← Chapters

အခန်း (၃၇)

Vol. 4 Ch. 37

အခန်း (၃၇)

Vol. 4 Ch. 37

“ရှုပ်ထွေးသည့် ကျင့်ကြံခြင်းလောက”

စွန်းလင်အာ သည် လူယုတ်မာ ထျန်စမ်း ဖမ်းဆီးလာသော မိန်းမပျိုကို ခေါ်ဆောင်ကာ ရထားလုံးပေါ်သို့ တက်သွားသည်။

စွန်းယန်ဝမ် အနေဖြင့် ကားများကို ကျွမ်းကျွမ်းကျင်ကျင် မောင်းဖူးသော်လည်း မြင်းရထားကိုတော့ တစ်ကြိမ်တစ်ခါမျှ မောင်းခဲ့ဖူးခြင်း မရှိပေ။ ယခင် ဆရာမိုဝူရွှယ် နှင့် သွားလာခဲ့စဉ်က ဆရာမိုဝူရွှယ် ကသာ မောင်းနှင်ခဲ့ခြင်း ဖြစ်သည်။

ယခု သူသည် မြင်းရထားမောင်းနှင်သူ နေရာကို အလိုအလျောက် ရရှိလာပြီး အဆင်မပြေစွာ မောင်းနှင်ရတော့သည်။ သူက ကြိုးကိုကိုင်ကာ “ဟေး”ခနဲ အသံပေးလိုက်ရုံဖြင့် လှည်းဆွဲသော မြင်းသည် အလွန်လိမ္မာပါးနပ်စွာဖြင့် ချက်ခြင်းပင် ရှေ့သို့ ထွက်ခွာသွားခဲ့သည်။ ပေကပ်ကပ်လုပ်မည့် အရိပ်အယောင်မျိုးလည်း မရှိပေ။

ကောင်းကင်ယန္တရားဂိုဏ်းသည် ဤမျှအထိ ပြင်ဆင်ထားပေးခဲ့သည်။

သူတို့ ဤနေရာသို့ လာရောက်စဉ်က အလွန်လျင်မြန်သော လှုပ်ရှားမှုများကို အသုံးပြုခဲ့ခြင်းကြောင့် အမြန်ဆုံး ရောက်လာကြသော်လည်း မြင်းလှည်းနှင့် ပြန်သောအခါ အရှိန်သည် သိသိသာသာ နှေးကွေး သွားတော့သည်။

သူတို့မြို့ရိုးအနီးသို့ ချဉ်းကပ်လာသောအခါ မိုးစင်စင်လင်းနေပြီး မြို့တံခါးများပင် ဖွင့်လှစ်ပြီးနေပြီ ဖြစ်သည်။ စွန်းယန်ဝမ် သည် မြင်းရထားကို ထိန်းကျောင်းရင်း မြို့တွင်းသို့ ဝင်လာခဲ့ကာ စွန်းလင်အာ ညွှန်ပြသည့် လမ်းကြောင်းအတိုင်း ထိုမိန်းမပျိုလေး၏ နေအိမ်ရှေ့အထိ ပြန်လိုက်ပို့ပေးခဲ့သည်။

သူမကို ပို့ဆောင်ပေးခဲ့ပြီး မြင်းရထားကို ဆက်လက်မောင်းနှင်လာစဉ် မလှမ်းမကမ်းသို့ ရောက်သောအခါ လူယုတ်မာ ထျန်စန်း ၏ အလောင်းသည် မြေပြင်ပေါ်တွင် ဆန့်ဆန့်ကြီး လဲလျောင်းနေသည်ကို မြင်လိုက်ရသည်။

စွန်းယန်ဝမ် သည် သူရောက်လာသော ကမ္ဘာမှာ ကျင့်ကြံခြင်းလောက မဟုတ်တော့ဘဲ ထူးခြားဆန်းကြယ်သော သရဲလောကများ ဖြစ်သွားပြီလားဟု သံသယများ ဝင်လာမိစဉ် စွန်းလင်အာ ၏ အသံ ထွက်ပေါ်လာသည်။

“အစ်ကိုစွန်း… အဲဒီလူယုတ်မာကောင်ရဲ့ အလောင်းကို ရထားပေါ်ကို ကူတင်ပေးဦး… ညီမတို့ အဲဒါကို ခရိုင်ဝန်ရုံးကို ပို့ပေးရမယ်…”

