← Chapters

မကောင်းဆိုးဝါးနှင့်ရင်ဆိုင်နေရသည့် ဂျူနီယာညီမလေး

Vol. 6 Ch. 75

မကောင်းဆိုးဝါးနှင့်ရင်ဆိုင်နေရသည့် ဂျူနီယာညီမလေး

Vol. 6 Ch. 75

အဇူရာတိမ်ဂိုဏ်းထဲတွင် ချင်းယွင်ကျိ လျှို့ဝှက်နယ်မြေထဲ၌ ဖြစ်နေသမျှအရာအားလုံးကို ကြည့်ရှုနေခဲ့၏။

သူ့အမြင်အာရုံသက်သက်နှင့်ပင် ပုန်းကွယ်နေသည့်များစွာသောအရိပ်များကို သူမြင်နေခဲ့ရသည်။

ထိုမိစ္ဆာသန္ဓေသားများကို သူကိုယ်တိုင် ကျန်းယန်၏မူလအပျက်အဆီးရွှေအမြုတေဘယ်လိုအလုပ်လုပ်သလဲဆိုတာ သိရစေရန် တမင်လျှို့ဝှက်နယ်မြေထဲ ထည့်ထားခဲ့ခြင်းဖြစ်၏။

သို့သော်လည်း မိစ္ဆာသန္ဓေသားများကအခုလိုလျှို့ဝှက်နယ်မြေထဲတွင် မွှေနေလိမ့်မည်ဟု သူ‌မျှော်လင့်မထားခဲ့မိပေ။

မိစ္ဆာသန္ဓေသားထဲကတစ်ကောင်ဆိုလျှင် စစ်ထူမင်ယွဲ့ကိုပင် ပူးကပ်ထားခဲ့သည်။

သူတို့သည် စစ်ထူမင်ယွဲ့ကိုတပည့်ရင်းအဖြစ်အသိအမှတ်ပြုပြီးပြီဖြစ်သောကြောင့် ဒီကိစ္စကသူ့အတွက် အလေးအနက်ထားစရာဖြစ်‌လာခဲ့၏။

“အာ!”

လျှို့ဝှက်နယ်မြေထဲကအခြေအနေတစ်ခုကိုသတိထားလိုက်မိသောအခါ ချင်းယွင်ကျိ အံ့အားသင့်စွာရေရွတ်လိုက်မိလေသည်။

လျှို့ဝှက်နယ်မြေတစ်နေရာတွင် တန်ယောင်ကွမ်းဦးဆောင်ခဲ့သော ရွှေအမြုတေအဆင့် ၂၀ကျော် ပြန်လည်စုဖွဲ့မိသွားခဲ့ကြ၏။

“သေစမ်းကွာ အဲ့ဒီ‌အဇူရာတိမ်ဂိုဏ်းကကောင်တွေအကုန်သေရမယ့်ကောင်တွေ!” တန်ယောင်ကွမ်း ကျယ်လောင်စွာ ကျိန်ဆဲလိုက်သည်။

“ရွှေအမြုတေအဆင့်တစ်ယောက်ကို စိတ်ဝိညာဉ်အဆင့်ရတနာတွေပေးထားတယ် အဲ့ဒီဂိုဏ်းကကောင်တွေရူးကုန်ကြတာလား”

စစ်ထူမင်ယွဲ့ကိုအမိဖမ်းကာ သူ့ကျင့်ကြံခြင်းတက်အောင်နှစ်မွှာမကျင့်ကြံနိုင်ခဲ့သောကြောင့် သူဒေါသထွက်နေခဲ့၏။

သူစစ်ထူမင်ယွဲ့ကိုဖမ်းမိလုဆဲဆဲဖြစ်သွားခဲ့သော်လည်း မျှော်လင့်မထားဘဲ သူမတွင်စိတ်ဝိညာဉ်ရတနာနှစ်ခုရှိနေခဲ့သည်။

သို့သော် စစ်ထူမင်ယွဲ့ကထိုရတနာများကိုစေခိုင်းအသုံးပြုနိုင်ခြင်းမျိုးတော့မရှ်ိပေ။ ထို့ကြောင့် အချိန်တစ်ခုအကြာ၌ သူတို့စစ်ထူမင်ယွဲ့ကိုဖမ်းဆီးခြင်းအောင်မြင်တော့မည့်အချိန်တွင် ‌ကျန်းယန်က နောက်ထပ်စိတ်ဝိညာဉ်ရတနာတစ်ခုဖြင့် ရောက်ရှိလာခဲ့ပြန်၏။

