← Chapters

စစ်နတ်ဘုရားဂိုဏ်း

Vol. 1 Ch. 70

စစ်နတ်ဘုရားဂိုဏ်း

Vol. 1 Ch. 70

"အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင်"

ကျန်းရီသည် ထိတ်လန့် သွားခဲ့သည်။ သူသည် ကျီထင်ယွီ ပြောထားခဲ့သလို ဒီနှစ် သွေးရှင်းတမ်းတွင် ပါဝင်ယှဉ်ပြိုင်ကြ သူများမှာ အဆင့်အတန်း အလွန်မြင့်ကြမှန်း သိရှိ ထားသောကြောင့် ထိုသခင်လေး၏ အဆင့်အတန်းမှ မြင့်မားမည်မှန်း ခန့်မှန်းထားခဲ့ပြီး ဖြစ်သည်။ သို့သော် အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင်၏ ဂိုဏ်းသား တစ်ယောက်နှင့် ရင်ဆိုင် တွေ့ရလောက်အောင် ကံဆိုးလောက်မည်ဟု မထင်ခဲ့ပေ။

အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင်သည် ရှန်ဝူနိုင်ငံတော်တွင် အားအကောင်းဆုံးသူ ဖြစ်သည်။ သူ့အထက်တွင် အင်ပါယာ၏ ဧကရာဇ်သာ ရှိသည်။ တစ်နည်းအားဖြင့် သူ့ဂိုဏ်းသည် ရှန်ဝူနိုင်ငံတော်တွင် တော်ဝင်ဂိုဏ်းမှ မပါလျှင် နံပါတ်တစ်ဂိုဏ်း ဖြစ်သည်။

သူ့ဂိုဏ်းသား တစ်ယောက်ကို ရန်သွားစခြင်း၏ အကျိုးဆက်ကား မည်သို့ ဖြစ်မည်နည်း။  ကျန်းရီသည် မတွေးတတ်တော့ချေ။

သို့သော် ယခုအချိန်တွင် သူသည် တစ်ဝက် တစ်ပျက်တွင် ရပ်တန့်လိုက်ရန် မဖြစ်နိုင်တော့ပေ။ သူသည် အကြောင်းအရာများကို တွေးမနေတော့ဘဲ ကျန်းချီလင်းထံ ပြေးဝင် သွားခဲ့သည်။ သူသည် အရင်တစ်ခုခု လုပ်ပြီးမှသာ နောက်ကိစ္စကို နောက်မှ စဉ်းစားတတ်သည်။

"လင်းအာ ... "

ထိုခဏတွင် စိုးရိမ်ပူပန်နေသံ တစ်ခုသည် အရှေ့ဘက် အရပ်မှ ထွက်ပေါ်လာခဲ့သည်။ ထိုအသံသည် လူတိုင်း၏ နားစည်တွင် ခေါင်းလောင်းသံ တစ်ခုလိုမျိုး တုန်ခါ သွားခဲ့သည်။ ကျန်းရီသည်လည်း သတ်ဖြတ်လိုသော အရှိန်အဝါနှင့် အန္တရာယ် အငွေ့အသက်ကို ခံစားမိလိုက်လျှင် မျက်လုံးတို့ အေးစက် သွားရလေသည်။ သူသည် ဒေါသကြီးနေသည့် အသွင်အပြင်နှင့် လူငယ်တစ်ယောက်ကို မြင်လျှင် သေချာ သွားရလေသည်။

ရောက်ရှိ လာသူသည် လူကြီးအရပ်နှင့် ဖြစ်နေသော လူငယ်တစ်ယောက် ဖြစ်သည်။ သူသည် အရပ်ခြောက်ပေခန့် မြင့်ကာ အနက်ရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ဓားတစ်ချောင်းကို လွယ်ထားသည်။ သူ့တွင် ပခုံးကျယ်ကျယ်များ၊ ခြေတံရှည်ရှည်များကို ကိုင်ဆောင်ထားသည်။ သူသည် အညိုရောင် အသားအရေ ရှိပြီး သူ့အသွင်အပြင်မှာ ဓားတစ်ချောင်းနှယ် ထက်ရှနေသည်။

