← Chapters

အင်မော်တယ်ကမ္ဘာသို့ ဆင်းသက်ခြင်း....

Vol. 47 Ch. 702

အင်မော်တယ်ကမ္ဘာသို့ ဆင်းသက်ခြင်း....

Vol. 47 Ch. 702

" နှမြောစရာပဲ။ " လင်းယွမ်က ခေါင်းခါလိုက်သည်။

ထိုအမြင့်ဆုံး ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ် သို့မဟုတ် အတွင်းကမ္ဘာကို ကျင့်ကြံခြင်းမဟုတ်ဘဲ စကြာဝဠာ၊ ဖရိုဖရဲဟင်းလင်းပြင်နှင့် အရာအားလုံးကို ခွဲခြမ်းစိတ်ဖြာရန်ဖြစ်သည်။

၎င်း၏ အလားအလာက မြင့်မားသော်လည်း လင်းယွမ်၏ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှင့် သိသိသာသာကွဲပြားနေသည်။

" ဒါက အဆင့်တစ်ဆယ် နိုင်ငံသားပဲ။ " လင်းယွမ်က အဆင့်တစ်ဆယ်နိုင်ငံသား၏ အကျိုးကျေးဇူးများနှင့် အခွင့်အရေးများကို နားလည်လိုက်သည်။

အထူးသဖြင့် ကြယ်ပင်လယ်ခေတ်တွင် အလွန်မှန်ကန်သော နည်းလမ်းဖြင့် တက်လှမ်းလာသော အဆင့်တစ်ဆယ်နိုင်ငံသားတစ်ယောက်က လူသားမျိုးနွယ်တွင် မည်သည့အရာကို မဆို လုပ်ဆောင်နိုင်သည်။

လင်းယွမ်၏ ရှေ့တွင် အဆင့်တစ်ဆယ်နိုင်ငံသားများရှိခဲ့သောလည်း သူတို့က ကြယ်ပင်လယ်ခေတ်မတိုင်မီမှ ဖြစ်ကြသည်။ သူတို့ဖြတ်ကျော်ခဲ့သော အခက်အခဲများနှင့် သူတို့ရရှိခဲ့သော အခွင့်အရေးများက လင်းယွမ်နှင့် မတူညီပေ။

" လောလောဆယ် အရေးကြီးကိစ္စမရှိဘူး။ " လင်းယွမ်က အတွေးများကို စုစည်းလိုက်သည်။ " ငါ ဆယ့်တစ်ကြိမ်မြောက် ဆင်းသက်မှုကို လုပ်ဆောင်လို့ရပြီ။ "

မဟာစစ်မြေပြင်ကို ဦးဆောင်ရန် ရည်ရွယ်ချက်မရှိလျှင် လင်းယွမ်က လွန်ခဲ့သော ဆယ်စုနှစ်များကတည်းက ဆယ့်တစ်ကြိမ်မြောက် ဆင်းသက်မှုကို စတင်ခဲ့ပြီဖြစ်သည်။

ထိုသို့တွေးပြီး လင်းယွမ်၏ စိတ်အသိက ကြီးကျယ်ခမ်းနားသော အနန္တကမ္ဘာများ၏ ဂိတ်တံခါး ရှေ့သို့ ရောက်သွားခဲ့သည်။

" ဒီတစ်ခါ အင်မော်တယ်ကမ္ဘာကို ဆင်းသက်တာပေါ့။ " လင်းယွမ်က သူ၏ စိတ်ထဲတွင် ဆုံးဖြတ်ချက်ချလိုက်သည်။

အင်မော်တယ်ကမ္ဘာက စိတ်ဝိညာဉ်ကမ္ဘာထက် သာလွန်သော ကမ္ဘာတစ်ခုဖြစ်သည်။ လင်းယွမ်က စိတ်ဝိညာဉ်ကမ္ဘာတွင် နဝမကောင်းကင်ဘုံးသို့ တက်လှမ်းသောအခါ အင်မော်တယ်ကမ္ဘာ၏ ထောင့်တစ်နေရာကို မြင်တွေ့ခဲ့ရသည်။

