သည်းခံနိုင်စွမ်း အကန့်အသတ်ရှိတယ်
Vol. 71 Ch. 1054
ထို့နောက် ကျိချိုးယု တံခါးဝကိုကြည့်၍ လှမ်း၍ ပြောလိုက်၏။
“မိတ်ဆွေ... ရောက်လာမှတော့ ဘာလို့ ကိုယ်ထင်မပြရတာလဲ။ မိတ်ဆွေက တခြားလူတွေ မြင်မှာကြောက်ရတဲ့ နတ်ဆိုးကျင့်ကြံသူတစ်ယောက်မို့လို့လား။”
ကျိချိုးယု၏ စကားကို ကြားသောအခါ နန်းကုန်းချင်ရသည် ခပ်ဖွဖွ ရယ်မောလိုက်သည်။ နောက်တစ်ခဏတွင် သွေးမြူခိုး စွမ်းအင်တစ်ခု အခန်းအတွင်း၌ စတင် လှည့်ပတ်လာ၏။
ဤမြင်ကွင်းကို မြင်သောအခါ ကျိချိုးယု၏ နှလုံး နောက်တစ်ကြိမ် အပြင်းအထန် ခုန်ပေါက်သွားသည်။ သို့သော်လည်း နောက်တစ်မျိုး ပြန်တွေးကြည့်သောအခါ ကုတင်ပေါ်တွင် လဲလျောင်းနေသော လုချန်းမှာ ရုပ်သေးရုပ်တစ်ခုမျှသာ ဖြစ်ကြောင်း သူမ သတိရသွား၏။ အကယ်၍ ထိုအမျိုးသမီး အမှန်တကယ် အစွမ်းထက်ပါက အဆိုးဆုံးအခြေအနေတွင် လုချန်းက သူ၏ ရုပ်သေးရုပ်ကို ရိုးရှင်းစွာ ဖောက်ခွဲလိုက်နိုင်ပေသည်။
ထိုသို့ တွေးမိသောအခါ ကျိချိုးယု သက်ပြင်းတစ်ချက် ချလိုက်မိသည်။
ခဏအကြာတွင် သွေးမြူခိုးများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အနီရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး အခန်းထဲတွင် ရပ်နေသည်ကို တွေ့လိုက်ရ၏။ ထိုအမျိုးသမီးသည် စွဲမက်ဖွယ် လှပသော မျက်နှာ၊ ကောက်ကြောင်းထင်ရှားသော ခန္ဓာကိုယ်နှင့် တစ်စိတ်တစ်ပိုင်း မြင်နေရသော ကျောက်စိမ်းကဲ့သို့ ရှည်လျားသည့် ခြေတံများကို ပိုင်ဆိုင်ထားသည်။
ထိုအမျိုးသမီးကို မြင်သောအခါ လက်ရှိတွင် ထိတွေ့တိုက်ဆိုင်မှုတစ်ခုကို ကြံ့ကြံ့ခံနေရသော လုချန်း၏ ခန္ဓာကိုယ်အစစ် ပို၍ပင် ပြင်းထန် ကြမ်းတမ်းလာခဲ့သည်။
နန်းကုန်းချင်ရက ကုတင်ပေါ်တွင် လဲလျောင်းနေသော လုချန်းကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ပြီး
“ဒုတိယမြို့သခင် လု... ကျွန်မကိုယ်ကျွန်မမိတ်ဆက်ခွင့် ပြုပါ... ကျွန်မက သွေးသက်တံရဲတိုက်ရဲ့ ရဲတိုက်သခင် နန်းကုန်းချင်ရပါ။”
ထိုစကားကို ကြားသောအခါ ကျိချိုးယု မှင်တက်စွာ ရပ်နေမိသည်။ လာရောက်သူမှာ အစွမ်းထက်ကြောင်း သူမ သဘောပေါက်ခဲ့သော်လည်း ဤမျှ အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သွေးသက်တံရဲတိုက်၏ ရဲတိုက်သခင်ကိုယ်တိုင်ပါလား။
ထိုကဲ့သို့သော လူတစ်ဦး၏ စွမ်းအားသည် ကျိယန်ကမ္ဘာတစ်ခုလုံးတွင် အဆင့် နှစ်ဆယ်အတွင်း ရှိသည်ဟု သတ်မှတ်နိုင်ပေသည်။
သူမ၏ အဆင့်အတိအကျကို ကျိချိုးယု မသိသော်လည်း သူမသည် အနည်းဆုံး ဥပဒေ နိယာမ အလုံးစုံ အဆင့် အဆင့်ငါးအလွှာတွင်ရှိနိုင်သည်။