ထို့အပြင် ကျန်းယန်က ထိုရတနာကိုအသက်သွင်းကာ အသုံးပြုနိုင်ပေသည်။

ထိုအခြေအနေသို့ရောက်ရှိလာချိန်၌ သူတို့တွင် ဆုတ်ခွာဖို့မှလွဲရွေးစရာမရှိတော့ပေ။

သူ့လက်ထဲရောက်လုနီးနီးဖြစ်နေသော စစ်ထူမင်ယွဲ့ကိုလုယူခံလိုက်ရလေရာ သူမည်သို့ကျေနပ်နိုင်ပါမည်နည်း။

သူ့စိတ်ထဲမွန်းကြပ်နေသလို ခံစားနေခဲ့ရ၏။ စိတ်ဝိညာဉ်အဆင့်ရတနာဆိုသည်မှာ ဘယ်ဂိုဏ်းအတွက်မဆို အရေးကြီးသည့်ရတနာများဖြစ်ပြီး အဘယ်ကြောင့် ထိုဂိုဏ်းကကောင်များက ရွှေအမြုတေအဆင့်များကိုပင် စိတ်ဝိညာဉ်ရတနာများပေးထားရပါသနည်း။

ဥပမာအားဖြင့် သူတို့လန်ကျားအထွတ်အမြတ်မြေတွင်ဆိုလျှင် စိတ်ဝိညာဉ်အဆင့်ရတနာများစွာရှိသော်လည်း ထိုအရာများက နတ်ဝိညာဉ်အဆင့်များနှင့်တာအိုပေါင်းစည်းခြင်းအဆင့်များအတွက်သာ ဖြစ်ပေသည်။

ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်က စိတ်ဝိညာဉ်အဆင့်ရတနာကို ကိုင်ဆောင်ခွင့်ရနေသည်ဆိုလျှင်ပင် ထိုအရာက သူ့အတွက်ဂုဏ်ယူစရာကြီးတစ်ခု ဖြစ်၏။

သို့သော် အဇူရာတိမ်ဂိုဏ်းက ရွှေအမြုတေအဆင့်တစ်ယောက်ဖြစ်‌ေသာ ကျန်းယန်တွင်‌ေတာ့ အဘယ်ကြောင့် စိတ်ဝိညာဉ်အဆင့်ရတနာများ အများအပြားရှိနေရပါသနည်း။

ပိုပြီးအံ့ဩစရာကောင်းသည်မှာ အဇူရာတိမ်ဂိုဏ်းက အလွန်တန်ဖိုးကြီးသော အမတသန့်စင်အမွှေးတိုင်အိုးလိုရတနာမျိုးကိုပင် ကျန်းယန်ကိုယုံယုံကြည်ကြည်ပေးထားခဲ့သည်။

ထိုပစ္စည်းက ထိပ်တန်းဂိုဏ်းများတွင်ဆိုလျှင်ပင် ဂိုဏ်း၏အထွတ်အထိပ်ရတနာအဖြစ်သတ်မှတ်ခံရမည့် ပစ္စည်းမျိုးဖြစ်၏။

ထို့ကြောင့် ကျန်းယန်က သူ့ကိစ္စများကို၀င်ဖျက်ဆီး၍ စိတ်တိုရသလို ထိုကောင့်ကိုအားလည်းကျ‌မိနေခဲ့သည်။

တကယ်တော့ အခြားရွှေအမြုတေအဆင့်များလည်း ကျန်းယန်ကိုအားကျနေခဲ့ကြခြင်းဖြစ်ကာ ထိုပစ္စည်းများကိုသူတို့မရခဲ့သဖြင့် နောင်တလည်းရနေခဲ့ကြ၏။

အဇူရာတိမ်ဂိုဏ်းကကောင်တွေ ရွှေအမြုတေအဆင့်လေးတစ်ယောက်ကို စိတ်ဝိညာဉ်အဆင့်ရတနာတွေဒီလောက်အများကြီးပေးထားတာ သူသေရင် ပျောက်သွားမှာမကြောက်ကြဘူးလား!

