← Chapters

သစ္စာဖောက်

Vol. 6 Ch. 71

သစ္စာဖောက်

Vol. 6 Ch. 71

“လာကြ လာကြ ငါးစွပ်ပြုတ်အတူတူသောက်ကြမယ် အားလုံးက ညီအစ်ကိုကောင်းတွေပဲလေ”

ကျန်းယန် ရွှေအမြုတေအဆင့်လေးယောက်အတွက် ငါးစွပ်ပြုတ်ထည့်ပေးလိုက်ကာ သူတို့ဆီကမ်းပေးလိုက်၏။

ရွှေအမြုတေအဆင့်လေးယောက်ကတော့ ဆွံ့အသွားခဲ့ကြသည်။ ဘယ်ညီအစ်ကိုကောင်းက သူတို့ညီအစ်ကိုကို ငါးကန်ထဲပစ်ချပါမည်နည်း။

သို့သော်လည်း သူတို့တွင်ရွေးချယ်စရာမရှိခဲ့ပေ။

“ငါးစွပ်ပြုတ်မသောက်ခင် မင်းတို့ငါ့ကိုလျှို့ဝှက်ချက်တွေပြောပြသင့်တယ် စကားမစပ် မင်းတို့နာမည်နဲ့ဂိုဏ်းကိုလည်း ပြောမပြရသေးဘူးနော်” ကျန်းယန် ငါးစွပ်ပြုတ်ခွက်ကိုကိုင်ထားရင်း သူ့ရှေ့ရှ်ိ ရွှေအမြုတေအဆင့်များကိုကြည့်ကာ မေးလိုက်၏။

ထို့နောက် သူထူးဆန်းသောကိရိယာတစ်ခုထုတ်လိုက်ပြီး ရွှေအမြုတေအဆင့်များကို စပြောဖို့ အချက်ပြလိုက်သည်။

“မင်းတို့စလို့ရပြီ”

“ငါ့နာမည်က လီချီပါ ကောင်းကင်ဒဏ္ဍာရီဂိုဏ်းကလာခဲ့တာ….မင်းလက်ထဲကဟာကဘာကြီးလဲ” လီချီ ကျန်းယန်ကိုမေးလိုက်၏။

ကျန်းယန်ခပ်ဟဟရယ်မောလိုက်ပြီး ထူးဆန်းသောပစ္စည်းကို ပြလိုက်လေသည်။ ထိုပစ္စည်းထဲတွင် လီချီ့ပုံရိပ်များ ရှိနေခဲ့၏။

“ငါ့နာမည်က လီချီပါ ကောင်းကင်ဒဏ္ဍာရီဂိုဏ်းကလာခဲ့တာ…မင်းလက်ထဲကဟာကဘာကြီးလဲ…”

ထိုအရာက ကျန်းယန်၏တီထွင်မှုဖြစ်ပြီး သူ့ကိုယ်ပိုင်အကြံညဏ်နှင့် ဟော်လင်းကျိ ‌ဟွာလင်းကျိတို့၏အကူအညီပေါင်းစပ်ကာ ဖန်တီးထားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ထိုပစ္စည်းက ရတနာအဆင့်ပစ္စည်းဖြစ်နေသောကြောင့် အများကြီးထုတ်၍ မရပေ။ ကျန်းယန်ကိုယ်တိုင်လည်း ထိုအရာကိုရောင်းချရန် တွန့်ဆုတ်နေသောကြောင့် သူ့အတွက်သာ သိမ်းထားခဲ့ခြင်း ဖြစ်၏။

မျက်နှာပြင်ပေါ်ရှ်ိ ပုံရိပ်များကိုကြည့်ကာ လီချီ့အမူအရာ‌ရုတ်ချည်းပြောင်းလဲသွားခဲ့သည်။ အခြားရွှေအမြုတေအဆင့်သုံးယောက်လည်း ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားခဲ့၏။

