← Chapters

အသက် ဘယ်နှစ်ချောင်း ရှိလဲ

Vol. 71 Ch. 1051

အသက် ဘယ်နှစ်ချောင်း ရှိလဲ

Vol. 71 Ch. 1051

လုချန်း၏ စကားများ ဆုံးသွားပြီးနောက် စုဟန်ယန်အား တုံ့ပြန်ခွင့် မပေးပဲ ဆက်လက် တိုက်ခိုက်လိုက်သည်။

ရှနန်းတွင်း၏ ထောက်ခံမှု ရရှိပါက မြူခိုးမှော်ဂိုဏ်းအတွက် အကျိုးရှိမှာ သေချာသည်။ သို့သော် ရှနန်းတွင်းက ထောက်ခံသော ဂိုဏ်းဟူသော အချက်ဖြင့် မြူခိုးမှော်ဂိုဏ်း၏ ကျင့်စဉ် သင်တန်းကျောင်းသို့ ဝင်ရောက် ပညာသင်ကြားမည့် ကျင့်ကြံသူများသည်လည်း ရှနန်းတွင်းကို သစ္စာခံသူများ ဖြစ်လာနိုင်ခြေ များကြောင်းကို စုဟန်ယန် နားလည်၏။

နောက်ဆုံးတွင် မြူခိုးမှော်ဂိုဏ်းသည် ရှနိုင်ငံတော်အတွက် အရည်အချင်းရှိသူများကို မွေးထုတ်ပေးရာ နေရာတစ်ခု ဖြစ်လာပေလိမ့်မည်။ သူမ ယခု ဖြစ်နေသကဲ့သို့ပင်။

သူမဘဝသည် ယခု လုချန်း၏ ထိန်းချုပ်မှုအောက်တွင် လုံးဝရောက်ရှိနေပြီး သူကမူ သူ လိုချင်သမျှကို လုပ်ဆောင်နိုင်၏။

သို့သော် အရာအားလုံးကို လိုချင်သော ဤလူယုတ်မာ လုချန်းအား သူမ၏ စိတ်ထဲမှ ကျိန်ဆဲရုံသာ တတ်နိုင်ခဲ့သည်။

သူက သူမကို ပိုင်ဆိုင်ရရုံမျှဖြင့် အားမရပဲ သူမ၏ သန့်ရှင်းမှု အားလုံးကိုပါ သိမ်းပိုက်လိုခဲ့သည်။ သူမ၏ သန့်ရှင်းမှုကို သိမ်းပိုက်ပြီးနောက်တွင်လည်း မြူခိုးမှော်ဂိုဏ်း၏ ကျင့်စဉ် သင်တန်းကျောင်းကို ထိန်းချုပ်လိုပြန်သည်။

အချိန်မည်မျှ ကြာသွားသည် မသိ လုချန်း အသက်ပြင်းပြင်း ရှူထုတ်လိုက်ပြီးနောက်

“ကောင်းပြီလေ... တကယ်တော့ မင်း သိပ် အများကြီး တွေးနေစရာ မလိုပါဘူး။ မြူခိုးမှော်ဂိုဏ်းက ကျင့်စဉ် သင်တန်းကျောင်း ထူထောင်တာ ဒါ ပထမဆုံးအကြိမ်မို့လို့ မင်းတို့မှာ အတွေ့အကြုံ မရှိသေးဘူး။ ဒါကြောင့် ကိုယ်က မင်းကို ကူညီချင်ခဲ့တာပါ။”

ထိုသို့ ကြားသော်လည်း လုချန်း ပြောသမျှ စကားတစ်ခွန်းကိုမှ မယုံကြည်ပဲ စုဟန်ယန် ခပ်ဖွဖွ နှာခေါင်းရှုံ့လိုက်သည်။

ထို့နောက် စုဟန်ယန်က အားနည်းစွာဖြင့်

“ရပါတယ်။ ကျွန်မတို့ မင်းကြီးကို... အလုပ်မရှုပ်စေတော့ပါဘူး”