သူသည် လက်ရှိတွင် ကြောက်စရာ အမြန်နှုန်းနှင့် ပြေးလာ နေခဲ့သည်။ သူနီးလာသည်နှင့် သူ၏ ကြောက်စရာ အရှိန်အဝါသည် ပိုမို ပြင်းထန်လာခဲ့ပြီး လူတိုင်းကို ခြိမ်းခြောက် နေခဲ့သည်။

ခရမ်းရောင် နန်းတော်ရှင် ပထမအဆင့် … အမ် ...  သူအတွင်းအား သုံးတာကိုတောင် မတွေ့ရဘူး ...

ကျန်းရီသည် တစ်ချက် ကြည့်လိုက်ပြီး အမြန်နှုန်းကို ကြည့်၍ အင်အားကို ဆုံးဖြတ်လိုက်သည်။

"ကျန့်ဝူရွှမ်း''

ကျန်းချီလင်းနှင့် အနက်ရောင် ဝတ်စုံဝတ် မိန်းကလေး နှစ်ယောက်လုံးသည် မျက်လုံးများ ပြူးကျယ်လာကာ အံ့အား သင့်သွားကြသည်။ လူငယ်သည် အနက်ရောင်ဝတ် မိန်းကလေးကို ဓားဖြင့်ကာလိုက်ပြီး ကျန်းချီလင်းကို နောက်ဆုတ် သွားစေလေသည်။

ကျန်းရီသည်လည်း ရပ်တန့်လိုက်သည်။ အနက်ရောင်ဝတ် မိန်းကလေးတွင် ဒီလိုမျိုး အားကောင်းတဲ့ နောက်ခံ ရှိနေမှတော့ သူသည် ကျန်းချီလင်းကို ကိုယ်တိုင် ဆန့်ကျင်စရာ မလိုတော့ပေ။

"လင်းအာ ...  လင်းအာ"

ကျန့်ဝူရွှမ်းဟု ကျန်းချီလင်း ခေါ်လိုက်သော လူငယ်သည် အလျင်စလို ပြေးလာခဲ့သည်။ သူသည် မိန်းကလေး၏ ပခုံးထက်တွင် စိုက်ဝင်နေသော ဓားကို မြင်သောအခါ သူ့မျက်နှာသည် ဖြူရော် သွားခဲ့သည်။ သူသည် ကျောပေါ်မှ ဓားကို ဆွဲထုတ်လိုက်ပြီး ဒန်တျန်း ပျက်စီးနေပြီ ဖြစ်သော လူငယ် တစ်ယောက်ထံ ပိုင်းချလိုက်လေသည်။

"ကျန့်ဝူရွှမ်း ...  ရပ်လိုက် ...  ဒါက နားလည်မှုလွဲတာ"

ကျန်းချီလင်းသည် မျက်နှာပျက်ပျက်နှင့် အော်ဟစ် လိုက်သော်လည်း ကျန့်ဝူရွှမ်း၏ ရပ်တန့်သွားမည့် အရိပ်အယောင် မရှိဘဲ လူငယ်၏ ဦးခေါင်းထံ ကျရောက် သွားခဲ့ပြီး ဦးနှောက်များပါ ထွက်ကျ လာခဲ့လေသည်။

ကျန့်ဝူရွှမ်းသည် ဆက်လက် ပြေးသွားခဲ့ပြီး သူ၏ ဓားကြီးကို အနက်ရောင်ဝတ် မိန်းကလေး ဓားဖြင့် ထိုးထားခဲ့သော လူငယ်ထံသို့ ပိုင်းချလိုက် ပြန်လေသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် လူနှစ်ယောက် သေဆုံး သွားခဲ့လေပြီ။

ဒီလို ကြမ်းတမ်းမှုမျိုး ...  သူက သွေးရှင်းတမ်း ပြိုင်ပွဲဝင်ဖို့ အခွင့်အရေး ဆုံးရှုံး လိုက်ရမှာကို မကြောက်ဘူးလား ...  သူက အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင်ရဲ့ ဂိုဏ်းက လက်စားချေမှာကို မကြောက်ဘူးလား။

