အခန်း (၁၀၈)
Vol. 12 Ch. 108
နန်ယု မည်သည့် ကြင်နာတတ်သူကမှ အောင်မြင်မှုအား အလွယ်တကူ ပေးမည်ဟု မယုံကြည်ပေ။ သူမ(အန်တီယု) အခွင့်အရေးတစ်ခု ရရှိရန် အမှတ်အချို့အား စုဆောင်းခဲ့ရနိုင်ချေရှိပြီး ကျရှုံးခဲ့ပါက နောက်ထပ် အမှတ်များထပ်မံစုဆောင်းခဲ့ရနိုင်သည်။
အချိန်နှင့်နေရာအား ပြောင်းပြန်လှန်ရန်နှင့် မှန်ကန်သော ဝိညာဉ်အားရွေးချယ်ရန် လိုအပ်သော အမှတ်များမှာ အရေးမပါသော ပမာဏများမဟုတ်သည်မှာ သေချာသည်။
သူမ (နန်ယု) အပါအဝင် မစ်ရှင်စုစုပေါင်းကိုးခုဖြစ်သည်။ "နန်ယု" (အန်တီယု) မည်မျှသော မစ်ရှင်များအားပြီးစီးခဲ့ရပြီး မည်မျှသောနှစ်များ ကြိုးပမ်းခဲ့ရမည်နည်း။
အန်တီယု သူမ၏မျက်ခွံများအား ညင်သာစွာ နိမ့်ချလိုက်သည်။ သူမ မျက်နှာပေါ်ရှိ အပြုံးမှာ မပြောင်းလဲသော်လည်း ဝန်ထုပ်ဝန်ပိုးကြီး တစ်ခု လွှတ်ချလိုက်သကဲ့သို့သော ရှင်းပြ ၍မရသည့် သက်သာရာရခြင်း ခံစားချက်တစ်ခု သူမထံမှ ရုတ်တရက်ထွက်ပေါ်လာသည်။
"ပထမတော့ ခက်ခဲခဲ့ပေမဲ့ နောက်တော့ ရိုးသွားတယ်၊ ကျွန်မက အခုအကောင်းဆုံး မစ်ရှင်လုပ်ဆောင်သူ ဖြစ်နေပြီ၊ ၉၉.၁၇% အောင်မြင်မှုနှုန်းနဲ့ပေါ့"
သူမ နန်ယုအား မျက်လုံးမှိတ်ပြလိုက်သည်။
"ကျွန်မအတွက် ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့၊ ဒါ ကျွန်မတို့ကြားက အရောင်းအဝယ်တစ်ခုပါပဲ"
ထို့ပြင် သူမ သဘောတူညီချက်မပါဘဲ စတင်ခဲ့သော အတင်း အကျပ်ရောင်းချမှု တစ်ခုလည်းဖြစ်သည်။
သူမ နန်ယုအား အမြဲတမ်းစောင့်ကြည့်နေခဲ့သည်။ သူမ လူတိုင်း၏ကံကြမ္မာ တဖြည်းဖြည်း ပြောင်းလဲသည်အားစောင့် ကြည့်နေခဲ့သည်။ နန်ကျီ လှပသောမိသားစုရှိခြင်း၊ နန်မိသားစုပိုမိုကောင်းမွန်လာခြင်းနှင့် မိဘများ၏ မျက်နှာပေါ်မှ အပြုံးများ ပိုမိုတောက်ပလာခြင်းတို့ကို စောင့်ကြည့်ခဲ့သည်။
မစ်ရှင်များစွာ လုပ်ဆောင်ပြီးနောက် ဖေးယီကျန့်အပေါ်ထားရှိသော သူမ၏ ချစ်ခြင်းနှင့် ဖေးယွင်ကျင်းအပေါ်ထားရှိသော သူမ၏မုန်းတီးခြင်းတို့မှာ ကြာမြင့်စွာကတည်းက မှေးမှိန်သွားခဲ့သည်။ သူမအား မစ်ရှင်များအတွင်းဆက်လက် လှုပ်ရှားစေခဲ့သော တစ်ခုတည်းသောအရာမှာ သူမ မိသားစုသာ ဖြစ်သည်။ သူတို့အတွက် ပျော်ရွှင်သော ဇာတ်သိမ်းရရှိရန်အတွက် သူမ မည်သည့် တန်ဖိုးကိုမဆို ပေးဆပ်လိမ့်မည်!
