← Chapters

အခန်း (၁၀၇)

Vol. 12 Ch. 107

အခန်း (၁၀၇)

Vol. 12 Ch. 107

"သခင်မလေး၊ ဘေးအိမ်က နောက်ထပ်လက်ဆောင်တစ်ခု လာပို့ပါတယ်"

အိမ်တော်ထိန်းကျိုး လက်ဆောင်ပုံးအား ကိုင်ရင်းအနည်း ငယ် မတတ်သာသော ခံစားချက်အားခံစားနေရသည်။ ရိုးရိုးသားသားပြောရလျှင် သူသည် အသက်ကြီးပြီး အတွေ့အ ကြုံများစွာရှိသည်ဟု ထင်သော်လည်း နန်ယုနှင့် ဖေးယီကျန့်တို့၏ဆက်ဆံရေးအားလုံးဝ နားမလည်နိုင်ပေ။

သူတို့ မိသားစုချင်း ဒီလောက်ရင်းနှီးတာ၊ ရင်ဘတ်ကို ဓားနဲ့ အထိုးခံထားရတဲ့လူက ဘာလို့ခုတင်ပေါ်မှာပဲ အနားမယူဘဲ ဘီးတပ်ကုလားထိုင်နဲ့ နေ့တိုင်းလာပြီး လက်ဆောင်တွေပေးနေရတာလဲ ?

သူ လာတာတော့ ကောင်းပါတယ် ဒါပေမဲ့ အိမ်ထဲကိုတောင် မဝင်ဘူး!

သူသည် လက်ဆောင်ပို့ ပစ္စည်းတစ်ခု သက်သက်လိုဖြစ်နေ သည်!

ယခုခေတ် လူငယ်တွေ...

အိမ်တော်ထိန်းကျိုး ခေါင်းခါလိုက်သည်။

"ကောင်းပြီ၊ ဦးလေးကျိုး ဘေးမှာ ထားလိုက်ပါ"

နန်ယု မော့ပင် မကြည့်ဘဲ ရုပ်ရှင်အား စိတ်ဝင်တစားကြည့်နေပြီး လက်ဆောင်ကို လုံးဝစိတ်ဝင်စားဟန်မပြချေ။

သခင်မလေးကလည်း နားမလည်နိုင်စရာ!

အိမ်တော်ထိန်းကျိုး လက်ဆောင်အားချထားပြီး တိတ်ဆိတ် စွာထွက်သွားသည်။ ငြင်းဆန်ခြင်းမရှိသလို ဘာမှလည်းမပြောပေ။ နန်ယု ဘာတွေးနေသည်ကိုပင် သူ နားမလည်နိုင်ဖြစ်ရသည်။

တံခါးပိတ်သံကိုကြားရသော်လည်း နန်ယု မော့ပင် မကြည့်ဘဲ ဇာတ်သိမ်းပိုင်းနီးပါးရောက်မှသာ ရုပ်ရှင်အားရပ်လိုက်သည်။ ထို့နောက် စားပွဲပေါ်ရှိ လက်ဆောင်အား ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်သည်။

ထုပ်ပိုးပုံကို ကြည့်ရုံဖြင့် ဇိမ်ခံပစ္စည်းဖြစ်ကြောင်းသိသာသည်။

ဖေးယီကျန့် နှစ်ပတ်ကျော်ကြာ နေ့စဉ် မနက် ၈:၀၀ နာရီတိုင်း လက်ဆောင်များ ပို့နေခြင်းဖြစ်သည်။

ဖေးယီကျန့် ဒဏ်ရာကြောင့် ဖေးယွင်ကျင်း၏စာသင်ချိန်များအား ရပ်ဆိုင်းထားသော်လည်း နှစ်ရက် သုံးရက်လျှင် တစ်ကြိမ် ကလေးငယ်လေးမှာ ဖေးယီကျန့် ဗီလာသို့သွားပြီး အသိပညာအား စုစည်းရန် သို့မဟုတ် ကိုယ်တိုင်လေ့လာမှု စွမ်းရည်အား မြှင့်တင်ရန်အတွက် "အိမ်စာ" အချို့ကို ယူဆောင်သွားကာ စာမေးပွဲများ မလွတ်စေရန် လုပ်ဆောင်သည်။

