နန်းကုန်းယွဲ့ဟွာ
Vol. 71 Ch. 1057
ကျိရှောင်နိုင်ငံတော်။
နန်းတော်။
ကြယ်ရောင်ခန်းမ။
ခမ်းနားသော ခန်းမကြီးအတွင်း နေရာတိုင်းတွင် တလက်လက်တောက်ပနေသော ကျောက်မျက်ရတနာများဖြင့် ပြည့်နှက်နေပြီး ခန်းမအတွင်းသို့ ဝင်လိုက်သည်နှင့် ကြယ်တာရာများ ပြည့်နေသော ကောင်းကင်ယံအတွင်းသို့ ရောက်ရှိသွားသကဲ့သို့ ထင်မှတ်ရပေ၏။
ခန်းမ၏ အလယ်ဗဟိုတွင် အနီရောင် ဖီးနစ်ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး မတ်မတ်ထိုင်နေ၏။ သူမ၏ သဏ္ဌာန်မှာ အေးစက်နေပြီး ဖီးနစ်သရဖူကို ဆောင်းထားကာ မြင့်မြတ်သော အငွေ့အသက်များ ထွက်ပေါ်နေသည်။
ထိုအချိန်တွင် အပြာရောင် ဝတ်ရုံရှည် ဝတ်ဆင်ထားသော အစေခံတစ်ဦး ခန်းမကြီးအတွင်းသို့ ဝင်ရောက်လာပြီး
“အရှင်မကို ဂါရဝပြုပါတယ်”
ထိုအမျိုးသမီးသည် မျက်လုံးများကို ဖွင့်မကြည့်ပဲ နှုတ်ခမ်းအနည်းငယ်ဟကာ
“ဘာကိစ္စလဲ”
ဟု ခံစားချက်ကင်းမဲ့စွာ မေးလိုက်သည်။
အစေခံမလေးက
“အရှင်မ... ကျွန်မတို့ စုံစမ်းသိရှိရသလောက်တော့ လနက်မြို့မှာ နတ်ဆိုးဒီရေ အကြီးအကျယ် ပေါ်ပေါက်ခဲ့ပါတယ်။”
ထိုစကားကို ကြားသောအခါမှ ထိုအမျိုးသမီးသည် သူမ၏ လှပသော မျက်လုံးများကို ဖွင့်ကြည့်လိုက်၏။ သူ၏ မျက်လုံးများသည် နန်းကုန်းချင်ရ၏ မျက်လုံးများကဲ့သို့ အနီရောင်ဖြစ်နေပြီး အတော်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
မျက်ဆံများ၏ အရောင်အပြင် ထိုအမျိုးသမီး၏ မျက်နှာသွင်ပြင်သည်လည်း နန်းကုန်းချင်ရနှင့် အနည်းငယ် ဆင်တူနေသည်။
ထိုအမျိုးသမီးမှာ အမှန်စင်စစ် နန်းကုန်းချင်ရ၏ အစ်မဖြစ်သူ နန်းကုန်းယွဲ့ဟွာ ပင် ဖြစ်သည်။
နှစ်ပေါင်းများစွာအတွင်း ကျိရှောင်နိုင်ငံတော်သည် ပြည်တွင်းပဋိပက္ခများဖြင့် ရှုပ်ထွေးနေခဲ့၏။ သူမသည် ဧကရီ ဖြစ်လာရန် ရည်မှန်းချက်ဖြင့် သူမအား ဆန့်ကျင်သူများစွာကို ရှင်းလင်းခဲ့ရသောကြောင့် လနက်မြို့ရှိ အခြေအနေကို အာရုံစိုက်နိုင်ခြင်း မရှိခဲ့ချေ။
