← Chapters

ဒေါသထွက်နေသော ယွမ်ချင်းရှု

Vol. 71 Ch. 1058

ဒေါသထွက်နေသော ယွမ်ချင်းရှု

Vol. 71 Ch. 1058

ယွမ်ရှန်ရှန်၏ စကားကို ကြားသောအခါ လုချန်း အနည်းငယ် ကြောင်ငေးသွားပြီး စိတ်လှုပ်ရှားမှု လှိုင်းလုံးတစ်ခုကို မထိန်းနိုင်ပဲ ခံစားလိုက်ရ၏။ ယွမ်ရှန်ရှန်လည်း လုချန်း၏ စိတ်လှုပ်ရှားမှုကို ချက်ချင်း အာရုံခံမိလိုက်သည်။

ယွမ်ရှန်ရှန် လုချန်းအား ချက်ချင်း စိုက်ကြည့်လိုက်၏။ သူမ၏ ဆရာ ထျန်းချန်ကမ္ဘာသို့ လာခြင်းသည် သတင်းကောင်း မဟုတ်ပေ။ အကြောင်းမှာ သူမအား ပြန်လည်ခေါ်ဆောင်ရန် လာခြင်း ဖြစ်နိုင်သောကြောင့်ပင်။

ထို့ပြင် သူမ၏ ဆရာသည် သူမနှင့် လုချန်းတို့၏ ပတ်သက်မှုကို သိရှိသွားပုံရ၏။ သူမ၏ ဆရာ၏ အတွေးများကို ယွမ်ရှန်ရှန် ခဏခန့် အာရုံခံမိလိုက်၏။ သူမ၏ ဆရာ ယခု အလွန် ဒေါသထွက်နေသည်။

သူမ၏ ဆရာ ထျန်းချန်ကမ္ဘာသို့ ရောက်ရှိလာသည်နှင့် ပထမဆုံး ပြုလုပ်မည့်အရာမှာ လုချန်းအား ဒုက္ခပေးဖို့ ဖြစ်နိုင်သည်။

လုချန်းကလည်း သူမ ဆရာ လာရောက်မှုအပေါ် စိတ်လှုပ်ရှားနေခြင်းဖြစ်နိုင်လား။

သူက ဘာကို စိတ်လှုပ်ရှားနိုင်မည်နည်း။

လုချန်း၏ မိန်းမတစ်ယောက်အနေနှင့် လုချန်း အဘယ်ကြောင့် စိတ်လှုပ်ရှားနေသည်ကို ယွမ်ရှန်ရှန်က မည်သို့ မသိပဲရှိမည်နည်း။

လုချန်း၏ အတွင်းစိတ်ကို ဟိုးအရင်ကတည်းက သူမ ကြိုတင် သိမြင်ထားပြီး ဖြစ်သည်။

သူသည် သူမ၏ ဆရာ အပေါ် မရိုးသားသောစိတ်များ ထားရှိနေကြောင်း သူမ ပြောနိုင်၏။ လုချန်းသည် သူမ၏ ဆရာနှင့် တွေ့ဖူးခြင်း ရှိမရှိ သူမ မသိသော်လည်း လုချန်း၏ တုံ့ပြန်ပုံအရ သူမ၏ ဆရာအပေါ် အကြံအစည်အချို့ ရှိနေနိုင်ခြေ အလွန်များသည်။

ထို့နောက် ယွမ်ရှန်ရှန်က အေးစက်စွာ ပြောလိုက်သည်။

“ရှင် ကြည့်ရတာ တော်တော် ပျော်နေပုံပဲ။”

လုချန်းက ပြုံးလျက်

“သူက ကျွန်တော့် ဆရာမရဲ့ ဆရာလေ။ ဒါဆို ကျွန်တော့်ရဲ့ ဆရာမကြီးပေါ့။ ကျွန်တော့် ဆရာမကြီးနဲ့ ပထမဆုံး တွေ့ရမှာဆိုတော့ သဘာဝအတိုင်းပဲ ကျွန်တော် ပျော်တာပေါ့။”

