← Chapters

လူကဲခတ်မှားယွင်းခြင်း

Vol. 1 Ch. 75

လူကဲခတ်မှားယွင်းခြင်း

Vol. 1 Ch. 75

" ကျန့်ဝူရွှမ်း ...  နင်ဘာလို့ သူ့ကို သွားမကူတာလဲ "

အနက်ရောင် ဝတ်စုံဝတ် မိန်းကလေးသည် ကျန်းရီ အန္တရာယ် ရှိနေသည်ကို မြင်သောအခါ သူမ၏ အမူအရာသည် အေးစက် သွားခဲ့ပြီး ကျန့်ဝူရွှမ်းကို ချက်ချင်း ပြောလိုက်သည်။ သူတို့ နှစ်ယောက်သည် ချမ်ဝမ်ကွမ်ထံမှ သတင်း ရရှိချိန်တည်းက ကျန်းရီကို အာရုံစိုက် နေခဲ့သည်။

" ငါက ကျေးဇူးကန်းတဲ့သူ မဟုတ်ဘူး။ ဒါပေမဲ့ ငါတို့ကျန်ဂိုဏ်းက အမြဲတမ်း ဘယ်ပြဿနာမှာမှ ဝင်မပါခဲ့ဘူး။ ငါသာ ဒီလို အခြေအနေမှာ လှုပ်ရှားလိုက်မယ် ဆိုရင် ဒုက္ခရောက်လိမ့်မယ်။ ဒါက အထက်လူကြီးတွေရဲ့ စစ်တုရင်ခုံပေါ်က ကစားပွဲကိုပါ သက်ရောက် သွားစေနိုင်တယ်"

ကျန့်ဝူရွှမ်းသည် ခေါင်းယမ်းလိုက်ပြီး တစ်လက်မမျှတောင် မလှုပ်ရှားခဲ့ပေ။ သူသည် ကျန်းရီကို စိုက်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ရယ်မောလိုက်သည်။

" ပြီးတော့ ...  သူက ငါ့ထက်ပိုပြီး သာတယ်လို့ မင်းမပြောခဲ့ဘူးလား။ ဘယ်သူက သူ့ကို ထိခိုက်အောင် လုပ်နိုင်မှာလဲ"

"ဟမ့်"

အနက်ရောင်ဝတ် မိန်းမပျိုသည် ကိုယ်ကို ပြန်လှည့်ကာ ကျန်းရီကိုသာ ကြည့်နေလိုက်သည်။ သူမသည် ကျန်းရီကို ကျန့်ဝူရွှမ်းထက် ပို၍ အားကောင်းသည်ဟု ပြောလိုက်ခြင်းမှာ ကျန့်ဝူရွှမ်းကို စနောက်ချင်၍ ဖြစ်သည်။ သူမစိတ်ထဲတွင် စစ်နတ်ဘုရားဂိုဏ်း၏ လက်ရှိမျိုးဆက်မှ တိုက်ရိုက် ဆက်ခံသူ ဖြစ်သော ကျန့်ဝူရွှမ်းကို ကျန်းရီ အနိုင်တိုက်နိုင်မည် ဟူ၍ မထင်ပေ။

"ဗုန်း"

သို့သော် နောက်မြင်ကွင်းသည် ကျန့်ဝူရွှမ်း၊ အနက်ရောင်ဝတ်စုံဝတ် မိန်းကလေးနှင့် ချုံထဲတွင် ပုန်းအောင်းနေသော ဝတုတ်တို့ကို ဆွံ့အ သွားစေခဲ့သည်။ ကျန်းရီသည် ရုတ်တရက် လက်ဝါးရိုက်ချက် တစ်ခု ပြုလုပ်လိုက်သည်။ သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း နဝမအဆင့် ရှိသူသည် ရိုက်ချက် တစ်ချက်ကိုပင် မခံနိုင်ဘဲ သေလုမျောပါး လွင့်ထွက်သွား ခဲ့သည်။

