုက်ရပြီးနောက် သူမ အိပ်မက်မက်နေခြင်းမဟုတ်သည်မှာ သေချာသွားသည့်အခါ သူမ အမူအရာမှာ ဖြည်းဖြည်းချင်း လေးနက်လာခဲ့သည်။

"ကိုယ် သိပါတယ်၊ မစ္စ မင်း ကိုယ့်မျက်နှာကို သဘောကျတယ် မဟုတ်လား?"

ရည်းစားသက်သက်သာဆိုလျှင် အပြင်ပန်းရုပ်ရည်မှာ လုံလောက်သည်ဟု ဖေးယီကျန့် တွေးနေသည်။

ဖေးယီကျန့် အဖြေကြောင့် နန်ယု မျက်မှောင်ကြုတ်သွားရသည်။

"ရှင် ဘာဖြစ်နေတာလဲ ?"

ဘယ်သူကများ သူများရဲ့ရည်းစားအဖြစ် ခံယူချင်မှာလဲ ? ဖေးယီကျန့်ကဲ့သို့ မာနကြီးသူ တစ်ယောက်အတွက် သူများရည်းစားအဖြစ် ခံယူခြင်းမှာလက်ခံနိုင်ဖွယ်မရှိပေ။ သူ့ ဂုဏ် မောက်မှုမှာ အလွန်ခိုင်မာသည်။

သူ့အနေဖြင့် ရုပ်ရည်ကို အတင်းအကျပ်ရောင်းစားရခြင်းထက် အသေသတ်ခံလိုက်ခြင်းက ပိုကောင်းဦးမည်။

ထို့ကြောင့် သူ နောက်ထပ် "ရောဂါ" တစ်မျိုးမျိုး ဖြစ်နေခြင်းလား ?

"ကိုယ် ဘာမှဖြစ်မနေပါဘူး"

နန်ယု မျက်နှာပေါ်သို့ ညင်သာစွာစူးစိုက်ကြည့်လိုက်သည်။

"ကိုယ် နည်းနည်းပူပန်နေရုံပါပဲ"

ထို့ကြောင့် ရည်းစားအဖြစ် စတင်ခြင်းက အဆင်ပြေကြောင်း ပြောခဲ့သည်။

"မစ္စ၊ မင်း ကိုယ့်မျက်နှာကို ကြိုက်တယ်ဆိုရင် ဘာလို့ စမ်းကြည့်ဖို့မစဉ်းစားရတာလဲ?"

ဖေးယီကျန့် မအူမလည် မဟုတ်ပေ။ သူ မျက်နှာကို သဘော ကျခြင်းနှင့် လူတစ်ဦးအား သဘောကျခြင်းကြားမှ ကွာခြားချက်အား ခွဲခြားသိမြင်နိုင်သူဖြစ်သည်။

"ကျွန်မ ရှင့်မျက်နှာကို သဘောကျရင် ဘာဖြစ်လဲ ?"

နန်ယု ဖေးယီကျန့်၏စကားဝှက်သဖွယ် စကားအား နားမလည်သေးဘူးဟု ခံစားရသည်။

"ကျွန်မ ရည်းစားရှာတာက Physical ကိစ္စအတွက်ပါ၊ ချစ်လို့မဟုတ်ဘူးနော်၊ ရှင် ရရဲ့လား? ယုန်တွေတောင် သူတို့တွင်းနားက မြက်ကိုမစားကြဘူး၊ ရှင် ကျွန်မကို ဘယ်လိုလူလို့များ ထင်နေလဲ?"

သူမ အနည်းငယ် ဒေါသထွက်နေသည်မှာ သိသာသည်။

"ရှင် ဒီလိုလုပ်ရင် ကျွန်မကို ကံကြမ္မာနဲ့ ပိုတိုက်ခိုက်စေလိမ့်မယ်လို့ ထင်နေတယ်ဆိုရင်တော့ ရှင်က..."

"မဟုတ်ဘူး!"

ဖေးယီကျန့် နန်ယု စကားအား ဖြတ်ပြောလိုက်သည်။

"ကိုယ် မင်းကို သဘောကျလို့ပါ"

"ဒါ၊ ဒါ..."

နန်ယု သူမ အရမ်းအံ့သြမှားယွင်းနေသည့်ပုံ ပေါက်နေမည်ဟု ခံစားရသည်။ သူမ ဘာကို ကြားလိုက်ရတာလဲ? ဖေးယီကျန့်က သူ့ကို သဘောကျတယ်လို့ ပြောလိုက်တာလား?