သို့သော်လည်း လတ်တလော လနက်မြို့မှ အခြေအနေများက သူမအား အနည်းငယ် မသက်မသာ ဖြစ်စေခဲ့ပြီး နောက်ဆုံးတွင် လူများစေလွှတ်၍ စုံစမ်းစစ်ဆေးစေခဲ့သည်။ ကျိရှောင်နိုင်ငံတော်၏ ပြည်တွင်းရေးရာများမှာ တည်ငြိမ်ခြင်း မရှိသေးသော်လည်း အကယ်၍ လနက်မြို့ကို လက်လွှတ်လိုက်ရပြီး ချိပ်ပိတ်နယ်မြေမှ နတ်ဆိုးသတ္တဝါများ ပျံ့နှံ့လာကာ ကောင်းကင်နတ်ဆိုး လွတ်မြောက်သွားပါက ကျိယန်ကမ္ဘာတစ်ခုလုံးအတွက် ကပ်ဘေးကြီး ဆိုက်ရောက်ပေလိမ့်မည်။
နန်းကုန်းယွဲ့ဟွာသည် ဒူးထောက်နေသော အစေခံကို ကြည့်ကာ
“နတ်ဆိုးသတ္တဝါတွေ ပျံ့နှံ့သွားသေးလား။”
အစေခံမလေးက
“မပျံ့နှံ့သွားပါဘူး အရှင်မ... နတ်ဆိုးသတ္တဝါတွေ ပျံ့နှံ့မသွားပါဘူး။ လနက်မြို့က နတ်ဆိုးဒီရေကို တားဆီးထားနိုင်ခဲ့ပါတယ်။”
ထိုစကားကို ကြားသောအခါ နန်းကုန်းယွဲ့ဟွာအနည်းငယ် အံ့အားသင့်သွားပြီး အတွေးထဲ နစ်မြောသွားသည်။
မူလက နန်းတွင်းသည် လနက်မြို့တွင် မူလအစကမ္ဘာနယ်ပယ် ကျင့်ကြံသူတစ်ဦးတည်းကိုသာ စေလွှတ်ထားခဲ့၏။ လနက်မြို့သည် အမည်ခံအားဖြင့် ချူးနိုင်ငံ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သော်လည်း ချူးနိုင်ငံသည် အစားအသောက် အနည်းငယ် ထောက်ပံ့ပေးခြင်းမှလွဲ၍ လနက်မြို့ကို အခြားသော ပံ့ပိုးကူညီမှုများ မပေးခဲ့ချေ။
နတ်ဆိုးဒီရေ အကြီးအကျယ် ပေါ်ပေါက်လာခဲ့သော်လည်း လနက်မြို့က မည်သို့ တောင့်ခံထားနိုင်ခဲ့သနည်း။
သူတို့ မည်သို့ ခုခံတားဆီးခဲ့သနည်း။
သို့မဟုတ် ချူးနိုင်ငံက လနက်မြို့အား နတ်ဆိုးဒီရေကို ခုခံတိုက်ခိုက်ရန် လူများ စေလွှတ်၍ ကူညီခဲ့တာလား။
ထို့နောက် နန်းကုန်းယွဲ့ဟွာက
“လနက်မြို့က နတ်ဆိုးဒီရေကို ဘယ်လို ခုခံတားဆီးခဲ့တာလဲ။”
အစေခံမလေးက
“စုဆောင်းရရှိထားတဲ့ သတင်းအချက်အလက်တွေအရတော့ လနက်မြို့မှာ နတ်ဆိုးစွမ်းအားကို ဖိနှိပ်နိုင်တဲ့ တစ်ကိုယ်တော် ကျင့်ကြံသူ တစ်ယောက် ပေါ်လာတယ်လို့ ဆိုပါတယ်။ အဲဒီ တစ်ကိုယ်တော် ကျင့်ကြံသူ တစ်ယောက်တည်းက နတ်ဆိုးသတ္တဝါ အားလုံးကို လနက်မြို့ အပြင်ဘက်မှာပဲ ရှိနေအောင် ထိန်းထားနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ချိပ်ပိတ်နယ်မြေကနေ နတ်ဆိုးတစ်ကောင်မှ ကျော်ဝင်မလာရဲတော့ဘူးလို့ သိရပါတယ်။”
“ဟင်။”
အစေခံမလေးထံမှ ထိုစကားကို ကြားသောအခါ နန်းကုန်းယွဲ့ဟွာ၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွား၏။ အဘယ်ကြောင့်ဆိုသော် နတ်ဆိုးစွမ်းအားကို ဖိနှိပ်နိုင်သော ကျင့်ကြံသူတစ်ဦးအကြောင်း ယခင်က သူမ တစ်ခါမှ မကြားဖူးသောကြောင့် ဖြစ်သည်။
