← Chapters

လျှို့ဝှက်နယ်မြေမှ သတ်ဖြတ်သူများ

Vol. 6 Ch. 69

လျှို့ဝှက်နယ်မြေမှ သတ်ဖြတ်သူများ

Vol. 6 Ch. 69

“အားလုံးပဲ ပူးပေါင်းပြီးသတ်ဖြတ်ကြ ငါတို့တစ်ယောက်ချင်းဆို ဘယ်သူမှ ဒီသားရဲကြီးကိုနိုင်မှာမဟုတ်ဘူး”

တောနက်ကြီးတစ်ခုထဲတွင် ကျားပုံသဏ္ဍာန်ဖြင့် ကြီးမားလှသော သားရဲကြီးတစ်ကောင် လျှို့ဝှက်နယ်မြေထဲဝင်ရောက်လာသူများကို အမဲလိုက်နေခဲ့သည်။

ထိုသားရဲကြီးကို ကျားပုံသဏ္ဍာန်သားရဲကြီးဟု ခေါ်ရခြင်းမှာ သူ့အဆမတန်ကြီးမားနေမှုကြောင့်ဖြစ်ပြီး ထိုကောင်ကြီးသည် ၆မီတာ ၇မီတာလောက်အရှည်ရှိပြီး အမြင့် ၄ ၅ မီတာလောက် ရှိကာသူ့ကိုယ်တွင် မိစ္ဆာအရှိန်အဝါများက တောက်လောင်နေသောကြောင့် ဖြစ်၏။ ခေါင်းတွင်လည်း ဦးချိုကြီးနှစ်ချောင်းရှိနေသေးလေရာ သူ့ပုံစံက ကြောက်မက်ဖွယ်အတိပင်။

ထိုကောင်ကြီးသာ အခြေခံတည်ဆောက်ခြင်းအဆင့်များကိုတွေ့သွားလျှင် ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင် ဆုတ်ဖြဲခံလိုက်ရမှာသေချာပြီး ရွှေအမြုတေအဆင့်များပင် ထိုကောင်ကြီးနှင့်ရင်ဆိုင်ရာ၌ ဆုတ်ခွာနေခဲ့ကြရသည်။

ကျားသဏ္ဍာန်မိစ္ဆာသားရဲကြီး ဒေါသထွက်နေခဲ့၏။ သူအဘယ်ကြောင့် ရုတ်တရက်ကြီး ဤမရင်းနှီးသောနေရာတွင် ပေါ်လာခဲ့ရသလဲ သူမသိခဲ့ပေ။ ဤနေရာက သူ့အရင်နေရာနှင့်လုံး၀ကွဲပြားနေခဲ့သည်။

ထူးဆန်းသောပတ်၀န်းကျင်နှင့်များစွာသောကျင့်ကြံသူများကို တွေ့လိုက်ရသောအခါ သူခြိမ်းခြောက်မှုကိုခံစားလိုက်ရပြီး သူ့ကြမ်းကြုတ်မှုကိုထုတ်လွှတ်ကာ မြင်မြင်ကရာ တိုက်ခိုက်နေခဲ့ခြင်း ဖြစ်၏။

သူ့ကိုပိုပြီးဒေါသထွက်သွားစေသည်မှာ သူသတ်ခါနီးသောကျင့်ကြံသူများက ရုတ်တရက်ကြီး သူ့ရှေ့မှ ပျောက်ပျောက်သွားကြခြင်း ဖြစ်သည်။

ထိုအဖြစ်အပျက်က သူ့ကိုပိုပြီးကြောက်ရွံ့သွားစေပြီး ပိုပြီးလည်း ဒေါသထွက်သွားစေခဲ့၏။

အကူအညီမဲ့နေသောကျင့်ကြံသူများကတော့ အဖွဲ့များဖွဲ့ကာ ထိုသားရဲကြီးကို ခုခံနေခဲ့ကြသည်။

အဆုံးသတ်တွင်တော့ သားရဲကြီးကပိုပြီး ကြမ်းကြုတ်လာခဲ့ပြီး သူတို့တောင့်မခံနိုင်တော့ဘဲ တကွဲတပြားဆီ ထွက်ပြေးသွားခဲ့ကြရ၏။

