အခန်း (၁၀၅)
Vol. 12 Ch. 105
"ဘယ်သူက မင်းကို သေစေချင်တာလဲ ?"
ဖေးလုယောင် နှုတ်ခမ်းအား မဲ့လိုက်သည်။ သူ့အသံတွင် လှောင်ပြောင်မှုများ ပြည့်နှက်နေသည်။
"ဖေးအိမ်တော် တစ်ခုလုံးမှာ မင်းတို့ တိုက်ရိုက်မျိုးဆက်တွေ သေဆုံးပျက်စီးသွားဖို့ မလိုလားတဲ့သူ ဘယ်သူရှိလို့လဲ?"
"အော်... မင်းတစ်ယောက်တည်းကိုပဲ ချန်ထားခဲ့ရမှာပေါ့၊ ရှင်းလင်၊ မင်းက ဒီအိမ်တော်ထဲက ရှားရှားပါးပါး ရူးမိုက်တဲ့ တစ်ယောက်ပဲ"
နှစ်ကာလများစွာရွေ့လျားခဲ့သော်လည်း တိုက်ရိုက်မျိုးဆက်များ အရေအတွက်အားဖြင့် နည်းပါးပါးနှင့် ခိုင်မြဲတည်တံ့နေခဲ့သည်။ မျိုးဆက်ဆက် မပြတ်တောက်ခဲ့ခြင်းမှာ နတ်ဘုရားတို့၏ ကောင်းချီးမင်္ဂလာကြောင့်ဟု ဆိုနိုင်သည်။
ထို့အပြင် မျိုးဆက်တိုင်း၏ ပါရမီထူးချွန်မှုနှင့် အရည်အ ချင်းများမှာ သာမန်ထက် အဆပေါင်းများစွာ သာလွန်လွန်းသဖြင့် ဖေးအိမ်တော်၏ ဘေးထွက်အကိုင်းအခက်များမှာပင် အနည်းငယ် ထိတ်လန့်တွန့်ဆုတ်ခဲ့ရသည်။
"အိမ်တော်ထိန်းကျန်းရယ်၊ သူ့နောက်လိုက် အရည်အချင်းမရှိတဲ့ အစေခံတစ်သိုက်ရယ်က ဖေးအိမ်တော်ရဲ့ပိုင်ဆိုင်မှုတွေကို ခိုးယူရောင်းချဖို့အထိ တကယ်တမ်းရဲရဲတင်းတင်းလုပ်ခဲ့ကြတာလို့လား ? ဒီလောက် ရဲတင်းတဲ့ နောက်ကွယ်ကကြိုး ကိုင်သူက သူတစ်ယောက်တည်းပဲလို့ မင်းထင်သလား?"
ဖေးလုယောင် ဤကဲ့သို့ ပွင့်လင်းစွာ ပြောဆိုမှု၏ အကျိုး ဆက်အဖြစ် မိမိသေဆုံးရနိုင်ချေရှိသည်ကို ကောင်းစွာသိထားသည်။ သို့သော်လည်း သူ မည်သည့်အတားအဆီးမှမရှိဘဲ ဆက်လက်ပြောဆိုနေခဲ့သည်။
—အိမ်တော်ထိန်းကျန်းတဲ့လား... ဟင်း၊ သူ့နာမည်ကို မကြားရတာလည်း တော်တော်ကြာပြီပဲ
နန်ယု သင်္ချိုင်းအား အဝေးမှမြင်နေရပြီဖြစ်သော်လည်း ဖေးလုယောင်စကားများကို နက်နက်နဲနဲ စဉ်းစားနေသည်။
အိမ်တော်ထိန်းကျန်းလို ရိုးရိုးအစေခံတစ်ဦးမှ ဖေးအိမ်တော်အား မျိုးဆက်ပေါင်းများစွာ သစ္စာခံခဲ့သူ ဖြစ်နေသည့်တိုင်၊ သူ့ကိုယ်ပိုင်နောက်လိုက်များနှင့်အတူ ဆယ်စုနှစ်များစွာကြာအောင် ခိုးဝှက်မှုများအား ဖုံးကွယ်ထားနိုင်ခဲ့သည် ဆိုခြင်းမှာ လုံးဝမဖြစ်နိုင်ပေ။
ဟုတ်ပါသည်။ ဖေးယီကျန့် ရုတ်တရက် ကွယ်လွန်မှုနှင့် ဖေးအိမ်တော်၏ ပြည်တွင်းမငြိမ်မသက်မှုများကြောင့် အာရုံစိုက်မှုလျော့နည်းသွားခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။
သို့သော် မူရင်းဝတ္ထု၏ဇာတ်ကွက်အတိုင်းဆိုလျှင် ဖေးယွင်ကျင်း အဓိကတရားခံအား လုံးဝရှာမတွေ့ခဲ့။ သူ အိမ်တော်ထိန်းကျိုးအား ဆန့်ကျင်သော သက်သေအချို့ကိုသာ ဖော် ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က ဖေးမိသားစုမှလွတ် မြောက်ရန်သာ အသည်းအသန် ဖြစ်နေခဲ့သော နန်ယု အိမ်တော်ထိန်းကျိုးနောက်ကွယ်မှ အကြောင်းအရင်းအားဆက် လက်တွေးတောခြင်းမပြုဘဲ ထိုကိစ္စကို လက်လွှတ်လိုက်ခဲ့သည်။
ယခု ဖေးလုယောင်၏ ပြောကြားချက်များအား ကြားပြီးနောက်တွင်မူ ဖေးအိမ်တော်ဝင်တစ်ဦးဦးနှင့် အိမ်တော်ထိန်းကျိုးတို့ ပူးပေါင်းကြံစည်မှုရှိနေသည်မှာ သေချာလုနီးပါးဖြစ်နေပြီ။
"ကျွန်တော် သိပါတယ်"
ဖေးယီကျန့် ခေါင်းညိတ်လိုက်သည်။
"ခင်းဗျားတို့လို သက်ကြီးရွယ်အိုတွေက နောက်ကွယ်ကနေ ကာမပေးရင် သူ ဘယ်လိုလုပ် ခိုးရဲမှာလဲ ?"