ပုံမှန်အားဖြင့် ကျင့်ကြံသူများသာ နတ်ဆိုးစွမ်းအား၏ ဖိနှိပ်ခြင်းကို ခံရလေ့ရှိသည်။ အထူးသဖြင့် ကောင်းကင်နတ်ဆိုး စွမ်းအားနှင့် တွေ့ကြုံရသည့်အခါ ကျင့်ကြံသူတို့၏ အင်အားသိသိသာသာ ကျဆင်းသွားတတ်သည်။
ယခု နတ်ဆိုးစွမ်းအားကို ဖိနှိပ်နိုင်သော ကျင့်ကြံသူတစ်ဦး အမှန်တကယ် ရှိနေပြီလား။
ထိုသူက နတ်ဆိုးကျင့်ကြံသူတစ်ဦး ဖြစ်နိုင်လား။
နန်းကုန်းယွဲ့ဟွာ ဆက်လက် စဉ်းစားခြင်း မပြုတော့ပဲ
“ဆက်ပြော”
ဟုသာ ရိုးရှင်းစွာ ပြောလိုက်သည်။
အစေခံမလေးက
“လနက်မြို့ တစ်မြို့လုံးက အဲဒီ တစ်ကိုယ်တော် ကျင့်ကြံသူမှာ နတ်ဆိုးနှင် ဓားသိုင်းပညာ ရှိတယ်လို့ ပြောနေကြပါတယ်။ အဲဒီ ဓားသိုင်းပညာနဲ့ဆိုရင် သူတို့လည်း နတ်ဆိုးစွမ်းအားကို ဖိနှိပ်နိုင်တဲ့ ဓားစွမ်းအင်တွေ ထုတ်လွှတ်နိုင်တယ်လို့ ဆိုပါတယ်။”
“ချူးနိုင်ငံက အဲဒီ တစ်ကိုယ်တော် ကျင့်ကြံသူကို နတ်ဆိုးနှင် ဓားသိုင်းပညာ ပေးအပ်ဖို့ အမိန့်ထုတ်ထားပြီးသားပါ။ ဒါပေမဲ့ အဲဒီလူက အမိန့်ကို လျစ်လျူရှုခဲ့ပါတယ်။ မကြာသေးခင်ကပဲ အဲဒီ တစ်ကိုယ်တော် ကျင့်ကြံသူကို သွေးသက်တံ့ရဲတိုက်က လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်က လုပ်ကြံဖို့ ကြိုးစားခဲ့ပါသေးတယ်။”
ထိုစကားကို ကြားသောအခါ နန်းကုန်းယွဲ့ အနည်းငယ် ဂနာမငြိမ် ဖြစ်လာသည်။ အကယ်၍ ထိုတစ်ကိုယ်တော် ကျင့်ကြံသူသည် နတ်ဆိုးနှင် ဓားသိုင်းပညာကို အမှန်တကယ် ပိုင်ဆိုင်ထားပါက သူ ဒီအတိုင်း သေဆုံးသွား၍ မဖြစ်ပေ။
ယခု ချိပ်ပိတ်နယ်မြေ၏ ချိပ်ပိတ်တံဆိပ်များသည် လျော့ရဲနေပြီ ဖြစ်သည်။ ကောင်းကင်နတ်ဆိုး မည်သည့်အချိန်တွင် ချိပ်ပိတ်တံဆိပ်များကို ဖောက်ထွက်လာမည်ကို မည်သူမှ မသိနိုင်ချေ။
အကယ်၍ သူတို့တွင် နတ်ဆိုးနှင် ဓားသိုင်းပညာဟု ခေါ်ဆိုသော ပညာရပ်ကို အမှန်တကယ် ပိုင်ဆိုင်ထားပါက ကောင်းကင်နတ်ဆိုး ချိပ်ပိတ်တံဆိပ်များကို ဖောက်ထွက်လာသည့်အခါတွင် ကောင်းကင်နတ်ဆိုးကို ထပ်မံ ချိပ်ပိတ်ရန် နတ်ဆိုးနှင် ဓားသိုင်းပညာကို အသုံးပြုနိုင်ကောင်း အသုံးပြုနိုင်ပေလိမ့်မည်။
