← Chapters

လနက်မြို့ထဲမှာပဲ ရှိနေဦးမယ်လို့ ယူဆရတယ်

Vol. 71 Ch. 1061

လနက်မြို့ထဲမှာပဲ ရှိနေဦးမယ်လို့ ယူဆရတယ်

Vol. 71 Ch. 1061

ယွမ်ရှန်ရှန်သည် သူမကို ပြင်းထန်စွာ ဆုပ်ကိုင်ထားသည့် လုချန်းအား စူးစိုက်ကြည့်လိုက်သည်။ ဤလူသည် သူမ သံသယဝင်ခဲ့သည့်အတိုင်းပင်။ သူ၏စိတ်ထဲတွင် ထိုအရာတစ်ခုတည်းသာ အမြဲရှိနေခဲ့၏။

သို့သော် တစ်ဖန်ပြန်စဉ်းစားကြည့်လျှင် လုချန်း အခု လုပ်ခဲ့သည်က သူမ၏ခန္ဓာကိုယ်မှတစ်ဆင့် ဆရာမအား စကားအနည်းငယ် ပြောခြင်းမျှသာ ဖြစ်သည်။ သူသည် သူမ၏ ဆရာမ မည်သို့သော ရုပ်ရည်ရှိသည်ကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ထို့ကြောင့် သူမ၏ ဆရာမအပေါ် ကြံစည်လိုစိတ်များ မည်သို့ရှိနိုင်မည်နည်း။

ဤလူ၏ မိဖုရားဆောင်သည် လှပသော မိန်းမများဖြင့် ပြည့်နှက်နေခဲ့သည်။ သူ၏ အဓိက ရွေးချယ်မှု စံသတ်မှတ်ချက်မှာ ရုပ်ရည် ဖြစ်ရမည်။ အဘယ့်ကြောင့်ဆိုသော် သူ မိဖုရားများ တော်ကောက်စဉ်က အမြဲတစေ ထိုသို့အခြေခံစံနှုန်းသတ်မှတ်ခဲ့သောကြောင့်ဖြစ်သည်။

ထို့ပြင် သူ၏ မိဖုရားဆောင်သည် သူကိုယ်တိုင် ရွေးချယ်ခဲ့သော အမျိုးသမီးများဖြင့်သာ လုံးလုံးလျားလျား ဖွဲ့စည်းထားသည်။ ဤသည်က သူ၏ မိဖုရားများ၏ ရုပ်ရည်ကို သူ မည်မျှ တန်ဖိုးထားကြောင်း သက်သေပြနေ၏။

သူမ၏ ဆရာမသည် အမှန်တကယ်ပင် ကောင်းကင်နတ်သမီး တစ်ပါးကဲ့သို့ လှပသည်။ သူမသည် အလွန်သိမ်မွေ့ကာ အများနှင့်မရောပဲ နေတတ်သူ ဖြစ်သည်။ သို့သော်ငြားလည်း ဤတပည့်ယုတ်သည် သူမ၏ ဆရာမကို မမြင်ဖူးသေးသရွေ့ ဆရာမအပေါ် ထိုသို့သော အရာများကို မစဉ်းစားသင့်သေးပေ။

ထို့နောက် ယွမ်ရှန်ရှန်က

“ကျွန်မ ဆရာမကို... မမြင်ဖူးသေးပဲနဲ့... ဘာလို့ ရှင်က... သူနဲ့... တစ်ခုခု လုပ်ချင်နေ... သလို ဖြစ်နေရတာလဲ...”