ထို့ကြောင့် နန်ယု နှစ်ပတ်ကျော်ကြာ ဖေးယီကျန့်အား မတွေ့ခဲ့ရသော်လည်း နေ့စဉ်ပို့ပေးသော လက်ဆောင်များကြောင့် သူ့အကြောင်းကို အမြဲတမ်းသိနေခဲ့သည်။

ဤလက်ဆောင်များမှာ စျေးကြီးသော ရတနာများမှ ဖေးယီကျန့်၏ ဥယျာဉ်မှအသစ်ခူးထားသော ပန်းအမျိုးမျိုးအထိပါဝင်ပြီး ကတ်ပြားတစ်ခုစီပါရှိသည်။

နန်ယု ဖြည်းညှင်းစွာထရပ်ကာ ပုံးအားဖွင့်လိုက်ပြီး ယနေ့ လက်ဆောင်ကိုတွေ့လိုက်ရသည်။

ကျောက်စိမ်းလက်ကောက် တစ်ကွင်းဖြစ်ပြီး ခရမ်းရောင် ဖောက်ထွင်းမြင်နေရကာ နူးညံ့သော အသားအရေရှိသည်။ ၎င်း၏တန်ဖိုးရှိပုံမှာထင်ရှားသည်။

၎င်းဘေးရှိ ကတ်ပြားတွင် ရိုးရှင်းသော စာတစ်ခုပါရှိသည်။

"နန်ယု၊ ငါ့ ဥယျာဉ်ထဲက စံပယ်ပန်းတွေပွင့်နေပြီ"

လက်ရေးမှာ ခွန်အားရှိပြီး ပြင်းထန်ကာနက်ရှိုင်းသော စိတ် ဓာတ်အားဖော်ပြနေသည်။ ကောင်းသောစျေးနှင့် ရောင်းလျှင် တန်ဖိုးရှိပေမည်။

သို့သော် နန်ယုအတွက်မူ "...ပစ်စလက်ခတ်"

ဖေးယီကျန့်တွင် အလွန်မာကျောသော အသားအရေရှိပြီး သူ၏ကြည့်ကောင်းသော အပြင်ပန်းအောက်တွင် ရှိသည်ကို သူ အမြဲသိသော်လည်း သူ့အားလျှော့တွက်မိသည်ဟုမမျှော် လင့်ခဲ့ပေ။

နန်ယု သူမ တုံ့ပြန်မှု မပြုပါက ဖေးယီကျန့် ဆက်လက်၍ လက်ဆောင်များပေးပို့နေမည်ကို လုံးဝသေချာနေသည်။

သူမ ပုံးအားပိတ်ပြီး အခြားလက်ဆောင်များနှင့်အတူ ဘေးတွင် ထားလိုက်သည်။ သူမ ဆိုဖာသို့ပြန်လာပြီး ရပ်ထားခဲ့သော ရုပ်ရှင်အားပြန်လည်စတင်လိုက်သည်။ သို့သော် ဤတစ်ကြိမ်တွင် သူမ အကြည့်မှာ အနည်းငယ်ပျံ့လွင့်နေသည်။

ဖေး၊ ယီ၊ ကျန့်...

ဘာလို့ အခွင့်အရေး မပေးကြည့်ရမှာလဲ ?

ရိုးရိုးသားသားပြောရလျှင် ပထမတော့ ဖေးယီကျန့်၏ မျက် နှာမှာ သူမ ကြိုက်နှစ်သက်သောပုံစံဖြစ်သော်လည်း သူ့ "စိတ်ပိုင်းဆိုင်ရာ ပြဿနာများ" လျော့ပါးသွားပြီးနောက် သူ့စရိုက်မှာ... အဆင်ပြေသည် မဟုတ်ပါလား?

