← Chapters

ကန်ဝူအင်မော်တယ်မြို့တော်...

Vol. 47 Ch. 706

ကန်ဝူအင်မော်တယ်မြို့တော်...

Vol. 47 Ch. 706

ယွင်ကျန်းဇီက ခရမ်းရောင်ကျောက်စိမ်းစာလိပ်ကဲ့သို့ ပြန်လည်ရှင်သန်ခြင်းနည်းလမ်းများစွာ ပိုမိုပြင်ဆင်ထားခဲ့သည်။ သူက အသက်ရေကန်များနှင့် အသက်ကျောက်တုံးများစွာကိုလည်း ဖန်တီးထားခဲ့သည်။ သူ၏ မူလခန္ဓာကိုယ် သေဆုံးသွားသည့်အချိန်တွင် သူ၏ စိတ်အသိက ထိုအသက်ရေကန်များနှင့် အသက်ကျောက်တုံးများတွင် ပြန်လည်ရှင်သန်လာခဲ့သည်။

သို့သော် ပြန်လည်ရှင်သန်လာသော စိတ်အသိများထဲတွင် နတ်ဆိုးများ၏ ညစ်ညမ်းမှုများ စွန်းထင်နေခဲ့သည်။ ထိုခရမ်းရောင်ကျောက်စိမ်းစာလိပ်တစ်ခုတည်းသာ အတွင်းနှင့်အပြင်ကို သီးခြားထားပြီး မှတ်ဉာဏ်များကို ပိတ်ဆို့ထားသောကြောင့် ပြန်လည်ရှင်သန်နိုင်ခြင်းမရှိသော်လည်း ညစ်ညမ်းမှုများကို ရှောင်ရှားနိုင်ခဲ့သည်။

" နတ်ဆိုးချောက်နက်ရဲ့ ဘိုးဘေး။ " လင်းယွမ်က တွေးလိုက်သည်။

သူ၏ နယ်ပယ်နှင့် နတ်ဆိုးချောက်နက်၏ ဘိုးဘေးကို အာရုံခံမိခဲ့သော်လည်း ထိုမျှကြောက်စရာကောင်းလိမ့်မည်ဟု မမျှော်လင့်ခဲ့မိပေ။

" နတ်ဆိုးတွေရဲ့ ညစ်ညမ်းမှုက ငါ့အတွက် ခြိမ်းခြောက်မှုမဖြစ်လောက်ဘူး။ " လင်းယွမ်က တွေးလိုက်သည်။

ညစ်ညမ်းမှုကို ခုခံနိုင်ခြင်းမရှိဟု ဆိုလိုခြင်းမဟုတ်ဘဲ မိမိ၏ ကိုယ်ပိုင်စိတ်စွမ်းအားအပေါ် မူတည်သည်။ လင်းယွမ်၏ စိတ်အသိက လုံလောက်အောင် သန်မာလျှင် နတ်ဆိုးများ၏ ညစ်ညမ်းမှုမပြောနှင့် နတ်ဆိုးချောက်နက်ဘိုးဘေး၏ ညစ်ညမ်းမှုကိုပင် ခုခံနိုင်ပေလိမ့်မည်။

" အစက ငါ တံခါးပိတ်ကျင့်ကြံဖို့ စီစဉ်ခဲ့ပေမယ့် အခုတော့ အဲ့လိုလုပ်ဖို့ မလိုတော့ဘူးထင်တယ်။ " လင်းယွမ်က ယွင်ကျန်းဇီ၏ မှတ်ဉာဏ်များကို စစ်ဆေးပြီး စဉ်းစားနေသည်။

ယွင်ကျန်းဇီက ကျောက်စိမ်းအင်မော်တယ်တစ်ပါးအနေဖြင့် အင်မော်တယ်နယ်မြေ ၃၃ခု၏ အင်မော်တယ်မြို့တော်များတွင် ပိုင်ဆိုင်မှုများစွာ ရှိလေသည်။ အနီးဆုံး ကန်ဝူအင်မော်တယ်မြို့တော်တွင် အဆင့်မြင့်အိမ်ယာတစ်ခုရှိသည်။ ၎င်းက လုံခြုံမှုရှိရုံသာမက နိယာမများ၏ သိသာထင်ရှားသော လှုပ်ရှားမှုများကိုလည်း နားလည်နိုင်သည်။

