← Chapters

သူခိုးလေး

Vol. 1 Ch. 71

သူခိုးလေး

Vol. 1 Ch. 71

ကျန့်ဝူရွှမ်းနဲ့ သူ့ညီမက သူ့ကို ဘယ်လိုများ ဆုံးဖြတ်နေမလဲ။ ကျန်းချီလင်းက တောင်ပေါ်မှာများ သေသွားလေမလား။ ကျန်းရီသည် မသိခဲ့သလို သိချင်စိတ်လည်း မရှိခဲ့ပေ။

ကျန်းရီသည် သူစောစောက လုပ်ခဲ့သည်ကို နောင်တမရပေ။ နောင်တအတွက် ဆေးမရှိမှတော့ အတိတ်ကို တွေးနေမဲ့အစား ဘာလို့ အနာဂတ်ကိုပဲ ကြည့်သင့်တယ် မဟုတ်လား။ ထိုအရာသည် ကျန်းယွင်ဟိုင် သူ့ကို သင်ပေးခဲ့သော ဘဝ၏ အခြေခံ သဘောတရား ဖြစ်သည်။ သူသည် သူ့ဘဝတစ်လျှောက် ထိုအတိုင်းသာ ကျင့်သုံးခဲ့သည်။

ကျန်းရီသည် နတ်ဆိုး သားရဲများကို သတ်ဖြတ်ရင်း တောင်ထိပ် အလယ်သို့သာ ဦးတည် သွားနေခဲ့သည်။ ရှစ်နာရီမျှ ကြာပြီးနောက် သူသည် နောက်ထပ် နတ်ဆိုးသားရဲ ငါးကောင်ကို တွေ့ခဲ့ပြီး တစ်ကောင်မှာ လွတ်မြောက် သွားခဲ့သည်။ သူသည် နတ်ဆိုးသားရဲ အလောင်းများစွာကို ကျော်ဖြတ်ခဲ့ ရသော်လည်း သူတို့၏ တံဆိပ်ပြား အားလုံးမှာ ထုတ်ယူ ထားခံခဲ့ရပြီး ဖြစ်သည်။ သူ့ကို ပို၍ မခံမရပ်နိုင် ဖြစ်စေသည်မှာ သူရခဲ့သော် တံဆိပ်ပြား ဆယ့်နှစ်ခုတွင် ငါးခုမှာ အနက်ရောင် ဖြစ်နေခြင်း ဖြစ်သည်။

သွေးရှင်းတမ်း ပြိုင်ပွဲ၏ စည်းမျဉ်းအရ အရောင် ကိုးရောင်လုံး၏ တံဆိပ်ပြား သုံးခုစီကို ရရှိရန် လိုလေသည်။ တံဆိပ်ပြားအရောင် တစ်ခု သို့မဟုတ် နှစ်ခုလောက်သည် ရှားပါးလိမ့်မည်ဟု ကျန်းရီ ခန့်မှန်းလိုက်သည်။ မဟုတ်လျှင် သွေးရှင်းတမ်း ပြိုင်ပွဲသည် လုံးဝကို အရည်အချင်း စမ်းသပ်စရာ တစ်ခု ဖြစ်တော့မည် မဟုတ်ပေ။

ကျန်းရီသည် အနီးအနားကို နောက်နာရီမျှ ကြာအောင် လှည့်ပတ်သွားခဲ့ပြီး နတ်ဆိုးသားရဲများကို ရှာဖွေနေခဲ့သည်။ ကောင်းကင်သည် မှောင်လာခဲ့ပြီ ဖြစ်ကာ လူများသည်လည်း ဟိုမှသည်မှ သွားလာ နေကြသည်။ တောင်ခြေရှိ နတ်ဆိုးသားရဲ များသည် သေသွားကြပြီ ဖြစ်ရာ လူတိုင်းသည် ဒီနေရာသို့ ရောက်ရှိ လာကြပေပြီ။

"ငါ ညကို ဒီနေရာမှာ ကုန်ဆုံး ရတော့မယ် ထင်တယ်''