ကမ္ဘာဆုံမှတ်များကို ရရှိပြီးနောက် ၎င်းက အင်မော်တယ်ကမ္ဘာဖြစ်မှန်းသိခဲ့ရသည်။ လင်းယွမ်စုဆောင်းခဲ့သော အချက်အလက်များအရ စိတ်ဝိညာဉ်ကမ္ဘာဖြစ်စေ၊ အင်မောတယ်တာအိုကမ္ဘာဖြစ်စေ နှစ်ခုလုံးက အင်မော်တယ်ကမ္ဘာ၏ လွှမ်းမိုးမှုအောက်တွင် ရှိသည်။

အင်မော်တယ်လမ်းစဉ်၏ ဘိုးဘေးက ကမ္ဘာပေါင်းများစွာကို လှည့်လည်ပြီး အင်မော်တယ်ကျင့်ကြံခြင်းစနစ်ကို ဖြန့်ဝေခဲ့သည်။ အင်မော်တယ်လမ်းစဉ်၏ ဘိုးဘေးက ပင်မစကြာဝဠာ၏ အလွန်တွင် လင်းယွမ်သိရှိထားသော တစ်ဦးတည်းသော ကြီးမြတ်သူဖြစ်သည်။

" ဆင်းသက်နေတုန်းမှာ ငါ့ရဲ့ မူလခန္ဓာကိုယ်က အရင်းအမြစ်တွေကို ဆက်လက်စုပ်ယူပြီး ရွှမ်ဟွမ်မူလခန္ဓာကို ကျင့်ကြံနေလိမ့်မယ်။ " လင်းယွမ်က ပြင်ဆင်မှုများ ပြုလုပ်လိုက်သည်။

လင်းယွမ်၏ ရွှမ်ဟွမ်မူလခန္ဓာက အလိုအလျောက် ကျင့်ကြံခြင်းသို့ ရောက်နေပြီဖြစ်သည်။ သူ၏ စိတ်အသိက မထိန်းချုပ်လျှင်တောင် ၎င်းက အရင်းအမြစ်များကို စုပ်ယူပြီး ဆက်လက်ကျင့်ကြံနေပေလိမ့်မည်။

" အင်မော်တယ်ကမ္ဘာမှာ ငါ့ရဲ့ နေထိုင်ချိန်က နှစ် ၂၁၀၀ကြာလိမ့်မယ်။ ပင်မစကြာဝဠာရဲ့ အချိန်စီးဆင်းမှုနဲ့ဆို အင်မော်တယ်ကမ္ဘာမှာ နှစ် ၂၁၀၀က ပင်မစကြာဝဠာမှာ နှစ်တစ်ရာကုန်ဆုံးလိမ့်မယ်။ " လင်းယွမ်က စိတ်အသိမျှင်တစ်ချောင်းနှင့် အင်မော်တယ်ကမ္ဘာ၏ ဆုံမှတ်များမှတစ်ဆင့် အချက်အလက်များ ရယူခဲ့သည်။

" နှစ်တစ်ရာ... ငါနှစ်တစ်ရာ တံခါးပိတ်ကျင့်ကြံမယ်လို့ ကြေညာလိုက်မယ်။ " လင်းယွမ်က ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် ဆယ့်တစ်ကြိမ်မြောက် ဆင်းသက်မှုကို စတင်ခဲ့သည်။

အင်မော်တယ်ကမ္ဘာ။

ရွှမ်ထျန်းအင်မော်တယ်နယ်မြေက အင်မော်တယ်နယ်မြေ ၃၃ခုထဲမှ တစ်ခုဖြစ်ပြီး နတ်ဆိုးချောက်နက်အနီးတွင် တည်ရှိသည်။ အင်မော်တယ်နယ်မြေအတွင်း နတ်ဆိုးချောက်နက်မှ ထွက်ပေါ်လာသော နတ်ဆိုးများနှင့် အင်မော်တယ်များက အဆက်မပြတ် တိုက်ခိုက်နေကြသည်။

အလင်းတန်းတစ်ခုက ပျံသန်းနေပြီး သွေးနံ့များထွက်ပေါ်နေသည်။ အလင်းတန်းအတွင်း ဖြူဖတ်ဖြူရော်နှင့် လူငယ်တစ်ယောက်ရှိနေသည်။ ထိုလူငယ်၏ အမည်က ကောင်းဝူယောင်ဖြစ်ပြီး မကြာသေးမီက သူ၏ သူငယ်ချင်းတစ်ယောက်နှင့်အတူ ရှေးဟောင်းအမွေအနှစ်တစ်ခုကို ရှာဖွေနေခဲ့သည်။