" ဝှစ် ...  ဝှစ် ...  ဝှစ် ...  "

မျက်လုံးပေါင်း များစွာတို့သည် ကျရောက် လာခဲ့သည်။ အင်အားစု နှစ်ခုတွင် လူအများကြီး ရှိနေသော်လည်း သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း နဝမအဆင့်ရှိသူ များမှာ တစ်ဆယ့်နှစ်ယောက်ခန့်သာ ရှိသည်။ ကျန်းရီသည် သူတို့ထဲမှ တစ်ယောက်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်လိုက်လျှင် အနိုင်ရနိုင်ချေသည် ဂိုဏ်းကြီးလေးခု ဘက်သို့ အလေးသာ သွားခဲ့သည်။

အတွင်းအား ပေါက်ကွဲ လက်ဝါးကို သုံး၍ ရန်သူကို ဒဏ်ရာ ပြင်းပြင်းထန်ထန် ရအောင် လုပ်ပြီးနောက် ကျန်းရီသည် ခဏလေးတောင် ရပ်မနေခဲ့ပေ။ သူသည် အနားရှိ သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း သတ္တမအဆင့် ဖြစ်သော ရန်သူထံ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

သူ၏ လက်ရှိ ကျင့်ကြံဆင့်သည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ပဉ္စမအဆင့် ဖြစ်သည်။ အနက်ရောင် အတွင်းအားနှင့် ပေါင်းစပ်လိုက်သောအခါ သူ့အင်အားသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း နဝမအဆင့်ရှိသူနှင့် အသာလေး ယှဉ်နိုင်လေသည်။ ထို့ကြောင့် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း သတ္တမအဆင့် ရှိသူကို ထိ‌ခိုက်အောင် လုပ်ရန်မှာ သူ့အတွက် လွယ်ကူလွန်း နေသည်။

"မင်းလား"

ကျန်းချီလင်းသည် ကျန်းရီကို ခဏမျှ စူးစမ်း ကြည့်လိုက်ပြီးနောက် ရင်းနှီး နေသည်ဟု ခံစားလိုက်ရသည်။ သူသည် မကြာမီပင် သတိရသွားခဲ့ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ငါမင်းကို သတ်မယ်"

"မင်းက ဘာတွေ ကြောင်နေတာလဲ ... တိုက်လေ"

ကျန်းရီ၏ နေရာသည် သူ့မဟာမိတ်ဘက်မှ လူတစ်ယောက်၏ ဘေးတွင် ဖြစ်သည်။ ထိုလူသည် အစက ရန်သူနှင့် တိုက်ခိုက် နေခဲ့သော်လည်း ကျန်းရီ၏ တိုက်ခိုက်မှုကို အာရုံ ရောက်နေခဲ့ပြီး တိုက်ခိုက်ရန် မေ့သွားခဲ့သည်။ ကျန်းရီ၏ အော်သံကို ကြားလိုက်သော် ချက်ချင်း သတိဝင်သွားပြီး ကျန်းရီနှင့် ပူးပေါင်း တိုက်ခိုက်လိုက်သည်။

"ဘန်း"

ကျန်းရီသည် ထိုလူငယ်နှင့် ပူးပေါင်းလိုက်ပြီး ရန်သူကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်လိုက်သည်။ ကျန်းချီလင် အနားသို့ မရောက်ခင်မှာပင် ကျန်းရီသည် အနက်ရောင် အတွင်းအား တစ်မျှင်ကို ခြေထောက်ဆီ ပို့လိုက်သည်။ ထိုအချိန်တွင် သူသည် ဆက်မတိုက်ခိုက်တော့ဘဲ ဝတုတ် ရှိရာဘက်သို့ ပြေးသွားခဲ့ပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ချုံပုတ်များ ထဲသို့ တိုးဝင် သွားခဲ့သည်။

