လိုက်လံသတ်ဖြတ်ခြင်း
Vol. 6 Ch. 73
ရွှေအမြုတေအဆင့်ငါးယောက်ကြောက်လန့်တကြားထွက်ပြေးနေရင်း နောက်ကလိုက်လာသော ကျန်းယန်က ပိုပိုနီးကပ်လာသောအခါ သူတို့ရင်ထဲကအကြောက်တရားက ပိုပြီးဖိစီးလာခဲ့သည်။
“လူခွဲပြီး ပြေးကြ” သူတို့ထဲကတစ်ယောက်အော်ပြောလိုက်၏။
“ကျန်းယန်မှာ စိတ်ဝိညာဉ်အဆင့်ရတနာခြောက်ခုရှ်ိတယ်ဆိုတဲ့သတင်းကိုဖြန့်ကြ သူ့ကိုလူတိုင်းအားလုံးပေါင်းပြီး အနိုင်ယူကြမယ် စိတ်ဝိညာဉ်အဆင့်ရတနာခြောက်ခုကို မလိုချင်တဲ့သူရှိမယ်လို့ငါမထင်ဘူး သူ့မှာရတနာတွေရှ်ိရင်တောင်မှ အားလုံးပေါင်းတိုက်ခိုက်ရင်တော့ ခံနိုင်မှာမဟုတ်ဘူး”
ရွှေအမြုတေအဆင့်ငါးယောက်ချက်ချင်းဆိုသလို အရပ်မျက်နှာငါးခုသို့ ခွဲပြေးကြတော့သည်။
ထိုအခြေအနေနှင့်ရင်ဆိုင်ရသောအခါ ကျန်းယန်လည်းမတတ်နိုင်တော့ဘဲ သူ့ရှေ့တည့်တည့်က လူကိုသာ လိုက်ဖမ်းခဲ့ရ၏။
ရှေ့ကပြေးနေသောရွှေအမြုတေအဆင့်ကျင့်ကြံသူသူမလွတ်နိုင်တော့တာကို သိသွားသောအခါ သေဖို့ဆုံးဖြတ်ထားေသာ မျက်လုံးများဖြင့် ကျန်းယန်ကိုကြည့်လိုက်ပြီး ပြောလိုက်သည်။
“မင်းတော့ ဒုက္ခရောက်ပြီ မင်းမှာစိတ်ဝိညာဉ်အဆင့်ရတနာခြောက်ခုရှိတဲ့သတင်းသာပြန့်သွားရင် မင်းလက်ကျန်တစ်ဘ၀လုံး ဘယ်တော့မှ အဇူရာတိမ်ဂိုဏ်းထဲကထွက်ရဲတော့မှာမဟုတ်ဘူး ရွှေအမြုတေအဆင့်တွေတင်မကဘူး ဝိညာဉ်အခြေတည်အဆင့်တွေ နတ်ဝိညာဉ်အဆင့်တွေ တာအိုပေါင်းစည်းခြင်းအဆင့်တွေတောင် မင်းကိုလိုက်သတ်ကြလိမ့်မယ်”
စိတ်ဝိညာဉ်အဆင့်ရတနာများသည် အမတကျင့်ကြံခြင်းကမ္ဘာကြီးတစ်ခုလုံးတွင် အစွမ်းထက်ဆုံးရတနာများဖြစ်ကြပြီး ထိုအရာများအတွက် နတ်ဝိညာဉ်အဆင့်များနှင့်တာအိုပေါင်းစည်းခြင်းအဆင့်များပင် တိုက်ခိုက်ကြမှာ သေချာပေသည်။ ထို့ကြောင့်လည်း ရွှေအမြုတေအဆင့်များက ထိုသတင်းကိုဖြန့်ဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
အကယ်၍ ကောင်းကင်ပိုက်ကွန်တစ်ခုတည်းသာဆိုလျှင်တော့ အဇူရာတိမ်ဂိုဏ်း၏ဂုဏ်သတင်းကိုထောက်ပြီး အများစုက သူတို့ကိုအပြစ်ပြုရဲလိမ့်မည် မဟုတ်ပေ။
သို့သော် စိတ်ဝိညာဉ်အဆင့်ရတနာခြောက်ခုဆိုလျှင်တော့ ထိပ်တန်းအဆင့်ဂိုဏ်းများပင် ၀င်လှုပ်ရှားလာနိုင်ပေသည်။
ကျန်းယန် က လူယုတ်မာအပြုံးပြုံးလိုက်ကာ
“ဘယ်သူက ဘယ်သူ့ကိုသတ်မလဲ ကြည့်ကြတာပေါ့ မင်းတို့အားလုံး သေခြင်းရှင်ခြင်းသဘောတူညီချက်မှာ လက်မှတ်ထိုးထားတယ်မဟုတ်လား ဒါဆို အဇူရာတိမ်ဂိုဏ်းကမင်းတို့သေဆုံးခြင်းအတွက် တာ၀န်မရှိဘူး ဒီလိုဆိုမှတော့ သေလိုက်တော့!”