လုချန်းက

“မင်းလျှောက်တွေးနေတာ။ ကိုယ်က မင်းရဲ့ ခန္ဓာကိုယ်ထဲကနေ သူ့ရဲ့ စိတ်အာရုံကို မောင်းထုတ်ဖို့ အဲဒီနည်းလမ်းကို သုံးလိုက်တာပါ။ ဒါပါပဲ။”

ယွမ်ရှန်ရှန် လုချန်းကို လေးနက်သော အမူအရာဖြင့် ကြည့်လိုက်၏။ သူ၏ စကားများကို သူမ မယုံကြည်ပေ။ သူမ၏ စကားပင် မဆုံးသေးပဲ သူက ပြန်ဖြေနေခဲ့သည်။ ဒါက သူ အပြစ်ရှိသလို ခံစားနေရသောကြောင့် ဖြစ်၏။

ထို့ပြင် ဤလူသည် လက်ရှိတွင် သူမ၏ ဆရာမအပေါ် မည်သည့် ကြံစည်မှုမှ အမှန်တကယ် မပြုနိုင်သေး‌လျှင်တောင် သူမ၏ ဆရာမ ထျန်းချန်ကမ္ဘာသို့ ရောက်ရှိလာသည်နှင့် ဆရာမကို မြင်တွေ့လိုက်သည့် အခိုက်အတန့်တွင်ပင် သူ၏ မိဖုရားဆောင်ထဲသို့ ထည့်သွင်းရန် သေချာပေါက် ကြံစည်ပေလိမ့်မည်။

ယွမ်ရှန်ရှန် ထိုအရာများကို ဆက်လက်၍ ခေါင်းထဲမထည့်နိုင်တော့ပေ။ ဖြစ်လာမည့်အတိုင်းသာ ဖြစ်စေရန် လွှတ်ထားလိုက်သည်။ ဤတပည့် နောက်ပိုင်းတွင် ထိခိုက်ဒဏ်ရာ မရရှိရန်သာ သူမ မျှော်လင့်မိသည်။ ထို့အတူ သူမ၏ ဆရာမ ဘေးကင်းရန်ကိုလည်း ဆုတောင်းမိသည်။

သူမ၏ ဆရာမက သူမအား ပိတ်လှောင်ထားခဲ့ခြင်းနှင့် ပတ်သက်၍ ယွမ်ရှန်ရှန်၏ စိတ်ထဲတွင် ခါးသီးမှုအချို့ ရှိနေသေးသည်။ သို့သော် လုချန်း၏ သုံးသပ်ချက်ကို ကြားပြီးနောက် သူမ၏ ဆရာမက သူမ၏ ကောင်းကျိုးအတွက် ထိုသို့ ပြုလုပ်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု သူမ ခံစားမိ၏။

သို့သော် သူမ၏ ဆရာမ အမှန်တကယ် မည်သို့ တွေးတောနေသည်ကိုမူ ထျန်းချန်ကမ္ဘာတွင် သူမနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံသည့်အခါမှသာ သိနိုင်ပေမည်။

ထိုသို့ တွေးမိရင်း ဤတပည့်ယုတ် သူမ၏ ခြေထောက်များကို ဆုပ်ကိုင်ထားသည်ကို ယွမ်ရှန်ရှန် အကူအညီမဲ့စွာ ကြည့်နေခဲ့သည်။ သူမ၏ ဆရာမ ထျန်းချန်ကမ္ဘာသို့ ရောက်ရှိလာသည်နှင့် သူအလုပ်များတော့မည်ကို သူမ သိသည်။

ယွမ်ချင်းရှုသည် ထျန်းချန်ကမ္ဘာနှင့် ပိုမို နီးကပ်လာသည်နှင့်အမျှ သူမထံရှိ ထိုထူးဆန်းသော ခံစားမှုသည် ပို၍ ပို၍ ပြင်းထန်လာခဲ့ပြီး ကံကြမ္မာကြိုးကို ဖြတ်တောက်ရန်ပင် စဉ်းစားမိသည့် အခြေအနေ ပင် ဖြစ်လာခဲ့သည်။ သို့သော် ထိုသို့ ပြုလုပ်ရန် သူမထံ၌ စွမ်းအား မရှိသေးပေ။

ထို့ပြင် ယွမ်ရှန်ရှန်သည် သူမအတွက် အနည်းငယ် ထူးခြားသောသူ ဖြစ်သည်။ ယွမ်ရှန်ရှန်သည် ထိုယောကျာ်း၏ ညစ်ညမ်းစေခြင်းကို ခံခဲ့ရပြီး ဖြစ်သော်ငြားလည်း သူတို့ကြားရှိ ကံကြမ္မာကြိုးကို သူမ ဒီလောက်လွယ်လွယ် ဖြတ်တောက်မည် မဟုတ်ချေ။

……..