"ချမ်ဝမ်ကွမ် ...  ငါမင်းကို ကူညီပြီး သူတို့ဘက်က လူဆယ်ယောက်ကို ဒဏ်ရာ ပြင်းပြင်းထန်ထန် ရအောင် လုပ်ပေးပြီးပြီ။ ကျန်တာ မင်းကိစ္စဖြစ်သွားပြီ "

ချမ်ဝမ်ကွမ်ကို သတင်း ပို့ပြီးသည်နှင့် ကျန်းရီသည် ချက်ချင်း သူ၏ နောက်ဆုံးလက်ကျန် အနက်ရောင် အတွင်းအားကို အသုံးချကာ ထွက်ပြေး သွားလိုက်သည်။ သူသည် အတွင်းအား ပေါက်ကွဲလက်ဝါးကို သုံးလိုက်ပြီးနောက် သူ့ကိုယ်တွင်းရှိ အတွင်းအား များသည် ကုန်ဆုံးလုနီးပါး ဖြစ်သွားခဲ့သည်။ ထို့ပြင် နောက်ဆုံး တိုက်ခိုက်မှုပြီးနောက် အနက်ရောင် အတွင်းအားလည်း ကုန်ဆုံးတော့မည် ဖြစ်ရာ သူဆက်လက်၍ မနေချင်တော့ပေ။

"ဟေး ...  အစ်ကိုကြီး ...  နေပါဦး"

ဝတုတ်သည် သတိဝင်လာကာ အလန့်တကြားအော်ဟစ်လိုက်သည်။

"အစ်ကိုကြီး ...  နောက်လူတွေကို ထပ်ရှင်းပေးပါဦး။ ကျွန်တော် ခရမ်းရောင် ရွှေတွေရော တံဆိပ်ပြားတွေရော ပေးနိုင်တယ်"

ကျန်းရီ၏ ခြေလှမ်းများသည် တစ်ချက်လေးတောင် တုံ့ဆိုင်းမသွားဘဲ ဆက်ပြေး သွားခဲ့ပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ပျောက်ကွယ် သွားခဲ့သည်။

" ဒီတစ်ယောက်က တကယ်ကို သူ့အင်အား အစစ်မှန်တွေ ဖုံးကွယ်ထားတာပဲ ...  "

ဝတုတ်သည် ကျန်းရီပျောက်ကွယ် သွားခဲ့‌သော ဘက်သို့ ကြည့်နေခဲ့သည်။ ဝတုတ်သည် မချင့်မရဲ ခံစားလိုက်ရသည်။ တိုက်ပွဲအတွက် သူ၏ ရည်ရွယ်ချက်သည် ရလဒ် မဟုတ်ဘဲ ကျန်းရီကို သုံး၍ ကျန့်ဝူရွှမ်းကို တိုက်ပွဲအတွင်း ဆွဲခေါ်နိုင်ရန် ဖြစ်သည်။ သို့သော် ကျန့်ဝူရွှမ်း မဝင်ပါနိုင်သေးခင်တွင် ကျန်းရီသည် လူဆယ်ယောက်ကို အလွယ်တကူ အနိုင်တိုက်ခဲ့သည်။

ချမ်ဝမ်ကွမ်သည် ခဏမျှ ရေရွတ်နေပြီးနောက် ပြုံးလိုက်သည်။ သူသည် သူ့နောက်လိုက် တစ်ဦးကို ညွှန်ကြားလိုက်သည်။

"သတင်းပို့လိုက် ...  ဂိုဏ်းက ကင်းထောက် တချို့ကို ဒီလူငယ်ရဲ့ သတင်းတွေ စုံစမ်းခိုင်းလိုက် အသက်ဆယ့်ခြောက်နှစ်နဲ့ ခရမ်းရောင် နန်းတော်ရှင်အဆင့် အင်အားကို ပိုင်ဆိုင်တယ်။ ဂိုဏ်း၇ခုရဲ့ ဂိုဏ်းသားတစ်ယောက် မဟုတ်ဘဲ ဒီလိုအရည်ချင်းမျိုး ရှိတယ်လား ငါလူကဲခတ် မှားပြီ ထင်တယ်"

