အခန်း (၉၄)
Vol. 11 Ch. 94
တရုတ်နှစ်သစ်ကူး တတိယမြောက်နေ့ နံနက် ၂ နာရီ ၃၂ မိနစ်တွင် ဟိုင်မြို့ကို ပြင်းအား ၅.၆ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သည်။ မြေငလျင်၏ တုန်ခါမှုသည် အလွန်ပြင်းထန်သဖြင့် အဆောက်အအုံများစွာ ပြိုကျခဲ့သည်။ အစိုးရသည် ပိတ်မိနေသူများအား ကယ်ဆယ်ရန်အတွက် စစ်တပ်နှင့် အခြားဝန်ထမ်းများကိုအား အပြည့်အဝပံ့ပိုးပေးနိုင်ရန် ချက်ချင်းစေလွှတ်ခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ငလျင်၏ ဗဟိုချက်မှာ ကမ်းလွန်ပင်လယ်ပြင်တွင် ရှိနေသောကြောင့် ဟိုင်မြို့အပေါ် သက် ရောက်မှုသည် မျှော်လင့်ထားသည်ထက် များစွာနည်းပါးခဲ့သည်။ လက်ရှိတွင် အခြေအနေအား ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။
နံနက် ၃ နာရီ ၃၆ မိနစ်တွင် နန်ကျီနှင့် သူ့လူများ ဟိုင်မြို့သို့ ရောက်ရှိလာသည်။
"မစ္စတာနန်၊ ဒီထက် ပိုသွားလို့ မရတော့ပါဘူး!"
လက်ထောက်တစ်ဦးမှ နန်ကျီအား ထီးမိုးပေးရန် ကြိုးစားသော်လည်း ပြင်းထန်သော မုန်တိုင်းအတွင်း၌ လူသားတို့ သည် မည်သည့်အချိန်မဆို နုတ်ယူဖယ်ရှားခံရနိုင်သော မြက်ပင်များသဖွယ် အရေးမပါတော့ပေ။
နန်ကျီ ခေါင်းမှခြေဖျားအထိ ရွှဲစိုနေသည်။ သူ့ရုပ်ရည်အား အမြဲဂရုစိုက်လေ့ရှိသော နန်ကျီမှာ ယခုကဲ့သို့ ရှက်ရွံ့ဖွယ် အခြေအနေမျိုးအား တစ်ခါမှ မကြုံခဲ့ဖူးပေ။
သို့သော် သူသည် ယခု ရုပ်ရည်အား မည်သို့ဂရုစိုက်နိုင်တော့မည်နည်း?
သူ့ အရေးပါဆုံး မိသားစုဝင်များ၏ကံကြမ္မာသည် မသေချာမရေရာ ဖြစ်နေသည်။ ထိုသူတို့အား ကယ်တင်ရန် သူ့ ကြိုး ပမ်းမှုများမှာလည်း ရာသီဥတုထံမှ တားဆီးခံနေရသည်။ နန်ကျီ လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း သဘာဝတရား၏ ရှေ့မှောက်တွင် လူသားတို့ မည်မျှအင်အားမရှိ၊ အစွမ်းမဲ့ကြောင်းကို ပထမဆုံးအကြိမ်အဖြစ် သိရှိလိုက်ရသည်။
"ဘယ်အချိန်ကျမှ ကျွန်တော်တို့ ထွက်နိုင်မှာလဲ?!"