"ငွေကြေးရဲ့ သုံးပုံတစ်ပုံတောင်ပြန်မရခဲ့ဘူးတဲ့၊ အဲဒါတွေ အားလုံး လောင်းကစားမှာ ဖျက်ဆီးပစ်လိုက်ပြီလို့ ပြောခဲ့တာ ဒါပေမဲ့ တကယ်တမ်းကျတော့ အဲဒီငွေတွေအားလုံး ခင်းဗျားတို့ဆီကို လွှဲပြောင်းပေးခဲ့တာ မဟုတ်ဘူးလား?"
"ပင်လယ်ရပ်ခြားက ဘဏ်အကောင့်တွေလား ? ဒါမှမဟုတ် တခြားနေရာ တစ်ခုခုမှာ လုံလုံခြုံခြုံဖွက်ထားလား ?"
ထိုမေးခွန်းများကြောင့် ဖေးလုယောင် မျက်နှာမှောင်မိုက်သွားသည်။ သူ ဖေးယီကျန့်အား အလွန်အမင်း လျှော့တွက်မိသည်ကို ချက်ချင်းသဘောပေါက်လိုက်သည်။ ဤသူမှာ စိတ်မြန်လက်မြန် လုပ်ဆောင်တတ်သူ မဟုတ်ပေ။
ဖေးယီကျန့်၏ ဖေးမိသားစုအပေါ် လက်စားချေခြင်းမှာ သူတို့အား ငွေကြေးဖောင်းပွပြီး ဒေဝါလီခံသွားအောင် လုပ်ရုံသက်သက်လား ?
အေးစက်သော ခံစားချက်တစ်ခု ဖေးလုယောင်အား ရုတ် ခြည်း လွှမ်းမိုးသွားသည်။ သူ အံကြိတ်လိုက်သည်။
"မင်း တမင်သက်သက် အချိန်ဆွဲနေတာလား?"
ဖေးယီကျန့် ခေါင်းခါလိုက်သည်။
"ကျွန်တော့်ကို သေစေချင်တယ်ဆိုရင် ခင်ဗျားတို့ရဲ့လျှို့ဝှက်ချက်တွေကို သိခွင့်ပေးရမယ်"
"ပေါက်ကွဲမှုခလုတ်က ခင်ဗျားလက်ထဲမှာပဲရှိပြီး ဘယ်အချိန်မဆို နှိပ်နိုင်တယ်၊ ခင်ဗျားတို့ရဲ့ လျှို့ဝှက်ခန်းတွေကို ဒီနေရာမှာ လိုက်ရှာနေဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး"
၎င်းမှာ ငြင်းမရသော အမှန်တရားဖြစ်သည်။ စကားပြောရန် မိနစ်အနည်းငယ် အချိန်ကုန်ခံလိုက်ခြင်းကြောင့် မည်မျှသော အချိန်များ ဆုံးရှုံးသွားနိုင်သနည်း? ငါးမိနစ်လား? ဆယ်မိနစ်လား?
ထိုအချိန်တိုအတွင်း လျှို့ဝှက်ခန်း ဘယ်နှစ်ခုကိုမှ ရှာတွေ့နိုင်မည် မဟုတ်ချေ။
ဖေးလုယောင် ထိုအေးစက်သည့် သတိပေးချက်အားလျစ် လျူရှုလိုက်ပြီး ဖေးယီကျန့် သိလိုသည်မှာ သဘာဝကျသည်ဟု တွေးလိုက်သည်။ မည်သို့ပင်ဆိုစေ သူ့ခိုင်မာသော စရိုက်အား ကြည့်လျှင် မရှင်းလင်းသော သေဆုံးမှုအား သူ လုံးဝ လက်ခံလိမ့်မည် မဟုတ်ပေ။
"ဒီလိုဆိုရင်တော့..."