ကျိယန်ကမ္ဘာ။

လနက်မြို့။

ဖီးနစ်ဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် လနက်မြို့ အထက်တွင် ပေါ်လာပြီး ကျိချိုးယုကို လျင်မြန်စွာ ရှာဖွေတွေ့ရှိခဲ့သည်။ သူမသည် လုချန်းကို မသိသော်လည်း ကျိချိုးယုသည် လနက်မြို့၏ မြို့သခင် ဖြစ်၏။

ကျိချိုးယုကို ရှာဖွေတွေ့ရှိခြင်းသည် လုချန်းကို ရှာဖွေတွေ့ရှိခြင်းနှင့် တူ၏။

ထိုအခိုက်တွင် ကျိချိုးယုသည် အခန်းတစ်ခန်းထဲ၌ ရုပ်သေးလုချန်းနှင့် ကျင့်စဉ် အတွေ့အကြုံများ ဖလှယ်နေခဲ့သည်။ ထိုစဉ် ရုတ်တရက် မကောင်းသော အငွေ့အသက်တစ်ခုကို သူမ ခံစားလိုက်ရ၏။ ဘေးဒုက္ခတစ်ခုခု ကျရောက်တော့မည်ဟု ခံစားလိုက်ရခြင်းဖြစ်သည်။

ကျိချိုးယုသည် ကုတင်ပေါ်ရှိ လုချန်းကို လှမ်းကြည့်လိုက်ပြီးနောက်

“လုချန်း။ နောက်ထပ် အင်အားကြီးတဲ့ အငွေ့အသက်တစ်ခု လနက်မြို့ကို ရောက်လာတာ ကျွန်မ ခံစားမိတယ်။”

ကျိချိုးယု၏ သတိပေးစကားကို ကြားသောအခါ လုချန်း အစစ်လည်း သူ၏ လှုပ်ရှားမှုများကို နှေးလိုက်ပြီး သူ၏ အာရုံကို ရုပ်သေးထံသို့ ပြောင်းလိုက်သည်။

ထိုအချိန်မှာပင် အမျိုးသမီးတစ်ဦး၏ အသံ ပေါ်ထွက်လာသည်

“မြို့သခင်ကျိက ကျိမိသားစုက ဆင်းသက်လာတယ်လို့ မပြောရဘူး။ မူလအစကမ္ဘာ နယ်ပယ် ကျင့်စဉ်အဆင့်လောက်နဲ့တောင် အရှင်မရဲ့ တည်ရှိမှုကို ခံစားမိနိုင်တာပဲ။”

ထိုအသံကို ကြားသောအခါ ကျိချိုးယု ခဏခန့် ကြောင်သွား၏။ နောက်တစ်ခဏတွင် ဖီးနစ်ဝတ်ရုံ ဝတ်ဆင်ကာ ဖီးနစ်သရဖူ ဆောင်းထားသော အမျိုးသမီးတစ်ဦး အခန်းထဲတွင် ပေါ်လာသည်။

သူမ၏ ရှေ့မှောက်ရှိ အမျိုးသမီးကို မြင်သောအခါ ကျိချိုးယု ခဏခန့် တုံ့ဆိုင်းသွားသည်။ သူမ လနက်မြို့သို့ ရောက်ရှိလာပြီး မြို့သခင် ဖြစ်လာသည့် အချိန်မှစ၍ ကျိရှောင်နိုင်ငံတော်သို့ ပြန်သွားလေ့ မရှိသလောက်ပင်။ သို့သော် သူမသည် ကျိရှောင်နိုင်ငံတော်၏ လက်ရှိ အခြေအနေ အရပ်ရပ်ကို အတိုင်းအတာတစ်ခုအထိ နားလည်ထားဆဲ ဖြစ်သည်။

