နားလည်သဘောပေါက်ခြင်း
Vol. 171 Ch. 2439
ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်က အပြင်ဘက်တွင် ငြိမ်းချမ်းနေပုံပေါ်သော်လည်း ကျင့်ကြံသူလေးယောက်က တစ်ချိန်တည်းတွင် နတ်ဘုရားရုပ်ကြွင်းကို နားလည်သဘောပေါက်အောင် လုပ်ဆောင်နေသည့်အတွက်ကြောင့် ကောင်းကင်နန်းတော်က ပြင်းထန်သည့် ဖိနှိပ်မှုအခြေအနေအောက် ရောက်ရှိနေခဲ့ပေသည်။
သို့သော် ရီဖူရှင်းက တိတ်ဆိတ်စွာ တိတ်ဆိတ်စွာ ဆက်လက်ကျင့်ကြံနေခဲ့ပြီး မည်သူမှ အနီးတွင် ရှိမနေခဲ့ပေ။
ယနေ့တွင် ယဲ့မော်ကောင်းကင်မှ အရှင်ယဲ့က ယန်ရှင်းတောင်ပေါ်သို့ ဆင်းသက်လာကာ သူ့ထံ ရောက်လာခဲ့၏။
“နှုတ်ဆက်ပါတယ် အရှင်ယဲ့။” ရီဖူရှင်းက အရိုအသေပေးရင်း ပြောလိုက်သည်။ ထိုသုံးယောက်က ဤနေရာ၌ ရက်အနည်းငယ် ရှိနေခဲ့သည့်အတွက်ကြောင့် သူတို့၏ အဆင့်အတန်းကို သူ သိရှိပေသည်။
“အင်း။” အရှင်ယဲ့က ရီဖူရှင်းကို ခေါင်းညိတ်ပြကာ ပြောလိုက်သည်။ “မင်းက အခု ကျုပ်တို့ထဲက တစ်ယောက်လို့ သတ်မှတ်နိုင်တယ်။ မင်း ကျုပ်နဲ့ ယဲ့မော်ကောင်းကင်ကို လိုက်ပြီး ကျင့်ကြံချင်လား။”
“ကျုပ်က ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်ရဲ့ ဒီနေရာမှာ တိတ်တဆိတ် ကျင့်ကြံနိုင်တယ်။ အချိန်တချို့လောက်ထိ ထွက်သွားဖို့ စိတ်ကူးမရှိဘူး။” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ သူသည် သူတို့၏ ပြောစကားများက ဆန္ဒခြောက်ပါးအရှင်သခင်၏ နားမှ ပြေးလွတ်နိုင်မည်မဟုတ်ကြောင်း ကောင်းစွာ သိရှိသည့်အတွက် ရီဖူရှင်းက မည်သည်ကို ပြောသင့်ပြီး မည်သည်ကို မပြောသင့်ကြောင်း နားလည်ပေသည်။
“စိတ်မပူပါနဲ့။ မင်းကိုလည်း ကျုပ်တို့ ကလန်သုံးခုထဲက တစ်ယောက်အဖြစ် ယူဆနိုင်တယ်။ မင်း ဆန္ဒရှိသရွေ့ ဘယ်နေရာမှာမဆို ကျင့်ကြံနိုင်တယ်။ ဆန္ဒခြောက်ပါးအရှင်သခင်က မင်းကို မတားဆီးနိုင်ဘူး။” အရှင်ယဲ့က ဆက်လက်၍ ထောက်ခံပြောဆိုလိုက်သော်လည်း ရီဖူရှင်းက မလှုပ်မယှက် ဖြစ်နေသေးသည်။ သူက အတော်လေး စိတ်မဝင်စားနေပုံရသည်။
ရီဖူရှင်း ယဲ့မော်ကောင်းကင်သို့ သွားခြင်းနှင့် ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်၌ နေသည်ဖြစ်စေ မည်သည့် ကွာခြားချက်မှ မရှိပေ။
သူ မည်သည့်နေရာ၌ ရှိနေပါစေ သူက သူတို့၏ ထိန်းချုပ်မှုအောက်၌ ရှိနေလိမ့်မည်ဖြစ်ပြီး အိမ်၌ အကျယ်ချုပ်သာ နေရပေလိမ့်မည်။