ယွမ်ရှန်ရှန်က နှာခေါင်းရှုံ့လိုက်ပြီး

“ကျွန်မရဲ့ ဆရာမအပေါ် ရှင့်မှာ မဖွယ်မရာ အတွေးတွေ ရှိနေတယ်လို့ ကျွန်မ ဘာလို့ ခံစားနေရတာပါလိမ့်။”

လုချန်းက

“ဆရာမရဲ့ တပည့်က ဘယ်လိုလူစားမျိုးလဲဆိုတာ ဆရာမ မသိတာ ကျနေတာပဲ။ ကျွန်တော့်မှာ ဘယ်လိုလုပ် မဖွယ်မရာ အတွေးတွေ ရှိနိုင်မှာလဲ။”

ယွမ်ရှန်ရှန် လုချန်းအား မျက်လုံးလည်ပြလိုက်၏။ လုချန်း မည်သို့သော လူစားမျိုးဖြစ်သည်ကို သူမ တိတိကျကျ သိသောကြောင့်သာ သူ့ထံ၌ မဖွယ်မရာ အတွေးများ ရှိနေသည်ကို သူမ သိရှိနေခြင်း ဖြစ်သည်။

သို့သော် သူမ ထိုအကြောင်းကို ဆက်မတွေးနေတော့ပေ။ လုချန်းထံ၌ အခြားသော အတွေးများ အမှန်တကယ် ရှိနေလျှင်ပင် သူ ထိုအရာတို့ကို အကောင်အထည် ဖော်နိုင်မည် မဟုတ်ပေ။

သူမ၏ ဆရာသည် သာမန်လူတစ်ယောက် မဟုတ်ပါ။ လုချန်း၏ လက်ရှိ အင်အားဖြင့် သူမ ဆရာမအတွက် ပြိုင်ဘက် မဟုတ်နိုင်ပေ။

သို့ရာတွင်....

ထိုအချက်ကြောင့်ပင် ယွမ်ရှန်ရှန် ပို၍ စိုးရိမ်မိသည်။

လုချန်းထံတွင် ဝှက်ဖဲ တစ်ချပ် ရှိမရှိ သူမ မသိသော်လည်း သူမ၏ ဆရာထံတွင်မူ သေချာပေါက် ရှိ၏။ လုချန်းထံတွင် ဝှက်ဖဲ အမှန်တကယ် ရှိနေလျှင်ပင် ၎င်းသည် သူမ၏ ဆရာကို တန်ပြန်ရန် လုံလောက်ဦးမည် မဟုတ်ပေ။

အကယ်၍ သူမ၏ ဆရာက လုချန်းအပေါ် သတ်ဖြတ်လိုစိတ်များ ထားရှိခဲ့လျှင်...

ထိုအတွေးနှင့်အတူ ယွမ်ရှန်ရှန်သည် သူမ၏ အလွန်အကျွံ တွေးတောမှုများကို လျင်မြန်စွာ ရပ်တန့်လိုက်သည်။ လုချန်း၏ ဇစ်မြစ်က ထူးခြား၏။ သူမ၏ ဆရာမ သူ့ကို ထိခိုက်အောင် ပြုလုပ်ဝံ့မည် မဟုတ်ပေ။

ထိုအခိုက်တွင် လုချန်းက စူးစမ်းစွာ မေးလိုက်သည်။

“ဆရာမက ကျွန်တော့် ဆရာမကြီးရဲ့ တည်ရှိမှုကို ဘယ်လို အာရုံခံမိလိုက်တာလဲ။”

ယွမ်ရှန်ရှန်က

“သူက ကျွန်မ ရှိနေတဲ့ နေရာကို စိတ်အာရုံ အမျှင်တစ်ချောင်း သုံးပြီး ခဏလေး လာစမ်းစစ်သွားတာ။ ဒါပေမဲ့ သူ ချက်ချင်း ပြန်ရုပ်သိမ်းသွားတယ်။”