(ကျန်းယန်ရဲ့ လူယုတ်မာအပြုံးကို အနီးစပ်ဆုံးတူမယ့်ပုံထည့်ပေးလိုက်ပါတယ်)
https://mmxianxia.com/wp-content/uploads/2025/11/smile-162x300.webp
ကျန်းယန် ထိုကောင့်ကိုတုန့်ဆိုင်းခြင်းမရှ်ိ သတ်ဖြတ်ပစ်လိုက်ပြီး သိုလှောင်လက်စွပ်နှင့်မှော်ရတနာကိုသိမ်းယူလာခဲ့၏။
ရွှေအမြုတေအဆင့်သေဆုံးသွားသောအခါ သူ့သိုလှောင်လက်စွပ်က အမှတ်အသားကလည်း အလိုလိုပျောက်ကွယ်သွားခဲ့သည်။ ကျန်းယန်လည်း သိုလှောင်လက်စွပ်ထဲ၀င်လိုက်ပြီး စိတ်ဝိညာဉ်ကျောက်တုံးများ ဆေးဝါးများနှင့်အခြားပစ္စည်းများကို သူ့သိုလှောင်လက်စွပ်ထဲ ပြောင်းထည့်လိုက်၏။
ထို့နောက် သူကျန်းကျစ်ချိုးဆီပြန်သွားခဲ့သည်။
ကျန်းယန်ထိုနေရာမှ ထွက်ခွာသွားသည်နှင့် မြေပြင်မှအရိပ်တစ်ခုပေါ်ထွက်လာခဲ့ကာ ရွှေအမြုတေအဆင့်၏အလောင်းထဲသို့ ၀င်သွားခဲ့၏။
ချက်ချင်းဆိုသလိုပင် အလောင်းကရှုံ့တွသွားခဲ့ကာ မြေပြင်ပေါ်တွင် လူအရေခွံတစ်ခုသာ ကျန်ရစ်ခဲ့လေသည်။
ထို့နောက် အရိပ်ကတော့ပြန်လည်ပျောက်ကွယ်သွားခဲ့၏။
“စီနီယာအစ်ကိုကြီး ဖမ်းမိခဲ့လား” ကျန်းကျစ်ချိုးမေးလိုက်သည်။
“လေးယောက်လွတ်သွားတယ် တစ်ယောက်တော့သတ်ခဲ့တယ်” ကျန်းယန် သိုလှောင်လက်စွပ်ကို ကျန်းကျစ်ချိုးဆီပစ်ပေးလိုက်ပြီး ပြောလိုက်၏။
“အဲ့တာတွေကို သိမ်းထား ငါတို့ဂိုဏ်းထဲမှာ သိုလှောင်လက်စွပ်မရှိသေးတဲ့သူတွေ အများကြီးကျန်သေးတယ် မှော်ရတနာတွေကိုရော သူတို့အတွက်သိမ်းထားပေးလိုက် ဆေးဝါးတွေ စိတ်ဝိညာဉ်ကျောက်တုံးတွေကိုတော့ မင်းအတွက် နည်းနည်းယူထားပြီး ကျန်တာကို ဂိုဏ်းဘဏ္ဍာထဲထည့်လိုက်”
“ဟုတ်ကဲ့” ကျန်းကျစ်ချိုး ခေါင်းညိတ်ပြလိုက်သည်။
သူ့စီနီယာအစ်ကိုကြီးသည် သူထင်ထားသည်ထက်ပင် ပိုကြောက်စရာကောင်းပြီး အံ့ဩစရာကောင်းသောသူတစ်ယောက်ဖြစ်မှန်း သူနားလည်သွားခဲ့၏။
ကျန်းယန်ကတော့ ပတ်ပတ်လည်ကိုလှည့်ပတ်ကြည့်ရှုနေရင်း အတွေးနွံနစ်နေခဲ့သည်။
သူအစကတော့ ဂိုဏ်းလျှို့ဝှက်နယ်မြေဖွင့်ပွဲကိုအခွင့်ကောင်းယူကာ အကျိုးအမြတ်ရှာမည်ဟု ကြံစည်ထားခဲ့ခြင်း ဖြစ်သည်။
သူတကယ်လည်းအောင်မြင်ခဲ့ပြီး ဂိုဏ်းကစိတ်ဝိညာဉ်ကျောက်တုံး သန်းချီရှာနိုင်ခဲ့၏။
သို့သော်လည်း အခြားအုပ်စုများတွင်အခုလိုအကြံမျိုးရှိနေလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့မိပေ။
“ဘာလို့ ငါတို့ကိုစိတ်ဝိညာဉ်ကျောက်တုံးတွေပဲ မပေးရတာလဲ ဘာလို့ မှော်ရတနာတွေ သိုလှောင်လက်စွပ်တွေ အရင်းအမြစ်တွေပါလာပေးချင်နေကြတာလဲ မင်းတို့က ပေးချင်နေမှတော့ ငါတို့ကလည်း ယူပေးရတော့မှာပေါ့!”