ထိုကဲ့သို့ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးက လုချန်းကို ရှာဖွေရန် လနက်မြို့သို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ခဲ့သည်။
ကျိချိုးယု၏ အသားအရောင် အနည်းငယ် ဖြူဖျော့သွား၏။ နတ်ဆိုးနှင် ဓားသိုင်းပညာသည် အလွန်အရေးကြီးပြီး ကြီးမားသော အင်အားစုများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။ နန်းကုန်းချင်ရသည် လုချန်းကို ရှာဖွေရန် ရောက်လာသော ပထမဆုံးသော အစွမ်းထက် ပုဂ္ဂိုလ် ဖြစ်နိုင်သော်လည်း သူမသည် နောက်ဆုံး ရောက်လာသူ တစ်ယောက် မဟုတ်နိုင်တာတော့ သေချာသည်။
အနာဂတ်တွင် လုချန်းထံမှ နတ်ဆိုးနှင် ဓားသိုင်းပညာကို ရှာဖွေရန် ပို၍ ပို၍ အစွမ်းထက်သော ပုဂ္ဂိုလ်များ ရောက်ရှိလာကြမှာ သေချာသည်။
လုချန်းက သူ့ကိုယ်သူ ပြသရန် ရုပ်သေးရုပ်တစ်ခုကို အသုံးပြုခဲ့ခြင်းအတွက် ကျိချိုးယုသည် အလွန် စိတ်သက်သာရာ ရသွား၏။ အကယ်၍ လုချန်း၏ ခန္ဓာကိုယ်အစစ်သာ ထိုနေရာတွင် ရှိနေခဲ့ပါက ကျိန်းသေပေါက် ဒုက္ခရောက်သွားနိုင်သည်။
လုချန်းကတော့ နန်းကုန်းချင်ရကို ချက်ချင်း တုံ့ပြန်ခြင်း မပြုခဲ့ပေ။ ကုတင်ပေါ်တွင် ထိုင်းမှိုင်းစွာ လဲလျောင်းနေသော လုချန်းကို မြင်သောအခါ နန်းကုန်းချင်ရ၏ မျက်ခုံး များ တွန့်သွား၏။
ဒါက ဘာအဓိပ္ပာယ်လဲ။
မူလအစကမ္ဘာ နယ်ပယ်အဆင့်မှ ကျင့်ကြံသူတစ်ဦးသည် ဥပဒေ နိယာမ အလုံးစုံ အဆင့်တစ်ဦးကို မြင်တွေ့ပါလျက် နှုတ်ဆက် ဂါရဝပြုခြင်း မရှိပေ။ ထို့ပြင် သူ၏ မျက်နှာပေါ်၌ အမူအရာ တစ်စုံတစ်ရာ မရှိသည့်အပြင် မည်သည့် တုံ့ပြန်မှုကိုမှလည်း လုံးဝ မပြသခဲ့ပေ။
နန်းကုန်းချင်ရ နောက်ထပ် တစ်စုံတစ်ခု ပြောရန်ကြံလိုက်စဉ်မှာပင် လုချန်း ရုတ်တရက် သက်ပြင်းရှည်တစ်ချက်ကို ရှိုက်ထုတ်လိုက်သည်။
“ဟူး... တကယ် လန်းဆန်းသွားတာပဲ။”
ဇဝေဇဝါဖြစ်သော မျက်နှာဖြင့် နန်းကုန်းချင်ရ လုချန်းကို ကြည့်လိုက်၏။ ထိုအချိန်တွင် လုချန်းက သူ၏ ခေါင်းကို လှည့်၍ နန်းကုန်းချင်ရကို ကြည့်လိုက်ပြီး သူမ၏ အချက်အလင်ကို သိနိုင်ရန် စနစ်ကို အသုံးပြုလိုက်သည်။
[အမည်: နန်းကုန်းချင်ရ]
[အချက်အလက်: ကျိယန်ကမ္ဘာမှ သွေးသက်တံရဲတိုက်၏ ရဲတိုက်သခင်၊ ကျိရှောင်နိုင်ငံတော် ဧကရီ၏ ညီမ၊ ဥပဒေ နိယာမ အလုံးစုံ အဆင့် အဆင့်ငါးအလွှာမှ အစွမ်းထက် ကျင့်ကြံသူ။ လနက်မြို့တွင် နတ်ဆိုးနှင် ဓားသိုင်းပညာ ပိုင်ဆိုင်သော တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦး ရှိကြောင်း ကြားသိရသောအခါ နတ်ဆိုးနှင် ဓားသိုင်းပညာကို ရယူရန် ရည်ရွယ်ချက်ဖြင့် လနက်မြို့သို့ ကိုယ်တိုင် ချက်ချင်း သွားရောက်ခဲ့သည်။]
