← Chapters

ဂိုဏ်းကြီးခုနှစ်ခု

Vol. 1 Ch. 74

ဂိုဏ်းကြီးခုနှစ်ခု

Vol. 1 Ch. 74

"ဖုန်း"

ကျန်းရီသည် ဖက်တီး၏ ဟန်များနေသော ပုံကို ကြည့်လိုက်ပြီး မနေနိုင်တော့ဘဲ လက်မြှောက်ကာ ဖက်တီး၏ နောက်စေ့ကို ရိုက်ချလိုက်သည်။ ထို့နောက် သူသည် ဖက်တီးကို လေးလေးနက်နက် ပြောလိုက်သည်။

"အခု တည်တည်တံ့တံ့ နေစမ်းပါ။ ငါ့ကို အဓိပ္ပာယ် မရှိတာတွေ ပြောမနေနဲ့ "

ကျန်းရီသည် အရူးမဟုတ်ရာ တစ်စုံတစ်ယောက်က ချီးမွမ်းတိုင်း မြောက်သွားလိမ့်မည် မဟုတ်ပေ။ လူသတ်ချင်နေတဲ့ အရှိန်အဝါ ဟုတ်လား။ လူသတ်ချင်တဲ့ အရှိန်အဝါအများကြီး ရနေအောင် သူက လူဘယ်လောက် သတ်ထားတာမလို့လဲ။

ဖက်တီးက အန္တရာယ် မရှိပုံပေါ်ပြီး ယုံကြည်စိတ်ချ ရသောကြောင့် လူအများသည် သူ၏ လှည့်စားခြင်းကို ခံရနိုင်သည်။

ကျန်းရီ၏ ရိုက်ခြင်းကို ခံလိုက်ရသော်လည်း ဝတုတ်သည် စိတ်မဆိုးခဲ့ပေ။ သူသည် ရယ်မောလိုက်သည်။

"အစ်ကိုကြီးက တကယ့်ကို ဉာဏ်ကောင်းတာပဲ။ ကျွန်တော်ထပ်ပြီး ဖုံးကွယ် မထားတော့ပါဘူး။ တကယ်တော့ ...  ကျွန်တော့်မှာ အံ့သြဖွယ်ကောင်းတဲ့ ဘယ်သူ့ကို မဆို တစ်ချက်ကြည့်ရုံနဲ့ သိနိုင်တဲ့ ထူးခြားတဲ့ စွမ်းရည်တစ်မျိုး ရှိတယ်"

"ဖုန်း"

ကျန်းရီသည် ဖက်တီးကို နောက်တစ်ချက် ထပ်ရိုက်လိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။

"ထပ်ပြီး အဓိပ္ပာယ် မရှိတာတွေ လာပြန်ပြီ။ ငါသွားတော့မယ်"

"မလုပ် ...  မလုပ်ပါနဲ့ ...  အစ်ကိုကြီး"

ချမ်ဝမ်ကွမ်သည် ကျန်းရီကို ဆွဲထားလိုက်ပြီး အမှန်ကို ပြောလာခဲ့သည်။

"ငါက မင်းနဲ့ ကျန်းချီလင်း တိုက်ခိုက်နေတဲ့ အချိန်တည်းက အဲဒီမှာ ရှိနေတယ်။ ဒါပေမဲ့ အဲဘေးမှာ ငါပုန်းနေခဲ့တယ်။ မင်းနဲ့ ကျန့်ဝူရွှမ်းက ငါအဲ့မှာ ရှိနေမှန်း မသိကြဘူး"

"ဟမ့်"

ကျန်းရီသည် နှာခေါင်းရှုံ့လိုက်ပြီး ထပ်မေးလိုက်သည်။

"ဒါဆို မင်းက ဘာလို့ ကျန်းချီလင်းကို ကိုင်တွယ်ဖို့ ငါ့ကို ဘာလို့ မေးတာလဲ။ မင်းတို့ နှစ်ယောက်ကြားမှာ ရန်ငြိုး တစ်ခုခုများ ရှိလို့လား"

