← Chapters

အခန်း (၉၇)

Vol. 11 Ch. 97

အခန်း (၉၇)

Vol. 11 Ch. 97

နန်ယု သူမဘေးရှိ ဖေးယွင်ကျင်း၏ညီညာငြိမ်သက်ပြီး သာယာသော အသက်ရှူသံကြောင့် အိပ်ချင်စိတ်များ တဖြည်းဖြည်း ကူးစက်ခံလာရသည်။

ဗိုက်ပြည့်သွားသောအခါ သဘာဝအတိုင်း ဖြစ်ပေါ်တတ်သည့် ငိုက်မျဉ်းခြင်း ဖြစ်နိုင်သည်ဟု သူမ တွေးမိသည်။

ကိုယ်ကိုယ့်ကိုယ် မတားဆီးတော့ဘဲ နူးညံ့ပျော့ပျောင်းသော အိပ်ရာပေါ်တွင် သက်သောင့်သက်သာ လှဲချလိုက်ရာ မကြာမီပင် နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ခြင်းဆီသို့ ရောက်ရှိသွားတော့သည်။

သို့သော် လုံးဝ အိပ်မပျော်မသွားမီ နန်ယု နောက်ဆုံး မေးခွန်းတစ်ခုအား စဉ်းစားခဲ့သည်။

ဤမျှ အကြိမ်ကြိမ် သူတို့အား ကူညီနေသူမှာ မည်သူနည်း။

ထိုမျှမက၊ နန်ယု၏ ယခင်ဘဝ လျှို့ဝှက်ကုဒ် (Secret Code) ကိုပါ သိရှိနေသူသည် မည်သူ ဖြစ်နိုင်ပါသနည်း။

ဤစာအုပ်ထဲသို့ သူမ ရောက်ရှိလာခြင်းမှာ မတော်တဆမှု သက်သက်သာ ဖြစ်သည်ဟု ပထမတွင် တွေးခဲ့သော်လည်း ယခုမူ အခြေအနေသည် ပြောင်းလဲလာပြီ...။

နန်ယု မကြောက်ပါ။ သူမ ပြန်လည်တိုက်ခိုက်မည်သာ။ မုန်တိုင်းလာလျှင် ရင်ဆိုင်တားဆီးမည်။ သူမ၏ ဇိမ်ကျ၍ ပျော်ရွှင်ဖွယ်ဘဝအား ဆက်လက်ရှင်သန်နေထိုင်သွားမည်။

---

နန်ယု နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေစဉ် အွန်လိုင်းကမ္ဘာတွင်မူ ဆွေးနွေးမှုများ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်နေသည်။

နံနက် ၇ နာရီခန့်တွင် ဟိုင်မြို့၌ လှုပ်ခတ်ခဲ့သော ၅.၆ ရစ်ချ်တာစကေးရှိ ငလျင်သတင်းမှာ ထိပ်တန်း ရှာဖွေမှုစာရင်းတွင် နေရာယူခဲ့သည်။ သန်းပေါင်းများစွာသော အင်တာနက်အသုံးပြုသူများ သတင်းကြောင့် စိုးရိမ်ပူပန်နေကြစဉ်၊ ၉ နာရီခန့်တွင်မှ တရားဝင် ကြေညာချက် ထွက်ပေါ်လာသည်။

အချုပ်အားဖြင့်ဆိုရသော် ငလျင်၏ ပြင်းအားမှာ သိပ်မများလှပေ။ လက်ရှိအချိန်အထိ သေဆုံးသူ တစ်ဦးတစ်ယောက်မျှ မရှိဘဲ ပြင်းထန်သော ဒဏ်ရာရသူသုံးဦးသာ ရှိခဲ့ကြောင်း အတည်ပြုရရှိသည်။

ကမ်းရိုးတန်းတစ်လျှောက်ရှိ အဆောက်အအုံအချို့ ပြိုကျပျက်စီးခဲ့သော်လည်း ပစ္စည်းဥစ္စာဆုံးရှုံးမှုမှု လူ့အသက်နှင့် နှိုင်းယှဉ်လျှင် အရေးမကြီးပေ။

