ဂိုဏ်းတစ်ခုလုံးကို သတ်ပစ်မယ်
Vol. 1 Ch. 69
ကျန်းရီသည် လာလမ်းအတိုင်း ပြန်လာကာ ချုံပုတ်များထဲတွင် ပုန်းနေခဲ့သည်။ အကယ်၍ ဤလူများသာ အမှန်တကယ်ကို ကြမ်းကြုတ်သော အရာများကို ပြုလုပ်တော့မည် ဆိုလျှင် သူဝင်ရောက် စွက်ဖက်ရပေမည်။ အကယ်၍ သူသာ ဝင်မတားခဲ့လျှင် သူ့ဘဝ တစ်လျှောက်လုံး အပြစ်ရှိသလို ခံစားနေရမည် ဖြစ်သည်။
အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ကောင်မလေးသည် ဘာမှ ပြန်မပြောသော်လည်း သူမ၏မျက်လုံးများမှာ ဒေါသရိပ်များ လွှမ်းနေလေသည်။ အခြားအဖွဲ့ရှိ ငါးယောက်တွင် လူငယ်လေး တစ်ယောက်သည် တန်ဖိုးကြီးမားသော အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ဤလူငယ်သည် အလျင်လို နေခဲ့သော်လည်း သူ၏မျက်နှာမှာမူ အမုန်းတရားများနှင့် အပြုံးမပျက် ရှိနေခဲ့သည်။ မည်သူမဆို တစ်ချက်ကြည့်ရုံမျှပင် သူသည် ယဉ်ကျေးသူ တစ်ဦး မဟုတ်ကြောင်းကို သိနိုင်ပေသည်။
သခင်ငယ်လေးသည် အခြား အဖွဲ့ဝင်လေးဦးကို တစ်ချက်ကြည့်ကာ လှောင်လိုက်သည်။
“ငါတို့ ကျန်းလင်မြို့မှာ ရှိနေသေးတယ်လို့ မင်းတို့ ထင်နေတာလား သခင်ငယ်လေးက သင်တန်းကျောင်းကို ဒီတစ်ခါမှာ တက်ရောက်တော့မယ် ... တစ်ခုခုဖြစ်ခဲ့ရင် ဘယ်လိုလုပ်မလဲ ဘယ်သူက ဒါကို တာဝန်ယူမှာလဲ”
“ဘာကို ကြောက်နေတာလဲ ... သခင်လေး”
အစောပိုင်းက စကားပြောခဲ့သော ပိန်သွယ်သွယ် လူငယ်သည် အနက်ရောင် ဝတ်စုံဝတ် မိန်းကလေးကို လောဘ အကြည့်များဖြင့် ကြည့်လိုက်သည်။ သူသည် လှောင်လိုက်ကာ ...
“ကင်းထောက်နေတဲ့ ဆရာက အခုပဲ ထွက်သွားတာကို မတွေ့ဘူးလား ... သခင်လေးရဲ့ အဆင့်အတန်းနဲ့ ဆိုရင် သာမန် ဆရာတွေတောင် တစ်ခုမှ ပြောရဲမှာ မဟုတ်ဘူး”
“မင်းပြောနေတာတွေက အဓိပ္ပာယ်လုံးဝ မရှိဘူး”
သခင်လေးက ဝတ်စုံနက် ဝတ်ထားသော မိန်းကလေး၏ ကိုယ်လုံးကိုယ်ပေါက်ကို ကြည့်ကာ လက်အမူအရာဖြင့် ပြောခဲ့သည်။
“ဒါဆို လုပ်လိုက်မယ် ... ငါ့ကိုကြည့်ပေးထား ... ဒီသခင်လေးက ပျော်စရာကို အရင်ခံစားတာပေါ့ ... ”
“ခလွမ်”
သခင်လေးက အမိန့်ပေး လိုက်သည်နှင့် နှစ်ဦးစလုံး လက်နက်ကိုယ်စီ ထုတ်လိုက်ကြကာ အခြား နှစ်ဦးမှာလည်း ဘေးမှာ ဒူးလေးများဖြင့် ချိန်ထားကြလေသည်။ သူတို့၏ မျက်လုံးများတွင် ရက်စက်သော အရိပ်အယောင်များ ဖုံးလွှမ်းနေခဲ့သည်။ မိန်းမငယ်လေးသာ လှုပ်ရှားခဲ့မည် ဆိုလျှင် သူတို့၏ လေးများကို သုံးရပေလိမ့်မည်။
“သေစမ်း ...”