တန်ယောင်ကွမ်း မကျေမနပ်ဆဲရေးနေချိန်တွင် မြေပြင်မှအရိပ်တစ်ခုထွက်ပေါ်လာပြီး သူ့ကိုယ်ထဲ၀င်သွားခဲ့လေသည်။

ထိုအဖြစ်ကို ဘယ်သူမှသတိမထားမိခဲ့ကြပေ။

တန်ယောင်ကွမ်း ရှုံ့ချပြောဆိုနေရင်း ရုတ်တရက်သူ့ကိုယ်ကတောင့်တင်းသွားကာ ဒေါသတကြီး အော်ပြောလိုက်၏။

“အဇူရာတိမ်ဂိုဏ်းမပျက်ဆီးသရွေ့ ငါအနားမယူဘူး

ဒီတစ်ကြိမ် ငါတို့ဒီကောင်တွေကို ရှင်းကိုရှင်းပစ်ရမယ် ငါတို့သာ နောက်တစ်ကြိမ်ပြန်ပူးပေါင်းလိုက်ရင် ဒီကောင့်ကိုအမှောက်သိပ်နိုင်မှာ သေချာတယ် ကျန်းယန်ရဲ့စိတ်ဝိညာဉ်ရတနာတွေကိုတော့ တစ်ဂိုဏ်းကိုတစ်ခုခွဲယူကြမယ်

ငါကတော့ စစ်ထူမင်ယွဲ့ကိုပဲလိုချင်တာ ကျန်တာကိုမင်းတို့နဲ့မလုဘူး မင်းတို့ငါနဲ့နောက်တစ်ကြိမ် ပူးပေါင်းကြဦးမလား

ငါပြောမယ် ငါနဲ့မပူးပေါင်းတဲ့သူမှန်သမျှက ငါ့ရန်သူပဲ

တကယ်လို့မင်းတို့မပူး‌ေပါင်းရင် ငါလန်ကျားအထွတ်အမြတ်မြေကိုပြန်ရောက်တဲ့အခါ ငါ့အကြီးအကဲကို မင်းတို့ဂိုဏ်းတွေကိုဒုက္ခပေးခိုင်းမှာ

ငါ့အကြီးအကဲက လန်ကျားအထွတ်အမြတ်မြေက တာအိုပေါင်းစည်းခြင်းအဆင့်အကြီးအကဲတန်ချိုးရွှေပဲ ငါ့ကိုပြန်မဖြေခင် အကျိုးဆက်တွေကို အရင်စဉ်းစားထားကြ”

ရွှေအမြုတေအဆင့်ကျင့်ကြံသူများ တစ်ယောက်နဲ့တစ်ယောက်အကြည့်ချင်းဖလှယ်လိုက်ကြပြီး ဘယ်လိုတုန့်ပြန်ရမလဲ သေချာသိမနေခဲ့ကြပေ။

လန်ကျားအထွတ်အမြတ်မြေက ရွှေအမြုတေအဆင့်နှစ်ယောက်ကတော့ တန်ယောင်ကွမ်းကိုမျက်မှောင်ကြုံ့ကာကြည့်ရှုနေခဲ့ကြသည်။

တန်ယောင်ကွမ်း ရူးသွားပြီလားဟု သူတို့တွေးလိုက်မိသော်လည်း အဇူရာတိမ်ဂိုဏ်းဧ။်မကြာခဏစော်ကားခြင်းကို ခံ‌ေနရ‌သော တန်ယောင်ကွမ်းအဖြစ်ကိုသူတို့နားလည်ပေးနိုင်‌၏။

ကျန်းယန်နှင့်စစ်ထူမင်ယွဲ့၏စိတ်ဝိညာဉ်အဆင့်ရတနာများအကြောင်းတွေးမိသောအခါ ထိုအရာများကို လိုချင်သောကြောင့် သူတို့လည်း စိတ်လှုပ်ရှားလာခဲ့ကြသည်။

ထို့ကြောင့် သူတို့တန်ယောင်ကွမ်းကိုမတားခဲ့ကြပေ။

တန်ယောင်ကွမ်း၏ခြိမ်းခြောက်မှုအောက်တွင် ရွှေအမြုတေအဆင့် ၂၀ကျော်နောက်တစ်ကြိမ်ပြန်ပေါင်းသွားကြပြန်ပြီး ဤတစ်ကြိမ်တွင် စိတ်ဝိညာဉ်အဆင့်ရတနာများကိုအရယူဖို့ စိတ်ပိုင်းဖြတ်ထားခဲ့ကြ၏။

