← Chapters

စစ်ဆေးပေးဖို့ လိုအပ်လား

Vol. 71 Ch. 1053

စစ်ဆေးပေးဖို့ လိုအပ်လား

Vol. 71 Ch. 1053

စုဟန်ယန်၏ သွယ်လျသော လက်များက လုချန်း၏ လည်ပင်းကို အားပျော့စွာ သိုင်းဖက်ထား၏။ သူမ၏ တစ်ကိုယ်လုံးသည် လုချန်း၏ ကိုယ်ပေါ်တွင် မှောက်လျက်သား ကျနေပြီး

“မင်းကြီး... မင်းကြီး အခုဆို နှစ်လတောင် ရှိသွားပြီမဟုတ်လား။”

ပြန်လည်သန်စွမ်းစေသောစွမ်းအားသည် ခန္ဓာကိုယ်ရှိ မသက်မသာဖြစ်မှုများကို အဆက်မပြတ် ဖယ်ရှားပေးနိုင်သော်လည်း သူမ၏ စိတ်ထဲရှိ တင်းမာမှုကတော့ ဆက်တိုက် တည်ရှိနေဆဲ ဖြစ်သည်။ ထိုအရာက စုဟန်ယန်အတွက် အနည်းငယ် မခံမရပ်နိုင် ဖြစ်စေသည်။

ထိုအချိန်တွင် လုချန်းက သူ၏ ခေါင်းကို လှည့်၍ ဘေးတွင် အစေခံနေသော အစေခံမလေးကို ကြည့်ကာ

“ဘယ်လောက်ကြာပြီလဲ။”

မျက်နှာနီမြန်းလျက် အစေခံမလေးက

“မင်းကြီး... တစ်လနဲ့ နှစ်ရက် ရှိသွားပါပြီ”

အစေခံမလေး၏ တုံ့ပြန်မှုကို ကြားသောအခါ စုဟန်ယန်၏ နှလုံးသားထဲတွင် နာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။ နှစ်လ ကျော်လွန်သွားပြီဟု သူမ ထင်မှတ်ခဲ့သော်လည်း တစ်လမျှသာ ရှိသေးသည်။

ထိုသို့ဆိုလျှင် သူမ၏ ခန္ဓာကိုယ်သည် သူမနှင့် မဆိုင်တော့သလို ခံစားရရင်း နောက်ထပ် တစ်လကြာအောင် ဤနေရာတွင် နေထိုင်ရဦးမည်ဟု ဆိုလိုသည် မဟုတ်ပါလား။

ထိုအလှပဂေး၏ ဆွဲဆောင်မှုရှိပြီး နွမ်းနယ်နေသော ပုံစံကို မြင်သောအခါ စုဟန်ယန် သူမ၏ ကန့်သတ်ချက်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း လုချန်း သိလိုက်၏။ သူက သူမ၏ ကျောပြင်ကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီးနောက်

“ရက်နည်းနည်းလောက် နားလိုက်ကြရအောင်။”

“နောက် ရက်နည်းနည်းကြာရင် ကိုယ် ပြန်လာခဲ့မယ်။”

သူ၏ စကားဆုံးသည်နှင့် လုချန်း ညင်သာစွာ လှည့်လိုက်ပြီး စုဟန်ယန်၏ ခန္ဓာကိုယ်ကို ကုတင်ပေါ်သို့ တင်ပေးလိုက်သည်။ ထို့နောက် ထလိုက်ပြီး ရေချိုးခန်းဆီသို့ လျှောက်သွားလိုက်၏။

လုချန်း နောက်ဆုံးတွင် ထသွားသည်ကို မြင်သောအခါ စုဟန်ယန် သက်ပြင်းတစ်ချက်ကို ရှိုက်ထုတ်လိုက်သည်။ နောက်ဆုံးတွင် သူမ အနားယူနိုင်ခဲ့ပြီ။

ထို့နောက် သူမ၏ ဂနာမငြိမ်သော နှလုံးသားကို တည်ငြိမ်စေရန် ကျင့်စဉ်စွမ်းအားကို လည်ပတ်စေလိုက်၏။ လုချန်းကတော့ ရေချိုးခန်းတွင် သန့်စင်ပြီးသည်နှင့် ယွမ်ရှန်ရှန်၏ အခန်းသို့ တိုက်ရိုက် သွားခဲ့သည်။