နန်းကုန်းယွဲ့ဟွာသည် အခြား မင်းသားများနှင့် ထီးနန်းအတွက် ယှဉ်ပြိုင်နေသည်ကို သူမ သိထားသည်။

သို့သော် နန်းကုန်းယွဲ့ဟွာအောင်မြင်ခဲ့ပြီး ယခုအခါ ကျိရှောင်နိုင်ငံတော်၏ အုပ်စိုးသူ ဖြစ်နေပြီ ဆိုသည်ကိုမူ သူမ မသိခဲ့ပေ။

နန်းကုန်းယွဲ့ဟွာသည် အခန်းထဲတွင် ပေါ်လာပြီး သူမကိုယ်သူမ “အရှင်မ” ဟု သုံးနှုန်းလိုက်သည်။ ထိုအချက်ကြောင့်ပင် ကျိရှောင်နိုင်ငံတော် အတွင်းမှ ပြည်တွင်း ပဋိပက္ခ အဆုံးသတ်ဖို့ နီးကပ်လာပြီ ဖြစ်ကြောင်း ကျိချိုးယု နားလည်လိုက်သည်။ အောင်ပွဲခံခဲ့သူမှာ ဤအမျိုးသမီး ဖြစ်ကြောင်းလည်း သူမ သိလိုက်၏။

ကျိချိုးယုက သူမအား ကြောင်၍ စိုက်ကြည့်နေသည်ကို မြင်သောအခါ နန်းကုန်းယွဲ့ဟွာက

“ဘာဖြစ်တာလဲ။ မြို့သခင်ကျိက ကျွန်မကို မမှတ်မိတော့ဘူးလား။”

“ရှင် ကျိရှောင်နိုင်ငံတော်မှာတုန်းက ကျွန်မနဲ့ တစ်ကြိမ်မက တွေ့ဆုံခဲ့ဖူးတယ်လို့ မှတ်မိနေတယ်။”

သတိပြန်ဝင်လာပြီးနောက် ကျိချိုးယု လျင်မြန်စွာ အရိုအသေပြုလိုက်ပြီး

“ အရှင်မ ကို ဂါရဝပြုပါတယ်”

သူမသည် ယခု ချူးနိုင်ငံတော် လက်အောက်တွင် ရှိနေသော်လည်း တကယ်‌တမ်းတွင် ကျိရှောင်နိုင်ငံတော်နှင့်သာ သက်ဆိုင်သူ ဖြစ်သည်။ သူမသည် ကျိရှောင်နိုင်ငံတော်၏ အမိန့်များကို လိုက်နာခဲ့သည်။ ထို့ကြောင့် ကျိရှောင်နိုင်ငံတော်၏ အုပ်စိုးသူ လနက်မြို့သို့ ဆင်းသက်လာသောအခါ သူမအနေနှင့် ဂါရဝပြုရမည်သာဖြစ်သည်။

နန်းကုန်းယွဲ့ဟွာက ခပ်အေးအေး လေသံဖြင့်

“ထုံးစံတွေ ထားလိုက်ပါ မြို့သခင်ကျိ။ ဒီနှစ်တွေတစ်လျှောက်လုံး ရှင်က လနက်မြို့ကို တစ်ယောက်တည်း စောင့်ရှောက်ခဲ့ပြီး ဝန်ထုပ်ဝန်ပိုးတွေကို မညည်းမညူ ထမ်းရွက်ခဲ့တယ်။ ကျိရှောင်နိုင်ငံတော်နဲ့ အဆက်အသွယ် ပြတ်တောက်နေခဲ့ပေမဲ့ လနက်မြို့ကနေ တစ်ခါမှ ထွက်မသွားခဲ့ဘူး။ ကျွန်မ ရှင့်ရဲ့ တာဝန် ကျေမှုကို အမြဲတမ်း သတိရနေခဲ့တယ်။ ရှင် ပင်ပန်းခဲ့ရပြီ မြို့သခင်ကျိ။”