"မဟုတ်ဘူး"

နန်ယု မျက်တောင်ခတ်လိုက်သည်။

"ရှင်က ကျွန်မကို သဘောကျတယ် ?"

သူမ မယုံနိုင်စွာဖြင့် ဖေးယီကျန့် စကားအား ထပ်ပြောလိုက်သည်။

"ကျွန်မရဲ့ ဘာကို သဘောကျတာလဲ?"

သူတို့နှစ်ဦး ကြာကြာ သိကျွမ်းခဲ့ကြခြင်း မရှိသေးသလို၊ သူတို့၏ အစောပိုင်း ဆက်ဆံရေးမှာလည်း အတော်ပင် ဆိုးရွားခဲ့သည်။ သူမ ဖေးယီကျန့်အား ပြင်းပြင်းထန်ထန် ထိုးကြိတ်ခဲ့ခြင်းများပင် ရှိခဲ့ဖူးသည်။ ထို့ကြောင့် ဖေးယီကျန့် အဘယ့် ကြောင့် ရုတ်တရက် ဤသို့ပြောရသနည်း ဆိုသည်ကို နန်ယု လုံးဝ နားမလည်နိုင်ဖြစ်နေသည်။

နန်ယု မကြိုက်လေလေ ပိုစိတ်ဝင်စားလေလေ ဖြစ်တတ်သောသူမျိုးမဟုတ်ပေ။

"ဘာကို သဘောကျတာလဲ ?"

ဖေးယီကျန့် နှုတ်ခမ်းအား မသိမသာ မြှင့်လိုက်သည်။ မကြာသေးမီက သင့်လျော်သော ပြုစုစောင့်ရှောက်မှုခံယူရခြင်းကြောင့် ဖြူဖျော့နေသော သူ့အသားအရေမှာာ အရောင်အနည်းငယ်ဝင်လာပုံရပြီး၊ သူ ကောင်းကင်ဘုံသို့ တက်တော့မည့် ပုံစံမျိုး မပေါက်တော့ပေ။

(T/N: ဖေးယီကျန့်သည် ယခင်က ဖျားနာ၊ နာကျင်မှုကြောင့် အသားအရေ ဖြူဖျော့နေခဲ့ရာ ယခုတွင် ကျန်းမာရေးပြန် လည်ကောင်းမွန်လာသည့် အရိပ်အယောင်ကို ဖော်ပြခြင်း ဖြစ်သည်)

"ကိုယ် ပြောပြလို့မရဘူး"

"ဒါပေမယ့် ကိုယ် သဘောပေါက်လိုက်တဲ့ အချိန်ကစပြီး အရမ်းသဘောကျသွားတာပဲ"

သူ နန်ယုအား ဘယ်လိုလုပ်မကြိုက်ဘဲ နေနိုင်မှာလဲ?

"ကျွန်မ ရှင့်ကို အကာအကွယ်ပေးဖို့ ရောက်လာတာ" လို့ သူမပြောခဲ့စဉ်က သူမ ဘယ်လောက်တောက်ပပြီး လှရက်နေခဲ့လဲဆိုတာကို သူ ကိုယ်တိုင်ရော သိရဲ့လား?

ကားဖြင့် လူကိုအတင်းဖယ်ရှားလိုက်တုန်းက သူ့အပြုံးမှာ ချစ်ခင်စရာကောင်းလောက်အောင် မောက်မာနေခဲ့သည်ကို သူ သိပါရဲ့လား?

ထိုအချိန်တုန်းက ဖေးယီကျန့် ရင်ခုန်သံမြန်ဆန်နေသော် လည်း ရှင်းပြ၍မရသော စိတ်လှုပ်ရှားမှုနှင့်အတူ သူမအပေါ် ကျဆုံးသွားခဲ့ပြီ ဆိုသည်အား သိလိုက်ရသည်။

ထို့ပြင် ကလေးများအား စနောက်ခြင်း၊ လူများကိုလှည့်စားခြင်းကဲ့သို့သော အခိုက်အတန့်များလည်းရှိခဲ့သည်။ ဖေးယီကျန့်၏ဘဝ ပထမတစ်ဝက်မှာ မှိုင်းမှောင်သောရေအိုင်တစ်ခု ဖြစ်ခဲ့ပါလျှင် နန်ယု ထိုရေအိုင်အပေါ်မှ မိုးပြာရောင်ကောင်း ကင်ဖြစ်ခဲ့သည်။