ထို့ကြောင့် ဤသည်မှာ ရှင်းလင်းစွာပင် ကောင်းမွန်သော သတင်းတစ်ပုဒ် ဖြစ်သည်။

မကြာမီပင် ဟိုင်မြို့မှ ဒေသခံများမှာ ၎င်းတို့ ဘေးကင်းလုံခြုံကြောင်းကို အွန်လိုင်းတွင် တစ်ဦးပြီးတစ်ဦး ဝင်ရောက် အသိပေးလာကြသည်။

သို့သော် ထိုသတင်းများ ပြန့်နှံ့လာသည်နှင့်အမျှ နန်ယုနှင့် သူမ၏ နန်အုပ်စု အမည်များပါ တပါတည်း ပေါ်ထွက်လာသည်။

[ပထမဆုံး ရောက်လာတဲ့ စေတနာ့ဝန်ထမ်းတွေက နန်အုပ်စုကဖြစ်နေတာ မယုံနိုင်စရာပဲ! အရမ်း မြန်လိုက်တာ! သူတို့အများစုက မြို့တော်က လာတာလို့ကြားတယ်၊ ငါ ငလျင်ဒဏ်ကနေ မသက်သာခင်မှာပဲ ရေတစ်ဗူးနဲ့ ပေါင်မုန့်တစ်လုံးက ငါ့လက်ထဲရောက်လာတယ်၊ နှစ်ခုစလုံးကို နန်အုပ်စု ဥက္ကဋ္ဌက သူ့ပိုက်ဆံနဲ့လှူဒါန်းခဲ့တာ]

[ငါ ကောပဲ! သူတို့ ဗိုက်ဆာနေမှာ သေချာတယ်လို့ ထင်ခဲ့ပေမယ့် ကိုယ်တိုင် ဗိုက်ဆာတာက အရေးမကြီးဘူးလို့ တွေးခဲ့တယ်၊ ကလေးတွေအတွက်ပဲ စိုးရိမ်ခဲ့တာ၊ ငါ့ကလေးက သုံးနှစ်ပဲ ရှိသေးတယ်၊ ကယ်ဆယ်ရေးစခန်း ရောက်ပြီးပြီးချင်း အစားအစာ ပူပူနွေးနွေးတွေ ဝေတာတွေ့လိုက်ရလို့ အံ့သြသွားတယ်၊ ပတ်ဝန်းကျင်ကနေလာတာ မဟုတ်ဘဲ နန်အုပ်စုကြောင့် ရတာလို့ကြားတယ်]

[ကျွန်တော် နန်အုပ်စု ဝန်ထမ်းပါ! ဒီမနက် အစောပိုင်းမှာ ကျွန်တော်တို့ ကုမ္ပဏီအုပ်စုက ဟိုင်မြို့ကို ဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် သွားရောက်ကူညီမယ့် စေတနာ့ဝန် ထမ်းတွေကို တစ်နှစ်စာ လစာနဲ့ညီမျှတဲ့ ဆုကြေးငွေပေးမယ်ဆိုပြီး စာပို့ခဲ့တာ၊ ကျွန်တော် ချက်ချင်းပဲ စာရင်းသွင်းခဲ့တယ်! ဒါပေမဲ့ ငွေကြောင့်ချည်းပဲတော့ မဟုတ်ပါဘူးနော်၊ ကျွန်တော်လည်း တကယ်ပါဝင်ကူညီချင်လို့ပါ (doge)]

အစပိုင်းတွင် အင်တာနက်တစ်ခွင်၌ နန်အုပ်စုနှင့် နန်ကျီ၏ လျင်မြန်သော လုပ်ဆောင်ချက်များအတွက် ချီးကျူးဂုဏ်ပြုသံများဖြင့် ပြည့်နှက်နေခဲ့သည်။