အန်တီယု ထရပ်လိုက်သည်။
"အချိန်နီးနေပြီ၊ ကျွန်မ ဒီမှာ ကြာကြာနေလို့မရတော့ဘူး၊ မေးစရာရှိရင် အခုပဲ မေးပါ"
နန်ယု အမှန်တကယ် မေးလိုက်သည်။
"ဖေးယီကျန့်ရဲ့ စွမ်းရည်ကဘာလဲ? ရှင် သူ့ကိုပေးခဲ့တာလား?"
နန်ယု ထိုစွမ်းရည်မှာ လှည့်စားမှုတစ်ခု ဖြစ်စေကာမူ ထိရောက်သည့် ကိရိယာ (ရွှေလှည့်ကွက်) တစ်ခု ဖြစ်နေသည်ဟု တွေးလိုက်သည်။ အကြောင်းမှာ ဖေးယီကျန့်၏ စွမ်းရည်သည် သူ့အား နောင်လာမည့် ဆိုးရွားသောကံကြမ္မာမှ လွတ် မြောက်စေရန် အရေးပါသော အခန်းကဏ္ဍမှပါဝင်ခဲ့သော ကြောင့် ဖြစ်သည်။
"မဟုတ်ဘူး"
အန်တီယု အောင်ပွဲခံသည့် အပြုံးဖြင့် ပြုံးလိုက်သည်။
"ကံကြမ္မာက သူ့ကို ဒီစွမ်းရည်ပေးခဲ့တာ"
နန်ယု နားလည်လိုက်သည်— အရာအားလုံး ကြိုတင်သတ် မှတ်ထားပြီးသားဖြစ်သည်။ ဤအချက်အား မူရင်းဝတ္ထု၏ ဇာတ်ကြောင်းတွင် အသေးစိတ် ထည့်သွင်းဖော်ပြထားခြင်း မရှိခဲ့ရုံသာ။
"ထပ်ပြောရရင် အရင်ရှစ်ယောက်ထဲက ဘယ်သူမှ ဖေးယီကျန့်ကို မကယ်တင်နိုင်ခဲ့ဘူး၊ ရှင်ကပထမဆုံးနဲ့တစ်ဦးတည်း သောသူပဲ"
"ပြီးတော့ အဲ့လူက ရှင့်ကိုတောင် ချစ်သွားသေးတယ်! ဟားဟားဟား၊ တကယ့်ကို roller coaster စီးရသလိုပဲ!"
ဘေးလူတစ်ဦး အနေဖြင့် အန်တီယု နန်ယု၏အချစ်ရေးနှင့် ဖေးယီကျန့်အပေါ်ထားရှိသော သဘောထားအား ကောင်းစွာ သိသည်။ သူမ အပြုံးပိုမိုကျယ်ပြန့်လာသည်။
"ဒါနဲ့၊ သူ့ကို အရမ်းမြန်မြန်သဘောမတူလိုက်နဲ့ဦး၊ သူ အရမ်းတွန်းအားပေးလိမ့်မယ်!""
ဆိုဖာ ချက်ချင်းပျောက်ကွယ်သွားသည်။ နန်ယု ထို "နန်ယု" (အန်တီယု) အား နောက်ထပ်မြင်တွေ့ရတော့မည် မဟုတ်ကြောင်းသိရှိလိုက်သည်။ သူမ ဆန္ဒပြည့်ဝပြီးနောက် သူမ (အန်တီယု) မစ်ရှင်အား ဆက်လုပ်မလုပ်မသိသော်လည်း နန်ယုပြုံးပြပြီး ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ၊ နန်ယု၊ ပျော်ရွှင်ပါစေ"
"ဟားဟားဟား၊ ကျွန်မ ပျော်ရွှင်မှာပါ၊ ရှင်လည်း ပျော်ရွှင်ပါစေ!"