ကျန်းယန် အေးစက်စက်နှာခေါင်းရှုံ့လိုက်ကာ ကျန်းကျစ်ချိုးကိုသူ့နောက်ကလိုက်ခဲ့ဖို့ အချက်ပြလိုက်၏။
“ဂျူနီယာညီမလေးကိုအရင်သွားရှာရအောင် ပြီးမှ ငါတို့အတူတူလှုပ်ရှားပြီး သူတို့ရဲ့ရက်ရောတဲ့လက်ဆောင်လေးတွေကို လက်ခံလိုက်ကြတာပေါ့”
ထိုစဉ် တန်ယောင်ကွမ်းနှင့်သူ့လူများ စစ်ထူမင်ယွဲ့ကိုတောင်ကြားတစ်ခုတွင် ချောင်ပိတ်ဖမ်းနိုင်သွားခဲ့သည်။
တန်ယောင်ကွမ်းသည် လန်ကျားအထွတ်အမြတ်မြေကမှန်း သိသွားကြသောကြောင့် ရွှေအမြုတေအဆင့်အများအပြား သူ့နောက်လိုက်အဖြစ် နောက်မှလိုက်လာခဲ့ကြ၏။
လန်ကျားအထွတ်အမြတ်မြေမှလူတစ်ယောက်နှင့်ပူးပေါင်းရခြင်းက ဂိုဏ်းငယ်လေးတိုင်းတောင့်တသောအရာသာ ဖြစ်သည်။
အချို့ဒုတိယအဆင့်ဂိုဏ်းများပင် လန်ကျားအထွတ်အမြတ်မြေကို လေးစားမှုပြကြရ၏။ သူတို့ကို စော်ကားမိလျှင် အကျိုးဆက်ကကောင်းမွန်နေလိမ့်မည် မဟုတ်ပေ။
အဇူရာတိမ်ဂိုဏ်းကတော့ ရှေးဟောင်းဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်သော်လည်း သူတို့ကျဆင်းနေခဲ့သည်မှာ ကြာမြင့်နေခဲ့ချေပြီ။
ထိုအခြေအနေတွင် တန်ယောင်ကွမ်း စစ်ထူမင်ယွဲ့ကိုဖမ်းဖို့ နောက်လိုက်ရွှေအမြုတေအဆင့် ၂၀ ကျော် စုဆောင်းနိုင်ခဲ့သည်။
ရွှေအမြုတေအဆင့် ၂၀ကျော်နှင့်ရင်ဆိုင်ရသောအခါ စစ်ထူမင်ယွဲ့ ကူကယ်ရာမဲ့သွားပြီး ထွက်ပြေးရုံသာတတ်နိုင်ခဲ့ကာ နောက်ဆုံးတွင်တော့ တောင်ကြားတစ်ခုတွင် ချောင်ပိတ်မိသွားခဲ့၏။
ထိုခက်ခဲနေသောအခြေအနေတွင် ရွှမ်မင်ကြိုးကအလိုလိုအသက်၀င်လာကာ သူမကိုကာကွယ်ပေးခဲ့ပြီး ဘယ်သူမှသူမနားကပ်မလာနိုင်အောင် တားဆီးပေးနေခဲ့သည်။
“အဇူရာတိမ်ဂိုဏ်းရဲ့ အဆင့် ၅ စိတ်ဝိညာဉ်အဆင့်ရတနာ ရွမ်မင်ကြိုး!” လန်ကျားအထွတ်အမြတ်မြေမှ ရွှေအမြုတေအဆင့် ကျန်းဟွမ် တန်ယောင်ကွမ်းကိုကြည့်ကာ လေးလေးနက်နက်ပြောလိုက်၏။
“ဒါက အဇူရာတိမ်ဂိုဏ်းက စစ်ထူမင်ယွဲ့ကို တပည့်ရင်းအဖြစ်အသိအမှတ်ပြုလိုက်ပြီလို့ ဆိုလိုနေတယ် တကယ်လို့သာ ကျွန်ဝောာ်တို့သူ့ကိုအခုဖမ်းလိုက်ရင် အကျိုးဆက်တွေက ဆိုးရွားသွားနိုင်တယ်”