ရီဖူရှင်းက သူတို့အားလုံးကို အလွန် ကောင်းစွာ နားလည်ပေသည်။
“အရှင့်ရဲ့ ကြင်နာမှုကို ကျုပ် အလေးထားပါတယ်။” ရီဖူရှင်းက ခံစားချက် အများကြီးမရှိဘဲ တည်ငြိမ်စွာ တုန့်ပြန်ခဲ့သည်။ အရှင်ယဲ့က မည်သည်မှ ထပ်မပြောတော့သော်လည်း စိတ်ချင်းဆက်သွယ်ကာ ပြောလာသည်။ “မင်းက ဆန္ဒခြောက်ပါးအရှင်သခင်ရဲ့ ချုပ်ကိုင်မှုအောက်မှာ ရှိနေတာ သိပေမယ့် ဒီနေ့အခြေအနေမှာ ကျုပ်တို့ သုံးယောက်က ဆန္ဒခြောက်ပါးအရှင်သခင်ထက် အရေးသာနေတာ မြင်နိုင်မှာပေါ့။ ကျုပ်တို့ရဲ့ ဆန္ဒတွေကို လိုက်လျောနေသရွေ့ ဒီနေရာကနေ အဝေးခေါ်သွားပေးမယ်။ ပြီးတော့ ကျုပ်တို့ မင်းကို ဒုက္ခရောက်စေလိုတဲ့ ဆန္ဒမရှိသလို မင်းကိုလည်း ထိခိုက်စေမှာ မဟုတ်ဘူး။ တခြားတစ်ဖက်မှာ ဆန္ဒခြောက်ပါးအရှင်သခင်က မင်း သူလိုချင်တာတွေ ပေးပြီးတာနဲ့ မင်းကို အဆုံးသတ်လိုက်တာမျိုး ဖြစ်နိုင်တယ်။”
“စီနီယာ ကျုပ်က ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာကြောင့် ဆန္ဒခြောက်ပါးအရှင်သခင်က ကျုပ်ကို ထိခိုက်စေမှာ မဟုတ်ဘူး။” ရီဖူရှင်း ကလည်း စိတ်ချင်းဆက်သွယ်ကာ ပြန်ပြောလိုက်သည်။ အရှင်ယဲ့က သူ့မျက်လုံးများထဲသို့ ကြည့်ကာ ထပ်မံ၍ အသံပို့လွှတ်လိုက်ပြန်သည်။ “ဒီလိုဆိုရင် မင်းကလည်း ကျုပ်တို့ရဲ့ ထိန်းချုပ်မှုအောက်မှာပဲမလား။ ကျုပ်တို့သုံးယောက် ကျင့်ကြံဖို့အတွက် နည်းစနစ်တွေ လက်လွှဲပေးရင် ကျုပ်တို့လည်း အဲဒါတွေကို နားလည်သဘောပေါက်အောင် လုပ်ပြီး မင်းကို လမ်းညွှန်မှုတချို့ ပေးလို့ရတယ်။”
ဆန္ဒခြောက်ပါးအရှင်သခင်က ရီဖူရှင်းထံမှ နတ်ဘုရားနည်းစနစ်တို့ကို ရရှိခဲ့သည်ဟု ကောလာဟလများ ရှိပေသည်။ ရီဖူရှင်းက ရက်ပေါင်းများစွာ အိမ်ထဲ၌ ချုပ်နှောင်ခံထားရသည့်အတွက် ၎င်းက အမှန်ဖြစ်နိုင်ပေသည်။ ဆန္ဒခြောက်ပါးအရှင်သခင်က ရီဖူရှင်း ပိုင်ဆိုင်ထားသည့် နတ်ဘုရားနည်းစနစ်များကို လိုချင်တပ်မက်ခြင်းမရှိရန် မဖြစ်နိုင်သောကြောင့် သူတို့သည်လည်း ကျင့်ကြံရန် အခွင့်အရေး လိုချင်ကြပေသည်။
“ကျုပ်ကို ခွင့်လွှတ်ပေးဖို့ ပြောရတော့မှာပဲ စီနီယာ။” ရီဖူရှင်းက အသံပို့လွှတ်ကာ ပြောလိုက်သည်။
“ဟမ်” အရှင်ယဲ့က မျက်မှောင်ကြုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ လွှမ်းမိုးချုပ်ကိုင်မှုစွမ်းအားတို့ ထွက်ပေါ်လာပြီး ရီဖူရှင်းပေါ်သို့ ဆင်းသက်လာသည်။