ထိုအချိန်ကျမှသာ စွန်းယန်ဝမ် သတိပြန်ရသွားပြီး စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

“တော်သေးတာပေါ့… ဒီလူယုတ်မာရဲ့ အလောင်းက အသက်ပြန်ရှင်လာတာ မဟုတ်ဘူးပဲ… ကောင်းကင်ယန္တရားဂိုဏ်းက လူတွေ ဒီနေရာရောက်အောင် သယ်လာပေးသွားတာကို…”

သူက ရထားပေါ်မှ အလျင်အမြန် ဆင်းသွားပြီး လူယုတ်မာထျန်စန်း ၏ အလောင်းကို ရထားလုံးပေါ်သို့ “ဝုန်း”ခနဲ ပစ်တင်လိုက်သည်။

ခရိုင်ဝန်ရုံး အပြင်ဘက်သို့ ရောက်သောအခါ စွန်းလင်အာ သည် ထိုလူယုတ်မာ၏ အလောင်းကို ခြေထောက်ဖြင့် အောက်သို့ “ဖုန်း”ခနဲ ကန်ချလိုက်ပြီး စာတစ်စောင်ကို ဓားမြှောင်ဖြင့် ထိုးစိုက်ကာ ရုံး၏ တံခါးမကြီးတွင် ထိုးစိုက်လိုက်သည်။

ထို့နောက် သဘောကျစွာ တခစ်ခစ်ရယ်မောရင်း ပြောသည်။

“အစ်ကိုစွန်း… ညီမတို့ သွားရအောင်…”

ဆွန်ယန်ဝမ် သည် သူ့စိတ်ထဲတွင် ပေါ်လာသော လမ်းများအတိုင်း ရထားကို မောင်းနှင်လာခဲ့ပြီး လမ်းသွယ်တစ်ခု အတွင်း ချိုးကွေ့လိုက်သောအခါ တစ်စုံတစ်ဦးသည် မြင်းအား ရှေ့မှ တားဆီးထားသည်ကို တွေ့လိုက်ရသည်။

သူက စွန်းလင်အာ ကို လှမ်းကြည့်လိုက်သောအခါ သူမ၏ အမူအရာသည် ပုံမှန်အတိုင်းသာ ရှိနေပြီး ၎င်းသည် နေ့ခင်းကြောင်တောင် ဓားပြတိုက်ခြင်း မဟုတ်ဘဲ ကောင်းကင်ယန္တရားဂိုဏ်းမှ အကျိုးဆက်များ လာရောက်ရှင်းလင်းပေးခြင်း ဖြစ်ကြောင်း သိလိုက်သည်။

သူသည် ချက်ခြင်းပင် လှည်းပေါ်မှ ခုန်ဆင်းကာ ထိုသူအား ရထားကိုပေးလိုက်ပြီး နှုတ်ဆက် ထွက်ခွာရန် ပြင်လိုက်စဉ် စွန်းလင်အာ ၏ အသံကို ကြားလိုက်ရသည်။

“ကျွန်မ အခုနက ပို့လိုက်တဲ့ စာထဲမှာ လျှပ်စီးဓားသခင် ထျန်စန်း အတွက် ရမယ့်ဆုငွေကို မြို့ထဲက ပြည်သူတွေကို ခွဲဝေပေးဖို့ ထည့်ရေးထားတယ်… အစ်ကိုစွန်းနဲ့လည်း ဆိုင်တယ်ဆိုပေမယ့် ကျွန်မကပဲ အကုန်လုံးကို စီမံပေးလိုက်တာပါ…”

စွန်းယန်ဝမ် က ပြုံးကာ ပြောသည်။

“ဒါက လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပါ စွန်းအစ်မ…”

စွန်းလင်အာ က ရယ်မောလိုက်ပြီး လက်ကို ဝှေ့ရမ်းရင်း ပေါ့ပါးစွာ ထွက်ခွာသွားတော့သည်။

သူသည် တစ်ညလုံး မအိပ်ရသေးသည့်အပြင် လူတစ်ဦးနှင့်လည်း သူသေကိုယ်သေ တိုက်ခိုက်ခဲ့ရသောကြောင့် အနည်းငယ် စွမ်းအားကုန်ခမ်းသည့်ဒဏ်ကို ခံစားနေရသည်။