သို့သော် မကြာမီပင် နောက်ထပ် လျှို့ဝှက်သတင်းတစ်ခု ထွက်ပေါ်လာသည်။

နန်ကျီ၏လျင်မြန်သော လုပ်ဆောင်မှုမှာ ဟိုင်မြို့အားကယ် ဆယ်ရန်အတွက် လုံးလုံးလျားလျား မဟုတ်ဘဲ သူ့ဇနီး၊ ကလေးများနှင့် ညီမဖြစ်သူတို့ ဟိုင်မြို့အနီးရှိ ကျွန်းငယ်လေးတစ်ခုတွင် အားလပ်ရက် အပန်းဖြေနေသောကြောင့်သာ ဖြစ်သည်။

[သူက ကျွန်တော်တို့ အရပ်သားတွေကို ကယ်နေတာ မဟုတ်ပါဘူး၊ သူ့ မိသားစုအတွက် ဘေးထွက်အလုပ်လုပ်နေတာ သက်သက်ပဲလေ၊ ဟုတ်တယ်မလား?]

[ချမ်းသာတဲ့ လူတွေရဲ့အသက်ကတော့ ပိုပြီး တန်ဖိုးရှိတာပေါ့၊ ဘေးအန္တရာယ်ဖြစ်တဲ့နေရာမှာ သူတို့မိသားစုသာ မရှိခဲ့ရင် ဒီလောက် လျင်လျင်မြန်မြန် ပေါ်လာမှာ မဟုတ်ဘူး]

[ဪဪ၊ ကယ်ဆယ်ရေးအတွက် လေယာဉ်နဲ့ သင်္ဘောတွေပါ အသုံးပြုခဲ့တယ်လို့ကြားတယ်]

နန်ကျီ ဤမှတ်ချက်များအား မြင်တွေ့ခဲ့ရသော်လည်း သူ ဒေါသမထွက်ခဲ့ပေ။ "တစ်မျိုးတည်းသော ဆန်က လူမျိုးစုံကို ကျွေးသည်" ဟူသော စကားပုံအတိုင်း၊ အကောင်းဆုံးသော လုပ်ရပ်များကပင် အမြဲတစေ မလိုလားအပ်သော ဝေဖန်မှုများနှင့် ရင်ဆိုင်ရစမြဲဖြစ်သည်။ ထို့အပြင် နန်ကျီ၏ ဤလှုပ်ရှားမှုအတွက် အဓိကစေ့ဆော်မှုမှာလည်း မိသားစုအား ကယ်တင်ရန် ဖြစ်သည်။

သူ ငြင်းဆိုရန် အကြောင်းပြချက်မရှိပေ။

နန်မိသားစု၏ ဂုဏ်သတင်းအား ထိခိုက်မှု မရှိစေရန် ပြည်သူ့ဆက်ဆံရေးဌာနကို စီမံခန့်ခွဲရန် ညွှန်ကြား ပြီးနောက် နန်ကျီ သူ့အာရုံကို အန်းနင်ဘက်သို့ ပြန်လှည့်လိုက်သည်။

သူမ ကိုယ်ဝန်ပျက်ကျလုနီးပါး အခြေအနေကြုံခဲ့ရသဖြင့် အနားယူရန် အထူးလိုအပ်နေသည်။

သို့သော် နန်ကျီ အဘိုးကြီးကျင်းထံမှ ဖုန်းခေါ်ဆိုမှုအား လက် ခံရရှိလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

"နန်မိသားစုက ကောင်လေး"

အဘိုးကျင်း၏အသံမှာ တည်ကြည်လေးနက်နေသည်။

"အဘိုးကတော့ ကြားခံသံတမန်သက်သက်ပါ၊ မင်း မနက် ဖြန် အချိန်ပေးလို့ရမလား၊ အရေးကြီးပုဂ္ဂိုလ်တစ်ဦးက မင်းကို တွေ့ဆုံချင်နေတယ်"

နန်ကျီ ကြက်သေသေသွားသည်။ တစ်စုံတစ်ယောက် ဟုတ် လား?

