← Chapters

အခန်း (၉၂)

Vol. 11 Ch. 92

အခန်း (၉၂)

Vol. 11 Ch. 92

နန်ယု ခေါ်ဆောင်လာသူများအပြင် ဗီလာတွင် အစေခံများ၊ ဥယျာဉ်မှူးများ၊ နည်းပြများနှင့် အခြားသူများအပါအဝင် စုစုပေါင်း လူ ၅၃ ဦး ရှိသည်။

၎င်းတို့အနက် အကြာဆုံး အမှုထမ်းခဲ့သူမှာ ဆယ်နှစ်ရှိပြီဖြစ်ပြီး၊ အတိုဆုံးမှာမူ ခြောက်လသာ ရှိသေးသည်။ အလုပ်ကို အလှည့်ကျနှင့် နားချိန်ဖြင့် စီစဉ်ထားပြီး တစ်လလျှင် နှစ်ရက် ပိတ်သည်။ ဝန်ထမ်းများမှာ ဗီလာတွင်နေထိုင်ခြင်း သို့မဟုတ် နှစ်ရက်ခြားတစ်ကြိမ် ရောက်ရှိသော ထောက်ပံ့ရေးသင်္ဘောဖြင့် ပင်မကုန်းမြေသို့ နှစ်ရက်ခရီးသွားခြင်းကို ရွေးချယ်နိုင်သည်။

သူတို့လုပ်ခမှာ အပြင်ဘက်အလုပ်များထက် နှစ်ဆကျော်များပြားပြီး အလုပ်မှာ နှိုင်းယှဉ်ချက်အရ လွယ်ကူအပန်းဖြေနိုင်သောကြောင့်၊ အထူးသဖြင့် နန်ယုနှင့် သူမ သူငယ်ချင်းများမရှိသည့်အခါ လူအများအပြားကျွန်းသို့လာပြီး နှစ်အနည်းငယ် အလုပ်လုပ်ပြီးမှပြန်သွားချင်ကြသည်။

သို့သော် ဝန်ထမ်းရွေးချယ်မှု စံနှုန်းများမှာ တော်တော်လေး တင်းကျပ်ပြီး စရိုက်သည် ပထမဦးစားပေးဖြစ်သည်။

ရန်သူတစ်ဦး တကယ်ရှိပါက သူ ဤလူ ၅၃ ဦးထဲမှ တစ်စုံ တစ်ဦးအား လာဘ်ထိုးခဲ့သည်မှာ သေချာသည်။ ၎င်းကို မည်သို့ ဖော်ထုတ်ပြီး ဖယ်ရှားနိုင်မည်နည်း။

နန်ယု ကျွန်းသို့ မလာမီကတည်းက သူမ နောက်ထပ်အိမ်တော်ထိန်းကျန်းကဲ့သို့ အိမ်စောင့်မျိုးအားကြောက်ရွံ့သဖြင့် အခြေအနေကို သေချာစုံစမ်းစစ်ဆေးရန် တစ်စုံတစ်ဦးအား စေလွှတ်ခဲ့ဖူးသည်။ နောက်ဆုံးတွင် သူမသည် ခန္ဓာကိုယ် ကြံ့ခိုင်မှု၌သာ အားကောင်းပြီး ကြံစည်မှုနှင့် ပူးပေါင်းကြံစည်မှုတွင် သိပ်မကောင်းပေ။ ထို့ကြောင့် သူမပတ်ဝန်းကျင်ရှိ လူများအာ အထူးဂရုစိုက်ခဲ့ရသည်။

စုံစမ်းစစ်ဆေးမှု ရလဒ်များမှာ သဘာဝအတိုင်း ခန့်မှန်းနိုင်သည့်အတိုင်း ထွက်ပေါ်လာခဲ့သည်။ ဤလူအများစုမှာ ကျွန်းနှင့် အနီးဆုံး ပင်လယ်မြို့မှ ဖြစ်ကြသည်။ သူတို့ မကြာသေးမီက မရှင်းပြနိုင်သော ငွေအမြောက်အမြားအားလက်ခံခဲ့ခြင်းမရှိသလို၊ သူတို့မိသားစုများသည်လည်း အထူးငွေကြေး လိုအပ်ချက်များနှင့် ရင်ဆိုင်ခဲ့ခြင်းမရှိပေ။ သူတို့နောက်ခံ များမှာ တော်တော်လေး ရိုးရှင်းသည်။

တကယ်တော့ ဝန်ထမ်းတစ်ဝက်ကျော်သည် ထိုဧရိယာမှ တစ်ခါမျှ မထွက်ခွာခဲ့ကြဘဲ နောက်ခံအချက်အလက်များ အလွန်သန့်ရှင်းသည်။

ဖေး: မင်း အိပ်နေပြီလား ?