“ကျုပ် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို စီနီယာ နားလည်နိုင်ဖို့ မျှော်လင့်ပါတယ်။” ရီဖူရှင်းက ဆက်လက်၍ အသံပို့လွှတ်ကာ ပြောလိုက်ပြန်သည်။ အရှင်ယဲ့က မပီသသည့် နှာမှုတ်သံတစ်ချက်နှင့် တုန့်ပြန်လိုက်သည်။
ထို့နောက် အေးစက်ကာ လျစ်လျူရှုဟန်ဖြင့် ပြောလိုက်သော အသံတစ်ခု ထွက်ပေါ်လာပေသည်။ “အရှင်ယဲ့ မင်း ဘာလုပ်နေတယ်လို့ ထင်လဲ။ မင်းက ဒီလူငယ်လေးကို တိတ်တိတ်လေး လာပြီး ခြိမ်းခြောက်နေတာလား။ မင်းက ရီဖူရှင်းကို မင်းနဲ့အတူ ကျင့်ကြံစေချင်တယ်လို့ ပြောပေမယ့် ဒါက မင်း သူ့ကို ဆက်ဆံတဲ့ ပုံစံလား။”
ဤတစ်ကြိမ်၌ စကားပြောလာသူက ဆန္ဒခြောက်ပါးအရှင်သခင်မှလွဲ၍ အခြားသူ မဟုတ်ပေ။
အရှင်ယဲ့က ရီဖူရှင်းကို အေးစက်သော မျက်လုံးများနှင့် ကြည့်ကာ မကြာခင်မှာပင် ဟမ့်ဟူသော အသံကို ချန်ရစ်ကာ ထွက်ခွာသွားခဲ့သည်။
သို့သော် ရီဖူရှင်းက ဆန္ဒခြောက်ပါးအရှင်သခင်၏ နက်ရှိုင်းသော စိုးရိမ်ပူပန်မှုကို ခံစားမိသည့်အတွက်ကြောင့် အလွန် သတိထားကာ ပြုမူခဲ့ပေသည်။
“ရီဖူရှင်း အရှင်ယဲ့က မင်းအကြောင်း ကျုပ်ကို ပြောတယ်။ မင်း ဆန္ဒရှိရင် ဒီကနေ ထွက်သွားဖို့ ကျုပ်တို့ သုံးယောက် ကူညီပေးနိုင်တယ်။” အသံတစ်ခုက ယန်ရှင်းတောင်ပေါ်သို့ ကျရောက်လာပြီး ရီဖူရှင်း၏ နားထဲသို့ ဝင်ရောက်လာသည်။ ဤတစ်ကြိမ် ပြောလိုက်သည့် လူမှာ လွတ်လပ်မှုအရှင်သခင် ဖြစ်ပေသည်။
သိသာစွာပင် အရှင်ယဲ့က သူနှင့် စကားပြောနေသည့်အတွက်ကြောင့် လွတ်လပ်မှုအရှင်သခင်က ယခုမှသာ သူ့ကို ဖျောင်းဖျရန် ကြိုးစားလာပြီး ရီဖူရှင်း၏ စိတ်ကို ပြောင်းလဲစေချင်နေသည်။
“ဒီလိုဆုံးဖြတ်ချက်မျိုးက ကျုပ်နဲ့ မထိုက်တန်မှာ စိုးမိပါတယ်။” ရီဖူရှင်းက ဆက်ပြောလိုက်သည်။ “ဒါပေမယ့် ကျုပ် အချိန်တစ်ခုလောက်အထိ ထွက်သွားဖို့ ရည်ရွယ်ချက် မရှိတာ အမှန်ပဲ။”
လွတ်လပ်မှုအရှင်သခင်က မျက်ခုံးပင့်လိုက်သည်။ ကြည့်ရသည်မှာ ရီဖူရှင်းက အခွင့်အရေး ယူရန် ဆန္ဒမရှိပုံရလေသည်။
“အဲဒါဆို မင်း ဘာလိုချင်တာလဲ။” ယခု နောက်ထပ် အသံတစ်ခုက သူ့နားထဲသို့ ကျရောက်လာသည်။ ထိုစကားကို ပြောလိုက်သည်မှာ အရှင်ချူးချန်ပင် ဖြစ်သည်။
