← Chapters

ကောင်းမှုအမှတ် နှစ်ရာဘီလီယံကျော်....

Vol. 47 Ch. 701

ကောင်းမှုအမှတ် နှစ်ရာဘီလီယံကျော်....

Vol. 47 Ch. 701

" ငါလည်း ထွက်သွားသင့်ပြီ။ " လူသားမျိုးနွယ်၏ ကြီးကြပ်သူအနေဖြင့် လင်းယွမ်က စစ်မြေပြင်မှ နောက်ဆုံး ထွက်ခွာသူဖြစ်သည်။

မဟာစစ်မြေပြင်ကို ကြည့်ပြီး လင်းယွမ်က အနည်းငယ် နှမြောမိနေသည်။ ထိုနေရာတွင် သူက အကျိုးအမြတ်များ ရရှိခဲ့သည်။ အလွှာဆယ့်တစ် မျိုးနွယ်ခြားတစ်သောင်းကျော်၏ ရုပ်ခန္ဓာ အနှစ်သာရ၊ ရတနာများစွာနှင့် မဟာစစ်မြေပြင်ကိုယ်တိုင်မှ အချိန်လေဟာနယ်နားလည်မှုများလည်း ရရှိခဲ့သည်။

နှစ်တစ်ရာကျော်အတွင်း လင်းယွမ်က အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို နားလည်မှုက လျင်မြန်စွာ တိုးတက်ခဲ့သည်။ အဓိကအားဖြင့် သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းကြောင့် ဖြစ်သော်လည်း မဟာစစ်မြေပြင်ကလည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

" စစ်မြေပြင်ရဲ့အပြင်ဘက်မှာ ကိုယ်ပွားတစ်ခု ထားခဲ့မယ်။ " လင်းယွမ်က ကိုယ်ပွားတစ်ခုကို စုစည်း၍ လေဟာနယ်အလွှာများအတွင်းသို့ ဝင်ရောက်စေပြီး မဟာစစ်မြေပြင်ကို လေ့လာစေခဲ့သည်။

အမှန်တော့ အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ အလယ်အလတ်အဆင့်သို့ ရောက်ပြီးနောက် မဟာစစ်မြေပြင်က လင်းယွမ်အတွက် အကူအညီသိပ်မဖြစ်တော့ပေ။ အကြောင်းမှာ အချိန်လေဟာနယ်နားလည်မှုတွင် လင်းယွမ်က ကြီးမြတ်သူများနှင့် အဆင့်တူ သို့မဟုတ် အနည်းငယ် နိမ့်ကျရုံသာရှိတော့သည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် လင်းယွမ်က မျက်လုံးများ ဖွင့်လိုက်သည်။ စစ်ပွဲပြီးဆုံးပြီးနောက် ကောင်းမှုအမှတ်များ ခွဲဝေမည်ဖြစ်သည်။ နတ်ဘုရားသုံးပါးက မဟာစစ်မြေပြင်တွင် အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများ၏ စွမ်းဆောင်ရည်ကို အခြေခံ၍ ကောင်းမှုအမှတ်များ ခွဲဝေပေးမည်ဖြစ်သာ်။

" ဉာဏ်ပညာနတ်ဘုရား " လင်းယွမ်၏ အကြည့်က ကြယ်စကြာဝဠာဆီသို့ ရောက်သွားသည်။

ထိုအချိန်တွင် လင်းယွမ်၏ ထိုက်ယန်မူလစိတ်ဝိညာဉ်က စိတ်အသိမျှင်တစ်ခုကို ခွဲထုတ်ပြီး ဉာဏ်ပညာနတ်ဘုရားနှင့် ဆက်သွယ်လိုက်သည်။ လင်းယွမ်၏ မူလခန္ဓာကိုယ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင်ဖြစ်ပြီး ထိုနေရာကို VR ကမ္ဘာက ဖုံးလွှမ်းနိုင်ခြင်းမရှိသကဲ့သို့ နတ်ဘုရားသုံးပါး၏ မျက်ကွယ်နေရာလည်း ဖြစ်သည်။