ကျိချိုးယုက

“ဒါက ကျွန်မရဲ့ တာဝန်ပါပဲ။”

ထို့နောက် ကျိချိုးယုက

“အရှင်မ ဘာကြောင့် လနက်မြို့ကို ကိုယ်တိုင် ကြွရောက်လာသလဲဆိုတာ ကျွန်မ သိခွင့်ရှိမလား။”

နန်းကုန်းယွဲ့ဟွာ လာရောက်ရသည့် အကြောင်းရင်းကို ကျိချိုးယု ခန့်မှန်းမိပြီးဖြစ်သည်။ ကုတင်ပေါ်တွင် လှဲလျောင်းနေသော ထိုယောကျာ်း လုချန်းနှင့် ပတ်သက်သည့် အရာတစ်ခုခု ဖြစ်ရမည်။ သူကသာ ကျိရှောင်နိုင်ငံတော်၏ ဧကရီအား ကိုယ်တိုင်ကိုယ်ကျ ခရီးထွက်လာစေရန် တွန်းအားပေးနိုင်မည်။

နန်းကုန်းယွဲ့ဟွာသည် ကုတင်ပေါ်တွင် လှဲလျောင်းနေသော လုချန်းကို လှမ်းကြည့်လိုက်သည်။ သူ ထ၍ ဂါရဝမပြုခြင်းကို သူမ စိတ်မကျေမနပ် ဖြစ်မနေခဲ့ပေ။ သူမ သိလိုစိတ် ပြင်းပြနေခဲ့ခြင်းသာ ဖြစ်သည်။

မူလအစကမ္ဘာ နယ်ပယ်အဆင့် ကျင့်ကြံသူ တစ်ဦးက ကျိရှောင်နိုင်ငံတော်၏ ဧကရီဖြစ်သော သူမနှင့် တွေ့ဆုံသည့်အခါ အဘယ်ကြောင့် စိုးရိမ်ကြောက်လန့်ပုံ လုံးဝ မပေါ်ရသနည်း။ အဘယ်ကြောင့် မထပဲ ကုတင်ပေါ်တွင် ဆက်လက် လှဲလျောင်းနေရသနည်း။

လုချန်းထံသို့ အကြည့် ရောက်ပြီးနောက် နန်းကုန်းယွဲ့ဟွာ၏ အကြည့်က ကျိချိုးယုထံသို့ ပြန်ရောက်လာသည်။

“မကြာသေးခင်က လနက်မြို့ အပြင်ဘက်မှာ အတော်ကြီးတဲ့ နတ်ဆိုးဒီရေ တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ကျွန်မ ကြားသိရတယ်။ အစပိုင်းမှာ လနက်မြို့က ခုခံနိုင်စွမ်း မရှိသလောက် ဖြစ်ခဲ့ပေမဲ့ အဲဒီနောက်တော့ တစ်ကိုယ်တော် ကျင့်ကြံသူ တစ်ယောက် ပေါ်လာတယ်။ သူက နတ်ဆိုးနှင် ဓားသိုင်း လို့ ခေါ်တဲ့ အရာတစ်ခုကို အားကိုးပြီး နတ်ဆိုးဒီရေကို တစ်ယောက်တည်း တွန်းလှန်ခဲ့တယ်။ နောက်ပြီး ချိပ်ပိတ်နယ်မြေ က နတ်ဆိုးတွေကို သူတို့ရဲ့ နယ်မြေကနေ ထွက်မလာအောင်တောင် ဟန့်တားနိုင်ခဲ့တယ် ဆိုပဲ။”

“ကျွန်မ ယူဆရသလောက်တော့ ဒီလူက လနက်မြို့ထဲမှာပဲ ရှိနေဦးမယ်။ ကျွန်မ အဲ့ဒီမိတ်ဆွေနဲ့ တွေ့ဆုံချင်တယ်။”

