← Chapters

အလုပ်တစ်ခု လုပ်ခြင်း

Vol. 1 Ch. 73

အလုပ်တစ်ခု လုပ်ခြင်း

Vol. 1 Ch. 73

"ရှဲ ...  ရှဲ"

ကံတရား၏ ဓားစိမ်းသည် အဖိုးတန် လက်နက်တစ်ခု ဖြစ်ပြီး အတွင်းအား အကူအညီနှင့် ဆိုလျှင် အလွန် ချွန်မြသွားသည်။ ကျန်းရီကြောင့် ဒဏ်ရာပြင်းပြင်း ရသွားသော ရေဘဝဲမိစ္ဆာသည် အသစ်ပြန်လည် ဖြစ်တည် နေသောကြောင့် မတိုက်ခိုက် နိုင်သေးပေ။ ကံတရား၏ ဓားစိမ်းသည် ရေဘဝဲ မိစ္ဆာကြီးထံမှ အသားများ တစ်စစီ လွင့်ထွက်သွား စေသည်။

ပုလဲ …

ကျန်းရီသည် နဂါးမျက်လုံးလောက် ကြီးမားသော အစိမ်းရောင် ပုလဲကို ကြည့်ချိန်တွင် သူ့မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေခဲ့သည်။ သူသည် ပတ်ဝန်းကျင်ရှိ အသားစများကို အလျင်အမြန် ဖယ်ရှားကာ ညာဘက်လက်ကို လက်သည်းများနှယ် သုံးလိုက်ပြီး ပုလဲကို ဆုပ်ကိုင်လိုက်သည်။

တစ်ခုခု မူမမှန်ဘူး။

ကျန်းရီသည် ပုလဲကို ဖမ်းဆုပ်မိတော့မည့် ဆဲဆဲတွင် သူ့အသက်သည် အန္တရာယ် ကျရောက်နေပြီဟု ခံစားလိုက်ရသည်။ အေးစက်စက် အကြည့်တစ်ချက်နှင့် အတူ သူသည် လိုချင်စိတ်များကို အတင်း ချိုးနှိမ်လိုက်ကာ တွေဝေမနေဘဲ နောက်သို့ အလျင်အမြန် ဆုတ်လိုက်သည်။

"ဗုန်း"

မိစ္ဆာကြီး၏ ကိုယ်သည် ရုတ်တရက် ပေါက်ကွဲ သွားခဲ့သည်။ ထိုပေါက်ကွဲမှုသည် ကျန်းရီ၏ အတွင်းအား ပေါက်ကွဲ လက်ဝါးထက် အဆများစွာ ပြင်းထန်လေသည်။ ထိုအင်အားသည် ကျန်းရီ၏ ကိုယ်ကို လွင့်စဉ် ထွက်သွားစေကာ ကျန်းရီ၏ အဝတ်အစားများကို စုတ်ပြတ် သွားစေ၍ သူ့ကိုယ်ကို သွေးများ လွှမ်းသွားစေသည်။ ကံကောင်းစွာပင် သူသည် ခြေထောက်များကို အချိန်မီ စေ့၍ သူ၏ ကိုယ်ပိုင် နေရာလေးကို ကာကွယ် ထားလိုက်နိုင်သည်။

"သေစမ်း"

ကျန်းရီသည် အားယူကာ မတ်တတ် ရပ်လိုက်ပြီးနောက် ပါးစပ်မှ သွေးများအပြည့် ပန်းထွက်လာခဲ့သည်။ သူသည် အန္တရာယ် အများဆုံး အခြေအနေတွင် အစိမ်းရောင် ပုလဲကို ဖမ်းဆုပ်မည့်အစား နောက်ဆုတ် ရွေးချယ်မိသည်မှာ ကံကောင်းသည်။ မဟုတ်လျှင် သူသည် ပေါက်ကွဲမှုကြောင့် သေလျှင်သေ၊ မသေလျှင် မသန်မစွမ်း ဖြစ်သွားမည် ဖြစ်သည်။

"တကယ့်လန်းတဲ့ ပစ္စည်းပဲ ဒီလို ကြောက်စရာ ပေါက်ကွဲမှု အပြီးမှာတောင် ပျက်စီးမသွားဘူး"