ဖေးလုယောင် ရယ်လိုက်သည်။
"မင်းကိုယ် မင်း ဓားနဲ့ တစ်ချက်ထိုးလိုက်၊ ပြီးတာနဲ့ ငါသိတဲ့အရာအားလုံးကို ပြောပြမယ်၊ သက်သေအထောက်အထားတွေ ဘယ်မှာ သိမ်းထားတယ်ဆိုတာပါ အပါအဝင်ပေါ့"
အဆုံးသတ်တွင် သူတို့အားလုံး သေရမည့်သူများသာဖြစ် သည်။ ပေါက်ကွဲမှုမှ ကံကောင်းထောက်မစွာ အသက်ရှင်ကျန်ရစ်သူ ဖေးမိသားစုဝင် အချို့ရှိခဲ့လျှင်ပင်၊ ဤ သက်သေအထောက်အထားများမှာ သူတို့အား ကြီးမားသောဆင်းရဲဒုက္ခ ရောက်စေရန်လုံလောက်သည်။ ကျန်ရှိသောလူထု၏ ဒေါသအမျက်ကလည်း ကျန်ရစ်သူ ဖေးမိသားစုဝင်များ၏ ဘဝအား အရှင်လတ်လတ် ငရဲဖြစ်စေရန် လုံလောက်သည်။
ဖေးလုယောင် အရူးအမူး စိတ်အခြေအနေသို့ ရောက်ရှိနေပြီမှာ ထင်ရှားနေသည်။ သူသည် သာမန်လူများအား ဖေးအိမ်တော်နှင့်အတူ မြှုပ်နှံလိုရုံသာမက၊ ဖေးမိသားစုတစ်ခုလုံး သေဆုံးပြီးနောက် ဘိုးဘွားတို့နှင့်အတူ အပြီးသတ် ဆုံတွေ့စေချင်နေသည်။
သူ့ကိုယ်ပိုင် သားသမီးများနှင့် ပတ်သက်၍မူ အရေးပါသူ များအား နာမည်ဝှက်များဖြင့် နိုင်ငံရပ်ခြားသို့ လျှို့ဝှက်ပို့ထားပြီးဖြစ်သည်။ အရေးမပါသူများအတွက်ကတော့ သူတို့အား မိမိကိုယ်တိုင် အသက်ပေးခဲ့ပြီးသောကြောင့် သူ့ထံ ပြန်လာခြင်းမှာ သဘာဝကျသည်ဟုသာ ခံယူထားသည်။
"ကောင်းပြီ!"
ဖေးယီကျန့် ထိုစကားအား ကြားသည်နှင့် မဆိုင်းမတွ တုံ့ပြန်လိုက်သည်။
ဖျတ်ခနဲ—
ချွန်ထက်သော ဓားမြှောင်မှာ သူ့ညာဘက်ရင်အုံထဲသို့ တိုက် ရိုက်ဖောက်ဝင်သွား၏။ နီရဲသော သွေးများက ဖေးယီကျန့်၏ ဖြူလွှလွှ ရှပ်အင်္ကျီအား ချက်ချင်းနီရဲစေခဲ့သည်။
"ဖေးယီကျန့်!"
နန်ယု အသံဟိန်းထွက်လာသော်လည်း၊ နောက်တစ်စက္ကန့်တွင် ဖေးယီကျန့် သူမအား ခပ်ဖွဖွပြုံးပြကာ လက်ဟန်ပြလိုက်သည်။
စိုးရိမ်ပူပန်ခြင်း သို့မဟုတ် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် တားမြစ်နေခြင်းဖြစ်သည်။
နန်ယု ပြင်းပြင်းရှူသွင်းလိုက်ပြီး ဤအရေးကြီးသည့် အခိုက် အတန့်တွင် ထိုလူအား အပြည့်အဝယုံကြည်ရန် ဆုံးဖြတ်လိုက်သည်။
"ရှင် အဆင်ပြေရဲ့လား?"
"ဟားဟားဟား၊ ကောင်းတယ်!"