“စိတ်အာရုံကို သုံးပြီး ကျွန်မရဲ့ တည်နေရာကို အတိအကျ ရှာဖွေနိုင်တယ်ဆိုတော့ ကျွန်မရဲ့ ဆရာမ အခု ထျန်းချန်ကမ္ဘာနဲ့ အရမ်း နီးကပ်နေပြီ ဆိုတာကို ပြနေတယ်။ သူ့ရဲ့ နတ်လှေ ထျန်းချန်ကမ္ဘာကို ရောက်လာဖို့ သိပ်မကြာတော့ဘူး ဖြစ်နိုင်တယ်။”

ထိုစကားကို ကြားသောအခါ လုချန်း ခဏခန့် တိတ်ဆိတ်သွား၏။ တွေးကြည့်လျှင် သန့်ရှင်းသော နဂါးနက် နယ်မြေ၏ နတ်လှေလည်း မကြာမီ ရောက်ရှိလာသင့်သည်။

ယွမ်ရှန်ရှန်နှင့် ယွမ်ချင်းရှုတို့ကြားမှ ပဋိပက္ခကို ဖြေရှင်းပြီးနောက် ကျိယန်ကမ္ဘာကို တိုက်ခိုက်ရန် စဉ်းစားနိုင်သည်။

ထိုသို့ တွေးမိပြီး လုချန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားသည်။ လုချန်း၏ မျက်နှာပေါ်မှ အပြုံးကို မြင်သောအခါ ယွမ်ရှန်ရှန်က သံသယဖြစ်သော မျက်နှာထားဖြင့် ထပ်ကြည့်လိုက်သည်။

ဤဆိုးသွမ်းသော တပည့်သည် သူမ၏ ဆရာကို အမှန်တကယ် မျက်စိကျနေခြင်း ဖြစ်သည်။

ယွမ်ရှန်ရှန်က

“သူက ကျွန်မတို့ အကြောင်းကို သိသွားပြီ။ သူ ထျန်းချန်ကမ္ဘာကို ရောက်တာနဲ့ ရှင့်ကို ကလဲ့စားချေနိုင်တယ်။”

“သူသာ ရှင့်အပေါ် အရေးယူဖို့ ဆုံးဖြတ်ခဲ့ရင် ရှင့်ရဲ့ ဇစ်မြစ်အမှန်ကို ချက်ချင်း ဖော်ပြရမယ်။”

လုချန်း၏ ဇစ်မြစ်သည် လုယန်ဟွာနှင့် တူညီ၏။ ၎င်းကို ဖော်ပြလိုက်သည်နှင့် သူမ၏ ဆရာမ မဆင်မခြင် ပြုမူဝံ့မည် မဟုတ်ပေ။

လုချန်းက ပြုံးလျက်

“ဆရာမ စိတ်မပူပါနဲ့။ ကျွန်တော် ယုံကြည်တယ်။ ကျွန်တော်က ကျွန်တော့် ဇစ်မြစ်ကို မဖော်ပြရင်တောင် ကျွန်တော်တို့ နှစ်ယောက် ဘယ်လောက် နက်နက်ရှိုင်းရှိုင်း ချစ်ကြိုက်နေလဲဆိုတာ မြင်ရင် ကျွန်တော့် ဆရာမကြီးက ကျွန်တော်တို့ကို သေချာပေါက် ကောင်းချီးပေးမှာပါ။”

ထိုစကားကို ကြားသောအခါ ယွမ်ရှန်ရှန် အေးစက်စွာ ပြုံးလိုက်ပြီး

“ကျွန်မကို ရှင် အနိုင်ကျင့်ခဲ့တာလေ။ ဘယ်သူက ချစ်ကြိုက်တယ်လို့ ပြောနေလို့လဲ။”

