← Chapters

အခန်း (၁၀၃)

Vol. 12 Ch. 103

အခန်း (၁၀၃)

Vol. 12 Ch. 103

နန်ယု သူ့ ကံကြမ္မာအား ချိုးဖျက်ပြီးနောက် လျှို့ဝှက်ဆန်း ကြယ်သော ထိုပုဂ္ဂိုလ်ပြောခဲ့သည့် "အခိုက်အတန့်" သို့ နောက်ဆုံး၌ ရောက်တော့မည်ဟု ထင်မှတ်ခဲ့သည်။

သူ့ အလိုလိုသိစိတ်မှ ထိုပုဂ္ဂိုလ်သည် ကျန်ရှိနေသေးသော မေးခွန်းများအားလုံးကို ဖြေကြားပေးလိမ့်မည်ဟု တိုးတိုးလေး လာပြောနေခဲ့သည်။

သို့သော်လည်း ထိုအရာမှာ ပေါ်မလာခဲ့ပေ။

နန်အန်းကျင်း၏ တစ်လပြည့် မွေးနေ့ပွဲအား ပျော်ရွှင်စွာ ကျင်းပပြီးမြောက်ခဲ့သည့်တိုင်၊ နန်ယုမှာမူ ထိုမျှော်လင့်တောင့်တရသော "အခိုက်အတန့်" အား ယခုတိုင် စောင့်မျှော်နေရဆဲပင်။

ထိုအရာမှာ အချိန်အခါကိုက်ညီမှု ပျက်ယွင်းနေခြင်းလား၊ သို့မဟုတ် အခြားလျှို့ဝှက်ဆန်းကြယ်မှု တစ်စုံတစ်ရာက ပိတ်ဆို့နေခြင်းလား?

အဖြေရှာမရတော့သည့်အဆုံးတွင် နန်ယု ထိုအတွေးအား လက်လျှော့လိုက်ပြီးနောက်၊ သူမ၏ အာရုံအား အနီးအနားရှိ ဥယျာဉ်ဘက်သို့ အလျင်အမြန် လှည့်လိုက်လေသည်။ ၎င်းမှာ သူမပိုင်ဆိုင်သော ကိုယ်ပိုင်ဥယျာဉ်မဟုတ်ဘဲ နန်ကျီ၏ ဥယျာဉ်သာဖြစ်သည်။

ထိုနေ့တွင် သူ့အိမ်မှာ စည်ကားနေခဲ့သည်။

ဖေးယွင်ကျင်း၊ လီရီပိုင်၊ နန်ရီရန်နှင့် ဝူနာနာတို့ ပျော်ရွှင်စွာ ပြေးလွှားလိုက်ဖမ်းခြင်း၊ လျှောစီးကစားခြင်း၊ ကြောင်များ၊ခွေးများနှင့် ကစားခြင်း စသည့်အရာများကို ပြုလုပ်နေကြသည်။

တစ်လသားမျှသာ ရှိသေးသော နန်အန်းကျင်းလေးမှာ သူမ ပုခက်ထဲတွင် လဲလျောင်းနေရင်း မျက်လုံးကြီးများဝေ့ဝဲလှုပ် ရှားနေသည်။ ကစားပွဲထဲ ပါဝင်လိုသည့် စိတ်ဆန္ဒပြင်းပြနေသော်လည်း ခန္ဓာကိုယ်၏ကန့်သတ်ချက်များကြောင့် ပါဝင်နိုင်ခြင်းမရှိသေးပေ။

အန်းနင် မီးနေသည်ဘဝမှ ထွက်ကာ နန်ယုဘေးတွင်တစ်ဝက် တစ်ပျက် လှဲလျောင်းနေသည်။ သူမ အနည်းငယ် ပြည့်တင်း လာသော်လည်း၊ သူမ၏ အသားအရေမှာ ကျန်းမာသော ပန်းရောင်သမ်းလျက် နူးညံ့ချောမွေ့ နေသည်။ ဤအသွင် အပြင်မှာ သူမ မီးနေသည်ကာလတစ်လျှောက်လုံး အထူးဂရုစိုက်ခံခဲ့ရကြောင်း ထင်ရှားစွာပြသနေသည်။

"ဟားဟားဟား၊ ဟုတ်တယ်! လာပါဦး ရှောင်ယွမ်! ရှောင်မီကို မရှုံးစေနဲ့!"

"နာနာ၊ ဖြည်းဖြည်းပြေး၊ လဲလိမ့်မယ်"

"ရီရန်ကော၊ လာကြည့်ပါဦး၊ ရှောင်မီ နိုင်သွားပြီ!"

...

ကလေးလေးယောက် စုပေါင်းကစားနေသည့် မြင်ကွင်းအား စဉ်းစားသောအခါ နန်ယု နောက်ထပ်နှစ်နှစ်အတွင်း ကလေးတစ်ဦးအား ထပ်မံယူရန်စိတ်ကူးမိသည်။ သို့သော်၊ နန်ကျီ၏ ဗီလာဥယျာဉ်မှာ ဤကလေးဆိုးလေးများအတွက် နေရာမလုံလောက်တော့ဘူးဟု သူခံစားလိုက်ရသည်။

လေးနှစ်မှ ခြောက်နှစ်အရွယ် ကလေးငယ်များမှာ စိတ်ရူးပေါက်လောက်အောင် အနှောင့်အယှက် ပေးမည့်သူများဟု အာမခံနိုင်သည်။ သို့သော်၊ သူတို့လေးများမှာ တိတ်ဆိတ် ခြင်းဟူသော စကားလုံးကိုတော့ လုံးဝနှစ်သက်ခြင်းမရှိသည်မှာ သေချာသည်။ သူတို့၏ဆူညံသံအား နားထောင်ကြည့်လျှင် တစ်နေ့တွင် အိမ်ခေါင်မိုးကိုပင် လက်ဖြင့် ဆွဲချပစ်ရန်ခြိမ်းခြောက်လာမည်ဆိုလျှင် နန်ယု အံ့အားသင့်မည် မဟုတ်ပေ!