သူမ ဖေးယီကျန့်ထံမှ စာအား လက်ခံရရှိပြီးနောက် နန်ယု အချိန်ကို ရုတ်တရက် စစ်ဆေးကြည့်လိုက်သည်။ ၎င်းမှာ မနက် ၂ နာရီ ထိုးရန် ဆယ့်ငါးမိနစ် လိုနေသေးသည်။

နန်ယု: မအိပ်သေးဘူး

ဤစကားလုံးနှစ်လုံးအား ရိုက်ပြီးနောက် သူမ အိပ်ပျော်နေသော ဖေးယွင်ကျင်းအား လှည့်ကြည့်လိုက်သည်။ ကလေးငယ်မှာ မျက်လုံးဖုံးအောက်တွင် ပုံမှန် အသက်ရှူနှုန်းဖြင့် ကောင်းမွန်စွာ အိပ်နေသည်။ သူ လုံးဝ ကောင်းမွန်စွာအိပ်နေပြီး လှုပ်ရှားမှု အနည်းငယ်သာရှိသည်။

ဖေး: ညဘက် အပြင်ထွက်မလား?

နန်ယု ခေတ္တမျှ တုန်လှုပ်သွားခဲ့သည်။ ညဘက်တွင် ရဲတိုက်အား စူးစမ်းလိုသည့် ကလေးဆန်သော စကားလား? ၎င်းသည် ဖေးယီကျန့် နှုတ်မှ လာသည်ဟု တွေးလိုက်သောအခါ သူမ အနည်းငယ် စိတ်ထဲ တစ်မျိုးဖြစ်သွားသည်။

သို့သော် မကြာမီတွင် နန်ယု ပြန်လည်တုံ့ပြန်လိုက်သည်။

နန်ယု: ထွက်မယ်!

ဒါပေမယ့်... အဟမ်း၊ သူမသည် သေချာပေါက် ကစားနေခြင်းမဟုတ်ပေ။ ၎င်းမှာ ကံကြမ္မာအား ဆန့်ကျင်တိုက်ခိုက်ခြင်း သက်သက်သာ ဖြစ်သည်။

ဟုတ်တယ်၊ သူမ အတိအကျ ပြောနေတာ အဲဒါပဲ!

ဗီလာတွင် ညဘက်၌ ကင်းလှည့်သည့် လုံခြုံရေးများရှိနေပြီး၊ ကျွန်းပတ်ပတ်လည်တွင် စောင့်ကြည့်ကင်မရာများလည်း ရှိသည်။ ရာဇဝတ်သားများ ကျွန်းပေါ် တိတ်တဆိတ်ဝင်ရောက် ခြင်းမှ ကာကွယ်ရန်အတွက် အထူးဝန်ထမ်းများမှာ တစ်ရက်လျှင် ၂၄ နာရီ တာဝန်ထမ်းဆောင်သည်။

ထို့ကြောင့် နန်ယုနှင့် ဖေးယီကျန့်တို့ အပြင်ထွက်လာသော အခါ စောင့်ကြည့်ခန်းမှ လူများမှာ သူတို့အား ချက်ချင်း သတိပြုမိခဲ့သည်။

ထို့နောက် စောင့်ကြည့်ကင်မရာကို တည့်တည့်ကြည့်နေသော နန်ယုမျက်နှာအား တွေ့လိုက်ရပြီး ဖန်သားပြင်နောက်ကွယ်မှ လုံခြုံရေးအစောင့်ကို သူမ ညင်သာစွာ ပြုံးပြခဲ့သည်။

လုံခြုံရေးအစောင့်: ကောင်းပြီ၊ ငါ နားလည်ပြီ၊ ဒါ နောက်ထပ် သူဌေးရဲ့ ကစားပွဲတစ်ခုပဲ

နားလည်သည်ဟုထင်သော လုံခြုံရေးအစောင့်မှာ သူ့သူငယ် ချင်းများထံသို့ မက်ဆေ့ချ်တစ်ခုအား လျင်မြန်စွာ ပို့လိုက်ပြီး သူတို့နှစ်ဦးကို တွေ့ဆုံပါက ရာဇဝတ်သားများအဖြစ် မဆက် ဆံဘဲ နားလည်မှုလွဲစေခြင်းမှ ရှောင်ရှားရန် မမြင်ဟန်ဆောင်ရန်ပြောပြခဲ့သည်။

ညဘက်တွင် ကျွန်းမှာ လူနည်းခြင်းကြောင့် ပို၍တိတ်ဆိတ်နေပြီးတစ်ခုတည်းသော ထင်ရှားသည့်အသံမှာ လေတိုက်ခတ်သံသာဖြစ်သည်။

ဖေးယီကျန့် သူမအား အပြင်ထွက်ရန် အထူးတောင်းဆိုသောအခါ ပေါ့ပေါ့ပါးပါးခေါ်ခဲ့ခြင်းမဟုတ်ပေ။