သူမသည် သူ့ချို့ယွင်းချက်များနှင့် ရုပ်ဆိုးခြင်းအား ရှင်းရှင်း လင်းလင်းဖော်ထုတ်ပြသခဲ့သော်လည်း သူမကိုသာ တမ်းတနေစေခဲ့သည်။

ဖေးယီကျန့် ချစ်ခြင်းဖြင့် ကျဆုံးမှုမပြီးဆုံးသေးကြောင်း သိခဲ့သော်လည်း သူသည် ကိုယ့်ကိုကိုယ် နှိမ့်ချတတ်သူ မဟုတ်ပေ။

ကိုယ့်သေဆုံးမှုကိုပင် ကြံစည်ပြီး အခြားသူများအား ဆွဲခေါ်နိုင်သူ တစ်ယောက်၏ စိတ်ပြောင်းလဲမှုအား မျှော်လင့်ရန်မသင့်ပေ။

ဖေးယီကျန့် နန်ယု၏ စိတ်နေသဘောထားအား သုံးသပ်ပြီး နွေးထွေးသော ချဉ်းကပ်မှုမှသာ သူမအား ပိုမိုလက်ခံစေနိုင်မည်ဟု မတွေးခဲ့လျှင်၊ သူ ယခုအချိန်အထိ စောင့်ဆိုင်းနေမည် မဟုတ်ပေ။

သို့သော်လည်း သူ ယခုထိ စိတ်မရှည်နိုင်ဖြစ်နေရသည်။

ဖေးယီကျန့် စိတ်ထဲမှ လှောင်ရယ်လိုက်သည်။ နန်ယု ၏ လူမှုရေးအရ ချိန်းတွေ့ခြင်း (Blind Date) သတင်းနှင့် ရည်းစားရှာနေသည် ဟူသော သတင်းအား ကြားလိုက်ရသောအခါ သူ စိတ်မရှည်နိုင်ဖြစ်သွားရသည်။

ထို့ကြောင့် ယခုလို အခြေအနေမျိုးဖြစ်ပေါ်လာရခြင်းဖြစ် သည်။

"ဒါက"

နန်ယု ဖေးယီကျန့် မျက်နှာအား သတိကြီးစွာ စူးစမ်းလိုက်သည်။

"ဒါ ကျွန်မ ကယ်တင်ခဲ့လို့ဖြစ်လာတဲ့ နားလည်မှုလွဲတာမျိုးများဖြစ်နေမလား?"

နန်ယု၌ ချစ်ခြင်းမေတ္တာမရှိသလို ဘယ်သူ့ကိုမှ မကြိုက်ဖူးသော်လည်း ဝတ္ထုများနှင့် တီဗီဒရာမာများ ဖတ်ရှုကြည့်ရှုခဲ့သည်။ သူမမှာ စာရွက်ပေါ်က သီအိုရီဗဟုသုတများ ပေါများနေသော်လည်း လက်တွေ့ အတွေ့အကြုံတော့ လုံးဝမရှိခဲ့ပေ။

"ကိုယ်က အဲဒီလိုလူမျိုးလို့ မင်း ထင်နေတာလား?"

သူသည် သူ့ဝန်ခံမှုမှာ အရမ်းအလျင်စလို ဖြစ်ခဲ့ကြောင်းနှင့် နန်ယု ချက်ချင်းလက်ခံနိုင်မည် မဟုတ်ကြောင်းကိုသိရှိထား သည်။

သို့သော် ဖေးယီကျန့် နန်ယု၏လက်ခံမှုအား မလိုချင်ခဲ့ဘဲ အချိန်ဆွဲလိုရုံသာ ဖြစ်သည်။

"အခြားသူတွေကို အခွင့်အရေးအမြန်မပေးပါနဲ့၊ ပေးရမည်ဆိုရင် ကိုယ့်ကို အရင်စဉ်းစားပေးပါ၊ အဲ့လိုရမလား?"