ယခုအခါ လင်းယွမ်က ယွင်ကျန်းဇီ၏ စိတ်အသိကို ပိုင်ဆိုင်ထားသောကြောင့် ယွင်ကျန်းဇီဟု ပြောနိုင်သည်။ သူသာ ဆန္ဒရှိလျှင် ထိုအဆင့်မြင့်အိမ်ယာကို ရယူနိုင်သည်။ အင်မော်တယ်မြို့တော်များရှိ ကျင့်ကြံခြင်းဂူများနှင့် အိမ်ယာများက အင်မော်တယ်မြို့တော်မှ ပိုင်ဆိုင်ခြင်းဖြစ်သည်။ ယွင်ကျန်းဇီက နှစ်ပေါင်းတစ်ဆယ်ဘီလီယံဝါ ပိုင်ဆိုင်ခွင့်ရှိသည်။

ယွင်ကျန်းဇီပိုင်ဆိုင်သော အဆင့်မြင့်အိမ်ယာက နှစ်ပေါင်းနှစ်သန်းပင်မပြည့်သေးသောကြောင့် နှစ်ပေါင်းတစ်ဆယ်ဘီလီယံနှင့် ဝေးကွာနေဆဲ ဖြစ်သည်။

အင်မော်တယ်နယ်မြေ ၃၃ ခုမှ အဓိကအင်မော်တယ်မြို့တော်များက အင်မော်တယ်လမ်းစဉ်ဘိုးဘေး၏ စီရင်မှုအောက်တွင်ရှိသည်။ အဆင့်မြင့်အိမ်ယာများကို ဝယ်ယူနိုင်သူများက အများစုမှ ကျောက်စိမ်းအင်မော်တယ်များဖြစ်ကြပြီး ရွှေအင်မော်တယ်က အနည်းငယ်သာ ပါဝင်သည်။

ထိုသို့သော အင်အားကြီးသူများ၏ အိမ်ယာများကို စောစီးစွာသိမ်းယူခြင်းက ကြီးမားသော အန္တရာယ်ကို ဖြစ်စေပေလိမ့်မည်။

" ကန်ဝူအင်မော်တယ်မြို့..." လင်းယွမ်က ဦးတည်ရာတစ်ခုသို့ ကြည့်လိုက်သည်။

၎င်းက ရွှမ်ထျန်းအင်မော်တယ်နယ်မြေရှိ အဓိကအင်မော်တယ်မြို့တော် ၁၅ခုထဲမှ တစ်ခုဖြစ်သော ကန်ဝူအင်မော်တယ်မြို့တော်၏ တည်နေရာဖြစ်သည်။ မူလ ကောင်းဝူယောင်က ထိုနေရာတွင် နေထိုင်ရန် အိပ်မက်မက်နေရုံသာ ရှိသည်။

ကန်ဝူအင်မော်တယ်မြို့တော်က အန္တရာယ်ကင်းရုံသာမက ကျင့်ကြံမှုအတွက် အလွန်သင့်တော်သည်။ ကန်ဝူအင်မော်တယ်မြို့တော်၏ အိမ်ယာများမဟုတ်လျှင်တောင် လမ်းများပေါ်မှာပင် ကြွယ်ဝသော နိယာမအတက်အကျများကို ခံစားနိုင်သည်။