“ထွက်ပြေးဖို့ မစဉ်းစားကြနဲ့တော့ ခုနက ငါမင်းတို့ငါးစွပ်ပြုတ်သောက်နေတာကိုလည်း မှတ်တမ်းတင်ထားပြီးပြီ မင်းတို့မလွတ်နိုင်တော့ဘူး အမြန်သာ ပြောပြကြတော့ လီချီ အခုကမင်းအလှည့်ပဲ မင်းတို့လေးယောက်ဘာလို့ငါ့ကိုသတ်ချင်တာလဲဆိုတဲ့အကြောင်းကနေ စပြော” ကျန်းယန် စပြောဖို့ အချက်ပြလိုက်သည်။

လီချီ ကြောင်အနေကာ အတန်ကြာရပ်နေပြီးမှ လေးပင်စွာ စပြောလိုက်၏။

“အဇူရာတိမ်ဂိုဏ်းက အရင်ကလောက်စွမ်းအားမကြီးတော့ဘူးဆိုပေမယ့် သူတို့မှာ ရတနာတွေကတော့ အများကြီးကျန်နေသေးတယ်လေ အဲ့တာကြောင့် ငါတို့အဇူရာတိမ်ဂိုဏ်းကို တိုက်ခိုက်ဖို့စီစဉ်ခဲ့ကြတာပါ ဒါပေမယ့် ဂိုဏ်းရဲ့ ဂိုဏ်းကာ၀င်္ကပါက အရမ်းသန်မာလွန်းတော့ ငါတို့ ဖောက်မ၀င်နိုင်ဘူး ဒီတော့ အခြားနည်းလမ်းတွေရှာခဲ့ရတယ်”

ထို့နောက် သူသိသမျှအားလုံးကို ထုတ်ပြောခဲ့လေသည်။

ဥပမာအားဖြင့် ဂိုဏ်းထဲကိုပါရမီရှင်များပို့ကာ သူလျှိုလုပ်ခိုင်းခဲ့သော ကိစ္စမျိုးဖြစ်ပြီး ကျန်းယန်ကိုအဓိကထား၍ ရှင်းလင်းမည့် အစီအစဉ်မျိုးလည်း ပါ၀င်ပေသည်။

“ငါအရမ်းကျေနပ်သွားပြီ” ကျန်းယန် ခေါင်းညိတ်ပြလိုက်၏။

“အခုက မင်းတို့ကောင်းကင်ဒဏ္ဍာရီဂိုဏ်းရဲ့ လျှို့ဝှက်ချက်တွေကိုပြောရမယ့်အချိန်ပဲ အခြားသုံးယောက်ကိုတော့ စိတ်မပူပါနဲ့ ဒီလျှို့ဝှက်ချက်တွေက အပြင်ကိုပေါက်ကြားသွားမှာမဟုတ်ဘူး ပြီးရင် မင်းတို့တစ်ယောက်ချင်းစီပြောပြတဲ့ဇာတ်လမ်းတွေကို တိုက်စစ်လို့ရသေးတယ် တစ်ယောက်ယောက်ကလိမ်နေရင်တော့ လိမ်တဲ့ကောင် ငါးကန်ထဲရောက်ပြီပဲ”

ကျန်းယန်၏ အကျပ်ကိုင်မှုအောက်တွင် သူတို့လေးယောက်လုံး တစ်ယောက်ချင်းစီ၏ ၀န်ခံမှုတိုင်းကို ဗီဒီယိုရိုက်ခံထားခဲ့ကြရ၏။

“မင်းတို့ကောင်းကောင်းလုပ်ခဲ့တာပဲ အခု ငါးစွပ်ပြုတ်သောက်လို့ရပြီ”

ကျန်းယန် ကတိပေးထားသော ငါးစွပ်ပြုတ်ပန်းကန်များကို သူတို့ဆီပေးလိုက်လေသည်။

သို့သော်လည်း ခုနကအရသာရှိခဲ့သော ငါးစွပ်ပြုတ်များက အခုတော့သူတို့ပါးစပ်ထဲတွင် ထူးဆန်းစွာပင် အနည်းငယ်ခါးသက်နေခဲ့၏။