ကျန်းရီသည် စိတ်တွင်မှ ကျိန်ဆဲလိုက်သည်။ ဤလူများ၏ အပြုအမူများကို ကြည့်ခြင်းဖြင့် သခင်လေးသည် ပုံမှန်ထက် ထူးခြားသော အဆင့်အတန်း တစ်ခုရှိကြောင်း ထင်ရှားနေသည်။ သူတို့သည် သူတို့မြို့ရှိ အမျိုးသမီးများစွာ၏ ဖြူစင်ခြင်းကို ဖျက်ဆီးခဲ့ကြသည်။ သူသာ ဝင်ပါရမည်ဆိုလျှင် နောက်ထပ် အကျိုးဆက်များ ရှိမလာစေရန် ဤလူအားလုံးကို သတ်ပစ်ရပေမည်။
ပြဿနာကား အကယ်၍ သူသတ်ခဲ့သည်ကို နောက်ပိုင်းတွင် ဖော်ထုတ်ခဲ့ကြပါလျှင် အခြေအနေများမှာ ပို၍ ဆိုးသွားပေမည်။ ဝိညာဉ် သားရဲ သင်တန်းကျောင်းကို အသာထား၍ ကျန်းယွင်ဟိုင်ပင် အပြစ်တင်ပေလိမ့်မည်။
“လျစ်လျူရှု လိုက်သင့်လား”
ဒါကတော့ မဖြစ်နိုင်ချေ။ ကျန်းရီသည် သူလူကောင်း တစ်ယောက် မဟုတ်မှန်း သိသော်လည်း သူ့နှလုံးသားထဲတွင် မချိုးဖောက်သင့်သော ကန့်သတ်ချက်များ ရှိပေသည်။ ဥပမာအားဖြင့် ဒူးထောက်ခြင်း ... သူသေရမည် ဆိုလျှင်တောင် ဒူးထောက်မည် မဟုတ်ပေ။ သို့မဟုတ် သူ့အရှေ့က အခြေအနေ ကဲ့သို့ပင် ... သူသာ ဝင်မစွက်ဖက်ခဲ့လျှင် သူ၏နှလုံးသားတွင် ဒဏ်ရာတစ်ခု အနေနှင့် သူ၏ အနာဂတ်တွင် တာအိုလမ်းစဉ်ကို လျှောက်လှမ်းသည့် အခါ အနှောင့်အယှက် ဖြစ်နေပေလိမ့်မည်။
“ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ အဲအဆင့်ကို ရောက်ဖို့ဆိုရင် ဒီတစ်လမ်းပဲ ရှိတယ် ... ဒီပြဿနာတွေကိုသာ ကြောက်နေမယ် ဆိုရင် ငါက ဘယ်လိုလူမျိုး ဖြစ်သွားပြီလဲ”
ကျန်းရီသည် စိတ်ပိုင်းဖြတ် လိုက်ကာ သခင်လေး ရပ်နေသော နေရာသို့ ခိုးကြောင်ခိုးဝှက် သွားခဲ့သည်။ ကျန်းရီသည် လေးများကို အထူးပင် သတိထားနေရသည်။ ဤလေးများသည် အတွင်းအား ထည့်လိုက်ရုံနှင့် ကြောက်စရာ ကောင်းသည့် အရှိန်ဖြင့် ထွက်လာပေလိမ့်မည်။ အမှားလေးတစ်ခု လုပ်မိရုံနှင့် ယမမင်းဆီသို့ သူ့အားခေါ်သွား နိုင်ပေသည်။
“ကလေးမ ... မလှုပ်ဘဲ ကောင်းကောင်းနေစမ်း ... မဟုတ်ရင် ဒီမြားတွေက မင်းကို ပန်းပွင့်လေး တစ်ပွင့်ကို ခြေလိုက်သလိုမျိုး ဖျက်ဆီးပစ်လိမ့်မယ် ... ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့လည်း မကြံနဲ့နော် ... မင်းသေခဲ့ရင်တောင်မှ ဝိညာဉ်သားရဲ သင်တန်းကျောင်းက သခင်လေးကို ဘာမှမလုပ်နိုင်ဘူး ... ငါတို့သခင်လေးရဲ့ အဆင့်အတန်းက အတုမရှိဘူး ... အဲဒါကြောင့် သူမင်းကို တပ်မက်နေတာကို မင်းကျေးဇူး တင်သင့်တယ် ...”