ဖေးလုယောင် ဤကဲ့သို့ မြင်ကွင်းမျိုး ကြည့်ရသည်အား သေချာပေါက် ပျော်ရွှင်နေသည်။ ဖေးယီကျန့်၏ပြတ်သားသော ဆုံးဖြတ်ချက်မှာ သူ့အား အလွန်အားရကျေနပ်စေ သည်။ အဆင့်မြင့် တိုက်ရိုက်မျိုးဆက်များပင်လျှင် သူ့အမိန့်အား နာခံကြရမည်။
ဖေးလုယောင် ဖေးမိသားစု၏ ဂုဏ်ကျက်သရေအတွက်ဟု ဆက်ပြောနေသော်လည်း၊ သူ့နောက်ဆုံး စကားပြောခွင့်အား ဆုံးရှုံးရမည်ကို မလိုလားခြင်းမှာ အမှန်တရားဖြစ်သည်။
သက်ကြီးရွယ်အိုများမှာ ဖေးအိမ်တော်၏ ယဉ်ကျေးမှုဓလေ့များအား ဂရုစိုက်တော့မည် မဟုတ်ပေ။ ဖေးမိသားစု၏ လူငယ်မျိုးဆက်များကလည်း သူတို့ရှေ့တွင် စကားတစ်ခွန်းမျှ မပြောရဲဘဲ တုန်လှုပ်နေခြင်းမျိုး မရှိတော့ပေ။
ဤကြီးမားသော ကွာခြားမှုမှာ သက်ကြီးရွယ်အိုများ ရူးသွပ်ခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည်။
ဂုဏ်ကျက်သရေရှိသည့် ဘဝအား ဖြတ်သန်းခဲ့ပြီးမှ ဤမျှ အကျည်းတန် ဆိုးရွားသော အဆုံးသတ်မျိုးကို မည်သို့ခံနိုင် ရည်ရှိမည်နည်း?
သူတို့ နောက်ဆုံးတွင် ခုနစ်ဆယ်၊ ရှစ်ဆယ်အရွယ်များသာဖြစ်ပြီး အသက်ရှင်သန်ရန် နှစ်အနည်းငယ်သာ ကျန်တော့ သည်။ သို့ဖြစ်ရာ၊ မသေဆုံးမီ တစ်ကြိမ်တစ်ခါ ရူးသွပ်လိုက်ခြင်းက ပို၍ကောင်းသည်။ သူတို့၏တိုက်ရိုက်မျိုးဆက်များနှင့် အခြားသူများစွာကိုပါ သူတို့နှင့်အတူ မြှုပ်နှံစေပြီး ဤကမ္ဘာပေါ်ရှိ သူတို့ဘဝအား အဓိပ္ပာယ်ရှိစေမည်။
ဖေးလုယောင် အားရပါးရ အော်ဟစ် ရယ်မောလိုက်ပြီး နှစ်များတစ်လျှောက် ဖေးအိမ်တော်၏ တိုက်ရိုက်မျိုးဆက်များအား သေစေလိုသူများ၏ စာရင်းအပြည့်အစုံနှင့် သူ သက် သေခံအထောက်အထားများ ဖွက်ထားသည့် တည်နေရာအား တိုက်ရိုက်ရွတ်ပြခဲ့သည်။ ထို့အပြင် ဖေးယွင်ကျင်း၏ အနိုင် ကျင့်ခံရမှုတွင် သူတို့ ပါဝင်ပတ်သက်ခဲ့ပုံကိုပါပျော်ရွှင်စွာ ဖော်ထုတ်ပြောဆိုလိုက်သည်။
ဖေးယွင်ကျင်းအား အနိုင်ကျင့်ခဲ့သည့် အိမ်ထိန်းကို ပေထန်မိသားစုမှ တမင်ရည်ရွယ်ချက်ဖြင့် စေလွှတ်ခဲ့ခြင်းဖြစ်ပြီး၊ ရည်ရွယ်ချက်မှာ ဖေးယွင်ကျင်းအား ဖေးမိသားစုအပေါ် မုန်းတီးစေရန် ဖြစ်သည်။ ထို့နောက် သနားစရာကလေးအား အနည်းငယ်ဂရုစိုက်မှု ပြသလိုက်သည်နှင့် သူ လက်ခံလိမ့် မည်ဟု သူတို့ထင်ခဲ့ကြသည်။
သို့သော် ဖေးလုယောင်နှင့် သူ့သစ္စာခံများ လုပ်ဆောင်ရန် လိုအပ်သည်မှာ သူ့အား လုံးဝလျစ်လျူရှုထားခြင်းသာဖြစ် သည်။
ဖေးယွင်ကျင်းအား ပစ်ပယ်ထားခြင်းနှင့် ဘာတစ်ခုမှဝင်ရောက်စွက်ဖက်ခြင်း မပြုခြင်းသည်ကပင် သူ့ဘဝထဲဝင်ရောက်စွက်ဖက်ရန် အကောင်းဆုံးသော နည်းလမ်းဖြစ်သွားခဲ့သည်။
ထိုကိစ္စတွင် ဖေးယီကျန့်၌ တစ်စိတ်တစ်ပိုင်းအပြစ်ရှိသည်။ ဖေးယွင်ကျင်းနှင့် နန်ယု ခေါင်းပေါ်ရှိ စကားလုံးများအား မြင်ပြီးနောက်တွင် ကလေးငယ်အား နန်ယု အနိုင်ကျင့်သည်ဟု သူ သဘာဝအတိုင်းယူဆခဲ့သည်။ ဖေးယွင်ကျင်ူအပေါ်ထားရှိသော သူ၏ရှုပ်ထွေးသော စိတ်ခံစားချက်များနှင့် ထိုအချိန်က ကံကြမ္မာအား လက်ခံလိုက်ခြင်းတို့ ပေါင်းစပ်ကာ ကလေးအား မသိစိတ်မှလျစ်လျူရှုခဲ့ခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ဖေးယွင်ကျင်း ကြီးပြင်းလာပါက ပျော်ရွှင်သောဘဝအား ရှင်သန်နိုင်ပြီး နောက်ဆုံးတွင် ပုံမှန်သေဆုံးခြင်းဖြင့် အသက်ဆုံးနိုင်မည်ဟု သူ ရိုးသားစွာ ယူဆခဲ့သည်။
ပေထန်အိမ်တော်နှင့် ဖေးအိမ်တော် နှစ်ခုစလုံးဤမျှငယ်ရွယ် နုနယ်သော ကလေးငယ်အား ဆန့်ကျင်ရန် ပူးပေါင်းကြံစည်လိမ့်မည်ဟု သူ လုံးဝမျှော်လင့်မထားခဲ့ပေ။
"တခြား ဘာတွေရှိသေးလဲ?"