ငါးစွပ်ပြုတ်သောက်ပြီးသောအခါ ကျန်းယန် သူတို့သိုလှောင်လက်စွပ်များကို ထုတ်လိုက်ပြီး ပြောလိုက်သည်။

“ငါမင်းတို့သိုလှောင်လက်စွပ်တွေကို မထိရသေးဘူး ဒါပေမယ့် မင်းတို့ငါ့ကို ဒီထဲကတစ်၀က်ပေးရမယ် ဒါပေါ့ မင်းတို့ငါ့ကိုတိုက်ခိုက်ဖို့သုံးတဲ့ မှော်ရတနာတွေကိုတော့ ပြန်မပေးဘူး”

သူတို့လေးယောက်လုံး ဗလာဖြစ်နေသောအမူအရာများဖြင့်သာ နာခံစွာ သဘောတူလိုက်ရ၏။

ကျန်းယန်၏ လုပ်ရပ်များကိုမြင်ခဲ့ရပြီးနောက် သူတို့စိတ်ပိုင်းဆိုင်ရာအကာအကွယ်များက ကျိုးကြေသွားခဲ့ရလေပြီ။ ယခုအခါ သူတို့ကျန်းယန်ခိုင်းသမျှ အကုန်လိုက်လုပ်တော့မည် ဖြစ်သည်။

“ကောင်းပြီ ဒါဆိုအခုသွားလို့ရပြီ” ကျန်းယန် သူတို့ကိုလက်ကာပြလိုက်ကာ ပြောလိုက်၏။

“အခြားသူတွေကိုလည်း ငါ့ကိုလာသတ်ဖို့ ပြောလိုက်ဦးနော် မင်းတို့လည်း ပြန်လာသတ်လို့ရတယ် မင်းတို့လျှို့ဝှက်ချက်တွေမပေါက်ကြားစေရဘူး ဟုတ်ပြီလား

ဒါပေမယ့် ငါသတိတော့ပေးလိုက်မယ် ကောင်းကင်ပိုက်ကွန်ကလွဲပြီး ငါ့မှာအခြားရတနာတွေရှိနေကြောင်းတော့ မင်းတို့ပြောလို့မရဘူး”

နောက်ဆုံးတွင် သူတို့လေးယောက်မျက်လုံးထဲ မျှော်လင့်ချက်ရောင်ခြည်လေးများ ပြန်သန်းလာခဲ့သည်။ သူတို့တကယ်ကြီး ကျန်းယန်ကိုသတ်ဖို့ တစ်ယောက်ယေက်ကို သွားရှာနိုင်နေခဲ့ချေပြီ။

ထို့နောက် စိတ်ဓာတ်ခွန်အားအသစ်များနှင့်အတူ သူတို့လျင်မြန်စွာ ထွက်ခွာသွားခဲ့၏။

ထိုစဉ် ကျန်းယန်ကတော့ သူတို့လေးယောက်ဆီမှရသော စိတ်ဝိညာဉ်ကျောက်တုံးအပုံလိုက် ဆေးပင်များနှင့် အခြားပစ္စည်းများကို သိမ်းဆည်းနေခဲ့သည်။

ထိုပစ္စည်းများထဲတွင် မိုးပြာလမင်းကုန်သွယ်သမဂ္ဂက ဝယ်လာသော ပစ္စည်းများကိုပင် သူတွေ့ခဲ့ရသေး၏။

ထိုပစ္စည်းများကိုတော့ သူမိုးပြာလမင်းကုန်သွယ်သမဂ္ဂတွင် ပြန်သွင်းနိုင်ပေသည်။

ကျန်းယန်‌ ကြေးနီ‌အမွှေးတိုင်အိုးကိုလည်း ပြန်သိမ်းလိုက်ပြီး ရေကန်ဘေးတွင် ထိုင်ကာ ငါးစွပ်ပြုတ်မှရသော စိတ်ဝိညာဉ်စွမ်းအားများကို သန့်စင်နေခဲ့၏။ သူ့ကိုယ်သူငါးစာအဖြစ်သုံးပြီး သက်တန့်ငါးနောက်တစ်ကောင်လောက်များ ဖမ်းမိဦးမလားဟု မျှော်လင့်နေခြင်းလည်း ဖြစ်သည်။