ကျန်းရီသည် ရှေ့မှ တောအုပ်ငယ်လေးကို သတိပြုမိလိုက်သည်။ တောအုပ်လေးသည် မကြီးမားပဲ လွင်ပြင်များက ဝန်းရံထားသည် ဖြစ်ရာ နတ်ဆိုးသားရဲများ၏ တိုက်ခိုက်မှုကို အလွယ်တကူ သတိပြုမိ စေနိုင်လေသည်။ သူသည် နတ်ဆိုးသားရဲများ မရှိကြောင်း သေချာအောင် စစ်ဆေးလိုက်ပြီး သစ်ပင်ကြီးများထဲမှ တစ်ခုအပေါ်သို့ တက်လိုက်သည်။ ထို့နောက် သူသည် တင်ပျဉ်ချိတ်ကာ ကျင့်ကြံလိုက်သည်။

သူသည် အနက်ရောင် အတွင်းအား ရှစ်မျှင်ကို သုံးစွဲထားခဲ့ပြီး အတွင်းအား ပေါက်ကွဲ လက်ဝါးကို တစ်ကြိမ် အသုံးပြုထားခဲ့ရာ အတွင်းအား တော်တော်များများ ကုန်ဆုံးနေခဲ့ပြီ ဖြစ်သည်။ သူသည် အရေးကြုံလာလျှင် သုံးစွဲနိုင်ရန် အတွင်းအားကို မြန်မြန်ပြန်လည် ဖြည့်တင်းရန် လိုလေသည်။

ကျန်းရီသည် မြေကမ္ဘာအဆင့် ဆေးတစ်လုံးကို စားသုံးလိုက်ပြီးနောက် အနက်ရောင် အတွင်းအား သုံး၍ ဆေးအာနိသင်ကို တိုးမြှင့်ကာ ကျင့်ကြံလိုက်သည်။ သူ၏ ကျင့်ကြံနှုန်းသည် မြန်ဆန်နေရာ အနက်ရောင် အတွင်းအား ဆယ်မျှင် ပြန်ရရန် တစ်နာရီခန့်သာ ကြာလေသည်။ ကျန်းယွင်ဟိုင်၏ အပြောအရ သူ၏ ကျင့်ကြံနှုန်းသည် ကောင်းကင်အဆင့်ရှိ ပါရမီရှင် ထိပ်ဆုံးဆယ်ယောက်နှင့် ယှဉ်နိုင်သည်ဟု ဆိုလေသည်။

သူသည် အနက်ရောင် အတွင်းအား ဆယ်မျှင်ကို ကျင့်ကြံ ထုတ်ယူ ပြီးပြီးချင်းမှာပင် ကျန်းရီ၏ ဗိုက်သည် တဂွီဂွီနှင့် ဆာလောင် လာလေသည်။ သူ့တွင် ရွေးစရာမရှိရာ သည်းခံ၍ ကျန်းရေ အသွင်ပညာကို ကျင့်ကြံ၍ အပြာရောင် အတွင်းအားကိုသာ စုဆောင်း နေလိုက်သည်။

နောက်တစ်နာရီ ကြာပြီး နောက်တွင်တော့ ကျန်းရီသည် ရပ်တန့်လိုက်သည်။ သူသည် ဆာလောင် လွန်းသောကြောင့် ရပ်လိုက်ခြင်း မဟုတ်ဘဲ ဂျွတ်ခနဲ အသံတစ်ခုကို ကြားလိုက်ရသောကြောင့် ဖြစ်သည်။

သူ့ကိုယ်သည် ချက်ချင်းပင် လှုပ်ရှားသွားကာ အနီးတစ်ဝိုက်ကို သေသေချာချာ ကြည့်ရှုလိုက်သည်။ သူသည် နတ်ဆိုးသားရဲများ မဟုတ်ဘဲ လူငယ်လေးများ၊ မိန်းကလေးများ ခုနှစ်ယောက်လောက်ကို မြင်သောအခါမှ စိတ်သက်သာရာ ရသွားခဲ့သည်။ ကျန်းရီသည် သူတို့၏ အရှိန်ကို ကြည့်လိုက်ပြီးသော် မည်သို့မှ စိတ်မပူတော့ပေ။ ထိုအုပ်စုတွင် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း အဋ္ဌမအဆင့် ရောက်နေသော မိန်းကလေး တစ်ယောက်သာ ပါဝင်သည်။ ကျန်လူများမှာ သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ဆဋ္ဌမအဆင့် သို့မဟုတ် သတ္တမ အဆင့်များသာ ဖြစ်သည်။ သူတို့သည် သူ့ကို မခြိမ်းခြောက်နိုင်ပေ။