အနက်ရောင် ဝတ်စုံဝတ် ကောင်မလေးထံသို့ အရှေ့မှ လူနှစ်ဦး ချဉ်းကပ်လာကြသည်။ သူမသည် ဒေါသအတော် ထွက်နေသော်လည်း မလှုပ်ရှားသည်ကို မြင်ရသဖြင့် သူတို့၏ဓားများကို ဓားအိမ်ထဲသို့ ထည့်ကာ သူမကို သယ်ယူရန် ရှေ့သို့ တိုးလာကြသည်။
“ဝှစ်”
ဤအချိန်တွင် မိန်းကလေးသည် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်လိုက်သည်။ အမည်းရောင် ဓားရှည်သည် ရုတ်တရက် အစိမ်းရောင်များ ပေါ်ထွက်လာကာ သူမ၏ ဘယ်ဘက်ရှိ လူငယ်အား ရုတ်တရက် ဆောင့်ထိုး လိုက်ပေသည်။
“အာ ... ”
ထိုလူ၏ မျက်လုံးများသည် အကြောက်တရားနှင့် အတူ မှေးကျလာခဲ့သည်။ သူသည် သူမထံမှ အရှိန်နှင့်စီးဆင်း နေသော မြစ်တစ်စင်းကဲ့သို့ မြန်ဆန်သည့် ဓားကို မမျှော်လင့်ထားချေ။ မျက်စိ တစ်မှိတ်မှာပင် ဓားသည် ခန္ဓာကိုယ် အောက်ပိုင်းသို့ ရောက်သွားကာ သူ၏ပေါင်ကြားကို ထိုးစိုက်လုနီးနီး ဖြစ်သွားခဲ့သည်။
“မင်းလုပ်ရဲ တယ်ပေါ့ ...”
အခြား လူငယ်သည် ဒေါသ ထွက်သွားခဲ့သည်။ သူသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း နဝမအဆင့် ရှိသူ တစ်ဦးဖြစ်သည်။ သူသည် မိန်းကလေးကို ထိုးရန် သူ၏ဓားကို ဓားအိမ်ထဲမှ ထုတ်လိုက်သည်။ အကယ်၍ မိန်းကလေးသာ သူ့အစ်ကိုကို လူညွန့်တုံးအောင် လုပ်ရဲလျှင် ဓားသည် သူမ၏ ကိုယ်ကို ထိုးဖောက်ကာ ဝင်သွားတော့ပေမည်။
မိန်းမပျိုလေး၏ လက်တွင်းရှိ ဓားသည် တုံ့ဆိုင်းမနေဘဲ လူငယ်၏ ပေါင်ကြားသို့ အညှာအတာမဲ့စွာ တိုးဝင်သွားခဲ့သည်။ ဓားသွားလှုပ်ရှား သွားသည်နှင့် လူငယ်လေး၏ ဝတ်ရုံသည် ပွင့်ထွက်သွားကာ သွေးများ ပန်းထွက်လာခဲ့သည်။ သူ့မျက်လုံးများသည် ကြောက်ရွံ့မှုဖြင့် ပြည့်နေခဲ့ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“မင်းကတော့ အသက်ရှင်ရတာ ငြီးငွေ့နေပုံရတယ် ...”
သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း နဝမ အဆင့်ရှိသူသည် သူမ၏ နောက်ကျောကို ဓားရှည်ဖြင့် ထိုးသွင်းရန် အမြန်ပင် ခုတ်ချလိုက်သည်။ သူမသည် နောက်ကျောကို ဓားနှင့်မထိခင်မှာပင် အနည်းငယ် ရှောင်တိမ်း လိုက်သောကြောင့် ဘယ်ဘက် ပခုံးပေါ်ကိုသာ ဓားကျလာခဲ့သည်။
“ဒီမိန်းကလေးက အတော် အကြင်နာမဲ့တာပဲ ... သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း နဝမအဆင့် ရှိတဲ့လူတော့ ကိစ္စပြတ်ပြီ ...”