ကျန်းရီသည် ထောင့်တစ်ခုကို ကြည့်လိုက်ပြီး အစိမ်းရောင်ဖျော့ဖျော့ တောက်ပနေသေးသော အစိမ်းရောင် ပုလဲကို မြင်လိုက်သော် သဘောကျစွာ ပြုံးလိုက်သည်။ သူသည် ခက်ခက်ခဲခဲ ကြိုးစား၍ ထိုင်လိုက်ပြီး မြေကမ္ဘာအဆင့် ဆေးတစ်လုံးကို စားသုံးရန် ထုတ်ယူလိုက်သည်။ သူသည် အစိမ်းရောင် ပုလဲကို ခဏလျစ်လျူရှု ထားလိုက်ကာ သူ၏ ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်ထား လိုက်သည်။

သူသည် အတွင်းအားပေါက်ကွဲ လက်ဝါးကို အားကုန် ထုတ်သုံး လိုက်ပြီးနောက် သူ့ကိုယ်သည် အတော်လေး နွမ်းနယ် နေခဲ့သည်။ သူသာ ယခုအချိန် ဒဏ်ရာများကို မကုစားပါလျှင် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း တတိယအဆင့် ရှိသူတောင် သူ့ကို အသာလေး သတ်သွားပေလိမ့်မည်။

တစ်နာရီ ကြာပြီးနောက် မြေကမ္ဘာအဆင့် ဆေးတစ်လုံး၏ အာနိသင်သည် လုံးဝ ကုန်ဆုံးသွားပြီ ဖြစ်သည်။ သူသည် နောက်ထပ် မြေကမ္ဘာအဆင့် ဆေးတစ်လုံးကို ထုတ်ကာ စားသုံး လိုက်ပြန်သည်။ သူ့ခန္ဓာကိုယ် အခြေအနေသည် အတော်လေး ကောင်းသွားပြီ ဖြစ်ကာ ဒဏ်ရာများလည်း ကျက်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ အတွင်းအား များသည်လည်း ပြန်လည် ပြည့်ဝ သွားခဲ့ပေပြီ။

နောက်တစ်နာရီ ထပ်ကြာပြီးနောက် ကျန်းရီသည် ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ကာ ဝတ်ဆင်ရန် နောက်ထပ် ဝတ်စုံတစ်ခုကို ထုတ်လိုက်ပြီး အစိမ်းရောင် ပုလဲဆီ ဦးတည် သွားလိုက်သည်။

"ဒါက ဘာပုလဲ အမျိုးအစားလဲ''

သူသည် အစိမ်းရောင် ပုလဲကို ဆုပ်ကိုင်လိုက်လျှင် သာမန်ထက် ပို၍ ထူးခြားသည်ဟု ခံစားလိုက်ရသည်။ ခဏမျှ သေချာ စစ်ဆေးလိုက်ပြီးနောက် သူသည် အတွင်းအားဖြင့် ပုလဲ ပတ်လည်ကို ဝန်းရံ စေလိုက်သည်။

အစိမ်းရောင် ပုလဲသည် မည်သို့မှ တုံ့ပြန် မလာခဲ့ပေ။ ကျန်းရီသည် စိတ်ရှုပ်သွားကာ ပုလဲကို ဘယ်ညာလှည့်၍ သေချာ ကြည့်နေလိုက်သည်။ သူသည် အားလုံးကို စမ်းသပ် ကြည့်လိုက်သည်။ ပုလဲကို သူ့ပါးစပ် အတွင်းတောင် ထည့်ထားလိုက်သေးသည်။ သို့သော် ပုလဲသည် မည်သို့မှ တုံ့ပြန်မလာခဲ့ပေ။

"ဒါက မဟုတ်သေးပါဘူး။ ရေဘဝဲမိစ္ဆာရဲ့ မှော်အစွမ်းတွေက ဒီပုလဲနဲ့ ဆက်စပ်နေတာ မဟုတ်ဘူးလား၊ ပြီးတော့ ဒီပုလဲက သေစေနိုင်လောက်တဲ့ အားနဲ့ ပေါက်ကွဲမှုကိုတောင် ဘာမှမဖြစ်ဘူး ဆိုတော့ ဒါက အဖိုးတန် ပစ္စည်းတစ်ခု ဖြစ်ကို ဖြစ်ရမယ်''