***

"ကျန့်ဝူရွှမ်း ...  နင်မြင်ပြီလား"

ဝတ်စုံနက်ဝတ် မိန်းကလေး၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှု များနှင့် ပြည့်နေခဲ့သည်။ သူမသည် ကျန့်ဝူရွှမ်းကို လှည့်ကြည့်လိုက်ပြီး ခနဲ့လိုက်သည်။

"ငါမှန်တယ်မလား။ ဒီလူငယ်က သူ့ရဲ့အင်အား အစစ်မှန်ကို ဖုံးကွယ်ထားတယ်။ သူက သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း နဝမအဆင့်ကိုတောင် တစ်ချက်တည်းနဲ့ ဒဏ်ရာရအောင် လုပ်နိုင်ရင် သေချာပေါက် နင့်ထက်အားနည်းမှာ မဟုတ်ဘူး"

ကျန့်ဝူရွှမ်း၏ မျက်နှာသည် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး သူသည် အနက်ရောင်ဝတ် မိန်းကလေး၏ ခေါင်းကိုပုတ်ရန် လက်လှမ်းလိုက်သည်။ မျှော်လင့်ထားသည့် အတိုင်း သူမသည် သူ့လက်ကို ရှောင်တိမ်းလိုက်သည်။ ကျန့်ဝူရွှမ်းသည် အပြုံးမပျက်ဘဲ ခေါင်းညိတ်လိုက်သည်။

"ဒီလူငယ်က တကယ့်ကို ထူးခြားတဲ့ ပါရမီရှင်ပဲ၊ အပေါ်ယံမှာတော့ သူက သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ပဉ္စမအဆင့်မှာပဲ ရှိသေးတယ်။ သူသာ သင်တန်းကျောင်းကို ဝင်နိုင်ရင် ငါက သူ့ကို ငါ့နောက်လိုက်လို သဘောထားပြီး ကာကွယ်ပေးမယ်"

"ဟမ့်"

အနက်ရောင်ဝတ် မိန်းကလေးသည် ကျန့်ဝူရွှမ်းနှင့် သဘောမတူသည့်ဟန် ပြုလိုက်သည်။ သူမသည် ခေါင်းလှည့်လိုက်ပြီး မလိုလားစွာ ပြောလိုက်သည်။

"ဘယ်သူက ဘယ်သူ့ကို ကာကွယ်ရမယ် ဆိုတာ မသေချာသေးပါဘူး"

"တော်လောက်ပြီ ...  တောင်ပေါ်ကို တက်ပြီး သင်တန်းကျောင်းကို သွားကြရအောင်"

ကျန့်ဝူရွှမ်းသည် တိုက်ပွဲ ကွင်းပြင်ကို စိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

"ချမ်ဝမ်ကွမ်က အကူလွှတ်ပေးလိုက်တယ် ဆိုတော့ ဒီတိုက်ပွဲရဲ့ ရလဒ်က ရှင်းနေပြီ။ ကျန်းစွန်းထွင်လုံက ကျန်းချီလင်းလို အရူးနဲ့ တကယ်ကြီး မဟာမိတ် လုပ်တယ်လား။ သူတို့က ဘယ်လိုလုပ်ပြီး ချမ်ဝမ်ကွမ်လို ပါးနပ်တဲ့သူကို ယှဉ်နိုင်မှာလဲ"

"ကောင်းပြီ ...  ဒီမှာရပ်လိုက်ရအောင်။ ဒီတစ်ကြိမ် ငါတို့ရှုံးတာကို ဝန်ခံတယ်။ ချမ်ဝမ်ကွမ် ဒီကိုထွက်လာခဲ့"