နောက်ဆုံးတစ်ကြိမ်က ယွမ်ရှန်ရှန်သည် သူ့အတွက် ရုပ်သေး သုံးရုပ် ပြုလုပ်ပေးခဲ့သဖြင့် သူမအား ကျေးဇူးဆပ်မည်ဟု ကတိပေးခဲ့သည်။ ထို့ကြောင့် သူ၏ ကတိစကားအတိုင်း ပြုလုပ်ရန် ရည်ရွယ်ထားခဲ့သည်။

ယွမ်ရှန်ရှန် တရားထိုင်နေစဉ်တွင် လုချန်း၏ တည်ရှိမှုကို အာရုံခံမိလိုက်ပြီး သူမ၏ လှပသော မျက်လုံးများကို ချက်ချင်း ဖွင့်ကြည့်လိုက်သည်။

အဖြူရောင် ပိတ်ဝတ်စုံကို ဝတ်ဆင်ထားလျက် ယွမ်ရှန်ရှန်သည် ကုတင်ပေါ်တွင် ထိုင်နေပြီး လူတစ်ဦး၏ စူးစမ်းလေ့လာချင်စိတ် မခံမရပ်နိုင်အောင် ဖြစ်ပေါ်စေသော သန့်ရှင်းမြင့်မြတ်သည့် အလင်းရောင်တစ်ခုကို ထုတ်လွှတ်နေ၏။

ကုတင်ဘေးမှ သူမအား စူးစိုက်ကြည့်နေသော လုချန်းကို မြင်သောအခါ လွန်ခဲ့သော တစ်လအတွင်း လုချန်းတစ်ယောက် စုဟန်ယန်၏ အိပ်ဆောင်ထဲတွင် မည်သို့ ပြုမူနေခဲ့သည်ကို ယွမ်ရှန်ရှန် ချက်ချင်း တွေးမိလိုက်သည်။

အေးစက်သော မျက်နှာအမူအရာနှင့် အနည်းငယ် တုန်ယင်နေသော အသံဖြင့် ယွမ်ရှန်ရှန်က

“ရှင်... ဘာလို့ လာတာလဲ”

ခပ်ဖွဖွ အပြုံးဖြင့် လုချန်းက

“အရင်တုန်းက ဆရာမ ကျွန်တော့်ကို ရုပ်သေးရုပ် သုံးရုပ် လုပ်ပေးခဲ့တယ်လေ။ အဲ့ဒီတုန်းက ကျွန်တော် ဆရာမကို ကျေးဇူးဆပ်မယ်လို့ ပြောခဲ့တယ်လေ... အခု ကျွန်တော် ပြောခဲ့တဲ့အတိုင်း လုပ်ပေးမှာပါ။”

ယွမ်ရှန်ရှန်က

“ဒါက သာမန်အားထုတ်မှုလေးပါပဲ။ အဲဒီလို လုပ်ပေးစရာ မလိုပါဘူး။ ရှင် လုပ်စရာရှိတာ သွားလုပ်ပါ။”

လုချန်းက သူ့အား စုဟန်ယန်ကို ဆက်ဆံသကဲ့သို့ ဆက်ဆံမည်ကို ယွမ်ရှန်ရှန် စိုးရိမ်နေဆဲ ဖြစ်သည်။

သို့သော် လုချန်း ယွမ်ရှန်ရှန်၏ စကားများကို အရေးမစိုက်ခဲ့ပေ။ သူက ကုတင်နားသို့ ရဲဝံ့စွာ ချဉ်းကပ်သွားပြီးနောက် သူမအား တွန်းလှဲချလိုက်သည်။

ယွမ်ရှန်ရှန်၏ မျက်နှာအနည်းငယ် နီမြန်းသွားပြီး

“စည်းမရှိတဲ့ တပည့်... ရှင်... ရှင် ဘာလုပ်ဖို့ ကြံနေတာလဲ။”

လုချန်းလည်း နောက်ထပ် စကားမပြောတော့ပဲ ရှေ့သို့ ကိုင်းညွှတ်လိုက်ရာ သူ၏ နှုတ်ခမ်းများ ယွမ်ရှန်ရှန်၏ နှုတ်ခမ်းများအနီးသို့ တိုးကပ်သွား၏။ သူမ လွတ်မြောက်နိုင်စရာ မရှိတော့ကြောင်း သဘောပေါက်သောအခါ သူမ၏ လက်ကို လုချန်း၏ ပါးစပ်ရှေ့တွင် အလျင်အမြန် ကာလိုက်ပြီး