အနည်းဆုံးတော့ အခုအချိန်မှာ သူတို့အချင်းချင်း အဆင်ပြေနေကြသည်။ နောက်ဆုံးတွင် လက်ထပ်မထားဘဲဆိုလျှင် မည်သည့် ကန့်သတ်ချက်မှမရှိပေ။ ဖေးယီကျန့် သူမအား မနိုင်သလို၊ သူတို့ ကွဲကွာသွားပါကလည်း နန်မိသားစုနှင့် ရှောင်ကျင်းတို့ သူ့နောက်တွင် ရပ်တည်နေမည်ဖြစ်ရာ သူ တစ် ယောက်တည်း ကျန်ရစ်မည်မဟုတ်ပေ။

နန်ယု သူမ၏လက်ရှိအတွေးများ လုံးဝလူရမ်းကားဆန်သော အတွေးများဖြစ်နေသည်ကို မသိနားမလည်ပုံရသည်။ ၎င်းမှာ ဆန္ဒအလျောက် အပြစ်ယူခြင်းကိစ္စသာဖြစ်သည်။

ငြိမ်းချမ်းသော သာမန်နေ့တစ်နေ့ ကုန်ဆုံးသွားသည်။ ထိုညနေခင်းတွင် သူမ နူးညံ့သော ခုတင်ပေါ်တွင် လဲလျောင်းနေစဉ် နန်ယုဖုန်းဖြင့် ကစားရန် စိတ်မပါတော့ဘဲ အခန်းမီးအား ပိတ်လိုက်သည်။ ထို့နောက် အလွန်အမင်းအိပ်ချင်စိတ်ကိုမတွန်းလှန်တော့ဘဲ အိပ်ပျော်သွားသည်။

"နန်ယု"

"နန်ယု"

နန်ယု မျက်လုံးဖွင့်လိုက်သောအခါ သူမ ရုတ်တရက် နေရာတစ်ခုသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ အစွန်းအထင်းမရှိ အဖြူရောင်စင်စစ်ဖြင့် တည်ဆောက်ထားသည့်၊ ထိပ်မှအောက်ခြေအထိ လုံးဝဆိတ်ငြိမ်နေသောကြီး မားသည့် စတုရန်းသေတ္တာပုံစံ အခန်းတစ်ခုဖြစ်သည်။

"လျှို့ဝှက်ဆန်းကြယ်သူလား ?"

နန်ယု စိတ်ထဲတွင် ချက်ချင်းသတိတခုဝင်ရောက်လာသည်။ ဤသည်မှာ အိပ်မက်မဟုတ်ပေ။ သူမ စောင့်ဆိုင်းနေခဲ့သော ထို "အခိုက်အတန့်" နောက်ဆုံး၌ ရောက်ရှိလာပြီဖြစ်ကြောင်း သူမ သိလိုက်သည်။

"မင်္ဂလာပါ၊ နန်ယု"

သူမ ရှေ့တွင် ပုံသဏ္ဌာန်တစ်ခု ဖြည်းညှင်းစွာစုစည်းလာပြီးနောက် သူမနှင့် အလွန်တရာရင်းနှီးသော ပုံပန်းသဏ္ဌာန်အဖြစ်သို့ ပြောင်းလဲပေါ်ထွက်လာသည်။

မည်သို့ မရင်းနှီးနိုင်မည်နည်း ? သူမ ဤမျက်နှာအားတစ်နှစ်ကျော်ကြာ မြင်တွေ့ခဲ့ရပြီဖြစ်ရာ အသေးအမွှားခြားနားချက်ကိုပင် ချက်ချင်းခွဲခြားသိမြင်နိုင်သည်။

"နန်ယုလား?"

သူမ နာမည်အား အခြားသူတစ်ဦးမှ ခေါ်နေသည်ကိုကြားရခြင်းမှာ ထူးဆန်းသောခံစားမှု ဖြစ်စေသည်။ သို့သော် သူမရှေ့မှ ပုဂ္ဂိုလ်သည် တကယ့် နန်ယုပင်။

ဤကမ္ဘာပေါ်ရှိ မူရင်း နန်ယု၊ "မကောင်းတဲ့ မိထွေး" လား?

မဟုတ်ဘူး!

ကွဲပြားတယ်!!