ကံကောင်းထောက်မစွာဖြင့် သူမကိုယ်တိုင် သူတို့နှင့် ကစားရန်မလိုပေ။ ကလေးထိန်းမှ အစစအရာရာကြီးကြပ်နေမည်ဖြစ်ရာ နန်ယု လက်ရှောင်ပြီး ငြိမ်သက်စွာနေရုံသာ ဖြစ်သည်။

"အန်တီ ဝူ၊ ကျွန်မ ခဏလောက် ပုန်းနေလိုက်ဦးမယ်၊ အပ်ခဲ့မယ်နော်"

အန်းနင်၏ ပြုံးရွှင်နေသော အကြည့်အောက်တွင် နန်ယု သူမ၏ မပြီးဆုံးသေးသော အချစ်ဝတ္ထုအား ယူဆောင်ကာ ဖေးယီကျန့်အိမ်သို့ ထွက်ခွာသွားခဲ့သည်။

သူ့အိမ်မှာ ကောင်းမွန်ပြီးတိတ်ဆိတ်ငြိမ်သက်သည်။

မိမိအိမ်၌ပင် အိမ်တော်ထိန်းကျိုး၏အမြဲမပြတ်သော စိုးရိမ်ပူပန်မှုများရှိနေသည်။

သို့သော် ဖေးယီကျန့် အိမ်တွင် ထိုကဲ့သို့သော ပူပန်မှုများ လုံးဝမရှိပေ။ သူမ ပထမထပ် တစ်ခုလုံးနေရာယူထားသော စာကြည့်ခန်းထဲသို့ ဝင်ရောက်ကာ တစ်နေကုန် ထိုနေရာ၌ အချိန်ဖြုန်းနိုင်သည်။ မည်သူမျှ အနှောင့်အယှက်မပေးဘဲ တစ်ယောက်တည်း နေခွင့်ရခြင်းမှာ အလွန်ကောင်းမွန်သည်ဟု ခံစားရသည်။

ဥပမာအားဖြင့်၊ သူမ ယခုကိုင်ထားသော ဝတ္ထုအား ဤစာ ကြည့်ခန်းမှ ရှာတွေ့ခဲ့ခြင်းဖြစ်ပြီး ဖတ်ပြီးသည်နှင့် နောက်တစ်အုပ်သို့ ပြောင်းလဲဖတ်ရှုနိုင်ခြင်းက နန်ယုအား အလွန်နှစ်သက်စေခဲ့သည်။

ဖေးယီကျန့်အနေဖြင့် တစ်ခါတစ်ရံအပြင်ထွက်သည်။ တစ်ခါတစ်ရံတွင် နန်ယုနှင့်အတူ စာကြည့်ခန်း၌နေသည်။

သို့သော် သူတို့နှစ်ဦး အလွန်နီးကပ်နေသော်လည်း တစ်ဦးကိုတစ်ဦးအနှောင့်အယှက်ပေးခဲကြသည်။ သူသည် သူ့ "Critique of Pure Reason" အား ဖတ်နေစဉ် နန်ယုမှာ သူ့ "The Tyrannical General's Wife"အား ဖတ်သည်။ နန်ယု၏ ရုတ်တရက် ရယ်မောသံကို သူ မကြောက်ပေ။ ဖေးယီကျန့် မော့ပင် ကြည့်မည်မဟုတ်ပေ။

သူမ အသံကျယ်လောင်စွာ ရယ်မောသောကြောင့် ဖေးယီကျန့် အာရုံအားဆွဲဆောင်မိသည့်တိုင်အောင် ၎င်းမှာ စားသောက်စရာ (သို့မဟုတ်) အအေး တစ်ခုခုလိုအပ်သလားဟုသာ အများဆုံးမေးမြန်းခဲ့သည်။

မကြာခဏဆိုသလိုပင် သူမသည် မိမိကိုယ်ကို မထိန်းချုပ်နိုင်သောကြောင့် ဝတ္ထုထဲတွင် ညည်းညူလိုသော အကြောင်း အရာများကို သူ့အား မျှဝေပြောပြရသူမှာ နန်ယု ဖြစ်သည်။

"ဒီအမျိုးသမီးဇာတ်လိုက်မှာ နားမထောင်ချင်ဘူးလို့ ငြင်းဖို့ အချိန်ရှိသေးတယ်တဲ့လား? ဒီနားလည်မှုလွဲတာက လွန်ခဲ့တဲ့ နှစ်ပေါင်းရှစ်ရာကတည်းက ဖြေရှင်းပြီးသား ဖြစ်သင့်တဲ့ဟာကိ၊ ဟုတ်တယ်မလား?"