ကျန်းရီသည် မိန်းမပျိုလေး အတွက် လက်မ ထောင်လိုက်သည်။ သူ့အတွက် အချိန်ကောင်း ရောက်သည်နှင့် မျက်လုံးများကို ဖွင့်လိုက်သည်။ သူလေ့ကျင့်ထားသော အမြန်နှုန်းနှင့် အတူ အခြား လူသုံးဦးထံသို့ တိတ်တဆိတ် ချဉ်းကပ်သွားခဲ့သည်။
ကျန်းရီမျှော်မှန်းထား သကဲ့သို့ပင် မိန်းမပျိုလေးသည် ဓားနှင့် အပိုင်းခံရပြီးနောက် နာကျင်မှုဒဏ်ကြောင့် အော်၍ အနောက်သို့ လှည့်လိုက်သည်။ အမှန်တော့ ဓားဖြင့်ခုတ်သည်ကို အခွင့်ကောင်းယူကာ တိုက်ခိုက်ရမည့် သူနှင့် နီးကပ်သွားစေရန် အခုတ်ခံခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ရန်သူ၏ ချိုင်းအောက်မှ ဓားကိုအောက်သို့ ထိုးသွင်းလိုက်သည်။ လူငယ်သည် သူ၏ဗိုက်ကို ဓားဖြင့်အထိုးခံရသည့် အတွက် အတော်ပင် အံ့အားသင့် သွားခဲ့သည်။ ထို့နောက် မိန်းမပျိုသည် အကြင်နာမဲ့စွာပင် ဓားကို လှည့်လိုက်ကာ ရန်သူ၏ ဒန်တျန်းကို ဖျက်ဆီးလိုက်သည်။
“လောင်စစ် ... လောင်ဝူ ...”
သခင်လေးနှင့် သူ၏လက်အောက် ငယ်သားများသည် မယုံကြည်နိုင်ပြ စိုက်ကြည့်နေကြသည်။ အသက်၁၆နှစ်သာ ရှိသေးသော ထိုမိန်းမပျိုလေးက သည်လို တိုက်ခိုက် စွမ်းရည်တွေ အမှန်တကယ် ရှိနေသည်လော တကယ့်ကို အကြင်နာမဲ့သူပင် ဖြစ်သည်။ ရက်စက်လိုက်တဲ့ နှလုံးသား ... ပထမဆုံး တွေ့ဆုံမှုမှာတင် လူနှစ်ယောက်သည် မသန်စွမ်း ဖြစ်ခဲ့ရပေပြီ ...
“မြားတွေကို လွှတ်လိုက် ... သူမကို သတ်ကြစမ်း ...”
သခင်လေး၏ မျက်လုံးတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ပေါ်လာကာ သူကိုယ်တိုင်လည်း မြားနှင့် ပစ်လိုက်သည်။ ဆွံ့အနေသော လူနှစ်ယောက် သည်လည်း သတိ ပြန်ဝင်လာကာ မြားများကို ပစ်လိုက်ကြသည်။
“ဝှစ်”
ထိုအချိန်တွင် သစ်သားအဝိုင်း တစ်ခုသည် ချုံပုတ်များထဲမှ လေထဲသို့ ထွက်လာခဲ့သည်။ သစ်သားအဝိုင်း၏ အရှိန်မှာ အလွန် အံ့အားသင့်စရာ ကောင်းလှပြီး အချိန်ကိုက်လည်း ဖြစ်နေခဲ့ကာ မိန်းမပျိုလေးထံ ကျရောက်လာသော မြားများအားလုံးကို ကာထားလိုက်သည်။
မြားသုံးချောင်းလုံး သစ်သားဝိုင်းကို စိုက်သွားသည့် အတွက် သခင်လေးနှင့် သူ့လူနှစ်ဦးမှာ အံ့အားသင့်ရပြန်သည်။ သစ်သားအဝိုင်း ထွက်လာသော ချုံပုတ်များကို ကြည့်လိုက်သော်လည်း မရေတွက်နိုင်သော အရိပ်မည်းများက သူတို့ဆီကို ပစ်နေကြောင်းသာ မြင်ခဲ့ရသည်။ ထိုအချိန်မှာပင်
အရာတစ်ခုက သူတို့ထံသို့ ကြမ်းကြုတ်သော ကျားတစ်ကောင် ကဲ့သို့ ပြေးဝင်လာကာ သူတို့ကို ဝင်တိုက်ခဲ့သည်။
သူတို့သုံးယောက် အတွက် လေးကို မြားပြန်တပ်ရန် အချိန်ပင် မရလိုက်ပေ။ ထို့ကြောင့် သူတို့၏ ခါးတွင် ချိတ်ထားသော ဓားများကို ထုတ်လိုက်ကြသည်။ ကျန်းရီ ပစ်လိုက်သော ကျောက်တုံးများကို ကာကွယ်ရန် ဓားများကို ဝှေ့ယမ်း နေခဲ့ကြသည်။ တစ်ဦးမှာ ကျန်းရီဆီသို့ ပြေးလာကာ နောက်တစ်ဦးမှာ အနက်ရောင် မိန်းကလေးထံသို့ ပြေးသွားခဲ့သည်။
“သဏ္ဌာန်သုံးဆင့် အသွင်ပြောင်ခြင်း ပဉ္စမအဆင့်နဲ့ ငါတို့ကိစ္စကို ဝင်စွက်ဖက် ရဲတယ်ပေါ့ ... ငါမင်းကို ငရဲကိုပို့ပေးမယ် ...”