နောက်ဆက်တွဲ ငလျင်လှုပ်ခါမှု ဖြစ်ပေါ်လာမည်ကိုမသိသော ကြောင့် နန်ကျီနှင့် သူ့ အဖော်များမှာ ဗလာကျင်းနေသော ရင်ပြင်တွင် ရပ်နေရသည်။ သူတို့ပတ်ဝန်းကျင်တွင် ငလျင်ဒဏ်အား ရှောင်တိမ်းလာကြသော မြို့ခံများဖြင့် ပြည့်နှက်နေပြီး ထိတ်လန့်မှုနှင့် တင်းမာမှုများ လေထုတစ်ခုလုံးအား လွှမ်းခြုံထားသည်။
နန်ကျီ ခေါ်လာခဲ့သော လူများမှာလည်း ဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ရန် ထွက်ခွာသွားကြပြီ။ သူကိုယ်တိုင်မှာမူ ရရှိနိုင်သည့် အရင်းအမြစ်တိုင်းအား အသုံးပြုရန် စည်းရုံးနေရသည်။
"ဥက္ကဌနန်၊ ကျွန်တော် တကယ်မပြောနိုင်ဘူး"
လက်ထောက်သည် လျိုလုကျယ်ထံစာပို့ကာ အခြေအနေအား အတည်ပြုရင်း ပြန်ဖြေသည်။
"ဒီမုန်တိုင်းက ရုတ်တရက်ရောက်လာတာ၊ အနည်းဆုံးတော့ နေ့အလင်းရောင် ရောက်မှပဲ ငြိမ်သွားနိုင်မယ်"
နေ့အလင်းရောင် ဟုတ်လား?
ယခု သုံးနာရီကျော်သာရှိသေးသည်။ နေ့အလင်းရောင် ရောက်ဖို့က အလွန်ဝေးကွာနေသေးသည်!
ပြီးတော့ ဒီမုန်တိုင်းက ထိုအချိန်အထိ ငြိမ်သွားမည် မငြိမ်သွားမည်ကိုလည်း မည်သူမျှ မသိနိုင်ချေ။
ကျွန်းပေါ်တွင် နန်ယုနဲ့ တခြားသူတွေ ဘာတွေ ရင်ဆိုင်ကြုံ တွေ့နေရမလဲ?
ကိုယ်ဝန်ဆောင်ထားသော အန်းနင်၊ ပြီးတော့ ကလေးသုံးယောက်...
နန်ကျီ သွားများကို ကျိတ်လိုက်သည်။
"အကယ်၍ ဘယ်လိုနည်းနဲ့မဆို သွားမှ ဖြစ်မယ်ဆိုရင်ရော?"
"ဥက္ကဌနန်! မဖြစ်နိုင်ပါဘူး! ဒီလိုရာသီဥတုမှာ ကျွန်တော်တို့ ပင်လယ်ထဲ ထွက်လို့မရပါဘူး!"
လက်ထောက်မှာ နန်ကျီ၏ စိုးရိမ်စိတ်အား နားလည်သော် လည်း သူ ထွက်သွားခွင့် မပြုနိုင်ပေ။
"သခင်မလေးနဲ့ သခင်မကို ယုံကြည်ရပါမယ်!"
နန်ကျီ စကားပြောရန် ဟန်ပြင်လိုက်စဉ် သူ့ ခြေထောက်အောက်မှ မြေပြင်သည် ရုတ်တရက် လှုပ်ခါလာသည်။
သူ လဲကျသွားပြီး အနီးအနားရှိ ကွန်ကရစ်ကြမ်းပြင်တွင် ရှည်လျားသော အက်ကွဲကြောင်းကြီး ပေါ်လာသည်ကို မတတ်သာဘဲ ကြည့်နေရသည်။
ဒုတိယလှိုင်း နောက်ဆက်တွဲ လှုပ်ခါမှု ရောက်လာပြီ။
ကုန်းမြေပေါ်တွင်ပင် ဤမျှပြင်းထန်နေလျှင် အန်းနင်၊ ယုယု နှင့် အခြားသူများ မည်သို့မှ အဆင်ပြေနိုင်မည် မဟုတ်တော့ပေ။
ပတ်ဝန်းကျင်မှ အော်ဟစ်သံများ၊ ရှိုက်ကြီးတငင် ငိုကြွေးသံများနှင့် အကူအညီတောင်းခံသံများ ရောထွေးနေသော ဆူညံသံများမှာ မည်သူ့ကိုမျှ တည်ငြိမ်မှု မရှိစေနိုင်တော့ပေ။
သို့တိုင် သူ တည်ငြိမ်အောင် နေရမည်ဖြစ်သည်။
"လုကျယ်ကို လူအင်အား ပိုပို့ဖို့ပြောလိုက်၊ ကယ်ဆယ်ရေးလုပ်ငန်းကိုလာကူညီသူတိုင်းကို တစ်နှစ်စာလစာကို ဆုကြေးအဖြစ်ပေးမယ်"
"ဟုတ်ကဲ့၊ ဥက္ကဋ္ဌနန် !"