လုချန်းက

“ဒါဆိုလည်း ပြီးတာပါပဲ”

“မင်းက ကျင့်စဉ် သင်တန်းကျောင်း ထူထောင်တဲ့ကိစ္စကို ကိုယ့်ဘာသာ လေ့လာဖို့ စီစဉ်ထားမှတော့ ကိုယ်လည်း အများကြီး ထပ်မပြောတော့ဘူး။ ဒါပေမဲ့ မင်းမှာ မေးစရာ တစ်ခုခု ရှိရင်တော့ ကိုယ့်ဆီ အချိန်မရွေး လာရှာနိုင်ပါတယ်။”

ထိုအချိန်တွင် လုချန်းက စုဟန်ယန်၏ ကိုယ်ကို ခပ်ဖွဖွ ပုတ်လိုက်၏။ စုဟန်ယန် နှာခေါင်းရှုံ့လိုက်သော်လည်း ဘာမှ မပြောခဲ့ပေ။

ထို့နောက် လုချန်း၏ ရင်ဘတ် စုဟန်ယန်ကျောပြင်နှင့် တစ်ဖန် ထိကပ်သွားကာ သူက သူမ နားနားကပ်၍

“ဟန်ယန်။ မင်းရဲ့ ခန္ဓာကိုယ်က အရမ်း နူးညံ့တာပဲ။ တကယ်ကို တွန်းလှန်လို့ မရနိုင်ဘူး။”

စုဟန်ယန် နှုတ်ခမ်းများစေ့ထားလိုက်ပြီး လုချန်း၏ ချိုသာသော စကားများကို လျစ်လျူရှုထားလိုက်၏။ လာမည့် နှစ်လအတွင်း သူမ အိမ်ပြန်နိုင်မည် မဟုတ်ကြောင်းလည်း သိနေ၏။ သူ့ကို ချိုမြိန်သော အရသာတစ်ခု မြည်းစမ်းခွင့် ပေးခဲ့ပြီးဖြစ်သဖြင့် သူမကို လွယ်လွယ်ကူကူ ထွက်သွားခွင့် ပြုမည် မဟုတ်ပေ။

ထိုအခိုက်တွင် စုဟန်ယန်က

“မင်းကြီး... ကျွန်မ သိချင်တာက ရှင် တကယ်ပဲ အမျိုးသမီးတွေကနေတစ်ဆင့် ကျင့်စဉ်အဆင့် တက်လှမ်းဖို့ ရည်ရွယ်ထားတာလား။”

လုချန်းက ရယ်မောလိုက်ပြီး

“မင်း အဲ့ဒါကို ဆယ်ခါလောက် နီးပါး မေးပြီးပြီ မဟုတ်လား။”

စုဟန်ယန်သည် လုချန်း၏ ဖိနှိပ်ခြင်းကို ခံရသည့် အကြိမ်တိုင်းနီးပါးတွင် ဤမေးခွန်းကို မေးမြန်းလေ့ ရှိပြီး အမှန်တကယ်လည်း သိချင်နေခဲ့၏။ လုချန်းသည် တံခါးပိတ် ကျင့်စဉ်စခန်းကို တစ်ကြိမ်သာ ဝင်ခဲ့ပြီး သူ၏ အချိန်အများစုကို အမျိုးသမီးများအပေါ်တွင် ကုန်ဆုံးခဲ့သည်။ ထိုကဲ့သို့သော လူတစ်ယောက်က ဧကရာဇ်အဆင့် အမှန်တကယ် ရောက်လာနိုင်ပါ့မလား။

ယခင်က လုချန်းသည် အနည်းဆုံးတော့ ရှနိုင်ငံတော်၏ အရေးကိစ္စ အချို့ကို ကိုင်တွယ်ခဲ့သေးသည်။ သို့သော် ယခု အိမ်ရှေ့မင်းသား ကြီးပြင်းလာသောအခါ သူ ဘာမှ မလုပ်တော့ပေ။ လက်လွှဲထားသော ဆိုင်ရှင်တစ်ဦးလို ဖြစ်လာခဲ့သည်။