ချမ်ဝမ်ကွမ်သည် တစ်ခဏမျှ ရပ်တန့်လိုက်ပြီး ဒေါသတကြီး ပြောလာခဲ့သည်။

"ကျန်းချီလင်းက လွန်လွန်းတယ်။ အဲဒီနေ့က ကျန့်ဝူရွှမ်းက သူ့ခြေထောက်တွေကို ချိုးလိုက်တယ် မဟုတ်လား။ သူက ဒဏ်ရာတွေ ပြန်ကုသဖို့ လိုတာကြောင့် လွန်ခဲ့တဲ့ နှစ်ရက်လုံးလုံး သူအမဲ မလိုက်နိုင်ဘူး။ အဲဒီနောက် အနီးအနားက ပြိုင်ပွဲဝင် ကျန်းဂိုဏ်းသားတွေကို သူက အမိန့်ပေးလိုက်တယ်လေ။ ကျန်းစွန်း ဂိုဏ်းသားတွေနဲ့ ပူးပေါင်းပြီးတော့ လူတိုင်းဆီက တံဆိပ်ပြားတွေကို လိုက်လုဖို့၊ သူတို့တွေက ငါ့ရဲ့ ဂိုဏ်းသားတွေကိုတောင် လွှတ်မပေးဘူး။ ဒီမနက် ငါတို့ဂိုဏ်းက လူတွေအများကြီး တိုက်ခိုက်ခံရပြီးတော့၊ တံဆိပ်ပြားတွေ အများကြီး အလုခံလိုက်ရတယ်။ ဒါကြောင့် ငါတို့တွေ ဒေါသထွက်ပြီး သူတို့ကို ရှင်းဖို့ အုပ်စုဖွဲ့ နေကြတာပဲ''

"မင်းတို့ ဂိုဏ်းသားတွေ ...  မင်းတို့တွေက ဘယ်ဂိုဏ်းကလဲ၊ ကျန်းဂိုဏ်းက နောင်ကျရင် စာရင်းလာရှင်းမှာ မကြောက်ဘူးလား"

ကျန်းရီသည် ပို၍ပင် သိချင်လာရသည်။

"ဘာကြောက်စရာ ရှိလို့လဲ။ အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင်သာ ဝင်မစွက်ဖက်ရင် သူတို့က ငါတို့ကို ဘယ်လို ယှဉ်နိုင်မှာလဲ "

ဝတုတ်သည် စကားပြော နေချိန်တွင် အတော်လေး ဝံ့ကြွားနေခဲ့သည်။ သို့သော် သူသည် ကျန်းရီ၏ ဘာမှ နားမလည်သော အမူအရာကို မြင်လျှင် ဆက်ရှင်းပြ လာခဲ့သည်။

"ရှန်ဝူနိုင်ငံတော်ရဲ့ တော်ဝင် မိသားစုတွေ မပါရင် ဂိုဏ်းကြီးခုနှစ်ခု ရှိတယ်။ ပထမဆုံးက ကျန်းစွန်းဂိုဏ်း၊ ဒုတိယက ကျန်းဂိုဏ်း၊ တတိယက ကျန့်ဂိုဏ်း၊ စတုတ္ထကတော့ ငါ့ရဲ့ ချမ်ဂိုဏ်း ...  ပြီးတော့မှ လုံဂိုဏ်း၊ ထိုက်ရှစ်ဂိုဏ်း၊ ယင်းဂိုဏ်းက နောက်ဆုံးပဲ။ ငါတို့ဂိုဏ်းတွေရဲ့ အထက်လူကြီးတွေက လူငယ် မျိုးဆက်တွေရဲ့ ပြဿနာတွေမှာ ဝင်ပါလေ့ မရှိဘူး။ ငါတို့တွေက တိုက်ရိုက် ဆက်ခံသူကို မသတ်သရွေ့ တခြားဂိုဏ်းက လူကို အနိုင်တိုက်နိုင်ရင် ဆုတောင် ချီးမြှင့် ခံရသေးတယ်"

"ဒီလိုကိုး ... "