"ပြီးတော့ ရိက္ခာပစ္စည်းတွေကိစ္စ..."
အမိန့်များတစ်ခုပြီးတစ်ခု ဆက်တိုက် ထက်ပေါ်လာချိန်တွင် နန်ကျီ၏နှလုံးသားမှာ သူ့ ခန္ဓာကိုယ်ကဲ့သို့ပင် အေးစက်နေ သည်။
သို့သော် သူ လုံးဝ ပြိုလဲ၍မရချေ။ ယုယု သူ့အား ကတိပေးခဲ့သည်။
သူတို့ အဆင်ပြေကြရမည်!
ဒုတိယလှိုင်း နောက်ဆက်တွဲ လှုပ်ခါမှုနှင့် ရင်ဆိုင်ခဲ့ရပြီးသော နန်ယုနှင့် အခြားသူများသည်လည်း ဒဏ်အားပြင်းပြင်း ထန်ထန် ခံစားနေရသည်။
ခံနိုင်ရည်ရှိနေသော ခိုလှုံရာ၏ တစ်ဝက်မှာ ချက်ချင်း ပြိုကျသွားပြီး အိမ်စေအချို့ ဒဏ်ရာရရှိသွားသည်။
ကံကောင်းစွာဖြင့် အခြေအနေမှာ အဆိုးဆုံးအဆင့်သို့မရောက်သေးပေ။ တစ်ဝက်ပြိုကျပြီးနောက် ကျန်ရှိသောတစ် ဝက်မှာ နှိုင်းယှဉ်ချက်အရ တည်ငြိမ်သော တြိဂံပုံစံကို ဖြစ်ပေါ်စေသည်။ သို့သော် အပြင်ထွက်ဖို့ကတော့ မဖြစ်နိုင်သလောက် ဖြစ်နေသည်။
သူတို့ ကယ်ဆယ်ရေးကိုသာ စောင့်ဆိုင်းနိုင်တော့သည်။
"အား—"
"ခဏလေး သည်းခံ!"
ဒေါက်တာလော် ဒဏ်ရာရသူများအား တစ်ဦးပြီးတစ်ဦးပတ် တီးစည်းပေးနေသည်။ သူသည် သားဖွားမီးယပ်ဆရာဝန်ဖြစ်သော်လည်း အရေးပေါ် ရှေးဦးသူနာပြုစုနည်းများကိုလည်း အနည်းငယ် သိရှိထားသည်။ ထို့အပြင် နန်ယု ကလေးသုံးယောက်အား သယ်ခိုင်းခဲ့သော အိတ်ထဲတွင် ပတ်တီးများနှင့် အခြားဆေးဝါးများပါလာခြင်းမှာ မမျှော်လင့်ဘဲ ရရှိသော ကံကောင်းခြင်းဖြစ်သည်။
"ကျွန်မ နည်းနည်း အေးနေတယ်..."