ထို့နောက် နန်းကုန်းယွဲ့ဟွာက
“ချက်ချင်း လူလွှတ်ပြီး အဲဒီ တစ်ကိုယ်တော် ကျင့်ကြံသူကို နေပြည်တော်ကို ခေါ်ခဲ့”
ဟု အမိန့်ပေးလိုက်သည်။
အစေခံမလေးလည်း နန်းကုန်းယွဲ့ဟွာ၏ ရည်ရွယ်ချက်ကို ရှင်းလင်းစွာ နားလည်သွားပြီး
“စိတ်ချပါ အရှင်မ... ကျွန်မ လနက်မြို့ကို လူတွေ လွှတ်ပြီးပါပြီ။ လဝက်အတွင်းမှာ အဲဒီ တစ်ကိုယ်တော် ကျင့်ကြံသူကို အရှင်မ ရှေ့မှောက် ခေါ်ဆောင်လာနိုင်မယ်လို့ ယုံကြည်ပါတယ်”
ဟု လျင်မြန်စွာ တုံ့ပြန်လိုက်၏။
နန်းကုန်းယွဲ့ဟွာ ခဏခန့် စဉ်းစားလိုက်သည်။ အကယ်၍ နတ်ဆိုးနှင် ဓားသိုင်းပညာသာ အမှန်တကယ် ရှိနေပါက အခြားသော အင်အားစုများလည်း စိတ်ဝင်စားကြလိမ့်မည်။
ထို့ကြောင့် သူမ ကိုယ်တိုင် သွားခြင်းက ပို၍ သတိရှိရာ ရောက်မည်ဖြစ်သည်။ သို့သော်လည်း ကျိရှောင်နိုင်ငံတော်သည် လက်ရှိတွင် ပရမ်းပတာ ဖြစ်နေပြီး သူမ ရုတ်တရက် ထွက်ခွာသွားပါက သူပုန်များကို ပြဿနာ ရှာရန် အခွင့်အရေး ပေးသကဲ့သို့ ဖြစ်သွားနိုင်သည်။
သို့သော် သူမ လနက်မြို့သို့ တိတ်တဆိတ် သွားရောက်နိုင်သည်။ သူမကဲ့သို့ ဥပဒေနိယာမ အလုံးစုံ နယ်ပယ်မှ စွမ်းအားရှင်တစ်ဦးအတွက် အသွားအပြန် ခရီးသည် အချိန်များစွာ ကြာမြင့်မည် မဟုတ်ပေ။
ထိုသို့ တွေးမိသဖြင့် နန်းကုန်းယွဲ့ဟွာက
“ရပြီ။ တခြား ဘာမှမရှိရင် နင် သွားလို့ရပြီ”
“ဟုတ်ကဲ့ပါ အရှင်မ... ဒါဆို ကျွန်မကို သွားခွင့်ပြုပါဦး။”
အစေခံမလေး၏ စကားဆုံးသည်နှင့် သူမလည်း လှည့်ထွက်ကာ ခန်းမထဲမှ ထွက်ခွာသွား၏။
အစေခံမလေး ထွက်သွားပြီးနောက် နန်းကုန်းယွဲ့ဟွာက ခန်းမထဲရှိ အခြား အစေခံများကို
“ ကျွန်မ တံခါးပိတ် ကျင့်စဉ်စခန်း ဝင်တော့မယ်။ ရှင်တို့လည်း အပြင်ထွက်သွားကြ။”
“ဟုတ်ကဲ့ပါ။”
ထို့နောက်တွင် ကြယ်ရောင်ခန်းမရှိ အစေခံများအားလုံး ခန်းမထဲမှ ထွက်ခွာသွားကြသည်။ သူတို့အားလုံး ထွက်သွားကြသောအခါ နန်းကုန်းယွဲ့ဟွာ သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ချက်ချင်းပင် ကြယ်ရောင်ခန်းမ၏ တံခါးများနှင့် ပြတင်းပေါက်များအားလုံး ပိတ်သွား၏။
ထို့နောက် နန်းကုန်းယွဲ့ဟွာသည် ရွှေ့ပြောင်းခြင်း နည်းဗျူဟာ ပုံစံတစ်ခုကို အသုံးပြု၍ ကြယ်ရောင်ခန်းမမှ ချက်ချင်း ထွက်ခွာသွား တော့သည်။