[အမှတ်: ၉၈]
[နှစ်သက်မှု: ၃၅]
နန်းကုန်းချင်ရ၏ အချက်အလက်ကို မြင်သောအခါ လုချန်း ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ သူ၏ ခန္ဓာကိုယ်အစစ်သည် ကျိယန်ကမ္ဘာသို့ မရောက်ရှိမီမှာပင် အမှတ် ကိုးဆယ်ကျော်သော အမျိုးသမီး နှစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး ဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ထို့နောက် လုချန်းက
“မိတ်ဆွေ... ခင်ဗျား ကျွန်တော့်ကို ဘာကိစ္စနဲ့ လာရှာတာလဲဆိုတာ မေးခွင့်ရှိမလား။”
အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် လုချန်း၏ သူမ ခန္ဓာကိုယ်ကို ကြည့်သော အကြည့်ထဲတွင် ကျူးကျော်လိုသော အရိပ်အယောင်တစ်ခု ရှိနေသည်ဟု နန်းကုန်းချင်ရ စားနေရသည်။
မူလအစကမ္ဘာ နယ်ပယ်အဆင့်မှ ကျင့်ကြံသူတစ်ဦးက သူမကိုယ်သူ မြင်ပါလျက် ဂါရဝမပြုခြင်းမှာ ကိစ္စတစ်ခု ဖြစ်သော်လည်း သူမ၏ ခန္ဓာကိုယ်ကို တိုက်ရိုက် မညှာမတာသော မျက်လုံးများဖြင့် စူးစိုက်ကြည့်ရှုနေပါက အခြားသော မည်သည့် အမျိုးသားမဆို ယခုအချိန်တွင် သွေးမြူခိုးအဖြစ်သို့ ပြောင်းလဲသွားလောက်ပြီ ဖြစ်သည်။
သို့သော်လည်း လုချန်းထံတွင် သူမ လိုအပ်သော အရာတစ်ခု ရှိနေသဖြင့် လုချန်းကို ယခု သတ်ရန် ရည်ရွယ်ချက် မရှိသေးပေ။
နန်းကုန်းချင်ရက
“ရှင့်မှာ နတ်ဆိုးစွမ်းအားကို ဖိနှိပ်နိုင်တဲ့ အထူး ဓားသိုင်းပညာတစ်ခု ပိုင်ဆိုင်ထားတယ်လို့ ကျွန်မ ကြားမိတယ်... ဒုတိယမြို့သခင် လုက ဒီဓားသိုင်းပညာကို ကျွန်မဆီ မျှဝေပေးနိုင်မလား လို့ပါ။”
အချိန် အပိုဖြုန်းရန် နန်းကုန်းချင်ရ မရည်ရွယ်ပေ။ သူမသည် သူမ လိုချင်သော မည်သည့်အရာကိုမဆို အင်အားသုံး၍ ရယူသွားမည်ဖြစ်သည်။ အကယ်၍ လုချန်း သဘောမတူပါက သူ သဘောတူလာအောင် လုပ်နိုင်သည့် နည်းလမ်းများစွာ သူမထံတွင် ရှိနေသည်။
လုချန်းက
“မိတ်ဆွေ... ခင်ဗျား ဘယ်ကနေ ကြားလာသလဲတော့ ကျွန်တော် မသိဘူး။ ဒါပေမဲ့ ကျွန်တော့်မှာ အဲ့ဒီလို ဓားသိုင်းပညာမျိုး မရှိပါဘူး။”
လုချန်း အမှန်တကယ် ငြင်းဆန်သည်ကို မြင်သောအခါ နန်းကုန်းချင်ရ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူမ၏ ခန္ဓာကိုယ်အတွင်းမှ သွေးစွမ်းအင်များကို စတင် ထုတ်လွှတ်လိုက်သည်။ နောက်တစ်ခဏတွင် လုချန်း၏ ခန္ဓာကိုယ်သည် ကုတင်ပေါ်မှ မြှောက်တင်ခြင်း ခံလိုက်ရသည်။