သူ နန်ယုအား ဗီလာတံခါးသို့ခေါ်ဆောင်လာပြီးနောက်ခြောက်ထပ်ဗီလာကြီးကို ငေးကြည့်လိုက်ကာ အဝေးရှိ ပင်လယ်ပြင်အား ဖြည်းညှင်းစွာ ကြည့်လိုက်သည်။

"ဒီကျွန်းက ငလျင်ဇုန်ရဲ့ အစွန်းမှာရှိနေတယ်၊ နောက်ဆုံးပင်လယ်ပြင် ငလျင်ကြောင့် ထိခိုက်ခဲ့တာဟာ အနှစ်ခြောက်ဆယ်လောက်ကပဲ"

၎င်းမှာ ပုံမှန်အားဖြင့် စိုးရိမ်စရာ ကိန်းဂဏန်းမဟုတ်သော် လည်း၊ ဤသတိထားရမည့် အခြေအနေတွင် ဖေးယီကျန့်စကားများမှာ အဓိပ္ပာယ်ရှိနေသည်။

"မင်းကံကြမ္မာ က အဲဒါကို လုပ်မယ်လို့ ထင်လား ?"

ငလျင်—၎င်းအား ဖော်ပြရုံမျှဖြင့် နန်ယုကို မျက်မှောင်ကြုတ်စေသည်။

"ကံကြမ္မာက လူတစ်ယောက်မဟုတ်ဘူး"

ဖေးယီကျန့် ပုခုံးတွန့်လိုက်သည်။

"သူ့မှာ လူသားတို့ရဲ့ ဦးစားပေးမှုတွေ မရှိဘူး၊ သူက ခေတ်မီတဲ့ စက်တစ်ခုလိုပဲ၊ မူရင်း စက်ရုံထုတ် စီစဉ်မှုတွေကိုပဲ ထိန်းသိမ်းနေတာ"

နန်ယု၏အင်အားသုံးချဉ်းကပ်မှုနှင့် နှိုင်းယှဉ်လျှင် ဖေးယီကျန့် လုံးဝ ဉာဏ်ပညာရှင် ဖြစ်သည်။ သူ ကံကြမ္မာနှင့် နှစ်ပေါင်းများစွာ ဆက်ဆံခဲ့ပြီး နန်ယုထက်ပိုမိုနားလည်သည်။

နန်ယု ဖေးယီကျန့်၏ ရှင်းပြချက်အား အလေးအနက်ထား နားထောင်သည်။ ၎င်းမှာ စက်တစ်ခုဖြစ်သောကြောင့် ကံကြမ္မာ ရည်ရွယ်ချက်ရှိရှိ လက်စားချေမည်အား စိုးရိမ်ရန် မလိုအပ်ပေ။ ၎င်းသည် ၎င်းနှင့်သက်ဆိုင်သော မည်သည့်စိတ်ခံစားမှုကိုမျှ နားမလည်၊ သို့မဟုတ် မရှိပေ။

ကံကြမ္မာသည် အရာများလမ်းကြောင်းမှ သွေဖည်တော့မည် ဖြစ်သောအခါ၊ အသေးငယ်ဆုံး ကုန်ကျစရိတ်ဖြင့် လူများနှင့် ဖြစ်ရပ်များအား လမ်းကြောင်းပေါ်သို့ ပြန်ဆွဲတင်ရုံသာဖြစ် သည်။

၎င်းမှာ သူမနှင့်ဖေးယီကျန့် အစီအစဉ်များအား ဆွေးနွေးနေခြင်းနှင့် ကံကြမ္မာ ဤနေရာတွင် ရှိနေခြင်းတို့ကဲ့သို့ပင်။ ကံကြမ္မာသာ ၎င်းအား ကြားပြီး ကြိုတင်ပြင်ဆင်မှုများ လုပ်မည်ကို စိုးရိမ်ရန်မလိုအပ်ပေ။

မဟုတ်ပါက ဤ "တိုက်ပွဲ" မှာ ဖြစ်နိုင်မည် မဟုတ်ပေ။

ထိုစက်အား ဖျက်ဆီးနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ ၎င်း၏ မူလပရိုဂရမ် (သို့မဟုတ်) စနစ်အား ပျက်စီးစေရန်ပင်ဖြစ်သည်။

၎င်းအား ပိုမိုဖျက်ဆီးလေ၊ စက်သည်လည်း ဆက်လက်ရပ်တည်ဖို့ ပိုမိုရုန်းကန်ရလေ ဖြစ်သည်။ နောက်ဆုံးတွင်၊ ပမာဏဆိုင်ရာ ပြောင်းလဲမှုသည် အရည်အသွေးဆိုင်ရာ ပြောင်းလဲမှုသို့ ရောက်ရှိသွားပြီး အလုပ်လုပ်နိုင်သည့် ပရိုဂရမ်မရှိဘဲ ထိုစက်မှာ သဘာဝအတိုင်း ရပ်တန့်သွားမည်ဖြစ်သည်။