“ငါတို့အပြင် အခြားဂိုဏ်းတွေလည်းပူးပေါင်းပါ၀င်ဖို့လိုနေတယ် သူတို့နဲ့ဆက်သွယ်ကြ ပြီးရင်စည်းရုံးပြီးလူစု လူခွဲပြီးလှုပ်ရှားကြမယ် ဖြစ်လာမယ့်အကျိုးဆက်မှန်သမျှကို လန်ကျားအထွတ်အမြတ်မြေက တာ၀န်ယူတယ် ငါတို့နောက်ကိုလိုက်ရင် အကျိုးအမြတ်တွေအများကြီး ရလိမ့်မယ်” တန်ယောင်ကွမ်း ကြမ်းကြုတ်သောအမူအရာဖြင့် ပြောလိုက်သည်။

“ဝိညာဉ်တစ်ရာဂိုဏ်းလို အဓိကဂိုဏ်းကြီးတွေဆီကိုတော့ ငါကိုယ်တိုင်သွားပြီးစည်းရုံးမယ် ဒီလောက်လူအများကြီးနဲ့‌ေတာင် အဇူရာတိမ်ဂိုဏ်းကကောင်တွေကို အလဲမထိုးနိုင်ဘူးလို့ ငါမယုံဘူး”

လူတိုင်းတန်ယောင်ကွမ်း၏ကြမ်းကြုတ်လှသောအမူအရာကိုကြည့်ကာ အနည်းငယ်စိတ်လှုပ်ရှားသွားခဲ့ကြ၏။

တကယ်လို့ သူတို့သာလူထပ်ပြီးစုနိုင်ခဲ့မယ်ဆိုလျှင် အဇူရာတိမ်ဂိုဏ်းကိုကြောက်စရာလိုတော့မည် မဟုတ်ပေ။

စိတ်ဝိညာဉ်အဆင့်ရတနာဝေစုလည်း ရရှိနိုင်ဦးမည် မဟုတ်ပါလော။

ထိုစဉ် လျှို့ဝှက်နယ်မြေအခြားတစ်ဖက်၌ ကျန်းယန်ဒေါသထွက်နေသောအမူအရာဖြစ်နေပြီး ကျန်းကျစ်ချိုးကတော့ သူ့ရှေ့က အချစ်ငှက်မောင်နှံကိုကြည့်ကာ ‌သွားပင်ကျိန်းလာသလိုခံစားလိုက်ရ၏။ နောက်ဆုံးတွင်တော့ စစ်ထူမင်ယွဲ့ ငါးစွပ်ပြုတ်တစ်ပန်းကန်ကို ကုန်အောင်စားနိုင်သွားခဲ့သည်။

ငါးစွပ်ပြုတ်ပန်းကန်အသေးလေးကို သူမမိနစ်များစွာကြာအောင် စား‌ခဲ့ခြင်းဖြစ်၏။

ငါးစွပ်ပြုတ်သောက်ပြီးသောအခါ သူမလျှာကိုသပ်လိုက်ပြီး ကျန်းယန်ကိုကြည့်ကာ ပြောလိုက်လေသည်။

“ညီမလေးစားပြီးပြီ!”

ကျန်းကျစ်ချိုးကတော့ ကောင်းကင်ကိုမော့ကြည့်နေပြီး သူထွက်သွားသင့် မသွားသင့် စဉ်းစားနေခဲ့၏။

သူ့စီနီယာအစ်ကိုကြီးနှင့်ဂျူနီယာညီမလေးတို့တွင် ခံစားချက်တစ်စုံတစ်ရာရှိနေကြသလား သူသေချာမသိပေ။ သို့သော်လည်း သူ့ရှေ့တွင်အခုလို ချစ်ကြည်နူး တစ်တီးတူးလုပ်ပြနေခြင်းကတော့ အနည်းငယ်လွန်လွန်းလှသည်။

အနာဂတ်တွင် ထိုနှစ်ယောက်ကိုအတူတူတွေ့လိုက်သည်နှင့် မနှောင့်ယှက်မိအောင် ဝေးဝေးကရှောင်နေမည်ဟု သူဆုံးဖြတ်ထားခဲ့၏။

ကျန်းယန်မျက်ခံုးများ အလိုလိုတွန့်‌ေကွးသွားခဲ့ကာ စစ်ထူမင်ယွဲ့ဘာလုပ်နေတာလဲဟု သူတကယ်ကိုမေးချင်နေခဲ့သည်။

သူမအသက်ကိုကယ်တင်ပေးခဲ့ခြင်းကြောင့် သူ့အပေါ်အခုလို ရက်ရက်ရောရောကြီးပြုမူနေခြင်းပေလော။