ရီဖူရှင်းအား စကားပြောလာသည့် အရှင်ချူးချန်၏ အသံတွင် မှော်စွမ်းအားများ ပါဝင်နေပုံရသည်။ “မင်းက မဟာအကြီးအကဲမော့ထျန်းကို သတ်လိုက်ပြီး အခု ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်မှာ ပိတ်မိနေတယ်။ ဒါက မင်းရဲ့ ဆန္ဒကို ဆန့်ကျင်နေတယ်ဆိုတာ ကျုပ် သိတယ်။ မင်း ဘာလိုချင်တယ်ဆိုတာကို ကျုပ်တို့နဲ့ ရှင်းရှင်းလင်းလင်း ပြောလို့ရတယ်။”
ရီဖူရှင်းက ထိုအပြုအမူကြောင့် အနည်းငယ် စိတ်လှုပ်ရှားသွားသော်လည်း မကြာခင်၌ သူက သူ့ကိုယ်သူ ပြန်ထိန်းကာ တုန့်ပြန်လိုက်သည်။ “ကျုပ် အခု ဘာမှ တောင်းဆိုစရာ မရှိပါဘူး။”
“ဒီအကြောင်း အရင်စဥ်းစားကြည့်ပါဦး။ ကျုပ်နဲ့ နောက်မှ တွေ့ကြတာပေါ့။” အရှင်ချူးချန်၏ အသံက ထင်ယောင်ထင်မှား ဖြစ်စေသည့် အသံကဲ့သို့ သူ့စကားကို ကြားရသည့် လူများအား ထင်ယောင်ထင်မှား ဖြစ်သလို ခံစားရပေသည်။
“ကျေးဇူးတင်ပါတယ် အရှင်။” ရီဖူရှင်းက တုန့်ပြန်လိုက်သော်လည်း သူက သတိအနေအထား ဖြစ်သွားသည်။ ထိုကျင့်ကြံသူလေးယောက်ကြားတွင် အရှင်ချူးချန်သာလျှင် ဗုဒ္ဓကျင့်ကြံသူ ဖြစ်သည်။ ထို့ပြင် ထိုလူများ၏ အပြုအမူများကို ဆုံးဖြတ်ရလျှင် အရှင်ချူးချန်က သူ့အတွက် အကြီးဆုံး ခြိမ်းခြောက်မှုကို ပိုင်ဆိုင်ထားပေသည်။
ထို့ကြောင့် သူက ဤနေရာ၌ မည်သူ့ကိုမှ အလွယ်တကူ ယုံကြည်လိမ့်မည် မဟုတ်ပေ။
မျက်စိတစ်မှိတ်အတွင်း ရက်အနည်းငယ် ပို၍ ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ ယနေ့တွင် နောက်ထပ် အဖွဲ့တစ်ဖွဲ့က ကောင်းကင်မှ ဆင်းလာကာ ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်သို့ ရောက်ရှိလာသည်။ ထိုလူစုက ပုံမှန်မဟုတ်ဘဲ ထူးခြားလှသည့် အရှိန်အဝါတို့ ရှိပေသည်။ သူတို့၏ ရောက်ရှိလာမှုက ဆန္ဒခြောက်ပါးအရှင်သခင်၏ မျက်လုံးများကို အနည်းငယ် မှောင်မိုက်သွားစေသည်။ သူက ထိုနေရာ၌ ထိုင်နေပြီး ကျင့်ကြံသူများကို ကြည့်ကာ ပြောလိုက်သည်။ “မင်းတို့ အဝေးကြီးကနေ လာခဲ့တာ။ အနားယူဖို့ ကောင်းကင်နန်းတော်ထဲ ဝင်ခဲ့ပါဦး။”
“မလိုအပ်ပါဘူး။” ဦးဆောင်လာသည့် ကျင့်ကြံသူက မဟာလမ်းစဥ်နတ်ဘုရားကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့သူ ဖြစ်သည်။ သူက အောက်ဘက်ရှိ နတ်ဘုရားရုပ်ကြွင်းကို ကြည့်ကာ ပြောလိုက်သည်။ “သူတော်စင်ကျန်းချန်က ကျုပ်တို့ကို ခင်ဗျားဆီ သတင်းစကား ပို့ပေးဖို့ ပြောလိုက်တယ်။ ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်ကနေ နတ်ဘုရားရုပ်ကြွင်းကို ရရှိခဲ့တယ်လို့ ကြားမိတယ်။ ခင်ဗျား ဒီနေရာမှာ အချိန်တစ်ခုအထိ နားလည်သဘောပေါက်အောင် လုပ်လို့ရတယ်။ သုံးလကြာပြီးနောက်မှာ ခင်ဗျား နတ်ဘုရားရုပ်ကြွင်းကို ကျန်းချန်နန်းတော်ဆီ ပို့ပေးရမယ်။”