သူနေထိုင်သည့် တည်းခိုဆောင်သို့ ပြန်ရောက်သောအခါ ခေါင်းချလိုက်သည်နှင့် ချက်ခြင်း အိပ်ပျော်သွားတော့သည်။

နေ့ခင်းဘက် အချိန်ရောက်မှသာ ပြန်နိုးလာပြီး စိတ်ရောကိုယ်ပါ အလွန် လန်းဆန်းတက်ကြွ နေခဲ့သည်။ ထို့နောက် သူ့အစ်ကိုကြီးဆီသို့ သွားကာ ညကဖြစ်ပျက်ခဲ့သည့် ကိစ္စများ အားလုံးကို အစအဆုံး ပြန်ပြောပြလိုက်သည်။ ကျန်းချင်းရှီ က အသာအယာ ပြုံးရင်း ဆိုသည်။

“လူယုတ်မာ ထျန်စန်း အတွက် ဆုငွေက အများဆုံးရမှ ငွေဒင်္ဂါးနှစ်ရာပေါ့… ဒါပေမဲ့ စွန်းမျိုးနွယ်ကတော့ အနည်းဆုံး ငွေဒင်္ဂါးတစ်ထောင့် ငါးရာလောက်ကို ခရိုင်ရုံးကနေတစ်ဆင့် မြို့သူမြို့သားတွေကို ခွဲဝေပေးရလိမ့်မယ်…”

စွန်းယန်ဝမ် အလွန်အံ့ဩစွာ မေးလိုက်သည်။

“ဘာဖြစ်လို့လဲ အစ်ကိုကြီး…”

ကျန်းချင်းရှီ က ပြောသည်။

“တာ့လန်အင်ပါယာရဲ့ တော်ဝင်အိမ်တော်က ပြဌာန်းထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ… ဥပဒေတွေ ကြောင့်ပဲ… သူတို့က ကျင့်ကြံသူတွေကို စိတ်ထင်တိုင်း သတ်ဖြတ်ခွင့် လုံးဝပေးမထားဘူး… လူယုတ်မာ တစ်ယောက် ဖြစ်နေရင်တောင် လူအများသိအောင် စစ်ဆေးစီရင်ပေးရမယ်… ကျင့်ကြံသူတွေ အနေနဲ့ သူတို့ကိုယ်တိုင် ဆုံးဖြတ်ခွင့် လုံးဝမရှိဘူး…”

“အဲဒါကြောင့် နာမည်ကြီး မိသားစုကြီးတွေက သူတို့ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ချင်တဲ့အခါကျရင် ဒီလိုမျိုးကိစ္စတွေကို မလွဲမသွေ လုပ်ကြလေ့ရှိတယ်… တော်ဝင်အိမ်တော်ရဲ့ မျက်နှာသာပေးမှုကို ရတဲ့အတွက် ရုံးတော်က အမှုထမ်းတွေကလည်း အဲဒီသူရဲကောင်းကို တစ်ဖက်လှည့်နဲ့ အပြစ်တွေကို လုံးဝဖြေလျော့ ပေးလိုက်ကြတာပဲ…”

“ဒါက ကျင့်ကြံခြင်းလောကထဲမှာ သွားလာလှုပ်ရှားတဲ့အခါ လိုအပ်တဲ့ လျှို့ဝှက်ချက်တွေထဲက အရေးကြီးတဲ့ လျှို့ဝှက်ချက် တစ်ခုပဲ…”

စွန်းယန်ဝမ် ၏ ခေါင်းထဲတွင် အတွေးတစ်ခု “လက်”ခနဲ ဖြစ်သွားပြီး ကျင့်ကြံခြင်းလောကသည် အလွန်ပင် ရှုပ်ထွေးသည်ဟု ခံစားရသည်။ သူဖတ်ခဲ့ဖူးသော အရှေ့တိုင်း ဝတ္ထုဇာတ်လမ်းများကဲ့သို့ ရိုးရှင်းသည့် ကမ္ဘာမဟုတ်ဘဲ ဉာဏ်ကိုလွှာ၍ အသုံးမချတတ်လျှင် စောစောစီးစီး လမ်းပျောက်သွားဖွယ် ရှိသည်။