သူမရှေ့မှ ပုဂ္ဂိုလ်မှာ နန်ယုနှင့် ရုပ်ရည်တူနေသော်လည်း သူမ၏မျက်လုံးများနှင့် အမူအရာတို့သည် သူမ မှတ်မိခဲ့သော "နန်ယု" နှင့် လုံးဝကွဲပြားနေသည်။

မူရင်းနန်ယု ငယ်စဉ်ကတည်းက မာနထောင်လွှားပြီး အလို လိုက်ခံရကာ ရက်စက်ကြမ်းကြုတ်သူ ဖြစ်ခဲ့သည်။ သို့သော် သူမရှေ့မှ ပုဂ္ဂိုလ်မှာ အသက်နှစ်ဆယ်ကျော်အရွယ်သာရှိသည်မှာ ရှင်းလင်းသော်ငြားလည်း အသက်ရှစ်ဆယ်အရွယ် လူတစ်ဦး၏ မျက်လုံးများကိုပိုင်ဆိုင်ထားသည်။

၎င်းမှာ အသက်အရွယ်ကြီးရင့်ခြင်း မဟုတ်ဘဲ၊ ပြင်းထန်သောသည်းခံနိုင်စွမ်းအား ပိုမိုပြသနေခြင်းဖြစ်သည်။ ထိုသည်းခံနိုင်စွမ်းမှာ ဘဝအတွေ့အကြုံများစွာမှ ရရှိလာသော ရင့်ကျက်မှုပင်။

"ကျွန်မ နန်ယုပါ"

သူမ အတွေးများအား သိရှိနားလည်ဟန်ဖြင့် ထိုပုံသဏ္ဌာန်သည် ညင်သာစွာ ပြုံးလိုက်သည်။

"ဒါပေမဲ့ မင်း ခေါ်ရတာအဆင်မပြေရင် အန်တီယုလို့ ခေါ်နိုင်ပါတယ်"

နန်ယု: "..."

သူမ နှစ်ဆယ်ကျော်အရွယ်တစ်ဦးအား "အန်တီ" ဟု ခေါ်ရန် စိတ်မပါပေ။

အန်တီယု ထပ်မံ ပြုံးလိုက်သည်။

"ငါ့ရဲ့ ဝိညာဉ်ကသာငယ်နေတာပါ တကယ်တော့ ငါ့ ဝိညာဉ် ဟာ အနှစ်ပေါင်းများစွာရှင်သန်ခဲ့ပြီးပြီ ဒါကြောင့် ငါ့ကို 'အန်တီ' လို့ခေါ်လိုက်ရင်တောင် မင်း အခွင့်ထူးယူရာရောက်သေးတယ်"

ထိုစကားများမှာ ကြီးမားသော လျှို့ဝှက်ချက်များအားဖွင့် ထုတ်လိုက်သဖြင့် နန်ယု အံ့အားသင့်စွာဖြင့် သူမအား စိုက်ကြည့်နေမိတော့သည်။

သူမသည် တကယ်ပဲ မူရင်း နန်ယု တစ်ယောက်တည်းလား? ယခုလို စွမ်းအားများ ပိုင်ဆိုင်ရန် သူမ မည်မျှသော ဘဝများအား ဖြတ်သန်းခဲ့ရသနည်း။

"ငါ အချိန်မရဘူး"

အန်တီယု သူမ၏ ညာလက်အားဝှေ့ယမ်းလိုက်သည်။ ချက် ချင်းဆိုသလို အလင်းရောင်ဖြင့် ပြည့်နေသော အခန်းထဲတွင် ကူရှင်ခုံနှစ်ခု ရုတ်တရက် ပေါ်လာသည်။

"ငါ ပြောတာကို အရင် နားထောင်လိုက်ပါ"

တစ်ချိန်တည်းမှာပင် သူမ လက်ထဲတွင် အရသာရှိပုံရသည့် ဖန်ဖျော်ရည်ခွက်တစ်ခွက် ထပ်မံ ပေါ်လာသည်။ နန်ယု ဆိုဖာပေါ်တွင် သူမနှင့် မျက်နှာချင်းဆိုင် ပျင်းရိစွာလဲလျောင်းနေသော အန်တီအား ကြည့်ပြီးနောက် ခေါင်းငုံ့ကာ ထိုဖျော်ရည်ကို တစ်ငုံ သောက်လိုက်သည်။

သူမ ပေါ့ဆခြင်းမရှိသော်လည်း သကြားရည်ကဲ့သို့ မွှေးပျံ့သောရနံ့က သူမအား ဆွဲဆောင်နေပြီး တံတွေးများ စိမ့်ထွက်လာစေခဲ့သည်။

အံ့ဩစရာမှာ သတိရှိသူဖြစ်သည့် နန်ယု စိမ်းသက်သော ဤနေရာ၌ ရန်သူလား မိတ်ဆွေလားမသိသူကို ရင်ဆိုင်ရာတွင် သတိအားလုံးပျောက်ဆုံးကာ အလွန်သက်တောင့်သက်သာ ခံစားနေရခြင်းပင်။

ဖျော်ရည်အား တစ်ငုံသောက်လိုက်သည်နှင့် နန်ယု မျက်လုံးများ တောက်ပလာသည်။

"ဟာ! အရမ်းအရသာရှိတာပဲ!"