" လေးစားရပါသော ပညာရှင်ယွမ် သင့်ရဲ့ စွမ်းဆောင်ရည်မိားကို အကဲဖြတ်နေပါတယ်။ ခဏစောင့်ပေးပါ။ " ဉာဏ်ပညာနတ်ဘုရား၏ တည်ငြိမ်သော အသံက ထွက်ပေါ်လာသည်။

သာမန်အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်အတွက် စစ်မြေပြင်မှ စွမ်းဆောင်ရည်များကို စီရင်ဆုံးဖြတ်ခြင်းက နတ်ဘုရားသုံးပါး၏ တွက်ချက်နိုင်စွမ်းဖြင့် ခဏအတွင်း ဖြေရှင်းနိုင်သည်။

သို့သော် လင်းယွမ်၏ စွမ်းဆောင်ရည်က အလွန်ပင်ထင်ရှားလှသည်။ လင်းယွမ်သာမရှိလျှင် စစ်ပွဲ၏ ရလဒ်က ပြောင််းလဲသွားနိုင်သည်။ လင်းယွမ်၏ စွမ်းဆောင်ရည်ကို ဆုံးဖြတ်ရာတွင် အလွန်သတိထားရန် လိုအပ်ပြီး ကြီးမြတ်သူများ၏ သုံးသပ်ချက်များလည်း လိုအပ်သည်။

နာရီဝက်ကြာပြီးနောက် ဉာဏ်ပညာနတ်ဘုရား၏ အသံက ထပ်မံထွက်ပေါ်လာသည်။

" လေးစားရပါသော ပညာရှင်ယွမ် စစ်မြေပြင်မှာ သင့်ရဲ့ စွမ်းဆောင်ရည်အပေါ် အခြေခံပြီး ဆုံးဖြတ်ချက်ချလိုက်ပါပြီ။ "

" မျိုးနွယ်ခြား အလွှာဆယ့်တစ် သက်ရှိများကို သတ်ဖြတ်ခြင်း၊ ပထမဆုံး စစ်ပွဲကို အောင်နိုင်ခြင်း၊ အောင်မြင်ခြင်းပလ္လင်ကို နှစ်တစ်ရာ သိမ်းပိုက်ထားနိုင်ခြင်း...."

ခဏကြာသောအခါ လင်းယွမ်က သူရရှိသော ကောင်းမှုအမှတ် စုစုပေါင်းအရေအတွက်ကို ကြာလိုက်ရသည်။

" ပညာရှင်ယွမ်ရရှိတဲ့ စုစုပေါင်း ကောင်းမှုအမှတ်က ၂၁၆.၂ ဘီလီယံ၊ ၃၄၅ သန်း ဖြစ်ပါတယ်။ "

" ကောင်းမှုအမှတ် နှစ်ရာဘီလီယံကျော် " လင်းယွမ်က မျက်ခုံးများ ပင့်သွားသည်။

ကောင်းမှုအမှတ်က သူမျှော်လင့်ထားသည်ထက်ပင် ကျော်လွန်နေခဲ့သည်။ အစတွင် လင်းယွမ်က သူရရှိသော ကောင်းမှုအမှတ်က အနည်းဆုံး ငါးဆယ်ဘီလီယံကျော်ပြီး အများဆုံး တစ်ရာ ဘီလီယံကျော်ရှိလိမ့်မည်ဟု ခန့်မှန်းခဲ့သည်။

" ဆုံးဖြတ်ချက်က ထပ်ဆောင်းကောင်းမှုအမှတ်တွေ ပါဝင်နေတယ်။ " လင်းယွမ်က တွေးလိုက်သည်။

" ပထမဆုံး အဆင့်တစ်ဆယ်နိုင်ငံသားကို မြှင့်တင်ရမယ်။ "

