← Chapters

အခန်း (၉၆)

Vol. 11 Ch. 96

အခန်း (၉၆)

Vol. 11 Ch. 96

ခွပ်! ခွပ်!

အသားကို ထိမှန်သည့် လက်သီးသံများမှာ လူတိုင်း၏ ကျောရိုးတစ်လျှောက် ကျင်တက်သွားစေသည်။

နန်ကျီ အများသူငါရှေ့တွင် ဤမျှလောက် ကြမ်းတမ်းသော အမူအရာမျိုးအား တစ်ခါမှ မပြသဖူးပေ။ သူ့လက်ထဲတွင် ဓားတစ်ချောင်းသာရှိပါက ကျန်းထောင်ကိုတစ်စက္ကန့်အတွင်း အကြိမ်ဒါဇင်ပေါင်းများစွာ ထိုးသွင်းပစ်မည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

ဒီလောက် နီးကပ်ခဲ့တာ! လက်တစ်လုံးခြား!

အန်းနင် သူ့ရှေ့တွင် ထိခိုက်လုနီးပါးဖြစ်ခဲ့ရသည်။

သူမ ကိုယ်ဝန်မှာ ခုနစ်လပင် မပြည့်သေးချေ။ တစ်ညလုံး ကြောက်ရွံ့ခဲ့ရပြီးနောက် ထပ်မံ ထိမှန်ခဲ့ပါက ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ပေ။

နန်ကျီ ဆရာဝန်ခေါ်လာသော်လည်း ကျွန်းပေါ်တွင် အရေးပေါ် ကုသမှု ပေးနိုင်မည်မဟုတ်ချေ။

ထိုသို့ တွေးမိသောအခါ သူ ပိုပြင်းထန်စွာ ထိုးနှက်လိုက်သည်!

နန်ယု ကျန်းထောင် ချက်ချင်း သေဆုံးတော့မည် မဟုတ်ကြောင်းသိသောကြောင့် တားဆီးရန် မကြိုးစားတော့ပေ။ ထိုအစား သူမ ဖေးယွင်ကျင်း ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ပြီး ဒေါက်တာက ဒဏ်ရာများအား ပြုစုပေးနေစဉ်မျက် မှောင်ကြုတ်ကာ ကြည့်နေသည်။

အထူးသဖြင့် သေးငယ်သော ကျောက်စရစ်များနှင့် အပျက် အစီးများကို သန့်စင်ပေးရသည်။ သူ့ အသားအရေနုနုပေါ်တွင် သေးငယ်သော ပွန်းပဲ့ရာတစ်ခုပင် ထင်ရှားနေသေးရာ ဤဒဏ်ရာများမှာ ပိုထင်ရှားလာပေသည်။

ကောင်လေးငယ်မှာ ခံနိုင်ရည်ရှိသည်။ အသံကျယ်ကျယ်ဖြင့် မငိုမိအောင် ကြိုးစားနေသော်လည်း မျက်ရည်များမှာမူ မျက်ဝန်းအိမ်တွင် ပြည့်နှက်နေသည်။

၎င်းမှာ သဘာဝ တုံ့ပြန်မှုတစ်ခုဖြစ်သည်။

"အန်တီ၊ အန်တီ၊ ရပါတယ်နော်"

ဖေးယွင်ကျင်း နန်ယု၏မျက်နှာပေါ်မှ မှိုင်းညို့ညို့ အမူအရာအား မြင်လိုက်ရသည့်အခါ ပတ်ဝန်းကျင် လေထုပင် ခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ မိမိကိုယ်တိုင် စိတ်ထိခိုက် နာကျင်နေသော်ငြားလည်း နန်ယုကို အားပေးနှစ်သိမ့်ရန်သာ သူ အာရုံစိုက်လိုက်သည်။

"အန်တီ တောင်းပန်ပါတယ်"

နန်ယုသည်လည်း သူ့အတွင်းစိတ်ဒေါသအား ဖော်ထုတ်ပါက အနီးရှိ ကလေးငယ်အား ထိတ်လန့်သွားစေမည်ကို သိနား လည်သည့်အတွက်၊ ထိုဒေါသကို လုံးဝ မျိုသိပ်ချလိုက်ပြီး အတင်းဖန်တီးထားသောအပြုံးဖြင့် ပြောလိုက်လေသည်။