ညီအစ်ကိုနှစ်ဦးသည် နေ့လယ်စာ စားသောက်ကြပြီး လမ်းခရီးအတွက် စားသောက်စရာ အချို့ကို ဝယ်ယူကာ ရှေ့ဆက်မည့်ခရီးကို နောက်တစ်ကြိမ် စတင်လိုက်ကြသည်။

သူတို့နှစ်ဦး မြို့ပြင်သို့ ရောက်လာပြီး နာရီအနည်းငယ်ကြာအောင် ခရီးနှင်ပြီးနောက် မြေပြင် အခြေအနေသည် ကျန်းချင်းရှီ ပြောသည့်အတိုင်း လုံးဝတိတ်ဆိတ် ခြောက်ကပ်သွားတော့သည်။

တဖြည်းဖြည်းနှင့် နေဝင်တော့မည်ဖြစ်သောကြောင့် အနည်းငယ် အဆင်ပြေမည့် နေရာတစ်ခုကို ရှာဖွေကာ ညအိပ်ရန် ပြင်ဆင်နေစဉ် ချစ်စရာကောင်းသော အသံလေးတစ်သံကို ကြားလိုက်ရပြန်သည်။

“အစ်ကိုစွန်း… ရှင်တို့နဲ့ နောက်တစ်ခေါက် ဆုံပြန်ပြီနော်…”

စွန်းယန်ဝမ် သည် အသံလာရာဆီသို့ လှမ်းကြည့်လိုက်သောအခါ စွန်းမိသားစုမှ မြေးအဖိုးနှစ်ဦးကို တွေ့လိုက်ရသည်။ သူတို့အနီးတွင် မီးဖိုတစ်ဖို ဖိုထားပြီး ရထားလုံးတစ်စီးလည်း ရှိနေသောကြောင့် အချိန်အတန်ကြာကပင် ရောက်ရှိနေဟန် ရှိသည်။ သူ အကြီးအကျယ် အံ့အားသင့်သွားတော့သည်။

“သူတို့က ရထားလုံးနဲ့ သွားကြတာလေ… ငါတို့က မြင်းစီးပြီးသွားနေတာ… ရောက်ချင်းရောက် ငါတို့က အရင် ရှေ့ရောက်နေရမှာ မဟုတ်ဘူးလား… သူတို့ရထားလုံးက ငါတို့မြင်းထက် ပိုမြန်နေတာလား…”

ထိုသို့စဉ်းစားလိုက်ပြီးမှ တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး စိတ်ထဲတွင် တွေးလိုက်မိသည်။

“သူတို့က တစ်ခြားနည်းလမ်း တစ်ခုခုနဲ့ ရောက်လာတာ သေချာတယ်… ငါတို့ရှေ့ကို တမင်တကာ ကြိုရောက်အောင် စီစဉ်ပြီး ရထားတစ်စီးကို ဒီနေရာမှာ နေရာချခိုင်းထားတာပဲ ဖြစ်လိမ့်မယ်… ဒီလိုလုပ်မှပဲ ကောင်းကင်ယန္တရားဂိုဏ်းရဲ့ လှည့်ကွက်တွေကို ငါတို့ မရိပ်မိမှာပေါ့…”

“ကျင့်ကြံခြင်း လောကရဲ့ ရှုပ်ထွေးမှုကလည်း တဖြည်းဖြည်း ပိုပိုဆိုးလာပါလားဟ…”

စွန်းယန်ဝမ် အနည်းငယ် ညည်းတွားလိုက်မိသည်။ ကျန်းချင်းရှီ က သူ့စကားကို သဘောကျစွာ ပြုံးရင်း စိတ်ထဲတွင် စဉ်းစားနေမိသည်။

“စွန်းညီလေးရဲ့ ပန်းပွင့်ကံ(စန်းပွင့်တာ) က တော်တော်ကို ကြောက်ဖို့ကောင်းတာပဲ…”