အစွမ်းထက်သော အင်အားတစ်ခုက လုချန်း၏ လည်ပင်းကို ဆုပ်ကိုင်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို နန်းကုန်းချင်ရ၏ ရှေ့မှောက်သို့ ဆွဲယူလာခဲ့၏။ သူမ၏ သွေးကဲ့သို့ နီရဲသော မျက်လုံးများက လုချန်းကို စိုက်ကြည့်လျက် နန်းကုန်းချင်ရက
“ကျွန်မရဲ့ သည်းခံနိုင်စွမ်းက အကန့်အသတ် ရှိတယ်။”
လုချန်း၏ မျက်နှာသည် ထိတ်လန့်တုန်လှုပ်သည့် အရိပ်အယောင် တစ်စုံတစ်ရာ ကင်းမဲ့နေဆဲ ဖြစ်ပြီး အပြုံးတစ်ခုနှင့်အတူ သူက
“ မိတ်ဆွေ ဒီလို ကောလာဟလတွေကို ဘယ်က ကြားလာသလဲဆိုတာ ကျွန်တော် မသိပါဘူး... ဒါပေမဲ့ မိတ်ဆွေ ကျွန်တော့်ကို သတ်လိုက်ရင်တောင်မှ မိတ်ဆွေပြောနေတဲ့ နတ်ဆိုးစွမ်းအားကို ဖိနှိပ်နိုင်တဲ့ ဓားသိုင်းပညာမျိုး ကျွန်တော့်မှာ ရှိမှာ မဟုတ်ပါဘူး။”
သေခြင်းတရားအပေါ် မကြောက်မရွံ့သော လုချန်း၏ အမူအရာကို မြင်သောအခါ နန်းကုန်းချင်ရ၏ ဦးနှောက် ခဏခန့် ရပ်တန့်သွား၏။
တကယ် မရှိဘူးလား။
သို့မဟုတ် ဒီလူငယ်က အတင်းအကျပ် ဖိအားပေးခြင်းကို တုံ့ပြန်မှု မရှိတာလား။
ထိုစဉ်မှာပင် နန်းကုန်းချင်ရ၏ အကြည့်က ရုတ်တရက် ကျိချိုးယုထံသို့ လှည့်သွား၏။ သူမ လနက်မြို့သို့ ရောက်ရှိလာခဲ့ပြီး ကျိချိုးယုနှင့် လုချန်းတို့ အကြောင်း ကောလာဟလ အချို့ ကြားသိခဲ့သည်။ ထို့ပြင် သူတို့နှစ်ဦးသည် ခုလေးတင် အခန်းတစ်ခုတည်းတွင် အတူ ရှိနေခဲ့ကြသဖြင့် ထိုကောလာဟလများသည် ကောလာဟလ သက်သက်မျှသာ မဟုတ်ကြောင်း ထင်ရှားနေ၏။ သူတို့နှစ်ဦးကြားတွင် မပြတ်မသားသော ဆက်ဆံရေးတစ်ခု အသေအချာ ရှိနေသည်။
ထိုသို့ တွေးမိသောအခါ နန်းကုန်းချင်ရက သူမ၏ လက်ကို ချက်ချင်း မြှောက်လိုက်ပြီး နောက်တစ်ခဏတွင် သွေးမြူခိုးတစ်စုက ကျိချိုးယု၏ လည်ပင်းကို ဆုပ်ကိုင်ကာ သူမ၏ ခန္ဓာကိုယ်ကို လေထဲသို့ ပင့်မြှောက်လိုက်ပြီး လုချန်း၏ ရှေ့မှောက်သို့ ဆွဲယူလိုက်သည်။
“နတ်ဆိုးနှင် ဓားသိုင်းပညာက ပိုအရေးကြီးမလား...ရှင့်ရဲ့ ကျင့်စဉ်ဖော်က ပိုအရေးကြီးမလား... ကျွန်မ ကြည့်ချင်သေးတယ်။”
နတ်ဆိုးနှင် ဓားပညာကို မပေးအပ်ဖို့ပြောရန် ကျိချိုးယု ကြံလိုက်သော်လည်း ယခု စကားပြောလိုက်ပါက နတ်ဆိုးနှင် ဓားသိုင်းပညာ ရှိနေကြောင်းကို ဖော်ထုတ်သလို ဖြစ်သွားမည်ကို စိုးရိမ်မိ၏။
ဤအချိန်တွင် လုချန်းက တည်ငြိမ်စွာ ပြောလိုက်၏။
“ကျွန်တော့်မှာ နတ်ဆိုးစွမ်းအားကို ဖိနှိပ်နိုင်တဲ့ ဓားသိုင်းပညာ တကယ် မရှိပါဘူး။ ကျွန်တော့်မှာ မရှိမှတော့ ခင်ဗျား ကျွန်တော့်တို့ကို သတ်လိုက်ရင်တောင်မှ ခင်ဗျားကို ပေးလို့မရပါဘူး။”