"သခင်မလေး ...  ဒီနေရာက လွန်ရင် တောအုပ်လေး တစ်ခုရှိတယ်။ ကျွန်တော်တို့ အဲဒီမှာ စခန်းချကြမလား''

"ဟုတ်ပါတယ်။ သခင်မလေး ...  ဒီနေရာမှာ လွင်ပြင်တွေကြီးပဲ ရှိတယ်။ ဘယ်နေရာမှာ ကျွန်တော်တို့က ဂူတစ်ခုသွားရှာ ရမှာလဲ။ ညကို ဒီနေရာမှာပဲ ကုန်ဆုံးကြရအောင်"

"ကောင်းပြီလေ ...  မင်းတို့တွေ ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ကြဦး"

တိတ်ဆိတ်နေသော ညဖြစ်ရာ ထွက်ပေါ်လာသော အသံတိုးတိုး တို့သည် ကျန်းရီကို မျက်မှောင်ကြုတ် သွားစေသည်။ သူသည် ဒီနေရာကို အရင်ဆုံး တွေ့ထားသူ ဖြစ်သည်။ သူတို့သည် သူပုန်းနေသော နေရာကို တွေ့သွားလျှင် သူ့ကို မောင်းထုတ် ကြပေလိမ့်မည်။ သို့ဆိုလျှင် အတော်လေး အာရုံနောက်ရ ပေလိမ့်မည်။

ကျန်းရီသည် ဘာကိုမှ စိုးရိမ်မနေပေ။ လူအုပ်သည် ခက်ခဲသော နေ့ဘက်ကို ဖြတ်သန်းခဲ့ရပြီး အတော်လေး မောပန်းနေခဲ့ပြီ ဖြစ်သည်။ လူငယ်သုံးယောက်သည် အနည်းငယ် လှည့်ပတ် ကြည့်လိုက်သော်လည်း သစ်ပင်များ ဆီသို့ တစ်ချက်မှ မကြည့်ခဲ့ပေ။ သူတို့သည် သာမန် ကာလျှံကာပင် ကြည့်လိုက်ကာ အစီရင် ခံနေကြသည်။

ကျန်းရီသည် သူနှင့် ဆယ်ပေခန့် အကွာတွင် စခန်းချ နေသူတို့ကို ကြည့်လိုက်ရင်း အတွေးထဲတွင် နစ်မျော သွားခဲ့သည်။ အနီးတွင် ထိုလူများ ရှိနေရာ သူ့အတွက် အစောင့်များ သဖွယ် ဖြစ်နေ၍ သူအေးအေးဆေးဆေး အိပ်နိုင်ပေသည်။

သူသည် ရိက္ခာခြောက် အချို့နှင့် ရေတို့ကို ထုတ်ကာ သူ့ဝမ်းဗိုက်ကို ဖြည့်တင်း လိုက်သည်။ သူသည် လဘက်ကို မျက်နှာမူရင်း စခန်းချရင်း အလုပ်ရှုပ် နေသော လူအုပ်ကို ကြည့်နေလိုက်သည်။ သူတို့သည် ရိုးရှင်းသော ကိရိယာ အချို့ကို သုံး၍ သူတို့ထဲမှ မိန်းကလေးငယ် နှစ်ယောက်အတွက် ရွက်ဖျင်တဲနှစ်ခု ထိုးနေကြသည်။

"ဒီသခင်မလေးက အတော်လေးလှတယ်။ ဒါပေမဲ့ သူမက ပေါ့ပျက်ပျက် ပြုမူ နေထိုင်တာက စိတ်မကောင်းစရာပဲ"