Flower နိုင်ငံတစ်ခုလုံးတွင် အဘိုးကျင်းအား ထိုသို့ပြောနိုင်သူမှာ တစ်ဦးတည်းသာ ရှိသည်။

Flowerနိုင်ငံ၏ အမြင့်ဆုံး ခေါင်းဆောင်ပင်။

သူ့စီးပွားရေးလုပ်ငန်းများ မည်မျှပင် တောင့်တင်းခိုင်မာစေကာမူ ထိုကဲ့သို့သော ကြီးကျယ်ခမ်းနားသည့် ပုဂ္ဂိုလ်ထံမှ ဖိတ်ကြားချက်အား သူ ဘယ်သောအခါမျှ စိတ်ကူးမယဉ်ဖူးခဲ့ပေ။

ထိုအခိုက်အတန့်တွင် နန်ကျီ ထူးခြားဆန်းကြယ်သော နိမိတ်တစ်ခုအား ခံစားလိုက်ရသည်။ နန်မိသားစုအတွက် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အရေးသစ်ကိုကြိုဆိုရတော့မည်။

ကံကောင်းခြင်းနှင့် ကံဆိုးခြင်းတို့၏ အပြန်အလှန် မှီခိုနေသော ဒဏ္ဍာရီဆန်သည့် သဘောတရားများကြောင့်ဖြစ်ပေါ် လာခြင်းများလား?

ဤနှစ်သစ်ကူးပွဲမှာ အမှန်တကယ်ပင် မှော်ဆန်ပြီး အံ့ဩစရာ ကောင်းလှသည်။

---

တစ်နှစ်တာ၏အစမှာ မင်္ဂလာနိမိတ် မရှိခဲ့သော်လည်း ဘေးကင်းလုံခြုံခဲ့သည်။ နန်ယုနှင့် ဖေးယွင်ကျင်း တို့ သူတို့ဗီလာသို့ လျင်မြန်စွာ ပြန်လည်ပြောင်းရွှေ့ကာ ကြောင်နှင့် ခွေးလေးများဖြင့် အေးချမ်းစွာ အပန်းဖြေသော ဘဝအား ပျော်ရွှင်စွာ နေထိုင်ကြသည်။

ငလျင်၏ အကျိုးဆက်များမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ဟိုင်မြို့ နှင့် ကျွန်းနှစ်ခုစလုံးအား တဖြည်းဖြည်းချင်း ပြန်လည်တည်ဆောက်နေသည်။

နန်ယု ကတိပေးခဲ့သော ဆုလာဘ်များကို နောက်နေ့တွင် အချိန်မီ ဖြန့်ဝေပေးခဲ့ရာ လူတိုင်း နန်မိသားစုထံ သူတို့၏ ဇာတိမြို့များမှ ဒေသထွက်ပစ္စည်းများအား ပျော်ရွှင်စွာပေးပို့ခဲ့ကြသည်။

လက်ဆောင်များမှာ တန်ဖိုးကြီးသည် မဟုတ်သော်လည်း ပေးပို့သူတို့၏ စေတနာသာ အဓိကဖြစ်သည်။

ကျန်းထောင် ကိစ္စနှင့်ပတ်သက်၍ ပဏာမရလဒ်များလည်း ထွက်ပေါ်လာသည်။

သူ့ဇနီးမှာ အမှန်တကယ် ကွာရှင်းခဲ့သည်။ သို့သော် ကွာရှင်းရခြင်း အကြောင်းရင်းမှာ အတူရှိချိန် နည်းပါးခြင်း၊ ဇနီး၏ သစ္စာဖောက်မှုနှင့် အခြားယောက်ျား၏ကိုယ်ဝန်ရှိခြင်းတို့ကြောင့် ဖြစ်သည်။