ကျန်းရီသည် တိတ်တဆိတ် အံ့အား သင့်ရလေသည်။ ကျန့်ဝူရွှမ်းသည် မိန်းကလေးငယ်၏ ပုခုံးတွင် စိုက်နေသော ဓားကို အလျင်အမြန် ဆွဲနုတ်လိုက်ပြီး သွေးတိတ်အောင် ကူညီကာ ဆေးတစ်လုံး အမြန်သောက်စေ လိုက်သည်။ ထို့နောက် သူသည် ကျန်းချီလင်းနှင့် အဖွဲ့အပြင် ကျန်းရီကိုပါ တစ်ချက် ကြည့်လိုက်ပြီး စကားပြော လာခဲ့သည်။

"မင်းက ငါ့ညီမကို ထိရဲတယ်လား။ ကျန်းချီလင်း ...  မင်းအသက်ရှင် ရတာကို ငြီးငွေ့နေပြီလား''

ကျန်းချီလင်းသည် ကျန့်ဝူရွှမ်းကို ကြောက်ပုံရလေသည်။ သူသည် တံတွေးတစ်ချက် မျိုချလိုက်ပြီး ပြန်ပြောလာခဲ့သည် ...

"မင်းညီမ ...  ဒါက နားလည်မှု လွဲသွားတာ ...  ကျန့်ဝူရွှမ်း ...  မင်းက တစ်ယောက်တည်း လာခဲ့တာ မဟုတ်ဘူးလား ...  သူမက မင်းညီမလို့ ဘယ်သူက တွေးမိမှာလဲ''

ကျန့်ဝူရွှမ်းသည် သူ့ဓားကို ကိုင်ကာ လျှောက်သွားလိုက်သည်။ သူသည် ကျန်းရီ အပါအဝင် လူတိုင်းကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး အော်ပြောလိုက်သည် ...

"ကျန်းချီလင်း ...  ကျန်းရိလျှို မျက်နှာကြောင့် မင်းခြေထောက်တွေကိုပဲ ချိုးရမယ်၊ ကျန်တဲ့ မင်းတို့တွေက ကိုယ့်ကိုယ်ကိုယ် သတ်သေရမယ်၊ ဒါဆို ဒီကိစ္စက ပြေလည်သွားပြီ"

သေစမ်း ...

ကျန်းရီသည် ပြောစရာ စကားပင် ပျောက်ဆုံး သွားရသည်။ သူဝင်စွက်ဖက် ခဲ့သည်မှာ မှန်သော်လည်း ကျန်းချီလင်း၏ အပေါင်းအပါအဖြစ် အထင်လွဲ ခံရသည်လား။ သူသည် အတော်လေးကို ဆွံ့အ နေသော်လည်း ကျန့်ဝူရွှမ်း၏ အဆင့်အတန်းမှာ ထင်သလောက် မရိုးရှင်းဟု တွေးနေခဲ့သည်။ သူသည် ကျန်းချီလင်း၏ အဆင့်အတန်းကို သိသော်လည်း သူ့ခြေထောက်များကို ချိုးပစ်ချင် နေသေးသည်။

ကျန်းချီလင်းသည် မျက်နှာပျက် သွားခဲ့ပြီး ဒေါသတကြီး အော်ပြောလာခဲ့သည် ...

"ကျန့်ဝူရွှမ်း ...  ဖိအားမပေးနဲ့၊ ဒါက နားလည်မှု လွဲတာလို့ ငါရှင်းပြခဲ့ပြီးပြီ။ ဒီကိစ္စက ကြီးကျယ် သွားမှာကို ငါတို့ဂိုဏ်း နှစ်ဖက်လုံးက လိုလားမှာ မဟုတ်ဘူး"

"ဝှစ်"