ကျန်းရီသည် နောက်ဆုံးတွင် သဘောပေါက် သွားခဲ့လေသည်။ ရှန်ဝူနိုင်ငံတော်၏ ဂိုဏ်းကြီးများသည် ကောင်းကင် တောင်ပံမြို့၏ ဂိုဏ်းများနှင့် သဘောတရား အတူတူပင် ဖြစ်သည်။ လူငယ် မျိုးဆက်များသည် သတ်ဖြတ်ခြင်းမှ လွဲ၍ ပြဿနာမျိုးစုံကို ရှာနိုင်သည်။ သို့သော် သူအတော်လေး သံသယ ဖြစ်သွားရသည်မှာ အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင်သည် ရှန်ဝူနိုင်ငံတော်၏ နံပါတ်တစ် စစ်သည်တော် ဖြစ်သော်လည်း သူ့ကျန်းဂိုဏ်းသည် နံပါတ်နှစ်သာ ရှိသည်။

"အစ်ကိုကြီးက ရှန်ဝူနိုင်ငံတော်ရဲ့ အရေးကိစ္စတွေကို လျစ်လျူရှု ထားပုံရတယ်"

ဝတုတ်သည် ဆက်ရှင်းပြ လာခဲ့သည်။

"ကျန်းစွန်းဂိုဏ်းက အာဏာစက် အများဆုံး ဖြစ်နေရတာက လက်ရှိ မိဖုရားခေါင်ကြီးက ကျန်းစွန်းဂိုဏ်းကလေ၊ ပြီးတော့ စစ်သေနာပတိချုပ် ကလည်း ကျန်းစွန်းဂိုဏ်းကပဲ၊ လက်ရှိ ဧကရာဇ်က နေ့စဉ် ပြဿနာတွေမှာ ဝင်ပါလေ့မရှိဘူး။ သူ့ကိုယ်စားလှယ် အနေနဲ့ ကျန်းစွန်းဂိုဏ်းကပဲ အားလုံးကို ဖြေရှင်းနေရတာ ကျန်းဂိုဏ်းက နံပါတ်နှစ် နေရာမှာ ရှိနေတာက ကျန်းပိုင်လီ တစ်ယောက်တည်း ကြောင့်ပဲ ကျန့်ဂိုဏ်းကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်း လောက်တည်းက ရှိခဲ့တဲ့ စစ်နတ်ဘုရားဂိုဏ်းပဲ''

"ဟီးဟီး ...  ငါတို့ရဲ့ ချမ်ဂိုဏ်းကတော့ ရှန်ဝူနိုင်ငံတော် တစ်ခုလုံးရဲ့ ကုန်သွယ် လုပ်ငန်းတွေ တစ်ဝက်လောက်က ငါတို့ ဂိုဏ်းက ပိုင်တာပဲ၊ လုံဂိုဏ်းနဲ့ ထိုက်ရှစ်ဂိုဏ်း ကတော့ စစ်တပ်ကို ကိုယ်စားပြုတယ်။ ယင်းဂိုဏ်းကတော့ မှောင်ခိုလောကရဲ့ ဘုရင်ပဲ။ သူက ကြေးစား လူသတ်သမားဂိုဏ်းပဲ။ ဒီမှာ လူတွေ အများကြီး ရှိတယ် မထင်လိုက်နဲ့၊ ဒါက ကျန်းစွန်းဂိုဏ်းနဲ့ ကျန်းဂိုဏ်းက တစ်ဖက် ကျန့်ဂိုဏ်းကလွဲရင် ကျန်တဲ့ ဂိုဏ်းကြီးလေးခုက တစ်ဖက် တိုက်နေကြတဲ့ ရန်ပွဲပဲ၊ ကျန့်ဂိုဏ်းသာ ငါတို့နဲ့ လာပူးပေါင်းရင် ငါတို့က အဲဒီလူတွေကို တွေ့တဲ့ နေရာတိုင်းမှာ ရိုက်လို့ရပြီ"

"အိုး"