ရလဒ်အနေဖြင့် သူက ကြီးမားသော အခွင့်အလမ်းတစ်ခုကို ရရှိခဲ့သည်။ ထိုအမွေအနှစ်က ကျောက်စိမ်းအင်မော်တယ်တစ်ပါး ချန်ခဲ့ခြင်းဖြစ်ပြီး ရတနာများလည်း ပါဝင်လေသည်။ ထိုသူငယ်ချင်းက အခွင့်အလမ်းကို တစ်ယောက်တည်း သိမ်းပိုက်ချင်သောကြောင့် ကောင်းဝူယောင်ကို အလစ်ငိုက်တိုက်ခိုက်ပြီး ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့သည်။ သူက ကံကောင်းပြီး လွတ်မြောက်ခဲ့သော်လည်း သူ၏ သူငယ်ချင်းက နောက်မှ လိုက်လံနေဆဲ ဖြစ်သည်။

" ဟားဟားဟားဟား ကောင်းဝူယောင် မင်းခန္ဓာကိုယ်က နတ်ဆိုးခြင်ဆီအဆိပ်မိနေပြီ။ ရွှေအင်မော်တယ်တစ်ယောက် မကယ်ရင် မင်းသေရမှာပဲ။ ဘာလို့ခုခံနေမှာလဲ။ ရိုးတွင်းခြင်ဆီထုတ်ခံရတဲ့ ဝေဒနါကို ခံစားနေမယ့်အစား မင်းရဲ့ ညီအကိုကို ကယ်တင်ခွင့်ပေးလိုက်ပါလား။ "

" အကိုဝူ သာမန်အမွေအနှစ်လေးတစ်ခုအတွက် မင်းလိုချင်ရင် ပြောလိုက်ရုံပဲလေ။ ဘာလိုဒီလိုနည်းလမ်းတွေ သုံးရတာလဲ။ "

" ပြောလိုက်ရုံပဲလား။ ငါက ရိုးရိုးလေးတောင်းရုံနဲ့ မင်းကငါ့ကို ပေးမှာလား။ အဲ့ဒါက ကျောက်စိမ်းအင်မော်တယ်တစ်ပါး ချန်ခဲ့တဲ့ ရတနာတွေလေ။ "

" မင်း ငါ့ကို အကြိမ်အများကြီး ကူညီပေးခဲ့ဖူးတာပဲ။ ငါတို့ကြားမှာ ဆွေးနွေးလို့မရတဲ့ ကိစ္စရှိသေးလို့လား။ "

" မေ့လိုက်တော့။ ငါ့ကိုငါပဲ ယုံကြည်တယ်။ မင်းသေသွားရင် ရတနာတွေအားလုံး ငါပိုင်ပြီပဲ။ "

ကောင်းဝူယောင်က သူ၏ သွေးအနှစ်သာရကို ဆက်လက်လောင်ကျွမ်းနေခဲ့သည်။ လိုက်လံနေစဉ်အတွင်း သူတို့ ပြောဆိုခဲ့သော စကားများက သူ့ကို စိတ်ပျက်သွားစေခဲ့သည်။

သူက အကိုဝူကို မိသားစုသဖွယ်ဆက်ဆံခဲ့ပြီး အကိုဝူကလည်း သူ့ကို အကြိမ်များစွာ ကူညီပေးခဲ့ဖူးသည်။ သို့သော စိတ်မကောင်းစရာမှာ ကျောက်စိမ်းအင်မော်တယ်၏ အမွေအနှစ်တစ်ခုကြောင့် အကိုဝူက သူ့ကို သစ္စာဖောက်ခဲ့သည်။ ကောင်းဝူယောင်က အင်မော်တယ်လမ်းစဉ်မှာ လှည့်စားမှုများနှင့် ပြည့်နှက်နေပြီး အမြဲသတိထားရမည်ကို သိထားသော်လည်း အကိုဝူက သူ့ကို လုပ်ကြံလိမ့်မည်ဟု မမျှော်လင့်ခဲ့မိပေ။