“တစ်ခုတော့ ရှင်းရှင်းလင်းလင်း ပြောထားမယ်။ ကျွန်မ ရှင့်ကို စုဟန်ယန် လုပ်ပေးသလိုမျိုး ဝန်ဆောင်မှု ပေးမှာ မဟုတ်ဘူး။”

အကယ်၍ သာမန် ကျင့်စဉ်ဖော် လင်မယားများကြားရှိ ကိစ္စရပ်များမျှသာ ဖြစ်ပါက သူမ အနေနှင့် များစွာ ကန့်ကွက်စရာ မရှိပေ။ သို့သော် စုဟန်ယန် ပြုလုပ်ခဲ့သကဲ့သို့ သူ့အား ဝန်ဆောင်မှု ပေးရမည်ဆိုလျှင်တော့ သူမ လိုက်လျောမည် မဟုတ်ပေ။

လုချန်းက

“ကျွန်တော် နားလည်ပါတယ်... ကျွန်တော် အဲဒီလို မမျှော်လင့်ပါဘူး။”

လုချန်း သဘောတူသည်ကို မြင်သောအခါ ယွမ်ရှန်ရှန်လည်း သူမ၏ လက်ကို ဖယ်ရှားလိုက်၏။ ထိုအခါ လုချန်း ချက်ချင်း ကိုင်းညွှတ်ကာ ယွမ်ရှန်ရှန်၏ နှုတ်ခမ်းများကို နမ်းရှိုက်လိုက်သည်။

“အွန်း...”

ခဏအကြာတွင် သူတို့နှစ်ဦးသည် အပြည့်အဝ ပါဝင် လှုပ်ရှားနေကြတော့သည်။

…..

မိုးချုပ် မှောင်စပျိုးချိန်တွင်။

ကျိယန်ကမ္ဘာ၌။

အနီရောင် ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး လနက်မြို့အတွင်းသို့ ဝင်ရောက်လာ၏။ သူမ၏ လှုပ်ရှားမှုများမှာ တစ္ဆေတစ်ကောင်နှင့် တူနေသည်။

တစ်ခဏတွင် မြို့သခင် စံအိမ်အပေါ်ဘက်၌ ပေါ်လာပြီး နောက်တစ်ခဏတွင် မြို့ရိုးမျှော်စင်ပေါ်သို့ ရောက်ရှိသွားပြန်သည်။

ထိုအမျိုးသမီး၏ စိတ်ဝိညာဉ် စွမ်းအား လှိုင်းဂယက်များက ထင်ရှားခြင်း မရှိသဖြင့် မည်သူတစ်ဦးတစ်ယောက်မှ သူမ ရောက်နေသည်ကို သတိမပြုမိကြပေ။ မြို့သခင် စံအိမ်ရှိ ကျိချိုးယု သို့မဟုတ် လုချန်း၏ ရုပ်သေးရုပ်ပင်လျှင် အစွမ်းထက်သူ တစ်ဦး လနက်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း မသိကြပေ။

………

ညနက်သန်းခေါင်အချိန်။

ကျိချိုးယုသည် လနက်မြို့၏ စာရွက်စာတမ်းများကို စီမံခန့်ခွဲပြီးစီးသွားသောအခါ မတ်တပ်ရပ်၍ အကြောဆန့်လိုက်ပြီးနောက် လုချန်းကို သတိရသွားသည်။

ထိုအချိန်တွင် အစေခံမလေးတစ်ဦးက

“မြို့သခင်... ရေနွေး အဆင်သင့် ဖြစ်ပါပြီ”

ကျိချိုးယုက

“အခု မလိုသေးဘူး... ကျွန်မ ဒုတိယမြို့သခင်နဲ့ ကျင့်စဉ်ကိစ္စတွေ သွားဆွေးနွေးမလို့။”

ထိုစကားများ ပြောပြီးသည်နှင့် ကျိချိုးယု လုချန်း၏ အခန်းဆီသို့ ဦးတည်သွားလိုက်၏။

ထိုအချိန်တွင် လုချန်း၏ ခန္ဓာကိုယ်အစစ်သည် အလုပ်များနေသဖြင့် သူ၏ ရုပ်သေးရုပ်အပေါ် ထိန်းချုပ်နိုင်စွမ်း အားနည်းနေပြီး သူ၏ အာရုံခံနိုင်စွမ်းလည်း များစွာ ကျဆင်းနေခဲ့သည်။ တံခါးခေါက်သံ ကြားသောအခါမှ ကျိချိုးယု ရောက်လာမှန်း လုချန်း သဘောပေါက်လိုက်သည်။