ကျန်းရီသည် နောက်ဆုံးတွင် သဘောပေါက်သွားခဲ့ပြီ ဖြစ်သော်လည်း ထိုကိစ္စသည် ပို၍ ဒုက္ခများလာသည်ဟု ခံစားလိုက်ရသည်။ ယခုကိစ္စသည် သာမန် တိုက်ပွဲတစ်ခု မဟုတ်ပေ။ ဂိုဏ်းကြီး ခြောက်ခု၏ လူငယ်မျိုးဆက်များ ကြားမှ အားပြိုင်သည့် ရန်ပွဲများ ဖြစ်သည်။ သူဝင်စွက်ဖက်သည်ကို သိရှိသွားပါလျှင် ကျန်းစွန်းဂိုဏ်းနှင့် ကျန်းဂိုဏ်း၏ အမျက်သင့်ခြင်းကို ခံရနိုင်ပေသည်။

သို့သော် သူဝင်မစွက်ဖက်လျှင်လည်း နေ့တစ်ဝက်နှင့် နောက်ထပ် ရွှေရောင်တံဆိပ်ပြား တစ်ခု ရလောက်အောင်လည်း ကံမကောင်းနိုင်ပေ။

"အစ်ကိုကြီး ...  မစိုးရိမ်ပါနဲ့ ...  ဒီမှာ မင်းအတွက်"

ဝတုတ်သည် မျက်နှာဖုံး ပါးပါးတစ်ခုကို ထုတ်ယူလိုက်ကာ သူ့ကို ကမ်းပေးလာခဲ့သည်။

"ဒါက လူပုံမျက်နှာဖုံးပဲ ...  အစ်ကိုကြီးသာ ဒါကို ဝတ်ထားလိုက်ရင် ဘယ်သူမှ မှတ်မိမှာ မဟုတ်တော့ပါဘူး။ အစ်ကိုကြီးသာ သင်တန်းကျောင်းကို ဝင်နိုင်ရင် အဲဒီမှာ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှာကို တားမြစ်ထားတယ်။ အစ်ကိုကြီးရဲ့ အင်အားနဲ့ဆို ကျန်းချီလင်း ဘာမှ လုပ်ရဲမှာ မဟုတ်ဘူး။ ဒီတစ်ကြိမ်မှာ ကျွန်တော်တို့ကို ကူညီလိုက်မယ် ဆိုရင် အစ်ကိုကြီး သင်တန်းကျောင်းကို ရောက်လာရင် ကျွန်တော်တို့ကလည်း သေချာပေါက် ပြန်ကူညီပေးမယ်"

ကျန်းရီသည် မျက်နှာဖုံးကို ယူလိုက်ပြီး အံကြိတ်၍ မျက်နှာထက်တွင် ကပ်လိုက်သည်။ ထို့နောက် သူသည် လက်ဖြန့်လိုက်သည်။

"ငါ့ကို တံဆိပ်ပြားပေး"

ချမ်ဝမ်ကွမ်သည် တံဆိပ်ပြားကို တွေဝေနေခြင်း မရှိဘဲ ကမ်းပေးလိုက်သည်။ သူသည် ဝတ်ရုံလက်တွင် အနီရောင်ကြိုး မရှိသူများကို တိုက်ခိုက်ရန်သာ အသိပေးလိုက်သည်။

ကျန်းရီ တိုက်ပွဲကွင်းပြင်ကို ပြေးထွက်သွားသည်နှင့် ချမ်ဝမ်ကွမ်သည် နောက်ဘက်သို့ လက်ဟန် ပြလိုက်သည်။ လူငယ်တစ်ယောက်သည် ချုံပုတ် တစ်ခုထဲမှ ထွက်လာခဲ့ပြီး စကားပြောလိုက်သည်။

"သခင်လေးချမ်"

"ငါတို့ လူတွေကို သတင်းပေးလိုက် ...  မျက်နှာဖုံးနဲ့ တစ်ယောက်က ငါတို့ဘက်ကပဲ။ သူ့ကို မှားယွင်းပြီး ထိခိုက်အောင် မလုပ်နဲ့လို့"

သူသည် ခပ်လှမ်းလှမ်းမှ ကျန့်ဝူရွှမ်းကို ကြည့်လိုက်ပြီး နောက်ထပ် ညွှန်ကြားလိုက်သည်။

"ပြီးတော့ ...  ကျန့်ဝူရွှမ်းကို သွားပြီး ပြောချေ။ အဲဒီလူက သူ့ညီမကို အဲဒီနေ့က ကယ်ခဲ့တဲ့လူလို့ ပြီးတော့ သူ့စိတ်ကြိုက် လုပ်နိုင်တယ်လို့ ပြောလိုက်"