သူကူကယ်ရာမဲ့‌ေနသလို ခံစားနေခဲ့ရ၏။

“စီနီယာအစ်ကိုကြီး အစ်ကိုကြီးချက်ထားတဲ့ငါးစွပ်ပြုတ်က အရမ်းအရသာရှိတာပဲ!” စစ်ထူမင်ယွဲ့ တခစ်ခစ်ရယ်မောလိုက်ကာ ကျန်းယန်အင်္ကျီလက်အိုးကိုဆွဲထားလိုက်ပြီး

“ငါးစွပ်ပြုတ်သောက်ပြီးတော့ ညီမလေးအားတွေပြန်ပြည့်လာသလို ခံစားလိုက်ရတယ်!”

ကျန်းယန် သူ့အင်္ကျီလက်အိုးကိုတစ်ချက်ခါလိုက်ပြီး အေးစက်စက်ပြောလိုက်သည်။

“သွားကြစို့”

“စီနီယာအစ်ကိုကြီးညီမလေးအတွက်ကလဲ့စားချေပေးတော့မှာလား အဲ့လိုကြားရတာ ညီမလေးတော့အရမ်းပျော်တာပဲ” စစ်ထူမင်ယွဲ့အံ့အားသင့်ဟန်ဖြင့် ပြောလိုက်ပြန်၏။

“စီနီယာအစ်ကိုကြီး အစ်ကိုကြီးကစကားပြောမနေတဲ့အချိန်တွေဆို အရမ်းကို မိမိုက်နေတာပဲနော်!”

ကျန်းယန် သည်းမခံနိုင်တော့ပေ။

ဒါမျိုးအပြုအမူကြီး‌ေတွကို သာမန်လူတစ်ယောက်က ဘယ်လိုလုပ်လုပ်နိုင်နေတာလဲကွာ!

သူ့ညီမလေးအခုလိုစနောက်တတ်မှန်း သူအရင်က သတိမထားမိခဲ့ပေ။

တကယ်လို့ သူသာအရင်ကတည်းကသတိထားမိခဲ့လျှင် စစ်ထူမင်ယွဲ့ကိုတောင်ပေါ်လုံး၀ ခေါ်လာခဲ့မှာမဟုတ်ပေ။ စိတ်ဝိညာဉ်ကျောက်တုံး ၁သန်းကိုလည်း ပျော်ပျော်ကြီးလက်လျှော့လိုက်မည်သာ။

ထိုစဉ် ရုတ်တရက် သူတို့အနီးတစ်ဝိုက်တွင်ချောင်းနေသော လီချီကိုမြင်လိုက်ပြီး သူအော်ပြောလိုက်၏။

“ရပ်လိုက်စမ်း!”

သူ့ရှေ့က ကျန်းယန်ကိုမြင်သောအခါ လီချီချက်ချင်းထွက်ပြေးချင်သွားခဲ့သည်။

သို့သော် ထွက်ပြေးလျှင်ဖြစ်လာမည့်အကျိုးဆက်များကို သိနေသောကြောင့် ထိုနေရာတွင်သာခါးသက်သက်အမူအရာဖြင့် ရပ်နေခဲ့လိုက်ရ၏။

“မင်းနောက်ဆုံးတစ်ခေါက်တုန်းက ကောင်းကောင်းအလုပ်လုပ်ခဲ့တာပဲ လူအများကြီးကိုဆွဲဆောင်လာခဲ့တာ ငါမင်းကိုဆုတောင်မချရသေးဘူး”

စစ်ထူမင်ယွဲ့ကြောင့် မသက်မသာဖြစ်‌ေန‌ေသာ ကျန်းယန်ဧ။်ခံစားချက်သိသိသာသာပိုမိုကောင်းမွန်လာခဲ့သည်။

“ဒီတစ်ခေါက်ရော ဘယ်သူတွေကိုဆက်သွယ်ခဲ့လဲ ငါ့ကိုအမှန်အတိုင်းပြော မပြောရင် ငါမင်းကိုတိုက်ခိုက်မှာ မင်းလူဘယ်နှစ်ယောက်ဆက်သွယ်ခဲ့လဲ ငါဂရုမစိုက်ဘူး မင်းငါ့ကိုရိုးရိုးသားသားဆက်ဆံလား မဆက်ဆံဘူးလားဆိုတာကိုပဲ ငါဂရုစိုက်တယ်”