ကျန်းရီသည် တိုးတိုး ရေရွတ်ခဲ့သည်။ သူသည် အစက အဖိုးမဖြတ်နိုင်သော ရတနာကို လက်ဝယ်ပိုင် ရပြီဟု ထင်ခဲ့သော်လည်း ယခုမူ ၎င်းသည် အသုံးမဝင်ဟု ထင်ရသည်။

ဆယ့်ငါးမိနစ်မျှ ကြာအောင် သေချာလေ့လာပြီးနောက် ကျန်းရီသည် ထိုပုလဲမှာ တကယ့်ကို အသုံးမဝင်ကြောင်း အတည် ပြုလိုက်နိုင်သည်။ သူ့တွင် ဆက်လေ့လာနေရန် အချိန်မရရာ သူသည် ပုလဲကို အိတ်အတွင်း ပစ်ထည့် လိုက်ပြီးနောက် အနီးပတ်ဝန်းကျင်ကို စတင် ရှာဖွေလိုက်သည်။ သူသည် ထောင့်တစ်ခုတွင် တံဆိပ်ပြား တစ်ခုကို မြင်ရရာ မျက်လုံးများ တောက်ပ သွားခဲ့သည်။ ထိုတံဆိပ်ပြားသည် ရွှေရောင်ဟု ထင်ရသည်။

သူသည် ခြေလှမ်းကျဲကြီး များနှင့် အပြေးသွားကာ တံဆိပ်ပြားကို ကောက်ယူလိုက်သည်။ ၎င်းသည် တကယ်ကို ဝိညာဉ်သားရဲ သင်တန်းကျောင်းမှ ရှားပါးလွန်းသော ရွှေရောင် တံဆိပ်ပြား ဖြစ်နေခဲ့သည်။ ဒီစွန့်စားမှုသည် သူ့ကို စိတ်မပျက်စေခဲ့ကြောင်း သိလိုက်ပြီးနောက် သူသည် စိတ်သက်သာရာ ရသွားခဲ့သည်။ ၎င်းသည် ရွှေရောင် တံဆိပ်ပြားများကို အမှန်တကယ် အင်အားကောင်းသော အကောင်များ၏ ကိုယ်တွင်း၌သာ ထားကြောင်း သက်သေ ပြနေခဲ့သည်။

"အိုး ... ဟုတ်သားပဲ"

ကျန်းရီသည် လျှိုမြောင်ထဲမှ ထွက်ခွာသွားရန် ပြင်လိုက်သော်လည်း ရုတ်တရက် တစ်ခုခုကို သတိရသွားခဲ့သည်။ အလောင်းလေးခု ရှိသေးတယ် မဟုတ်လား။ သူတို့မှာ ပိုင်ဆိုင်ထားတဲ့ တံဆိပ်ပြားတွေများ ရှိနေမလား။

ခေါင်းကိုက်စေသော သွေးညှီနံ့များကို လျစ်လျူရှုရင်း ကျန်းရီသည် အလောင်းများကို စတင် ရှာဖွေတော့သည်။ သူသည် မကြာခင်မှာပင် ထိုသူတို့၏ ပိုင်ဆိုင်မှုများကို တွေ့ရှိသွားခဲ့ပြီး ကြည့်လိုက်သောအခါ အတော်လေး ဝမ်းသာ သွားခဲ့ရလေသည်။ ပြိုင်ပွဲဝင် လေးဦးလုံးသည် အတော်လေး အားကောင်းပုံ ပေါ်သည်။ သူတို့တွင် တံဆိပ်ပြား နှစ်ဆယ်ကျော် ရှိနေခဲ့သည်။ ထို့အပြင် ထိုအထဲတွင် ရွှေရောင် တံဆိပ်ပြား တစ်ခုပါ ပါနေခဲ့သေးသည်။

"ငါနောက်ထပ် တစ်ခုပဲ လိုတော့တယ်''

ကျန်းရီသည် အတော်လေး ပျော်ရွှင်သွားခဲ့ပြီး တံဆိပ်ပြားများရော၊ ခရမ်းရောင်ရွှေများ၊ ဆေးများကိုပါ သိမ်းဆည်းလိုက်သည်။ သူသည် ထိုသူတို့၏ လက်နက်များကိုမူ ယူမသွားခဲ့ပေ။ အခြားသူများသည် သူ့ကို လူသတ်သမားအဖြစ် အထင်လွဲမှား နိုင်သောကြောင့် ဖြစ်သည်။