ဤလူသည် သူ၏ မယားတစ်ဦးဦးနှင့် ကုတင်ပေါ်တွင် ရှိမနေလျှင် သူတို့၏ အခန်းများထဲမှ တစ်ခန်းဆီသို့ သွားရာ လမ်းပေါ်တွင် ရှိနေတတ်သည်။ သူသည် နတ်ဆိုး ကျင့်ကြံသူတစ်ဦးထက်ပင် ပို၍ ယုတ်ညံ့နေ၏။

လုချန်း၏ စုံတွဲ ကျင့်စဉ်သည် အမှန်တကယ်ပင် လူတစ်ဦး၏ အဆင့်ကို မြှင့်တင် ပေးနိုင်သော်လည်း ဘယ်သူက ထိုကဲ့သို့သော နည်းလမ်းကို အဓိက ကျင့်ကြံခြင်း လမ်းစဉ်အဖြစ် ခံယူမည်နည်း။

လုချန်းနှင့် ရင်းနှီးပြီးသည့် အကြိမ်တိုင်းတွင် ဤလူက အမျိုးသမီးများမှတစ်ဆင့် ဧကရာဇ် ဖြစ်လာရန် အမှန်တကယ် စဉ်းစားနေသလားဟု စုဟန်ယန် တွေးမိ၏။

အကယ်၍ သူသာ ဤလမ်းကြောင်းတွင် အောင်မြင်ခဲ့ပါက မရေမတွက်နိုင်သော ကျင့်ကြံသူတို့၏ စိတ်နှလုံးများ ကြေကွဲသွားရပေလိမ့်မည်။

သို့သော် လုချန်း ဤနည်းလမ်းဖြင့် တက်လှမ်းနိုင်ရန် မျှော်လင့်ချက် မရှိနိုင်ဟု စုဟန်ယန် ခံစားမိ၏။ သူ၏ နောက်ခံက ခိုင်မာခဲ့လျှင်တောင် ဖြစ်သည်။ သူ၏ ယုတ်လျော့နေသော ပုံစံနှင့် ဧကရာဇ်ကြီး တစ်ပါး လုံးဝ မဖြစ်နိုင်သလောက်ပင်။

ထိုအခိုက်တွင် စုဟန်ယန်၏ ချောမွေ့သော အသားပေါ်သို့ သူ၏ လက်များဖြင့် ညင်သာစွာ ပွတ်သပ်နေရင်း လုချန်းက

“ကိုယ့်ကို ယုတ်လျော့နေတယ်လို့ မထင်ပါနဲ့။ ကိုယ့် မျက်လုံးထဲမှာတော့ လမ်းကြောင်းတိုင်းမှာ အောင်မြင်မှုအတွက် အလားအလာ ရှိတယ်။”

“ကိုယ်လည်း ကျင့်စဉ် လမ်းကြောင်းကို လျှောက်လှမ်းတာပဲ။ ဇွဲရှိရှိ ဆက်လုပ်နေသမျှ ကာလပတ်လုံး နောက်ဆုံးမှာ ဧကရာဇ် တစ်ပါး ဖြစ်လာမှာပဲ။”

“ကျင့်ကြံခြင်းမှာ အရေးကြီးဆုံးက တည်ငြိမ်တဲ့ ကျင့်စဉ် နှလုံးသား ရှိဖို့ပဲ။ ကိုယ့်ရဲ့ ကိုယ်ပိုင် လမ်းကြောင်းကို သံသယ မဝင်ဖို့က အဓိကပဲ။ သံသယ ပိုဝင်လေလေ အောင်မြင်နိုင်ခြေ ပိုနည်းလေပဲ။”