ကျန်းရီသည် တော်တော်လေး မြင့်သော သစ်ပင်အထက်တွင် ရှိနေရာ အောက်မှ အရာများကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ထိုသခင်မလေးသည် အတော်လေး အာဏာရှိကာ လူအုပ်ထဲတွင် အားအကောင်းဆုံး သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း အဋ္ဌမအဆင့် ဖြစ်သည်။ သူမသည် သူနှင့် အသက်အရွယ် အတူတူလောက်ပဲ ရှိသည်ဟု ထင်ရသည်။ သူမ၏ ခန္ဓာကိုယ်သည် ဖွံ့ဖြိုးသင့်သော နေရာတို့ ဖွံ့ဖြိုးနေသည်။ သူမသည် နူးညံ့ပြီး သိမ်မွေ့သော အသွင်ရှိသည်။ တစ်ခါတစ်ခါတွင် သူမသည် မြှူဆွယ် ဖျားယောင်းသည့် ပုံစံတို့ကို ပြုလုပ် နေလေသည်။ ကျန်းရီသည် ထိုမျက်လုံး ရွဲကြီးများထံမှ ဖြာထွက်နေသော အချင်းအရာကို ရှင်းရှင်းလင်းလင်း ခံစားမိနေခဲ့သည်။

"ရှပ် ...  ရှပ် ...  ရှပ်"

ရုတ်တရက် မိန်းကလေးငယ် နှစ်ယောက်သည် သူတို့စခန်းချရာ နေရာမှ လမ်းလျှောက်လာကာ ကျန်းရီထံ ဦးတည် လာကြသည်။ ကျန်းရီသည် ကိုယ်ကို အလျင်အမြန် ကျုံ့လိုက်ကာ သူတို့ သူ့ကို သတိထားမိသွားတာ များလားဟု တွေးတော နေခဲ့သည်။ သူသည် အသက်ကို အောင့်ထားကာ ရဲရဲပင် မကြည့်ရဲတော့ပေ။

"သခင်မလေး ...  ဒီနေရာပဲ ...  သူတို့ ကျွန်မတို့ကို မမြင်နိုင်တော့ဘူး"

"ဒါဆိုကောင်းပြီ။ ရှီအာ ငါ့ကို ကူပြီး ကြည့်ထားပေး"

ထိုနှစ်ယောက်သည် ကျန်လူများနှင့် ပေနှစ်ဆယ်ခန့် အကွာတွင် ရပ်တန့် လိုက်သောအခါ ကျန်းရီသည် စိတ်သက်သာရာ ရသည့်အနေနှင့် သက်ပြင်း ချလိုက်သည်။ သူတို့သည် သူ့ထံ ဆက်ချည်းကပ် မလာမှတော့ သူ့ကို မမြင်သေးသည်မှာ သေချာသည်။

သူသည် အသားခြောက်ကို တစ်ကိုက် ကိုက်လိုက်ကာ ထိုနှစ်ယောက် ဘာလုပ်နေလောက် မည်လဲဟု တွေးကာ သစ်ရွက်များကို မ, ကြည့်လိုက်သည်။

နောက်မြင်ကွင်း တစ်ခုသည် ကျန်းရီကို အသားခြောက်ကိုက်နေသော ပါးစပ်ကို အဟောင်းသား ဖြစ်သွား စေလေသည်။ ထိုသခင်မလေးသည် ချုံပုတ် တစ်ခုနောက် ဝင်သွားကာ သူမ ဝတ်ရုံများကို လျှောချလိုက်သည်။ အပေါ့သွားဖို့ ပြင်နေတာလား။ ထိုသခင်မလေးသည် စခန်းချ မီးပုံမှ လူများ လာရောက်မည်ကို စိုးရိမ်နေဟန်ရကာ ထိုဘက်သို့ မျက်နှာမူထားသည်။ သူမ၏ တင်များသည် ကျန်းရီဘက်သို့ မျက်နှာ မူထားလေသည်။