"အန်တီ သားကို ကောင်းကောင်းမကာကွယ်နိုင်ခဲ့ဘူး"

"အန်တီ့ အပြစ်မဟုတ်ပါဘူး"

ရှောင်ကျင်း ရှိုက်သံဖြင့် ပြောလိုက်သည်။ သို့သော်၊ ဆရာဝန်က ဒဏ်ရာပေါ်သို့ ပိုးသတ်ဆေးရည် စတင်လောင်းထည့်လိုက်သည့်အခါတွင်မူ နာကျင်မှုကို မခံစားနိုင်တော့ဘဲ အားပါးတရ ရှိုက်ကြီးတငင် ငိုကြွေးလိုက်တော့သည်။

"သား၊ သားလည်း လူတိုင်းကို ကာကွယ်ပေးနိုင်တယ်!"

"ရှောင်ကျင်း၊ နာတယ် မဟုတ်လား?"

ဘေးနားတွင် ရပ်နေသည့် လီရီပိုင် ဖေးယွင်ကျင်း၏ လက် မောင်းမှ သွေးစွန်းဒဏ်ရာများအားကြည့်ရင်း မျက်ရည်များ ဝဲလာသည်။

အန်းရီရန်ကမူ ဒေါသတကြီးဖြင့် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့သည်။ ဖေးယွင်ကျင်း၏ မျက်နှာအား ထိရမည်ကို ကြောက်ရွံ့နေသော်လည်း၊ သူ နာကျင်နေသည်ကိုမြင်ရသော ခံပြင်းစိတ်ကြောင့် ဘာမှမလုပ်နိုင်ဘဲ အားမလိုအားမရ ဖြစ်နေခဲ့သည်။

နောက်ဆုံးတွင် သူ နန်ကျီထံသို့ ပြေးသွားပြီး ကျန်းထောင်အား ထိုးကြိတ်ရန်အတွက် "အဖေနှင့်သား" ပူးပေါင်းတိုက် ပွဲကို ချက်ချင်းစတင်လိုက်တော့သည်။

"ရှောင်ကျင်း အရမ်းတော်တယ်!"

နန်ယု ပုဝါတစ်ထည်ဖြင့် ဖေးယွင်ကျင်း မျက်နှာပေါ်မှမျက် ရည်များနှင့် ဖုန်မှုန့်များကို ညင်သာစွာသုတ်ပေးလိုက်သည်။

"Ultraman လိုပဲ၊ စူပါဟီးရိုး!"

"ဟဲဟဲ"

ဖေးယွင်ကျင်း သက်သာရာရသွားသည့် အမူအရာဖြင့် ပြုံးရယ်ကာ စကားစပြောရန်ပြင်လိုက်သော်လည်း နန်ယု အမူအရာက ထိုစကားအားတားဆီးလိုက်သည်။

"အရင်ဆုံး ပြန်ကြရအောင်"

ကျွန်းပေါ်တွင် ဆက်နေခြင်းမှာ ဘေးကင်းလုံခြုံမှုမရှိတော့ကြောင်း သူမသိသည်။ ထို့ကြောင့် ကုန်းမြေသို့ ပြန်သွားရန်သာ ပိုကောင်းကြောင်း ဆုံးဖြတ်လိုက်ပြီး၊ ဖေးယွင်ကျင်း၏ ဒဏ်ရာများအား သေချာစွာ ကုသပေးပြီးနောက် ဂရုတစိုက်ပွေ့ချီ၍ အနီးနားတွင် အသင့်ရှိနေသော ရဟတ်ယာဉ် ဆီသို့ ခေါ်ဆောင်သွားတော့သည်။

သို့သော် မြေပြင်ပေါ်တွင် လဲလျောင်းနေဆဲဖြစ်သည့် ကျန်းထောင်အား ဖြတ်ကျော်သွားစဉ် သူမ ပေါ့ပေါ့ပါးပါး ခြေဖြင့် လွှဲကန်လိုက်သယောင် ပြုလိုက်သည်။