သူသည် အလောင်းလေးခု အပေါ်သို့ သစ်ရွက်ခြောက်များ ဖုံးလိုက်သော်လည်း သူတို့ကို မြှုပ်နှံမပေးခဲ့ပေ။ ဝိညာဉ်သားရဲ သင်တန်းကျောင်းမှ ဆရာများသည် သွေးရှင်းတမ်း ပြိုင်ပွဲ ပြီးသည့်နောက် လှည့်လည် စစ်ဆေးကြမည် ဖြစ်သည်။ သူသာ ထိုသူတို့ကို မြှုပ်နှံ လိုက်ပါလျှင် ကျန်မိသားစုဝင် များသည် ဝမ်းနည်းပူဆွေးရန် ရုပ်အလောင်းပင် မကျန် ဖြစ်ရပေလိမ့်မည်။

မရည်ရွယ်ဘဲ ရွှေရောင် တံဆိပ်ပြားနှစ်ခု ရခဲ့ခြင်းကြောင့် ကျန်းရီသည် ဝန်ထုပ်ဝန်ပိုးများ အတော်လေး လျော့ပါးသွားခဲ့ပြီ ဖြစ်သည်။ သူသည် လျှိုမြောင်ထဲမှ တက်လာပြီ ဖြစ်သော်လည်း ချက်ချင်း ထွက်ခွာ မသွားခဲ့ပေ။ သူသည် ပုန်းရန် လုံခြုံသော နေရာတစ်ခု ရှာလိုက်ပြီး ထပ်မံ၍ ဒဏ်ရာများကို ကုစားကာ အတွင်းအားများ ဖြည့်တင်း နေလိုက်သည်။

"ဟ ...  ဟ"

တစ်နာရီမျှ ကြာပြီးနောက် သူသည် အနီးအနားမှ ဆူညံသံတို့ကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားရသည်။ သူ့ကိုယ်သည် သူ့ မူလအခြေအနေ၏ ရှစ်ဆယ် ရာခိုင်နှုန်းလောက် ပြန်ကောင်းနေပြီ ဖြစ်သည်။ သူ၏ အတွင်းအားသည်လည်း ပြည့်ဝနေပြီ ဖြစ်သည်။ သူသည် အလျင်အမြန် ချုံများကြားမှ အလျင်အမြန် ထွက်လာခဲ့ပြီး ဆူညံသံ ရှိရာသို့ ဦးတည်လိုက်သည်။

ဒါက ဘာလဲ …

တစ်ချက် ကြည့်လိုက်ပြီး ကျန်းရီသည် ဆွံ့အ သွားရလေသည်။ ရှေ့ရှိ လွင်ပြင်တွင် တိုက်ပွဲကြီး တစ်ခု ဖြစ်ပွားနေခဲ့သည်။ အနည်းဆုံးတော့ လူတစ်ရာလောက် ရှိသည်။ တစ်ဖက်တွင် လူငါးဆယ်ခန့် ဖြစ်သည်။ သို့သော် ဘယ်သူမှ လက်နက်များကို အသုံးမပြုနေကြပေ။ အဲဒီလိုဆိုရင်တောင် လူနှစ်ဆယ်၊ သုံးဆယ်ခန့်သည် ပြင်းပြင်းထန်ထန် ဒဏ်ရာရကာ မြေပြင်ပေါ်တွင် လဲကျ နေကြသည်။

"အာ ...  ကျန့်ဝူရွှမ်းလည်း ဒီမှာလား''

ကျန်းရီသည် ရင်းနှီးသော မျက်နှာနှစ်ခုကို မြင်လိုက်ရသည်။ ၎င်းမှာ ကျန့်ဝူရွှမ်းနှင့် သူ့ညီမတို့ ဖြစ်ကြသည်။ သူတို့သည် ရုတ်ရုတ်သဲသဲ ဖြစ်နေမှုကို ကြည့်နေကြပြီး ဝင်ပါမည့် ပုံလည်း မပေါ်ပေ။ ကျန်းရီသည် တိုက်ပွဲဖြစ်ရာ နေရာကို အမြန် ကြည့်လိုက်သောအခါ သူသည် နောက်ထပ် ရင်းနှီးသော မျက်နှာတစ်ခုကို တွေ့လိုက်ရပြန်သည်။ ဒီနေရာတွင် မရှိသင့်သော တစ်ယောက်ဖြစ်သည်။