တစ်ဖက်မှ ခရမ်းရောင်နန်းတော်ရှင် အဆင့်တစ်ယောက်သည် ရုတ်တရက် အော်ဟစ်လိုက်ပြီး လူတိုင်း ရပ်တန့် သွားခဲ့သည်။ တစ်ဖက် အင်အားစုသည် အရှုံးကို ဝန်ခံနေမှတော့ တစ်ဖက်က ရက်ရက်စက်စက် တိုက်ခိုက်စရာ မလိုတော့ပေ။ ဒဏ်ရာရသူများသာ တိုးပွား လာပေလိမ့်မည်။

ဝတုတ်သည် ဝံ့ကြွားစွာ လျှောက်လာခဲ့သည်။ သူ့တွင် အန္တရာယ်မရှိသော ပုံပန်းသွင်ပြင် ရှိပြီး သူ၏ တိုက်ပွဲဝင် အင်အားသည်လည်း အားနည်းသည်။ သို့သော် ဂိုဏ်းကြီး လေးခုလုံးမှ ဂိုဏ်းသားများသည် သူ့ကို ခေါင်းဆောင် တစ်ယောက်ကဲ့သို့ ကြည့်နေကြသည်။ ခရမ်းရောင် နန်းတော်ရှင်အဆင့် ရှိသူတောင် သူ့ကို ကြည့်နေခဲ့သည်။

"ညီအစ်ကိုတို့ ...  ဖော်ရွေခြင်းက ချမ်းသာဖို့ နည်းလမ်းလို့ ငါမပြောခဲ့ဘူးလား။ ဒီလို တိုက်ခိုက်နေလို့ ဘာမှအကျိုးမရှိဘူး မဟုတ်လား"

ဖက်တီးသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ခရမ်းရောင် နန်းတော်ရှင်အဆင့် ဖြစ်သူ ကျန်းစွန်းဂိုဏ်း၏ အရှင်လေးနှင့် ကျန်းချီလင်းတို့ကို ကြည့်နေလိုက်သည်။

"သခင်လေး ကျန်းစွန်းက ရပ်ဖို့ တောင်းဆိုနေမှတော့ ကျွန်တော်တို့ ရပ်လိုက်ပြီ။ ကျွန်တော်က သူ့ရဲ့ ဆုံးဖြတ်ချက်ကို အလေးထားပါတယ်။ ပြီးတော့ ဒီတစ်ကြိမ်မှာ ကျွန်တော်တို့ရဲ့ ဆုံးရှုံးမှုတွေက ... "

"ထပ်တွေ့စရာ အကြောင်းမရှိတော့ဘူး"

ကျန့်ဝူရွှမ်းသည် အလွန် ရယ်ချင်စရာကောင်းသော မြင်ကွင်းကြောင့် အတော်လေး စိတ်အခြေအနေ ကောင်းနေခဲ့သည်။ သူသည် အနက်ရောင်ဝတ်စုံဝတ် မိန်းကလေးကို ဆွဲလိုက်ပြီး ကြိတ်ရယ်လိုက်ကာ ခေါင်းယမ်းပြီး ထွက်သွားလိုက်သည်။

"ဒီငွေမက်တဲ့ လူရဲ့ ညှိနှိုင်းမှုကို ဘယ်သူမှ အနိုင်မယူနိုင်ဘူး။ ကျန်းစွန်းထွင်လုံနဲ့ ကျန်းချီလင်းတို့က ဒီတစ်ခါ တော်တော်ကြီး အထိနာသွားမှာပဲ"

ကျန့်ဝူရွှမ်းသည် ဝတ်စုံနက်ဝတ် မိန်းကလေးကို လက်တစ်ဖက်မှ ကိုင်ကာ‌ တောင်ထွတ်ပေါ်သို့ ကြယ်တစ်စင်းကဲ့သို့ ပြေးသွားခဲ့သည်။ အခြားလူများသည်လည်း လူစုကွဲ သွားခဲ့သည်။ အချို့သည် တံဆိပ်ပြားများကို ဆက်လက် ရှာဖွေနေကြပြီး တံဆိပ်ပြား အလုံအလောက် ရထားသူများသည် ဝိညာဉ်သားရဲ သင်တန်းကျောင်းသို့ သွားနေကြပြီ ဖြစ်သည်။