"ပြီးတော့လည်း၊ ဒီဇာတ်လိုက်က ဘယ်လောက်တောင် ဉာဏ်မရှိလိုက်သလဲ! တစ်ယောက်ယောက်ကိုကြိုက်တဲ့အခါ သူ့ရဲ့ အပြုအမူက နောက်တစ်ယောက် (ဇာတ်ပို့)ကို သွားရှာပြီး ဇာတ်လိုက်မကို စိတ်တိုအောင်လုပ်တာတဲ့၊ လုံးဝ Toxic ပဲ!"

ဖေးယီကျန့်: "..."

ဒါဆို ဘာလို့ မင်း ဆက်ဖတ်နေသေးလဲ ?

"ရှောင်ကျင်း အနာဂတ်မှာ ပြောင်းလဲသွားမှာလား ?"

"လုံးဝ မဖြစ်နိုင်ဘူး! သူ အဲဒီလိုလုပ်ရဲရင် ကျွန်မ တစ်စက္ကန့်အတွင်း သူ့ကို သတ်ပစ်မှာ!"

အတိုချုပ်အားဖြင့် နန်ယု သူ့လက်ရှိဘဝအား အလွန်ကျေ နပ်သည်။ ထိုသံသယများအတွက်မူ အရေးမကြီးတော့ပေ!

"ဒါနဲ့ နေပါဦး၊ ယုယု"

ညစာ စားချိန်နီးနေပြီဖြစ်ရာ ကလေးအုပ်စု ကစားပြီးသွားသင့်ပြီ ဖြစ်သည်။

နန်ယု ထရပ်၍ ထွက်ခွာရန် ပြင်ဆင်နေစဉ် ဖေးယီကျန့် ရုတ်တရက် ခေါ်လိုက်သည်။

"ကိုယ် မနက်ဖြန် တစ်ခုခုလုပ်စရာရှိတယ်၊ ရှောင်ကျင်းကို သူ့ဘာသာသူ စာပြန်လေ့ကျင့်ခိုင်းလိုက်ပါ"

ဇွန်လ အစောပိုင်းကတည်းက ဖေးယွင်ကျင်းနှင့် လီရီပိုင်တို့ မူကြိုကျောင်းမှ ခွင့်ယူထားခဲ့ကြသည်။

သူတို့ကျောင်းတက်ခြင်းမှာ အချိန်ဖြုန်းခြင်းဖြစ်သည်ဟု ခံစားရသည်။ ဆရာနှင့်အတူအိမ်တွင် စာသင်ခြင်းမှာ အခြားသော အရာများအတွက် အချိန်ပိုရရှိစေရန် ပိုမိုကောင်းမွန်သည်ဟုပင် ခံယူထားကြသည်။

ဥပမာအားဖြင့် ဖေးယွင်ကျင်း တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာ နေ့များတွင် ဖေးယီကျန့်နှင့် သင်ခန်းစာများ သင်ယူရသည်။ စနေနှင့် တနင်္ဂနွေနေ့များတွင်မူ မစ္စတာဖန်အိမ်သို့ ဂိုနှင့် လက် ရေးလှ သင်ခန်းစာများအတွက် ပုံမှန်သွားရောက်သည်။ တစ် ဖက်တွင် လီရီပိုင်မှာ တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် အခြားကျူရှင်ဆရာတစ်ဦး ရှိပြီး၊ အင်္ဂါနှင့် ကြာသပ တေးနေ့များတွင် လီယွမ်မိုကိုယ်တိုင် သင်ကြားသော ပရိုဂရမ်မင်း အတန်းအား အပိုထပ်ဆောင်းတက်ရောက်ရသည်။

လီရီပိုင် ဖေးယွင်ကျင်းကိုပါ သူနှင့်အတူ ပါဝင်စေလိုခဲ့သော် လည်း သင်ခန်းစာနှစ်ခုကြာပြီးနောက် ကလေးငယ် စိတ်ဝင် စားမှုမပြဘဲ သူ့ သူငယ်ချင်းအား သနားညှာတာမှုမရှိဘဲ စွန့်ပစ်ခဲ့သည်။

လီရီပိုင် သူ့အစ်ကို၏မျက်စောင်းအား တစ်ယောက်တည်းရင်ဆိုင်ရင်း ဝမ်းနည်းမျက်ရည်များကို ရင်ထဲသိမ်းဆည်းထားရသည်။

သူ ထွက်ပြေးချင်သော်လည်း မဖြစ်နိုင်ပေ။

အစ်ကိုဖြစ်သူ ဆရာလုပ်ခြင်းသည် ကြောက်မက်ဖွယ်ကောင်းသော အရာပင်။

ဤကလေးငယ်သည် ဖေးယွင်ကျင့်၏ဖခင်မှာလည်း ဆရာဖြစ်နေကြောင်း ရှင်းရှင်းလင်းလင်း မေ့လျော့နေပုံရသည်။

သို့သော် သူတို့၏အခြေအနေမှာ ပုံမှန်ဖခင်နှင့်သားတို့နှင့် ကွဲပြားသည်။ အနည်းဆုံးတော့ နန်ယု ဖေးယီကျန့် ဒေါသဖြင့် ဦးနှောက်ပိတ်ဆို့ ပြီး စိတ်မထိန်းနိုင်သည်အား တစ်ခါမျှမမြင်ဖူးပေ။

တစ်ခါတစ်ရံ ဖေးယွင်ကျင်း အလွန်အမင်း ဒေါသထွက်လာပြီး နန်ယုထံ ပြေးလာကာ ဖေးယီကျန့်နှင့် သူ မသင်ကြားချင်ကြောင်းပြောတတ်သည်။ သို့သော် ဖေးယီကျန့် ထွက်ခွာသွားပြီးနောက်တွင်မူ သူ့စကားများမမှန်ကန်တော့ကြောင်း ဒေါသ တကြီး ထပ်မံကြေညာတတ်သည်။

နန်ယု: "..."