"ကျန်းချီလင်းရဲ့ ဒဏ်ရာတွေက လုံးဝကုလို့ ပြီးသွားတာလား၊ နှစ်ရက်ပဲ ရှိသေးတာ မဟုတ်ဘူးလား။ သူက ကောင်းကင်အဆင့် ဆေးလုံးကို စားလိုက်တာများလား''

ကျန်းရီသည် အံ့အားသင့် နေခဲ့သည်။ သူဆက်လက်၍ စူးစမ်း လိုက်သောအခါ တိတ်တဆိတ် စောင့်ကြည့် နေကြသော ပြိုင်ပွဲဝင် များစွာကို တွေ့လိုက်ရသည်။ လူအများကြီး ရှိနေရာ သူသည် ပထမညက တွေ့ခဲ့သော သခင်မလေးနှင့် တွေ့ဆုံမည်ကို ကြောက်မနေတော့ပေ။ သူထွက်ခွာ သွားရန် ပြင်လိုက်ချိန်မှာပင် သူသည် အနီးရှိ ချုံပုတ်ထဲမှ တွန့်ဆုတ်စွာ လက်ယမ်း ပြနေသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။

"အစ်ကိုကြီး ...  အစ်ကိုကြီး ...  ဒီကို လာခဲ့"

ရင်းနှီးသော အသံတစ်ခုသည် ထွက်ပေါ်လာခဲ့ပြီး ၎င်းသည် တကယ်လည်း ဝတုတ် ချမ်ဝမ်ကွမ် ဖြစ်နေခဲ့သည်။ ကျန်းရီသည် ခဏလောက် စဉ်းစားလိုက်ပြီး ချမ်ဝမ်ကွမ်ထံ သွားကာ တီးတိုး ပြောလိုက်သည်။

"ချမ်ဝမ်ကွမ် ...  မင်းဘာအတွက် ငါ့ကိုခေါ်တာလဲ''

"ဟီးဟီး ...  အစ်ကိုကြီး ...  ငါမင်းနဲ့ အလုပ်အတူ လုပ်ချင်လို့"

ချမ်ဝမ်ကွမ်သည် အန္တရာယ် မရှိသော အပြုံးတစ်ခုကို ပြုံးကာ ကျန်းရီ၏ ဝတ်ရုံစကို ဆွဲ၍ တိုးတိုး ပြောလိုက်သည်။

"အစ်ကိုကြီး ...  မင်း ကျန်းချီလင်းရဲ့ လူဆယ်ယောက်လောကို ဒဏ်ရာ ပြင်းပြင်းထန်ထန် ရအောင် လုပ်ပေးပါလား။ ငါမင်းကို ခရမ်းရောင်ရွှေ တစ်ထောင်တေးလ် ပေးရင် ဘယ်လိုလဲ''

"ဘာ ...  မင်းစိတ်လွတ် သွားတာလား''

ကျန်းရီသည် မျက်လုံးများ ပြူးကျယ်သွားကာ ဝတုတ်ကို ဆွံ့အစွာ ကြည့်လိုက်သည်။ သူသည် လှည့်ထွက်လာခဲ့သည်။

"မသွားပါနဲ့ အစ်ကိုကြီး"

ဝတုတ်သည် ကျန်းရီကို ဆွဲကာ အရယ်တစ်ဝက်နှင့် ဆက်ပြောလာခဲ့သည်။

"ငွေကြေးက ညှိနှိုင်းလို့ ရပါတယ်။ ခရမ်းရောင်ရွှေ နှစ်ထောင်တေးလ် ဆိုရင်ရော''

ကျန်းရီ၏ နဖူးသည် အစင်းကြောင်းများ ပေါ်သည်အထိ ရှုံ့သွားခဲ့သည်။ သူသည် ဝတုတ်ကို စိုက်ကြည့်လိုက်ကာ မေးလိုက်သည်။