အနားတွင်ဘယ်သူမှမရှိတော့သောအခါ သားရဲကြီး ကောင်းကင်ကိုမော့ကြည့်ပြီး ဟိန်းဟောက်လိုက်လေသည်။

ထိုကဲ့သို့သောအဖြစ်အပျက်မျိုးက လျှို့ဝှက်နယ်မြေနေရာအနှံ့အပြားတွင် ဖြစ်ပျက်နေခဲ့ခြင်း ဖြစ်၏။

ရွှေအမြုတေအဆင့်များက ခုခံ‌နိုင်သေးသော်လည်း အခြေခံတည်ဆောက်ခြင်းအဆင့်များအတွက် ထိုအရာက တကယ့်ကပ်ဘေးတစ်ခုပင်။

ဒါပေါ့ သေခြင်းရှင်ခြင်းသဘောတူညီချက်တွင် လက်မှတ်မထိုးထားသူများကတော့ သေခါနီးအခြေအနေတိုင်းတွင် လျှို့ဝှက်နယ်မြေထဲမှ ဆွဲထုတ်ခံရကာ တောင်ဂိတ်တံခါးတွင် ပြန်ပေါ်လာခဲ့ကြသည်။

ထိုလုံခြုံရေးတိုင်းတာချက်က ဂိုဏ်းများကို စိတ်အေးသွားစေခဲ့၏။

အထူးသဖြင့် အချို့ဂိုဏ်းငယ်လေးများဆိုလျှင် အဇူရာတိမ်ဂိုဏ်းကို အလွန်ကျေးဇူးတင်နေခဲ့ကြသည်။

ကျန်းယန် ရေကန်ဘေးတွင်တိတ်တဆိတ်စောင့်နေကာ ကန်ထဲကငါးထွက်လာဖို့ မျှော်လင့်နေခဲ့၏။ သို့သော် ရေကန်ထဲတွင်လှုပ်ရှားမှုရှိလာရမည့်အစား ရေကန်ဘေးသို့သာ လူအချို့ရောက်ရှိလာခဲ့ကြသည်။

“သူ့ကိုတွေ့ပြီ!”

အော်သံတစ်ခုနှင့်အတူ ရတနာအဆင့်မှော်ရတနာများကိုကိုင်ဆောင်ထားသော ရွှေအမြုတေအဆင့်သုံးလေးယောက်၏ မှော်သိုင်းကွက်များက ကျန်းယန်ကိုဖုံးလွှမ်းသွားခဲ့၏။

ရုတ်တရက်ကြီး အုံလိုက်ကျင်းလိုက် ဖြစ်‌ေပါ်လာ‌ေသာ လှုပ်ရှားမှုကြောင့် ကျန်းယန် ကြောင်အသွားခဲ့သည်။

သူပင် မည်သည့်ကောင်းကင်ရတနာ မြေပြင်ရတနာကိုမှ ရှာမတွေ့သေးခင်တွင် တစ်ယောက်ယောက်က သူ့ကိုတိုက်ခိုက်နေခဲ့ချေပြီ။

ကြည့်ရသည်မှာ သူ့စိတ်ဝိညာဉ်အဆင့်ရတနာများကအတော်လေးဆွဲဆောင်မှုကြီးပုံပင်။

သူလှုပ်ရှားဖို့ပင် မလိုလိုက်ပေ။ သူ့ကိုယ်မှ ငွေရောင်တစ်ချက်လက်သွားပြီး သူ့ဆီတိုး၀င်လာသော ဂါထာများ သိုင်းကွက်များ မှော်ရတနာများသည် တားဆီးခြင်းခံလိုက်ရ၏။

“သေစမ်းကွာ ဒီမြေနိုးက စိတ်ဝိညာဉ်အဆင့်အကာအကွယ်ချပ်၀တ်ကြီးဟ!