ဖေးယီကျန့် ရင်ဘတ်မှ ဒဏ်ရာအား နာကျင်ခြင်းမရှိသကဲ့သို့ ဆက်လက် ဖိအားပေးမေးမြန်းနေသည်။
အနီးနားတွင် ဒူးထောက်ကျနေသော ဖေးရှင်းလင်ထိုပြင်း ထန်သော မြင်ကွင်းအား ကြည့်ရင်း မိမိကိုယ်ကို သံသယဝင်မှုများဖြင့် လွှမ်းမိုးနေတော့သည်။
သူ ဖေးလုယောင်အား ချက်ချင်းသတ်ပစ်လိုသောဆန္ဒ ပြင်းပြနေသော်လည်း ထိုသို့လုပ်ဆောင်ပါက အခြားသက် ကြီးရွယ်အိုများအား အမျက်ထွက်စေပြီး ပေါက်ကွဲရေးခလုတ်ကို နှိပ်လိုက်လျှင် ဘာဖြစ်မည်နည်း။
သူ တုန်ယင်ချည့်နဲ့စွာ ထရပ်ကာ ဖေးယီကျန့်ဘေးသို့ အမြန်ရွေ့လျားလိုက်ပြီး မိမိခန္ဓာကိုယ်ဖြင့် ဖေးမထောက်မပေး လိုက်သည်။
ဓားမြှောင်မှာ အသက်အန္တရာယ်ရှိသော နေရာများအား မဖောက်ထွင်းခဲ့သောကြောင့် ဖေးယီကျန့် မျက်နှာသည် ဖြူဖျော့နေသော်လည်း သွေးများအလွန်အကျွံ စီးကျခြင်းမရှိခဲ့ပေ။
"ဖေး! လု! ယောင်!"
ဖေးရှင်းလင် အသံတိုးတိုးဖြင့် ဟိန်းဟောက်လိုက်သည်။
"မင်း အားယောင်နဲ့ တခြားသူတွေကို နိုင်ငံခြားကို လျှို့ဝှက် ပို့ထားတယ်၊ ဟုတ်တယ်မလား!"
ဖေးရှင်းလင် မျက်လုံးများ အေးစက်နေသည်။
"ဒီနေ့ ယီကျန့် တစ်ခုခုဖြစ်ရင်၊ ငါ သူတို့ကို တစ်ယောက်မကျန် ရှာဖွေပြီး ယီကျန့်နဲ့ ဖေးမိသားစု ဘိုးဘွားတွေကိုကိုယ် တိုင်ကိုယ်ကျ ဦးညွှတ်တောင်းပန်ခိုင်းမယ်လို့ ငါ့ အသက်နဲ့ ကျိန်ဆိုတယ်!"
ဖေးရှင်းလင် မကြာသေးမီနှစ်များအတွင်း ဖေးမိသားစုသက်ကြီးရွယ်အိုများအဖွဲ့၏ ဦးဆောင်ခေါင်းဆောင် ဖြစ်လာခဲ့သည်မှာ အကြောင်းမဲ့မဟုတ်ပေ။ လွန်ခဲ့သော ခြောက်လအတွင်း စိတ်ဓာတ်ကျဆင်း၍ မိမိကိုယ်ကိုဖုံးကွယ်ထားခဲ့သော်လည်း ယခု ဤပြင်းထန်သော စကားများပြောပြီးဆိုက သူ သေချာပေါက်လုပ်ဆောင်မည့်သူ ဖြစ်သည်။
ဖေးလုယောင် ဖေးရှင်းလင်အား ကောင်းစွာနားလည်သည်။ ဖေးရှင်းလင်ကလည်း သူ့ကို နားလည်သည်။ ဖေးရှင်းလင် အားယောင်နှင့် အခြားသူများအား အမှန်တကယ်ရှာဖွေနိုင်ပေလိမ့်မည်။
"ရှင်းလင်"
ဖေးလုယောင် မျက်လုံးများ မီးတောက်သကဲ့သို့ တောက်ပနေသည်။
"ငါ မင်းကို မသတ်ချင်ဘူး"
"မင်း အနားယူစခန်းမှာပဲ ငြိမ်ငြိမ်လေးနေလို့မရဘူးလား? ဘာလို့ တခြားသူတွေရဲ့ကိစ္စမှာ ဝင်နှောင့်ယှက်နေရတာလဲ?"