[T/N: ပမာဏ ပြောင်းလဲမှုသည် အရည်အသွေး ပြောင်းလဲမှုသို့ ရောက်ရှိသည် (量变引起质变) - ၎င်းမှာ မာ့စ် (Marx) ၏ ဒဿနိကဗေဒမှ အယူအဆတစ်ခုဖြစ်ပြီး အရေအတွက်ဆိုင် ရာပြောင်းလဲမှုများ စုဆောင်းမိလာသောအခါ အရည်အ သွေးဆိုင်ရာ ကြီးမားသည့် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာနိုင်ကြောင်း ဆိုလိုသည်။ ဤနေရာတွင် ကံကြမ္မာ၏ ပရိုဂရမ်ကို အကြိမ်များစွာ ပျက်စီးစေခြင်းဖြင့် နောက်ဆုံးတွင် ပရိုဂရမ် လုံးဝပျက်ပြားသွားခြင်းကို ရည်ညွှန်းသည်။ ]

ဤအခြေအနေ၌ ပရိုဂရမ်သည် မိမိကိုယ်ကို ဖျက်ဆီးခြင်း ၏အဆုံးစွန်ဆုံး အတိုင်းအတာသို့ ရောက်ရှိနေပြီဖြစ်ပြီး ထိုစက်ကြီးအား နောက်ဆုံးအားထုတ်မှုတစ်ရပ် လုပ်ဆောင်ရန် တွန်းအားပေးနေသည်။ အကယ်၍ ၎င်းအောင်မြင်သွားပါက အသက်သာရှင်မည်၊ အနိုင်တော့မရနိုင်။ မအောင်မြင်ခဲ့ပါက... ရလဒ်တစ်မျိုးတည်းသာ ရှိသည်။

နန်ယု အနိုင်ရခြင်းပင်။

"ငါသာ ကံကြမ္မာဖြစ်ခဲ့မယ်ဆိုရင်၊ ငလျင် တစ်ခုတည်းသာမက လူ့ကြောင့်ဖြစ်တဲ့ ဘေးအန္တရာယ်ပါဖြစ်လာမှာ သေချာတယ်"

ဖေးယီကျန့် ထိုစကားအား ပြောလိုက်စဉ်၊ သူ့မျက်နှာတစ် ဝက်မှာ မှိန်ဖျော့သော အလင်းရောင်ထဲ၌ ပျောက်ကွယ်နေ သည်။ သူသည် ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်းမည်သည့်အမူ အရာမျှ မပြဘဲ မိမိနှင့် မသက်ဆိုင်သော ကိစ္စတစ်ခုအား ဆွေးနွေးနေသကဲ့သို့ ရှိသည်။

သို့သော် သူ နန်ယုဘက်သို့ လှည့်ကြည့်လိုက်သောအခါ လူသားတို့၏ ခံစားချက်အရိပ်အယောင်တစ်ခု သူ့မျက်ဝန်းများတွင် စွဲထင်နေခဲ့သည်။ ရှုပ်ထွေးပွေလီသော အခြေအနေနှင့် မည်သည့်အခိုက်အတန့်မဆို သေဆုံးနိုင်သည့် အန္တရာယ်ကြားမှပင်၊ ဖေးယီကျန့် မျက်လုံးများတွင် ယစ်မူးဖွယ်ရာ အလင်းရောင်တစ်မျိုး တောက်ပနေခဲ့သည်။

ထိုမျက်လုံးများ၌ ကြောက်ရွံ့မှုဟူ၍ မရှိ၊ စိုးရိမ်ပူပန်မှုဟူ၍လည်း မရှိ၊ နန်ယု ပုံရိပ်တစ်ခုတည်းသာ ထင်ဟပ်နေသည်။

—အာ... ဒီလူက ငါ့ကို တကယ်သဘောကျပုံပဲ။

ထိုအခိုက်အတန့်တွင် နန်ယု စိတ်အာရုံမှာ လွင့်ပျယ်သွားသည်။

ထိုအတွေးသည် သူမ စိတ်ထဲသို့ ရုတ်တရက် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် သူမ ထိုမသင့်တော်သော အတွေးအား လျင်မြန်စွာ ပယ်ချလိုက်ပြီး ဖေးယီကျန့် စကားများထံသို့ အာရုံကိုပြန် လည်ပို့ဆောင်လိုက်သည်။

"အကယ်၍ လူလုပ်ဘေးအန္တရာယ်ဆိုရင်..."