"ဒီနားလာခဲ့၊ အတူတူ တိုးဝှေ့ပြီးနေကြရအောင်"
လူအများစု အိပ်ပျော်နေစဉ် ထွက်ပြေးလာခဲ့ရသောကြောင့် ပါးလွှာသော ညအိပ်ဝတ်စုံများသာ ဝတ်ဆင်ထားကြသည်။ အမျိုးသားအများစုမှာဆိုလျှင် အင်္ကျီမပါဘဲ ရှိနေကြသည်။
ပုံမှန် ရာသီဥတုတွင် ညဘက်ဖြစ်စေကာမူ ဤမျှ အေးခဲမည်မဟုတ်ပေ။
သို့သော် မြေအောက်ခန်း၌ ရှိနေခြင်းနှင့် ရေများစိမ့်ဝင်လာခြင်းတို့ကြောင့် ခန္ဓာကိုယ်မှာ အအေးဓာတ်ကို မခံမရပ်နိုင်အောင် ခံစားလာရသည်။
လူအများစုမှာ လူသားတို့၏ ရှေးအကျဆုံးနည်းလမ်း ဖြစ်သော တစ်ဦးနှင့်တစ်ဦး ဖက်တွယ်ပူးကပ်ခြင်းဖြင့်သာအအေး ဒဏ်ကို သည်းခံနေကြရသည်။
သို့သော် ကိုယ်ဝန်ဆောင်ထားသော အမျိုးသမီးတစ်ဦးဖြစ်သည့် အန်းနင်မှာမူ ဤသို့သော အခြေအနေများအောက်တွင် အလွန်ခက်ခဲသော အချိန်အား ရင်ဆိုင်နေရသည်။
အအေးဒဏ်သည် ကြီးမားသော ပြဿနာ မဟုတ်တော့ပေ။ အမျိုးသားအချို့မှာ သူတို့၏ အပေါ်ဝတ်အင်္ကျီများအား ချွတ်၍ အန်းနင်နှင့် ကလေးသုံးဦးအား ဖုံးအုပ်ပေးလိုက်ကြသည်။ ထိုသို့ လုပ်ဆောင်ပေးသော်ငြားလည်း ကိုယ်ဝန် ဆောင် အမျိုးသမီးတစ်ဦးအတွက် အရေးကြီးဆုံးဖြစ်သည့် အိပ်စက်အနားယူခြင်းအား အန်းနင် ကောင်းစွာမလုပ်ဆောင်နိုင်ခဲ့ပေ။
"မေမေ"
အန်းရီရန် အန်းနင် နားကပ်၍တိုးဝှေ့လိုက်သည်။
"ရေငတ်နေလား?"
"မငတ်ပါဘူး၊ မေမေ အဆင်ပြေတယ်"
အန်းနင်၏ညာဘက်လက်မှာ အနည်းငယ် ရှုပ်ပွနေသော အန်းရီရန်ဆံပင်များအား ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
"ဖေဖေက အမေတို့ကို ကယ်ဖို့ သေချာပေါက် ရောက်လာမှာပါ၊ မကြောက်ပါနဲ့နော်"
"ဟုတ်"
အန်းရီရန် ခေါင်းညိတ်သည်။
"မေမေ၊ ဗိုက်ဆာနေလား?"
"မဆာပါဘူး"
မိခင်နှင့်သားကြားမှ တိုးတိုးတိတ်တိတ် စကားပြောဆိုမှုအား နန်ယု သိပ်ပြီး အာရုံမစိုက်တော့ပေ။ ဤအချိန်တွင် အန်းနင်အား မျက်စိမှိတ်၍ အိပ်စက်ရန် မည်မျှပင်တိုက်တွန်းပြောဆိုစေကာမူ အချည်းနှီးသာဖြစ်မည်ကို သူမ သိသည်။ ဤသို့သော အခြေအနေမျိုး၌ အိပ်ပျော်နိုင်မည်မဟုတ်ပေ။