မင်းတို့ကို ငါ တကယ်နားမလည်နိုင်ဘူး၊ ရပါတယ် ပျော်နေရင် ပြီးတာပဲ။

သူမအတွက် အဓိက အရေးအကြီးဆုံးအချက်မှာ ဖေးယီကျန့် ဖေးယွင်ကျင်းအား သင်ကြားပေးရန်အတွက် အမှန်တကယ် သင့်လျော်ဆုံးသူဖြစ်နေခြင်းပင်။

နန်ယု သိရှိသလောက် ဖေးယွင်ကျင်း၏ သင်္ချာတိုးတက်မှုမှာ ယခုအခါ မြှောက်ခြင်းနှင့် စားခြင်း အဆင့်များကိုပင် ကျော်လွန်နေပြီဖြစ်သည်။ သူ မူကြိုကတည်းက နိုင်ငံခြားဘာသာ စကားများကို သင်ယူခဲ့သော်လည်း ယခုအခါ သူ့ ပြောဆိုမှုမှာ ဇာတိလူမျိုးတစ်ဦးကဲ့သို့ ပိုသဘာဝကျပြီး ဆွဲဆောင်မှုရှိလာသည်။

ဤမျှလောက်သော ကျွမ်းကျင်မှု အဆင့်အတန်းဖြင့်ဆိုလျှင် ကောင်လေးမှာ လက်ရှိအသက်အရွယ်ထက်မြင့်သော တတိယတန်း သို့မဟုတ် စတုတ္ထတန်းသို့ အချိန်မရွေး အလွယ်တကူ တက်ရောက်နိုင်ပေသည်။

သို့သော်လည်း နန်ယု ကလေး၏ စိတ်ပိုင်းဆိုင်ရာ အချက်အ လက်များအား ထည့်သွင်းစဉ်းစားသည်။ ပညာရေးပထမနှစ်တွင် တစ်ဆင့်ပြီးတစ်ဆင့်သာ သင်ယူသွားခြင်းမှာ ပိုကောင်းပေမည်။ ဘာဖြစ်မည်ကို သူမ စောင့်ကြည့်နိုင်သည်။ နန်ယု ပါရမီရှင်ကလေးအား သာမန်ဘဝနှင့် လိုက်လျောညီထွေဖြစ်အောင် အတင်းအကျပ်မလုပ်လိုချေ။ သူ့ကိုယ်သူ ပျော်ရွှင်စေမည့် လမ်းကိုသာ သူ ရွေးချယ်နိုင်ပေသည်။

"ကောင်းပြီလေ"

နန်ယု ခေါင်းညိတ်လိုက်သည်။

"မနက်ဖြန် ဘာလုပ်ဖို့ စီစဉ်ထားလဲ ?"

ဖေးယီကျန့် တစ်ခါတစ်ရံ စီးပွားရေးကိစ္စများဖြင့် အပြင်ထွက်တတ်သော်လည်း ဖေးယွင်ကျင်း စာသင်သောနေ့တွင် ဤကဲ့သို့ "ခွင့်ယူခြင်း" မှာ လပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။ ၎င်းမှာ အရေးကြီးသော သို့မဟုတ် အရေးပေါ်ကိစ္စတစ်ခုခုဖြစ်ရမည်။

နန်ယု ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။

သူမ၏တုံ့ပြန်မှုထဲ ဘာမှ မမှားယွင်းကြောင်း သူမ ရှင်းရှင်း လင်းလင်းမမြင်ပေ။

ဤအချိန်တွင် အခြားသူတစ်ဦးဦးမှ ထပ်မံမေးမြန်းမည်လား ဆိုသည်ကိုပင် သူမ ထည့်မစဉ်းစားမိခဲ့။

နန်ယု ကိုယ်ရေးကိုယ်တာ ကိစ္စများအား အလေးထားဆုံးနှင့် ယဉ်ကျေးမှုကို အမုန်းဆုံးသူဖြစ်သည်ကို သင် သိထားသင့်သည်။

ဖေးယီကျန့် နန်ယု၏ထိုအပြောင်းအလဲအား သတိထားမိခြင်း ရှိ၊ မရှိ မသေချာသော်လည်း သူ့နှုတ်ခမ်းအားတွန့်ကာ ပြောလိုက်သည်။

"မနက်ဖြန် ကိုယ့် မိဘတွေကွယ်လွန်တဲ့ နှစ်ပတ်လည်နေ့ လေ"

ဖေးသခင်ကြီးနှင့်သခင်မ နှစ်ဦးစလုံး တစ်ရက်တည်းတွင် ကွယ်လွန်ခဲ့ကြပြီး သူတို့၏အရိုးပြာများအား ဖေးမိသားစု ဘိုးဘွားသင်္ချိုင်းတွင် မြှုပ်နှံထားသည်။