နန်ယု စိတ်နေသဘောထားအား ဖေးယီကျန့် နားလည်ထားသဖြင့် ဤသို့ ပြောလိုက်ပါက သူမ ခဏတာအတွင်း အခြားမည်သူ့ကိုမျှ ထည့်သွင်းစဉ်းစားတော့မည် မဟုတ်ကြောင်းကို သိသည်။

ဖေးယီကျန့် ဤသို့ တွက်ချက်မှု ပြုလုပ်ရသည့်အတွက် မျက် နှာအားငုံ့ချလိုက်သည်။ သူနှင့် နန်ယု အမှန်ပင်မတူကြချေ။

နန်ယု စိတ်ခံစားချက်ကင်းမဲ့သူ၊ အေးတိအေးစက်နှင့် ရက် စက်သူပုံ ပေါက်နေသော်လည်း သူမသည် တကယ်တော့ ဘယ်သူထက်မဆို ပိုပြီး စိတ်ရင်းမှန်ကန်သူ ဖြစ်သည်။ နန်ယု အသိအမှတ်ပြုခြင်းခံရခြင်းမှာ ဤကမ္ဘာပေါ်တွင် ကံအ ကောင်းဆုံးလူဖြစ်လာမည်မှာ သေချာသည်။

"အဲဒါကိုတော့"

နန်ယု ခဏစဉ်းစားလိုက်သည်။

"ကျွန်မ အခုချိန်မှာ ရှင်ကို သူငယ်ချင်းတစ်ယောက်အနေနဲ့ပဲ မြင်တယ်၊ သူငယ်ချင်းကနေ ရည်းစားဖြစ်အောင် ပြောင်းဖို့ ရည်ရွယ်ချက်မရှိဘူး"

နန်ယု၏ရည်းစားဆိုသော စကားမှာ ထိုဆွေမျိုးများအား ပြန်လည်ချေပရန် ပြောခဲ့ခြင်းဖြစ်သည်။ ရိုးသားစွာပြောရလျှင် သူမ ချဉ်းကပ်လာသူများအား စိတ်ဝင်စားလိမ့်မည် မဟုတ်ပေ။ နန်ယု သူမ၏ ခံစားချက်အား အမြဲတမ်းပထမနေရာတွင် ထားခဲ့သည်။

ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များအတွက် ဤမျှ အသည်းအ သန်ကြိုးစားရန် လိုအပ်သည်မျိုးလည်း မရှိပါ။

နန်ယု ငြင်းဆိုမှုအား ဖေးယီကျန့် မျှော်လင့်ထားပြီးသား ဖြစ် သည်။ သူ တောင်းပန်လိုက်သည်။

"ကိုယ် မင်းကို ဒုက္ခပေးမိလို့ တောင်းပန်ပါတယ်"

"ဒါ သိပ်တော့မဆိုးပါဘူး"

သာမန်လူစိမ်းတစ်ယောက်ဆိုလျှင် နန်ယု ပြတ်ပြတ်သားသား ငြင်းပယ်မှာဖြစ်သည်။ ဒါပေမယ့် ဖေးယီကျန့် အခုဆိုရင်...

သူတို့၏သူငယ်ချင်းဆက်ဆံရေးအား ဘေးဖယ်ထားလိုက်လျှင် သူ့မိသားစု ပျောက်ဆုံး၊ ဆွေမျိုးများ ပျောက်ဆုံး၊ တစ်ဦးတည်းသောသားက သူမကို ပိုနှစ်သက်နေသည်။ ငွေကြေးကလည်း ကျန်ရင်တောင် သိပ်များများစားစားရှိတော့မည် မဟုတ်ပေ။

ထိုအပေါ်တွင် သူ့ခေါင်းပေါ်၌ ဓားတစ်ချောင်း အချိန်မရွေး ကျလာဖို့ အမြဲတမ်းခြိမ်းခြောက်နေသည်။ ကိုယ့်ကိုကိုယ် စိတ်ခံစားချက်ကင်းမဲ့သူဟု ယူဆသည့် နန်ယုလိုလူမျိုးပင် ဖေးယီကျန့်၏ ထိုပုံစံအား မြင်လိုက်ရသောအခါ မတုန်လှုပ်ဘဲ မနေနိုင်ဖြစ်ခဲ့ရပြီး "အစ်ကို၊ ခင်ဗျား တကယ် ပင်ပန်းခဲ့ရတာပဲ" ဟု ပြောလိုက်မိသည်။

"ဒါဆို ဒီကိစ္စကို ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်လိုက်ရင်ကော"