၎င်းမှာ သူမ မြည်းစမ်းဖူးသမျှ အကောင်းဆုံးဖြစ်ပြီး ဖော်ပြရန် ခက်ခဲသော အရသာ ဖြစ်သည်။ ရိုးရိုးသားသားဆိုရသော် ၎င်းသည် စိတ်အား ကြည်လင်လန်းဆန်းစေသော ခံစားချက်ပင် ဖြစ်ပေလိမ့်မည်။

"ဒါက Elven Mother Tree (နတ်သမီး မိခင်သစ်ပင်) ရဲ့ အရညကို ရေနဲ့ဖျော်ထားတာ၊ အရသာရှိတယ်နော် ? ကျွန်မလည်း ကြိုက်တယ်"

— ရဲဘော်၊ ဒီတစ်ခါတော့ လုံးဝထူးဆန်းတဲ့စကားတွေ ထွက်လာပါလား?

Elven Mother Tree လား? သူ့ စိတ်ထဲတွင် ထိုစကားများအား ထပ်ခါတလဲလဲ စစ်ဆေးနေမိသည်။

ဤအရာများမှာ သာမန်လူတို့၏လက်လှမ်းမမီသော အရာများဖြစ်သည်မှာ ရှင်းလင်းသည်။ ဤထူးဆန်းသည့် အန်တီမှာ နန်ယုအား ကမ္ဘာသစ်တစ်ခုကို ဖွင့်ပြပေးလိုက်ပြီဖြစ် သည်။

အန်တီယု အသေးစိတ်ရှင်းပြလိုခြင်းမရှိဘဲ နန်ယုအား အရေးကြီးသော အချက်သုံးချက်ကိုသာ ရိုးရိုးရှင်းရှင်းပြောပြခဲ့သည်။

"ပထမအချက်: ကျွန်မက မူလနန်ယုပါ၊ အဲဒီ ဆိုးရွားတဲ့ ဘဝဇာတ်ကြောင်း အားလုံးကို တွေ့ကြုံခံစားခဲ့ပြီး နောက်ဆုံးမှာ ရေမြောင်းဘေးမှာ ဆိုးဆိုးဝါးဝါး သေဆုံးခဲ့ရတဲ့သူပေါ့ ဒါပေမဲ့ ကံကောင်းစွာနဲ့ သူဌေးကြီးတစ်ဦးက ကျွန်မကို သတိ ထားမိခဲ့တယ်၊ အဲဒီနောက်မှာ အလုပ်တစ်ခု ပြီးမြောက်ဖို့အတွက် ကမ္ဘာအသီးသီးကိုသွားခိုင်းခဲ့တယ်၊ သတ်မှတ်ထားတဲ့ အမှတ်တွေစုဆောင်းနိုင်ရင် သူက ကျွန်မကို အခွင့်အရေးတစ်ခု ပြန်ပေးမယ်တဲ့"

"ဒုတိယအချက်: ရှင့်အတွက်ပဲ၊ ရှင်က အဲဒီကမ္ဘာမှာ သေဆုံးခဲ့ပြီးသားပါ၊ ရှင် မသေခင် နောက်ဆုံးအခိုက်အတန့်လေးမှာပဲ ကျွန်မက ဒီနေရာကို ဆွဲခေါ်လာခဲ့တာ၊ ရှင် ဘယ်တော့မှ ပြန်သွားလို့ မရတော့ဘူး၊ ကျန်တဲ့ဘဝတစ်လျှောက်လုံး ဒီမှာပဲ နေရလိမ့်မယ်၊ သတိထားပါ၊ ဒီကမ္ဘာသာ ပျက်စီးသွားရင် ရှင်လည်း တကယ်သေဆုံးသွားလိမ့်မယ်"