ကျန်းရီကို တိုက်ခိုက်နေသော သူသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း သတ္တမအဆင့် ဖြစ်သည်။ သူ၏မျက်လုံးများမှာ ဒေါသရိပ်များ ရှိနေကာ ဓားကို လက်နှစ်ဖက်လုံးနှင့် ကိုင်လျက် ကျန်းရီ၏ လည်ပင်းကို ခုတ်ပိုင်းလိုက်သည်။
“အနက်ရောင် အတွင်းအား ...”
လက်ရှိ အခြေအနေတွင် မိန်းကလေးသာ အသက်အန္တရာယ် မရှိပါလျှင် ကျန်းရီသည် သူ၏ စွမ်းအားကို သုံးမည် မဟုတ်ချေ။ သူ၏ဘယ်ဘက် လက်သို့ အနက်ရောင် အတွင်းအားကို ပို့လိုက်ကာ ဓားဖြင့် အပေါ်မှလာသော ဓားကို ကာလိုက်သည်။
“ခလွမ် ... ”
ဓားနှစ်လက် ခုတ်မိ သွားသောအခါ ကံကြမ္မာ ဓားစိမ်းမှာ ပြုတ်ကျသွားခဲ့သည်။ သို့သော် ကျန်းရီ၏ လက်ထဲတွင်မူ အနက်ရောင်နှင့် အပြာရောင်များ တောက်လာခဲ့ပြီး အားအင်အပြည့်နှင့် အတူ ပေါက်ကွဲသွားခဲ့သည်။
“ဘုန်း ...”
သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း သတ္တမအဆင့် ရှိသူသည် အနောက်ကို ချက်ချင်း ပြန်ဆုတ်ခဲ့သော်လည်း အလွန် နီးကပ်နေသောကြောင့် သူ၏လက်တစ်ဖက် ပြတ်သွားကာ ဓားမှာလည်း လွင့်စဉ် သွားခဲ့သည်။
ကျန်းရီ၏ လက်ဖဝါး ပေါက်ကွဲ အတွင်းအားသည် သူ သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ပဉ္စမ အဆင့်ကို မရောက်ခင်ကပင် ကြောက်စရာကောင်းအောင် အားကြီးနေခဲ့ပြီး ခရမ်းရောင် နန်းတော်ရှင် ပထမအဆင့်ရှိ မာယင်းကိုပင် ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ပြီး ဖြစ်သည်။
“မကောင်းတော့ဘူး”
ကျန်းရီသည် ရန်သူတစ်ဦးကို အနိုင်ယူရသည်ကို မကျေနပ်နိုင်သေးချေ။ အဘယ်ကြောင့်ဆိုသော် အခြား လူတစ်ဦးမှာ အနက်ရောင် ဝတ်စုံနှင့် မိန်းကလေးထံသို့ သွားနေသောကြောင့် ဖြစ်သည်။ သူသည် အံကြိတ်လိုက်ကာ သခင်လေးဆီ ပြေးသွားခဲ့သည်။ သူသည် သခင်လေးကို ဓားစာခံ လုပ်ခြင်းအားဖြင့် မိန်းမပျိုလေးကို ကယ်တင်နိုင်ပေသည်။
တန်ဖိုး ကြီးမားသော ဝတ်ရုံကို ဝတ်ထားသော သခင်လေးမှာ အတောင်ပင် ငြိမ်သက်နေခဲ့သည်။ ကျန်းရီသည် သူ၏လက်အောက် ငယ်သားများကို တစ်ချက်တည်းနှင့် အနိုင်ယူခဲ့သော်လည်း ကြောက်လန့်နေခြင်း မရှိချေ။ ထို့နောက် ကျန်းရီကို ကြည့်ကာ အော်လိုက်လေသည်။
“မျိုးမစစ်ကောင် ... ငါဒီမှာ ရပ်နေတယ် ... မင်းသတ်ရဲလား ... ငါက ကျန်းချီလင်း ဆိုတာပြောဖို့ မေ့နေတယ် ... ငါ့ဦးလေးက အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင် ကျန်းပိုင်လီပဲ ... မင်းငါ့ကိုယ်ပေါ်က ဆံပင်တစ်ချောင်းကို ထိရဲရင်တောင် မင်းတို့ တစ်ဂိုဏ်းလုံးကို သတ်ပစ်မယ် ...”
***