သခင်မလေးသည် သူမ၏ ဖြူဖွေးသော တင်ပါးနှစ်ခု ပေါ်အောင် ဝတ်ရုံကို မ ထားသည်အား မြင်လိုက်ရပြီး ကျန်းရီသည် 'တောက်၊တောက်' ဟူသော အသံတို့ကိုပါ ကြားလိုက်ရသောအခါ မိုးကြိုးပစ်ချ ခံလိုက်ရ သကဲ့သို့ ခံစားလိုက်ရသည်။ ယနေ့ညတွင် လသည်လည်း ဝိုင်းစက်နေကာ တောက်ပလွန်း နေခဲ့သည်။ ကျန်းရီသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ပဉ္စမအဆင့်သို့ ရောက်ရှိပြီးသူ ဖြစ်သည့်အလျောက် အမြင်အာရုံမှာ တိုးတက်လာကာ ထိုတင်ပါး ဖြူဖြူလေး နှစ်ခုကြားမှ စီးကျလာသော အရည်များကို မြင်နေ ရလေသည်။

"ဗွက် ... ဗွက်''

ကျန်းရီသည် ဆယ့်ခြောက်နှင့် အရွယ်သာ ရှိသေးသည်။ သူသည် ဘယ်ယောက်ျား၊ ဘယ်မိန်းကလေးနှင့်မှ အတွင်းရေးထိ နက်နက်နဲနဲ မပတ်သက်ဖူးချေ။ သူသည် ငယ်ရွယ်လွန်းနေသည့် အပြင် မိန်းကလေးများ အကြောင်းလည်း မသိပေ။ ဒီလိုမြင်ကွင်းမျိုးကို သူဘယ်လိုလုပ် တောင့်ခံနိုင်ပါမည်နည်း သူ့ပါးများသည် ချက်ချင်း ရဲတက်လာကာ တံတွေးတစ်ချက် မျိုချလိုက်မိသည်။ သူ့ကိုယ်သည်လည်း ချက်ချင်းပင် ပူနွေး လာခဲ့သည်။

သူသည် မိန်းကလေးများကို ချောင်းကြည့်ရန် မသင့်တော်မှန်း သိသော်လည်း ထိုဖြူဖွေး လုံးဝန်းသော တင်ပါးတို့သည် သံလိုက်များကဲ့သို့ပင်။ သူသည် အတတ်နိုင်ဆုံး ကြိုးစား လိုက်သော်လည်း အကြည့်မလွှနိုင်ခဲ့ပေ။ သခင်မလေးသည် သူ့ကိစ္စ ပြီးစီးသည့်အခါ တင်ပါးနှစ်ဖက်ကို အမှတ်တမဲ့ ခါယမ်းလိုက်ရာ ကျန်းရီသည် ချောင်းဆိုးသွားကာ ပါးစပ်တွင်းမှ ရိက္ခာခြောက်များ ပန်းထွက်သွားလေသည်။

"အဲဒီမှာ ဘယ်သူလဲ''

သခင်မလေးသည် ချက်ချင်း သတိပြုမိသွားကာ လျှပ်စီးအလျင်နှင့် သူ့ဝတ်စုံကို ဆွဲချ လိုက်လေသည်။ ဓားကဲ့သို့ စူးရှသော အကြည့်တို့သည် သစ်ရွက်များ၊ သစ်ကိုင်းများကြားမှ ကျန်းရီ၏ မျက်လုံးများနှင့် ရင်ဆိုင်မိ သွားလေသည်။

"ရိုင်းစိုင်းလိုက်တဲ့ သူခိုးကောင်၊ ငါနင့်ကို သတ်မယ်"

မိန်းကလေး၏ နူးညံ့သော မျက်နှာလေးသည် ဒေါသနှင့် ရှက်စိတ်ကြောင့် ရဲရဲနီ လာခဲ့သည်။ သူမ၏ မျက်ဝန်းမှ သတ်ဖြတ်လိုသော အရှိန်အဝါတို့ ဖြာထွက် လာခဲ့သည်။ သူမသည် သူမ၏ ဝတ်စုံကို သေသေသပ်သပ် ဖြစ်အောင် ပြင်ဆင်လိုက်ပြီးမှ ဘေးရှိဓားကို ကောက်ယူကာ ကျန်းရီထံ ပြေးလာခဲ့သည်။