"ရှင် ဆိုလိုတာက ငလျင်လှုပ်တဲ့အချိန်မှာ တစ်ယောက် ယောက်က ကျွန်မတို့ရဲ့ ထွက်ပြေးလမ်းကြောင်းကို ရည်ရွယ် ချက်ရှိရှိ ပိတ်ဆို့လိုက်မယ်လို့လား"

"ဖြစ်နိုင်ချေ များတယ်"

ဖေးယီကျန့် အကြည့်မှာ အဝေးတစ်နေရာသို့ပြန်လည်ရောက်ရှိသွားသည်။

"အစားအစာ၊ ရေ၊ လုံခြုံတဲ့ ခိုလှုံရာ—ဒီသုံးခုထဲက တစ်ခုပျက်စီးသွားတာနဲ့ကို အားနည်းတဲ့ လူ့ခန္ဓာကိုယ်က ကြာရှည် ခံနိုင်မှာမဟုတ်ဘူး"

နောက်ဆုံး၌ ၎င်းသည် ကုန်းမြေမဟုတ်၊ ကျွန်းတစ်ခုသာ ဖြစ်သည်။ တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့ပါက ကျွန်းတစ်ခုလုံး ပျက်သုဉ်းသွားနိုင်သည်။

"မဟုတ်ဘူး၊ ကံကြမ္မာက ငါတို့ကို အဆုံးသတ်မှာ မဟုတ်ဘူး"

နန်ယု ခိုင်မာပြတ်သားစွာ ပြောလိုက်သည်။

"ထွက်လမ်းတစ်ခုတော့ ရှိကို ရှိရမယ်"

နန်ယု၏ ထိုမျှသော ယုံကြည်ချက်အား မြင်တွေ့ရသည့်အခါ ဖေးယီကျန့် အံ့ဩသွားကာ ငြိမ်သက်သွားသည်။

ဒီအခြေအနေမှာ ကံကြမ္မာက သေဆုံးရမယ့် နည်းလမ်းကိုတောင် ဂရုမစိုက်တော့ဘူး။ ညှာတာမှုဆိုတာ ဘယ်လိုလုပ် ပေါ်လာမှာလဲ?

ဤဗိုင်းရပ်စ် အားလုံးအား အမြစ်ပြတ်ချေမှုန်းဖို့ အကောင်းဆုံး နည်းလမ်းပဲဖြစ်လိမ့်မည်။

မဟုတ်ပါက၊ မမျှော်လင့်ဘဲ တစ်စုံတစ်ရာ ထပ်မံဖြစ်ပွားလာခဲ့လျှင် ပို၍ပင် ဒုက္ခရောက်စရာ မကောင်းပေဘူးလား?

ဖေးယီကျန့် သံသယဝင်နေသည်ကို ရိပ်မိသည့် နန်ယု သူ့အား စကားတစ်ခွန်းမျှမပြောဘဲ စိုက်ကြည့်နေသည်။ သူတို့ အကြည့်ချင်း ဆုံသွားသည်။

"ဘာဖြစ်လို့လဲဆိုတော့ ဖေးယွင်ကျင်းက အဓိကဇာတ်လိုက် ဖြစ်နေလို့၊ စာအုပ်ထဲက ဇာတ်လိုက်လေ"

နောက်ဆုံးတွင် သူမ ထိုစကားဖြင့် အဆုံးသတ်လိုက်တော့ သည်။

နန်ယု ခန့်မှန်းသည်မှာ ဖေးယီကျန့်သည် ဖေးယွင်ကျင်း၏ ထူးခြားမှုနှင့် အရေးပါမှုအား သေချာပေါက်ရိပ်မိနေလိမ့် မည်။ သို့သော် သူ့ တွေးထင်ချက်မှာ ဤကမ္ဘာကြီးသည် စာအုပ်တစ်အုပ်ဖြစ်သည်ဟူသော အချက်သို့တော့ ရောက်ရှိနိုင်မည်မဟုတ်ပေ။

ထိုသို့ဆိုလျှင် မိမိကိုယ်ပိုင် တည်ရှိမှုကို ငြင်းပယ်လိုက်ရာ မရောက်ပေဘူးလား?

စာအုပ်ထဲက လူတွေက တကယ်ပဲ လူအစစ်တွေလား?

ဒီစာအုပ်ထဲက ကမ္ဘာကြီးရဲ့ အဓိပ္ပာယ်ကရော ဘာလဲ?

နန်ယု အစကတည်းက ဖေးယီကျန့်အား စိတ်ချယုံကြည်မှု အားနည်းသောကြောင့် ဖွင့်ဟမပြောခဲ့သည် ဆိုလျှင်တောင်မှ၊ နောက်ပိုင်း သူမ၏နှုတ်ဆိတ်နေခြင်းမှာ ဤတွေးပူမှုကြောင့်သာ ဖြစ်နိုင်တော့သည်။

မင်းသည် စာအုပ်ထဲမှ ဇာတ်ကောင်တစ်ကောင် သက်သက်ဖြစ်သည်။ အဓိကအမျိုးသားဇာတ်ဆောင်အား ဆင်းရဲဒုက္ခ ပေးရန်အတွက် ဖန်တီးထားသည့် ကိရိယာ တစ်ခုမျှသာ။

မင်းဘဝ၊ မင်းနှင့်သက်ဆိုင်သော အရာအားလုံးသည် အရေးမပါပေ။

ဒီလောက်ကြာမြင့်အောင် ရုန်းကန်ခဲ့ရခြင်း၊ ခံစားခဲ့ရခြင်းဟူ သည်မှာလည်း အသေးအဖွဲ ကိစ္စတစ်ခုမျှသာ ဖြစ်သည်။

တခြားသူတစ်ယောက်သာ ဆိုပါက၊ အရူးမဖြစ်ရင်တောင်မှ စိတ်ထဲမှာ မသက်မသာဖြစ်နေမှာပဲ မဟုတ်လား ?