"ငွေကြေးက ကိစ္စမဟုတ်ဘူး။ ငါက ဘာလို့ အကြောင်းအရင်း မရှိဘဲ ကျန်းချီလင်းကို ဆန့်ကျင်ရမှာလဲ။ ငါက ငါ့အသက်ကို စွန့်ပစ်မယ်လို့ မင်းထင်လား။ သူက ကျန်းဂိုဏ်းရဲ့ သခင်လေးပဲ''

"ဟီးဟီး"

ဝတုတ်သည် ရယ်မောလိုက်သည်။

"သူက ကျန်းဂိုဏ်းရဲ့ သခင်လေး ဖြစ်နေတော့ရော ဘာဖြစ်လဲ ... အစ်ကိုကြီး သူ့ကို ရိုက်လိုက်မယ် ဆိုရင်တောင် အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင်က စိတ်ဝင်စားမှာ မဟုတ်ဘူး။ ပြီးတော့ ...  သူ့ထက်ပိုပြီး အဆင့်အတန်း မြင့်တဲ့သူတွေ အနည်းဆုံး ငါးယောက်လောက် ရှိနေသေးတယ်။ သူက အသေးအဖွဲလေးပဲ။ ဘာလို့ ကျွန်တော့်ကို မကူညီတာလဲ။ ကျွန်တော်က ရွှေရောင် တံဆိပ်ပြားတစ်ခု ပေးမယ်ဆိုရင်ရော''

"ရွှေရောင် တံဆိပ်ပြားတစ်ခု''

ကျန်းရီသည် တွေဝေ သွားခဲ့သည်။ သူ့တွင် အစတည်းက ရွှေရောင်တံဆိပ်ပြား တစ်ခုသာ လိုတော့သည်။ ဤသို့ ရုန်းရင်းဆန်ခတ် ဖြစ်နေချိန်တွင် သူသည် လူဆယ်ယောက်ကို အသာလေး ဒဏ်ရာရအောင် လုပ်နိုင်ပေသည်။ သူသည် နောင်အခါ ကျန်းချီလင်း စာရင်းရှင်းရန် လာရောက်မည်ကိုသာ စိုးရိမ်သည်။

သေစမ်း …

ကျန်းရီသည် သူ ကျန်းချီလင်းကို တစ်ခါဆန့်ကျင်ခဲ့ပြီး ဖြစ်ကြောင်း တွေးမိသောအခါ ထပ်မံ၍ စိတ်ပူ မနေတော့ပေ။ ရှောင်နူကို ကုသနိုင်ရန်သာ အရေးအကြီးဆုံး ဖြစ်သည်။ သူက မျက်လုံးမှ ပြတ်သားသော အရိပ်အယောင်များ ထွက်ပေါ်လာပြီး တိုးညင်းစွာ ပြောလိုက်သည်။

"ငါ့ကို တံဆိပ်ပြား အရင်ပေး ...  ငါ့အသက်ကို မင်းပိုင်ပြီ။ ဟုတ်သားပဲ၊ မင်းက ဘာလို့ ငါလူဆယ်ယောက်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်နိုင်တယ်လို့ ယုံနေရတာလဲ''

"ဟီးဟီး"

ဝတုတ်သည် မျက်လုံးများ ပိတ်သွားသည်အထိ ပြုံးလိုက်ပြီး ခပ်တိုးတိုး ပြန်ဖြေလာခဲ့သည်။

"လူသတ်ချင်တဲ့ အရှိန်အဝါ ...  ဒီမှာ ရှိတဲ့ လူတွေ အားလုံးထဲမှာ မင်းနဲ့ ကျန့်ဝူရွှမ်းပဲ၊ အရှိန်အဝါ အပြင်းဆုံး ဖြစ်နေတာ၊ ကျန့်ဝူရွှမ်းက ဝင်ပါချင်စိတ် ရှိမှာ မဟုတ်ဘူး။ ဒါကြောင့် မင်းကို ရှာတာ မင်းရဲ့ အင်အား အစစ်အမှန်က ဒီလောက်ပဲ မဟုတ်သေးဘူးမလား။ ဟီးဟီး ...  မစိုးရိမ်ပါနဲ့၊ အစ်ကိုကြီး ...  အစ်ကိုကြီးက ဝိညာဉ်သားရဲ သင်တန်းကျောင်းကို ဝင်နိုင်နေသရွေ့ ကျန်းချီလင်း အစ်ကိုကြီးကို ထိရဲမှာ မဟုတ်ဘူး''

*****

All Chapters