သူမ လှည့်ထွက်သွားသည်။
"နှုတ်ဆက်ပါတယ်၊ နန်ယု!"
ရုတ်တရက်—
နန်ယု သူမ ခုတင်ပေါ်မှ နိုးထလာသည်။
သူမ အချိန်အား စစ်ဆေးလိုက်တော့ မနက်သုံးနာရီဖြစ်နေသည်။
သူတို့ ကြာကြာစကားမပြောဖြစ်သကဲ့သို့ ခံစားရသော်လည်း အပြင်ကမ္ဘာ၏အချိန်မှာ အဘယ့်ကြောင့်ပိုမိုမြန်ဆန်နေရသနည်း ?
နန်ယု လုံးဝ အိပ်ချင်စိတ်မရှိတော့ဘဲ ခုတင်ပေါ် မတ်မတ်ထိုင်လိုက်သည်။ သူမ၏ တောက်ပသော မျက်လုံးများမှာ အမှောင်ထုနှင့် လျင်မြန်စွာလိုက်လျောညီထွေဖြစ်သွားသော် လည်း တွေဝေသော အမူအရာတစ်ခု သူမ မျက်နှာပေါ်တွင် ပြသနေသည်။
သူမ ဇာတ်လမ်းထဲသို့ ကူးပြောင်းရောက်ရှိလာခြင်းသည် မတော်တဆမှု မဟုတ်ကြောင်း သူ အခုလေးတင် နားလည်လိုက်သည်။
သို့မဟုတ်— သူမ နေထိုင်နေသော ဤကမ္ဘာသည် စာအုပ်လုံးဝမဟုတ်ဘဲ အမှန်တကယ်တည်ရှိနေသော အဖြစ်အမှန်တစ်ခုဖြစ်နိုင်သည်။
နန်ယု သူမ မှတ်ဉာဏ်ထဲသို့ ဝင်ရောက်လာသော "စာအုပ်" ပုံစံမှာ အန်တီယု အဆင်ပြေစေရန် စီစဉ်ဖန်တီးထားခြင်းသာ ဖြစ်သည်ဟု သံသယရှိသည်။ သို့သော် မည်သို့ပင်ဖြစ်စေ အရေးမကြီးတော့၊ နောက်ဆုံးတွင် သူမ အနိုင်ရခဲ့ပြီဖြစ် သည်။
တစ်လကျော်ကြာ ပြန်လည်သက်သာလာပြီးနောက် ဖေးယီကျန့် ပြင်းထန်သည့် လေ့ကျင့်ခန်းများ ရှောင်ရှားပါက လွတ် လပ်စွာ လှုပ်ရှားသွားလာနိုင်ပြီဖြစ်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူ ပေးပို့ခဲ့သော လက် ဆောင်များအား နန်ယု လျစ်လျူရှုထားခဲ့ရာ ဖေးယီကျန့် နန်ယု၏ဒေါသသည် ပြေပျောက်သွားပြီလားဟု စိုးရိမ်တကြီး စဉ်းစားနေမိသည်။
သူ့ဥယျာဉ်တွင် ထိုင်နေစဉ် ဘေးအိမ်ဥယျာဉ်မှ ကလေးများ ဆော့ကစားနေသော ရွှင်မြူးသံများအား ဖေးယီကျန့် ရှင်းရှင်းလင်းလင်း ကြားနေရသည်။
ခဏတာ စဉ်းစားပြီးနောက် နန်ယုအား လွမ်းဆွတ်စိတ် မထိန်းချုပ်နိုင်တော့ဘဲ သူ့ ဗီလာတံခါးဝသို့ ဖေးယီကျန့် ရောက်ရှိလာခဲ့သည်။
ဒီတစ်ကြိမ်တွင် သူ ရိုးရိုး ဖြတ်လျှောက်ခြင်း မဟုတ်ဘဲ နန်ယုအား ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံလိုသည်။ သူမသာ ဆက် လက် ဒေါသထွက်နေပါက... သူမ ဒေါသအား ဖြေလျှော့ရန်အတွက် အခြားနည်းလမ်းများကို သူ စဉ်းစားလိမ့်မည်!