ထိုအစား အန်းရီရန်နှင့် စကားပြောနေခြင်းမှာ အတွေးများ နက်ရှိုင်းစွာဝင်ရောက်ခြင်းအား ဟန့်တားနိုင်မည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင်၊ နန်ယု သူမ ပတ်ဝန်းကျင်အား သေချာစွာ စောင့်ကြည့်နေသည်။
ယခု ၄ နာရီ ၂၁ မိနစ် ရှိပြီ။ ငလျင်လှုပ်ပြီးနောက် နှစ်နာရီနီးပါးခန့်ကြာမြင့်ခဲ့ပြီ။
နန်ကျီ၏ အလျင်အမြန်သွားလာမှုဖြင့် သူတို့ ဟိုင်မြို့သို့ ရောက်ရှိလောက်ပြီဖြစ်သော်လည်း ကျွန်းပေါ်သို့ ဘေးကင်းစွာ ရောက်ရှိနိုင်ခြင်း ရှိ၊ မရှိမှာ မေးခွန်းထုတ်စရာ ဖြစ်နေဆဲပင်။
သူမ ခြေထောက်အောက်မှ စိမ့်ဝင်နေသော ရေများအား ငေးကြည့်ရင်း အပြင်ဘက်မှ ရာသီဥတု အခြေအနေကို နန်ယု တွေးတောနေသည်။
"အန်တီ"
နန်ယု ခေါင်းလှည့်လိုက်စဉ် သူမ ပါးစပ်ထဲသို့ ချောကလက်တစ်တုံး ဝင်ရောက်လာသည်။
သူမ ဖေးယွင်ကျင်းအားငုံ့ကြည့်လိုက်ရာ ထိုကောင်လေးငယ်မှာ လိမ္မာပါးနပ်သော အပြုံးဖြင့် သူမအား မျက်စိတစ်ဖက် မှိတ်ပြနေသည်ကိုသာ တွေ့လိုက်ရသည်။
"အန်တီ ဗိုက်မဆာဘူး"
နန်ယု ချောကလက်အား စားရင်းဖြင့်ပင် နောက်ပြောင်သည့် လေသံဖြင့် ပြောသည်။
"ငါ့ကို ပေးစရာမလိုပါဘူး"
ကလေးသုံးဦး၏ အိတ်များတွင် နန်ယု အထူးပြင်ဆင်ထားသော စွမ်းအင်မြင့်မားပြီး လျင်မြန်စွာစားသုံးနိုင်သည့် အစား အစာများနှင့် ရေများပါဝင်သည်။ ထို့အပြင် အရေးပေါ်ဆေးဝါးနှင့် ကိရိယာငယ်များလည်း ရှိသည်။ ရိက္ခာများ ဖြန့်ဝေစဉ်က နန်ယု ကလေးများနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအား အထူးဂရုစိုက်ရန်လိုအပ်ကြောင်းကို ရှင်းလင်းစွာ ပြောဆိုခဲ့ပြီး ဖြစ်သည်။
သူမ သူတို့၏ ထင်မြင်ယူဆချက်များအား တောင်းနေခြင်း မဟုတ်ပေ။ ရိုးရှင်းစွာပင် အခြေအနေအား အသိပေးနေခြင်းသာဖြစ်သည်။
အခြားသူများ မည်သို့ပင် ကန့်ကွက်စရာများ ရှိနေစေကာမူ ဤသို့သော အရေးကြီးသည့် အချိန်မျိုးတွင် သူတို့ဘက်မှ စတင်၍ ရှေ့မထွက်ဝံ့ကြပေ။
"မဟုတ်ဘူး၊ အန်တီ ပင်ပန်းနေမှာ သေချာတယ်၊ ပင်ပန်းရင် စားရမယ်"
ဖေးယွင်ကျင်း နန်ယုအား စိုက်ကြည့် လိက်သည်။
"ရှောင်ကျင်းက ငယ်သေးတာ၊ သိပ်အများကြီးစားဖို့ မလိုဘူး ဒါပေမဲ့ အန်တီကတော့ စားဖို့လိုတယ်!"