“ကျင့်စဉ် လမ်းကြောင်းတိုင်းကို ရှေးလူကြီးတွေက ခြေတစ်လှမ်းချင်း ပုံဖော်ခဲ့ကြတာ။ တကယ်လို့ ဘယ်သူမှ မကြိုးစားခဲ့ဘူးဆိုရင်အဲ့ဒီ ကျင့်စဉ် နည်းလမ်းတွေလည်း တည်ရှိမှာ မဟုတ်ဘူး။”

အိပ်ရာပေါ်တွင် လဲလျောင်းနေသော စုဟန်ယန်လည်း စကားဆက်မပြောရန် ရွေးချယ်ကာ ထပ်မံ၍ နှာခေါင်းရှုံ့လိုက်သည်။ သူ “ကျင်စဉ် လမ်းကြောင်း” ဟု ခေါ်သော အရာမှတစ်ဆင့် ဤလူ မည်သို့ ဧကရာဇ် တစ်ပါး ဖြစ်လာနိုင်သည်ကို သူမ ကြည့်လို၏။

စုဟန်ယန် စကားဆက်မပြောတော့သည်ကို မြင်သောအခါ လုချန်း သူ၏ လှုပ်ရှားမှုများကို ပြန်လည် စတင်လိုက်သည်။ စုဟန်ယန်လည်း လမ်းစဉ်တွင် နောက်တစ်ကြိမ် ပါဝင်ဆင်နွှဲရုံသာ တတ်နိုင်တော့သည်။

…

တစ်ချိန်တည်းမှာပင်။

ကျိယန်ကမ္ဘာ။

ချူးနိုင်ငံတော်။

ပိုင်ဝမ်ပင်းသည် မိုးပျံလှေပေါ်တွင် ရှိနေခဲ့ပြီး ကချေသည်များ ကခုန်နေသည်ကို ကြည့်ရှုနေ၏။ ယခုအချိန်တွင် သူ၏ စိတ်ခံစားမှု အလွန်ကောင်းနေ၏။ သွေးသက်တံ ရဲတိုက်မှ လူသတ်သမားသည် လုချန်း၏ ဦးခေါင်းကို ယူဆောင်လာနိုင်ခဲ့ခြင်း မရှိသော်လည်း လုချန်း သူ့ဘာသူ ဖောက်ခွဲခဲ့သည်ဟုထိုလူသတ်သမားက သတင်းပို့ခဲ့သည်။

ထို့ပြင် သူ၏ သူလျှိုများမှ တစ်ဆင့် လုချန်း အမှန်တကယ် သူ့ဘာသူ ဖောက်ခွဲခဲ့သည်ကိုလည်း အတည်ပြုခဲ့ပြီး ဖြစ်သည်။ လုချန်း မရှိတော့သဖြင့် ပိုင်ဝမ်ပင်းအတွက်အစွမ်းထက်သော ပြိုင်ဘက်တစ်ဦး လျော့နည်းသွားခဲ့သည်။

ကျိချိုးယုသည် လုချန်း၏ ကျင့်ကြံဖော် ဖြစ်သွားခဲ့နိုင်သော်လည်း ပိုင်ဝမ်ပင်း ဒါကို အထူးတလည် ဂရုမစိုက်ခဲ့ပေ။ မည်သို့ပင်ဖြစ်စေ ကျိချိုးယုသည် အလွန် လှပသည် မဟုတ်ပါလား။ သူ တာဝန်မယူရသမျှ ကာလပတ်လုံး သူမနှင့် ပျော်ပါး ကစားဖို့က မဖြစ်နိုင်သည့် အရာ မဟုတ်ပေ။

ထိုသို့ တွေးလျက် အရက်တစ်ခွက်ကို ကောက်ယူပြီး တစ်ကျိုက်တည်း မော့ချလိုက်ပြီးနောက် ကချေသည်များကို

“ ဆက်တီး ဆက်ကကြ”

သို့သော် ပိုင်ဝမ်ပင်း၏ စကားဆုံးသွားသည်နှင့် အစောင့်တစ်ဦးသည် မိုးပျံလှေ၏ အဆောင်ငယ်လေးဆီသို့ ရုတ်တရက် ရောက်လာပြီး