နန်ယု၏ကြိုတင်ညွှန်ကြားချက်များကြောင့် ဖေးယီကျန့် ဗီလာအတွင်းသို့ ချောမွေ့စွာ ဝင်ရောက်လာနိုင်ခဲ့သည်။
သို့သော်လည်း သူ နန်ယုအား မမြင်တွေ့ရသေးမီမှာပင် ကလေးငယ်များ သူ့အား ဝိုင်းဝန်းတားဆီးလိုက်ကြသည်။
ဖေးယွင်ကျင်း: "ဘာလို့ ထပ်လာတာလဲ?"
လီရီပိုင်: "နန်ကျဲကို လာတွေ့တာလား?"
ဝူနာနာ ဖေးယီကျန့်အား စူးစမ်းသလိ ကြည့်လိုက်သည်။ သုံးစက္ကန့်ခန့် တွန့်ဆုတ်နေပြီးနောက် သူမ လက်နှစ်ဖက်အား ဆန့်တန်းကာ ချစ်စနိုးဖြင့်ပြောလိုက်သည်။
"ပွေ့!"
ဖေးယွင်ကျင်း: "!!!"
"နာနာ၊ သေသေချာချာ ကြည့်ဦး! သူ မင်းအန်တီကို ခိုးဖို့လာတာ!"
ဒီလူက သူ့(နာနာ) အတိုင်းပဲလေ အဲ့တာကို ဘာကြောင့် သူ့ကို ပွေ့ဖက်ခွင့်ရှိရတာလဲ ?
ဒီအပြုအမူက ကျိုးကြောင်းဆီလျော်မှု ရှိရဲ့လား ?
ကံကောင်းထောက်မစွာဖြင့် ဝူနာနာ ဖေးယွင်ကျင်း စကားအား နားလည်လိုက်ပြီး နောက်တစ်စက္ကန့်တွင် သူမ လက် မောင်းအား ချက်ချင်းရုပ်သိမ်းလိုက်သည်။
"လူဆိုး၊ ဒီက ထွက်သွား!"
ဖေးယီကျန့်: "..."
နန်အန်းကျင်းအား ကိုင်ထားရင်း ဘေးမှ အခြေအနေတစ်ခုလုံးအားစောင့်ကြည့်နေသော နန်ကျီ ကျယ်လောင်စွာရယ် မောလိုက်သည်။
"ဖေးယီကျန့်၊ ဖေးယီကျန့်၊ မင်း ဒါကို နောက်ဆုံးတော့ ခံစားရပြီပေါ့!"
နန်ကျီ ဖေးယီကျန့် ဖေးမိသားစုအား ဘာကြောင့် အတင်း အကျပ်ဆွဲဆောင်ခဲ့ရသည်ကို နားလည်သော်လည်း ထိုအ ချက်မှာ ယခု သူ့အားလှောင်ပြောင်ခြင်းမှ တားဆီးမရတော့ပေ!
ညီမဖြစ်သူအား ခိုးယူလိုသော အမျိုးသားတစ်ဦးကို ရန်လိုရန်အတွက် အကြောင်းပြချက်လိုအပ်မည်လား?
လုံးဝ မလိုအပ်ဘူး!
"အားးး—"
ထိုအချိန်တွင် မင်းသမီးလေး (နန်အန်းကျင့်) သည် ရုတ်တ ရက် သူမ ဖခင်အား နောက်ကွယ်မှ ဓားဖြင့်ထိုးလိုက်သည်။
နန်အန်းကျင်း ညည်းတွားလိုက်ပြီး ဖေးယီကျန့်ဘက်သို့ မှီလိုက်ရာ သူမအားပွေ့ဖက်ရန် တောင်းဆိုနေသည်မှာ ရှင်းလင်းနေသည်။
"အန်းအန်း!"
နန်ကျီ၏ မျက်နှာ ချက်ချင်းဆိုသလိုနာကျင်သွားရသည်။ နန်အန်းကျင်း သူ့အပေါ် ဤမျှ စိတ်အားထက်သန်မှုအား တစ်ခါမျှ မပြသခဲ့ဖူးပေ။ ဒါကို ဘာလို့ အနံ့အသက်ဆိုးထွက်တယ်လိုယူဆထားတဲ့ ဖေးယီကျန့်အတွက်ဖြစ်နေရတာလဲ!