ထိုနေရာတွင် ဖေးမိသားစု၏ဆက်ခံသူအကြီးအကဲများ၊ ၎င်းတို့၏ပထမဇနီးများ နှင့် မိသားစုအတွက် ထူးခြားသော အလှူ အတန်းများပြုလုပ်ခဲ့သူများသာ မြှုပ်နှံခွင့်ရသည့်နေရာဖြစ် သည်။ သာမန်ဖေးမိသားစုဝင်များကိုပင် ဝင်ရောက်အရိုအသေပေးရန် ခွင့်မပြုခဲ့ပေ။

"ဪ"

နန်ယု ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ သူမ တောင်းပန်စကားအား နှုတ်ဖြင့် မဆိုခဲ့သော်လည်း လေးနက်သော နားလည်မှုကိုပြသလိုက်သည်။

"ကျွန်မတို့ ဒီမှာ အဆင်ပြေပါတယ်၊ ရှင် သွားပါ"

သူ့မိဘများကွယ်လွန်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ရာ နှစ်သိမ့်စကားများ ပေးရန် မလိုအပ်တော့ပေ။ ဖေးယီကျန့် ၎င်းအားမလိုအပ်ကြောင်း နန်ယု သိသည်။

ဖေးမိဘများအား အတူတကွ သွားရောက် အရိုအသေပေးသင့်၊ မပေးသင့်နှင့် ပတ်သက်၍ နန်ယု ၎င်းအား ကောင်းမွန် သောဓလေ့တစ်ခုဟု လုံးဝ မထင်ခဲ့ပေ။ ၎င်းမှာ သင့်လျော်ခြင်း ရှိမရှိ သို့မဟုတ် ဖြစ်နိုင်ခြေ ရှိမရှိကိုပင် မစဉ်းစားသင့်ပေ။

သူတို့သည် ကွယ်လွန်သွားသော မိဘများအတွက် ဝမ်းနည်းနေကြပြီး ယခုကဲ့သို့ ပြင်ပလူတစ်ဦး (သူမကို ဆိုလိုသည်) နှင့် ထပ်မံ ဆက်ဆံရမည်ဆိုပါက "ချွန်းချွန်း" (စပ်စုသူ) ဟု ခေါ်သည့် ပုဂ္ဂိုလ်မှာ ပြဿနာရှာရန် ရောက်လာသည် မဟုတ်ပါလား! ဤကဲ့သို့ လူမှုရေးအရ တင်းကြပ်သော မိသားစုဓလေ့ရှိသည့် နေရာမျိုးတွင် သူမ အဆင့်မကျော်လွန်သင့်ပေ။

ဖေးယွင်ကျင့်ကိုပါ ခေါ်သွားသင့်၊ မသွားသင့်နှင့် ပတ်သက်၍ ဖေးယီကျန့် မဖော်ပြခဲ့သောကြောင့် နန်ယုသည်လည်း မမေးတော့ပေ။

ဤဖခင်နှင့်သားမှာ သာမန် ဖခင်နှင့်သားများကဲ့သို့ အဆင် ပြေမည်မဟုတ်ဟု ကံကြမ္မာက ဖန်တီးထားခဲ့ခြင်းဖြစ်သည်။

သူမ ရန်ငြိမ်းအောင် လုပ်ဆောင်ပေးသူ မဟုတ်သောကြောင့် အဆင့်မကျော်ဘဲ စပ်စုမနေသင့်ပေ။

နောက်တစ်နေ့တွင် စာသင်ချိန်မရှိဘဲ စာပြန်လေ့ကျင့်ရုံသာ ရှိသည်ကို သိရှိရသောအခါ ဖေးယွင်ကျင်း ရှောင်မီအား ပျော်ရွှင်စွာ နှစ်ပတ် လှည့်ပတ် လိုက်သည်။ ထိုအခါ ရှောင်မီ၏ မနှစ်မြို့သော ကြောင်လက်သည်းဖြင့် ကုတ်ခြင်းခံလိုက်ရသည်။

"အန်တီ၊ စာပြန်ပြီးရင် ကျွန်တော် ညီမလေးကို သွားကြည့်လို့ ရမလား?"

"ရတာပေါ့၊ ရတာပေါ့"

နေ့လယ်စာ စားပြီးနောက် နန်ယု သူမအခန်းသို့ တစ်ရေးတစ်မော အိပ်ဖို့ ပြန်သွားရန် ပြင်ဆင်နေစဉ် နန်ကျီ ရုတ်တရက် ဖုန်းခေါ်လာသည်။

"ယုယု! မြန်မြန်! ဒီလင့်ခ်ကို နှိပ်လိုက်!"