တကယ်လို့ စစ်ထူမင်ယွဲ့ကသာ သာမန်တပည့်တစ်ယောက်ဖြစ်နေလျှင် လန်ကျားအထွတ်အမြတ်မြေအနေနှင့်လှုပ်ရှားလိုက်ဖို့ တွန့်ဆုတ်နေမည် မဟုတ်ပေ။
သို့သော်လည်း တပည့်ရင်းဆိုတာကတော့ လုံး၀ခြားနားသောအရာဖြစ်ပေသည်။
တန်ယောင်ကွမ်း ရွှမ်မင်ကြိုးကိုကြည့်ကာ မျက်လုံးများပြူးကျယ်သွားပြီး တခဏတွေးတောပြီးနောက် ကြမ်းကြုတ်စွာ ပြောလိုက်၏။
“ငါဘာမှဂရုမစိုက်ဘူး သူ့ကိုသာငါ့အတွက်ဖမ်းပေး ငါသူနဲ့ နှစ်မွှာကျင့်ပြီးတာနဲ့ ဂိုဏ်းကိုပြန်ပြီး သူနဲ့လက်ထပ်ပေးဖို့ကိစ္စမှာ ဘိုးဘေးတွေပါ၀င်ပါပေးဖို့ တောင်းဆိုမယ်
ရွှမ်မင်ကြိုးလည်း ပါနေတာဆိုတော့ ငါတို့လန်ကျားအထွတ်အမြတ်မြေအတွက် အကျိုးအမြတ်အများကြီးရမှာ သေချာတယ်
အားလုံးပဲ တိုက်ခိုက်ကြ ရွမ်မင်ကြိုးရဲ့ခုခံနိုင်စွမ်းကို လျှော့ပစ်ကြ!”
တန်ယောင်ကွမ်း၏အမိန့်အောက်တွင် ရွှေအမြုတေအဆင့် ၂၀ ကျော် စတင်တိုက်ခိုက်ခဲ့လေသည်။
အဆင့် ၅ စိတ်ဝိညာဉ်အဆင့်ရတနာဖြစ်သော ရွှမ်မင်ကြိုးက အစွမ်းထက်လှသော်လည်း စစ်ထူမင်ယွဲ့သည် ကျန်းယန်မဟုတ်ပေ။ ထိုလက်နက်ကို စိတ်ဝိညာဉ်စွမ်းအင်သုံး၍ လိုသလို မထိန်းချုပ်နိုင်ပေ။
ရွှမ်မင်ကြိုး၏အစွမ်းသက်သက်ဖြင့် ဘယ်လောက်ကြာအောင် တောင့်ခံနိုင်ပါမည်နည်း။
ကျန်းယန်နှင့်ကျန်းကျစ်ချိုးလည်း လျှို့ဝှက်နယ်မြေတစ်ခုလုံးပတ်၍ စစ်ထူမင်ယွဲ့ကိုရှာဖွေနေခဲ့ကြ၏။
သူတို့တစ်ယောက်ယောက်ကိုမြင်တိုင်း စစ်ထူမင်ယွဲ့ကိုမြင်မိသေးလားဟု သွားမေးကာ ရှာဖွေနေခဲ့ရသည်။
အချို့ရွှေအမြုတေအဆင့်များကတော့ ကျန်းယန်တွင် စိတ်ဝိညာဉ်အဆင့်ရတနာများစွာပိုင်ဆိုင်ထားမှန်း ကြားဖူးထားသောကြောင့် သူ့ကိုထူးဆန်းစွာ ကြည့်ရှုသွားခဲ့ကြ၏။ စိတ်ဝိညာဉ်အဆင့်ရတနာများ၏ ဆွဲဆောင်အားကပြင်းသော်လည်း အများစုကတော့ ကျန်းယန်ကို တိုက်ရိုက်မတိုက်ခိုက်ရဲကြပေ။
အချို့ကတော့ ရိုးရှင်းစွာသာခေါင်းခါပြသွားကြပြီး မသိဘူးဟု ငြင်းဆိုသွားခဲ့ကြသည်။
ထိုစဉ် ကျန်းယန် ရွှေအမြုတေအဆင့်တစ်ယောက်နှင့်တွေ့လိုက်ရပြန်ပြီး မေးလိုက်ပြန်၏။