သေလိုက်စမ်းကွာ …

ကျန်းရီသည် အသေအရိုက် ခံရတော့မည်ကို ကြောက်လန့်ကာ သူ၏ အထုပ်ကို အလျင်အမြန် ယူလိုက်ပြီး သစ်ပင်ပေါ်မှ ဆင်းလာခဲ့သည်။ သူသည် တစ်ချက်မှတောင် တုံ့ဆိုင်းနေခြင်း မရှိဘဲ ထွက်ပြေးခဲ့သည်။

"ဝှစ်"

တောအုပ်အတွင်းမှ ကျန်လူများသည်လည်း သတိပြုမိသွားကာ လူတိုင်းသည် သူတို့၏ လက်နက်များကို ကိုင်ဆွဲလိုက်ကြပြီး ကျန်းရီနောက် ပြေးလိုက် ကြတော့သည်။ ထိုသခင်မလေးသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း အဋ္ဌမအဆင့် ဖြစ်ရာ ကျန်းရီထက် လျင်မြန်နေ၍ ကျန်းရီကို မှီတော့မည် ဖြစ်သည်။

"အနက်ရောင် အတွင်းအား "

ကျန်းရီသည် အသိဝင်လာကာ အနက်ရောင် အတွင်းအား တစ်မျှင်ကို ခြေထောက်ဆီ ပို့ဆောင်လိုက်ကာ သူ့အမြန်နှုန်းကို တိုးမြှင့်လိုက်သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူသည် အတော်တော် ဝေးဝေးသို့ ရောက်ရှိ လာခဲ့ပြီး အနက်ရောင် အတွင်းအား အစွမ်းလည်း ပြယ်သွားပြီ ဖြစ်သည်။ သူသည် သူ့အသက်ကို ကယ်တင်နိုင်ရန် နောက်တစ်မျှင်ကို ထပ်မံ အသုံးပြုလိုက်သည်။

ထိုသူများကို သူကြောက်နေ၍ မဟုတ်ဘဲ မျက်နှာ ပူသောကြောင့် ဖြစ်သည်။ သူသည် ရည်ရွယ်ချက်ရှိရှိ ချောင်းကြည့်ခဲ့ခြင်း မဟုတ်သော်လည်း သူခိုး လူမိသွားသလို ခံစားနေခဲ့ရသည်။ ၎င်းသည် အလွန်ရှက်စရာ ကောင်းလေသည်။

သခင်မလေးသည် ကျန်းရီ၏ အမြန်နှုန်းသည် ကြောက်စရာ ကောင်းလောက်အောင် တိုးတက်သွားပြီး မျက်စိတစ်မှိတ် အတွင်းတွင် ခပ်ဝါးဝါး ပုံရိပ်ကိုသာ မြင်လိုက်ရသည်။ သူမသည် ဒေါသတကြီ အံကြိတ်၍ ရပ်တန့်ကာ ခြေဆောင့်လိုက်သည်။

"သူခိုးလေး ...  ငါနင့်မျက်နှာကို မှတ်မိတယ်။ နင်ငါ ယွီမိန်အာကို မတွေ့အောင်သာနေ၊ မဟုတ်ရင်တော့ နင့်ကိုငါ အရေဆုတ် ပစ်မယ်"

"ဟောဟဲ ...  ဟောဟဲ"

ကျန်းရီသည် အနက်ရောင် အတွင်းအား ရှစ်မျှင်ကို သုံးစွဲ၍ ပြေးလာခဲ့ ရသည်။ သူ့နောက်ကို ဘယ်သူမှ လိုက်မလာသည်မှာ သေချာသွားမှ သူသည် ရပ်တန့်ကာ အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ့ခေါင်းသည် ချွေးစေးများဖြင့် ရွှဲနေခဲ့သည်။ သူသည် သင်တန်းကျောင်းကို မဝင်ရောက်ခင်မှာပင် လူနှစ်အုပ်ကို ရန်စမိခဲ့သည်။ သူသည် အနာဂတ်တွင် မထင်မရှား နေရန်မှာ ခက်ခဲသွားပြီ ဖြစ်ကြောင်း သိလိုက်သည်။

*****

All Chapters