သို့သော် ရေကန်ကငြိမ်သက်နေပြီး သက်တန့်ငါးအရိပ်အယောင်ပင် ပေါ်မလာခဲ့ပေ။

“တစ်ကောင်တည်းရှိတာလို့ ငါမယုံဘူးကွာ နောက်တစ်နေရာမှာ သွားစမ်းကြည့်တာပေါ့” ကျန်းယန် သူ့ချဉ်းကပ်သည့် တည်နေရာကိုပြောင်းလဲလိုက်၏။

ထိုစဉ် လျှို့ဝှက်နယ်မြေထဲရှ်ိ တိုက်ပွဲများက ပိုပြီးအရှ်ိန်မြင့်လာခဲ့သည်။

ကောင်းကင်နှင့်မြေပြင်ရတနာများပေါ်လာသောနေရာတိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေခဲ့ကြ၏။

လျှို့ဝှက်နယ်မြေထဲက ကောင်းကင်နှင့်မြေပြင်ရတနာများသည် လူတိုင်းမျှော်မှန်းထားသည်ထက်ပင် ပိုပြီး တန်ဖိုးကြီးနေခဲ့သည်။

တကယ်တော့ လျှို့ဝှက်နယ်မြေထဲက အရာတိုင်းသည် ချင်းယွင်ကျိ အန္တရာယ်များသောနယ်‌ေမြများမှ သယ်ယူလာခဲ့သော ပစ္စည်းများ ဖြစ်ကြ၏။

ထိုနယ်မြေများကို သာမန်လူများရောက်ဖို့ခဲယဉ်းလှပြီး ထိုနေရာများက ကောင်းကင်နှင့်မြေပြင်ရတနာများကလည်း သူတို့လက်လှမ်းမီနိုင်သည်ထက် ကျော်လွန်နေသောကြောင့် သူတို့အတွက် အလွန်အဖိုးတန်နေခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်တွင် ကျန်းကျစ်ချိုးကတော့ အသက်လုကာ ပြေးနေခဲ့ရ၏။

သူကံကောင်းထောက်မစွာဖြင့် တောင်တစ်လုံးပေါ်မှ ဗာမီလီယန်သီးအနည်းငယ်ရရှိခဲ့သော်လည်း ရွှေအမြုတေအဆင့်သုံးယောက်သူ့ကိုမြင်သွားခဲ့ကာ သူ့နောက်မှ လိုက်ဖမ်းခဲ့ကြသည်။

“သွေးဝိညာဉ်သီးတွေကိုထားခဲ့ အဇူရာတိမ်ဂိုဏ်းရဲ့နာမည်ကြောင့် မင်းအသက်ကိုချမ်းသာပေးမယ်” ရွှေအမြုတေအဆင့်သုံးယောက်အော်ပြောလိုက်၏။

ကျန်းကျစ်ချိုး နှာခေါင်းရှုံ့လိုက်သည်။ သူထိုသူများပြောသောစကားတစ်လုံးကိုမှ မယုံပေ။

ထို့အပြင် သူသည် အဇူရာတိမ်ဂိုဏ်း၏ အမည်ခံဂိုဏ်းသားတစ်ယောက်သာဖြစ်ပြီး ဂိုဏ်းကသူ့ကိုကာကွယ်ပေးလိမ့်မည်ဟု သူမထင်ပေ။

ထို့ကြောင့် သူပြေးရုံသာတတ်နိုင်ပေသည်။

ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတစ်ယောက်အနေနှင့် သူသည် ထိုကဲ့သို့အသက်လုပြေးရခြင်းမျိုးနှင့်မစိမ်းဘဲ ထိုအရာက စိတ်လှုပ်ရှားစရာကောင်းသည်ဟုပင် ခံစားနေခဲ့ရ၏။

ရွှေအမြုတေအဆင့်သုံးယောက် အံကိုကြိတ်ကာ ကန်ဘောင်တစ်လျှောက် ကျန်းကျစ်ချိုးနောက်မှ ထက်ကြပ်မခွာလိုက်လာခဲ့သည်။