နန်ယု စဉ်းစားလိုက်သော်လည်း ဤဆိုးဝါးသော အကြံဉာဏ်ကိုသာ ရရှိခဲ့သည်။

သူမနှင့် ဖေးယီကျန့်တို့ သေချာပေါက် ပြန်လည်တွေ့ဆုံကြရမည် ဖြစ်ပြီး အတူတကွ ပူးပေါင်းလုပ်ဆောင်ရမည် ဖြစ် သည်။ သူမ ရှောင်ပြေး၍ မရသောကြောင့် အဘယ်အရာများ လုပ်ဆောင်နိုင်မည်နည်း ဟု တွေးမိသည်။

ဖေးယီကျန့် အပြုံးမှာ မပြောင်းလဲပေ: "ကောင်းပါပြီ"

"မင်း အုန်းရည်သောက်ချင်တာလား ခုနက ?"

အကြောင်းအရာအား မြန်မြန်ဆန်ဆန်ပြောင်းလဲလိုက်ခြင်းကြောင့် နန်ယု သက်ပြင်းချလိုက်ရသည်။

သူမ နှစ်ဘဝလုံးတွင် တစ်စုံတစ်ယောက်မှ သူမအား ချစ်ကြောင်း တိုက်ရိုက်ဝန်ခံခြင်းမှာ ဒါ ပထမဆုံးအကြိမ် ဖြစ် သည်။ သို့သော် အံ့အားသင့်မှုနှင့် ရှက်ရွံ့မှုမှလွဲ၍ ဝတ္ထုများထဲတွင် ဖော်ပြထားသည့်အတိုင်း စိတ်လှုပ်ရှားဖွယ်ခံစားမှုမျိုး သူ မခံစားရချေ။

မျှော်လင့်ထားသည့်အတိုင်းပင်၊ သူမ ဖေးယီကျန့်၏ မျက်နှာကိုသာ သဘောကျခြင်းဖြစ်ပြီး လူပုဂ္ဂိုလ်အတွက်ကတော့ နောက်မှ ဆွေးနွေးရမည့်ကိစ္စဖြစ်သည်။

ဤအချိန်၌မူ နန်ယုလထိုကဲ့သို့သော ကိစ္စမျိုးအား မစဉ်းစားတော့ပေ။

ယနေ့ သူတို့ ကျွန်းပေါ်သို့ ရောက်ရှိသော ပထမဆုံးနေ့ဖြစ်ပြီး ရောက်ရှိချိန်တွင် မိုးချုပ်ခါနီးပြီ ဖြစ်သောကြောင့် ချက်ချင်း အပြင်မထွက်ကြဘဲ အိမ်တော်ထိန်း စီစဉ်ပေးသော ပင်လယ်စာများပြည့်နှက်နေသော ညစာအားစားသုံးခဲ့ကြသည်။

အန်းနင်တစ်ယောက်တည်း အထူးကိုယ်ဝန်ဆောင် အစားအ စာ စားရခြင်းမှလွဲ၍ ကျန်သူများအားလုံး သူတို့ညစာကို ပျော်ရွှင်စွာ စားသုံးခဲ့ကြသည်။

ကလေးငယ်သုံးယောက်မှာ စကားပြောမကုန် ဖြစ်နေသည်။ သူတို့ရှေ့က ဂဏန်းကြီးများကနေ နောက်တစ်နေ့ ရေကူးမည့် အစီအစဉ်အထိ၊ ညဘက်အတူတူ အိပ်ချင်ကြောင်းနှင့် ရှောင်မီ၊ ရှောင်ယွမ်တို့ သူတို့ကို လွမ်းနေမလားစသည့် အကြောင်းအရာများပါဝင်သည်။

အတိုချုပ်ပြောရလျှင် သူတို့ဘေးမှ ကြည့်နေသော နန်ယု မည်မျှပင် အာဏာရှိသော CEOများ ဖြစ်လာပါစေ၊ ငယ်စဉ်အခါကတော့ အားလုံးကလေးဆန်ကြသည်ဟု ခံစားမိသည်။

ကံကောင်းစွာဖြင့် သူမ ကလေးသုံးယောက်အား တစ်ဦးတည်း ဂရုစိုက်စရာမလိုပေ။ မဟုတ်လျှင် သူမ ကြာမြင့်ချိန်ကတည်းက ထွက်ပြေးမိလိမ့်မည်။