သူ့စကားများတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ထူထဲစွာ ပါဝင်နေသည်။ သူသည် မိမိသားသမီးများကိုပင် ဂရုမစိုက်ချေ။ ဖေးရှင်းလင်အား ပိုအရေးစိုက်မည်မဟုတ်ပေ။
သူတို့အတွက် တစ်ယောက် သို့မဟုတ် နှစ်ယောက် သေဆုံးခြင်းမှာ ဘာမှ ကွာခြားမှုမရှိပေ။
ရိုးရိုးသားသားပြောရလျှင် ဖေးရှင်းလင် ငယ်ရွယ်သေးသည်။ သူ့မိဘများ သေဆုံးချိန်တွင် အသက်သုံးဆယ်ကျော်သာရှိသေးသည်။ ဖေးမိသားစု၏ အရေးအကြီးဆုံးလျှို့ဝှက်ခန်းတည်ရှိမှုအား သူ ထိတွေ့ခွင့် ရရှိခဲ့မည် မဟုတ်ပေ။
သူ တဖြည်းဖြည်း ရာထူးတက်လာသည်နှင့်အမျှ ဖေးလုယောင်နှင့် အခြားသူများအားလုံး တိုက်ဆိုင်စွာပင် သူ့အား ထိန်းချုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ သူတို့ ဖေးရှင်းလင်အား သူတို့နှင့်အတူ ဆွဲချလိမ့်မည်၊ သို့မဟုတ် မတော်တဆ သတ်ပစ်လိမ့်မည်။
ဖြစ်ရပ်များ စတင်ဖြစ်ပွားချိန်မှစ၍ ဆယ့်နှစ်မိနစ် ကြာမြင့်ခဲ့ပြီ။ ပူပြင်းသော နေရောင်အောက်တွင် အဖွဲ့သားများ အချင်း ချင်းရင်ဆိုင်နေရသည်။ ရိုးရိုးသားသားဝန်ခံရလျှင်၊ ဤအချိန်သည် အနည်းငယ် လွန်ကဲနေပြီဖြစ်ပြီး ဖေးယီကျန့် မျက်နှာမှာ လုံးဝ ဖြူဖျော့နေတော့သည်။
"ဖေးလုယောင်၊ တခြား ဘာရှိသေးလဲ?"
ဖေးယီကျန့် ပင်ပန်းနွမ်းနယ်မှုကို မပြဘဲ သူ့စကားများကို ထပ်ခါတလဲလဲ ပြန်ပြောလိုက်သည်။
"မင်း သိတဲ့ အရာအားလုံးကို ဖွင့်ချပြောပြ... ငါ့ နှလုံးသားကို တိုက်ရိုက်ထိုးခွင့်ပေးလိုက်"
"ယီကျန့်!"
ဖေးရှင်းလင် အံ့အားသင့်သွားသည်။ လူသတ်သမားသည် မည်မျှပင် အရေးပါသော သက်သေဖြစ်စေကာမူ အသက်ရှင်နေသော လူတစ်ဦး၏အသက်နှင့် ဘယ်တော့မှ လဲလှယ်၍မရပေ။
ဖေးယီကျန့်... တကယ်ပဲ ရူးသွားပြီလား?
"ဟားဟားဟား"
ဖေးလုယောင် အချိန်သည် ကုန်ဆုံးလုနီးပြီကို ထင်ရှားစွာ သဘောပေါက်လိုက်သည်။ ယခုထက် နောက်ကျသွားပါက လျှို့ဝှက်ခန်းများအား ပိုမိုများပြားစွာ ဖော်ထုတ်နိုင်လိမ့်မည်ဖြစ်ပြီး သူတို့၏အစီအစဉ်ရလဒ် လုံးဝအောင်မြင်မည် မဟုတ်တော့ပေ။
သူ အချိန်ဖြုန်းမနေတော့ဘဲ သိထားသမျှ လျှို့ဝှက်ချက်များအား ပွင့်ပွင့်လင်းလင်း ဖွင့်ဟလိုက်သည်။ ဤထက် ပိုမိုနက် နဲသော အချက်အလက်များမှာမူ သူ့ပူးပေါင်းကြံစည်ဖက် အစ်ကိုများ၏လက်ထဲတွင်သာ ကျန်ရှိပေမည်။
အမှန်တရားမှာ သူတို့ တစ်ဦးချင်းစီ၌ ထိခိုက်နစ်နာစေမည့် လျှို့ဝှက်ချက်များ ရှိနေပြီး ဖော်ထုတ်ခံရလျှင် အသက်ထက် ဆိုးရွားသော ဘဝအား ရင်ဆိုင်ရမည်။ ထို့ကြောင့် ဤအသေ ခံအစီအစဉ်အား သူတို့ သတ္တိရှိစွာ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။
ဖေးယီကျန့် ဖေးလုယောင်၏ ဝန်ခံချက်များ ပြီးဆုံးသွားသည်အထိ စောင့်ဆိုင်းနေခဲ့သည်။ နောက်ထပ် အရေးပါသော သဲလွန်စများမကျန်တော့သည်ကို သူ ချက်ချင်း သဘောပေါက်လိုက်သည်။
သူ ပြတ်သားသော ရည်ရွယ်ချက်ဖြင့် ဓားမြှောင်၏လက် ကိုင်အား ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လိုက်သည်။ မဆိုင်းမတွပင် ဖေးရှင်းလင် ထိုလက်အား ချက်ချင်းလှမ်းဆွဲလိုက်သည်။
"ယီကျန့်!"