သူတို့ကန်ဘောင်ဘေးတစ်နေရာသို့ ရောက်သောအခါ ရုတ်တရက်ဆိုသလို အနီရောင်အရိပ်တစ်ခုထွက်ပေါ်လာပြီး ရုတ်ချည်းဆိုသလိုပင် ထိုပုံရိပ်ကပြန်ပျောက်သွားခဲ့၏။

ကျန်းယန်ထိုနေရာတွင် နှစ်ရက်ကြာစောင့်ဆိုင်းနေခဲ့ပြီး နောက်ဆုံးမှ သက်တန့်ငါး၏အရိပ်အယောင်ကိုတွေ့လိုက်ရစဉ်တွင် တစ်ယောက်ယောက်က သူ့ငါးကို ခြောက်ထုတ်လိုက်သောကြောင့် ဒေါသထွက်သွားခဲ့သည်။

သူထရပ်လိုက်ကာ ဒေါသတကြီးအော်ပြောလိုက်၏။

“မင်းတို့ဘယ်လိုပုံစံနဲ့သေချင်လဲ…ဟမ် ညီလေးကျန်း မင်းကဘယ်လိုလုပ်ဒီရောက်နေတာလဲ”

“စီနီယာအစ်ကိုကြီး!” ကျန်းကျစ်ချိုး သူ့ခြေလှမ်းများကိုရပ်လိုက်ပြီး ကျန်းယန်ကို အနည်းငယ်အူကြောင်ကြောင်ဖြစ်နေဟန်ဖြင့် ကြည့်နေခဲ့၏။

သူအခုမှ ကောင်းကင်နှင့်မြေပြင်ရတနာတစ်ခုကိုရရှိခဲ့ခြင်းဖြစ်သည်။ ထိုစဉ် ကျန်းယန်နှင့် တွေ့လိုက်ရ၏။ အရင်ကလည်း ကျန်းယန်က သူ့ဆီကအရင်းအမြစ်များကို ဓားပြတိုက်သွားဖူးသောကြောင့် သူကျန်းယန်ကိုသတိထားနေခဲ့မိသည်။ ထို့အပြင် သူ့ရတနာများကို ဂိုဏ်းကိုလက်လွှဲပေးလိုက်ရမှာကိုလည်း သူစိတ်ပူနေခဲ့၏။

ထိုအခိုက်တွင် ကျန်းယန်လည်း အခြေအနေကို သတိထားမိသွားခဲ့သည်။ သူချက်ချင်းပင် ကောင်းကင်ပိုက်ကွန်နှင့်အမတတုပ်နှောင်ကြိုးကိုထုတ်ကာ ကျန်းကျစ်ချိုးကိုလိုက်နေသော ရွှေအမြုတေအဆင့်သုံးယောက်ကို ပစ်ဖမ်းလိုက်၏။

“မင်းတို့က ငါ့ငါးလေးကိုခြောက်ထုတ်လိုက်တာဆိုတော့ ငါ့ငါးစာဖြစ်လာသင့်တယ်” ကျန်းယန် အမတတုပ်နှောင်ကြိုးဖြင့် ထိုသုံးယောက်ထဲမှ တစ်ယောက်ကိုတုပ်နှောင်လိုက်ပြီး ရေကန်ထဲပစ်ချလိုက်လေသည်။

အခြားသူနှစ်ယောက်ကိုလည်း ကောင်းကင်ပိုက်ကွန်နှင့်ထုပ်၍ ရေကန်ထဲပစ်ချလိုက်ပြန်၏။

“ကောင်စုတ်လေး မင်းဒီသုံးယောက်ကိုသတ်လို့မရဘူးဟ မင်းသူတို့ကိုမ‌ေသ‌ေအာင်ထားဖို့ လိုတယ်” ချင်းယွင်ကျိအသံ ကျန်းယန်နားထဲထွက်ပေါ်လာခဲ့သည်။