ချက်ချင်းပင် ' Crack' ဟူသော အရိုးများ ကြေမွသွားသည့် အသံပြင်းပြင်းပဲ့တင်ထပ်သွားသည်။ ထို့နောက် ကျန်းထောင် ၏အော်ဟစ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ နန်ယု လှည့်ကြည့်ကာ ကျေနပ်စွာပြုံးလိုက်ပြီး ဆက်လျှောက်သွားတော့သည်။

"အာ၊ ဘယ်လိုလုပ် ဒီလောက် ပေါ့ဆရတာလဲ? ဒါပေမဲ့ ငလျင်မှာ ဒဏ်ရာရတာက ရှောင်လွှဲလို့မရဘူးလေ"

ထိုစကားတစ်ခွန်းမှာ ဖြစ်ရပ်ဆိုး အားလုံးကိုနိဂုံးချုပ်လိုက်သည်။ ကျန်းထောင် ဒဏ်ရာများမှာ အမှန်တကယ်တွင် နန်မိသားစု ဒေါသအားပြေပျောက်စေရန် မလုံလောက်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အန်းနင်အား လုပ်ကြံရန်ကြိုးပမ်းခဲ့သည့် လုပ်ရပ်ကို ဤမျှ လွယ်ကူစွာခွင့်လွှတ်ပေးမည် မဟုတ်ပေ။

နန်မိသားစု ကျန်းထောင်အား ဆင်းရဲဒုက္ခပင်လယ်ထဲသို့ တွန်းပို့နိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် လက်တုံ့ပြန်တော့မည်ဖြစ်သည်။ သူ့ရည်ရွယ်ချက် မည်သို့ပင် ရှိစေကာမူ သို့မဟုတ် ကံတရားကတွန်းပို့ခဲ့သည်ဟု ဆိုစေကာမူ ကျန်းထောင် သူ့လုပ်ရပ်များအတွက် အပြစ်ပေးခံရတော့မည်သာ ဖြစ်သည်။

ဖေးယီကျန့် ဘေးနားမှ ကျန်းထောင်အား ခဏမျှစိုက်ကြည့်လိုက်သည်။ ဤလူသည် မူလကပင် အဆောက်အအုံပေါ်မှ ခုန်ချကာ မိမိကိုယ်ကိုယ် သေကြောင်းကြံရန် ရည်ရွယ်ခဲ့သူ ဖြစ်သည်။ သို့သော် ယခုအခါမူ နန်မိသားစုလက်ထဲတွင် ကျရောက်နေသည့်အတွက် ထိုကဲ့သို့ လွယ်ကူစွာထွက်ပြေးလွတ်မြောက်ခွင့် (သေခြင်း) ကို သေချာပေါက် ရတော့မည်မဟုတ်ဟု သူတွေးလိုက်သည်။

"အားးးးး—"

"အာ၊ မင်းလက်ကို နင်းမိတာ တောင်းပန်တယ်နော်"

ဖေးယီကျန့် နောင်တဟူ၍ တစ်စက်မျှမရှိသည့် အကြည့်ဖြင့် ကျန်းထောင်၏နာကျင်နေသောအမူအရာအား ငေးကြည့်လိုက်သည်။ ထို့မျှနှင့် မကျေနပ်နိုင်သေးဘဲ ကျန်းထောင်၏ ခန္ဓာကိုယ်အား နောက်တစ်ဖန်ပြန်နင်းချေလိုက်သည်။ လက် ချောင်းများနှင့် နှလုံးဆက်စပ်နေသကဲ့သို့ နာကျင်မှုမှာ ပြင်းထန်လွန်းလှသဖြင့် ကျန်းထောင် အော်ဟစ်နိုင်စွမ်းပင် မရှိတော့ဘဲ အသက်ရှူကျပ်ကာ မေ့လဲသွားတော့သည်။

ဗီလာထဲတွင် ကျန်ရစ်သော လူများမှာ ကျန်းထောင်၏ ကံကြမ္မာအား မြင်တွေ့၍ အနည်းငယ် ထိတ်လန့်သွားကြသည်။ သို့သော် သူတို့အများစုမှာ မိမိကိုယ်ကိုယ် ကာကွယ်ရန်ကိုသာ ဦးစားပေးစဉ်းစားနေကြသည်။