“ဒါပေမဲ့ သူ့အသက်က အရမ်းငယ်နေသေးတော့ အိမ်ထောင်ပြုဖို့က အဆင်မပြေလောက်သေးဘူး… ဒုတိယညီလေးသာ အရွယ်ရောက်လာရင် သူရဲကောင်းမလေးတွေ အများကြီးက ဝိုင်းလုကြမှာလား မသိဘူး… တကယ်လို့ အဲဒီအတိုင်းသာ ဖြစ်ရင်တော့ ဟဲ… ဟဲ… ပွဲကြီးပွဲကောင်းတွေ ကြည့်ရချည်သေးရဲ့…”

စွန်းယန်ဝမ် က ဝမ်းသာအားရ ပြုံးပြပြီး လက်ကိုဝှေ့ရမ်းကာ နှုတ်ဆက်လိုက်သည်။

“စွန်းအဘိုးနဲ့ စွန်းအစ်မ တို့ပါလား… ဘယ်လိုလုပ်ပြီး ကျွန်တော်တို့ထက် အရင်စောရောက် နေကြတာလဲ…”

စွမ်းယွမ်ဟဲ သည် ပြုံးရုံသာပြုံးနေပြီး မည်သည့်စကားမျှ ပြောဆိုခြင်း မရှိသော်လည်း စွန်းလင်အာ က အပြုံးကလေးတစ်ပွင့်နှင့် ပြန်ဖြေသည်။

“ဒါက လျှို့ဝှက်ချက်နော်… ရှင့်ကို မပြောပြနိုင်ဘူး..”

“ကျွန်မတို့ မြေးအဘိုးက ဒီမှာ အနားယူမှာလေ… ရှင်တို့ပါ ဒီမှာ အနားယူကြမလား…”

သူမက ကမ်းလှမ်းသည်။ ကျန်းချင်းရှီ နှင့် စွန်းယန်ဝမ် တို့မှာ နှစ်ခါခေါ်ရသည့်သူများ မဟုတ်သောကြောင့် ချက်ခြင်းပင် ရောက်လာကြသည်။ စွန်းယန်ဝမ် က အနည်းငယ် သိချင်စိတ်ဖြင့် မေးလိုက်သည်။

“စွန်းအဘိုးတို့လည်း ဆောင်ယန်တောင်ကို သွားကြမလို့လား…”

စွန်းယွမ်ဟဲ က အေးအေးဆေးဆေးပင် ပြန်ပြောသည်။

“ဆောင်ယန်ဂိုဏ်းရဲ့ မျိုးဆက်သွေးခုနှစ်မျိုး သိုင်းပြိုင်ပွဲက အပြင်လူတွေ လာကြည့်တာကို ဘယ်တုန်းကမှ မပိတ်ပင်ခဲ့ဘူး… ဒီလိုမျိုး ထင်ရှားတဲ့ ပွဲကြီးတွေမှာ ဧည့်သည်တွေကို ဖိတ်ကြားတာကလည်း ပုံမှန်ပါပဲ…”

“မထင်ရှားတဲ့ ဒီလူအိုကြီးကလည်း အကြိမ်အနည်းငယ် ဖိတ်ကြားခံရဖူးတယ်… ဒီတစ်ခေါက်တော့ လေးစားသောအားဖြင့် ဖိတ်စာကို လက်ခံပြီး မတတ်သာစွာ တစ်ခေါက် သွားရဦးမှာပေါ့…”

ဤ ကောင်းကင်ယန္တရားဂိုဏ်း၏ ရှန်ထျန်းအဆင့် ဘိုးဘေးသည် အမှန်တကယ်ပင် သူ့ကိုယ်သူ အမွှန်းတင်ကာ ပြောဆိုနေခြင်း မဟုတ်ပေ။ ဆောင်ယန်ဂိုဏ်းသည် သူတို့၏ လူငယ်တပည့်များအား ထင်ရှားကျော်ကြားလာစေရန် ကျင့်ကြံခြင်းလောကမှ မိတ်ဆွေဂိုဏ်းများ အားလုံးကို နှစ်စဉ် ဖိတ်စာများ ပို့ပေးသည်က အမှန်ဖြစ်သည်။

သို့သော် နာမည်ကြီး အကြီးအကဲ အများစုသည် ဤကဲ့သို့ သိုင်းပြိုင်ပွဲတစ်ခုကို ကြည့်ရှုရန် ကုန်းတစ်တန်၊ ရေတစ်တန်ဖြင့် လာရသော ဆောင်ယန်တောင်ခရီးစဉ်ကို အမှန်တကယ် လာရောက်ကြခြင်း မရှိပေ။