အဆင့်ကိုးနိုင်ငံသားမှ အဆင့်တစ်ဆယ် နိုင်ငံသားသို့ မြှင့်တင်ခြင်းက ကောင်းမှုအမှတ် ငါးဆယ်ဘီလီယံလိုအပ်သည်။ မဟာစစ်မြေပြင်မဖွင့်လှစ်မီ လင်းယွမ်က ထိုမျှများပြားသော ကောင်းမှုအမှတ်များကို အချိန်တိုအတွင်း စုဆောင်းနိုင်လိမ့်မည်ဟု မတွေးမိခဲ့ပေ။

သိုင်းတာအိုအလွှာဆယ့်တစ်ကဏ္ဍကို တင်မှသာ ဖြစ်နိုင်ပေလိမ့်မည်။ သို့သော် ယခု ကောင်းမှုအမှတ် နှစ်ရာ ဘီလီယံကျော်ရရှိခဲ့သည်။

လင်းယွမ်က နိုင်ငံသားအဆင့်ကို တိုးမြှင့်ခြင်းနှင့်အတူ သူ၏ ကောင်းမှုအမှတ်များကလည်း ငါးဆယ်ဘီလီယံ လျော့နည်းသွားခဲ့သည်။

" အဆင့်တစ်ဆယ်နိုင်ငံသား။ " လင်းယွမ်က မျက်လုံးများ တောက်ပသွားသည်။

သူသိသလောက် လူသားမျိုးနွယ်၏ အမြင့်ဆုံးနိုင်ငံသားအဆင့်မှာ အဆင့်ဆယ့်တစ်နိုင်ငံသားဖြစ်သည်။ အဆင့်ဆယ့်နှစ်နိုင်ငံသားတစ်ယောက်က လူသားမျိုးနွယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ပေလိမ့်မည်။ သို့သော် အဆင့်ဆယ့်နှစ်နိုင်ငံသားက ကောင်းမှုအမှတ်တစ်မျိုးတည်းနှင့် တတ်နိုင်သော အရာမဟုတ်ပေ။

အဆင့်ဆယ့်တစ်နိုင်ငံသားပင် လူသားမျိုးနွယ်တွင် ကိုးယောက်သာ ရှိသည်။ သူတို့က လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်ဖြစ်သည်။ ထို့ကြောင့် အဆင့်တစ်ဆယ်နိုင်ငံသားက လူသားမျိုးနွယ်တွင် ကြီးမြတ်သူများအောက် အမြင့်ဆုံး ဖြစ်သည်။

ကြီးမြတ်သူများပင်လျှင် အဆင့်တစ်ဆယ်နိုင်ငံသားတစ်ယောက်ကို လျစ်လျူရှုမည်မဟုတ်ပေ။ သူတို့က လူသားမျိုးနွယ်ကို ကြီးမားသော ထောက်ပံ့မှုများ ပေးခဲ့သောကြောင့် ဖြစ်သည်။ လက်ရှိလူသားမျိုးနွယ်တွင် အဆင့်တစ်ဆယ် နိုင်ငံသားများက အလွန်နည်းပါးပြီး သူတို့အားလုံးက ကြယ်ပင်ခေတ်မတိုင်မီမှ နိုင်ငံသားများ ဖြစ်ကြသည်။

တစ်နည်းအားဖြင့် လင်းယွမ်က ကြယ်ပင်လယ်ခေတ်တွင် ပထမဆုံး ထွက်ပေါ်လာသော အဆင့်တစ်ဆယ်နိုင်ငံသားဖြစ်သည်။

" ဟမ် လူသားမျိုးနွယ်ရဲ့ သမ္မတက ငါ့ကို ဆက်သွယ်နေတာလား။ " လင်းယွမ်က ခေါ်ဆိုမှုတစ်ခုကို သတိပြုမိလိုက်ပြီး မျက်ခုံးများ ပင့်သွားသည်။