" သူ့ရဲ့ ကျေးဇူးကြွေးတွေ ပြန်ဆပ်တယ်လို့ပဲ သဘောထားလိုက်ပါမယ်။ " ကောင်းဝူယောင်၏ စိတ်အသိက တဖြည်းဖြည်း မှောင်မိုက်သွားခဲ့သည်။

ပြင်းထန်သော ဒဏ်ရာများနှင့် နတ်ဆိုးခြင်ဆီအဆိပ်ကြောင့် သူက ကြာကြာခံနိုင်တော့မည်မဟုတ်ပေ။ သူ၏ သွေးအနှစ်သာရကို လောင်ကျွမ်းပြီး ထွက်ပြေးခြင်းမှာ အကိုဝူ၏ သစ္စာဖောက်ရသည့် အကြောင်းရင်းကို သိလိုသောကြောင့် ဖြစ်သည်။

ကောင်းဝူယောင်၏ ခွန်အားနှင့် သူက မသေဆုံးမီ ကျောက်စိမ်းအင်မော်တယ်၏ အခွင့်အလမ်းများကို ဖျက်ဆီးရန် ကြိုးစားနိုင်သည်။ အနည်းဆုံးတော့ မှတ်တမ်းတင်ထားသော အမွေအနှစ်များနှင့် ကျင့်ကြံမှုနည်းလမ်းများကို ဖျက်ဆီးနိုင်သေးသည်။

သို့သော် အဆုံးတွင် ကောင်းဝူယောင်က ထိုသို့မလုပ်ခဲ့ပေ။ အကိုဝူက အခွင့်အလမ်းကို လိုချင်လျှင် သူက ပေးလိုက်ရုံသာ ဖြစ်သည်။

ကောင်းဝူယောင်၏ စိတ်အသိက အမှောင်ထဲသို့ နစ်မြှုပ်သွားသည်နှင့် စိတ်အသိတစ်ခုက နိုးထလာခဲ့သည်။ ကောင်းဝူယောင်၏ အမူအရာက ရုတ်တရက် တည်ငြိမ်သွားပြီး မျက်မှောင်ကြုတ်၍ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

လင်းယွမ်က ကောင်းဝူယောင်၏ မှတ်ဉာဏ်များကို လျင်မြန်စွာစုပ်ယူပြီး သူ၏ အရင်းနှီးဆုံး ညီအကိုက သူ့အား လိုက်လံသတ်ဖြတ်နေသည်ကို နားလည်သွားသည်။

" ကျောက်စိမ်းအင်မော်တယ်ရဲ့ အခွင့်အလမ်း။ " လင်းယွမ်က ထိုအခွင့်အလမ်းအကြောင်းကိုလည်း နားလည်သွားသည်။

အင်မော်တယ်ကျင့်ကြံခြင်းစနစ်တွင် ချီသန်စင်ခြင်း၊ အခြေတည်၊ ရွှေအမြုတေ၊ စိတ်ဝိညာဉ်တည်ဆောက်ခြင်း၊ စိတ်ဝိညာဉ်ပြောင်းလခြင်း၊ ဟင်းလင်းပြင်သန့်စင်ခြင်း၊ တာအိုပေါင်းစည်းခြင်း၊ ကပ်ဘေးကျော်လွှားခြင်း၊ မဟာယန၊ ရွှေအင်မော်တယ်၊ ရွှေအင်မော်တယ်၊ ကျောက်စိမ်းအင်မော်တယ်၊ တာအိုဘိုးဘေးတို့ဖြစ်သည်။

၎င်းတို့အနက် ကပ်ဘေးကျော်လွှားခြင်းအဆင့်က ပင်မစကြာဝဠာ၏ အလွှာရှစ်နှင့် ညီမျှပြီး မဟာယနအဆင့်က အလွှာကိုး၊ ရွှေအင်မော်တယ်အဆင့်က အလွှာတစ်ဆယ်၊ ကျောက်စိမ်းအင်မော်တယ်အဆင့်က အလွှာဆယ့်တစ်နှင့် တာအိုဘိုးဘေးက အလွှာဆယ့်နှစ်တို့ဖြစ်သည်။