“မိတ်ဆွေ ကျွန်ဝောာ်တို့အဇူရာတိမ်ဂိုဏ်းက စစ်ထူမင်ယွဲ့ကို တွေ့မိသေးလား ရွှေအမြုတေအဆင့် အမျိုးသမီးလေ”
“အမျိုးသမီး ရွှေအမြုတေအဆင့်လား” ထိုကျင့်ကြံသူ၏အမူအရာပြောင်းလဲသွားကာ
“လန်ကျားအထွတ်အမြတ်နယ်မြေကလူတွေ ရွှေအမြုတေအဆင့်အမျိုးသမီးတစ်ယောက်ကို တိုက်ခိုက်နေတာတော့ တွေ့ခဲ့တယ် သူက အဇူရာတိမ်ဂိုဏ်းက စစ်ထူမင်ယွဲ့လားဆိုတာတော့ မသိဘူး”
“ကျေးဇူးတင်ပါတယ်မိတ်ဆွေ ကိစ္စတွေပြီးသွားရင် ငါ့ကိုလာရှာလိုက် ငါမင်းကိုဆုလဒ်ပေးမယ်” ကျန်းယန် ကျေးဇူးတင်စကားပြောလိုက်ပြီး ကျန်းကျစ်ချိုးဘက်သို့လှည့်လိုက်ကာ
“ငါ့နောက်ကလိုက်ခဲ့”
သူရွှေအမြုတေအဆင့်ညွှန်ပြခဲ့သော အရပ်မျက်နှာသို့ ဦးတည်ပျံသန်းသွားခဲ့လေသည်။ လမ်းတွင် အဆောင်စာရွက်တစ်ထပ်လိုက်ကြီးထုတ်လိုက်ပြီး ကျန်းကျစ်ချိုးကို ပေးလိုက်၏။
“သူတို့ကိုတွေ့တဲ့အခါကျရင် ပိုက်ဆံကြဲသလိုသာ ပစ်သာပစ်လိုက် လက်တွန့်မနေနဲ့ အဲ့ဒီလန်ကျားအထွတ်အမြတ်မြေကကောင်တွေကိုသတ်ဖို့ မကြောက်နဲ့ ငါတာ၀န်ယူမယ်”
အဝေးမှပင် ရွှေအမြုတေအဆင့်၂၀ကျော်က စစ်ထူမင်ယွဲ့ကို ဝိုင်းထားတာကို သူတို့တွေ့လိုက်ကြရသည်။ သူမအခြေအနေက အတော်ဆိုးနေပြီး ရွှမ်မင်ကြိုးကလည်း အရောင်မှိန်နေခဲ့ကာ ရှင်းလင်းစွာပင် ထပ်တောင့်ခံနိုင်ဝောာ့မည့်ပုံ မပေါ်တော့ပေ။
“ခွေးကောင်တွေ ငါ့ဂျူနီယာညီမလေးကို အန္တရာယ်ပေးရဲတယ်ပေါ့!” ကျန်းယန် ကြုံးဝါးလိုက်ကာ ကြေးနီအမွှေးတိုင်အိုးကို ထုတ်လိုက်၏။
“စီနီယာ စီနီယာကကျွန်တော့်ကိုသခင်အဖြစ်အသိအမှတ်မပြုပေမယ့် အခုအဇူရာတိမ်ဂိုဏ်းကတပည့်တစ်ယောက်ဒုက္ခရောက်နေပြီ ကျေးဇူးပြုပြီး သူ့ကိုကယ်ဖို့ ကူညီပေးပါ”
သူကြေးနီအမွှေးတိုင်အိုးထဲ စိတ်ဝိညာဉ်စွမ်းအားများ ပေါင်းထည့်လိုက်လေသည်။
ရုတ်တရက်ဆိုသလိုပင် သူနှင့်ကြေးနီအိုး၏ ဆက်သွယ်မှုက ပိုပြီးနီးကပ်သွားခဲ့၏။
ကြေးနီအမွှေးတိုင်အိုးသည် သူ့ကိုသခင်အဖြစ်အသိအမှတ်ပြုလိုက်လေပြီ။