"တတိယအချက်: ရှင့်ရဲ့ ကံကြမ္မာလမ်းကြောင်းကို ရှင် ကိုယ် တိုင်ချိုးဖျက်ခဲ့ပြီးပြီ၊ နောင်မှာ ဘဝကို ကိုယ့်ဘာသာ ရှင်သန်ရပါလိမ့်မယ်၊ ဘယ်လိုနေထိုင်မလဲဆိုတာ ရှင့်အပေါ်မှာပဲ မူတည်ပါတယ်"

အန်တီယု စကားကို တစ်ထိုင်တည်းပြောပြီးနောက် သူမ ဖျော်ရည်ခွက်အားယူ၍ တစ်ငုံကြီးကြီးသောက်လိုက်သည်။ ထို့နောက် ကျေနပ်သော သက်ပြင်းအားချလိုက်သည်။

"မေးစရာ ရှိလား ?"

"ရှိပါတယ်!"

နန်ယု သူမ လက်အားမြှောက်လိုက်သည်။

"ဘာလို့ ကျွန်မကို ရွေးတာလဲ ?"

"ရှင် ကိုယ်တိုင်လာတာ ပိုကောင်းမှာ မဟုတ်ဘူးလား?"

အန်တီယု: "ကျွန်မရဲ့ ဝိညာဉ်ဟာ ဒီကမ္ဘာမှာမွေးဖွားခဲ့လို့‌လေ ပြီးတော့ ကျွန်မက သေဆုံးပြီးသားဖြစ်နေပြီ၊ ပြန်ပေါ်လာရင် စည်းမျဉ်းတွေကို ဖောက်ဖျက်မိလိမ့်မယ်၊ အကောင်းဆုံး ရလဒ်ကတော့ ကျွန်မရဲ့မှတ်ဉာဏ်တွေ အားလုံးဆုံးရှုံးသွားမှာဖြစ်ပြီး အဆိုးဆုံးကတော့..."

သူမ နားလည်နိုင်သော အပြုံးအားပြသလိုက်ရာ အရာအား လုံးရှင်းပြပြီးသား ဖြစ်သွားသည်။

"ဘာလို့ ရှင့်ကိုရွေးသလဲ ဆိုတော့"

အန်တီယု ဖျော်ရည်အား တစ်ငုံထပ်သောက်လိုက်သည်။

"ကျွန်မ လူတွေကို ကျပန်းရွေးချယ်တာ မဟုတ်ပါဘူး၊ သူတို့မှာ ကျွန်မရဲ့ဝိညာဉ်နဲ့ အနည်းဆုံး ၈၀% ဝိညာဉ် လိုက်ဖက်မှု ရှိရပါမယ်၊ ရှင်က ကျွန်မ ပထမဆုံးရွေးချယ်ခဲ့တဲ့သူ မဟုတ်ပါဘူး"

သူတို့ရှေ့မှာ တစ်စုံတစ်ယောက်ရှိခဲ့ဖူးတာလား ?

သူတို့ထဲက ဘယ်သူမှ မအောင်မြင်ခဲ့လို့ဖြစ်ရမယ်။ မဟုတ်ပါက၊ ကျွန်မ အလှည့်ရောက်လာမည် မဟုတ်ပေ။

အန်တီယု ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်၊ သူတို့အားလုံးကျရှုံးခဲ့ကြတာ၊ ကံကြမ္မာကို ဆန့်ကျင်တာက အဲဒီလောက်လွယ်တယ်လို့ ရှင် ထင်နေတာလား? ကျွန်မ ရှင့်ကို အရိပ်အမြွက်တွေ အများကြီးမပေးနိုင်ဘူး၊ ကံကြမ္မာက အနည်းဆုံးတစ်ဝက်လောက် အားနည်းသွားမှသာ ကျွန်မ လှုပ်ရှားမှုနည်းနည်းလောက်ပဲလုပ်နိုင်တယ်၊ ကျွန်မ စဉ်းစားကြည့်ပါရစေဦး၊ ရှင့်အပြင် လူရှစ်ယောက်ရှိခဲ့တယ်ပ သူတို့ထဲက နှစ်ယောက်ပဲ ကျွန်မရဲ့ အရိပ် အမြွက်တွေကိုရခဲ့ကြတာ"