ထို့နောက် ဖုန်းအသံမြည်ကာ ပြီးဆုံးသွားသည်။ နန်ယု စိတ် ရှုပ်ထွေးစွာဖြင့် နန်ကျီ ပို့လိုက်သော လင့်ခ်အား ဖွင့်လိုက်သည်။

၎င်းမှာ တိုက်ရိုက်ထုတ်လွှင့်မှု (Livestream) တစ်ခု ဖြစ်နေ သည်။

နန်ကျီအား ဤမျှလောက် စိတ်လှုပ်ရှားစေနိုင်သော အရာမှာ အဘယ်နည်း။

ထို့နောက် နောက်တစ်စက္ကန့်တွင်—

နန်ယု၏ဖုန်းမှာ စိတ်ကြိုက်ပြုလုပ်ထားသော၊ ပိုမိုခံနိုင်ရည်ရှိသော ဗားရှင်းသာ မဟုတ်ပါက ရုတ်တရက် အားပြင်းသော စွမ်းအားဖြင့် ဖျက်ဆီးခံရဖွယ်ရှိသည်။

တိုက်ရိုက်ထုတ်လွှင့်မှု၏ အဓိကဇာတ်ဆောင်မှာ ယနေ့ ဖေးမိဘများအား အရိုအသေပေးရန်သွားရောက်ခဲ့သော ဖေးယီကျန့် ဖြစ်သည်။ ပြီးတော့ သူ့ပတ်ဝန်းကျင်မှ ထိုလူများ...

ဖေးယီကျန့်၊ တစ်ခုခုဖြစ်နေပြီ!

နံနက် ရှစ်နာရီတိတိတွင် ဖေးယီကျန့် ပန်းများနှင့် အချို့သောပစ္စည်းများကိုကိုင်ဆောင်ကာ ကားအား ကိုယ်တိုင်မောင်း၍ ဖေးမိသားစု ဘိုးဘွားသင်္ချိုင်းသို့ထွက်ခွာလာခဲ့သည်။

၎င်းမှာ မြို့တော်မှ ကီလိုမီတာ သုံးဆယ်ခန့်ဝေးသော ဆင်ခြေဖုံးဒေသတစ်ခုဖြစ်သည်။

မူလက တောင်များ ဝန်းရံထားပြီး ဖုန်းရွှေ အလွန်ကောင်းမွန်ခဲ့သည်။

သို့သော် မကြာသေးမီနှစ်များအတွင်း လျင်မြန်စွာ ဖွံ့ဖြိုးတိုး တက်မှုကြောင့် အပန်းဖြေစခန်းများနှင့် အပန်းဖြေစိုက်ခင်းများအဖြစ် တဖြည်းဖြည်းပြောင်းလဲသွားခဲ့သည်။ ဖေးမိသားစု၏ ဘိုးဘွားသင်္ချိုင်းသာလျှင် မထိမခိုက် ကျန်ရှိနေခဲ့သည်။

ဤကျယ်ပြောသော ဧရိယာမှာ ဖေးမိသားစုပိုင် ဖြစ်သည်။

ဖေးယီကျန့် များစွာသော အရာများအား လှူဒါန်းခဲ့သော် လည်း ဤမြေနေရာကို မထိခဲ့ပေ။

ဖေးမိသားစု၏ ဘိုးဘွားသင်္ချိုင်းမှာ ရိုးရိုးသင်္ချိုင်းမျှသာမဟုတ်ဘဲ ခိုင်ခံ့သော ခံတပ်တစ်ခုပမာဖြစ်သည်။ မရည်ရွယ်ဘဲ ကျူးကျော်ဝင်ရောက်သူများအား အပြည့်အဝ တားဆီးကာကွယ်ရန်အတွက် ၎င်းကိုမြင့်မားသော နံရံဖြင့် ဝန်းရံထား သည်။ နံရံတစ်လျှောက် ငါးမီတာတိုင်းနီးပါးတွင် အဆင့်မြင့် လုံခြုံရေးကင်မရာများ တပ်ဆင်ထားသည်။ လုံခြုံရေးကင်းလှည့်မှုများကိုလည်း ပုံမှန်ပြုလုပ်နေသည်။

ဖေးမိသားစု၏ ဘိုးဘွားမြေသို့ ဝင်ရောက်ခွင့်မှာ တင်းကျပ်သော စည်းကမ်းချက်များအောက်တွင်ရှိပြီး "အရည်အချင်းပြည့်မီသူများ" သာ ခွင့်ပြုသည်။

ထူးခြားသည်မှာ ဤမျိုးဆက်တွင် ထိုလိုအပ်ချက်အား ပြည့် မီသည့် တစ်ဦးတည်းသောပုဂ္ဂိုလ်မှာ ဖေးယီကျန့် ဖြစ်သည်။

ဖေးယီကျန့် ဖခင်နှင့်မိခင်၏သင်္ချိုင်းကျောက်တိုင်များဆီသို့ အေးဆေးတည်ငြိမ်စွာ ချဉ်းကပ်သွားသည်။ အလယ်ဗဟိုရှိ ၎င်းတို့၏ဓာတ်ပုံများအား မြင်သောအခါ သူ မှိန်ဖျော့သော အပြုံးတစ်ခုကိုသာ ပြုံးလိုက်သည်။

"မေမေ၊ ဖေဖေ၊ ကျွန်တော် ပြန်လာခဲ့ပြီ"

သူ သင်္ချိုင်းကျောက်တိုင်၏ မျက်နှာပြင်ကို ဂရုတစိုက်သုတ်ပေးပြီးမှ ယူလာခဲ့သော Chrysanthemum ပန်းများနှင့် ပစ္စည်းများအား စနစ်တကျ နေရာချထားသည်။

လူတွေ သေပြီးနောက် ဝိညာဉ်တည်ရှိသလား ?