ကွာရှင်းပြီးနောက် ကျန်းထောင်ဇနီးဟောင်းမှာ သူ့ပစ္စည်းများအား လာရောက်ရွှေ့ပြောင်းစဉ် လုံခြုံရေးအစောင့်အဖြစ် တစ်သက်လုံး အလုပ်လုပ်ခဲ့ရသည့် သူ့ ဘဝနှင့် ရည်မှန်းချက် မရှိပုံကို လှောင်ပြောင်ခဲ့သည်။

ထိုအချက်မှာ ကျန်းထောင်အား ဒေါသထွက်စေခဲ့သည်။ သူသည် သူ့ဇနီးအား ခုတ်ထစ်ပြီး မမွေးသေးသော ကလေးကို ဖယ်ရှားကာ တုံးတိခုတ်ထစ်ပြီး ပင်လယ်ထဲသို့ ပစ်ချခဲ့သည်။

ထိူလျှို့ဝှက်ချက်အား ကြာရှည်ဖုံးကွယ်ထား၍မရနိုင်ကြောင်း သူသိသော်လည်း ဤသို့ သေဆုံးရန် စိတ်မပါခဲ့ပေ။ ထို့နောက် နန်မိသားစု ကျွန်းသို့ အားလပ်ရက် လာရောက်အပန်းဖြေမည်ကို သူသိလိုက်ရသည်...

— ဘာကြောင့် လူတချို့က ချမ်းသာပြီး အာဏာရှိကာ ဤမျှ စိုးရိမ်ပူပန်မှုကင်းသော ဘဝကို ရှင်သန်ရသနည်း? ငါ ကြိုး စားလုပ်ဆောင်ခဲ့သော်လည်း ငါလိုချင်တာကို ဘာလို့ မရနိုင်ရတာလဲ?

ထိုလှည့်ဖျားသော အတွေးများဖြင့် ကျန်းထောင် နန်ယုနှင့် အခြားသူများအား တိုက်ခိုက်ရန်အခွင့်အရေး ရှာဖွေရန် မူလက စီစဉ်ခဲ့သော်လည်း ငလျင်က ဦးစွာလှုပ်ခတ်ခဲ့သည်။

သူ မည်သို့ပင်ဖြစ်စေ အသက်ရှင်တော့မည် မဟုတ်သော ကြောင့် လူတိုင်းနှင့်အတူ မြှုပ်နှံလိုက်ခြင်းက ပိုကောင်းပေမည်။

သို့သော် ကျန်းထောင် ဘာမှ မလုပ်ရသေးခင်မှာပင် ဝက်တစ်ကောင်လို တုပ်နှောင်ခံခဲ့ရသည်။ သူ့ ဇနီးဟောင်းက ကျိန်စာတိုက်ခဲ့သလားဟုပင် သူ တွေးမိခဲ့သည်။

သူ့နောက်ဆုံး အသက်စွန့်တိုက်ပွဲကိုပင် သေးငယ်သောနတ် ဆိုးလေး (ဖေးယွင်ကျင်း) တစ်ကောင်ကို အရှုံးပေးလိုက်ရသည်။

နာကျင်မှု ပြင်းပြင်းထန်ထန်ခံစားရသောကြောင့် ကျန်းထောင် နောင်တရခဲ့သည်။

သူ အသက်ရှင်ချင်သည်၊ မသေချင်သေးပေ!

သို့သော် ယခုကဲ့သို့သော ဆိုးဝါးသော ရာဇဝတ်မှုကျူးလွန်ခဲ့သော ကျန်းထောင်အတွက် တစ်ခုတည်းသော ရလဒ်မှာ သေဒဏ်ပင်။

၎င်းမှာ သူမူလ အဆောက်အအုံပေါ်မှ ခုန်ချ၍ မိမိကိုယ်ကိုယ် သတ်သေခြင်းနှင့် ကွဲပြားသည်။

ထို့ကြောင့် ကျန်းထောင်၏အကြီးမားဆုံး အထောက်အကူမှာ သူ့အသက်ကို အသုံးပြု၍ ကံကြမ္မာ၏ စွမ်းအားကို အနည်းငယ် လျှော့ချရန် ဖြစ်ကောင်း ဖြစ်နိုင်ပါသလား?