ပင်လယ်လေပြင်းသံမှာ သစ်ပင်များကြားမှ တဝီဝီတိုက်ခတ်ရင်း နန်ယု၏ ရှည်လျားသော ဆံပင်နက်များအား လွှင့်ပျံစေ သည်။ ထိုအသံသည် တိတ်ဆိတ်ငြိမ်သက်နေသော ညတွင် တစ်ခုတည်းသော တေးသွားသဖွယ်ဖြစ်နေသည်။

နန်ယွီ ဘာပြောရမှန်း မသိတော့ချေ။

သူမသည် အခြားသူများအား နှစ်သိမ့်ပေးရာတွင် ဘယ်သော အခါမျှ မကျွမ်းကျင်ခဲ့သူ ဖြစ်သည်။ ထို့အပြင်၊ သူမ၏ နူးညံ့သိမ်မွေ့သော ဆဋ္ဌမအာရုံမှ ဖေးယီကျန့် သည် နှစ်သိမ့်မှု လိုအပ်သူ မဟုတ်ကြောင်းနှင့် ထိုသို့နှစ်သိမ့်ပေးလျှင်လည်း အကျိုးသက်ရောက်မှု အလွန်နည်းပါးလိမ့်မည် ဖြစ်ကြောင်းပြောပြနေသည်။

"ဒါဆို..."

ထိုသို့ဖြင့် တစ်သက်တာလိုလို ကြာမြင့်သွားသည်၊ သို့သော် တစ်ခဏတာမျှသာ ဖြစ်သည်ဟု ထင်ရသော နောက်ပိုင်းတွင် ဖေးယီကျန့် နောက်ဆုံး၌ စကားစပြောလာခဲ့သည်။

"ဒီလိုလား?"

သူသည် အဓိပ္ပာယ်မဲ့သော ရယ်သံတစ်ချက်ဖြင့် ရယ်မောလိုက်သည်။

ဖေးယီကျန့် သူ့လက်ရှိစိတ်ခံစားချက်အား မည်သို့ဖော်ပြရမည်ကို ခက်ခဲစွာ တွေးတောနေသည်။

ဝမ်းနည်းတာလား? ဒေါသထွက်တာလား? ဒါမှမဟုတ် ရယ်စရာကောင်းလောက်အောင် ဖြစ်ပျက်နေတာလား?

သူသည် စာအုပ်ထဲမှ ဇာတ်ကောင်တစ်ကောင် သက်သက်သာဖြစ်သည်။ ဖေးယွင်ကျင်း ကံကြမ္မာနှင့် သူ့ကိုယ်ပိုင်ကံကြမ္မာအား ဆက်စပ်ကြည့်လိုက်သည့်အခါ ဖေးယီကျန့် ဉာဏ်ရည်သည် "ဖေးယီကျန့်" ဆိုသည်မှာ မည်သည့်လူစားမျိုးဖြစ်သည်ကို သဘာဝအတိုင်း ခန့်မှန်းမိသွားသည်။

"ဒါဆို စုရှောင်နွမ်က ဇာတ်လိုက်မလား ?"

ဖေးယီကျန့် ထိုအခိုက်အတန့်၌ သူ၏ ငြိမ်သက်တည်ငြိမ်နေမှုကိုပင် အံ့အားသင့်နေသေးသည်။ သူသည် နန်ယု ခေါ်ဆောင်သွား၍ နှစ်သစ်ကူးနေ့တွင် တွေ့ခဲ့ရသော ထိုကလေးမလေးအား ပြန်လည်တွေးတောနေသည်။

"ဟုတ်တယ်"

နန်ယု စကားပြောရန် ရွေးချယ်ပြီးသည့်နောက်တွင် ဖုံးကွယ်ထားစရာ မရှိတော့ပေ။ ဖေးယီကျန့် မေးခွန်းအား ဖြေဆိုပြီးနောက် သူ့အမူအရာအား ဂရုတစိုက် စောင့်ကြည့်ရင်း မေးလိုက်သည်။

"ရှင်... ရှင် အဆင်ပြေရဲ့လား?"

ဖေးယီကျန့် ထပ်မံ ပြုံးလိုက်သည်။

"နည်းနည်း အံ့အားသင့်သွားပေမယ့် မင်းကတော့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားတဲ့ပုံပဲ"

"ငါ့အတွက် စိတ်မပူပါနဲ့"

သူ နန်ယုအား ကြည့်ရင်း ဆက်ပြောသည်။

"ငါက သေရမှာကိုတောင် မကြောက်တာ၊ လူမဟုတ်တော့မှာကို ဘာလို့ ကြောက်နေရမှာလဲ?"