“လုချန်း... ကျွန်မ ဝင်ခဲ့လို့ ရမလား”

လုချန်းက

“အမ်... ဝင်... ဝင်ခဲ့ပါ”

လုချန်း၏ အသံကို ကြားသောအခါ တစ်စုံတစ်ခု ထူးခြားနေသည်ဟု ကျိချိုးယု ခံစားမိသော်လည်း ထိုအကြောင်းကို များများစားစား မတွေးတော့ပဲ အခန်းအတွင်းသို့ ဝင်ရောက်လာ၏။

ထိုအချိန်တွင် လုချန်း၏ ရုပ်သေးရုပ်သည် လုံးဝ အားအင်ကုန်ခန်းနေသော ပုံစံဖြင့် ကုတင်ပေါ်တွင် လဲလျောင်းနေရာ စူးစမ်းချင်စိတ် ပြင်းပြနေသော ကျိချိုးယုက

“ရှင် ဘာဖြစ်နေတာလဲ”

လုချန်းက

“ဟူး..... ကျွန်တော့်ရဲ့ ခန္ဓာကိုယ်အစစ်က..... အဆင့်တစ်ခု ကျော်ဖြတ်နေလို့... ရုပ်သေးရုပ်အပေါ်မှာ ထိန်းချုပ်နိုင်စွမ်း အားနည်းနေတာပါ။”

ကျိချိုးယုလည်း ဘာကိုမှ သံသယမဝင်ပဲ ကုတင်ဘေးသို့ လျှောက်သွားကာ ထိုင်လိုက်ပြီး

“ဒါဆိုရင် ရှင့်ရဲ့ စိတ်အာရုံကို ပြန်ရုပ်သိမ်းပြီး အဆင့်ကျော်ဖြတ်တာကိုပဲ အာရုံစိုက်လိုက်ပါ... ကျွန်မ ရှင့်ရဲ့ ရုပ်သေးရုပ်ကို စောင့်ကြည့်ပေးထားမယ်။”

မိမိ၏ စိတ်အာရုံကို ရည်ရွယ်ချက် နှစ်ခုအတွက် အသုံးပြုခြင်းသည် အဆင့်ကျော်ဖြတ်နေသော ကျင့်ကြံသူများအတွက် ကြီးမားသော တားမြစ်ချက်တစ်ခု ဖြစ်ပြီး ထိုသို့ပြုလုပ်ခြင်းက ဆိုးရွားသော ရလဒ်များဆီသို့ လွယ်ကူစွာ ဦးတည်သွားစေနိုင်၏။

ထို့ကြောင့် ဒီအတိုင်း ပြန်လည်ထွက်ခွာသွားရန် ကျိချိုးယု စိတ်မကူးတော့ပေ။ လုချန်းသည် အဆင့်ကျော်ဖြတ်နေဆဲ ဖြစ်သောကြောင့် သူ၏ ရုပ်သေးရုပ် အကာအကွယ်မဲ့နေသည်ဟု ဆိုလို၏။ အကယ်၍ နောက်ထပ် လုပ်ကြံသတ်ဖြတ်သူတစ်ဦး ရောက်ရှိလာပြီး လုချန်း၏ ရုပ်သေးရုပ်ကို အန္တရာယ်ပြုသွားပါက မည်သို့ လုပ်မည်နည်း။ ထို့ကြောင့် သူမ သူ့အနားဆက်နေပြီး စောင့်ကြပ်ပေးရန် ဆုံးဖြတ်လိုက်သည်။

လုချန်းက

“ ကောင်း... ကောင်းပါပြီ။”

ထိုသို့ဖြင့် ကျိချိုးယု လုချန်း၏ ကုတင်ဘေးတွင် ဆက်နေခဲ့ပြီး သူ့ထံမှ ရံဖန်ရံခါ ထွက်ပေါ်လာသော ထူးဆန်းသည့် အသံများကို နားထောင်နေခဲ့သည်။

ဤအသံများကို နားထောင်ရင်း ကျိချိုးယု အကြောင်းပြချက်မရှိပဲ ဂနာမငြိမ် ဖြစ်လာသည်ကို ခံစားမိ၏။ ရုပ်သေးရုပ်တစ်ရုပ် အပေါ်တွင် အဘယ်ကြောင့် ထိုကဲ့သို့သော အတွေးများ သူမ တွေးမိနေသည်ကို အံ့ဩမိသည်။