လုချန်း ခေါင်းမာနေဆဲ ဖြစ်သည်ကို မြင်သောအခါ နန်းကုန်းချင်ရ မတွေးပဲ မနေနိုင်တော့ပေ။
ဤအချိန်အထိ သူ လိမ်ညာနေစရာ အကြောင်းမရှိဘူး... မဟုတ်လား။
မည်သို့ပင်ဖြစ်စေ သူနှင့် သူ့ချစ်သူ၏ အသက်သည် သူမ၏ လက်ထဲတွင် ရှိနေသည် မဟုတ်ပါလား။
နတ်ဆိုးနှင် ဓားသိုင်းပညာ တကယ်မရှိတာ ဖြစ်နိုင်လား။
ဒါဆိုရင် နတ်ဆိုးဒီရေကို မည်သို့ တွန်းလှန်ခဲ့သနည်း။
ခဏခန့် စဉ်းစားပြီး နန်းကုန်းချင်ရက ထပ် မေးလိုက်၏။
“မကြာသေးခင်က ကြီးမားတဲ့ နတ်ဆိုးဒီရေ ပေါက်ကွဲမှုတစ်ခု ရှိခဲ့တယ်။ အဲ့ဒါကို
ရှင်တစ်ယောက်တည်းက တားဆီးခဲ့တယ်။ နတ်ဆိုးတွေ ချိပ်ပိတ်နယ်မြေကနေ ခြေတစ်လှမ်းမှ မထွက်ရဲအောင် တားဆီးခဲ့တယ်လို့ ကျွန်မ ကြားတယ်... ရှင့်မှာ နတ်ဆိုးနှင် ဓားသိုင်းပညာ မရှိဘူးဆိုရင် ရှင် ဘယ်လို လုပ်ခဲ့တာလဲ။”
လုချန်းက
“ဒါက ကျွန်တော့်ရဲ့ ကိုယ်ခန္ဓာဖွဲ့စည်းပုံ ထူးခြားမှုကြောင့်ပါ”
ထူးခြားသော ကိုယ်ခန္ဓာဖွဲ့စည်းပုံ ဟုတ်လား။
နန်းကုန်းချင်ရ လုချန်းကို သံသယဖြင့် ကြည့်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ကို ချက်ချင်း အာရုံခံလိုက်သည်။ အာရုံခံကြည့်သောအခါမှ လုချန်း၏ ခန္ဓာကိုယ် အမှန်တကယ်ပင် အလွန် ထူးခြားနေကြောင်း တွေ့ရှိလိုက်ရသည်။ သူ၏ နှလုံးခုန်သံကိုပင် သူမ မခံစားရပေ။ သူသည် သက်မဲ့အရာဝတ္ထုတစ်ခု ဖြစ်နေသကဲ့သို့ပင်။
သို့သော်လည်း လုချန်း၏ ခန္ဓာကိုယ်ရှိ အခြားသော အစိတ်အပိုင်းများမှာမူ သာမန်လူတစ်ဦးနှင့် ထပ်တူပင် ဖြစ်သည်။
သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး လုချန်းနှင့် ကျိချိုးယု နှစ်ဦးစလုံးကို နန်းကုန်းချင်ရ လွှတ်ပေးလိုက်သည်။ ထို့နောက် လုချန်းကို ဆက်လက်၍
“ရှင့်ရဲ့ စိတ်ဝိညာဉ် စွမ်းအားကို ကျွန်မ ကြည့်လို့ရအောင် ထုတ်လွှတ်လိုက်ပါ။”
တုံ့ဆိုင်းခြင်းမရှိပဲ လုချန်းက သူ၏ စိတ်ဝိညာဉ် စွမ်းအားကို ထုတ်လွှတ်လိုက်၏။ ထိုအခါ လုချန်း ထုတ်လွှတ်လိုက်သော စိတ်ဝိညာဉ် စွမ်းအားနှင့် ပတ်သက်၍ ပုံမှန်မဟုတ်သော အရာတစ်ခုကို နန်းကုန်းချင်ရ သတိပြုမိလိုက်သည်။
ထို့ပြင် လုချန်း ထုတ်လွှတ်လိုက်သော စိတ်ဝိညာဉ် စွမ်းအားသည် နတ်ဆိုးစွမ်းအားကို ဖိနှိပ်ရုံသာမက သူမ၏ ခန္ဓာကိုယ်ထဲရှိ သွေးစွမ်းအင်ကိုပါ ဖိနှိပ်နိုင်စွမ်း ရှိပုံရသည်။
ထိုသို့ဆိုလျှင် လုချန်းသည် နတ်ဆိုးများ၏ ရန်သူ ဖြစ်ရုံသာမက သူမ၏ ရန်သူလည်း ဖြစ်နေသည်ဟု ဆိုလိုပေသည်။