ဖေးယီကျန့် နာကျင်နေသော နန်ကျီအား လျစ်လျူရှုလိုက်သည်။ သူ နန်ယုနှင့် ဆင်တူသော မျက်နှာသွင်ပြင်ရှိသည့် ကလေးငယ်အား မြင်လိုက်ရသောအခါ နန်ကျီ၏လက် မောင်းများမှ မချေမငံ ပွေ့ယူလိုက်သည်။
နန်ကျီ ကလေးအား အတင်းအကျပ် ပြန်လည်ဆွဲယူရန် မရဲပေ။ အဘယ်ကြောင့်ဆိုသော် ဖေးယီကျန့် ဒဏ်ရာရနေရုံသာမက မင်းသမီးလေးအား ထိခိုက်မိမည်ကိုလည်း စိုးရိမ်သော ကြောင့် ဖြစ်သည်။ နန်ကျီ မိမိ၏တန်ဖိုးရှိသော သမီးလေး ဖေးယီကျန့် ရင်ခွင်ထဲတွင် ရယ်မောပျော်ရွှင်နေသည်အား အကူအညီမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်တော့သည်။
နန်ကျီ အလွန် ဒေါသထွက်၍ စိတ်ပျက်နေသောကြောင့် သူ့လက်ထဲ လက်ကိုင်ပဝါရှိခဲ့ပါက အပိုင်းပိုင်းဆွဲစုတ်ပစ်မိမည်မှာသေချာသည်။
သို့သော် ခဏအကြာတွင် ကလေးငယ်လေး တစ်ဖန်ရယ် မောလိုက်သည်။
"သမီးလေး! တော်တယ်!"
နန်အန်းကျင်း မျက်နှာမဲ့နေပြီး တစ်ဝက်တစ်ပျက် ငိုမဲ့မဲ့ပုံပေါက်နေသည်။ အမြင်ရှိသူတိုင်း သူမ ခုနက ဖေးယီကျန့် လက်မောင်းများအား ကိုက်လိုက်ကြောင်း ချက်ချင်းသိနိုင် သည်။ ဖေးယီကျန့် သူ့လက်မောင်းများထဲရှိ ကလေးအား အနည်းငယ် ရှက်ရွံ့မှုဖြင့် စိုက်ကြည့်နေမိတော့သည်။
အနှီးဝတ်ဆင်ထားသည့် မိန်းကလေးငယ်ကိုက်ခြင်းမှာ ကြီးမားသော ပြဿနာမဖြစ်သင့်ပေ။ သို့သော် Mysophobia (သန့်ရှင်းမှုကို လွန်စွာစွဲလမ်းခြင်း) ရှိသူ ဖေးယီကျန့်အနေ ဖြင့်၊ သူ့အရေပြားနှင့်မသန့်ရှင်းဟု ယူဆရသော တစ်စုံတစ် ရာမှာ အဝတ်အလွှာအနည်းငယ်ကွာခြားနေသည်ကို မစဉ်း စားဘဲ မနေနိုင်တော့ပေ။
ဖေးယီကျန့်: "..."
"ဟားဟားဟား!"