ရွှေအမြုတေအဆင့်တစ်ယောက် မကျိန်ဆဲဘဲ မနေနိုင်ခဲ့ပေ။

စိတ်ဝိညာဉ်အဆင့်အကာအကွယ်ရတနာနှင့်ဆိုလျှင် ကျန်းယန် ရပ်နေရင်တောင် သူတို့ကျန်းယန်ကိုထိခိုက်အောင်လုပ်လို့ရတော့မည် မဟုတ်ပေ။

ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်ပင် သူ့ကိုအလျင်အမြန်ကြီးတော့ ထိခိုက်အောင်လုပ်လို့ရနိုင်မည်မဟုတ်ပေ။

“ဆုတ်ကြ!”

အခြေအနေမကောင်းသည်ကိုမြင်သောအခါ ရွှေအမြုတေအဆင့်များ ဆုတ်ခွာ ထွက်ပြေးကုန်ကြသည်။

သူတို့ထွက်ပြေးဖို့ကြိုးစားနေသည်ကိုတွေ့သောအခါ ကျန်းယန် အမတတုပ်နှောင်ကြိုးကို ပစ်လိုက်၏။

“မင်းတို့လေးယောက်က သေခြင်းရှင်ခြင်းသဘောတူညီချက်မှာ လက်မှတ်ထိုးမထားတာကို ငါမှတ်မိတယ် ငါ့ကိုတိုက်ခိုက်ပြီးမှတော့ ထွက်ပြေးဖို့ စဉ်းတောင်မစဉ်းစားနဲ့”

“နောက်ထပ်စိတ်ဝိညာဉ်အဆင့်လက်နက်တစ်ခု!”

ရွှေအမြုတေအဆင့်များ တုန်လှုပ်စွာရေရွတ်မိလိုက်ကြပြီး စိတ်လှုပ်ရှားမှုနှင့်ကြောက်ရွံ့မှုကို ပြိုင်တူခံစားလိုက်ရလေသည်။

စိတ်လှုပ်ရှားသည်မှာ အကယ်၍ သူတို့သာကျန်းယန်ကိုဖမ်းနိုင်လျှင် အနည်းဆုံး စိတ်ဝိညာဉ်အဆင့်ရတနာလေးမျိုးကို ခွဲယူနိုင်မည်ဖြစ်သောကြောင့် ဖြစ်၏။

ကြောက်ရွံ့သည်ကတော့ ထို‌စိတ်ဝိညာဉ်အဆင့်ရတနာက သူတို့ကို အမဲလိုက်နေ၍ ဖြစ်သည်။

ကျန်းယန်၏ အားထုတ်မှုအောက်တွင် အမတတုပ်နှောင်ကြိုးက ရုတ်ချည်းရှည်ထွက်သွားပြီး ကွင်းကြီးတစ်ခုအဖြစ်ပြောင်းလဲသွားကာ ရွှေအမြုတေအဆင့် ၄ယောက်ကို အမိအရဖမ်းဖို့ ပြင်လိုက်၏။

“ပျံထွက်ကြ!”

သူတို့ထဲမှ တစ်ယောက် အော်ပြောလိုက်သည်။ သို့သော်သူကတော့ပျံသန်းမသွားဘဲ မြေကြီးပေါ်တွင်သာ ဆက်ပြေးသွားခဲ့၏။ သူ့ရည်ရွယ်ချက်မှာ ထိုသုံး‌ယောက်ပျံသန်းတုန်းအဖမ်းခံလိုက်ရလျှင် မြေပေါ်ကသူက လွတ်မြောက်သွားစေရန်ဖြစ်သည်။

အခြားသူသုံးယောက် ထိုအချင်းအရာကိုမြင်သော်လည်း နှစ်ယောက်ကတော့ ပျံတက်သွားခဲ့ကြ၏။ သို့သော် တစ်ယောက်ကတော့ မြေပေါ်တွင်သာ ဆက်ပြေးသွားခဲ့သည်။

ဘာပဲဖြစ်ဖြစ် သူတို့ထဲကအနည်းဆုံးတစ်ယောက်တော့ လွတ်ဖို့ လို၏။

သူတို့ထိုကိစ္စကို သတင်းပြန်ပို့နိုင်ပြီး ကျန်းယန်တွင်စိတ်ဝိညာဉ်အဆင့်ရတနာလေးခုရှိတာကိုသာ လူတိုင်းသိသွားကြလျှင် ကျန်းယန်ကိုဖမ်းဖို့လူတိုင်းကသူတို့နှင့်ပူးပေါင်းလာမှာ သေချာပေသည်။