ကျန့်ဝူရွှမ်းသည် သားရဲ တစ်ကောင်ကဲ့သို့ ပြေးသွားလိုက်ပြီး သူ၏ ကီလိုဂရမ် တစ်ရာခန့် လေးလောက်မည် ဖြစ်သော ဓားကြီးကို လွှဲလိုက်သည်။ ထို့နောက် သူသည် ကျန်းချီလင်း၏ ဘေးတွင် ဝံ့ကြွားစွာ ရပ်နေသော လူငယ်ကို ဓားဖြင့် ပိုင်းချ လိုက်လေသည်။

"ဗုန်း"

လူငယ်သည် အံကြိတ်ကာ သူ၏ ဓားရှည်ကို ခုခံရန် သုံးလိုက်ပြီး နောက်သို့ ဆုတ်ရန် ပြင်လိုက်သည်။ သို့သော် သူသည် ကျန့်ဝူရွှမ်း၏ အင်အားကို အထင်သေးခဲ့ မိလေသည်။ ဓားရှည်နှင့် ဓားကြီးတို့သည် ထိတွေ့သွားခဲ့ပြီး ဓားကြီးသည် အတားအဆီးမရှိ သူ၏ ပခုံးထက်သို့ ကျရောက်သွားကာ သူ့ကိုယ်ကို နှစ်ပိုင်းခွဲချ သွားခဲ့လေသည်။ သူသည် သေသွားခဲ့ပြီ ဖြစ်သည်။

"ရဲတင်းလိုက်တာ"

ကျန်းချီလင်းသည် ဒေါသထွက်သွား ခဲ့လေသည်။ သူသည် သူ့လက်တွင်းမှ ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ကျန့်ဝူရွှမ်းထံ ပြေးသွားခဲ့သည်။ ကျန့်ဝူရွှမ်းသည် ကျန်းချီလင်း၏ ဓားကို လက်ဖြင့် ဖမ်းဆုပ် လိုက်သောကြောင့် ကျန်းရီမှာ ဆွံ့အ သွားရလေသည်။ သတ္ထုကိုတောင် ရွှံ့လိုမျိုး ဖြတ်တောက်နိုင်သော အဖိုးတန် လက်နက်သည် လက်ဖြင့် ရိုက်ခတ် သွားချိန်တွင် သွေးများ ပန်းထွက် လာလိမ့်မည်ဟု သူထင်ထားခဲ့သည်။ သူသည် ကျန့်ဝူရွှမ်း၏ လက်ကို ပြတ်တောက် သွားလိမ့်မည်ဟု ထင်လိုက်သော်လည်း ဓားရှည်သည် အလွယ်တကူ ဖမ်းဆုပ်ခြင်း ခံလိုက်ရသည်။ ကျန့်ဝူရွှမ်းသည် ကျန်းချီလင်း၏ ဓားကို ဆောင့်ဆွဲလိုက်ပြီး သူ၏ ဓားကြီးဖြင့် ကျန်းချီလင်း၏ ခြေထောက်များကို ခုတ်ချ လိုက်လေသည်။

"ခရက်"

ကျန်းချီလင်း၏ ခြေထောက်မဖားသည် ကျိုးသွားခဲ့ လေသည်။ သူသည် လဲကျ သွားခဲ့ပြီး သွေးပျက်ဖွယ် အော်ဟစ်နေခဲ့သည်။ ကျန့်ဝူရွှမ်းသာ အားပိုထည့် လိုက်လျှင် ကျန်းချီလင်း၏ ခြေထောက်များ ပြတ်တောက် သွားမည်မှာ အသေအချာ။

ဒီကျန့်ဝူရွှမ်းရဲ့ ကိုယ်က သတ္တုနဲ့ လုပ်ထားတာများလား။ ဒီလက်နက်ကတောင် သူ့အတွက် ဒဏ်ရာ သေးသေးလေးပဲ ရစေတယ်။

ကျန်းရီသည် ကျန့်ဝူရွှမ်း ဓားကို လွှတ်လိုက်ချိန်တွင် လက်ပေါ်မှ ဒဏ်ရာ နည်းနည်းကိုသာ မြင်လိုက်ရသောအခါ ဆွံ့အ သွားရလေသည်။ သူ့စိတ်ထဲတွင် စကားလုံးအချို့ ပေါ်လာခဲ့သည်။ လူထူးဆန်း …