အန်းနင် တက်ကြွသော ပတ်ဝန်းကျင်အား ကြိုက်နှစ်သက်ပုံရပြီး၊ သူ့ဗိုက်ထဲမှ ကလေးက ပူဆာနေလျှင်ပင် သူ့နှုတ်ခမ်းမှ အပြုံးမပျက်ချေ။

ဤသို့ဖြင့် ကျွန်းပေါ်ရှိ ပထမဆုံးညမှာပြီးဆုံးသွားခဲ့သည်။

နောက်တစ်နေ့ မှာ ပျော်ပွဲရွှင်ပွဲ၏အဓိက အပိုင်းဖြစ်သည်။

နန်ယု ရေငုပ်ရန် စီစဉ်ထားသည်။

သူမ တစ်ခါမှ မလုပ်ဖူးသော်လည်း သူမ၏ ခန္ဓာကိုယ်အခြေ အနေ ကောင်းမွန် ပြီး သူမဘေးမှာ ကျွမ်းကျင်သော နည်းပြလည်း ရှိသောကြောင့် မကြောက်ပေ။

မမျှော်လင့်ဘဲ လီယွမ်မိုနှင့်ဖေးယီကျန့်တို့လည်း ပါဝင်ချင်ကြောင်း ပြောလာကြပြီး သူတို့ နှစ်ယောက်လုံးတွင် တကယ်ပင် ပရော်ဖက်ရှင်နယ် ရေငုပ်အသိအမှတ်ပြု လက်မှတ်များ ရှိနေသည်တဲ့လား?

ချီး၊ သူမမှာ လိုင်စင်မရှိခြင်းက အမြဲတမ်းနိမ့်ကျနေသလို ခံစားနေရသည်။ သူ နောက်မှ လက်မှတ်ယူရမည်။

"အဒေါ်၊ ဒါ တကယ် အဆင်ပြေရဲ့လား?"

ဖေးယွင်ကျင်းကလည်း အလားတူ စိုးရိမ်နေသည်။

"အန္တရာယ်ရှိတာ ဘာမှ မလုပ်ပါနဲ့နော်"

"စိတ်မပူပါနဲ့"

နန်ယု ရေကူးဘောင်းဘီနှင့် ဘောကွင်းအား ဝတ်ထားပြီး ကလေး၏ခေါင်းအား ပုတ်ကာ ပြုံးလိုက်သည်။

"ရှောင်ကျင်း၊ အဒေါ် မင်းကို အံ့အားသင့်စရာတစ်ခုခု ယူလာ ပေးမယ့်အထိ စောင့်နေ"

ရေကူးမကစားဘဲ ကမ်းခြေအား သွားလျှင် ပျင်းစရာကောင်းမည် ဖြစ်သည်။

အန်းနင်မှလွဲ၍ ကျန်သူများအားလုံး ဤနေ့ ရေထဲ ဆင်းကြမည်ဖြစ်သည်။

ကလေးငယ်သုံးယောက်စလုံး ဘောကွင်း ဝတ်ရမည်ဖြစ်ပြီး တစ်ဦးချင်းစီအား နည်းပြတစ်ဦးစီမှ အနီးကပ်လိုက်ပါစောင့်ကြည့်နေသည်။

ထို့အပြင် သူတို့ ကမ်းခြေနှင့်နီးသော နေရာတွင်သာ ကစားကြမည် ဖြစ်သောကြောင့် အရမ်းစိုးရိမ်ရန်မလိုပေ။

ကြောက်ရွံ့မှုကြောင့် ဘာမှမစမ်းသပ်ရဲလျှင် ဘဝက အလွန်ပျင်းစရာ ကောင်းနေမည်ဖြစ်သည်။

တစ်ဖက်တွင်တော့ နန်ယု ကြိုတင်လေ့ကျင့်မှု အတိုချုံးလုပ်ပြီးနောက် ပရော်ဖက်ရှင်နယ် ရေငုပ်ကိရိယာများ ဝတ်ဆင်ရန် လှေပေါ်သို့ တက်လိုက်သည်။ နောက်ဆုံးတွင် သမုဒ္ဒရာထဲ အနက်ရှိုင်းဆုံးထိဆင်းပြီး လျှို့ဝှက်ဆန်းကြယ်သော ရေအောက်ရှုခင်းအား ကြည့်ရှုရန် အခွင့်အရေးရခဲ့ပြီ။