ထိုအဆင့်များက ခန့်မှန်းခြေသာဖြစ်သည်။ ကျင့်ကြံမှုစနစ်ကွာခြားမှုကြောင့် အဆင့်တူညီသော်လည်း စွမ်းအားကွာခြားမှုများရှိနိုင်သည်။

ကောင်းဝူယောင်က ရွှမ်ထျန်းအင်မော်တယ်နယ်မြေမှ ကပ်ဘေးကျော်လွှားခြင်းအဆင့် လေလွင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ အကိုဝူက ကပ်ဘေးကျော်လွှားခြင်းအဆင့် အထွတ်အထိပ်တွင်ရှိပြီး သူတို့က စိတ်ဝိညာဉ်တည်ဆောက်ခြင်းအဆင့်ကတည်းက သိကျွမ်းခဲ့ကြခြင်းဖြစ်သည်။

" ငါ့ရဲ့ လက်ရှိအခြေအနေက... " လင်းယွမ်က သူ၏ ခန္ဓာကိုယ်မှ ဆိုးရွားသော အခြေအနေကို အာရုံခံမိလိုက်သည်။

ပြင်းထန်သော ဒဏ်ရာများက စိုးရိမ်စရာမလိုဘဲ လင်းယွမ်၏ စိတ်စွမ်းအားနှင့် ၎င်းတို့ကို ပိုမဆိုးလာအောင် ဖိနှိပ်ထားနိုင်သည်။ ခန္ဓာကိုယ်အပေါ် လင်းယွမ်၏ ထိန်းချုပ်မှုဖြင့် အချိန်ရလျှင် သူက ဒဏ်ရာအားလုံးကို ပျောက်ကင်းအောင် ကုသနိုင်သည်။ သွေးပြန်လည်မွေးဖွားခြင်း နတ်စွမ်းရည်အမှတ်အသားကို ထိုခန္ဓာကိုယ်ပေါ်တွင် ခတ်နှိပ်နိုင်လျှင် ၎င်းကို အသုံးပြုနိုင်ပြီဖြစ်သည်။

နတ်ဆိုးခြင်ဆီအဆိပ်က နတ်ဆိုးချောက်နက်မှ ဆင်းသက်လာခြင်းဖြစ်သည်။ ၎င်းက အင်မော်တယ်ကျင့်ကြံသူများအတွက် ထူးခြားသော အဆိပ်ဖြစ်ပြီး စွမ်းအားနှင့် စိတ်ဝိညာဉ်ကို ဖိနှိပ်နိုင်သည်။ အဆိပ်မိနေစဉ် နာကျင်မှုက ရိုးတွင်းခြင်ဆီ ထုတ်ခံရသကဲ့သို့ ပြင်းထန်လွန်းလှသည်။

လင်းယွမ်မိသော အဆိပ်က ကပ်ဘေးကျော်လွှားခြင်းအဆင့် ရှိပြီး ရွှေအင်မော်တယ်တစ်ပါးသာ ကုသနိုင်သည်။ သို့သော် ၎င်းက အင်မော်တယ်ကျင့်ကြံသူများအတွက်ဖြစ်ပြီး လင်းယွမ်အတွက်မဟုတ်ပေ။

" ကြည့်ရတာပေါ့။ " လင်းယွမ်က ခန္ဓာကိုယ်အတွင်းရှိ နတ်ဆိုးခြင်ဆီအဆိပ်ကို ဂရုတစိုက် လေ့လာလိုက်သည်။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အမည်မသိအဆိပ်ကို လေ့လာပြီး ထိုအဆိပ်ကို နားလည်မှုက လျင်မြန်စွာ တိုးတက်လာပါပြီ။ ]

ထိုအဆိပ်က ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ပြန်လည်မကုသနိုင်သော ထိခိုက်မှုကို ဖြစ်ပေါ်စေသောကြောင့် လင်းယွမ်က ၎င်းကို အရင်ဖြေရှင်းရန် စီစဉ်ခဲ့သည်။ ပြန်လည်မကုသနိုင်ခြင်းက လင်းယွမ်အတွက် မဖြစ်နိုင်သော်လည်း စိတ်အနှောက်အယှက် ဖြစ်နေဆဲ ဖြစ်သည်။

All Chapters