သူမ၌ စိုးရိမ်ပူပန်မှု အချို့ ရှိနေ၏။ ယခုမှ ထွက်ခွာခြင်းက နောက်ကျသွားနိုင်ပေသည်။
နတ်ဆိုးနှင် ဓားသိုင်းပညာ၏ အရေးပါမှုကို သူမ ကောင်းစွာသိ၏။ ထိုသတင်း ပျံ့နှံ့သွားသည်နှင့် တစ်ပြိုင်နက် လူများစွာတို့က မလွဲမသွေ ၎င်းကို တပ်မက်ကြပေလိမ့်မည်။ သို့သော် ထိုသတင်းအချက်အလက် မှန်ကန်သည်ဟု ယူဆကြမှသာ လှုပ်ရှားလာကြမည်ဖြစ်သည်။
ကျိရှောင်နိုင်ငံတော်သည် ချူးနိုင်ငံနှင့် အတော်လေး အလှမ်းကွာဝေးပြီး အခြားသော အင်အားစုများထက် များစွာ နောက်ကျပြီးမှ သတင်းအချက်အလက်ကို ရရှိခဲ့သည်။ ယခုအချိန်တွင် သူမ၏ လနက်မြို့ ခရီးစဉ် အချည်းနှီး ဖြစ်သွားနိုင်၏။ တစ်ကိုယ်တော် ကျင့်ကြံသူအား အခြားသူများက ခေါ်ဆောင်သွားပြီး ဖြစ်ကောင်းဖြစ်နိုင်သည်။
သို့တိုင်အောင် ထိုတစ်ကိုယ်တော် ကျင့်ကြံသူသည် ကျိရှောင်နိုင်ငံတော်အတွက် အလွန်အရေးကြီးပြီး အခြားသော အင်အားစုတစ်ခုက သူ့ကို ခေါ်ဆောင်သွားခဲ့လျှင်ပင် ထိုသူကို ဖမ်းဆီးရန် နည်းလမ်း ရှာဖွေရပေမည်။ သို့မဟုတ် ပို၍ တိတိကျကျ ဆိုရလျှင် သူ၏ထံမှ နတ်ဆိုးနှင် ဓားသိုင်းပညာကို သိမ်းပိုက်ရပေမည်။
……..
တစ်ချိန်တည်းမှာပင်...
ထျန်းချန်ကမ္ဘာ။
နဂါးနက်မြို့ နန်းတော်။
လုချန်းသည် လှုပ်ရှားမှုတစ်ခုတွင် အားတက်သရော ပါဝင်နေစဉ် ရုတ်တရက် ယွမ်ရှန်ရှန်၏ မျက်နှာသည် အလွန် ဖြူဖျော့သွားသည်။
ပုံမှန်အားဖြင့် ထိုကဲ့သို့သော လှုပ်ရှားမှုများ ပြုလုပ်စဉ်တွင် ယွမ်ရှန်ရှန်၏ ဖြူဖွေးသော အသားအရေသည် နီမြန်းလာလေ့ရှိသည်။ ယခုလို ဖြူဖျော့သွားခြင်းမှာ ပုံမှန်မဟုတ်ပေ။
တစ်စုံတစ်ခု မှားယွင်းနေကြောင်း လုချန်း ချက်ချင်း အာရုံခံမိလိုက်သည်။
သူက သူ၏ လှုပ်ရှားမှုများကို အလျင်အမြန် ရပ်တန့်လိုက်ပြီး ယွမ်ရှန်ရှန်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ သူမ၏ အခြေအနေကို စစ်ဆေးရန် ပြန်လည်သန်စွမ်းစေသောစွမ်းအားကို အသုံးပြုလိုက်ပြီး
“ဆရာမ ဘာဖြစ်တာလဲ”
ဟု စိုးရိမ်တကြီး မေးလိုက်သည်။
ယွမ်ရှန်ရှန်က ချက်ချင်း ပြန်မဖြေခဲ့ပေ။ သူမ၏ မျက်ခုံးများ တွန့်နေပြီး အလွန် မသက်မသာ ခံစားနေရပုံ ပေါ်သည်။