ထိုမသန့်ရှင်းသော အတွေးများကို တွေးမိသောအခါ ကျိချိုးယု၏ မျက်နှာ ပူနွေးလာခဲ့သည်။ ထို့ကြောင့် သူမ၏ အတွင်းစိတ် ဂနာမငြိမ် ဖြစ်မှုကို တည်ငြိမ်စေရန် ကြိုးစားရင်း စိတ်ဝိညာဉ် စွမ်းအားကို လျင်မြန်စွာ လည်ပတ်စေလိုက်သည်။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးလာသော်လည်း လုချန်း၏ “အဆင့်ကျော်ဖြတ်ခြင်း” သည် ဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်သည်။ သူ၏ လေးလံသော အသံများကလည်း ခပ်စိပ်စိပ် ပို၍ ထွက်ပေါ်လာ၏။ ကျိချိုးယု၏ စိတ်များ လွင့်မျောနေစဉ်မှာပင် ရုတ်တရက် လေအေးတစ်ချက် တိုက်ခတ်လာပြီး အခန်း၏ ပြတင်းပေါက်များကို တဒုန်းဒုန်း လာရိုက်ခတ်သွား၏။

ကျိချိုးယု သတိပြန်ဝင်လာပြီး လျင်မြန်စွာ ထလိုက်ကာ

“ဘယ်သူလဲ”

လာရောက်သူသည် သူ၏ အငွေ့အသက်ကို ဖုံးကွယ်ထားသော်လည်း ပြင်းထန်သော သွေးညှီနံ့ကို ကျိချိုးယု အာရုံခံမိခဲ့သည်။ ထိုအချက်က နောက်ထပ် လုပ်ကြံသတ်ဖြတ်သူတစ်ဦး ရောက်ရှိလာကြောင်း ရှင်းလင်းစွာ ညွှန်ပြနေသည်။

ကျိချိုးယု ပြောပြီးနောက် မည်သူမှ တုံ့ပြန်ခြင်း မရှိပေ။ ထို့ကြောင့် တံခါးဝကို စောင့်ကြည့်ရင်း သတိရှိစွာ နေခဲ့သည်။

အချိန်အတော်ကြာသည်ဟု ထင်ရပြီးနောက် အသံတစ်သံ အခန်းအတွင်း၌ ပဲ့တင်ထပ်လာ၏။

“ကျွန်မ ခုနက အခန်းထဲမှာ အသံတွေ ကြားလို့ မြို့သခင် ကျိက မြို့သခင် လုနဲ့ ချစ်ရည်လူးနေကြတယ် ထင်တာ။ ဒါပေမဲ့ ဘာမှ မဟုတ်ဘူးပဲ။”

“မြို့သခင် လုက ဘာဖြစ်နေတာလဲ။ ဘာလို့ တစ်ချိန်လုံး ညည်းနေရတာလဲ။ စစ်ဆေးပေးဖို့ ကျွန်မအကူအညီ လိုအပ်သလား။”

အမျိုးသမီး တစ်ဦး၏ အေးစက်သော အသံကို ကြားသောအခါ ကျိချိုးယု မျက်မှောင်ကြုတ်လိုက်သည်။

အသံကို ကြားရသော်လည်း လူကိုမူ မမြင်ရပေ။

ထို့ပြင် မည်သည့် အငွေ့အသက်ကိုမှ အာရုံခံ၍ မရပဲ ပြင်းထန်သော သွေးညှီနံ့ကိုသာ ရရှိနေခြင်းက အသစ်ရောက်လာသူ၏ အင်အားသည် သူတို့ထက် များစွာ သာလွန်နေကြောင်း ညွှန်ပြနေ၏။

ကျိချိုးယု စိတ်ထဲ ချက်ချင်း တင်းကျပ်သွား၏။ ဤ အမျိုးသမီးသည် လုချန်းအတွက် လာရောက်ခြင်း ဖြစ်နိုင်ပြီး နတ်ဆိုးနှင် ဓားသိုင်းပညာကို ပစ်မှတ်ထားခြင်း ဖြစ်နိုင်ကြောင်းလည်း နားလည်လိုက်သည်။

အကယ်၍ လုချန်းကို လုပ်ကြံသတ်ဖြတ်ရန်သက်သက်သာ ဖြစ်ပါက ဤမျှ အစွမ်းထက်သော လုပ်ကြံသတ်ဖြတ်သူတစ်ဦးကို စေလွှတ်စရာလိုမည် မဟုတ်ပေ။

All Chapters