ထို့အပြင် သူ အမှန်တကယ် တည်ရှိသည်/မတည်ရှိသည်က အရေးစိုက်စရာ ကိစ္စမဟုတ်ပေ။ သူသည် မိမိကိုယ်တိုင် မည်သူဖြစ်သည်၊ မည်သည့်အရာအား လုပ်ဆောင်နေသည်ကို သိနေလျှင်ပင် လုံလောက်နေပြီ။

နန်ယု သက်ပြင်းချလိုက်သည်။ ကံကောင်းစွာဖြင့် ဖေးယီကျန့် ပုံမှန်အတိုင်း ရှိနေပုံရသည်။

သူ နန်ယုအား နောက်ပြောင်နိုင်နေသေးသည် ဖြစ်သော ကြောင့် ဤအဖြစ်အပျက်မှာ ကြီးမားသည့် ကိစ္စမဟုတ်သကဲ့သို့ ရှိသည်။

"ဒါဆို ကံကြမ္မာဆိုတာ တကယ်တော့ စာအုပ်တစ်အုပ်ပေါ့။ ဇာတ်လိုက်ဖြစ်တဲ့ ဖေးယွင်ကျင်း ကတော့ သေလို့မရဘူး မဟုတ်ရင် အဓိကပရိုဂရမ်ပျက်စီးသွားလိမ့်မယ်"

ဖေးယီကျန့် နန်ယု၏ ဆိုလိုရင်းအား အလျင်အမြန် ဆင်ခြင်သိရှိလိုက်သည်။ ထိုသို့သိရှိခြင်းမှာ နန်ယု နှစ်သက်အားရမှုကိုရရှိစေသည်။

"ဟုတ်တယ်၊ ဒါကြောင့် ကျွန်မ ရှင့်ကို အစောပိုင်းကစမ်း သပ်ခဲ့တာ"

နန်ယု ခေတ္တရပ်လိုက်သည်။

"သတ်ဖြတ်တာက အတိုဆုံးနည်းလမ်း ဖြစ်နိုင်တယ်"

"စိတ်မပူပါနဲ့၊ ငါ အဲလိုလုပ်မှာ မဟုတ်ဘူး"

အကယ်၍ သူ ဖေးယွင်ကျင်းအား သတ်ခဲ့လျှင် နန်ယု သူ့အား လုံးဝ လွှတ်ပေးမည်မဟုတ်ကြောင်း သေချာသည်။ ဖေးယီကျန့်တွင်လည်း သူ့ကန့်သတ်ချက်များ ရှိနေသည်။

"သြော်၊ ပြီးတော့ အန်းရီရန်က ဒုတိယအမျိုးသားဇာတ်လိုက် ဖြစ်တာကြောင့် သူလည်း အဆင်ပြေလောက်မှာပါ"

သတင်းအချက်အလက် မပြည့်စုံမှုကြောင့် တစ်စုံတစ်ရာ လွဲချော်သွားမည်ကိုစိုး၍ နန်ယု ထပ်ပေါင်းပြောလိုက်သည်။

ဖေးယီကျန့် ဒုတိယအမျိုးသားဇာတ်လိုက် ဆိုသည်မှာ မည် သို့ဆိုလိုသည်ကို သေချာပေါက်သိနေသည်။ ရိုးရိုးရှင်းရှင်းပုံပေါ်သော စုရှောင်နွမ် ကို၎င်း၊ ဒုက္ခများစွာ ရောက်နေသော ဖေးယွင်ကျင်း နှင့် အန်းရီရန်တို့၏ ဘဝများကို တွေးမိသော အခါ သူ သက်ပြင်းချရင်း မနေနိုင်ဘဲ မေးလိုက်သည်။

"ဒီစာအုပ်ကို ရေးတဲ့ စာရေးဆရာက အမျိုးသမီးပဲ မဟုတ်လား ?"

နန်ယု: "...အဲဒါ အရေးမကြီးပါဘူး"

ကောင်းပြီ၊ တကယ်တော့ ဒါတွေက အရေးမကြီးပါဘူး။

နန်ယုထံမှ ဤအချက်အလက်များအား ရရှိပြီးနောက် ဖေးယီကျန့် နောက်ထပ် ဘာဆက်လုပ်ရမည်ကို လျင်မြန်စွာစဉ်းစား ဆင်ခြင်လိုက်သည်။

"ဒီဗီလာက ကျွန်းရဲ့အမြင့်ဆုံးနေရာမှာရှိတယ်၊ တစ်ခုခုဖြစ် လာခဲ့မယ်ဆိုရင် အလုံခြုံဆုံးနေရာ ဖြစ်မှာ သေချာတယ်"