ထိုအချက်ကလည်း ကံကြမ္မာသည် ပြိုလဲလုနီးပါး ဖြစ်နေကြောင်း သွယ်ဝိုက်၍ သက်သေပြသည်။

နောက်တစ်စက္ကန့်တွင် ၎င်း၏ပျက်စီးလွယ်သော ပရိုဂရမ်မှာ လုံးဝ ပြိုလဲသွားပြီး အသုံးမဝင်တော့သည်အထိ ဖြစ်သွားနိုင်ပေသည်။

နန်ယု ထိုနေ့အား သဘာဝအတိုင်း မျှော်လင့်နေသည်။

ထိုနေ့မရောက်မီတွင် နန်ယု သူမ၏ အိမ်နီးချင်းအသစ်အား ကြိုဆိုခဲ့သည်။

သူ့ဘဏ္ဍာရေး အရင်းအမြစ်များဖြင့် ဖေးယီကျန့် ဘေးချင်းကပ် ဗီလာအား ပြုပြင်မွမ်းမံခြင်းကို အဆုံးသတ်နိုင်ခဲ့ပြီး နောက်ဆုံးတွင် နန်ယု၏ အိမ်နီးချင်း ဖြစ်လာခဲ့သည်။

"အိမ်တက်ပွဲလား ?"

နန်ယု ဖေးယီကျန့် ကိုယ်တိုင် ပေးအပ်သော ဖိတ်စာအား လက်ထဲတွင် ကိုင်ထားသည်။

"ရှင်က တော်တော်လေး အခမ်းအနားဆန်တာပဲနော်?"

ဖေးယီကျန့် သူ့ပေါင်ပေါ်တွင် လဲလျောင်းနေသော ရှောင်မီအား လက်တစ်ဖက်ဖြင့် ပွတ်သပ်နေပြီး နန်ယုကို ကြည့် သည်။

"ဒါ ပျော်စရာကိစ္စမို့ပါ၊ မနက်ဖြန် ညနေ အဆင်ပြေမလား?"

"သေချာပါတယ်၊ ပြဿနာမရှိပါဘူး!"

နန်ယု ထိုကိစ္စအား စိတ်ထဲ အလေးအနက်မထားခဲ့ပေ။

ကျောင်းမှ ပြန်လာသောအခါ ဖေးယွင်ကျင်းလည်း ထိုသတင်းအား ကြားသိခဲ့ရပြီး သူ့တုံ့ပြန်မှုမှာ အနည်းငယ် ထူးဆန်းနေသည်။

အထူးသဖြင့် မထွက်ခွာသေးသော ဖေးယီကျန့်နှင့် သူ့ပေါင်ပေါ်တွင် ကြောင်ကိတ်မုန့်ပမာ လဲလျောင်းနေသော ရှောင်မီအား မြင်သောအခါ သူသည် သူ့မျက်လုံးများဖြင့် စိုက်ကြည့်လိုက်မိသည်။

ဒီလူမှာ နာနာရဲ့အရိပ်ကို ဘာလို့မြင်နေရတာလဲ? ပုံပန်း သဏ္ဍာန်အရ မဟုတ်ဘဲ ထိုခံစားချက်ကြောင့် ဖြစ်သည်။

ဒီလူလည်း သူ့အန်တီကို ခိုးဖို့လာတာများလား ?

ထိုသို့ တွေးမိသောအခါ ဖေးယွင်ကျင်း ဖေးယီကျန့်အား အနည်းငယ် သတိထားသော အကြည့်ဖြင့်ကြည့်လိုက်သည်။ မနက်ဖြန်ညနေတွင် ရန်သူအား မည်သည့် အခွင့်အရေးမျှမပေးဘဲ သူ့အန်တီအနားမှ တစ်စက္ကန့်မျှ ခွဲခွာ၍မဖြစ်ပေ!

All Chapters