ကျန်းယန်လည်းနားလည်သွားခဲ့၏။ ဤလူသုံးယောက်သည် သေခြင်းရှင်ခြင်းသဘောတူညီချက်တွင် လက်မှတ်ထိုးထားပုံ မပေါ်ပေ။

ငါးမျှားနေရင်း ထိုလူသုံးယောက်ကိုလည်း မသေအောင်ထားဖို့ ဂရုစိုက်နေရမည့်ပုံပင်။

ဒါပေမယ့် အဇူရာတိမ်ဂိုဏ်းသားတစ်ယောက်ကိုဒုက္ခပေးရဲမှတော့ မင်းတို့သိုလှောင်လက်စွပ်တွေနဲ့ရတနာတွေကို မေ့ထားလိုက်တော့!

“ညီလေးကျန်း ငါးစွပ်ပြုတ်စားလိုက်ဦး” ကျန်းယန်ပြုံးကာ ပြောလိုက်သည်။

“သက်တန့်ငါးက ကမ္ဘာပေါ်မှာတကယ်ရှားပါးတဲ့ငါးမျိုးပဲ တစ်ကောင်မိဖို့တောင် ငါအဝောာ်လေးအားစိုက်ထားရတာ နောက်တစ်ကောင်လည်းမိတော့မလို့ပါပဲ မင်းတို့ကခြောက်ထုတ်လိုက်တာကိုး”

ကျန်းကျစ်ချိုး ကောင်းကင်နှင့်မြေပြင်ရတနာတစ်ခုခုရခဲ့‌ခြင်းကြောင့် လိုက်ခံရခြင်းမှန်း သူသိ၏။ သို့သော် ကျန်းကျစ်ချိုးက ထိုအကြောင်းမပြောသောကြောင့် သူလည်း ဘာရတနာလဲဆိုတာ အလုပ်ရှုပ်ခံပြီး မေးမနေတော့ပေ။

ကျန်းကျစ်ချိုး စိတ်အေးအေးထားကာ ငါးစွပ်ပြုတ်ကိုစားလိုက်ပြီး တခဏကြာတွန့်ဆုတ်နေပြီးမှ ပြောလိုက်လေသည်။

“စီနီယာအစ်ကိုကြီး ကျွန်တော် အနီရောင်သစ်သီးနည်းနည်းရှာတွေ့ခဲ့တယ် သွေးဝိညာဉ်သီးလို့ထင်တာပဲ အဲ့ဒီအသီးမှာ ခြင်ဆီကိုသန့်စင်ပေးပြီး ခန္ဓာကိုယ်ကိုပြောင်းလဲစေတဲ့ အစွမ်းသတ္တိရှိတယ်”

“အို့” ကျန်းယန် အသာအယာခေါင်းညိတ်ပြလိုက်၏။

“မင်းပြန်ရောက်ရင် တတိယဦးလေးကိုသွားရှာလို့ရတယ် အချိန်ရရင် မင်းအတွက် ခြင်ဆီနဲ့ခန္ဓာကိုယ်ကိုသန့်စင်ပေးနိုင်မယ့်ဆေးလုံးအချို့သန့်စင်ပေးနိုင်မလားလို့ မေးလိုက်”

သူကျန်းကျစ်ချိုးကိုတစ်ချက်ကြည့်ကာ အဓိပ္ပာယ်ပါပါပြောလိုက်သည်။

“ညီလေးကျန်း အဇူရာတိမ်ဂိုဏ်းကမင်းထင်သလောက်မရှုပ်ထွေးပါဘူး မင်းကအမည်ခံတပည့်တစ်ယောက်ဆိုပေမယ့် ဂိုဏ်းရဲ့အစိတ်အပိုင်းတစ်ခုပါပဲ ငါတို့က ငါတို့ဂိုဏ်းသားတိုင်းကို အများကြီးတန်ဖိုးထားပါတယ်ကွာ”

“ဟုတ်ကဲ့ပါ” ကျန်းကျစ်ချိုး ခေါင်းညိတ်ပြလိုက်ကာ ငါးစွပ်ပြုတ်ကိုတိတ်ဆိတ်စွာသောက်နေခဲ့၏။

All Chapters