ပျော်ပျော်နေတတ်သည့် အကြီးအကဲများနှင့် ဂိုဏ်းအသီးသီးမှ လူငယ်တပည့်များသာ အထူးတလည် လာရောက် အားပေးကြခြင်း ဖြစ်သည်။

စွန်းယွမ်ဟဲ ကဲ့သို့ ဝါရင့်အကြီးအကဲများ အနေဖြင့် နှစ်စဉ်နှစ်တိုင်း ယဉ်ကျေးစွာ ငြင်းပယ်လေ့ရှိပြီး ကောင်းကင်ယန္တရားဂိုဏ်း၏ လူငယ်မျိုးဆက်များကိုသာ အတွေ့အကြုံရယူရန်၊ ဆောင်ယန်ဂိုဏ်း၏ လူငယ်မျိုးဆက်များနှင့် ရင်းနှီးခင်မင်မှုရရန် စေလွှတ်ပေးလေ့ ရှိသည်။

စွန်းလင်အာ သည် ဤကဲ့သို့ ပွဲမျိုးကို အနည်းငယ်မျှ စိတ်ဝင်စားသူမဟုတ်သော်လည်း စွန်းယန်ဝမ် သည် မျိုးဆက်သွေး ခုနှစ်မျိုး သိုင်းပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ကြားသောအခါ အဘိုးဖြစ်သူအား ဆောင်ယန်တောင်သို့ လိုက်ပို့ရန် နားပူနားဆာလုပ်ခဲ့သည်။

မြေးအဖိုးနှစ်ဦးသည် မြင်းရထားနှင့် လာခဲ့သူများ ဖြစ်သောကြောင့် သယ်ဆောင်လာသော ပစ္စည်းများမှာ အမျိုးအစား စုံလင်ပြီး ပြင်ဆင်မှုအားလုံးက စေ့စပ်သေချာသည်။

မီးပုံပေါ်တွင် သိုးခြေထောက်နှစ်ချောင်းနှင့် သိုးနံရိုးတစ်ချပ်ကို မီးကင်ထားခဲ့ပြီး အချို့နေရာများသည် ကျက်နေပြီ ဖြစ်သောကြောင့် မွှေးရနံ့က ပတ်ဝန်းကျင် တစ်ခုလုံးကို ပျံ့နှံ့နေပြီ ဖြစ်သည်။

စွန်းယန်ဝမ် သည် ဧည့်သည်တစ်ဦး၏ ကျင့်ဝတ်များကို လိုက်နာမနေတော့ဘဲ မီးပုံဘေးတွင် ထိုင်ချလိုက်ပြီး စွန်းယွမ်ဟဲ ကို မေးသည်။

“ကျွန်တော်က သိုင်းပညာကို သင်ယူပြီးမှ ဆောင်ယန်တောင်ကို ပထမဆုံးအကြိမ် သွားမှာပါ… အဲဒါကြောင့် မျိုးဆက်သွေးခုနှစ်မျိုး သိုင်းပြိုင်ပွဲဆိုတာ ဘယ်လိုမျိုးလဲဆိုတာ တကယ်မသိဘူး… အဘိုး ကျွန်တော့်ကို နည်းနည်းလောက် ပြောပြပေးနိုင်မလား…”

စွန်းလင်အာ က ကျန်းချင်းရှီ ကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။

“ရှင့်ရဲ့ အစ်ကိုကြီးကို ဘာဖြစ်လို့ မေးမကြည့်ရတာလဲ…”

ကျန်းချင်းရှီ သူ့နှာခေါင်းသူ ပွတ်သပ်နေ၏။ အမှန်တကယ်တော့ သူ့တွင်လည်း အတွေ့အကြုံ များများစားစား မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းချုပ်ကြီး ကျန်းယွမ်ချောင် ၏ ပထမဆုံး တပည့်ကြီး ဆိုသည်မှာ ဆောင်ယန်ဂိုဏ်းအတွင်း အလွန်ထင်ရှားကျော်ကြားသော လူငယ် ထိပ်သီးပါရမီရှင်တစ်ဦး ဖြစ်နေခဲ့သောကြောင့် ဖြစ်သည်။