ကျန့်ဝူရွှမ်းသာ လူထူးဆန်း မဟုတ်လျှင် သူသည် ထူးခြားသော ကျင့်စဉ် တစ်မျိုးမျိုးကို လေ့ကျင့်ထားခြင်း ဖြစ်ရပေမည်။ ကျန်းရီသည် ကျန့်ဝူရွှမ်း အတွင်းအား သုံးသည်ကို မမြင်မိသော်လည်း ကျန့်ဝူရွှမ်းသည် ထူးထူးခြားခြားပင် ခြိမ်းခြောက်နိုင်စွမ်း ရှိနေလေသည်။

"ဝှစ်"

ကျန်းရီ တွေးတော နေစဉ်မှာပင် ကျန့်ဝူရွှမ်း၏ ကိုယ်သည် ထပ်မံရွေ့လျား သွားခဲ့ပြန်သည်။ သူ၏ ဓားကြီးသည် ကျန်းရီ၏ ဦးခေါင်းထံ ပြင်းထန်သော အရှိန်နှင့် ကျရောက် လာလေသည်။ သူ့ဓားသည် ကျန်းရီထံ မကျရောက်ခင်ကပင် သူ၏ တောင်တစ်လုံးကဲ့သို့သော အရှိန်အဝါသည် ကျန်းရီထံ ကျဆင်း နေခဲ့သည်။

ဟူး ...  ငါတစ်ခါမှ ဒီလိုမျိုး အားကောင်းသလောက် ဦးနှောက် မရှိတဲ့လူကို မတွေ့ဖူးဘူး။

ကျန်းရီသည် တိတ်တဆိတ် သက်ပြင်း ချလိုက်သော်လည်း စကားတစ်ခွန်းမှ မပြောခဲ့ပေ။ သူသည် လွတ်မြောက်ရန်လည်း မကြိုးစားဘဲ ကျန့်ဝူရွှမ်းကို ဆွံ့အ နေသူလိုမျိုး စိုက်ကြည့် နေလိုက်သည်။

"ရပ် ...  ရပ်လိုက်"

အားနည်းသော အသံလေးသည် ထွက်ပေါ်လာခဲ့ပြီး ကျန့်ဝူရွှမ်း၏ ဓားကြီးသည်လည်း ကျန်းရီ၏ ဦးခေါင်းနှင့် တစ်ပေခန့် အကွာတွင် ချက်ချင်း ရပ်တန့် သွားခဲ့လေသည်။ ကျဆင်းလာသော ဓား၏ အရှိန်သည် ကျန်းရီ၏ ဆံပင်နှင့် ဝတ်ရုံကိုတောင် လှုပ်ခတ် သွားစေခဲ့သော်လည်း ကျန်းရီသည် မျက်နှာ တစ်ချက်တောင် ပျက်မသွားခဲ့ပေ။

"ကျန့်ဝူရွှမ်း ...  နင် ...  အရူးကောင် ...  သူက ...  ငါ့ရဲ့ ကျေးဇူးရှင်ပဲ"

အနက်ရောင် ဝတ်စုံဝတ် မိန်းကလေးသည် အားယူ၍ စကားပြောလိုက်သည်။ သူမ၏ မျက်လုံးများတွင် နာကျင်နေသည့် အရိပ်အယောင်များ ရှိနေသည်။

"အာ''

ကျန့်ဝူရွှမ်းသည် မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး အရှက်ပြေ ပြုံးလိုက်သည်။ ထို့နောက် သူသည် ကျန်းရီ အနိုင်တိုက်ထားသော ကျန်းချီလင်း၏ အဖွဲ့သားထံ သူ့ဓားကြီးကို အသာအယာ လွှဲခုတ်လိုက်သည်။ သူသည် ရှက်ရွံ့ဟန်နှင့် စကားပြော လာခဲ့သည်။