ဆန္ဒခြောက်ပါးအရှင်သခင်နှင့် အခြားလူများ၏ မျက်လုံးတို့က အနည်းငယ် ကျဥ်းမြောင်းသွားပြီး သူတို့၏ နှလုံးသားထဲ၌ အတော်လေး စိတ်မသက်မသာ ဖြစ်သွားခဲ့သည်။ သူတော်စင်ကျန်းချန်သည်ပင် ယခု သူတို့၏ အရေးကိစ္စထဲ ဝင်စွက်ဖက်လာခဲ့ပေသည်။
သေချာပေါက်ပင် သူတော်စင်ကျန်းချန်ကဲ့သို့အဆင့်မှ တစ်စုံတစ်ယောက်သည်ပင် နတ်ဘုရားရုပ်ကြွင်းကို စိတ်ဝင်စားပေသည်။ ထိုတမန်တော်များကို စေလွှတ်ရခြင်းမှာ သူတို့က နတ်ဘုရားရုပ်ကြွင်းကို လက်မလွှတ်ရခင် အချိန်သုံးလသာ ရှိသည်ကို သိစေရန်အတွက် ဖြစ်ပေသည်။
သူတို့က သူတော်စင်ကျန်းချန်ကဲ့သို့သော သူမျိုးကို ကောင်းစွာ သိရှိပေသည်။ သူတို့ အားလုံးက မဟာလမ်းစဥ်နတ်ဘုရားကပ်ဘေး ဒုတိယအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပြီးသည့်သူများ ဖြစ်သော်လည်း သူတို့၏ အဆင့်များကြားတွင် ကြီးမားသည့် ကွာဟချက်များ ရှိနေဆဲ ဖြစ်သည်။ သူတော်စင်ကျန်းချန်က အနောက်ဘက်ကောင်းကင်၏ ဗုဒ္ဓတစ်ပါးပင်ဖြစ်ပြီး အနောက်ဘက်လောကကို ထိန်းချုပ်ထားနိုင်သည့် သူတစ်ယောက် ဖြစ်သည်။ သူ၏ နယ်မြေအပေါ် ထိန်းချုပ်နိုင်စွမ်းက အကြွင်းမဲ့ဖြစ်ပြီး သူ့ကျင့်ကြံခြင်းက မကောင်းဆိုးဝါးဆန်လှသလို သူ့ထိန်းချုပ်မှုအတွင်း ရှိနေသည့် အင်အားစုများက အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ဆန္ဒခြောက်ပါးအရှင်သခင်နှင့် သူတော်စင်ကျန်းချန်က သဘောတရားအရ တူညီသော အဆင့်တွင် ရှိကြသော်လည်း သူတို့ တိုက်ခိုက်ခဲ့လျှင် ဆန္ဒခြောက်ပါးအရှင်သခင်က ပြိုင်ဘက်ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။
တမန်တော်များက ဆန္ဒခြောက်ပါးအရှင်သခင်၏ တုန့်ပြန်မှုကို မစောင့်ဆိုင်းဘဲ လှည့်ထွက်သွားခဲ့ပေသည်။ သူတို့က ဤနေရာ၌ ကြေညာချက်နှင့် သတင်းစကားလာပို့ပေးရုံသာဖြစ်ကာ ဆန္ဒခြောက်ပါးအရှင်သခင်၏ ထင်မြင်ချက်က မလိုအပ်ပေ။ ကျင့်ကြံခြင်းလောကတွင် ထိုကဲ့သို့သော ကိစ္စများက အမြဲတစေဖြစ်ပျက်နေကြဖြစ်သည်။