"ဒါက ... "

ထိုနောက်လိုက်သည် ကျန့်ဝူရွှမ်းကို တစ်ချက် ကြည့်လိုက်ပြီး သံသယနှင့် မေးလာခဲ့သည်။

"ကျန့်ဂိုဏ်းက အမြဲတမ်း ဘယ်ဘက်မှာမှ ဝင်မပါခဲ့ဘူး။ ကျန့်ဝူရွှမ်းက တကယ်ကြီး ဝင်ပါလောက်လား"

"အရူး"

ချမ်ဝမ်ကွမ်သည် ဆူပူလိုက်သည်။

"ငါက ဒီလူအတွက်နဲ့ ရွှေရောင် တံဆိပ်ပြားကို ဖြုန်းတီးပစ်မယ်လို့ မင်းထင်နေတာလား။ သူက ငါတို့နိုင်အောင် လုပ်ပေးနိုင်မှာမို့လား။ ဒါတွေ အားလုံးက ကျန့်ဝူရွှမ်း ဝင်ပါလာအောင်လုပ်ဖို့ ပရိယာယ် ဆင်ထားတာကွ၊ သူတစ်ချက် လှုပ်ရှားလိုက်တာနဲ့ သူ့ကို ငါတို့ဘက်ကို ဆွဲခေါ်ဖို့ အခွင့်အရေး ရလာမှာ ဖြစ်ပြီးတော့ ကျန့်ဂိုဏ်းကိုလည်း ဒီကိစ္စထဲ ဆွဲသွင်းလို့ရပြီ။ ငါတို့ ဂိုဏ်းကြီး ငါးခုသာ စည်းလုံးသွားရင် ငါတို့က ကျန်းဂိုဏ်းနဲ့ ကျန်းစွန်းဂိုဏ်းကို လုံးဝ နိုင်ပြီ"

***

"ဟ ... ဟ"

တိုက်ပွဲသည် ဆက်လက် ပြင်းထန်နေဆဲပင် နှစ်ဖက်စလုံးသည် အညီအမျှ ထိခိုက်ဒဏ်ရာ ရထားကြသည်။ လူများစွာသည် လဲကျနေကြပြီး ထိုသူများမှာ သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း သတ္တမအဆင့်များ ဖြစ်ကြသည်။ ခရမ်းရောင် နန်းတော်ရှင် ပထမအဆင့် နှစ်ယောက် ရှိသော်လည်း ထိုနှစ်ယောက် သီးသန့် တိုက်ခိုက် နေကြသည်။

ချမ်ဝမ်ကွမ်ထံမှ အချက်ပြမှုကို ရရှိသည်နှင့် သူတို့ဘက်မှ လူများသည် ကျန်းရီကို မတိုက်ခိုက်ခဲ့ကြပေ။ တကယ်တော့ ကျန်းရီသည် သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း ပဉ္စမအဆင့်သာ ဖြစ်သောကြောင့် သူတို့ အရေးမစိုက်ခြင်း ဖြစ်သည်။

"ဆယ်ယောက်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်ဖို့"

ကျန်းရီသည် တစ်ချက် ရယ်မောလိုက်သည်။ ဒီရန်ပွဲသည် သူ့အတွက် အကျိုးအများကြီး ရှိစေမည် ဖြစ်သည်။ သူသည် လူအုပ်ထဲသို့ တည်တည်ငြိမ်ငြိမ် ကြည့်လိုက်ရာ တိုက်ခိုက်နေသော သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း အဋ္ဌမအဆင့် ရှိသူ နှစ်ယောက်ကို တွေ့လိုက်ရသည်။ သူသည် ရှေ့သို့ ပြေးတက် သွားလိုက်ပြီး အနက်ရောင် အတွင်းအား တစ်မျှင်ကို မျက်လုံးထံ ပို့ဆောင်လိုက်ပြီး တစ်ယောက်ကိုသာ ကြည့်လိုက်သည်။ ပုံရိပ်ယောင် လက်သီးသုံးခုသည် လှုပ်ရှား သွားခဲ့သည်။ ဂိုဏ်းကြီး လေးခုဘက်မှ လူများသည် လက်တွင် အနီရောင် ကြိုးစကို ချည်ထားရာ သူလူမှား၍ တိုက်ခိုက်မိမည်ကို စိတ်ပူနေစရာ မလိုပေ။