ဖေးယီကျန့် ထိုကဲ့သို့သော အရာများအား တစ်ခါမျှ မယုံ ကြည်ခဲ့ဖူးပေ။ သူ့မိဘများ သူ့စကားအား အမှန်တကယ် ကြားနိုင်လိမ့်မည်ဟုလည်း မမျှော်လင့်ချေ။

သူ နှစ်စဉ် လာရောက်လည်ပတ်ခြင်းမှာ ဝတ္တရားအရမဟုတ်ဘဲ၊ ရိုးရှင်းသော စိတ်ဆန္ဒသက်သက်သာဖြစ်သည်။

"ဒီနှစ်မှာ ကျွန်တော် တစ်စုံတစ်ယောက်နဲ့ ဆုံခဲ့တယ်"

မာကျောသော ကျောက်တုံးအားဂရုမစိုက်ဘဲ သူ ပေါ့ပေါ့ပါးပါး ထိုင်ချလိုက်သည်။ သင်္ချိုင်းကျောက်တိုင်ကို တစ်ဝက်တပျက်မှီရင်း မိသားစုသမိုင်းနေရာဖြစ်သော ဤသုသာန်ဝန်းကျင်အား မသိစိတ်ဖြင့် လှည့်ပတ်ကြည့်ရှုနေသည်။

၎င်းမှာ ဖေးမိသားစု၏သမိုင်းဖြစ်သည်။ ဖေးမိသားစုအတွက် ဤနေရာတွင် မြှုပ်နှံခံရခြင်းမှာ အမြင့်ဆုံးဂုဏ်အသရေ ဖြစ်သည်။

"အမေတို့ သူ့ကိုတွေ့ရင်လည်း သဘောကျကြမှာသေချာတယ်"

သူ့စကားလုံးများမှာ အစီအစဉ်မရှိဘဲ စိတ်ထဲပေါ်လာသည့်အတိုင်းပြောနေခြင်းဖြစ်သော်လည်း ထိုစကားများတွင် နန်ယုအပေါ်ထားရှိသည့် အလေးအနက်ထားမှုများပါဝင်နေခဲ့သည်။

မကြာမီပင် နေ့လယ်ခင်းသို့ ရောက်ရှိလာသည်။

မြို့တော်၏ ဇွန်လ ရာသီဥတုမှာ အပူရှိန်ပြင်းထန်နေပြီဖြစ်သော်လည်း ဖေးယီကျန့် သစ်ပင်ရိပ်ကောင်းသောနေရာတွင် ရှိနေသောကြောင့် ပူလောင်မှုအား ခံနိုင်ရည်ရှိနေဆဲပင်။

သို့သော် သူ ပိုကြာကြာနေရန် ပြင်ဆင်မထားပေ။

"ဖေဖေ၊ မေမေ"

သူ နောက်ဆုံးအကြိမ် ထပ်မံခေါ်လိုက်ပြီးနောက် လေသံခပ်တိုးတိုးဖြင့် "ကျွန်တော် အနိုင်ရပါ့မယ်" ဟု ခိုင်မာစွာ ကတိပြုလိုက်သည်။

ဖေးယီကျန့်၏ ထိုစကားများအား တုံ့ပြန်လိုက်သကဲ့သို့ လူခုနစ်ဦး သို့မဟုတ် ရှစ်ဦးခန့် သူ့ပတ်ဝန်းကျင်တွင် ရုတ်တ ရက်ပေါ်ပေါက်လာသည်။

အချို့မှာ သစ်ပင်ထက်မှ ခုန်ဆင်းလာကြပြီး၊ အချို့သည် သင်္ချိုင်းနံရံနောက်မှ ထွက်ပေါ်လာကြသည်။ ၎င်းတို့ မည်မျှကြာကြာ ပုန်းအောင်းနေခဲ့သည် သို့မဟုတ် မည်သည့်အချိန်တွင် ရောက်လာခဲ့သည်ကို မသိနိုင်ပေ။

ထိုအုပ်စုထဲမှ တစ်ဦးတည်းသောသူသာ မျက်နှာဖုံး မစွပ်ထားပေ။ ကျန်သူများမှာမူ ၎င်းတို့၏ မည်သူမည်ဝါဖြစ်မှုအား ဖုံးကွယ်ရန် တင်းကျပ်စွာဖုံးအုပ်ထားကြသည်။

မျက်နှာဖုံးမပါသည့် ထိုသူအား...

"ဖေးလုယောင်၊ မတွေ့ရတာ ကြာပြီ"

ဖေးယီကျန့် လေးနက်သော လေထုအား လျစ်လျူရှုဟန် ဆောင်ကာ ထိုလူအား တည်ငြိမ်စွာနှုတ်ဆက်လိုက်သည်။

"ဟားဟားဟား၊ ဘာဖြစ်တာလဲ ? ဦးလေးရှန်းလို့တောင်မခေါ်ချင်တော့ဘူးလား?"

ဆံပင်များ ဖြူစပြုနေသော ထိုလူကြီးမှာ အသက်ခုနစ်ဆယ်နီးပါး ရှိနေပုံရသည်။ ဖေးယီကျန့် သူ့အား 'ဦးလေးရှန်း' အစား နာမည်အရင်းခေါ်လိုက်ခြင်းကြောင့် ထိုလူကြီးမှာ စိတ်ပျက်ဟန်ပေါ်သည်။

"ဒါဆို ခင်ဗျားတို့ ဒီကို ဘာလာလုပ်တာလဲ ?"