ထိုမြင်ကွင်းအား မြင်လိုက်ရသူတိုင်းမှာ "ဤလူ (ကျန်းထောင်) သည် စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိသည်၊ ကိုယ်ဝန် ဆောင် အမျိုးသမီးအား အမှန်တကယ် ဒဏ်ရာပေးခဲ့သည်" ဟု တွေးမိကြသည်။ "သူသည် မွေးရာပါ လူမှုရေး ဖောက်ပြန်သူ (Sociopath) များ ဖြစ်နေသလား?" ဟူ၍ပင် စဉ်းစားမိကြသည်။

ကျန်လူအချို့ကမူ သူတို့ကိုယ်တိုင် ကျန်းထောင်ကိုအား အတိတ်က ပြစ်မှားခဲ့မိခြင်း ရှိ၊ မရှိကို ပြန်လည် စဉ်းစားနေကြသည်။ ဟုတ်ပါတယ်၊ သူတို့အားလုံး ကျန်းထောင် ထောင်ထဲ ရောက်သွားဖို့မျှော်လင့်နေခဲ့ကြသူများ ဖြစ်သောကြောင့် စိုးရိမ်ပူပန်နေစရာ လိုတော့မည်မဟုတ်ပေ။

နန်ယုတို့အဖွဲ့ နောက်ဆက်တွဲကိစ္စများအားလုံးကို သက်ဆိုင် သူများလက်သို့ လွှဲအပ်ထားခဲ့သည်။ အန်းနင်နှင့် ဖေးယွင်ကျင်းတို့ နှစ်ဦးလုံး ဘေးကင်းစွာလွတ်မြောက်လာပြီဖြစ် ကြောင်း အတည်ပြုပြီးနောက်၊ သူတို့အားလုံး မြို့တော်ရှိ နန်မိသားစု၏ အဓိကခြံဝင်းကြီးသို့ ပြန်သွားခဲ့ကြသည်။

ခြံဝင်း၌ အဘိုးနန်နှင့် နန်မိဘများမှာ စိုးရိမ်ပူပန်သော မျက်နှာဖြင့် စောင့်ဆိုင်းနေကြသည်။ နန်ယုနှင့် ကျန်သူများ ဘေးကင်းစွာ ပြန်ရောက်လာသည်ကို မြင်သောအခါ မားမားနန်မျက်ဝန်းထဲ မျက်ရည်များဝဲတက်လာသည်။ သူမ သူတို့အား အမှန်တကယ် ဟုတ်မဟုတ် အကြိမ်ပေါင်းများစွာ စိုက်ကြည့်နေခဲ့သည်။

သို့သော်၊ ဖေးယွင်ကျင်း လက်မောင်းမှ ဒဏ်ရာအား မြင်တွေ့လိုက်ရပြီး အပြင်ဘက်တွင် ဖြစ်ပျက်ခဲ့သော ဇာတ်လမ်း အစုံအလင်ကို သိရှိလိုက်ရသည့်အခါတွင်မူ သူမ မျက်ရည်များ ရပ်တန့်၍ မရတော့ဘဲစီးကျလာတော့သည်။

"တော်လိုက်တာ သားရယ်၊ တော်လိုက်တာ"

မားမားနန် ဖေးယွင်ကျင်းအား ပွေ့ဖက်၍နှစ်သိမ့်ပေးလိုသော်လည်း သူ့ဒဏ်ရာအား ထိခိုက်မိမည်ကို စိုးရိမ်လွန်းသဖြင့် မပွေ့ဖက်ရဲဘဲ ချီတုံချတုံဖြစ်နေသည်။

"ရှောင်ကျင်း၊ သားကြောင့်ပါပဲ၊ နာနေလား?"