လုချန်းက ဂရုမစိုက်ဟန်ဖြင့်

“ဆရာမက ကျွန်တော့်ကို မချစ်ဘူးဆိုရင် ဘာလို့ ကျွန်တော့် ခါးကို တင်းတင်းကျပ်ကျပ် တွယ်ကပ်ထားပြီး ကျွန်တော့်ကို မထနိုင်အောင် လုပ်ထားတာလဲ။”

လုချန်း၏ စကားကို ကြားသောအခါ သူမ ဤဆိုးသွမ်းသော တပည့်၏ ခါးကို မသိစိတ်ဖြင့် တွယ်ကပ်ထားမိသည်ကို ယွမ်ရှန်ရှန် သတိပြုမိသွားသည်။

ထိုသို့ သတိပြုမိပြီးနောက် သူမ၏ လက်မောင်းများကို အလျင်အမြန် လွှတ်လိုက်ပြီးနောက် သူမ၏ လက်ကို မြှောက်ကာ လုချန်း၏ ရင်ဘတ်ကို ဖိတွန်းလျက်

“တော်ပြီ၊ ရှင် အခု ထလို့ရပြီ”

ဟု အနည်းငယ် တွန်းထုတ်ရင်း ပြောလိုက်သည်။

လုချန်းက ယွမ်ရှန်ရှန်၏ လက်ကောက်ဝတ်များကို လျင်မြန်စွာ ဆွဲကိုင်လိုက်ပြီး သူမ၏ လက်မောင်းများကို ယွမ်ရှန်ရှန်၏ ငွေဖြူရောင် ဆံနွယ်များ၏ ဘေးတစ်ဖက်တစ်ချက်စီသို့ ဖိကပ်ထားလိုက်ကာ သူမ၏ မျက်နှာကို စိုက်ကြည့်လိုက်သည်။

“ဆရာမကြီး လာနေမှတော့ သူ ရောက်တဲ့အထိ ဆက်လိုက်ကြရအောင်။ ပြီးတော့ ကျွန်တော်တို့ ဘယ်လောက် ချစ်ကြလဲ ဆိုတာ ဆရာမကြီးကို မြင်ခွင့်ပေးလိုက်ရ အောင်။”

“ရှင်... အွမ်...”

ယွမ်ရှန်ရှန် စကားမဆုံးမီတွင် လုချန်းက သူမ၏ နှုတ်ခမ်းများကို ပိတ်လိုက်၏။ သူမသည် နောက်ပိုင်းတွင် ခုခံခြင်း မပြုတော့ပဲ လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို ချက်ချင်း လည်ပတ်လိုက်သည်။

ဤဆိုးသွမ်းသော တပည့်၏ ရှေ့မှောက်တွင် ခုခံခြင်းသည် အချည်းနှီး ဖြစ်ကြောင်း သူမ ကောင်းကောင်း သိ၏။ ၎င်းက သူ့ကို ပို၍ ကြမ်းတမ်းစေမည်သာ ဖြစ်သည်။

…….

ထိုအချိန်။

အပြင်ဘက်အာကာသတွင်။

နတ်လှေများသည် အလွန် လျင်မြန်သော အရှိန်ဖြင့် ဦးတည်ရာတစ်ခုသို့ ခရီးနှင်နေကြသည်။ ထို့ကြောင့် သူတို့၏ အကာအကွယ်များ အပြင်ဘက်မှ ရှုခင်းများလည်း အစင်းကြောင်းများအဖြစ်သို့ ပြောင်းလဲသွား၏။

ထိုအချိန်တွင် အပြာရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားသော ယွမ်ချင်းရှုသည် နတ်လှေ၏ ကုန်းပတ်ပေါ်တွင် ရပ်လျက် ထျန်းချန်ကမ္ဘာ ရှိရာဘက်သို့ ကြည့်နေသည်။ သူမ၏ မျက်နှာသည် ညိုမှိုင်းနေပြီး သတ်ဖြတ်လိုစိတ်များ ဖြစ်နေ၏။