သို့သော် ကန်ဝူအင်မော်တယ်မြို့တော်တွင် အိမ်ယာမရှိလျှင် ထိုနေရာတွင်နေထိုင်သည့် တစ်ရက်ချင်းစီကို အခကြေးငွေပေးဆောင်ရသည်။ တစ်နှစ် သို့မဟုတ် နှစ်နှစ် နေထိုင်ခြင်းက ပြဿနာမရှိသော်လည်း အင်မော်တယ်ကျင့်ကြံသူများက တစ်ကြိမ်တံခါးပိတ်ကျင့်ကြံလျှင် နှစ်တစ်ထောင်မှ နှစ်တစ်သောင်းထိ ကြာနိုင်သောကြောင့် ကပ်ဘေးကျော်လွှားခြင်းအဆင့်များအတွက် ကန်ဝူအင်မော်တယ်မြို့တော်တွင် အမြဲတမ်းနေထိုင်ရန် မဖြစ်နိုင်ပေ။

အိမ်ယာဝယ်ယူရန်ကလည်း အနိမ့်ဆုံး အဆင့်လေး အိမ်ယာတစ်ခုပင်လျှင် ကပ်ဘေးကျော်လွှားခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် တတ်နိုင်သည်ထက် ပိုများသည်။

အစတွင် ယွင်ကျန်းဇီက ကန်ဝူအင်မော်တယ်မြို့တွင် အဆင့်တစ်အိမ်ယာကို ဝယ်ယူရန် အလွန်ခက်ခဲခဲ့သည်။ သူ၏ ခွန်အားနှင့် ကျောက်စိမ်းအင်မော်တယ်များကြားမှာပင် အင်အားကြီးသည်ဟု ယူဆနိုင်သည်။ အဆင့်တူ နတ်ဆိုးဆယ်ယောက်ကျော်သာ ဝန်းရံတိုက်ခိုက်ခြင်းမရှိလျှင် သူက ကျဆုံးမည်မဟုတ်ပေ။

" ပထမဆုံး မူလစိတ်ဝိညာဉ်ကို အရင်ကျင့်ကြံရမယ်။ ပြီးမှ မူလစိတ်ဝိညာဉ်ကို ကန်ဝူအင်မော်တယ်မြို့တော်ကို သွားခိုင်းပြီး အဆင့်တစ်အိမ်ယာကို လွှဲပြောင်းယူနိုင်မလား ကြည့်ရမယ်။ " လင်းယွမ်က ဆုံးဖြတ်ချက် ချလိုက်သည်။

အဆင့်တစ် အိမ်ယာများက နိယာမများကို နားလည်ရန် အကျိုးကျေးဇူးများစွာမရှိလျှင် ယွင်ကျန်းဇီက ၎င်းကို ကြိုးစားဝယ်ယူမည်မဟုတ်ပေ။ လင်းယွမ်ကလည်း အင်မော်တယ်ကမ္ဘာတွင် နေခိုင်ချိန်က အကန့်အသတ်ရှိသောကြောင့် အကောင်းဆုံး ကျင့်ကြံမှု ပတ်ဝန်းကျင်ကို လိုအပ်သည်။ သို့မှသာ ကြီးမြတ်သူအဆင့်ကို ကြိုးစားရန်အတွက် ပြင်ဆင်ချိန်ပိုရပေလိမ့်မည်။

အချိန်များကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်း တစ်လခွဲကျော် ကုန်လွန်သွားခဲ့သည်။

" ထိုက်ယင်နဲ့ ထိုက်ယန်..." လင်းယွမ်က ထိုင်နေပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ပုံရိပ်နှစ်ခု ထွက်ပေါ်လာသည်။

၎င်းတို့က လင်းယွမ်၏ ထိုက်ယင်နှင့် ထိုက်ယန်မူလစိတ်ဝိညာဉ်တို့ဖြစ်သည်။ ထိုအချိန်အတွင်း လင်းယွမ်က သူ၏ မူလခန္ဓာကိုယ်မှ အင်မော်တယ်လမ်းစဉ်အခြေခံကို သိုင်းတာအိုအခြေခံအဖြစ် အတင်းအကျပ်ပြောင်းလဲပြီး မူလစိတ်ဝိညာဉ်နှစ်ခုကို စုစည်းခဲ့သည်။