သူ နောက်ထပ် ချောကလက်တစ်တုံးအား သူမလက်ထဲသို့ တွန်းထိုးထည့်ရန် ကြိုးစားသည်။
နန်ယု ဖေးယွင်ကျင်းလက်ထဲမှ မုန့်အား ပျော်ရွှင်စွာဆွဲယူလိုက်သည်။
"စိတ်မပူပါနဲ့၊ ငါ ဗိုက်ဆာရင် သေချာပေါက်စားမှာပါ"
ဤသို့သော အချိန်မျိုးတွင် စွမ်းအင်ချွေတာခြင်းမှာ အရေး ကြီး၏။
ထို့အပြင် အကောင်းဆုံးအခြေအနေတွင် တည်ရှိနေမှသာ မည်သည့်မမျှော်လင့်သော အခြေအနေကိုမဆို ရင်ဆိုင်ဖြေရှင်းနိုင်မည် ဖြစ်သည်။
နန်ယု ထိုအချက်အား နားလည်သည်။
သူမသည် အစားအစာ အနည်းငယ်ချွေတာရန်အတွက် မိမိကိုယ်ကို လျစ်လျူရှုမည် မဟုတ်ပေ။
"ကောင်းပြီ၊ ဗိုက်ဆာရင် စားရမယ်နော်"
ဖေးယွင်ကျင်း ခေါင်းညိတ်ပြီး ရေဗူးကိုပါ ကမ်းပေးလိုက်သည်။
နန်ယု ချောကလက်အား အမှန်တကယ် တစ်ကိုက်စားလိုက်သည်ကို မြင်ပြီးနောက် ထိုကောင်လေးငယ်သည် ကျေနပ်အားရစွာဖြင့် အစားအစာများအား သိမ်းလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ကို ရွေ့လျားကာ နန်ယုရင်ခွင်ထဲသို့ တစ်ဖန် ပြန်လည်ခေါင်းအပ်လိုက်သည်။
"အန်တီ၊ ကျွန်တော်တို့ အားလုံး အဆင်ပြေသွားလိမ့်မယ်"
"ဟုတ်ပါပြီ၊ ရှောင်ကျင်း အိပ်လိုက်တော့၊ အန်တီ မျက်ခြည်မပြတ် စောင့်ကြည့်နေပါ့မယ်"
ဤအခိုက်အတန့်တွင် နန်ယု အခြားတစ်ဖက်တွင် ရှိနေသော ဖေးယီကျန့် သူမ နားနားသို့ ကပ်၍ သူတို့နှစ်ဦးသာကြားနိုင်သည့် အသံဖြင့် ပြောလိုက်သည်။
"ဘယ်ဘက် ဒုတိယတန်းက အဖြူရောင် လက်တိုအင်္ကျီနဲ့ လူမှာ တစ်ခုခုမှားယွင်းနေတယ်"
ဖေးယီကျန့် သဘာဝဘေးအန္တရာယ်အတွက် ပြင်ဆင်ထားသင့်သလို လူသားတို့ ဖန်တီးသော အန္တရာယ်များအတွက်လည်း ပြင်ဆင်ထားသင့်ကြောင်း ယခင်ကပြောထားဖူး သည်။
ကံကြမ္မာ၏ ကြီးမားသော လှည့်ကွက်များအရ၊ လှည့်ကွက်တစ်ခုတည်းဖြင့် ပြီးဆုံးသွားမည် မဟုတ်သည်မှာ သေချာသည်။ သူတို့အား စောင့်ဆိုင်းနေသော အရာများပိုမိုရှိနေနိုင်ပေသည်။
ထို့ကြောင့် ရိက္ခာများဖြန့်ဝေစဉ်နှင့် ငလျင်လှုပ်ခါမှု ဖြစ်ပွားစဉ်ကာလတစ်လျှောက်လုံး ဖေးယီကျန့် အခြားသူများအား စောင့်ကြည့်နေခဲ့သည်။ တစ်စုံတစ်ရာ ရှာဖွေတွေ့ရှိနိုင်မလားဟု ကြိုးစားခဲ့ခြင်း ဖြစ်သည်။
သူ့ စွမ်းရည် ရှိနေဆဲဖြစ်သောကြောင့် သူ ပထမဆုံး ရှာဖွေရမည့်အရာမှာ ထိုသူတို့ မည်သို့ သေဆုံးမည်ကိုသိရှိရန်ဖြစ် သည်။