သို့သော်လည်း ပျံသန်းနေသောနှစ်ယောက် ကောင်းကင်ပိုက်ကွန်နှင့်ဖမ်းဆီးခြင်းကိုခံလိုက်ရပြီး မြေပေါ်ပြုတ်ကျလာခဲ့ကာ မြေပေါ်တွင်ပြေးနေသူများလည်း အမတတုပ်နှောင်ကြိုး၏ တင်းတင်းကြပ်ကြပ်တုပ်နှောင်ထားခြင်းကို ခံလိုက်ရ၏။

ရွှေအမြုတေအဆင့်လေးယောက် ဖြူဖျော့သွားခဲ့ကြသည်။ စိတ်ဝိညာဉ်အဆင့်ရတနာနှစ်မျိုးအောက်တွင် သူတို့မလွတ်မြောက်နိုင်တော့ဘူးဆိုတာ သိရှိသွားခဲ့ကြ၏။

ကျန်းယန် စိတ်ဝိညာဉ်ရတနာများကို ထိန်းချုပ်ရင်းမကြာခင်ပင်ပန်းသွားဖို့သာ သူတို့မျှော်လင့်၍ ရတော့သည်။

ရွှေအမြုတေအဆင့်တစ်ယောက်အတွက် စိတ်ဝိညာဉ်အဆင့်ရတနာတစ်ခုကိုထိန်းချုပ်နိုင်သည်ကပင် လွန်လွန်းနေပြီဖြစ်ပြီး နှစ်ခုကတော့ အတော်ကြီးကိုများလွန်းလှ၏။

ကောင်းကင်ပိုက်ကွန်က အလိုလိုကြုံ့လာကာ အထဲတွင် သူတို့ရတနာအဆင့်မှော်ရတနာများဖြင့် ရုန်းကန်ဖို့ကြိုးစားနေသော ရွှေအမြုတေအဆင့်နှစ်ယောက်ကို လှုပ်မရအောင် တင်းကြပ်ထားလိုက်သည်။

အလားတူပင် အမတတုပ်နှောင်ကြိုးဖြင့်ဖမ်းခံထားရသော ရွှေအမြုတေအဆင့်နှစ်ယောက်ကိုလည်း ကြိုးက ခပ်ကြမ်းကြမ်းတုပ်နှောင်နေခဲ့၏။

“ရုန်းမနေနဲ့တော့ အသုံးမ၀င်ဘူး”

ကျန်းယန် သူတို့ဆီလျှောက်လာနေချိန်တွင် သူ့လက်ထဲ ဓားတစ်ချောင်းပေါ်လာခဲ့ပြီး ကြိုးဖြင့်တုပ်ခံထားရသော ရွှေအမြုတေအဆင့်နှစ်ယောက်၏ အကာအကွယ်များကို အလျင်အမြန်ပင် ချိုးဖြတ်ပစ်လိုက်ရာ နှစ်ယောက်လုံး ကြိုးဖြင့်လုံး၀တုပ်နှောင်ခြင်းကို ခံလိုက်ရလေသည်။

ကောင်းကင်ပိုက်ကွန်ဖြင့်ဖမ်းခံထားရသော နှစ်ယောက်ကိုလည်း သူထိုသို့လုပ်ခဲ့ပြန်၏။

ရွှေအမြုတေအဆင့်လေးယောက် စိတ်လွတ်သွားအောင် ကြောက်ရွံ့ကုန်ကြသည်။

သေစမ်း နောက်ထပ်ရွှေအမြုတေအဆင့်လက်နက်ကြီး!