"ဟားဟားဟား! ဆက်လုပ်! မင်း သတ္တိမရှိရင် ငါ ကိုယ်တိုင် အဆုံးသတ်ပေးရလိမ့်မယ်!"
ဖေးလုယောင် သူ့ညာလက်အား မြှောက်လိုက်သည်။
"ညီအစ်ကိုတို့၊ ဒီလူတစုကို နာနာကျင်ကျင် သင်ခန်းစာပေးဖို့ အချိန်တန်ပြီ!"
"ပထမဆုံး တိုက်ခိုက်မယ့်နေရာကို ငါ ရွေးမယ်! အနောက်ပိုင်းခရိုင် ဘယ်လိုလဲ ?"
"နန်မိသားစုရဲ့ သက်တမ်းရင့် အိမ်တော်က အဲဒီမှာရှိတယ်၊ မှန်တယ် မဟုတ်လား? အဲဒီ နန်အဖိုးကြီးကို ကြောက်လန့်တ ကြား သေသွားအောင်လုပ်နိုင်မယ်လို့ မင်း ထင်လား?"
ဖေးလုယောင် နန်ယုအား မဲ့ပြုံး ပြုံးပြလိုက်သည်။
"မဒမ်၊ ဘယ်လို ထင်လဲ?"
ဖေးယီကျန့် သေသင့်သလို နန်မိသားစုလည်း သေသင့်သည်!
ကြွယ်ဝမှုဖြင့် မကြာသေးခင်ကမှ ပေါ်ထွက်လာသော ထိုမိသားစုသည်မှာ ဖေးအိမ်တော် အပေါ်သို့ နင်းတက်၍ အာဏာအား ရဲတင်းစွာ လုယူရန် ကြိုးစားခဲ့ကြသည်။ ၎င်းမှာ ရိုးသားသူတို့၏ နိမ့်ကျမှုအား အခွင့်ကောင်းယူပြီး အောင်ပွဲခံခြင်းမှလွဲ၍ ဘာမှမဟုတ်ချေ။ ထိုခွင့်မလွှတ်နိုင်သော ရာဇဝတ်မှုအတွက် ၎င်းတို့ပြစ်ဒဏ်ခံရမည်သာ။
နန်ယု ဖေးလုယောင်အား ခံစားချက်ကင်းမဲ့စွာ စိုက်ကြည့်နေခဲ့သည်။ ဤရူးသွပ်နေသော အဘိုးကြီးနှင့် စကားပြောရန်ပင် သူမ စိတ်မဝင်စားတော့ချေ။ သူမ၏ စိုးရိမ်ပူပန်မှုအားလုံးမှာ ဖေးယီကျန့် အပေါ်တွင်သာ ရှိနေခဲ့သည်။
သို့သော်လည်း ဖေးယီကျန့် ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် တားမြစ်ထားသည့်အတွက် နန်ယု ယခုအချိန်တွင် မလိုအပ်သော မည်သည့်လှုပ်ရှားမှုကိုမျှ ချက်ချင်းလုပ်ဆောင်မည် မဟုတ်ပေ။
သို့သော် ဖေးယီကျန့် တကယ်တမ်း နှလုံးအားဓားနှင့် ထိုးလိုက်ပါက၊ နန်ယု ဖေးလုယောင်အား နောက်တစ်စက္ကန့်အတွင်း ပြင်းပြသောနာကျင်မှုအား အမှန်တကယ်ခံစားစေရန် လုပ်ဆောင်လိမ့်မည်။
ဖေးလုယောင် နန်ယု၏အေးစက်သော တိတ်ဆိတ်ခြင်းအား ကြောက်လန့်မှုကြောင့် အသံတိတ်သွားခြင်းဟု မှားယွင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုလိုက်သည်။ ထိုသို့ဖြင့် သူ့မာနနှင့် ရယ်မောခြင်းအား ပိုလို့ပြင်းထန်လာစေသည်။
ညာလက်ညှိုးကို လက်သူကြွယ်ပေါ်တွင် ကန့်လန့်ဖြတ်တင်ကာ ကြိုတင်သတ်မှတ်ထားသော အချက်ပြမှုအားပြုလုပ်လိုက်သည်။
"အနောက်ပိုင်းခရိုင်! ငါ့အတွက် ချက်ချင်းပေါက်ကွဲစေ!"