ယွမ်ရှန်ရှန်၏ ခန္ဓာကိုယ်ကို စစ်ဆေးပြီးနောက် ထင်ရှားသော ပြဿနာကြီးကြီးမားမား တစ်စုံတစ်ရာ မတွေ့ရှိခဲ့သဖြင့် သူ့အား ပို၍ပင် ဇဝေဇဝါ ဖြစ်သွားစေသည်။
ဘာဖြစ်နေတာလဲ။
သူ အနည်းငယ် ကြမ်းတမ်းခဲ့သော်လည်း ယွမ်ရှန်ရှန်၏ အင်အားသည် ဥပဒေနိယာမ အလုံးစုံ နယ်ပယ်သို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်သည်။ သူ အားအင် အပြည့်အဝ သုံးစွဲခဲ့လျှင်ပင် ထိုကဲ့သို့သော လှုပ်ရှားမှုတွင် ပါဝင်ရုံမျှဖြင့် သူမအား ထိခိုက်စေခြင်း သို့မဟုတ် မသက်မသာ ဖြစ်စေခြင်း မရှိသင့်ပေ။
သူတို့ နှစ်ဦးစလုံးသည် ပြန်လည်သန်စွမ်းစေသောစွမ်းအားကို ပိုင်ဆိုင်ထားကြသည် မဟုတ်ပါလား။
ထိုဖြစ်စဉ်အတွင်း လုချန်းသည် ယွမ်ရှန်ရှန်ထံသို့ သက်စောင့်စွမ်းအင်ကို အဆက်မပြတ် သွင်းပေးနေခဲ့ပြီး သူမ မသက်မသာ ဖြစ်မှု တစ်စုံတစ်ရာ မရှိပဲ ပျော်ရွှင်သာယာမှုကိုသာ ခံစားရစေရန် ပြုလုပ်ပေးနေခဲ့သည်။
ယွမ်ရှန်ရှန်၌ တစ်စုံတစ်ခု ဆိုးဆိုးရွားရွား မှားယွင်းနေနိုင်ကြောင်း လုချန်း သဘောပေါက်လိုက်သဖြင့် ထိုလှုပ်ရှားမှုကို စောစီးစွာ အဆုံးသတ်ရန် ဆုံးဖြတ်လိုက်ပြီး ခွဲခွာရန် ပြင်ဆင်လိုက်သည်။
သို့သော် သူ ထရန် ပြင်လိုက်စဉ်မှာပင် ယွမ်ရှန်ရှန်၏ လက်များက သူ၏ ခါးကို သိုင်းဖက်လိုက်ပြီး ထိုသို့ မပြုလုပ်နိုင်ရန် တားဆီးလိုက်သည်။
လုချန်း ခဏခန့် တန့်သွားပြီးနောက် မထတော့ပဲ ယွမ်ရှန်ရှန်၏ နာကျင်နေသော မျက်နှာအမူအရာကို စိုက်ကြည့်နေလိုက်သည်။
ယွမ်ရှန်ရှန် ထိုကဲ့သို့သော အခြေအနေတွင် ရှိနေသည်ကို မြင်ရခြင်းက လုချန်းကိုလည်း နာကျင်စေ၏။ အထူးသဖြင့် ယွမ်ရှန်ရှန် ဘာဖြစ်နေသည်ကို သူ လုံးဝ မသိရသည့်အပြင် ပြန်လည်သန်စွမ်းစေသောစွမ်းအားကပင် သူမ၏ အခြေအနေကို ရှာဖွေစစ်ဆေးနိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။
အချိန်မည်မျှ ကြာသွားသည်မသိညယွမ်ရှန်ရှန် နောက်ဆုံးတွင် အနည်းငယ် ပြန်လည် သက်သာလာခဲ့သည်။
သူမ၏ မျက်နှာပေါ်ရှိ နာကျင်နေသော အမူအရာလည်း တဖြည်းဖြည်း လွင့်ပြယ်သွားပြီး လုချန်း၏ မျက်လုံးများကို ရှုပ်ထွေးသော ခံစားချက်များဖြင့် ကြည့်လိုက်သည်။
“ကျွန်မရဲ့ ဆရာမ... ရောက်လာတော့မယ်”