ဤဗီလာမှာ နန်ယုဖခင်မှ ကျွန်းအား ဝယ်ယူပြီးနောက် သူ့မိခင်နှစ်သက်သည့်အတိုင်း ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ဘေးအန္တရာယ်ကင်းရှင်းရေးကို ထည့်သွင်းစဉ်းစားပြီး၊ ထိုအချိန်က အခိုင်မာဆုံးသော ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် အထူးခိုလှုံရာနေရာ (Shelter) ကိုလည်း သေချာပေါက် ထည့်သွင်းတည်ဆောက်ခဲ့သည်။

ထိုခိုလှုံရာနေရာမှာ မြေအောက်သိုလှောင်ခန်း၏ ဘေးတွင် တည်ရှိသည်။

၎င်းသည် လူတစ်ရာခန့်အား တစ်ပြိုင်နက် လက်ခံထားနိုင်စွမ်းရှိသည်။

"ဖေးယီကျန့် တကယ်လို့ ငလျင်သာဖြစ်ခဲ့မယ်ဆိုရင် ဘယ်အချိန်ဟာ အကောင်းဆုံးဖြစ်မယ်လို့ ထင်သလဲ ?"

"မနက် ၂ နာရီ ဒါမှမဟုတ် ၃ နာရီဝန်းကျင်ပဲ"

ထိုအချိန်သည် ညဉ့်နက်သည်အထိ အိပ်မပျော်သူများမှအပ လူအများစု အိပ်ပျော်နေမည့် အချိန် ဖြစ်သည်။

ယခုအချိန်မှာ ၂ နာရီ ၁၅ မိနစ်။

အချိန်ဆွဲနေခြင်းမှာ အခြေအနေအား ပြောင်းလဲစေနိုင်သည်။ ကံကြမ္မာ၏ ဆန္ဒအရ၊ ၎င်းသည် ဖြစ်နိုင်ခြေ အလွန်များနေသည်။

"ဒီနေရာတစ်ဝိုက်က အရမ်းတိတ်ဆိတ်မနေဘူးလား?"

ပင်လယ်မှ လေတိုက်ခတ်သံမှလွဲ၍ ဘာသံမှ မကြားရသကဲ့သို့ ရှိသည်။

ပုံမှန်ဆိုလျှင် ငလျင်မလှုပ်မီ သေးငယ်သော သတ္တဝါလေးများ၏ သတိပေးအသံများ ရှိသင့်သည်။ သို့သော် ကျွန်းပေါ်ရှိ ကြက်ငှက်များမှာ ဗီလာနှင့် အလှမ်းဝေးသော အခြားတစ်ဖက်တွင် ရှိနေသည်။

မည်သို့ပင် သန့်ရှင်းအောင်ထားစေကာမူ ထိုကဲ့သို့သောနေရာများမှာ အနံ့အသက် အနည်းငယ် ထွက်မြဲပင်။ အထူးသဖြင့် ဤကျွန်းပေါ်တွင် နှစ်ပတ်လည် ပူနွေးသည့် နွေရာသီသာ ရှိနေသောကြောင့် အနံ့ဆိုးမှာ ပို၍ပင် သည်းမခံနိုင်စရာ ဖြစ်နေလိမ့်မည်။ လီအိမ်တော်ထိန်းသည် ထိုမျှ ရိုးရှင်းသော အမှားမျိုးအား ကျိန်းသေပေါက် ပြုလုပ်မိမည် မဟုတ်ပေ။

ဒါဆို ဒါကလည်း ကံကြမ္မာရဲ့ အစီအစဉ်တစ်စိတ်တစ်ပိုင်းများ ဖြစ်နေမလား?

"နန်ယု!"

ဖေးယီကျန့် နန်ယုကဲ့သို့ပင် တွေးမိသည်မှာ ထင်ရှားနေသည်။

"ငါ သွားပြီး သူတို့ကို နှိုးလိုက်မယ်၊ မင်းက လီအိမ်တော်ထိန်းဆီက သော့သွားယူလိုက်!"

"နန်ကျီကို ခေါ်လိုက်!"

"ကောင်းပြီ!"

အရေးမပါသည့် အချက်ပေးသံမှားများ ရှိနေစေကာမူ၊ အသင့်ပြင်ဆင်ထားခြင်းမရှိဘဲ အလစ်အငိုက် အမိခံရခြင်းထက် ပို၍ ကောင်းသည်။

ထိုသူနှစ်ဦး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး စကားတစ်လုံးမှ ထပ်ပြောမနေတော့ဘဲ ဆန့်ကျင်ဘက် လမ်းကြောင်းများဆီသို့ ပြေးထွက်သွားကြသည်။

ဤအခိုက်အတန့်တွင် သူတို့သည် ကံကြမ္မာ၏လက်အတွင်းမှအချိန်နှင့် အမှန်တကယ် အပြိုင်ပြေးလွှားနေကြခြင်းပင် ဖြစ်တော့သည်!

All Chapters