မူလစိတ်ဝိညာဉ်နှစ်ခု စုစည်းပြီးသည်နီင့် လင်းယွမ်အတွက် ကိစ္စများ ပိုမိုအဆင်ပြေပြီး အားလုံးကို ကိုယ်တိုင်လုပ်စရာမလိုတော့ပေ။ လင်းယွမ်၏ စိတ်စွမ်းအားနှင့် ကိုယ်ပွားတစ်ခုကို အလွယ်တကူ ဖွဲ့စည်းနိုင်သော်လည်း ကိုယ်ပွားက မူလစိတ်ဝိညာဉ်နှင့်မတူဘဲ အခြားသူများက အလွယ်တကူ သိမြင်နိုင်သည်။

" မင်းက ယွင်ကျန်းဇီရဲ့ စိတ်အသိကို ယူပြီး ကန်ဝူအင်မော်တယ်မြို့ကို သွားလိုက်။ " လင်းယွမ်က ထိုက်ယန်မူလစိတ်ဝိညာဉ်ကို ကြည့်ပြီး ညွှန်ကြားလိုက်သည်။

သူက အလွန်သတိထားသောကြောင့် ထိုက်ယန်မူလစိတ်ဝိညာဉ်ကို ကန်ဝူအင်မော်တယ်မြို့တော်သို့ စေလွှတ်ခဲ့ခြင်းဖြစ်သည်။ အဆုံးတွင် ယွင်ကျန်းဇီသေဆုံးသည်မှာ နှစ်ပေါင်းများစွာကြာပြီး ကျန်ရှိသော အိမ်ယာကို လွှဲယူရန် မမျှော်လင့်ထားသော ဖြစ်ရပ်များ ဖြစ်နိုင်သည်။

သို့သော် ထိုသို့ဖြစ်နိုင်ခြေက အလွန်နည်းသည်။ အင်မော်တယ်မြို့တော်က ယုံကြည်စိတ်ချရသော နေရာတစ်ခုဖြစ်သည်။ သို့သော် သတိထားခြင်းက အကောင်းဆုံးဖြစ်သည်။ ထိုက်ယန်မူလစိတ်ဝိညာဉ်က ကန်ဝူအင်မော်တယ်မြို့တော်သို့ သွားပြီး တစ်စုံတစ်ခုဖြစ်ခဲ့လျှင် လင်းယွမ်က မူလစိတ်ဝိညာဉ်တစ်ခုကို ဆုံးရှုံးရုံသာဖြစ်သည်။

အားလုံးအဆင်ပြေလျှင် ထိုက်ယန်မူလစိတ်ဝိညာဉ်က အဆင့်တစ်အိမ်ယာကို လက်လွှဲယူပြီး ကောင်းမွန်စွာ ကျင့်ကြံနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကန်ဝူအင်မော်တယ်မြို့တော်သို့ မူလစိတ်ဝိညာဉ်တစ်ခုစေလွှတ်ခြင်းက သတိထားခြင်းသာ ဖြစ်သည်။

ဝှစ်....

လင်းယွမ်၏ အကြည့်အောက်တွင် ထိုက်ယန်မူလစိတ်ဝိညာဉ်က တိတ်ဆိတ်စွာ ပျောက်ကွယ်သွားသည်။

" ကန်ဝူအင်မော်တယ်မြို့က အဲ့ဒီမှာပဲ။ " ကောင်းကင်တွင် လင်းယွမ်၏ ထိုက်ယန်မူလစိတ်ဝိညာဉ်က လေဟာနယ်ကို ဖြတ်သန်းပြီး အဆက်မပြတ် သွားနေခဲ့သည်။ သူက အသက်ရှူကြိမ်အနည်းငယ်မတွင်း ကန်ဝူမြို့ကို မြင်လိုက်ရသည်။

" အဲ့ဒါ ကန်ဝူအင်မော်တယ်မြို့တော်လား။ " လင်းယွမ်က ရပ်တန့်ပြီး ကြီးကျယ်ခမ်းနားသော မြို့တော်ကြီးကို အဝေးမှ ကြည့်လိုက်သည်။