လီချီ ဆွံ့အနေခဲ့၏ တကယ်လည်း သူတစ်ခေါက် ကျန်းယန်ကိုအလဲထိုးဖို့ လူပေါင်းများစွာကိုဆက်သွယ်ထားခဲ့ပြီးသားဖြစ်သည်။ သို့သော် သူ့လုပ်ရပ်ကဘယ်လိုလုပ်ပေါ်သွားရပါသနည်း။

အခုကျန်းယန်ကသူ့ကိုတိုက်ရိုက်မေးနေပြီဖြစ်လေရာ သူမည်သို့လုပ်ရပါတော့မည်နည်း။

တကယ်လို့ ကျန်းယန်သာသူ့လက်ထဲကသက်သေကိုဖြန့်လိုက်မည်ဆိုလျှင် ခဏနေ ကျန်းယန်ဝိုင်းတိုက်ခံရရင်တောင် သူလည်းဒုက္ခရောက်သွားရမည်သာ။

ထိုအကြောင်းတွေးမိသွားသောအခါ သူအမှန်တိုင်းပြောဖို့သာ ဆုံးဖြတ်လိုက်ရ၏။

“ဝိုးးး!” ကျန်းယန် မျက်လုံးများပြူးကျယ်သွားခဲ့သည်။

“မင်းတို့ကောင်တွေတကယ်ကြီးအကုန်ထုတ်လာတာပဲ အထွတ်အမြတ်မြေတွေအများကြီး ဂိုဏ်းတွေအများကြီးကိုပူးပေါင်းထားကြတာပဲ ငါ့ကိုအဲ့လောက်တောင် တန်ဖိုးမြင့်မြင့်ထားကြတယ်လား ဟမ်”

ကျန်းကျစ်ချိုးအမူအရာလေးနက်သွားခဲ့ကာ

“စီနီယာအစ်ကိုကြီး ကျွန်တော်တို့အခုရှောင်နေမှဖြစ်တော့မယ် ဒီလောက်လူတွေအများကြီးနဲ့ဆိုရင် စိတ်ဝိညာဉ်အဆင့်ရတနာတွေရှိရင်တောင် ကျွန်တော်တို့ ယှဉ်နိုင်မှာမဟုတ်ဘူး”

သူတို့ရင်ဆိုင်ရမည့် လူအင်အားနှင့်စွမ်းအားက အမှန်တကယ်ပင်ကြောက်စရာကောင်းလွန်းလှသည်။

စစ်ထူမင်ယွဲ့ကတော့ ခေါင်းယမ်းလိုက်ပြီး ဘာမှမပြောဘဲ ကျန်းယန်ကိုသာစောင့်ကြည့်နေခဲ့၏။ ကျန်းယန်ဒီအခြေအနေကိုဘယ်လိုကိုင်တွယ်မလဲဆိုတာ မိစ္ဆာသန္ဓေသား မြင်ချင်နေခဲ့သည်။

ကျန်းယန် မျက်ခုံးများတွန့်ကွေးသွားပြီး တခဏတွေးတောလိုက်ကာ အေးအေးဆေးဆေးပြန်ပြောလိုက်၏။

“ငါတို့ဒီကပဲစောင့်နေမယ်!”

သူလီချီ့ဘက်လှည့်လိုက်ကာ

“သူတို့ကိုသွားပြောလိုက် ငါဒီမှာပဲရှိနေမယ် ဒီကိုလာပြီးငါ့ကိုအနိုင်ယူကြလို့!”

လီချီလည်း ထူးဆန်းနေသောအမူအရာဖြင့် ထွက်ခွာသွားခဲ့လေသည်။ ခပ်ဝေးဝေးရောက်သည်နှင့် မှုန်နေအောင်ကို ပြေးတော့လေ၏။

လီချီ ပျောက်ကွယ်သွားသည်နှင့် ကျန်းကျစ်ချိုးအလျင်အမြန်ပြောလိုက်၏။

“စီနီယာအစ်ကိုကြီး ပြေးကြစို့ ဒီအချိန်ပြေးရင် သူတို့ဒီနေရာရောက်တဲ့အခါကျ ကျွန်တော်တို့လည်းတစ်နေရာရာရောက်နေလောက်ပြီ”

ကျန်းယန် အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်။

“ပြေးဖို့လား ငါတို့ကဒီနေရာမှာ တွင်းတစ်တွင်းတူးပြီး ဒီကောင်တွေကိုမြှုပ်နှံပစ်မှာ!”

All Chapters