"မနာပါဘူး၊ မငိုပါနဲ့တော့ အဘွား၊ ကျွန်တော်တို့ အားလုံး ဘေးကင်းစွာ ပြန်ရောက်လာကြပြီလေ"

ဖေးယွင်ကျင်းကမူ မားမားနန်၏ မျက်ရည်များအား သုတ်ပေးရန် ချက်ချင်းပင် သူမ လက်ကိုင်ပဝါကို လှမ်းရှာလိုက်သည်။ သို့သော် သူ့လက်ထဲတွင် မရှိသည်ကို သိလိုက်ရသော အခါ အနည်းငယ် ဝေဝါးရှုပ်ထွေးသွားပုံရသည်။

"မား၊ မငိုပါနဲ့တော့၊ သမီးတို့ အားလုံး အခု အဆင်ပြေနေကြပြီ"

ထိုအခိုက်အတန့်တွင် နန်ယု သူ့မိခင်အား ပွေ့ဖက်လိုက်ပြီး ကျောပြင်ကိုလည်း ညင်သာစွာ ပုတ်ပေးကာ နှစ်သိမ့်ပေး လိုက်လေသည်။

"သမီး ညက တစ်ညလုံး မအိပ်ရသေးဘူး၊ အရမ်း အိပ်ချင်နေပြီ"

"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ မောပန်းနေရောပေါ့၊ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတာကို"

မားမားနန်ဆီမှ စိုးရိမ်တကြီး စိတ်လှုပ်ရှားနေသည့် စကားလုံးများ ရောထွေးစွာ ထွက်ပေါ်လာသည်။

"ဗိုက်ဆာလား? မအိပ်ခင် တစ်ခုခုစားပါဦးလား? အဘွား အကုန် ပြင်ဆင်ထားပြီးပြီ"

နန်ယု ပြုံး၍ ခေါင်းညိတ်လိုက်သည်။ သူမ တကယ်တမ်း အိပ်မငိုက်ပါ။ လူငယ်တစ်ယောက်အဖို့ တစ်ညတာ မအိပ်ရခြင်းမှာ ကြီးမားသော ပြဿနာ မဟုတ်ဘဲ၊ ထူးဆန်းသော စိတ်လှုပ်ရှားမှုကိုပင် ခံစားနေရသည်။ သို့သော် မားမားနန်နှင့် အခြားသူများ၏ စိုးရိမ်တကြီး စိတ်အားထက်သန်မှုအား မြင်သောအခါ သူမ အိပ်ရေးပျက်ခြင်းကို အကြောင်းပြချက်အဖြစ် အသုံးပြုကာ သူတို့အား စိတ်ရှုပ်ထွေးမှုမှ လွတ်ကင်းစေလိုက်ရသည်။

သူမနှင့် လိုက်ပါလာသော ဖေးယီကျန့် နှင့် မျက်လုံးချင်းအချက်ပြပြီးနောက် အနည်းငယ် စားသောက်ကြသည်။ ထို့နောက် သူတို့အားလုံး အနားယူရန် မိမိအခန်းများသို့ ပြန်သွားကြသော်လည်း ဖေးယွင်ကျင်း နန်ယုနှင့်အတူ နေရစ်ခဲ့သည်။ သူမ ကောင်လေးငယ်အား စိုးရိမ်သည်။ လိမ်းထားသည့် ဆေးများကို ပွတ်တိုက်မိပါက ဒဏ်ရာ ပိုဆိုးသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

"အန်တီ"

ဖေးယွင်ကျင်း အိပ်ရာပေါ်တွင် လဲလျောင်းလျက်ရင်းနှီးသော ရနံ့ ဖြင့် ဖုံးအုပ်ထားသလို ခံစား ရသည်။ ထို့နောက် သူ၏ မျက်လုံးဝိုင်းကြီးများကို ပိတ်လိုက်သည်။

"ရှောင်ကျင်း မူကြိုမသွားချင်တော့ဘူး၊ မူလတန်းကို တန်း တက်လို့ရမလား?"

"ဟင် ?"

နန်ယု အကြောင်းအရာ ဘာကြောင့် ရုတ်တရက် ဒီအထိ ရောက်သွားသည်ကို မသိလိုက်ရပေ။

"ဘာကြောင့်လဲ၊ အန်တီ့ကို ပြောပြလို့ ရမလား?"