လွန်ခဲ့သော ခဏက သူမ၏ စိတ်အာရုံကို ထျန်းချန်ကမ္ဘာထံ ကြိုတင် ချဉ်းကပ်စေခဲ့ပြီး ယွမ်ရှန်ရှန်၏ တိကျသော တည်နေရာကို ရှာဖွေတွေ့ရှိခဲ့သည်။ သူမ၏ စိတ်အာရုံ ယွမ်ရှန်ရှန်နှင့် ချိတ်ဆက်မိသည်နှင့် သူမ၏ ခန္ဓာကိုယ်ထဲတွင် ထူးဆန်းသော ခံစားမှုတစ်ခုကို ခံစားလိုက်ရသည်။

ယွမ်ရှန်ရှန်သည် အမျိုးသားတစ်ဦးနှင့် ထိုကိစ္စကို အမှန်တကယ် ပြုလုပ်နေကြောင်း သူမ ရုတ်တရက် ရှာဖွေတွေ့ရှိခဲ့၏။ စိတ်အာရုံသည် ယွမ်ရှန်ရှန်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသောကြောင့် ၎င်းက သူမကိုယ်တိုင် ထိုအပြုအမူများ၏ သက်ရောက်မှုကို ခံစားနေရသကဲ့သို့ သွယ်ဝိုက်၍ ခံစားလိုက်ရသည်။

ယွမ်ချင်းရှု ထိုသို့ တွေးမိသောအခါ ထျန်းချန်ကမ္ဘာသို့ ချက်ချင်း ပျံသန်းသွားပြီး ထိုလူကို သတ်ပစ်လိုက်ချင်စိတ် ပေါက်သွား၏။

ထိုခံစားမှုက သူမအပေါ် သက်ရောက်မှု မရှိစေရန် သူမ၏ စိတ်အာရုံကို အလျင်အမြန် ပြန်လည် ရုပ်သိမ်းလိုက်ရသည်။ ယခု သူမသည် ယွမ်ရှန်ရှန်၏ တည်နေရာကို ရှာဖွေတွေ့ရှိပြီး ဖြစ်သည်။ သူမ လိုအပ်သည်က ထျန်းချန်ကမ္ဘာသို့ ရောက်ရှိရန်သာ ဖြစ်သည်။

သူမ ထျန်းချန်ကမ္ဘာသို့ ရောက်သည်နှင့် သူမ၏ ပထမဆုံး လှုပ်ရှားမှုမှာ ယွမ်ရှန်ရှန်၏ သန့်စင်မှုကို ဖျက်ဆီးခဲ့သော ထိုလူကို သတ်ပစ်ရန် ဖြစ်သည်။

သူမ ခုနက အာရုံခံမိခဲ့သည်များကို ပြန်လည် သတိရလိုက်သည်နှင့် ယွမ်ချင်းရှု၏ ပတ်ပတ်လည်မှ သတ်ဖြတ်လိုစိတ် အငွေ့အသက်များ ပို၍ ပို၍ ပြင်းထန်လာ၏။ ယွမ်ချင်းရှု၏ ပတ်ဝန်းကျင်မှ အကြီးအကဲများအားလုံး ဇဝေဇဝါ ဖြစ်နေကြပြီး ဤတစ်ကြိမ် ယွမ်ချင်းရှုကို မည်သူက စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်ကို နားမလည်ကြပေ။

ထိုအချိန်တွင် ယွမ်ချင်းရှုက နတ်လှေကို ထိန်းချုပ်နေသော အကြီးအကဲအား

“ကျွန်မ ကိုယ်တိုင် နတ်လှေကို ထိန်းချုပ်မယ်။”

ထိုစကားကို ကြားသောအခါ အကြီးအကဲ ခဏခန့် ကြောင်ငေးသွားသော်လည်း သူ၏ လှုပ်ရှားမှုများကို လျင်မြန်စွာ ရပ်တန့်လိုက်ပြီး နတ်လှေ၏ ထိန်းချုပ်မှုကို ယွမ်ချင်းရှုထံ လွှဲပြောင်းပေးလိုက်သည်။