"ဒီက အစ်ကိုလေးကို တောင်းပန်ပါတယ်။ ဘာလို့ ငါ့ကို မရှင်းပြတာလဲ။ ငါက နားလည်မှုလွဲပြီး မင်းကို ဒဏ်ရာရအောင် လုပ်မိတော့မလို့"

ကျန်းရီသည် ပုခုံးတစ်ချက် တွန့်ပြလိုက်သည်။ သူသည် အနက်ရောင် ဝတ်စုံဝတ် မိန်းကလေး စကားပြောတော့မည်ကို မြင်လိုက်သောကြောင့် တစ်ခွန်းမှ မပြောခဲ့ခြင်း ဖြစ်သည်။ သူသည် မိန်းကလေးကို တစ်ချက် ကြည့်လိုက်ပြီး လှည့်ထွက်လာကာ တောထဲသို့ လျှောက်လာခဲ့ လိုက်သည်။

မိန်းကလေး အန္တရာယ် ကြုံနေချိန်တွင် ကျန့်ဝူရွှမ်း ပေါ်လာခဲ့ပြီး လူလေးယောက်ကို သတ်လိုက်သည်။ သူသည် ယခုထက်ပို၍ ဤသို့သော ကိစ္စကြီးမျိုးတွင် မပါဝင်ချင်တော့ပေ။ သူသာ ဝင်ပါလိုက်လျှင် ဒုက္ခရောက် ပေလိမ့်မည်။

"ဟေး ...  အစ်ကိုလေး ...  မင်းရဲ့ နာမည်က ဘာလဲ''

ကျန့်ဝူရွှမ်း အော်မေး လိုက်သော်လည်း ကျန်းရီသည် စကားတစ်ခွန်းမှ မဆိုခဲ့ပဲ ထွက်ခွာ လာခဲ့သည်။ ကျန့်ဝူရွှမ်းသည် သူ၏ ဓားကြီးကို ဓားအိမ်အတွင်း ပြန်သိမ်းလိုက်ပြီး အနက်ရောင် ဝတ်စုံဝတ် မိန်းကလေးကို သယ်လိုက်သည်။ ထို့နောက် သူသည် တွေးတောရင်း ထွက်လာခဲ့သည်။

"သူက တကယ့်ကို ထူးဆန်းတာပဲ။ ငါ သူ့ကို ထက်ခြမ်းခွဲချ လိုက်တုန်းက သူက ရှောင်မဲ့ပုံလည်း မပေါ်ဘူး။ သူက ကောင်းတာတစ်ခုကို လုပ်သွားပေမယ့် နာမည်ကိုတောင် အသိပေးမသွားဘူး။ သူက တကယ့်ကို လူကောင်းပဲ။ ငါက သူ့ကို သတ်မိလုနီးနီး ဖြစ်သွားတာတောင် မျက်နှာ တစ်ချက်တောင် ပျက်မသွားဘူး''

ဝတ်စုံနက်ဝတ် မိန်းကလေးသည် ကျန့်ဝူရွှမ်းကို အေးစက်သော မျက်လုံးများနှင့် ကြည့်လိုက်ပြီး ဆူပူလိုက်သည်။

"ကျန့်ဝူရွှမ်း ...  နင်က အရမ်း အင်အားကောင်းတယ်လို့ တကယ်ကြီး ထင်နေတာလား။ ဒါက သူနင့်ကို မရှောင်နိုင်လို့ မဟုတ်ဘူး။ သူနင့်ကို လုံးဝ မကြောက်လို့ပဲ။ ငါခန့်မှန်း ကြည့်တာတော့ သူသာ လှုပ်ရှားလိုက်ရင် သူက နင့်ကို ဒဏ်ရာ ရစေနိုင်တယ်လို့ ငါခန့်မှန်းမိတယ်။ နင်က စစ်နတ်ဘုရား ဂိုဏ်းရဲ့ ဆက်ခံသူ တစ်ယောက် ဖြစ်ပြီးတော့ အမည်မသိ လူငယ်လေး တစ်ယောက်ကိုတောင် မယှဉ်ပြိုင်နိုင်ဘူး။ နင် မရှက်ဘူးလား''

*****

All Chapters