ထိုအင်မော်တယ်မြို့တော်က ကျယ်ပြန့်သော ကမ္ဘာတစ်ခုနှင့်တူသည်။ နံရံများက မိုင်ပေါင်းများစွာမြင့်မားပြီး လျို့ဝှက်ဆန်းကြယ်သော အော်ရာတစ်ခုထွက်ပေါ်နေသည်။ ကျောက်စိတ်အင်မော်တယ်တစ်ပါးပင် အင်မော်တယ်မြို့တော်၏ ရှေ့တွင် ကြောက်ရွံ့မှုကို ခံစားရပေလိမ့်မည်။

" အင်မော်တယ်နယ်မြေ ၃၃ခုက မြို့တွေကို တာအိုဘိုးဘေး တည်ထောင်ခဲ့တယ်လို့ ပြောတယ်။ သက်ရှိအားလုံးကို သနားလို့ တာအိုဘိုးဘေးက အင်မော်တယ်မြို့တော်ကို မူလနယ်မြေတွေနဲ့ ချိတ်ဆက်ပေးခဲ့တယ်။ အဲ့ဒါက အင်မော်တယ်မြို့တော်မှ နိယာမတွေရဲ့ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေကို ခံစားနိုင်တာပဲ။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။

၎င်းက အင်မော်တယ်မြို့တော်များတွင် အင်မော်တယ်ကျင့်ကြံသူများစွာ နေထိုင်ရသည့် အကြောင်းရင်းလည်း ဖြစ်သည်။ ကျင့်ကြံမှုအတွက် အကျိုးကျေးဇူးများက အမှန်ပင် ကြီးမားလှသည်။

" ဝင်ကြည့်တာပေါ့။ " လင်းယွမ်က ကန်ဝူအင်မော်တယ်မြို့တော်သို့ ပျံသန်းသွားပြီး အရှေ့တံခါး၏ အပြင်ဘက်တွင် ဆင်းသက်လိုက်သည်။

" နိယာမအတက်အကျတွေ။ " လင်းယွမ်က ကန်ဝူအင်မော်တယ်မြို့တော်ထဲသို့ ဝင်ရောက်သွားပြီးနောက် မတူညီသော နိယာမအတက်အကျများကို ခံစားလိုက်ရသည်။

၎င်းက ကန်ဝူအင်မော်တယ်မြို့တော်၏ အပြင်ပိုင်းဧရိယာသာဖြစ်သည်။ အတွင်းပိုင်းဧရိယာ သို့မဟုတ် ကျင့်ကြံခြင်းနေရာများဆိုလျှင် နိယာမအတက်အကျများက ပို၍ ထင်ရှားပေလိမ့်မည်။

" ဒါပေမယ့် အင်မော်တယ်မြို့တော်တစ်ခုလုံးကို မရေတွက်နိုင်တဲ့ သတ်ဖြတ်ခြင်းမှော်အင်းကွက်တွေမဲ့ ဖုံးလွှမ်းထားတယ်။ အသက်ဝင်တာနဲ့ ယွင်ကျန်းဇီတောင် ခံနိုင်ရည်ရှိမှာမဟုတ်ဘူး။ " လင်းယွမ်က ကန်ဝူအင်မော်တယ်မြို့တော်မှ မှော်အင်းကွက်များကို ခံစားမိလိုက်သည်။

" ပထမဆုံး အင်မော်တယ်မြို့တော်ရဲ့ ကျင့်ကြံမှုနယ်မြေကို သွားရမယ်။ " လင်းယွမ်က အတွေးများကို ထိန်းချုပ်ပြီး ဆက်လက်မစဉ်းစားတော့ပေ။

အင်မော်တယ်မြို့တော်အတွင်းရှိ သတ်ဖြတ်ခြင်းမှော်အင်းကွက်များက သူ့အတွက် ခြိမ်းခြောက်မှုမရှိပေ။ နောက်ဆုံးတွင် သူက မူလစိတ်ဝိညာဉ်တစ်ခုသာဖြစ်ပြီး အရင်းအမြစ်များ သို့မဟုတ် ရတနာများ သယ်ဆောင်လာခြင်းမရှိပေ။

All Chapters