နန်းကုန်းယွဲ့ဟွာ၏ စကားများကို ကြားသောအခါ ကျိချိုးယု၏ စိတ်ထဲတွင် ‘ထင်တဲ့အတိုင်းပဲ...’ ဟု တွေးလိုက်သည်။

ဤအချိန်တွင် လုချန်း၏ အကြည့်က နန်းကုန်းယွဲ့ဟွာ အပေါ်သို့ ဝေ့ဝဲသွားသည်။ အကြောင်းတစ်ခုခုကြောင့် ဤအမျိုးသမီးသည် သွေးသက်တံရဲတိုက်၏ ရဲတိုက်သခင် နန်းကုန်းချင်ရနှင့် ထူးထူးခြားခြား တူ နေသည်ဟု သူ ခံစားလိုက်ရသည်။

ထို့နောက် သူမ၏ အချက်အလက်ကို ဖတ်ရှုရန် စနစ်ကို အသုံးပြုလိုက်သည်။

[အမည်: နန်းကုန်းယွဲ့ဟွာ]

[အချက်အလက်: ကျိရှောင်နိုင်ငံတော်၏ ဧကရီ။ နန်းကုန်းချင်ရ၏ အစ်မ။ ဥပဒေ နိယာမ အလုံးစုံအဆင့် ရှစ်ဆင့်။ နတ်ဆိုးစွမ်းအင်ကို နှိမ်နင်းနိုင်သော တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ဦး အကြောင်း ကြားသိရသည်နှင့် လနက်မြို့သို့ ချက်ချင်း ကိုယ်တိုင် လာရောက်ခဲ့သည်။ အနာဂတ်တွင် ချိပ်ပိတ် တံဆိပ်ကို ဖောက်ဖျက်လာမည့် ကောင်းကင်နတ်ဆိုးကို ရင်ဆိုင်ရန် ထိုကျင့်ကြံသူအား ကျိရှောင်နိုင်ငံတော်သို့ ပြန်ခေါ်ဆောင်ရန် ရည်ရွယ်ထားသည်။]

[အမှတ်: ၉၉]

[နှစ်သက်မှု: ၁၀]

နန်းကုန်းယွဲ့ဟွာနှင့် ပတ်သက်သော အချက်အလက်များကို မြင်တွေ့ပြီးနောက် လုချန်း ခပ်ရေးရေး ပြုံးလိုက်သည်။ နန်းကုန်းယွဲ့ဟွာသည် နန်းကုန်းချင်ရနှင့် အလွန်တူသည်ဟု သူ ခံစားရခြင်းက အံ့ဩစရာ မဟုတ်ပေ။ သူတို့သည် ညီအစ်မများ ဖြစ်ကြသည်။

ညီအစ်မနှစ်ဦးသည် အမှန်တကယ်ပင် စရိုက်ချင်းတူကြ၏။ ညီမဖြစ်သူ ထွက်သွားပြီး မကြာမီတွင် အစ်မဖြစ်သူက ပေါ်လာခဲ့သည်။

ထိုအချိန်တွင် နန်းကုန်းယွဲ့ဟွာလည်း လုချန်း၏ အကြည့်ကို သတိပြုမိလိုက်သည်။ ထိုယောကျာ်းက သူမအား ထိန်းချုပ်မှုမရှိပဲ ရဲတင်းစွာ အကဲဖြတ်နေသည်ကို မြင်သောအခါ နန်းကုန်းယွဲ့ဟွာ၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။

သူမ ဧကရီ အဖြစ် ကြေညာခဲ့သည့် အချိန်မှစ၍ သူမအား ဤမျှ ဗြောင်ကျကျ စေ့စေ့စပ်စပ် ကြည့်ရဲသော ယောကျာ်းတစ်ဦးနှင့် တွေ့ဆုံခြင်းက ဒါ ပထမဆုံးအကြိမ်ဖြစ်သည်။

All Chapters