ကျန်းယန် ‌စိတ်ဝိညာဉ်အဆင့်ဓားကို ပြန်သိမ်းလိုက်၏။ သူ့ရွှေအမြုတေကိုတစ်ချက်ကြည့်လိုက်သောအခါ တောက်ပနေဆဲဖြစ်သောကြောင့် သူ့စိတ်ဝိညာဉ်စွမ်းအား မကုန်သေးဘူးဆိုတာ ညွှန်ပြနေခဲ့သည်။

သူအတော်လေးကျေနပ်နေခဲ့၏။ နှစ်ပေါင်းများစွာ ချီသန့်စင်ခဲ့ရခြင်းနှင့် စိတ်ဝိညာဉ်ကျောက်တုံးသိန်းချီသုံးခဲ့ရခြင်းက တန်တော့တန်ပေသည်။

ထို့နောက် သူထိုလေးယောက်၏ဒန်တျန်ကိုချိတ်ပိတ်လိုက်ပြီး ကောင်းကင်ပိုက်ကွန်နှင့်အမတတုပ်နှောင်ကြိုးကို ပြန်သိမ်းလိုက်၏။

“နာမည်ပြော…တကယ်တော့ မင်းတို့နာမည်ကအရေးမကြီးပါဘူးလေ ဘယ်ဂိုဏ်းကလဲဆိုတာသာပြောတော့” ကျန်းယန်း လေးယောက်လုံးကိုကြည့်ကာ ပြောလိုက်သည်။

“မင်းဘာလိုချင်လို့လဲ” ရွှေအမြုတေအဆင့်တစ်ယောက် ကြောက်ရွံ့စွာ မေးလိုက်၏။

ကျန်းယန် မျက်ခုံးကိုပင့်လိုက်ကာ

“ငါဘာလိုချင်လဲတဲ့လား မင်းတို့က ငါ့ကိုအရင်လာတိုက်ခိုက်တဲ့သူတွေမဟုတ်ဘူးလား”

သူပြောနေရင်း သူတို့လက်ထဲမှ သိုလှောင်လက်စွပ်များကို သိမ်းယူလိုက်သည်။

လေးယောက်လုံး၏အမူအရာပြောင်းလဲသွားပြီး အလျင်အမြန်ပြောလိုက်၏။

“ငါတို့က မင်းကိုမင်းရဲ့စိတ်ဝိညာဉ်အဆင့်ရတနာတွေကြောင့် ပစ်မှတ်ထားမိရုံပါ အခုငါတို့အမှားကိုသိပါပြီ ကျေးဇူးပြုပြီး ငါတို့ကိုလွှတ်ပေးပါတော့”

“အမှားလား” ကျန်းယန် ခပ်ဟဟရယ်မောလိုက်သည်။

သူဖမ်းတာခံရပြီးမှ အမှားကို၀န်ခံပြီး အလွယ်တကူ လွတ်မြောက်ချင်နေခြင်းပေလော။

ဒါကြီးက သက်ညှာလွန်းရာကျနေတယ်မဟုတ်လား!

ထိုလေးယောက်ကိုကြည့်လိုက်ပြီး ကျန်းယန် ထူးဆန်းစွာပြုံးလိုက်ကာ

“ငါမင်းတို့ကို လွှတ်ပေးမှာပါ ဒါပေမယ့် မင်းတို့ဒီရေကန်ဘေးမှာ ရက်ပေါင်း ၃၀လုံးလုံး မလှုပ်မယှက်နေရမယ် ဒါဆိုငါမင်းတို့ကို လွှတ်ပေးမယ်”

လေးယောက်လုံး အံ့ဩသွားခဲ့ကြ၏။ ကျန်းယန်၏ ညှိနှိုင်းရလွယ်ကူမှုကြောင့် သူတို့ကြောင်သွားခဲ့ကြသည်။

သူတို့လေးယောက်အလျင်အမြန်‌ခေါင်းညိတ်ပြလိုက်ကြကာ ပူးပေါင်းဖို့သဘောတူခဲ့ကြ၏။ ဤသို့ဆိုလျှင် တစ်ယောက်ယောက်သူတို့ကိုရှာတွေ့သွားပြီး ဤကံကြမ္မာဆိုးကြီးမှ လွတ်မြောက်အောင် ကယ်တင်ပေးဖို့ မျှော်လင့်နိုင်သေးသည်။

ကျန်းယန် သူတို့လေးယောက်ကို ရေကန်ဘေးသို့နေရာ‌ရွှေ့လိုက်ပြီး ကောင်းကင်ပိုက်ကွန်ဖြင့် တိတ်တဆိတ်သူတို့ကို ဝိုင်းပတ်ထားခဲ့၏။