ဖေးယီကျန့်၏ ရှားရှားပါးပါး ရှက်ရွံ့သော အမူအရာအား မြင်သောအခါ လူတိုင်း သူ၏ ကံဆိုးမိုးမှောင်ကျမှုအပေါ် ဝမ်းမြောက်ဝမ်းသာ ရယ်မောနေကြသည်။ အကျယ်လောင်ဆုံးရယ်သံမှာ ဗီလာ၏ ဒုတိယထပ် လသာဆောင်မှထွက်ပေါ်လာသည်။
တစ်ချိန်တည်းတွင် နန်ယုနှင့် အန်းနင်တို့သည်လည်း ရုတ် တရက် ထိုနေရာတွင်ရပ်ကာ အောက်ဘက် ဥယျာဉ်ရှိမှ အဖြစ်အပျက်များ အားလုံးကိုကြည့်နေကြသည်။
ဖေးယီကျန့် အပေါ်ထပ်ရှိ နန်ယုအား မော့ကြည့်လိုက်သည်။ သူမ၏ တောက်ပသောအပြုံးမှာ နေရောင်ခြည်အောက်တွင် လင်းလက်နေသည်။ ထိုအခါ သူ့နှလုံးသားထဲရှိ ရှက်ကြောက်မှု အားလုံး ကြာမြင့်စွာကတည်းက ပျောက်ကွယ်သွားပြီး သူ ပြုံးလိုက်မိတော့သည်။
"ယုယု၊ ကိုယ် မင်းကို လွမ်းတယ်"
တစ်လကြာ မတွေ့ရပြီးနောက် ဖေးယီကျန့် ထိုကဲ့သို့ ချစ်ခင်မြတ်နိုးကြောင်းပြသသည့် စကားများအား လူသိရှင်ကြား အော်ပြောရန် အနည်းငယ်မျှသော ရှက်ရွံ့ခြင်းမရှိတော့ပေ။
ဖေးယီကျန့် လက်ထဲတွင် "ဓားစာခံ" (နန်အန်းကျင်း) တစ်ဦး ရှိနေသည်ကိုသာ နန်ကျီ မမြင်ခဲ့ပါက၊ သူ ချက်ချင်း ရှေ့သို့ တက်လာပြီး ဖေးယီကျန့်အား သင့်လျော်သောသင်ခန်းစာတစ်ခု ပေးခဲ့လိမ့်မည်!
ဖေးယွင်ကျင်း စိုးရိမ်တကြီးပြောလိုက်သည်။
"အန်တီက ခင်ဗျားကို မလွမ်းဘူး!"
လီရီပိုင်င် ခေါင်းညိတ်သည်။
"မှန်တယ်၊ အဲ့လိုလုပ်လို့ မိန်းကလေးကို မရနိုင်ဘူး!"
နန်ရီရန် ရယ်မောလိုက်သည်။
"အန်တီ၊ ကျွန်တော် ဦးလေး ရတော့မှာလား ?"
ဖေးယီကျန့်၏ ချစ်ရေးဆိုဟန် တောင်းဆိုမှုအပေါ် နန်ယု အဖြေမှာ သူမ လက်များအားမြှောက်ကာ ရင်ဘတ်ရှေ့တွင် "မဖြစ်နိုင်" ဟူသည့် ကြက်ခြေခတ် ကြီးကြီးပြုလုပ်ပြခြင်းပင်။
"ငါ ငြင်းတယ်! ငါ အသက်ကြီးနေပြီ!"
နန်ယု၏ထိုသို့သော ပျော်ရွှင်ဖွယ်တုံ့ပြန်မှုမှာ ဥယျာဉ်တစ်ခုလုံးအား ရယ်မောသံများဖြင့် ပြန်လည်လွှမ်းခြုံစေခဲ့သည်။ ဖေးယီကျန့် စိတ်ပျက်ခြင်းမရှိပေ။ မည်သို့ပင်ဆိုစေ သူ့ထံအချိန်အလုံအလောက်ရှိနေပြီး ထို "ထာဝရ ရာထူး" အတွက် သူ့ဘဝတစ်ခုလုံးအားပေးဆပ်ကာ ကြိုးစားနိုင်ကြောင်းသိလိမ့်မည်ပင်။
တောက်ပသော နေရောင်ခြည်အောက် လူတိုင်း၏မျက်နှာမှာ ပျော်ရွှင်မှုနှင့် ဝမ်းမြောက်မှုများဖြင့် ပြည့်နှက်နေလေသည်။
ဟုတ်သည်၊ ၎င်းတို့အားလုံးလည်း ယခုကဲ့သို့ပျော်ရွှင်စရာကောင်းသည့် ဘဝအားဆက်လက်ခံစားနိုင်ဖို့ရာ အချိန်တွေ အများကြီးကျန်ရှိနေပါသေးသည်။
ထိုကဲ့သို့သော နေ့ရက်များမှာ အမှန်ပင်ကောင်းမွန်လှသည်!