“တပ်မှူးအတွက် ဆိုးဆိုးရွားရွား တစ်ခုခု ဖြစ်သွားပါပြီ။”

ထိုအရာကို ကြားသောအခါ ပိုင်ဝမ်ပင်းက မျက်မှောင်ကြုတ်လိုက်ပြီး

“ကျုပ် အခု အကောင်းကြီး ရှိနေတာပဲ။”

အစောင့်က သူ၏ အမှားကို လျင်မြန်စွာ သဘောပေါက်သွားပြီး

“တပ်မှူး။ လု... လုချန်း ပြန်ရောက်လာပါပြီ”

ဟု အလျင်အမြန် ပြင်ပြောလိုက်သည်။

ပိုင်ဝမ်ပင်း၏ မျက်နှာ ချက်ချင်း အေးခဲသွားပြီးနောက် လျင်မြန်စွာ မဲမှောင်ကျသွားသည်။

လုချန်း။

သူက သူ့ကိုယ်သူ ဖောက်ခွဲခဲ့ပြီး မဟုတ်လား။

သတိပြန်ဝင်လာသောအခါ ပိုင်ဝမ်ပင်းက

“ဘာတွေ ဖြစ်နေတာလဲ။ သွေးသက်တံ့ ရဲတိုက်က လူသတ်သမားက သူဘာသူ ဖောက်ခွဲခဲ့တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။ ယင်ယန်နယ်ပယ်က အဲ့ဒီ လူသတ်သမားတောင် သူ့ရဲ့ ဖောက်ခွဲမှုကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့သေးတယ်။ သူ ဘယ်လိုလုပ် အသက်ရှင်နေနိုင်ဦးမှာလဲ။”

အစောင့်က

“လနက်မြို့ထဲက သူလျှိုတွေက သတင်းပို့လိုက်တာပါ။ သူတို့က လုချန်း မြို့သခင် စံအိမ်ကို ပြန်လာတာကို သူတို့ မျက်စိနဲ့ တပ်အပ် မြင်လိုက်ရတယ်လို့ ဆိုပါတယ်။”

ပိုင်ဝမ်ပင်း အတွေးနက်ထဲ နစ်မြောသွား၏။ သွေးသက်တံ ရဲတိုက်က သူတို့၏ ဂုဏ်သတင်းကို အလွန် တန်ဖိုးထားသည်။ သူတို့ သူ့ကို လိမ်ညာခဲ့မည် မဟုတ်ပေ။

အကယ်၍ လုချန်း အမှန်တကယ် သူ့ကိုယ်သူ ဖောက်ခွဲခဲ့ပါက ပြန်ရောက်လာသော ဤ လုချန်းက မည်သူနည်း။

ပြီးခဲ့သည့်တစ်ခါက ကိုယ့်ကိုယ်ကို ဖောက်ခွဲခဲ့သော လုချန်းက လုချန်း အစစ် မဟုတ်ပဲ ယခု တစ်ယောက်ကမှ အစစ် ဖြစ်နေနိုင်သလား။

ထိုသို့ တွေးမိသောအခါ ပိုင်ဝမ်ပင်း၏ မျက်နှာအလွန် တင်းမာသွားပြီး

“ချက်ချင်း ဆက်ပြီး စုံစမ်းစစ်ဆေးကြ။ အခု အသစ်ပေါ်လာတဲ့ လုချန်းက အစစ် ဟုတ် မဟုတ် ဆိုတာကို ရအောင်စုံစမ်း။”

“ဟုတ်ကဲ့ပါ တပ်မှူး။”

အမိန့် ရရှိပြီးနောက် အစောင့် လှည့်ထွက်သွားပြီး မိုးပျံလှေ၏ အဆောင်ငယ်လေးမှ ထွက်ခွာသွားသည်။

ပိုင်ဝမ်ပင်းက လက်ဝှေ့ယမ်းလိုက်ပြီး

“ခင်ဗျားတို့ အားလုံး ထွက်သွားကြ”