သူပါဝင်ယှဉ်ပြိုင်ခဲ့သည့် မျိုးဆက်သွေးခုနှစ်မျိုး သိုင်းပြိုင်ပွဲများတွင် ပြိုင်ပွဲ၏ ထက်ဝက်သည် တိုက်ခိုက်ရခြင်း မရှိဘဲ အနိုင်ရရှိခဲ့ပြီး၊ တစ်ခါတရံ တိုက်ခိုက်ရန် လိုအပ်ခဲ့လျှင်ပင် အများဆုံး နှစ်ကွက် သုံးကွက်ထက် ပို၍လိုအပ်ခြင်း မရှိခဲ့ပေ။

ထိုစဉ်က သူသည် “ခ”အုပ်စုတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ချန်ပီယံ ဖြစ်ခဲ့သည်။ နောက်တစ်ကြိမ် “က”အုပ်စုသို့ ဝင်ရောက်ယှဉ်ပြိုင်သောအခါ သတ္တမနေရာကို ရရှိခဲ့သည်။ သူ့အနေအထားနှင့် “ဂ”အုပ်စုသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မလိုအပ်သောကြောင့် သူ့ညီလေးအား မျှဝေပေးစရာ အတွေ့အကြုံ မရှိပေ။

စွန်းယန်ဝမ် က အနည်းငယ် အားတုံ့အားနာဟန်ဖြင့် ပြောသည်။

“ကျွန်တော့်အစ်ကိုကြီးက ဒီတစ်ခေါက် ပြိုင်ပွဲမှာ ဝင်မပြိုင်ဘူးလေ…”

စွန်းလင်အာ က တခစ်ခစ် ရယ်မောရင်း ပြောလိုက်သည်။

“ငါကတော့ သုံးလေးခါလောက် သွားကြည့်ဖူးတယ်… အဲဒါကြောင့် ညီမလေးက မင်းကို ပြောပြပေးမယ်…”

ကောင်းကင်ယန္တရားဂိုဏ်း၏ စွန်းမိသားစုသည် လူငယ်မျိုးဆက်များအား အတွေ့အကြုံကောင်းများ ရရှိစေရန်နှင့် ဆောင်ယန်ဂိုဏ်း၏ လူငယ်မျိုးဆက်များနှင့် ခင်မင်ရင်းနှီးမှု ရယူနိုင်ရန်အတွက် သူတို့၏ တပည့်များကို နှစ်စဉ် စေလွှတ်လေ့ရှိသည်။

သို့သော် ထိုအထဲတွင် စွန်းလင်အာ တစ်ကြိမ်တစ်ခါမျှ မပါခဲ့ပေ။ ထိုသို့သာ မဟုတ်ခဲ့လျှင် သူမသည် ကျန်းချင်းရှီ ကို မသိဘဲ နေမည်မဟုတ်ပေ။ ဆိုလိုသည်မှာ သူမသည် အမှန်တကယ် မသွားဘူးခြင်းကြောင့် ကျန်းချင်းရှီ ကို မသိခြင်း ဖြစ်သည်။

ဤ လင်အာနတ်မိမယ်လေးသည် စွန်းယန်ဝမ် ကို နောက်ပြောင်ကျီစယ် လိုခြင်းကြောင့်သာ တမင်တကာ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ကျန်းချင်းရှီ သည် နှာခေါင်းကိုပွတ်သပ်ရင်း စိတ်ထဲတွင် စဉ်းစားနေမိ၏။

“ဒီ စွန်းညီမလေးက မျိုးဆက်သွေးခုနှစ်မျိုး သိုင်းပြိုင်ပွဲကို တကယ်ကြီး ဝင်ပြိုင်ဖူးတာလား… အဲဒါဆိုရင် ငါ့ကို ဘာဖြစ်လို့ မသိဘဲ ဖြစ်နေတာလဲ… ငါ့အဆင့်က တော်တော်ကြီး နိမ့်ကျနေလို့ သူမက ငါ့ကို သတိမပြုမိတာများလား…”

“ငါ့လို အသက်အရွယ်နဲ့ အုပ်စု “က”ရဲ့ ထိပ်ဆုံးဆယ်ယောက်စာရင်း ဝင်နိုင်တာက တကယ်ကို မဆိုးလှပါဘူးဟ…”

All Chapters