ထို့နောက် သူကတော့ သူတို့နောက်တွင်ပုန်းနေကာ အခြေအနေကို အကဲခတ်နေခဲ့သည်။

ဖမ်းခံထားရသော ရွှေအမြုတေအဆင့်လေးယောက် ကျန်းယန်သူတို့ကိုတကယ်လွှတ်လိုက်သည်ဟုထင်ပြီး ကျန်းယန်၏မိုက်မဲမှုကို ကြိတ်၍လှောင်ပြောင်နေခဲ့၏။

ကျန်းယန်အရိပ်အယောင်မတွေ့သောအခါ ကျန်းယန်ထွက်သွားပြီဟုယူဆလိုက်ပြီး သူတို့အချင်းချင်း စတင်တီးတိုးပြောဆိုလေတော့သည်။

“ငါတို့လောလွန်းသွားတယ် အခြားသူတွေကိုစောင့်လိုက်သင့်တာ စိတ်ဝိညာဉ်အဆင့်ရတနာငါးခုနဲ့ ဒီကောင်က အဝောာ်မနာလိုစရာကောင်းတာပဲ”

“ငါတို့လူတွေရောက်လာရင် သူသေမှာသေချာတယ် ငါတို့‌ဒီတစ်ကြိမ်အဇူရာတိမ်ဂိုဏ်းကို အခွင့်အရေးပေးလို့မဖြစ်ဘူး”

ထိုစဉ် ရုတ်တရက်ဆိုသလို ကန်ရေပြင်တွင် အနီရောင်တစ်ချက်လက်သွားပြီး ကြက်သွေးရောင်အရိပ်တစ်ခုက သူတို့ဆီ ပြေး၀င်လာခဲ့လေသည်။

ကျန်းယန်၏လှုပ်ရှားမရအောင်ပြုလုပ်ခြင်းခံထားရသော သူတို့လေးယောက် ကြောက်လန့်တကြားအော်ဟစ်ရင်း ချဉ်းကပ်လာသော ထိုအနီရောင်အရိပ်ကြီးကို ကြည့်သာ ကြည့်ရှုနေခဲ့ကြရ၏။

အနီရောင်အရိပ်ကြီးက ရွှေအမြုတေအဆင့်တစ်ယောက်နားရောက်လာကာ ဝါးမြိုပစ်ဖို့ပြင်လိုက်စဉ်တွင် ငွေရောင်တစ်ချက်လက်သွားပြီး ငွေရောင်ဧရာမပိုက်ကွန်ကြီးတစ်ခု မြေပြင်မှထွက်လာကာ အလျင်အမြန်ပင် အနီရောင်အရိပ်ကြီးကို ဖုံးအုပ်သွားခဲ့သည်။

“ဟီး ငါမင်းကိုစောင့်နေတာကြာပြီ နောက်ဆုံးတော့ တောင့်မခံနိုင်တော့ဘူးမလား ဟမ် မင်းသာနည်းနည်းထပ်တောင့်ခံနိုင်ရင် ငါ့စိတ်ဝိညာဉ်စွမ်းအားလည်း ကုန်တော့မှာ ငါလည်းဆုတ်ခွာဖို့ကလွဲ ရွေးစရာရှိတော့မှာမဟုတ်ဘူး အခုတော့ မင်းကိုမိပြီ” ကျန်းယန် ပျင်းရိနေဟန်ဖြင့် ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ပိုက်ကွန်ထဲရုန်းကန်နေသော သတ္တဝါကိုကြည့်ကာ တအံ့တဩရေရွတ်လိုက်၏။

“ကွိုင်ငါးတစ်ကောင်လား”

(အလှမွေးငါးတစ်မျိုး)

(ငါးပုံကိုအောက်မှာ မြင်ဖူးအောင် ပြပေးလိုက်ပါတယ်။

-Zeus)

https://mmxianxia.com/wp-content/uploads/2025/11/coi-250x300.webp

အင်္ဂလိပ်နာမည် Koi fish

All Chapters