"ကျန်တဲ့သူတွေကတော့ ကျွန်မရဲ့မှတ်ဉာဏ်တွေနဲ့ မူရင်းဝတ္ထုကို ကိုးကားစရာရှိနေပေမဲ့ တူညီတဲ့ကံကြမ္မာကိုပဲရင် ဆိုင်ခဲ့ရတယ်၊ နောက်ထပ် နှစ်ယောက်ကတော့ ကံကြမ္မာရဲ့ နောက်ဆုံးရပ်တည်မှုကို မကျော်လွန်နိုင်ခဲ့ဘူး"

အန်တီယု နန်ယုအား ကျပန်း ဥပမာအချို့ပေးခဲ့သည်။

တစ်ဦးမှာ ဖေးမိသားစုမှ ပြောင်းရွှေ့ခြင်းမပြုရန် ကနဦး ရွေးချယ်ခဲ့သည်။ ထို့နောက် အဓိကဇာတ်ဆောင် ဖေးယွင်ကျင်းအား ဖက်တွယ်ရန် ကြိုးစားခဲ့သည်။ သို့သော် နန်ယုတွင် ဖေးမိသားစုအတွင်း ဩဇာညောင်းမှုမရှိသောကြောင့် ဖေးယွင်ကျင်း သူမ၏ မျက်မှောက်မှ ပျောက်ကွယ်သွားပြီး အနိုင်ကျင့်ခံရခြင်း ဆက်လက် ဖြစ်ပွားခဲ့သည်။ သူ နန်ယု၏ မမှန်ကန်သော ခင်မင်ရင်းနှီးမှုကိုလည်း မြင်ခဲ့ရပြီး နောက် ဆုံးတွင် မူရင်းဝတ္ထုပါလမ်းကြောင်းအတိုင်း မကောင်းဆိုး ဝါး ဖြစ်သွားခဲ့သည်။

နောက်ထပ်တစ်ဦးကမူ ဖေးမိသားစုမှပြောင်းရွှေ့ရန် အသည်းအသန်ကြိုးပမ်းခဲ့ပြီး ဖေးယွင်ကျင်းနှင့် နန်ကျီတို့၏ အနာဂတ်အား လျစ်လျူရှုခဲ့သည်။ အနှစ်နှစ်ဆယ်ကြာ ကိုယ့် အားကိုယ်ကိုးပြီးနောက်တွင် နန်မိသားစု ဒေဝါလီခံသွားခဲ့ရပြီး သူမ၏ စုဆောင်းငွေများ အားလုံးလည်း လိမ်လည်ခံရသည်။ ထို့အပြင် အန်းရီရန်သည်လည်း သူ့ဒေါသကို နန်ကျီအား လက်တုံ့ပြန်ခဲ့ကာ တူညီသောကံကြမ္မာကိုသာ ဦးတည်ခဲ့သည်။

"ရှင် လှမ်းတဲ့ ခြေလှမ်းတိုင်းမှာ ပြန်လည်ပြင်ဆင်နိုင်ချေရှိပါတယ်"

အန်တီယု ပစ္စည်းများကိုချကာ နူးညံ့သောအကြည့်ဖြင့် နန်ယုအား ကြည့်လိုက်သည်။

"ရှင် အရမ်းတော်ပါတယ်၊ ကျေးဇူးတင်ပါတယ်"

နန်ယု ထိုကျေးဇူးတင်စကားအတွက် ခေါင်းခါလိုက်သည်။

"ကျွန်မ ဘာမှမလုပ်ခဲ့ပါဘူး၊ ဒီအခွင့်အရေးမရှိခဲ့ရင် ကျွန်မ သေဆုံးပြီးသား ဖြစ်နေမှာ၊ အခုလို ပျော်ရွှင်တဲ့ ဘဝကိုရမှာ မဟုတ်ဘူး"

လမ်းတစ်လျှောက်တွင် အခက်အခဲများ ရှိခဲ့သော်လည်း နန်ယုသည် အခြားသူများထက်စာလျှင် ပေါ့ပါးသည်ဟု တွေးမိ သည်။

ပြီးတော့...

နန်ယု သူမရှေ့မှ ငယ်ရွယ်သော အမျိုးသမီးအားကြည့်လိုက်သည်။

"ရှင် ပိုပြီကြိုးစားခဲ့ရတယ် မဟုတ်လား ? ဒီလို အခွင့်အ ရေးမျိုးတိုင်းက ရဖို့ခက်ခဲ့မှာပဲ”

All Chapters