"သွားစမ်း"

ကျန်းရီ တိုက်ခိုက် လာသည်ကို မြင်လိုက်သော် တစ်ဖက်လူသည် ကျန်းရီ၏ ကျင့်ကြံဆင့်မှာ နိမ့်လွန်း နေသည်ကို တွေ့ရသဖြင့် ထိတ်လန့် မသွားခဲ့ပေ။ သူသည် ကျန်းရီ၏ လက်သီး သုံးခုကို ခုခံရန် လက်ဝါးရိုက်ချက် တစ်ခု ပြုလိုက်သည်။ သူသည် သူ့အင်အားနှင့် အမြန်နှုန်းကို အားကိုး၍ ကျန်းရီကို အသာလေး တိုက်ခိုက်နိုင်မည်ဝု ထင်နေခဲ့သည်။ ကျန်းရီသည် လက်ကို ပိုးမျှင်များအသွင် ပြောင်းလိုက်ပြီး ရန်သူ၏ လက်ကို ဆွဲယူလိုက်သည်။ ထို့နောက် မြွေကြာပွတ် ခြေထောက်သိုင်းကို သုံး၍ ရက်ရက်စက်စက် ကန်ချလိုက်သည်။

"ဘန်း"

သူ့တို့ဘက်မှ လူသည် အခွင့်အရေးကို မြင်သည်နှင့် သူ့တိုက်ခိုက်အားကို ချက်ချင်း အရှိန်တင်လိုက်ကာ ရန်သူကို ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားအောင် လုပ်လိုက်သည်။

"တစ်ယောက်ပြီးပြီ ...  နောက်တစ်ယောက်"

ထိုသူသည် တိုက်ပွဲ မဝင်နိုင်တော့ကြောင်း အတည်ပြုပြီးသောအခါ ရှေ့သို့ ဆက်လက် ပြေးသွားခဲ့သည်။ မိနစ်သုံးဆယ် အတွင်းတွင် ကျန်းရီသည် လူခုနှစ်ယောက်လောက်ကို ဒဏ်ရာ ပြင်းပြင်းထန်ထန် ရအောင် လုပ်ထားပြီး ဖြစ်သည်။

"အမ် ...  ဒီကောင်လေးက အရမ်း အားကောင်းတာပဲ။ သူက သူ့ရဲ့ အင်အား အစစ်အမှန်ကို ဖုံးကွယ်ထားတာ များလား"

ကျန်းရီ၏ လုပ်ဆောင်မှု များသည် ဝတုတ်ကို အတော်လေး အံ့အားသင့် စေခဲ့သည်။ သူသည် အစက ကျန်းရီကို အားကိုးရန် မရည်ရွယ်ထားခဲ့ပဲ ကျန့်ဝူရွှမ်းကို တိုက်ပွဲအတွင်းသာ ဆွဲထည့်လိုခဲ့ခြင်း ဖြစ်သည်။

"မင်းက အသက်မရှင်ချင် တော့ဘူးလား  … ခွေးကောင်"

ရန်သူဘက်မှ လူသစ်အနေနှင့် ကျန်းရီသည် ထွက်ပေါ်လာခဲ့ရာ ကျန်းချီလင်းဘက်မှ လူများသည် အာရုံစိုက် လာကြသည်။ သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း နဝမအဆင့် ရှိသူတစ်ဦးသည် သူ့ရန်သူကို ထိခိုက်အောင် လုပ်ပြီးသည်နှင့် ကျန်းရီထံ ပြေးဝင်လာခဲ့သည်။ သူသည် အနီးသို့ မရောက်ခင်တည်းက သူ့လက်သည် အရိပ်များသဖွယ် ဖြစ်သွားကာ ကျန်းရီကို ထိုလက်များဖြင့် ပိတ်ဆို့ ထားလိုက်သည်။

*****

All Chapters