လူသားမျိုးနွယ်၏ သမ္မတက ဂြိုလ်အုပ်ချုပ်သူနှင့် ဆင်တူသော ရာထူးတစ်ခုဖြစ်ပြီး နှစ်အနည်းငယ်ကြာတိုင်း အလှည့်ကျပြောင်းလဲနေသည်။ သို့သော် သမ္မတအဖြစ် တာဝန်ထမ်းဆောင်နိုင်သော နိုင်ငံသားများက ကဏ္ဍတိုင်းတွင် ပြောစရာမရှိပေ။

အမှန်တော့ ၎င်းက လူသားမျိုးနွယ်၏ ခေါင်းဆောင်ဟုလည်း ပြောနိုင်သည်။ ကြီးမားသော လူသားမျိုးနွယ်ကို အုပ်ချုပ်ရာတွင် နတ်ဘုရားသုံးပါးကို ကူညီပေးသည်။ ကြီးမြတ်သူများက လူသားမျိုးနွယ်၏ သာမန်ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ။ သာမန်ကိစ္စများကို သမ္မတနှင့် နတ်ဘုရားသုံးပါးတို့က ကိုင်တွယ်ကြသည်။

" နဂါးငွေ့တန်းကြယ်သခင် " အလင်းမျက်နှာပြင်ပေါ်တွင် ဆံပင်အဖြူနှင့် အမျိုးသားတစ်ယောက် ပေါ်လာသည်။

ခွန်အားအရ လင်းယွမ်က ကြီးမြတ်သူများအောက် အသန်မာဆုံးဖြစ်သည်။ ၎င်းက လူသားမျိုးနွယ်တွင်သာမက ကြယ်စကြာဝဠာတစ်ခုလုံးတွင် ဖြစ်သည်။ နိုင်ငံသားအဆင့်အရ လင်းယွမ်က ကြယ်စကြာဝဠာခေတ်တွင် ပထမဆုံး အဆင့်တစ်ဆယ်နိုင်ငံသားဖြစ်သည်။ သမ္မတပင်လျှင် လင်းယွမ်ကို ရင်ဆိုင်ရသောအခါ လေးစားမှုကို ပြသရသည်။

" အင်း " လင်းယွမ်က ခေါင်းညိမ့်လိုက်ပြီး သမ္မတနှင့် စကားအနည်းငယ် ပြောခဲ့သည်။

သမ္မတက လင်းယွမ်နှင့် ဆက်သွယ်ရသည့် အကြောင်းရင်းမှာ အဆင့်တစ်ဆယ်နိုင်ငံသား ဖြစ်လာခြင်းကြောင့် လင်းယွမ်ကို ဂုဏ်ပြုရန်ဖြစ်သည်။ ထို့အပြင် သူက အဆင့်တစ်ဆယ်နိုင်ငံသား၏ အကျိုးကျေးဇူးများကို မိတ်ဆက်ပေးခဲ့သည်။

အဆင့်တစ်ဆယ်နိုင်ငံသားများ၏ အကျိုးကျေးဇူးများက အဆင့်ကိုးနိုင်ငံသားကို မြှင့်တင်ထားသော ပုံစံဖြစ်ပြီး ကဏ္ဍအားလုံးကို လွှမ်းခြုံထားသည်။ အရင်းအမြစ်အမျိုးမျိုးနှင့် လက်နက်များကို ဝယ်ယူရန်အတွက် ခြောက်ဆယ်ရာခိုင်နှုန်း လျော့စျေးဖြစ်သည်။

" လုံးဝမဆိုးဘူးပဲ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

အခြားအရာများမပြောလျှင်တောင် ခြောက်ဆယ်ရာခိုင်နှုန်း လျော့စျေးနှင့်လဲလှယ်မှုက လင်းယွမ်ကို ကျေနပ်စေသည်။ လင်းယွမ်၏ ကျင့်ကြံမှုအတွက် လိုအပ်သော အရင်းအမြစ်က အလွန်မြင့်မားလှသည်။