ကျင့်ကြံနေသည့် ရီဖူရှင်းကလည်း ထိုစကားများကို ကြားပေသည်။ ကြည့်ရသည်မှာ နောက်ဆုံး၌ ပို၍အားကောင်းသော တစ်စုံတစ်ယောက်က ဝင်ရောက်စွက်ဖက်လာပြီး ရလဒ်အနေနှင့် ဆန္ဒခြောက်ပါးအရှင်သခင်ပေါ်မှ ဖိအားက ပိုမို များပြားလာပေလိမ့်မည် ဖြစ်သည်။
“သုံးလပဲကျန်တော့တယ်။” ဆန္ဒခြောက်ပါးအရှင်သခင်က တိတ်တဆိတ် ရေရွတ်လိုက်သည်။ သုက မဟာအင်ပါယာရှန်ကျား၏ နတ်ဘုရားရုပ်ကြွင်းကို ကြည့်လိုက်ပြီး မည်သို့ဖြစ်စေ ကြိုးစားရမည်ဟူသော စိတ်ဆန္ဒက ပိုမိုစိတ်အားထက်သန်လာပေသည်။ သူက နတ်ဘုရားရုပ်ကြွင်းကို ကျိန်းသေထိန်းချုပ်ရမည်ဖြစ်ကာ သူက ၎င်းကို ထိန်းချုပ်ပြီး ခွန်အားကို ဖော်ပြနိုင်ခဲ့ပါက သူတော်စင်ကျန်းချန်က သူနှင့် ပတ်သတ်၍ မည်သို့ လုပ်နိုင်ပါမည်နည်း။
ရှင်းလင်းစွာပင် အခြားကျင့်ကြံသူသုံးယောက်ကလည်း ထိုကြေညာချက်ကို ကြားကြပေသည်။ သူတို့အားလုံးထဲတွင် အရှင်ချူးချန်က အတည်ငြိမ်ဆုံးဖြစ်သည်။ သူက ဗုဒ္ဓဂိုဏ်းနှင့် သက်ဆိုင်ပြီး သူတော်စင်ကျန်းချန်နှင့် တူညီသော ကလန်မှ လာခဲ့ခြင်း ဖြစ်ပေသည်။ သူက သူတော်စင်ကျန်းချန်နှင့် တွေ့ဆုံခဲ့လျှင် စီနီယာအစ်ကိုဟု ခေါ်ရပေလိမ့်မည်။
အချိန်က ကုန်ဆုံးသွားပြီး ယနေ့တွင် နတ်ဘုရားရုပ်ကြွင်း၌ ထင်မှတ်မထားလောက်အောင် တောက်ပသည့် နတ်အလင်းတို့ ထွက်ပေါ်လာခဲ့သည်။ အထဲ၌ ရှိနေသည့် နတ်ဘုရားစွမ်းအားများက လှုံ့ဆော်ခံရသလို ပို၍ စုဝေးလာနေပုံရသည်။
“ဟမ်” ဆန္ဒခြောက်ပါးအရှင်သခင်၏ မဟာလမ်းစဥ်စွမ်းအားများက နတ်ဘုရားရုပ်ကြွင်းအတွင်း ကျူးကျော်သွားသည်နှင့် နတ်အာရုံကလည်း အထဲသို့ အရူးအမူးတိုးဝင်သွားသည်။ ၎င်းက နတ်ဘုရားရုပ်ကြွင်းကို အော်မြည်ဟိန်းဟောက်သံများ ထွက်ပေါ်လာစေသည်။ ကောင်းကင်နှင့် မြေကြီးကို ရွှေရောင်နတ်အလင်းတို့ ဝန်းရံထားကာ အံသြထိတ်လန့်ဖွယ် စွမ်းအားများ ထွက်ပေါ်လာသည်။ အခြားထိပ်သီးကျင့်ကြံသူသုံးယောက်က ထိုမြင်ကွင်းကို မြင်သည့်အခါ မျက်လုံးများအား ကျဥ်းမြောင်းလိုက်ကြသည်။ သူတို့ မျက်လုံးများက လေးနက်လာကာ ချုပ်ကိုင်လွှမ်းမိုးနိုင်သည့် မဟာလမ်းစဥ်စွမ်းအားများကို တပြိုင်တည်း ထုတ်လွှတ်လာကြသည်။
ယန်ရှင်းတောင်ပေါ်တွင် မျက်လုံးများ မှိတ်ထားသည့် ရီဖူရှင်း၏ စိတ်ထဲ၌ ပုံရိပ်တစ်ခု ပေါ်ပေါက်လာသည်။ ၎င်းက အဓိကခန်းမရှေ့မှ ပုံရိပ်များ ဖြစ်လေသည်။