နန်ယု ရေငုပ်ကိရိယာများ ပြောင်းလဲဝတ်ဆင်နေသော လီယွမ်မိုနှင့် ဖေးယီကျန့်တို့အား ရှက်ရွံ့ခြင်းမရှိဘဲ ပေါ့ပေါ့ပါးပါး ကြည့်လိုက်သည်။

ဘယ်လိုပြောရမလဲ? လီယွမ်မိုမှာ ဗိုက်သားကြွက်သား ရှစ်ခုရှိမည်ဟု မျှော်လင့်ထားသော်လည်း ဖေးယီကျန့် မှာ လေးခုသာ ရှိလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ။

"ဒီကောင် ငါ မသိဘဲ လျှို့ဝှက်လေ့ကျင့်နေတာလား?"

"ယုယု"

ဖေးယီကျန့် အသံထဲ အနည်းငယ်စိတ်ပျက်အားငယ်မှု ပါဝင်လာသည်။

"ကြည့်လို့ ကောင်းရဲ့လား?"

သူ့ကို ကြည့်တာအဆင်ပြေပါတယ်၊ ဒါပေမယ့် အဓိကက သူ့ဘေးမှာ လီယွမ်မိုလည်းရှိနေတာပဲ၊ သူ့ထက် ပိုကောင်းတဲ့ ကိုယ်လုံး ကိုယ်ပေါက်ရှိတဲ့ လူတစ်ယောက်... ဖေးယီကျန့် ဝန်ခံချင်စိတ်မရှိပေမယ့် ဝန်ခံရတော့မည်။

"ဟေး၊ ဟေး၊ ဟေး"

နန်ယု ကန့်ကွက်လိုက်သည်။

"ငါတို့ အားလုံး ကမ်းခြေမှာရောက်နေကြတာ၊ ငါ မြန်မြန် ကြည့်လိုက်တာပါ၊ ငါ့ကို လူလည်ကျတဲ့ပုံ မဖြစ်စေနဲ့!"

တကယ်တော့ နန်ယု ယောက်ျားလေးများ၏ခန္ဓာကိုယ်အား အတော်အတန် ကြည့်ခဲ့ဖူးသည်။ သူမ အရင်ဘဝတုန်းက၊ လေ့ကျင့်ရေးပဲဖြစ်ဖြစ်၊ Mutant များအား အမဲလိုက်ရန် အပြင်ထွက်ခြင်းပဲဖြစ်ဖြစ်၊ ဤကဲ့သို့ ရှက်ရွံ့ကာ ခုခံကာကွယ်မှုအများကြီးရှိသော ယောက်ျားမိန်းမများ မရှိခဲ့ပေ။ တချို့ဆို ဒဏ်ရာရပါက အဝတ်များပင်ချွတ်လိုက်ကြသည်။

(T/N: ပတ်ဝန်းကျင်က အရေးကြီးတဲ့အတွက် ခန္ဓာကိုယ်ကို ဖုံးကွယ်ခြင်းမပြုကြဟု ဆိုလိုသည်)

အသက်ရှင်ရပ်တည်ရေးနှင့် ပတ်သက်လာလျှင် ကျန်သည့် အရာအားလုံးမှာ အရေးမကြီးတော့ပေ။

နန်ယု အကြည့်တွင် ယခုအခါ မည်သည့် စိတ်ခံစားချက်မျှမရှိတော့ချေ။

အများဆုံးဆိုလျှင် သူမ "ဖေးယီကျန့်က တော်တော်အတွေ့ အကြုံနုနယ်တာပဲ" ဟု သက်ပြင်းချမိရုံသာ ဖြစ်သည်။

(T/N: 'naive' သည် လောကအတွေ့အကြုံနုနယ်ခြင်း၊ အပြစ်ကင်းစင်ခြင်းဟု အဓိပ္ပာယ်ရသည်)

ထို့နောက် သူတို့သုံးဦး သက်ဆိုင်ရာ နည်းပြများ၏ဦးဆောင်မှုနှင့်အတူ ပင်လယ်ကြမ်းပြင်ဆီသို့ ဖြည်းဖြည်းချင်းဆင်းသွားကြသည်။

နန်ယု စတင်သူ ဖြစ်သည့်အတွက် ပထမဆုံးအကြိမ်တွင် အလွန်နက်သောနေရာကို မသွားခဲ့သော်လည်း လီယွမ်မိုနှင့် ဖေးယီကျန့်မှာမူ စိတ်မပူဘဲ ပိုမိုနက်ရှိုင်းသောနေရာသို့ ရေငုပ်ဆင်းသွားကြသည်။