" VR ကမ္ဘာက အခွင့်အရေးတွေကိုလည်း မြှင့်တင်ထားတယ်။ " လင်းယွမ်က လေ့လာကြည့်သောအခါ အဆင့်တစ်ဆယ်နိုင်ငံသား ဖြစ်လာပြီးနောက် သူသာဆန္ဒရှိလျှင် မည်သည့်နိုင်ငံသား၏ ကိုယ်ရေးအချက်အလက်ကိုမဆို သိရှိနိုင်သည်ကို တွေ့လိုက်ရသည်။

" အဆုံးစွန်အခွင့်အလမ်း......" လင်းယွမ်က အဆုံးစွန်အခွင့်အလမ်းနှင့် ပက်သက်သော အချက်အလက်များကို ကြည့်လိုက်သည်။

၎င်းက လူသားမျိုးနွယ် ပုန်းအောင်နေသော ခေတ်မတိုင်မီ စကြာဝဠာအလွန်မှ ကျဆင်းလာသော အမွေအနှစ်များမှ ရရှိခဲ့သော အကြီးမားဆုံး အခွင့်အရေးဖြစ်သည်။ အဆုံးစွန်သော အခွင့်အလမ်းက ကြီးမြတ်သူကိုးယောက်ကို မွေးဖွားလာစေခဲ့သည်။

ထို့အပြင် လူသားမျိုးနွယ်က ယနေ့အထိ ဖွံ့ဖြိုးတိုးတက်လာပြီး မျိုးနွယ်ကာကွယ်ရေးလက်နက်အများစုနှင့် အခြေခံအုတ်မြစ်ပင်လျှင် အဆုံးစွန်အခွင့်အလမ်းမှ ဆင်းသက်လာခြင်းဖြစ်သည်။

" ဒသမမြောက် အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်..." လင်းယွမ်၏ စိတ်က အနည်းငယ် တုန်ယင်သွားသည်။

လူသားမျိုးနွယ်မှ ရရှိခဲ့သော အဆုံးစွန်သောအခွင့်အလမ်းများထဲတွင် အရေးကြီးဆုံးမှာ အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ဆယ်ခုဖြစ်သည်။ လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်က ထိုအမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ဆယ်ခုမှ ဆင်းသက်လာခြင်းဖြစ်သည်။

ဒသမမြောက် အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အထူးခြားဆုံးနှင့် အနက်ရှုံးဆုံးဖြစ်သည်။ ယခုအချိန်ထိ လူသားမျိုးနွယ်ရှိ ဘယ်သူမှ ကြီးမြတ်သူအဆင့်ကို မရောက်ရှိသေးပေ။

" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နဲ့ လုံးဝကွဲပြားတာပဲ။ " လင်းယွမ်က အဆင့်တစ်ဆယ်နိုင်ငံသားဖြစ်လာပြီးနောက် ထိုအမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို အလိုအလျောက် ရရှိခဲ့ခြင်းဖြစ်သည်။

လူသားမျိုးနွယ်တစ်ခုလုံးတွင် အရေးပါသော ထောက်ပံ့မှုများ ပြုလုပ်ခဲ့သော နိုင်ငံသားများက ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လက်ဆောင်အဖြစ် ရရှိနိုင်သည်။ အခြားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကိုးခုက ကျယ်ပြန့်စွာ ဖြန့်ဝေထားသည်။

ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ၏ အဆုံးတွင် ကြီးမြတ်သူများရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဒသမမြောက် အမြင့်ဆုံး ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အလွှာဆယ့်နှစ်သို့ သွားရာလမ်းကြောင်းဖြစ်သည်။

လင်းယွမ်က ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ရရှိပြီးနောက် ကျင့်ကြံသူအရေအတွက်ကိုလည်း သိခဲ့ရသည်။ ၎င်းက တစ်ရာကျော်သာ ရှိပြီး အသန်မာဆုံးမှာ အလွှာဆယ့်တစ် စတုတ္ထအဆင့်တွင် ဖြစ်သည်။

All Chapters