ကျန်းယန် အလွန်ပျော်သွားခဲ့သည်။ သူထိုအမွှေးတိုင်အိုးနှင့်နီးကပ်ဖို့ကြိုးစားနေတာ ၉နှစ်ကျော်ကြာသွားပြီဖြစ်ပြီး ထိုအရာက သူ့ကိုလုံး၀ သခင်အဖြစ်အသိအမှတ်မပြုခဲ့ပေ။ သူအတင်းဖိအားပေးလို့လည်းမရသောကြောင့် ဒီလောက်အကြာကြီးထိ စောင့်နေဖို့သာ တတ်နိုင်ခဲ့ခြင်းဖြစ်သည်။
မျှော်လင့်မထားဘဲ အခုတော့ ကြေးနီအမွှေးတိုင်အိုးကသူ့ကိုသခင်အဖြစ် အသိအမှတ်ပြုလိုက်၏။
သူတို့ကြားကချိတ်ဆက်မှုကလည်း ပိုမိုအားကောင်းခဲ့ကာ ကျန်းယန်၏စိတ်ဝိညာဉ်စွမ်းအားအောက်တွင် အမွှေးတိုင်အိုးကပိုပြီးကြောက်စရာကောင်းလာခဲ့သည်။
အစက ၁ပေကျော်သာရှိသောအမွှေးတိုင်အိုးလေးက ကျန်းယန်၏ထိန်းချုပ်မှုအောက်တွင် ၃မီတာကျော်ထိပြန့်ကားသွားခဲ့ပြီး ကြောက်မက်ဖွယ်စွမ်းအားက ရွှေအမြုတေအဆင့် ၂၀ကျော်ပေါ် သက်ရောက်လာခဲ့၏။
စစ်ထူမင်ယွဲ့ကိုတိုက်ခိုက်နေသော ရွှေအမြုတေအဆင့် ၂၀ကျော်လည်းကောင်းကင်တွင်တစ်ခုခုမှားနေသည်ကို သတိထားမိသွားကြပြီး မော့ကြည့်လိုက်ကြသည်။ ကျန်းဟွမ်မော့ကြည့်နေရင်း အော်ပြောလိုက်၏။
“အမြန်ပြေးကြ အဲ့တာက အဇူရာတိမ်ဂိုဏ်းရဲ့ အမတသန့်စင်အမွှေးတိုင်အိုးကြီး အမတအစစ်တွေကိုတောင် သန့်စင်ပစ်နိုင်တယ်လို့ ပြောကြတယ် အဲ့တာနဲ့မထိမိစေနဲ့!”
တကယ်တော့ ကျန်းဟွမ် သတိပေးစရာပင် မလိုပေ။ ရွှေအမြုတေအဆင့် ၂၀ကျော်သည် ထိုအရာကိုမြင်သည်နှင့် တကွဲတပြားဆီ ထွက်ပြေးကုန်ကြပြီ ဖြစ်သည်။
တန်ယောင်ကွမ်းမျက်လုံးများကနီရဲနေပြီး ထွက်မပြေးလိုဟန်ဖြင့် ကျန်းယန်ကိုတစ်ချက်ကြည့်လိုက်ကာ
“နည်းနည်းလေးပဲ နည်းနည်းလေးပဲလိုတော့တာကွာ! ဘာလို့မင်းရောက်လာတာလဲ ခွေးကောင်ရ! ပြီးတော့ မင်းကဘယ်လိုလုပ် အမတသန့်စင်အမွှေးတိုင်အိုးကိုထိန်းချုပ်နိုင်နေတာလဲ ဒီကမ္ဘာကြီးမှာ တရားမျှတမှုဆိုတာ မရှိတော့ဘူးလား”
သူ့လက်ထဲရောက်လုနီးနီးဖြစ်ခဲ့သော စစ်ထူမင်ယွဲ့ကိုသူကြည့်နေခဲ့သော်လည်း သူ့တွင်ထွက်ပြေးရုံကလွဲ ရွေးစရာမရှိတော့ပေ။
တကယ်လို့ သူထွက်မပြေးရင်လည်း အမတသန့်စင်အမွှေးတိုင်အိုး၏ သေသည်အထိဖိကြိတ်ခြင်းကို ခံရတော့မည်သာ။