ကောင်းပြီ၊ ဖေးယွင်ကျင်း နှင့် အန်းရီရန်မှအပ ဤလူများထဲမှ မည်သူမျှ သဘာဝအလျောက် သေဆုံးခြင်း မရှိခဲ့ပေ။
ကားမတော်တဆမှုများနှင့် ရောဂါများမှာ အဖြစ်အများဆုံး သေဆုံးရခြင်း အကြောင်းရင်းများ ဖြစ်သည်။ သို့သော် မိမိကိုယ်ကိုယ်သတ်သေမှုနှင့် လုပ်ကြံသတ်ဖြတ်မှုများလည်း ရှိခဲ့သည်။ သို့သော် ၎င်းတို့တစ်ခုတည်းကတော့အသုံးဝင်သော အချက်အလက်အား မဖော်ပြနိုင်ခဲ့ပေ။
ထို့ကြောင့် ဖေးယီကျန့် ထိုစွမ်းရည်အား အလွန်အကျွံ အားမကိုးဘဲ မိမိကိုယ်ပိုင် လေ့လာဆန်းစစ်မှု အပေါ်တွင်သာ မှီခိုခဲ့သည်။
ထို့နောက် သူ ထိုလူအား သတိထားမိလိုက်သည်။ ထိုသူသည် ခန္ဓာကိုယ်ကြံ့ခိုင်ပြီး သူ မှတ်မိသလောက်ဆိုလျှင် လုံခြုံရေးအဖွဲ့ဝင်တစ်ဦးဖြစ်နိုင်သည်။
အခြားသူများ ထိတ်လန့်တကြား ဖြစ်နေကြစဉ် ဤလူကမူ ခေါင်းငုံ့ထားသည်။ ရိက္ခာများ ဖြန့်ဝေစဉ်ပင် မော့ကြည့်ခြင်း မရှိသလောက်ပင်။
သူ ကြောက်လန့်တုန်လှုပ်နေသည်ဟု ထင်ရသော်လည်း အထူးရွေးချယ်ထားသော လုံခြုံရေးအစောင့်တစ်ဦးသည် ဤမျှလောက် စိတ်ထိခိုက်လွယ်ပါ့မလား?
ဖေးယီကျန့် ထိုလူအား ပိုမိုနီးကပ်စွာ စောင့်ကြည့်လိုက်ရာ ဒုတိယမြောက် နောက်ဆက်တွဲ လှုပ်ခါမှု ပြီးနောက် ထိုသူသည် ကြီးမားသော ကျောက်တုံးခံတိုင်ဘက်သို့ နှစ်ကြိမ်တိုင်တိုင် မျက်လုံးကစားလိုက်သည်ကိုသတိပြုမိသည်။ ထိုဧရိယာမှာ ယခင်က ပြိုကျခဲ့သော်လည်း ကျောက်တုံးများ စုပုံမှုက ထိခိုက်မှုမဖြစ်အောင် ခေတ္တထိန်းထားနိုင်သည်။
သို့သော် အကယ်၍ ၎င်းအား နှောင့်ယှက်လိုက်ပါက ဆက် တိုက်ပြိုကျမှုကို အလွယ်တကူ ဖြစ်စေနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် တြိဂံပုံစံသည် တည်ငြိမ်သော်လည်းလှုပ်ရှား မှုကြောင့် အားနည်းသွားနိုင်သည်။
လူတိုင်း မရွေ့လျားရန် ကြိုးစားနေကြပြီး ရွေ့လျားလျှင်လည်း တည်ငြိမ်မှုပျက်ပြားစေမည့် နှောင့်ယှက်မှုများ မဖြစ်စေရန် သတိထားကာ ရွေ့လျားကြသည်။
"ခေါင်းငုံ့ထားတဲ့သူလား?"
နန်ယုနှင့် ဖေးယီကျန့်တို့ တစ်ယောက်ကိုတစ်ယောက် စစ် ဆေးပြီးနောက် ချက်ချင်းမတ်တပ်ရပ် လိုက်သည်။
ဖေးယီကျန့် အဘယ်ကြောင့် ထိုသို့ခံစားရသည်ကိုမမေးမြန်း၊ တစ်စက္ကန့်မျှပင် မတွန့်ဆုတ်တော့ဘဲ သူတို့ ထိုဧရိယာသို့ တိုက်ရိုက်လျှောက်သွားပြီး...
ဟူး... ဝှီး!
နေဦး! လျှပ်စစ်သေနတ်က ဘယ်ကလာတာလဲ?!