နောက်ဆက်တွဲအနေဖြင့် ယွမ်ချင်းရှုသည် နတ်လှေကို ကိုယ်တိုင်ထိန်းချုပ်ရင်း နတ်လှေ အုပ်စုကြီးကို အဝေးတွင် ချန်ထားခဲ့ကာ အမြင့်ဆုံး အရှိန်ဖြင့် ထျန်းချန်ကမ္ဘာဆီသို့ အရှိန်တင် မောင်းနှင်သွား၏။

ထိုမြင်ကွင်းကို မြင်သောအခါ ယင်ကျန်းယဲ့ကလည်း သူ၏ နတ်လှေကို ချက်ချင်း ထိန်းချုပ်လိုက်ပြီး သူမ၏ နောက်သို့ လိုက်ပါသွားသည်။

သူ ယွမ်ချင်းရှုကို ထျန်းချန်ကမ္ဘာသို့ အရင် ရောက်ရှိခွင့် မပြုနိုင်ပေ။ အကယ်၍ သူမ ရောက်သည်နှင့် သူတို့၏ သခင်ကို တိုက်ခိုက်ခဲ့လျှင် မည်သို့ လုပ်မည်နည်း။

ထို့ကြောင့် နတ်လှေ နှစ်စင်းသည် တစ်စင်းက ရှေ့မှ တစ်စင်းက နောက်မှ ဖြစ်နိုင်သမျှ အမြင့်ဆုံး အရှိန်များဖြင့် ထျန်းချန်ကမ္ဘာဆီသို့ အရှိန်ပြင်းပြင်း မောင်းနှင်သွားကြ၏။ လှေများ၏ အကာအကွယ်များသည် ထိုသို့ လျင်မြန်သော အရှိန်အဟုန်ကို မနည်းပင် ကြံ့ကြံ့ခံနေရသည်။

နတ်လှေများ၏ အကာအကွယ်များသည် သူတို့၏ အလွန်တရာ မြန်ဆန်သော အရှိန်ကြောင့် အာကာသဓာတ်နှင့် ဆက်တိုက် ပွတ်တိုက်မှုများ ဖြစ်လာပြီး မနည်းပင် တောင့်ခံထားရ၏။

သို့သော် ဤအချိန်တွင် ယွမ်ချင်းရှုသည် အလွန် ဒေါသထွက်နေသဖြင့် အရှိန်မလျှော့ခဲ့ပေ။ ယွမ်ရှန်ရှန်နှင့် ရင်းနှီးနေသော ထိုလူကို ကိုယ်တိုင် သတ်ဖြတ်ရန် ထျန်းချန်ကမ္ဘာသို့ ပိုမို လျင်မြန်စွာ ရောက်ရှိရေးအတွက် သူမသည် နတ်လှေကို ထိန်းချုပ်နေရင်း အကာအကွယ်ကို တစ်ပြိုင်နက်တည်း ပြုပြင်နေခဲ့သည်။

ယွမ်ချင်းရှု၏ အသည်းအသန် ကြိုးပမ်းမှုများကို မြင်သောအခါ ယင်ကျန်းယဲ့လည်း သူမနှင့်အတူ မဆင်မခြင် လိုက်ပါရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိခဲ့ပေ။ မည်သည့် အခြေအနေမျိုးတွင်မဆို သူတို့သည် ယွမ်ချင်းရှုအား ထျန်းချန်ကမ္ဘာကို အန္တရာယ်ပြုခွင့် မပြုနိုင်ပေ။

ထိုသို့ဖြင့် သူတို့၏ နတ်လှေ နှစ်စင်းသည် စကြဝဠာထဲ ပြိုင်ပွဲဝင် မောင်းနှင်နေကြတော့သည်။

All Chapters