နှစ်သစ်ကူးပြီးနောက် အလယ်တန်း သူငယ်တန်း၏ ဒုတိယမြောက် စာသင်နှစ် စတင်မည်ဖြစ်သည်။ စက်တင်ဘာလတွင် သူ အကြီးတန်း သူငယ်တန်း စတင်မည်ဖြစ်ပြီး၊ အချိန် ဇယားအရ မူလတန်းကျောင်းကို လာမည့်နှစ်မှသာ စတင်ရမည်ဖြစ်သည်။

(T/N: ဇာတ်လမ်းနောက်ခံ တရုတ်နိုင်ငံ၏ ပညာရေးစနစ်။ တရုတ်နှစ်သစ်ကူး (ဇန်နဝါရီ/ဖေဖော်ဝါရီ) ပြီးနောက် စာသင်နှစ် ဒုတိယပိုင်း စတင်သည်။ စာသင်နှစ်အစသည် စက်တင် ဘာလဖြစ်သည်။ ဖေးယွင်ကျင်းက အခု မူကြိုပြီးခါနီးဖြစ်ပြီး၊ လာမည့်နှစ် စက်တင်ဘာမှသာ သူငယ်တန်းစမည်ဖြစ် သည်။)

ဖေးယွင်ကျင်း မဖုံးကွယ်ခဲ့ပေ။

"ဘာလို့လဲဆိုတော့ သူငယ်တန်းက ပျင်းဖို့ကောင်းတယ်၊ ရှောင်ကျင်း ပိုပြီးလေ့လာချင်တယ်၊ ပိုပြီး ဗဟုသုတကြွယ်ဝချင်တယ်"

ထိုသို့ဆိုလျှင် အန်တီ တစ်ယောက်တည်း ခက်ခက်ခဲခဲအလုပ် လုပ်ရတော့မည် မဟုတ်ပေ။

နန်ယု အလေးအနက် စဉ်းစားသွားသည်။ ဖေးယွင်ကျင်း၏ ဉာဏ်ရည်ဉာဏ်သွေးအရ သုံးနှစ်တာ သူငယ်တန်းကို ဖြတ် သန်းခြင်းမှာ အချိန်အလဟဿ ဖြစ်စေလိမ့်မည်။ ဤကောင်လေးမှာ သူငယ်တန်းမှ ကလေးများနှင့် လုံးဝ မကစားနိုင်ပေ။ သူ ဂိုအတန်းတွင် မိတ်ဆွေသစ်များရရှိထားပြီး ဖြစ်သော ကြောင့် ပြီးပြည့်စုံသော ကလေးဘဝမရရှိခြင်းကို သူ အလွန် အမင်း စိုးရိမ်စရာမလိုတော့ချေ။

"ကောင်းပြီ၊ ဒါဆို ဆောင်းရာသီ အားလပ်ရက်ပြီးရင် ရှောင်ကျင်းအတွက် ဆရာတစ်ယောက်ရှာပေးမယ်၊ ဆရာက အဆင်ပြေတယ်လို့ ပြောရင် စက်တင်ဘာလမှာ မူလတန်းကျောင်းတက်ကြမယ်၊ ရမလား?"

"ဟုတ်၊ သေချာပေါက်ရတယ်!"

ဖေးယွင်ကျင်း ယုံကြည်မှုအပြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။

"ရှောင်ပိုင်လည်း ကျွန်တော်နဲ့ လိုက်လာလိမ့်မယ်"

"တော်လိုက်တာ၊ သားလည်း အဖော်ရတာပေါ့"

နန်ယု ဖေးယွင်ကျင်း နဖူးအား အနည်းငယ် တွန်းလိုက်သော်လည်း သူ့မျက်လုံးများကို မထိအောင် ဂရုစိုက်လိုက်သည်။

"ကဲ၊ အိပ်တော့"

"အန်တီ၊ Good Night၊ မဟုတ်ဘူး၊ Good Afternoon"

"Good afternoon"

ဖေးယွင်ကျင်း မျက်လုံးများအား စကားနားထောင်စွာ မှိတ်ထားသည်ကို မြင်သောအခါ နန်ယု သူမ ဖုန်းအား တစ်ဖန် ကောက်ကိုင်လိုက်သည်။ သူမ ဖေးယီကျန့် ပို့ထားသည့်စာအား ဦးစွာ နှိပ်လိုက်သည်။