မကြာမီမှာပင် ထိုသုံးဦး တစ်ယောက်ကိုတစ်ယောက်၏ မြင်ကွင်းမှ ပျောက်ကွယ်သွားကြသည်။

နန်ယု ဂရုမစိုက်တော့ဘဲ ရှာဖွေမီးသီး၏ အလင်းရောင်အောက်မှ ရံဖန်ရံခါ ဖြတ်သန်းသွားသော ငါးများနှင့် အခြားသတ္တဝါများကိုသာ လေ့လာနေသည်။

ဖြည်းဖြည်းချင်း နန်ယု ပိုမိုနက်ရှိုင်းသောနေရာသို့ ရေငုပ်ဆင်းလာရာ ရှာဖွေမီးသီး၏ အစွမ်းမှာ အနည်းငယ်သာ ထိရောက်တော့သည်။

ပတ်ဝန်းကျင်တစ်ခုလုံးကို တိတ်ဆိတ်ငြိမ်သက်မှု တဖြည်း ဖြည်း ဖုံးလွှမ်းလာပြီး နည်းပြများပင် လုံးဝပျောက်ကွယ်သွား သကဲ့သို့ ဖြစ်နေသည်။

ဤကမ္ဘာပေါ်တွင် နန်ယု တစ်ယောက်တည်းသာ ကျန်တော့သလို ဖြစ်နေသည်။

ဒေါင်-ဒေါင်ဒေါင်ဒေါင်-ဒေါင်ဒေါင်-ဒေါင်-

သူမ နားထဲမှ ရှင်းလင်းပြတ်သားသော "ဒေါင်" အသံတစ်ခု ထွက်ပေါ်လာပြီး ၎င်းမှာ သူမ ထင်ယောင်ထင်မှား ဖြစ်ခြင်းမဟုတ်ပေ။

နန်ယု ခဏရပ်လိုက်ပြီးမှ အပေါ်ဘက်သို့ ရေကူးတက်တော့ သည်။

သူမဘေးမှ နည်းပြသည် သခင်မလေး မောပန်းသည်ဟု ယူဆကာ နောက်မှလိုက်၍ အပေါ်တက်ရန် ဂရုမစိုက်ချေ။

သူတို့ သုံးဦး ရေငုပ်ဆင်းသည်မှာ မိနစ်နှစ်ဆယ်ပင် မပြည့်သေးပေ။ ဖေးယီကျန့်နှင့် လီယွမ်မိုတို့လည်း ယခုထိ အပေါ်သို့ မတက်သေးပါ။

နန်ယု ရေငုပ်ပစ္စည်းများအား ချွတ်လိုက်ပြီး အနားယူနေဟန် ထိုင်နေသော်လည်း တကယ်တမ်းတွင် ခုနက ကြားလိုက်ရသည့် အသံအား စဉ်းစားနေခြင်းဖြစ်သည်။

သူမ အရင်ဘဝ၌ အသံမှု Mutant များအား ဆွဲဆောင်နိုင်သောကြောင့် လူတိုင်း လျှို့ဝှက်အချက်ပြမှုများဖြင့်သာ လှုပ်ရှားကြသည်။

လက်ချောင်းများဖြင့် အခြားသူ၏လက်ခုံအား ခေါက်ခြင်းနှင့် စည်းချက်အလိုက် ကွာခြားမှုတို့မှာ သီးသန့်စကားလုံးများကို ကိုယ်စားပြုခဲ့သည်။

(T/N: ၎င်းသည် စစ်မြေပြင် သို့မဟုတ် လျှို့ဝှက်အဖွဲ့အစည်းများတွင် အသံမထွက်ဘဲ ဆက်သွယ်သည့် လျှို့ဝှက်ကုဒ်စနစ်ဖြစ်သည်။)

ပင်လယ်ကြမ်းပြင်ပေါ်မှ အစောပိုင်းကြားရသောအသံအား အရင်ဘဝလျှို့ဝှက်ကုဒ်ဖြင့် အစားထိုးလိုက်သောအခါ [ရန်သူတွေ ရှိနေတယ်၊ သတိထား!] ဟု အဓိပ္ပာယ်ရနေလေသည်။

All Chapters