***

ကျန်းရီသည် တံဆိပ်ပြား အလုံအလောက်ရပြီ ဖြစ်သော်လည်း တောင်ပေါ်သို့ တန်းမသွားခဲ့ပေ။ သူသည် လုံခြုံသော နေရာတစ်ခု ရှာကာ လေးနာရီကြာ ကျင့်ကြံ နေလိုက်သည်။ ညနေစောင်းမှ သူရပ်တန့် လိုက်သည်။

"ဝှစ် ... "

အနက်ရောင် အတွင်းအားများကို ပြန်လည် ဖြည့်တင်းပြီး၍ သူ့အတွင်းအား၏ တစ်ဝက်ခန့်လည်း ပြန်ပြည့်သွားပြီ ဖြစ်သည်။ ကျန်းရီသည် ဗိုက်ဆာ နေသော်လည်း တောင်ထိပ်ပေါ်သို့သာ အရင်ပြေးသွား လိုက်သည်။

တစ်နာရီမျှ ကြာပြီးနောက် ကျန်းရီသည် တောင်ထိပ်သို့ ရောက်ရှိ သွားခဲ့သည်။ နေသည် အနောက်ဘက်တွင် မေးတင်နေပြီ ဖြစ်‌သောကြောင့် ကောင်းကင်သည် နီရဲနေခဲ့သည်။

သင်တန်းကျောင်းက အရမ်းကြီးတာပဲ …

ကျန်းရီသည် မဖော်ပြနိုင်သော ခံစားမှုမျိုးကို ခံစားလိုက်ရသည်။ တောင်ထိပ်သည် ကျယ်ပြန့်လွန်းပြီး တောင်စွန်းများကို မမြင်ရချေ။ သူ့မြင်ကွင်းတွင် မရေမတွက် နိုင်သော အဆောင်များဖြင့်သာ ပြည့်နေသည်။ ရှေ့တည့်တည့်တွင် ခမ်းနားသော အဆောက်အအုံကြီး တစ်ခုရှိပြီး အဆောက်အအုံ၏ ရှေ့တွင် ကျောက်သား မုဒ်ဦးကြီး ရှိနေသည်။ မုဒ်ဦး၏ ထိပ်တွင် ဝိညာဉ်သားရဲ သင်တန်းကျောင်း ဟူသော စာလုံးကို ရေးထွင်းထားသည်။ ၎င်းတို့သည် ပျံသန်းတော့မည့် နဂါးများ၊ ဇာမဏီ များကဲ့သို့ပင်။

ရှေ့ရှိ မြေကွက်လပ်ထဲတွင် ပြိုင်ပွဲဝင် သုံးရာနီးပါးနှင့် ဆရာဆယ့်နှစ်ယောက် ခန့်သည် မတ်တတ် ရပ်နေခဲ့သည်။ သူတို့သည် တိတ်တဆိတ် ရပ်နေချိန်တွင် ကျန်းရီ ရောက်လာခဲ့ရာ အကြည့်များစွာတို့သည် သူ့ထံ ရောက်လာခဲ့သည်။

"အာ ...  ဒီကံဆိုးတဲ့ ကြယ်လေးက သွေးရှင်းတမ်း ပြိုင်ပွဲကို အောင်မြင်တယ်လား ... "

ကျန်းဟန်ရွှေနှင့် လျှိုဟဲသည် တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြပြီး ပင့်သက် ရှိုက်လိုက်ကြသည်။

သူတို့ နှစ်ယောက်သည် တစ်ချိန်တည်းမှာပင် ဟောကိန်း ထုတ်လိုက်မိလေသည်။ ကျန်းရီသာ ဝိညာဉ်သားရဲ သင်တန်းကျောင်းကို ဝင်ရောက် လာခဲ့လျှင် ကျောင်းတစ်ခုလုံးသည် မကြာခင်တွင် သူ့ကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်လာပေလိမ့်မည်။

*****

All Chapters