သူ အဖွဲ့ထဲမှ ကင်မရာ ကိုင်ဆောင်ထားသော မျက်နှာဖုံးစွပ်လူတစ်ဦးအား ကြည့်လိုက်ပြီး တစ်ခုခုကို ချက်ချင်းသဘော ပေါက်ဟန်ဖြင့် မေးလိုက်သည်။

"တိုက်ရိုက်ထုတ်လွှင့်တာလား ?"

"မင်းကို မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ချက်ချင်း မှန်းဆနိုင်ခဲ့တာပဲ!"

ဖေးလုယောင် စကားရှည်မနေတော့ဘဲ ဖေးယီကျန့်အား အမုန်းကြီးသော အမူအရာဖြင့် စူးစိုက်ကြည့်သည်။ သူ့အမြင်တွင် ဖေးယီကျန့်မှာ ဖေးမိသားစု၏ရာစုနှစ်ချီ အခြေခံအား ဖျက်ဆီးခဲ့ပြီး သူတို့အားလုံးကို လုံးဝမျိုးဖြုတ်ရန် ဆုံးဖြတ်ထားသည့် မိစ္ဆာတစ်ပါးပင်။

"ဖေးယီကျန့်! ငါတို့ထဲက ဘယ်သူမှ ဒီနေ့ အသက်ရှင်လျက် ထွက်သွားဖို့ မလိုချင်ဘူး၊ မင်းတို့ အားလုံး အတူတူငရဲကို သွားစေချင်တယ်!"

တိတ်ဆိတ်ငြိမ်သက်နေသော သင်္ချိုင်းဝန်းတွင် ဖေးလုယောင်၏ကြိမ်းဝါးသံမှာ စက်ပစ္စည်းများမှတစ်ဆင့်ပရိသတ် ထံသို့ ရှင်းလင်းပြတ်သားစွာ ပျံ့နှံ့သွားသည်။ တိုက်ရိုက်ထုတ်လွှင့်မှုအား မတော်တဆဝင်ကြည့်မိပြီး ဖေးယီကျန့်၏ မျက်နှာကို မြင်သောအခါ ထိုသူတို့မှာ မသိစိတ်ဖြင့် ဆက် လက်ကြည့်ရှုနေခဲ့ကြသည်။

ဖေးလုယောင်နှင့် အခြားသူများမှာ ဤ "ဈာပန" အားခမ်း နားကြီးကျယ်စေရန်အတွက် အားထုတ်မှုများစွာ ပြုလုပ်ခဲ့ကြသည်။ သူတို့၏နည်းပါးနေပြီဖြစ်သော စုဆောင်းငွေများကိုပင် ကုန်စင်အောင်သုံးစွဲခဲ့ကြသည်။

သူတို့တွင် ရည်မှန်းချက်တစ်ခုတည်းသာ ရှိသည်—

မည်သူတစ်ဦးတစ်ယောက်မျှ ဖေးမိသားစုထံမှ တစ်စုံတစ်ရာအား အသက်ရှင်လျက် ယူဆောင်သွားရန်မကြိုးစားသင့်!

မင်း ခိုးချင်ရင်၊ ကွဲကြရအောင်! ဖေးမိသားစုကို သမိုင်းတွင် ထာဝရ မှတ်မိစေလိုက်စမ်းပါ၊ ဟားဟားဟား!

[T/N: မင်း ခိုးချင်ရင်၊ ကွဲကြရအောင် (要抢就一起烂)] - ဤနေရာတွင် "ခိုးသည်" ဆိုသည်မှာ ဖေးယီကျန့်က ဖေးမိသား စု၏ အောင်မြင်မှုနှင့် အနာဂတ်ကို ဆက်လက် "ရယူ" သွားခြင်းကို ရည်ညွှန်းသည်။ "ကွဲကြရအောင်" (一起烂) ဆိုသည်မှာ ဖေးယီကျန့် အောင်မြင်မည့်အစား အားလုံး အတူတကွ ပျက်စီးပြိုလဲပြီး အကြမ်းဖက်နည်းဖြင့် အဆုံးသတ်ကြမည်ဟူသော အစွန်းရောက်သော ဆန္ဒကိုဖော်ပြခြင်းဖြစ်သည်။]

တိုက်ရိုက်ထုတ်လွှင့်မှု၏မှတ်ချက်ပေးခန်းတွင် ပရမ်းပတာ ဖြစ်သွားသည်။

[ကူညီကြပါ၊ ဘာတွေဖြစ်နေတာလဲ ? ဒါ ဖေးယီကျန့် မဟုတ်ဘူးလား?]

[သေချာနေပြီ၊ ငါ ရဲကို ဖုန်းဆက်ခေါ်နေတယ်!]

[ဖေးမိသားစုထဲမှာ အိမ်တ္င်းပဋိပက္ခ ဖြစ်နေတာလား? အို ဘုရားရေ၊ ဒီအဘိုးကြီးက လူသတ်ဖို့ ကြိုးစားနေတာလား?]

အရာအားလုံး ဖေးမိသားစုမှ စတင်ခဲ့သည်ဖြစ်ရာ၊ ယခုလို လူအများရှေ့တွင် ပေါ်ပေါ်ထင်ထင်ကြေကွဲပျက်စီးခြင်းဖြင့် နောက်ဆုံးတွင် ဖေးမိသားစုနှင့်ပင် အဆုံးသတ်သင့်သည် မဟုတ်ပါလား!

All Chapters