နန်သခင်မလေး ဘာကြောင့် ရုတ်တရက် ဒီလို လုပ်လိုက်ရတာလဲ?
အခြားသူများအားလုံး ထိတ်လန့်သွားကြသည်!
နန်ယု မြေပြင်ပေါ်တွင် တုန်ယင်နေသော ထိုလူအား လှည့်ကြည့်ဖို့ပင် မတွန့်ဆုတ်ဘဲ ဖေးယီကျန့်ဘက်သို့ လှည့်ကာ "ကြိုး!" ဟု ပြောလိုက်သည်။
ဘယ်လို သက်သေအထောက်အထား? ဘယ်လို အစီအစဉ်?
ဤသို့သော အချိန်မျိုးတွင် နန်ယု အပြစ်မဲ့သူ တစ်ရာအား သတ်ရစေကာမူ၊ ပြဿနာဖြစ်စေမည့်သူ တစ်ဦးတည်းအား လွတ်ပေးနိုင်မည် မဟုတ်ပေ။
ထို့အပြင် ဖေးယီကျန့်အား သူမ ယုံကြည်သည်။ တစ်ခုခု တကယ်မမှားယွင်းဘဲ သူမအား သတိပေးမည် မဟုတ်ပေ။
ထို့ကြောင့် သူမ လျင်မြန်စွာ လုပ်ဆောင်ပြီး ထိုသူအား ဖမ်းချုပ်ရမည်မှာ သေချာသည်။
အခြားသူများ ကြောက်လန့်သွားမည်လား သို့မဟုတ် တုံ့ပြန်မည်လား ကိ နန်ယု ခဏတာ တွေးလိုက်သည်။ သူမ ထိုလူ အားကြိုးဖြင့် တုပ်နှောင်ရင်း စကားပြောလိုက်သည်။
"ဒီကောင်လေး လျှို့ဝှက်ပြီး အပိုအစားအစာယူနေတာကို ငါ မြင်လိုက်တယ်!"
ဖြန်း!
လူတိုင်း၏အကြည့်များ ချက်ချင်းပြောင်းလဲသွားသည်။ ဘယ်လိုလုပ် စည်းကမ်းမဲ့ရတာလဲ?
တော်တော်လွန်တယ်!
မြင်လား ? "တရားဝင်" အကြောင်းပြချက် တစ်ခုသာလိုသည်။ ထိုအခါ လူတိုင်း သူ့အားဂရုစိုက်တော့မည် မဟုတ်ပေ။ သူမကလည်း ထိုနေရာတွင် သူ့အား ချက်ချင်း သတ်ပစ်တော့မည့်သူ မဟုတ်ပါလေ။
ဖေးယီကျန့်: "..."
ဤမျှ ရိုးရှင်းပြီး ရက်စက်သော နည်းလမ်း! နန်ယုနဲ့ ထိုက်တန်သည်ပဲ!
ထိုလူသတိပြန်ရလာသောအခါ သူ့လက်နှင့်ခြေထောက်များ တုပ်နှောင်ခံထားရပြီး ခိုလှုံရာ၏တစ်ခုတည်းသော ပွင့်နေသည့် နေရာတွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။
"ဝူး! အမ်!"
သူ စကားပြောဖို့ ကြိုးစားသည်၊ လှုပ်ရှားဖို့ ကြိုးစားသော်လည်း မရနိုင်ခဲ့ပေ။
သူ့ လက်နှင့်ခြေထောက်များမှာ သတ်ဖို့ စောင့်ဆိုင်းနေသော ဝက်တစ်ကောင်ပမာ တင်းကျပ်စွာ တုပ်နှောင်ခံထားရသည်။
ထိုလူသည် မျက်လုံးများဖြင့် အကူအညီတောင်းဖို့ ကြိုးစား သော်လည်း သူ ဆုံတွေ့ရသော လူတိုင်းမှ သူ့အား ရွံရှာသော အကြည့်များဖြင့်သာ ကြည့်နေကြသည်။
ထိုလူ: "???"
မဟုတ်... ငါ ဘာမှ မလုပ်ရသေးဘူးလေ!