သို့သော်လည်း ဦးဆောင်နေသော SWAT အရာရှိသည် လုံးဝ ငြိမ်သက်စွာရပ်နေသည်။ မည်သည့် လှုပ်ရှားမှုမျှ မလုပ် ဆောင်ခဲ့ပေ။ သူ့ဦးထုပ်အောက်ရှိ ဖုံးကွယ်ထားသောနှုတ် ခမ်းများမှာ အနည်းငယ် လှုပ်ရှားနေပြီး တစ်စုံတစ်ဦးနှင့် လျှို့ဝှက်စကားပြောနေပုံရသည်။ သူ့အမိန့်မရှိဘဲ၊ အခြားသော ရဲတပ်ဖွဲ့ဝင်များသည်လည်း တစ်လက်မပင် မလှုပ်ကြပေ။
ထိုအခိုက်အတန့်တွင် ဖေးလုယောင်၏သစ္စာခံအဖော်တစ်ဦး ရှေ့သို့ ကမန်းကတန်း ငုံ့လိုက်ကာ သူ့နားထဲသို့ ထိတ်လန့်ဖွယ် သတင်းတစ်ရပ်အား တိုးတိုးလေးကပ်ပြောလိုက်သည်။
"ဘာ ? လောင်လျို့ အဖမ်းခံရတာလား?!"
"ဒီ အရူးကောင်!"
ဖေးလုယောင်နှင့် သူ့လူများမှာ မြို့တော်အား မဟာဗျူဟာမြောက် ဇုန်များအဖြစ်ပိုင်းခြားထားပြီး ဇုန်တိုင်းတွင် သီးခြား ပေါက်ကွဲရေး ခလုတ်တစ်ခုစီ သတ်မှတ်ထားသည်။ တစ်စုံ တစ်ဦး ဖမ်းမိပါက အခြားဇုန်များတွင် အရန်သင့်စောင့်ဆိုင်းနေကြသူများရှိသည်။ မည်သူမဆို အစီအစဉ် ပျက်ပြားသွားပါက ကျန်သူများ ချက်ချင်းပေါက်ကွဲမှုခလုတ်အား နှိပ်ရန် သဘောတူထားကြသည်။
ထို့ကြောင့်၊ ထိုဆိုးရွားသော သတင်းအား ကြားသည်နှင့် ဖေးလုယောင် ဒေါသတကြီး ကျိန်ဆဲလိုက်သည်။ သို့သော် သူ့လက်မှာ ခါးသို့ရောက်ရှိပြီးသားဖြစ်ရာ မဆိုင်းမတွ လျှို့ဝှက်ခလုတ်အား ချက်ချင်းနှိပ်လိုက်သည်။
ဖေးမိသားစု၏အကြီးဆုံးလျှို့ဝှက်လက်နက် သိုလှောင်ခန်းဖြစ်သည့် သူတို့၏ နောက်ဆုံး မှီခိုရာမှာ မျှော်လင့်ထားသည့်အတိုင်း သင်္ချိုင်းဝန်း၏ မြေအောက်တွင် တည်ရှိသည်။
၎င်းတွင် နောင်လာမည့် မျိုးဆက်များ၏ ရှင်သန်မှု အခွင့် အရေးအား အာမခံရန် ရည်ရွယ်သည့် ရေတွက်မရနိုင်သော သေနတ်မျိုးစုံနှင့် ယမ်းမှုန့်အမြောက်အမြားပါဝင်သည်။
ဖေးမိသားစု၏ဘိုးဘွားများမှာ ပရမ်းပတာ ဆူပူအုံကြွမှုကာလများတွင် ဤစစ်ပစ္စည်းများမှာ ရှေးဟောင်းပစ္စည်းများနှင့် ပန်းချီကားများထက် အဆပေါင်းများစွာ ပိုတန်ဖိုးရှိမည်ကို ကောင်းစွာနားလည်ခဲ့ကြသည်။
စစ်လက်နက်ခဲယမ်းများသာ ပေါပေါများများရှိနေပါက ငွေ ကြေးချို့တဲ့မှုအား ဘယ်သူကများ အလေးထား စိုးရိမ်နေတော့မည်နည်း။
၎င်းတို့၏သားစဉ်မြေးဆက်များ ရှင်သန်နိုင်ရန်အတွက် ကြို တင်ပြင်ဆင်ပေးခဲ့သော ထိုဖေးဘိုးဘွားများမှာ ထိုပစ္စည်းများသည် နောက်ဆုံး ဤကဲ့သို့သော ဖျက်ဆီးရေးရည်ရွယ် ချက်အတွက် အသုံးပြုလိမ့်မည်ကိုသိရှိခဲ့လျှင် ဒေါသအ မျက်ထွက်လိမ့်မည်မှာ သေချာသည်။