ပိုင်ဝမ်ပင်း၏ စကားဆုံးသွားသည်နှင့် ကချေသည်များနှင့် တီးမှုတ်သူများ အဆောင်အတွင်းမှ လျင်မြန်စွာ ထွက်ခွာသွားကြပြီး ပိုင်ဝမ်ပင်း တစ်ယောက်တည်း သူ၏ နေရာတွင် ကျန်ရစ်ခဲ့သည်။

ထိုအချိန်တွင် ပိုင်ဝမ်ပင်း သူ၏ လက်သီးများကို ဆုပ်လိုက်၏။ စိတ်ဝိညာဉ် စွမ်းအားသည် သူ၏ ပတ်ပတ်လည်တွင် ပြင်းထန်စွာ လှည့်ပတ်သွားပြီး ပတ်ဝန်းကျင်ရှိ စားပွဲများနှင့် ကုလားထိုင်များကို လွင့်စင်သွားစေသည်။

“လုချန်း။ မင်း တကယ် အသက်ရှင်နေတာပဲ ဖြစ်ဖြစ် မရှင်တာပဲ ဖြစ်ဖြစ် မင်းကို ပထမ အကြိမ် သတ်နိုင်ခဲ့ရင် ဒုတိယအကြိမ်လည်း သတ်နိုင်တယ်။”

“မင်းမှာ အသက် ဘယ်နှစ်ချောင်းရှိလဲ ဆိုတာကိုပဲ ကြည့်ရတာပေါ့။”

ထိုသို့ ရေရွတ်ရင်း ပိုင်ဝမ်ပင်းက အဆောင်တံခါးဝရှိ အစောင့်ကို

“တစ်ယောက်ယောက်ကို ခေါ်လိုက်စမ်း”

မကြာမီတွင် သွေးသက်တံ ရဲတိုက်မှ လူသတ်သမားများကို ဖိတ်ကြားရန် တစ်စုံတစ်ယောက်ကို စေလွှတ်လိုက် တော့သည်။

……..

ရက်အနည်းငယ် ကြာပြီးနောက်။

သွေးသက်တံ ရဲတိုက်။

အနီရောင် သစ်တောတစ်ခုထဲတွင် စောင်းသံစဉ် တစ်ခု လွင့်ပျံနေ၏။ ထိုအချိန်တွင် အနီရောင် ဝတ်စုံရှည် ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် သစ်ပင်ကြီးတစ်ပင်၏ ထိပ်တွင် ရပ်လျက် အဝေးသို့ ငေးကြည့်နေသည်။

ထိုအမျိုးသမီး၏ အလှသည် ပြိုင်ဘက်ကင်း၏။ သူမ၏ ဟန်ပန်က အလွန် မြင့်မြတ်ကာ သူမ၏ အနီရောင် ဝတ်စုံသည် လေနှင့်အတူ လှုပ်ခါနေပြီး သူမ၏ ရှည်လျား ဖြူဖွေးသော ခြေတံများကို ဖော်ပြနေသည်။

ထိုအချိန်တွင် အကြီးအကဲ တစ်ဦး ထိုအမျိုးသမီး၏ နောက်တွင် ပေါ်လာပြီး

“ဂါရဝပြုပါတယ် သခင်မ။”

အမျိုးသမီးက

“အခြေအနေ ဘယ်လိုလဲ”

ဟု ခပ်ပေါ့ပေါ့ မေးလိုက်သည်။

အကြီးအကဲက

“ကျွန်တော်တို့ လက်အောက်ငယ်သားတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ နတ်ဆိုး ချိပ်ပိတ် နယ်မြေတွေမှာ နတ်ဆိုးဒီရေ အကြီးအကျယ် ပေါက်ကွဲမှုတစ်ခု တကယ် ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒါကို တစ်ကိုယ်တော် ကျင့်ကြံသူ တစ်ယောက်က တားဆီးလိုက်ပါတယ်။”

All Chapters