ဖေး - ရှောင်ကျင်းဟာက ၂၀% လောက် ကျန်သေးတယ်

ဖေး – အန်းနင်၊ နန်ကျီနဲ့ တခြားသူတွေရဲ့ စာတွေကတော့ မနည်းတီးခေါက် ဖတ်ရလောက်အောင် မှိန်ဖျော့နေပြီ၊ အန်းရီရန်က ၅% ကနေ ၁၀% လောက်ပဲ ကျန်တော့တယ်

ဖေး– နန်ယု၊ ငါတို့ နိုင်ခါနီးပြီ

ဖေးယီကျန့် သိသာစွာ ပျော်ရွှင်နေပြီး နန်ယုလည်း ထိုနည်း တူပင်။

ဤငလျင်မှာ အမှန်တကယ် ခက်ခဲခဲ့သည်။

ကံကြမ္မာသည် ထောင်ချောက်များစွာ တူးခဲ့သည်။ သတိမထားပါက ထိုထောင်ချောက်များထဲသို့ ပြုတ်ကျနိုင်သည်။

ပြုတ်ကျပါက အသက်ဖြင့် လဲလှယ်ရမည် ဖြစ်သည်။

ကံကောင်းစွာဖြင့် သူမ သတိပေးခံခဲ့ရသည်။

ကျေးဇူးတင်စရာမှာ ဖေးယီကျန့် ငလျင်မား တွေးထားခဲ့သည်။

ပို၍ပင် ကံကောင်းသည်မှာ ဖေးယွင်ကျင်း၏ ရဲစွမ်းသတ္တိနှင့် ပြတ်သားသော ဆုံးဖြတ်ချက်ကြောင့် အန်းနင်နှင့် သူမ၏ ကိုယ်ဝန်ဆောင်ကလေးငယ်အား အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

နန်ယု ကံကြမ္မာမှ ထိုကလေးအား မည်မျှ ကြောက်ရွံ့ပြီး မုန်းတီးသည်ကို ကောင်းစွာ သိသည်။

နန်ယု : အင်း~

နန်ယု : မကြာခင်မှာ၊ ကျွန်မတို့ သေချာပေါက် ပြီးပြည့်စုံတဲ့ အောင်ပွဲကို ရယူနိုင်တော့မယ်!

နန်ယု ကံကြမ္မာတွင် မည်သည့် ခွန်အားများ ကျန်ရှိနေသေးသနည်းဟု သံသယဝင်နေသည်။ သူ တကယ်တမ်း ဘာလုပ်နိုင်သေးသနည်း?

အချိန် ကုန်လွန်လာသည်နှင့်အမျှ နန်ယုနှင့် အခြားသူများ ဘာမှမလုပ်ဆောင်ဘဲ နေသည့်တိုင် ကံကြမ္မာမှာ တဖြည်း ဖြည်းအားနည်းလာသည်။

ဤနှုန်းအတိုင်းဆိုလျှင် ကံကြမ္မာသည် မကြာမီ လုံးဝ ပျောက်ကွယ်သွားနိုင်သည်။

သို့သော် နန်ယု သူမသတိအား လျှော့ချမည် မဟုတ်ပေ။ ဤတစ်ကြိမ်ကဲ့သို့ပင် ကံကြမ္မာမှ ဤမျှ ရက်စက်သော ထိုးနှက် ချက်မျိုး ပေးလိမ့်မည်ဟု သူမနှင့်ဖေးယီကျန့်တို့ ဆက်တိုက် ဖြစ်ပေါ်နေသော တိုက်ဆိုင်မှုများမရှိလျှင် ဘယ်တော့မှ စိတ်ကူးမိမည် မဟုတ်ချေ။

အန်းနင်နှင့် အခြားသူများအား သတ်ရန်အတွက် ကြိုတင်သတ်မှတ်ထားသော သေဆုံးမှုများကိုပင် ထည့်သွင်းစဉ်းစားတော့မည် မဟုတ်ပေ။

ဖေးယီကျန့်နှင့် စကားအနည်းငယ် ထပ်ပြောပြီးနောက် နန်ယု ဖုန်းချထားလိုက်သည်။

All Chapters